Channel Myanmar

Johan Falk: Lockdown (2015)

ActionCrimeThriller

7.2
IMDB: 7.2/10 votes

155837

Report error

ဆွီဒင် အက်​ရှင်​စုံထောက်ဇာတ်ကားတွေဖြစ်တဲ့ Johan Falk ရုပ်​ရှင်​တွေရဲ့ ၂၀၁၅ မှာထွက်ရှိခဲ့တဲ့ ဒီဇာတ်ကားက Imdb rating မှာ ၇.၂ ထားပြီး​ ဆွီဒင်စကားပြောရုပ်ရှင်ဖြစ်ပါတယ်။

အဓိက​ဇာတ်လိုက်​ဖြစ်တဲ့ Johan Falk​ နဲ့ GSI အဖွဲ့​ကိုပဲ အခြေ​တည်​ထားတာ​ဖြစ်ပြီး​ တစ်နှစ်​ထဲထွက်ရှိခဲ့တဲ့ Johan Falk​ : Blood Diamonds နဲ့ အဓိက​ဆက်စပ်နေပါတယ်။

ဇာတ်လမ်း​အကျဉ်းကတော့​

ဂိုသင်ဘတ်မြို့က ရဲစခန်း​တစ်​ခုမှာ လူသတ်​မှုဖြစ်သွားပြီး ရဲစခန်း​တစ်ခုလုံး​ကို လော့​ဒေါင်း​ချ​ပြီး တရားခံကိုပိတ်ဆို့ဖမ်းဆီးရပါတယ်။ သေဆုံး​သူက GSI ရဲ့ အဖွဲ့​အကြီးအကဲ​ဟောင်းဖြစ်သူ Patrik ဖြစ်ပြီး Johan Falk​ ရဲ့ မိတ်ဆွေ​လည်း​ဖြစ်ပါတယ်။ သတ်​သူကလည်း ရဲအရာရှိတစ်ဦးဖြစ်နေပြီး သူ့ကို​စေခိုင်း​သူ ဘယ်သူလဲဆိုတာနဲ့ နောက်​ကွယ်က ကြိုး​ကိုင်​သူကို Johan နဲ့ GSI အဖွဲ့​သားတို့ရှာဖွေဖော်ထုတ်ရပုံကို တင်​ဆက်​ထားပါတယ်။

များ​ပြားလှတဲ့ Johan Falk​ ဇာတ်ကား​တွေထဲက တစ်ခုဖြစ်ပြီး Action ဖက်ထက် စုံထောက် Mystery ဖက်ကို ကိုအသားပေးထားပါတယ်။ ကြည့်နေကျ အမေရိကန်​စုံထောက်​ဇာတ်လမ်း​တွေနဲ့မတူတဲ့ ဥရောပ​ဇာတ်​ကားလေးဖြစ်ပါတယ်။ ဇာတ်​အိမ်​က ရှုပ်​ထွေး​နေတာ​မျိုး​မရှိပေမဲ့ အရင် Johan Falk ဇာတ်ကား​တွေ​ကြည့်ထားရင် ပိုအဆင်ပြေပါလိမ့်မယ်။

 

File size…(881 Mb)
Quality….Blu-Ray  720p
Format…mp4
Duration….01:39:00
Genre…Action, Crime, Thriller
Subtitle….Myanmar Subtitle (Hardsub)
Encoder….Garfield
Translated by Wolfenheim



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။



No downloads available

Genres



Related movies