Channel Myanmar

Thriller

The Good Shepherd (2006) 6.7
The Good Shepherd (2006)  Robert De Niroက ဒီရုပ်ရှင်ရဲ့ ဒါရိုက်တာ၊ပရိုဂျူဆာအပြင် သရုပ်ဆောင်အနေနဲ့လည်းပါဝင်ထားပါတယ်။ Matt Damon၊ Angelina Jolieနဲ့ Eddie Redmayneတို့လည်း အဓိကဇာတ်ကောင်အနေနဲ့ ပါဝင်ထားပါတယ်။ဇာတ်လမ်းက စီအိုင်အေအေးဂျင့်ဟောင်းတစ်ယောက်ရဲ့ ကြုံတွေ့ခဲ့ရတဲ့အဖြစ်အပျက်တွေကို အခြေခံပြီး စီအိုင်အေရဲ့ ကနဦး ၀ရုန်းသုန်းကားအခြေအနေတွေကို အေးဂျင့်တယောက်ရဲ့ဘ၀ကနေတဆင့် ရှုမြင်ရိုက်ကူးတင်ဆက်ထားတာပါ။စီအိုင်အေအကြီးတန်းအရာရှိ အက်ဒ်ဝက်ကူလန်တစ်ယောက် သူတို့ဌာနအတွင်းမှာ သူသျှိုရှိနေတာကို သိလိုက်ရပြီး အိမ်ကိုပြန်ရောက်တဲ့အချိန် သူ့အိမ်တံခါးမှာ အထုပ်တစ်ထုပ်တွေ့ခဲ့တယ်။ အထုပ်ထဲမှာ အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးတစ်ဦးရဲ့ အိပ်ရာပေါ်ကဓာတ်ပုံတွေရယ် အသံဖမ်းထားတဲ့တိပ်ခွေတွေကို တွေ့ရပေမဲ့ ဘယ်သူဘယ်ဝါဆိုတာ မသဲကွဲခဲ့ပါဘူး။ဒီလို သူသျှိုဘယ်သူဘယ်ဝါမှန်းမသိတဲ့အချိန်မှာ ဇနီးဖြစ်သူနဲ့အဆင်မပြေ၊ သားဖြစ်သူကလည်း စီအိုင်အေထဲကို ဝင်ဖို့ဆုံးဖြတ်ပြီးပြီဆိုတဲ့ကြားမှာ အက်ဒ်ဝက်တစ်ယောက် မိသားစုနဲ့ အလုပ်ကြားကပြဿနာတွေကို ဘယ်လိုရင်ဆိုင်မလဲ။နောက်ပြီး သူ့အလုပ်မှာ သားဖြစ်သူက ဘယ်လိုပတ်သက်လာလဲဆိုတာရယ်ကို စိတ်ဝင်စားဖွယ်ရိုက်ကူးတင်ဆက်ထားပါတယ်။ File size…(1.9 GB)/(900 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….02:47:00 Genre...Drama, History, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated ...
movie

The Good Shepherd (2006)

Assailant (2022)
Assailant (2022)  Action/Thriller ကြိုက်တဲ့ သူတွေအတွက် မနှစ်ကထွက်ထားတဲ့ Assailant ဆိုတဲ့ ကားကောင်းတစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ။ဇာတ်လမ်းအကျဥ်းကတော့ အိမ်ထောင်ရေး အဆင်မပြေတဲ့ Jason နဲ့ Zoe တို့ ဇနီးမောင်နှံနှစ်ယောက် အိမ်ထောင်ရေး အကြံပေးဆီကို သွားကြရင်း ရန်တွေဖြစ် ပြဿနာတက်ကာ သူတို့အိမ်ထောင်ရေးကို ကယ်တင်နိုင်ဖို့အတွက် သူတို့နှစ်ဦးချစ်သူဘဝကသွားခဲ့တဲ့ Caribbean တစ်ဝိုက်ကကျွန်းတွေကို ခြေလျင်လျှောက်ခရီးထွက်ဖို့ သဘောတူခဲ့ကြပါတယ်။ခရီးရဲ့ အစမှာထဲက မပြေလည်လာခဲ့ရင်း Taxi ထဲအဝင် ရေဒီယိုသတင်းမှာ လူသတ်သမားတစ်ယောက် လွတ်မြောက်နေတာကိုသိခဲ့ပါတယ်။ ဒီလိုနဲ့ နှစ်ယောက်အတူ ညစာစားဖို့ စားသောက်ဆိုင်တစ်ခုမှာ Michael ဆိုတဲ့လူနဲ့ သိကျွမ်းခဲ့ပြီး အစမှာတော့ မိတ်ဖွဲ့ဆွေဖွဲ့ရင်း နောက်ပိုင်းမှာ Michaelက ထူးဆန်းလာပြီး Jason နဲ့ Zoeတို့ရှေ့မှာ လုံခြုံရေးတစ်ယောက်ကို ရန်ပြုခဲ့ပါတယ်။ နှစ်ယောက်လုံး ကြောက်လန့်တကြားထွက်ပြေးခဲ့ပေမယ့် Jasonရဲ့ ပိုက်ဆံအိတ်ကတော့ စားသောက်ဆိုင်မှာ ကျန်နေခဲ့ပါတယ်။ နောက်ရက် ကျွန်းတစ်ခုပေါ်မှာ သူတို့ထွက်ဖို့ ...
movie

Assailant (2022)

Toby (2023) 8
Toby (2023) Toby (2023) "တုနှိုင်းမဲ့မေတ္တာ" IMDb - 8.1/10ဟာသကားတွေမှာမြင်ရလေ့ရှိတဲ့ ရာ့ဂျ်ဘီရှက်တီကို လူမိုက်ကြီးတစ်ယောက်အနေနဲ့ တွေ့မြင်ရမဲ့ ကန်နေဒါရုပ်ရှင်လေးတစ်ကား တင်ဆက်ပေးလိုက်ပါတယ်။ ရာ့ဂျ်ဘီရှက်တီဆိုတာ ခွေးလေးတစ်ကောင်အနေနဲ့ အကယ်ဒမီရသွားတဲ့ရုပ်ရှင်ထဲမှာ ဒေါက်တာနေရာက သရုပ်ဆောင်ခဲ့တဲ့သူ။ အခုဒီရုပ်ရှင်က ရုံတင်ပြသပြီးတဲ့နောက်မှာပဲ ဝေဖန်ရေးသမားတွေရဲ့ အကြိုက်တွေ့ခဲ့သလို ပရိသတ်တွေကြားမှာလည်း အတော်လေးပြောစမှတ်တွင်သွားခဲ့ပါတယ်။တိုဘီဆိုတာ အနေအေးတဲ့လူကြီးဖြစ်နေပေမဲ့ ကျေးရွာဥက္ကဌက သူ့ရဲ့မှောင်ခိုလုပ်ငန်းတွေနဲ့ပတ်သက်ပြီး လူသတ်စရာရှိလာရင် ရံဖန်ရံခါ ငှားရမ်းသတ်ဖြတ်ခိုင်းလေ့ရှိတဲ့ ကြေးစားလူသတ်သမားကြီးလည်း ဖြစ်နေပြန်ရော။ သမီးလေးတစ်ယောက်ရှိပြီး ပတ်ဝန်းကျင်ကြမ်းတော့ စရိုက်ခပ်ကြမ်းကြမ်းနဲ့ ကမ်းခြေမှာအသားငါးလုပ်ငန်းလုပ်ရပါတယ်။ အဖေဖြစ်သူကို ထောင်ကနေသွားသွားခေါ်နေရတော့ စိတ်အချဉ်ပေါက်ပြီး ဖခင်တိုဘီကို လူသတ်မှုကျူးလွန်စေသူ ရွာသူကြီးဆီသွားပြီး ပွဲကြမ်းပါတော့တယ်။ အဲဒီကနေစလို့ ပြဿနာတွေကမပြီးဘဲ ဂျန်နီရဲ့ခင်ပွန်းဖြစ်သူက ရွာလူကြီးရဲ့မှောင်ခိုလုပ်ငန်းတွေမှာ အနှောင့်အယှက်အဖြစ်နဲ့ ရွာလူကြီးက မြင်လာတဲ့အခါမှာတော့။ ရွာလူကြီးခိုင်းတာလုပ်ပြီး ခပ်အေးအေးနေတဲ့အရက်သမားကြီး တိုဘီတစ်ယောက် သမီးဖြစ်သူရဲ့အသက်အန္တရာယ်ထိပါ ထိပါးလာချိန်မှာတော့ ရွာလူကြီးနဲ့ ထိပ်တိုက်ရင်ဆိုင်ပါတော့တယ်။ဖခင်တစ်ယောက်ရဲ့မေတ္တာဖွဲ့လား...လူမိုက်တယောက်ရဲ့သွားရာလမ်းလား...ဆိုတာတော့ ခံစားကြည့်ရှုကြပါဦး။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်)( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >>https://t.me/cmbollywood ) File size…2GB / 866MB Quality…WEB DL 1080p ...
movie

Toby (2023)

2023
The Strange Case of Embroidered Shoes ( 2023 ) 5.8
The Strange Case of Embroidered Shoes ( 2023 ) မင်ကော်ခေတ်နှောင်းပိုင်းမှာ ခေတ်အပြောင်းအလဲကြောင့် ဒုစရိုက်ဂိုဏ်းတွေ အတင့်ရဲရောင့်တက်နေချိန်ဖြစ်ပါတယ်။ မြို့ထဲမှ ကျောင်းသူအများအပြား ပျောက်ဆုံးနေခဲ့ပြီး ရဲတပ်ဖွဲ့အတွက် ခေါင်းကိုက်နေရပါတယ်။မြို့ပြင်မှာရှိတဲ့ ရှန့်မိသားစုအိမ်မှာ တစ်မိသားစုလုံး အသတ်ခံရပြီးနောက်မှာတော့ သရဲအိမ်ဆိုပြီး သမုတ်ခံခဲ့ရပါတယ်။ မိုးညတစ်ညမှာ ရှန့်အိမ်ထဲမှာ ကျောင်းသူတစ်ယောက်နဲ့ လူကုန်ကူးသူတစ်ယောက်ရဲ့ အလောင်းကိုတွေ့ခဲ့ပါတယ်။ ဒီအမှုက ထူးဆန်းလွန်းတဲ့အတွက် ဘယ်သူမှ မကိုင်ချင်ဖြစ်နေပါတယ်။ရဲမေလေး ကျန်းရှောင်ဟော်ကတော့ သရဲတစ္ဆေတွေကို အယုံအကြည်မရှိပဲ အဖေဖြစ်သူ ရဲမှူးကျန်းမိဟူ ဆန့်ကျင်နေတဲ့ကြားက ဒီအမှုကို လိုက်လံစုံစမ်းခဲ့ပါတယ်။ ရှောင်ဟော်ဟာ သူဌေးသမီး ကျောက်ရီချွဲ့နဲ့ ခင်မင်သွားခဲ့ပြီး သူတို့ ၂ ယောက်ပူးပေါင်းကာ လွန်ခဲ့တဲ့ ၁၅ နှစ်က အမှုကို လိုက်လံစုံစမ်းပါတော့တယ်။နောက်ဆုံးမှာ သဲလွန်စတွေအရ လိုင်ဖုန့်လုံကို ရှာဖွေတွေ့ရှိခဲ့ပြီး ချန်စန်းရဲက ဦးဆောင်တဲ့ ဟွမ်ထုံချန်အဖွဲ့ကို စုံစမ်းရရှိခဲ့ပါတယ်။ ကျန်းရှောင်ဟော်နဲ့ ကျောက်ရီချွဲ့တို့နှစ်ယောက် ဒုစရိုက်အဖွဲ့ကြီးကို အမြစ်ပြတ်ဖြေရှင်းနိုင်ပါ့မလား...... လွန်ခဲ့တဲ့ ၁၅ နှစ်က အမှုနဲ့ရော ဘယ်လို ပတ်သတ်နေကြမလဲ...... ဆိုတာကို ရုပ်ရှင်လေးနဲ့အတူ အဖြေရှာလိုက်ရအောင်နော်။ Quality : WEB-DL 1080p , 720p Format : mp4 Genres : Mystery ...
movie

The Strange Case of Embroidered Shoes ( 2023 )

Blindness (2008) 6.5
Blindness (2008)  IMDB - 6.5ဒီဇာတ်လမ်းကတော့ တစ်မူထူးခြားပါတယ်။ဘာကြောင့်လဲဆိုတော့ဒီဇာတ်လမ်းထဲက ဇာတ်ကောင်အကုန်လုံးကိုအမည်နာမသတ်မှတ်မထားသလိုဇာတ်ကောင်တစ်ယောက်ချင်းစီရဲ့ နောက်ကြောင်းရာဇဝင်ကိုဖော်ပြထားခြင်းမရှိပါဘူး။ကျွန်တော့်အမြင်တော့ဒါရိုက်တာက ဒီဇာတ်လမ်းရဲ့ဇာတ်ကောင်တစ်နေရာကခံစားကြည့်ရှုစေချင်တာဖြစ်မယ်။ဇာတ်လမ်းအကျဉ်းလေးပြောပြပါမယ်အစမှာ ဂျပန်အမျိုးသားတစ်ယောက်ဟာ လမ်းပေါ်မှာကားမောင်းနေရင်းနဲ့ အမြင်အာရုံရုတ်တရက်ပျောက်ဆုံးသွားပါတယ်။ အမြင်အာရုံပျောက်ဆုံးတယ်ဆိုပေမယ့် မျက်စိကန်းနေတဲ့သူလိုအမည်းရောင်ပဲမြင်ရတာမဟုတ်ဘဲ အဖြူပြင်ကြီးပဲမြင်နေရတာပါ။လမ်းပေါ်ကလူညစ်တစ်ယောက်ရဲ့အကူအညီနဲ့ ဂျပန်အမျိုးသား ဟာအိမ်ကိုပြန်ရောက်ခဲ့တယ်ဆိုပေမယ့် သူ့ကားတော့အခိုးခံလိုက်ရတယ်။ သူ့မိန်းမအိမ်ပြန်လာကိုစောင့်ပြီးလင်မယားနှစ်ယောက်မျက်စိအထူးကုဆရာဝန်ဆီကိုသွားပြကြပါတယ်။ဆရာဝန်စစ်ဆေးကြည့်တဲ့အခါမျက်လုံးမှာ ထူးထူးခြားခြားဘာမှမဖြစ်တဲ့အတွက်မစိုးရိမ်ဖို့ပြောပြီး ကျန်တာစစ်ဆေးဖို့အတွက်ဆေးရုံကိုလွှတ်လိုက်ပါတယ်။ကြည့်စရာလူနာတွေကုန်သွားတော့ မျက်စိဆရာဝန်ဟာ အိမ်ကိုပြန်လာပြီးကြုံတွေ့ခဲ့တာတွေကိုမိန်းမဖြစ်သူကိုပြောပြတယ်။နောက်နေ့မှာ အဲ့ဆရာဝန်လည်းမျက်စိမမြင်ရတော့ပါဘူး။ ဒါဟာကူးစက်ရောဂါတစ်မျိုးပဲသိသွားတယ်။ အခြားတစ်ဖက်မှာလည်းမြို့အတွင်းမှာ တစ်ယောက်စ နှစ်ယောက်စ စဖြစ်လာတဲ့အတွက်အစိုးရကရောဂါကူးစက်‌သူတွေကို စိတ်ကျန်းမာရေးဆေးရုံးဟောင်းဆီမှာစုနေဖို့ဆုံးဖြတ်ချက်ချလိုက်တယ်။ ဆရာဝန်ရဲ့မိန်းမက သူ့ယောက်ျားကိုစိတ်မချတဲ့အတွက်သူ့ကိုယ်သူရောဂါကူးစက်နေပါတယ်လို့လိမ်ပြီးတော့လိုက်သွားတယ်။ဆေးရုံတစ်ခုလုံးမှာ ဆရာဝန်ရဲ့မိန်းမတစ်ယောက်သာ မျက်လုံးမြင်တဲ့အတွက်အစအစအရာရာ ဦးဆောင်ပြီးလုပ်‌‌ပေးတယ်။အစပိုင်းမှာ အဆင်ပြေပေမယ့်နောက်ပိုင်းလူတွေတစ်စတစ်စများလာ‌တော့သူ့အတွက်ဝန်ပိလာပါတယ်။ စရိုက်ပေါင်းစုံလူပေါင်းစုံရှိလာတဲ့ဒီဆေးရုံဟာ ကမ္ဘာသစ်တစ်ခုလိုဖြစ်လာတယ်။ ကြီးနိုင်ငယ်ညှင်းစိတ်သဘောရှိတဲ့ လူတစ်ချို့ရဲ့ကြီးစိုးမှုကြောင့် အခက်အခဲတွေကြုံလာတဲ့အခါမှာ‌တော့....  File size…2.29GB / 1.13GB Quality…WEB-Rip 1080p / 720p Format…mp4 Duration….2h 1m Genre ….. Drama , Mystery , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Tin Myo Lwin
movie

Blindness (2008)

Inexistent (2023) 6.0
Inexistent (2023) Inexistent (2023) ============ငယ်ငယ်က စိတ်ကူးယဥ်သူငယ်ချင်းတွေနဲ့ ကစားတတ်တဲ့ စိတ်ထင်ယောင်ထင်မှားရောဂါရှိတဲ့ ဆယ်ကျော်သက်ကောင် မလေး Shivana က အိမ်ထောင်ရှိအမျိုးသား Patrick နဲ့ ချစ်ကြိုက်ပြီး ဖောက်ပြန်နေခဲ့တယ်။ ငယ်ငယ်ကတည်းက အချစ်စစ်ကိုမရခဲ့လို့ တွယ်ကပ်တတ်တဲ့ Shivana က Patrick နဲ့အတူနေနိုင်ဖို့ သူ့ဇနီးသည်ကို သတ်ဖို့ကြိုးစားပါ တော့တယ်။ နောက်ပိုင်းမှာ ဘာတွေဆက်ဖြစ်မလဲဆိုတာ ကတော့ ဒီဇာတ်လမ်းမှာ စိတ်ဝင်စားဖွယ် ဆက်လက်ကြည့် ရှုနိုင်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thwal Htoo Zin ဖြစ်ပါတယ်)File Size..........(1.06 GB) / (372 MB) Quality............WEB-DL 1080p / 720p Duration.........1Hr 20Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Thriller Translator.......Thwal Htoo Zin Encoder..........SWM
movie

Inexistent (2023)

2023
First Reformed (2017) 7.1
First Reformed (2017)  ဒီဇာတ်ကားလေးကတော့ မင်းသားကြီး Ethan Hawke ပါဝင်ထားတဲ့ psychological drama လေးပါ။ဇာတ်လမ်းအကျဉ်းကတော့ ဖာသာတိုလာဟာ အရွယ်ကောင်းစဉ်က စစ်တပ်ထဲကသင်းအုပ်ဆရာဖြစ်ပါတယ်။ မိန်းမဖြစ်သူသဘောမတူတဲ့ကြားက သားဖြစ်သူကို စစ်မှုထမ်းပြီး စစ်တိုက်ထွက်ဖို့ ကိုယ်တိုင် တိုက်တွန်းခဲ့ရာကနေ သားဖြစ်သူ စစ်ပွဲမှာ ကျဆုံးသွားခဲ့တဲ့အတွက် စိတ်ထောင်းကိုယ်ကြေဖြစ်ကာ စစ်ထဲကထွက်လာပြီး ဘုရားကျောင်းလေးတစ်ခုမှာ ရောဂါအခံလေးရှိလာတဲ့ သူ့ဘဝကို ဘယ်လိုကြိုးစား ရုန်းကန်းဖြတ်သန်းနေရလဲ ဆိုတာကို ဆွတ်ပျံ့ကြေကွဲဖွယ် ရိုက်ကူးထားတဲ့ဇာတ်လမ်းကောင်းလေးတစ်ပုဒ် ဖြစ်ပါတယ်။IMDb Rating 7.1/10 ရရှိထားပြီးတော့ Tomatometer မှာ 94 % တောင် ရရှိထားတဲ့အပြင် ဇာတ်လမ်းလေးက အေးအေးငြိမ်ငြိမ်နဲ့ သွားထားပြီး ကင်မရာရိုက်ကူးတင်ဆက်ပုံကောင်းတဲ့အပြင် မင်းသားကြီး Ethan ရဲ့ သရုပ်ဆောင်ပီပြင်ကောင်းမွန်မှုကြောင့် မှတ်ချက်ကောင်းတွေရထားတဲ့ဇာတ်ကားဆိုလည်း မမှားတဲ့အတွက် ကြည့်ရကျိုးနပ်တဲ့ကားလေးဖြစ်မှာပါ။ဘာသာပြန်ဆိုသူကတော့ Matteo ဖြစ်ပြီး ဘာသာပြန်အမှားအယွင်းရှိရင် ခွင့်လွှတ်နားလည်ပေးစေချင်ပါတယ်။ File size…(1.1 GB)/(801 Mb) Quality….Webrip 1080p / ...
movie

First Reformed (2017)

Parastree (2023) 6.1
Parastree (2023) Parastree (2023) IMDb 6.1/10(Adult scene တချို့နှင့် သတ်ခန်းဖြတ်ခန်းများအားပီပြင်စွာရိုက်ကူးထားသည့်အတွက် မိသားစုနှင့်အတူကြည့်ရန် မသင့်တော်ပါ)သူများပိုင်တဲ့ပိုက်ဆံ ဇနီးမယားကိုပစ်မှားစိတ်နဲ့ကြည့်တာက အိပ်ရာပေါ်သေခါနီးဆဲဆဲကို မီးရှို့သတ်သေတာနဲ့တူပါတယ်တဲ့ သူများပိုင်ဆိုင်မှုကိုမှသဘောကျတတ်သူတွေ ရှိတာနဲ့ရောင်ရဲမတင်းတိမ်နိုင်ဘဲလိုက်ပွဲလိုချင်တဲ့လူတွေကိုဘယ်လိုမျိုးပညာတွေပြမလဲဆိုတာအားပါးတရကြည့်ရှုရမှာပဲဖြစ်ပါတယ်အာဗယာဆိုတာက ရေဒီယိုအသံလွှင့်ဌာနက ချိုသာလွန်းတဲ့အသံကြောင့်အမာခံပရိသတ်များစွာရရှိထားသူတစ်ယောက်ပါ သူ့မှာအမျိုးသားက ငယ်စဉ်ကတွေ့ကြုံခဲ့တဲ့ဖြစ်ရပ်တစ်ခုကြောင့် တချို့ကိစ္စတွေမှာစိတ္တဇဆန်ဆန်ဖြစ်နေသူတစ်ဦးပေါ့ ဒီအချက်ကိုအာဗယာကမကြိုက်ပါဘူးဒီလိုနဲ့တစ်နေ့ အာဗယာ့အမျိုးသားကအလုပ်ကိစ္စနဲ့ပြည်ပခရီးရှည်တစ်ခုထွက်သွားတယ် တစ်ဖက်မှာလည်း အာဗယာဆော့နေကျ Gym ရုံမှာ လူသစ်တစ်ယောက်ရောက်လာပြီးအာဗယာ့ကိုမြင်မြင်ချင်းသဘောကျသွားလေတော့ အဖော်မဲ့နေတဲ့အာဗယာ့ကိုယောကျာ်းမာယာနဲ့နည်းလမ်းကုန်ထုတ်သုံးပြီးတော့ပိုးပန်းပါတော့တယ်ယောကျာ်းဖြစ်သူကိုစိတ်ကုန်နေတဲ့သူမအတွက် အချစ်သစ်တွေပြန်လန်ပွင့်လန်းလာချိန်မှာ ယောကျာ်းဖြစ်သူပြန်ရောက်လာတာနဲ့တိုးလေတော့ အရင်ကမှစိတ္တဇဖြစ်နေတဲ့အမျိုးသားတစ်ယောက်က အချစ်ရဆုံးမိန်းမဖောက်ပြန်ခံလိုက်ရတဲ့ခံစားချက်ပါထပ်တိုးလေတော့ သူတို့ဘယ်လိုတွေဆက်ဖြစ်သွားမလဲ ဥာဏ်ပညာကပဲအနိုင်ရမလား ဥပဒေကပဲအနိုင်ရမလား.. (အညွှန်းကိုတော့ Yunni ကရေးသားပေးထားပြီး ဘာသာပြန်တွေကတော့ Yunni~ BpL တို့ပဲဖြစ်ပါတယ်)( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >>https://t.me/cmbollywood ) File size…1.4GB / 709MB Quality…WEB DL 1080p / 720p Format…mp4 Duration….2h Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Yunni~ ...
movie

Parastree (2023)

2023
[18+] Silent Night (2023) 5.8
[18+] Silent Night (2023) Silent Night (2023) ==============မင်းသားက ဇာတ်လမ်းစတာနဲ့ လည်ပင်းသေနတ်မှန်ပြီး အသံမထွက်နိုင်။ သူ့ကလေးကို သတ်သွားတဲ့ လူဆိုးတွေကို လိုက်သတ်။ စကားပြောချိန်တောင်မရဘဲ လူဆိုးတွေသေ။ Good။ တစ်ကားလုံး စကားအခွန်း ၁၀၀ မပြည့်ပါဘူး။R rated သွေးသံရဲရဲနဲ့ အက်ရှင်အကြမ်းစားအမျိုးအစားပါ။ ဒါရိုက်တာကတော့ Red Cliff ရဲ့ ဆရာကြီး John Woo ပါပဲ။ မင်းသားကတော့ Suicide Squad ထဲက Joel Kinnaman ပါပဲ။ (သွေးသံရဲရဲအခန်းတွေပါဝင်တာမို့ ကလေးသူငယ်များ နဲ့အတူ ကြည့်ရှုဖို့ မသင့်တော်ပါ။)(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Mr.Anderson ဖြစ်ပါတယ်)File Size..........(7.52 GB) / (2.34 GB) / (816 MB) Quality............WEB-DL 4K / 1080p / 720p Duration.........1Hr 44Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Action, Thriller Translator.......Mr.Anderson Encoder..........SWM / Ka Naung
movie

[18+] Silent Night (2023)

2023
4K HEVC
The Jester (2023)
The Jester (2023) The Jester (2023)မိမိနားမှာ ​ရောဂါတစ်ခုလို စွဲကပ်​နေရင်း​ တခြားသူ​တွေကို လိုက်ဒုက္ခ​ပေးတတ်တဲ့ မ​ကောင်းဆိုးဝါး Jester အ​ကြောင်းကို ရိုက်ပြထားတဲ့ သည်းထိတ်ရင်ဖိုဇာတ်ကား​​လေးဖြစ်ပါတယ်။~ ဇာတ်လမ်းအညွှန်း ~ငယ်ငယ်တည်းက ဖခင်ကပစ်သွားလို့ ဖခင်အ​ပေါ် မုန်းတဲ့စိတ် ​ဒေါသ​တွေနဲ့ ကြီးပြင်းလာရတဲ့ အမ်မာတစ်​ယောက် တစ်​နေ့ ဖခင်က ဆက်သွယ်လာရာက​နေ စကား​ပြောဖို့ ငြင်းဆိုလိုက်ရာက​နေ ​ဟော်လိုးဝင်းတစ်ညလုံး မြို့​သေး​လေးတစ်မြို့နီးပါးကို ဝါးမျိုသွားတဲ့ အဖြစ်အပျက်​တွေနဲ့ ကြုံ​တွေ့သွားရတာ​တွေကို ရိုက်ကူးတင်ဆက်​ပေးထားတဲ့ သည်းထိတ်ရင်ဖိုကား​လေးပဲဖြစ်ပါတယ်။(ဒီဇာတ်ကားနဲ့အညွှန်းကို DB မှ ပြန်ဆို ရေးသားထားပါတယ်)Size - 1.8GB, 850MB Quality - 1080p, 720p Format - mp4 Duration - 1H 30Min Genre - Horror, Mystery, Thriller Subtitle - Myanmar Subtitle (Hardsub) Translated by DB Encoded by Y
movie

The Jester (2023)

2023
Uniki (2022)
Uniki (2022) Madam Collector - Uniki 2022 ( မမခရိုင်မှူး)ယခုတစ်ခါ ထပ်မံတင်ဆက်ပေးမဲ့ကားလေးကလဲ ပရိသတ်များအကြိုက်တွေ့မှာဖြစ်တဲ့ ဇာတ်လမ်းလေးမျိုးဖြစ်ပြီး မင်းသမီးချောလေး ချစ်ထရာရှူလာက မမခရိုင်မှူးအဖြစ် အဓိက ပါဝင်ထားပါတယ်ဇာတ်လမ်းလေးကတော့ သာမန်လူတန်းစားမိသားစုကနေ ပညာတော်လို့ ခရိုင်မှူးဖြစ်လာတဲ့ ဆူဘာဟာ သူ့လက်ထက်မှာ စနစ်ကြီးတသ်ခုလုံးကို မြေလှန်ပစ်မယ်လို့ အလုပ်စဝင်တဲ့နေ့ထဲက ကြွေးကြော်လာတာပါအိန္ဒိယထုံးစံ ကြီးနိုင်ငယ်ညှဉ်း ရာထူးကြီးတဲ့ကောင်နဲ့ ပေါင်းအနိုင်ကျင့် စတဲ့ဟာတွေကို ခရိုင်မှူးမမတစ်ယောက် ဆတ်ဆတ်ထိမခံ ဖြေရှင်းပေးရင်း တစ်ရက်မှာတော့ ချောင်းရိုက်ခံလိုက်ရပြီး ဆေးရုံရောက်သွားပါတယ်ခရိုင်မှူးပါချောင်းရိုက်ခံရအောင် ဘယ်သူတွေကြိုးကိုင်ထားလဲ ခရိုင်မှူးမမကရော ဒီလိုအန္တရာယ်တွေကို မမှုပဲ ဆက်တာဝန်ထမ်းဆောင်နိုင်မလားဆိုတာ အမျိုးသမီးအသားပေး မိုတီပေးတဲ့ဇာတ်ကားကောင်းလေးဖြစ်တာကြောင့် ဒိုင်ယာလော့ခ်ကောင်းကောင်းလေးတွေကို ကြိုက်နှစ်သက်ကြတဲ့ ပရိသတ်ကြီး အတွက် ခံစားကြည့်ရှုကြဖို့ အကြံပေးရင်း တင်ဆက်ပေးလိုက်ပါတယ်အညွှန်းကို‌တော့ ဝါရင့်ဘာသာပြန်ကြီးSaiiမှ ရေးသား ပေးထားကာ ဘာသာပြန်တွေကတော့ Thaik San , V နဲ့ Saii တို့ပဲဖြစ်ပါတယ်( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် ...
movie

Uniki (2022)

2022
Jack Strong (2014) 7.0
Jack Strong (2014) ဒီ IMDB 7/10 ရတဲ့ဇာတ်ကားဟာ ဒုတိယကမ္ဘာစစ်အပြီးစစ်အေးတိုက်ပွဲအတွင်းက ပိုလန်သူလျှိုတစ်ယောက်ရဲ့ ဇာတ်ကြောင်းကိုရိုက်ကူးထားပြီး ဖြစ်ရပ်မှန်အပေါ် အခြေခံထားတဲ့ ဇာတ်လမ်းလည်းဖြစ်ပါတယ်။ဒုတိယကမ္ဘာစစ်အပြီး ၁၉၇၀ နဲ့ ၁၉၈၀ ကြားမှာ ဗိုလ်မှူးကြီးရစ်ဇာ့ဒ်ကူလင်စကီဟာအရမ်းကိုအလုပ်ကြိုးစားပြီး မျိုးချစ်စိတ်ထက်သန်တဲ့ဗိုလ်မှူးတစ်ယောက်ပါ။သူဟာ ဆိုဗီယက်ပြည်ထောင်စုရဲ့ ကမ္ဘာစစ်ထပ်ဖြစ်အောင်ကြိုးစားနေတဲ့စီမံချက်တွေ အကြံအစည်တွေကိုသိနေပြီး ကမ္ဘာစစ်ဖြစ်လာမှာကိုမလိုလာပါဘူး။ဒါကြောင့်ကူလင်စကီဟာ သူ့တိုင်းပြည်ဖြစ်တဲ့ပိုလန်ရဲ့ အနာဂတ်အတွက်နဲ့သူ့မိသားစုရဲ့လုံခြုံရေးအတွက် "Jack Strong" ဆိုတဲ့ လျှို့ဝှက်နာမည်ကိုသုံးပြီးအမေရိကန်စစ်ရေးသတင်းထောက်လှမ်းရေးအေဂျင်စီတွေနဲ့ လက်တွဲပြီးအလုပ်လုပ်လိုက်တယ်။ဒီလိုတခြားနိုင်ငံကို ထိပ်တန်းလျှို့ဝှက်စစ်ရေးသတင်းတွေပေးခြင်းဟာတရားမဝင်သလို သူရောသူ့မိသားစုပါ ဒုက္ခရောက်မယ်ဆိုတာ သူကောင်းကောင်းကြီးသိပါတယ်။ဒီလိုမျိုး ကြီးလေးတဲ့လုပ်ရပ်တွေကို လုပ်ဆောင်နိုင်ဖို့ ကူလင်စကီရဲ့စိတ်တွင်းမှာဘယ်လိုရုန်းကန်ခဲ့ရတယ်ဆိုတာကို ထင်ရှားအောင် ဒီဇာတ်ကားကဖော်ပြပေးသွားတာပါ။စစ်အေးတိုက်ပွဲအတွင်းက ရက်စက်မှုတွေနဲ့ ဖြစ်ရပ်မှန်သမိုင်းကြောင်းတွေကိုပါထည့်သွင်းရိုက်ကူးထားတာဖြစ်လို့ ဗဟုသုတနဲ့သည်းထိတ်ရင်ဖိုဖြစ်မှုကိုပေးစွမ်းနိုင်တဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။   File size…  2.1 GB /  895 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 2h 8m Genre .....   Thriller , Action Subtitle…. Myanmar Subtitle (Hard ...
movie

Jack Strong (2014)

2014
New Normal (2023) 6.7
New Normal (2023) New Normal (2023)ပုံမှန်မြင်တွေ့နေကျ K Drama တွေနဲ့မတူဘဲ တမူထူးခြားတဲ့ ဇာတ်လမ်းပုံစံလေးနဲ့ New Normal (2023) ကတော့ ၂၀၂၂ ခုနှစ်အတွင်း ဆိုးလ်မြို့ရဲ့ နေ့ရက် ၄ ရက်အကြောင်းကို ရိုက်ကူးထားတာဖြစ်ပါတယ်။ဒီ ၄ ရက်တာကို အပိုင်းလေးတွေခွဲထားပြီး တစ်ပိုင်းနဲ့တစ်ပိုင်းဟာလည်း အနည်းအကျဉ်းစီ ဆက်စပ်နေကြပါတယ်။တစ်ပိုင်းချင်းစီမှာ ကိုယ့်အနေနဲ့ တစ်ခါမှကြုံတွေ့ဖူးမှာမဟုတ်တဲ့ အံ့အားသင့်ထိတ်လန့်စရာ နေ့ရက်တစ်ရက်စီကို ရိုက်ကူးပြထားပြီး နေ့စဉ်ဘဝမှာ ကိုယ်မျှော်လင့်မထားမိတဲ့ အန္တရာယ်နဲ့အကြောက်တရားတွေအကြောင်း သရုပ်ဖော်ပြထားတာပါ။SHINee’s Minho, Strong Girl Gang Nam Soon ထဲက Lee Yoo Mi တို့အပြင် Choi Ji Woo တို့လို မင်းသမီးကြီးတွေပါ ပါဝင်ထားတာမို့ ကြည့်ရတန်စေမယ်လို့ ထင်ပါတယ်နော်။အညွှန်း နဲ့ ဘာသာပြန်ကတော့ Hmwe ပဲ ဖြစ်ပါတယ်။Genre..... Comedy, Horro, Thriller Quality…. 1080p | 720p File ...
movie

New Normal (2023)

Hard Days (2023)
Hard Days (2023)  ဒီဂျပန် ဒရာမာရုပ်ရှင်က ၂၀၁၄တုန်းက ထွက်ရှိခဲ့ပြီး အောင်မြင်မှုတွေရရှိခဲ့တဲ့ A Hard Day လို့အမည်ရတဲ့ ကိုရီးယားကားကို ဂျပန်မှုပြုပြီး ပြန်လည်ရိုက်ကူးထားတာဖြစ်ပါတယ်။မိုးသည်းထန်တဲ့ညတညမှာ စုံထောက်ယူဂျီကူဒိုဟာ ဆေးရုံမှာ အသည်းအသန်ဖြစ်နေတဲ့ အမေဖြစ်သူဆီကို အလောတကြီးသွားနေပါတယ်။ ဒီအချိန်မှာ အထက်လူကြီးဆီက ဖုန်းတကောလ်၀င်လာပြီး ဖုန်းခေါ်လာရခြင်း အကြောင်းရင်းကတော့ ကူဒိုကို လာဘ်ပေးလာဘ်ယူကိစ္စနဲ့ပတ်သက်ပြီး မေးမြန်းဖို့ပါ။ဂျပန်တွေဟာ စည်းကမ်းသိပ်တင်းကျပ်ပါတယ်။ အထူးသဖြင့် စုံထောက်တယောက် လာဘ်စားတာကိုမိသွားရင် ဘ၀ပျက်ပြီး ထောင်ထဲအထိရောက်သွားနိုင်ပါတယ်။ပြဿနာပေါင်းသောင်းခြောက်ထောင်နဲ့ အကျပ်ရိုက်နေတဲ့ကူဒိုဟာ အမေ့ဆေးရုံကိုသွားတဲ့လမ်းမှာ သက်လတ်ပိုင်းယောက်ျားတဦးကို ကားနဲ့တိုက်မိပြီး ဒုက္ခလှလှထပ်တွေ့ပြန်ပါတယ်။ ဒီလိုနဲ့ ကြံရာမရတဲ့ ကူဒိုဟာ အလောင်းကိုကားနောက်ဖုံးထဲထည့်သယ်သွားပြီး အလောင်းဖျောက်ဖို့ကြိုးစားပါတော့တယ်။ဇာတ်လမ်းက အခုမှစတာပါ။ အလောင်းဖျောက်ဖို့ကြိုးစားပြီးနောက်မှာ ကူဒိုရဲ့ဖုန်းထဲကို "မင်း လူတယောက်ကိုသတ်ခဲ့တာ ငါသိတယ်"ဆိုတဲ့ စာတိုတစောင်ရောက်လာခဲ့ပြီး ကူဒိုတယောက် ရှုပ်ထွေးလှတဲ့ အကျိုးဆက်တွေနဲ့ ရင်ဆိုင်ရပါတော့တယ်။ဒီရုပ်ရှင်ဟာ ပြသချိန် ၂နာရီကြာပါတယ်။ဇာတ်လမ်းအစမှာ ဘာကိုပြလို့ပြချင်နေမှန်းမသိ ဖြစ်ကောင်းဖြစ်နိုင်ပေမဲ့ ဇာတ်လမ်းတ၀က်လောက်ကနေစပြီး ဇာတ်ရှိန်တက်လာပြီး ဇာတ်အိမ်အချိတ်အဆက်တွေကလည်း ကောင်းတယ်ဆိုတဲ့အထဲမှာ ...
movie

Hard Days (2023)

Finestkind (2023) 5.7
Finestkind (2023) Finestkind (2023) ============= Crime, Drama, ThrillerWednesday မင်းသမီး Jenna Ortega အပြင်... နာမည်ကြီးမင်းသားတွေဖြစ်တဲ့ Ben Foster, Tommy lee Jones တို့ ပါဝင်ထားတဲ့ဇာတ်လမ်းကောင်းတစ်ပုဒ်ပါ။အမေရိကန်ရဲ့ နာမည်ကြီးတက္ကသိုလ်ဝင်ခွင့်ကို ငြင်းပယ်ပြီး အကိုဖြစ်သူ တွမ်အယ်ဒရစ်နဲ့ ပင်လယ်ပြင်ကိုစွန့်စားပြီး ငါး ဖမ်းဖို့ထွက်လာခဲ့တဲ့ ချာလီဆိုတဲ့ကောင်လေး တစ်ယောက်ရှိ ပါတယ်။ သာမန်ဘွဲ့ရ ရုံးတစ်ရုံးမှာအလုပ်ဝင်လုပ်ရမယ့် ဘဝ ကိုစွန့်ပစ်ပြီး အစ်ကိုဖြစ်သူလို ငါးဖမ်းသင်္ဘောကြီးတွေနဲ့အတူ စွန့်စားဖို့အတွက် နယူးစတက်ဖို့ဒ်ဆိုတဲ့ တံငါမြို့လေးကိုရောက် လာခဲ့ပါတယ်။အဲ့ဒီမှာ မေဘယ်ဆိုတဲ့ မိန်းမလှလေးနဲ့တွေ့ပြီး သူ့ရဲ့ဘဝလမ်း ကြောင်းက ပိုသေချာသွားခဲ့ပါတယ်။ မေဘယ်နဲ့ပြန်တွေ့ခွင့်ရဖို့ အစ်ကိုဖြစ်သူနဲ့အတူ အမေရိကန်ရေပိုင်နက်မှာ ကမာကောင်တွေ ဖမ်းဖို့ အတွက် ထွက်လာခဲ့ပါတယ်။ ဒါပေမယ့် တွမ်ဟာ အမေရိ ကန်ရေပိုင်နက်ကိုကျော်ပြီး တစ်ဖက် ကနေဒါနိုင်ငံရဲ့ ရေပိုင်နယ် ထဲကိုရောက်သွားတဲ့အခါမှာတော့ သူတို့ဘဝတွေဟာ ထင်ထား သလောက် မရိုးရှင်းတော့ပါဘူး။သဘာဝဘေးအန္တရာယ်ရဲ့ ခြိမ်းခြောက်မှုတွေနဲ့အတူ ညီအစ်ကို (၂) ယောက်ငါးဖမ်းသင်္ဘောကြီးနဲ့အတူ ပင်လယ်ပြင်ကို ဘယ်လို ကျော်ဖြတ်မလဲဆိုတာကို သည်းထိတ်ရင်ဖို့ကြည့်ရှုရမယ့် ဇာတ်ကား ကောင်းလေးဖြစ်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းကို Thiha Yan Naing မှရေးသားပေးပြီး၊ ဘာသာပြန်ရေးသားပေးသူများကတော့ Thiha Yan Naing, ...
movie

Finestkind (2023)

2023
The Legacy of Dr. Death: Black File (2020) 5.5
The Legacy of Dr. Death: Black File (2020) The Legacy of Dr. Death: Black File (2020)~ IMDb – 5.5/10, MyDramaList – 7.4/10 ~“လူသားတွေမှာ ရှင်သန်ခွင့်ရှိရင် သေဆုံးခွင့်လည်း တန်းတူရှိသင့်တယ်”မိုးရွာတဲ့ညတစ်ညမှာ ကလေးတစ်ယောက်က သူ့အဖေက ဆရာဝန်ဆိုးတစ်ယောက်ကြောင့် အသတ်ခံခဲ့ရတယ်ဆိုပြီး ဖုန်းဆက်တိုင်ကြားခဲ့လို့ စုံထောက်တွေဖြစ်ကြတဲ့ အီနုကာအီ (Inukai) နဲ့ တာကာချီဟို (Takachiho) တို့ သွားရောက်စုံစမ်းကြတော့ အဲဒီကလေးရဲ့အဖေက ရောဂါကျွမ်းနေပြီဖြစ်တဲ့လူတစ်ယောက်ဖြစ်ပြီး ငြိမ်းငြိမ်းချမ်းချမ်း သေဆုံးချင်တယ်လို့ မရဏဒေါက်တာ (Dr.Death) ကို တောင်းဆိုပြီး ဆေးထိုးခံ သေဆုံးသွားတယ်လို့သိရတယ်။ အဲဒီအမှုကနေသိလိုက်ရတာက မရဏဒေါက်တာမှာ တရားမဝင်ဝက်ဆိုက်ရှိပြီး အဲဒီကနေ ညင်သာစွာဇီဝိန်ခြွေပေးဖို့ (Euthanasia) ကို တောင်းဆိုနေကြသူတွေတွေ့လို့ အီနုကာအီတို့လည်း တဖြည်းဖြည်းလိုက်လံစုံစမ်းရင်း… ထင်သလောက်မရိုးစင်းတဲ့ ဇာတ်လမ်း မထင်မှတ်ထားတဲ့ လှည့်ကွက်တွေနဲ့အတူ ကြည့်ရှုခံစားရမှာပါ။၂၀၁၇ ခုနှစ်မှာရေးသားထုတ်ဝေခဲ့တဲ့ Shichiri Nakayama ရဲ့ ...
movie

The Legacy of Dr. Death: Black File (2020)

2020
The Boondock Saints II: All Saints Day (2009)
The Boondock Saints II: All Saints Day (2009) ဇာတ်ကားလေးကတော့ The Boondock Saints ဒုတိယမြောက်ကားပဲဖြစ်ပါတယ်ဒီဇာတ်ကားထဲမှာတော့ ကော်နာနဲ့မာဖီတို့ညီအစ်ကိုနှစ်ဦးဟာ အိုင်ယာလန်မှာပဲ ဘဝကိုအေးအေးဆေးဆေးဖြတ်သန်းနေတုန်း ဘော်စတွန်မှာ အပြစ်မရှိတဲ့ဘုန်းတော်ကြီးတစ်ပါးအသတ်ခံရပါတယ် သတ်တဲ့ပုံစံဟာလည်း သူတို့သတ်တဲ့ပုံစံကိုတုပပြီးသတ်ထားတာကြောင့် ပြည်သူလူထုအကြားမှာ ဒီလူသတ်မှုဟာ သူတော်စင်တွေလုပ်တာလို့ထင်တဲ့သူနဲ့ သူတော်စင်တွေလုပ်တာမဟုတ်ဘူးလို့ထင်တဲ့သူနှစ်ခြမ်းကွဲသွားပါတယ်သူတို့နှစ်ယောက်ဟာ ထိုဘုန်းတော်ကြီးကိုသတ်တဲ့လူသတ်မှုကို ပြန်စုံစမ်းပြီးလက်စားချေဖို့ ဘော်စတွန်ကိုပြန်လာပြီး ရှင်းလင်းသုတ်သင်မှုတွေဆက်လုပ်ပါတယ် ကဲတပ်ဖွဲ့မှာလည်း အရင်က အထူးအေးဂျင့်ပေါ်လ်စမက်ကာနေရာမှာ ယူးနစ်ဘလွန်းဆိုတဲ့အမျိုးသမီးအေးဂျင့်ရောက်လာတဲ့အခါ ဘုန်းတော်ကြီးကိုသတ်တဲ့တရားခံအစစ်ကရောဘယ်သူလဲ ဘာကြောင့်သတ်ခဲ့တာလဲဆိုတာကိုကြည့်ရှုရမှာဖြစ်ပါတယ်ဒီဇာတ်ကားလေးမကြည့်ခင်မှာ The Boondock Sanints(1999) ကိုအရင်ကြည့်သင့်ပါတယ် File size…(1.7 GB)/(877 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:58:00 Genre...Action, Thriller, Crime Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Ruby Jane
movie

The Boondock Saints II: All Saints Day (2009)

Operation Black Ops (2023)
Operation Black Ops (2023) အခု ကျွန်တော်တို့ ကမ္ဘာပေါ်မှာ အန္တရာယ်အရှိဆုံး လက်နက်ကို ပြောပါဆိုရင် အဏုမြူလက်နက်လို့ ဖြေကြပါလိမ့်မယ်။ အကယ်၍ ကမ္ဘာပေါ်မှာ အဏုမြူလက်နက်ထက် ပိုပြီးဆိုးရွားတဲ့လက်နက်တစ်မျိုး ရှိနေမယ်ဆိုရင်ရော ..... ဒုတိယ ကမ္ဘာစစ်အတွင်း နာဇီ တပ်မတော်က ရေဗန်စ်ဘရက်လို့ခေါ်တဲ့ ချွေးတပ်စခန်း တစ်ခုမှာ သုတေသနတွေကို လျှို့ဝှက်ပြီး စမ်းသပ် ရှာဖွေနေခဲ့ပါတယ်။ဒါပေမယ့် နာဇီတို့ စစ်ကြီးရှုံးနိမ့်သွားတဲ့အခါမှာတော့ သုတေသနတွေကို ရပ်နားခဲ့ရပါတယ်။ ဒီလိုနဲ့ နှစ်တွေကြာလာတော့ ဂျာမနီရဲ့ ရွှေရောင်နေ့တွေဆီကို ပြန်လည်ခေါ်ဆောင်ပေးမယ့်ဆိုပြီး The Childre of Hitler's resistance လို့ခေါ်တဲ့ နာဇီလက်သစ်အဖွဲ့ကနေ ထိုသုတေသနကို ဆက်လက် လုပ်ဆောင်ပါတော့တယ်။ အဲဒါကို ကြားသိသွားတဲ့ CIAကနေပြီး နိုအာဆိုတဲ့လူကို ဦးဆောင်ဦးစီးပြုပြီး ဘလက်အော့စ် အဖွဲ့ကို ဖွဲ့စည်းကာ ဂျာမနီနိုင်ငံကို စေလွှတ်လိုက်ပါတော့တယ်။ အဏုမြူလက်နက်ထက် ပိုဆိုးတဲ့ လက်နက်က ဘာလဲ .... ဘယ်လိုစမ်းသပ်မှု ...
movie

Operation Black Ops (2023)

Kida (2022) 9.5
Kida (2022) Kida (2023) ဆိတ်တစ်ကောင်နှင့်တိုင်ပတ်ကြသူများ IMDb - 9.3/10နိုဝင်ဘာလကပဲ ရုံတင်သွားပြီး ဇာတ်လမ်းအသားပေးရိုက်ကူးထားတဲ့ တမီလ်ရုပ်ရှင်ကားကောင်းတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ ပိုက်ဆံမရှိပါဘဲ မြေးဖြစ်သူကို ဒီပါဝလီပွဲအတွက် အဝတ်အစားသစ်ဝယ်ပေးမယ်လို့ ကတိပေးထားတဲ့ အဘိုးကြီးတစ်ယောက်။အဖေတွေအချင်းချင်းကြားက အတ္တမာနတွေကြောင့် နှစ်ဦးနီးစပ်ဖို့ အခက်ကြုံနေရတဲ့ချစ်သူနှစ်ဦး။ ဒီပါ၀လီပွဲတော်ရက်မတိုင်မှာပဲ မိန်းကလေးရှင်ဘက်က တခြားလူနဲ့ စေ့စပ်ကြောင်းလမ်းဖို့ စီစဉ်ထားတဲ့အတွက် ဒီပါ၀လီမတိုင်ခင်ညမှာခိုးပြေးဖို့ကြံစည်ထားကြသူတွေ။ ပွဲတော်အတွက် သုံးစရာစွဲစရာရဖို့ ခိုးဖို့ဝှက်ဖို့ကြံနေကြတဲ့ လူတစ်စု။အရက်ပဲမူးနေတဲ့ သားသတ်သမားကို ဆိတ်သတ်တဲ့ခုံကနေ အလုပ်ဖြုတ်လိုက်တဲ့အတွက် ကိုယ်ပိုင်ခုံထောင်ဖို့ ကြံနေတဲ့ အရက်သမားသားသတ်သမားကြီး။ ဒီလို ကိုယ်စီကိုယ်စီ စိတ်ကူးတွေ အကြံတွေနဲ့သူတို့တွေဟာ ဆိတ်တစ်ကောင်ကို အကြောင်းပြုပြီး ဘယ်လိုတွေ ရင်ဆိုင်ကြုံတွေ့ရမလဲဆိုတာကို ဇာတ်အိမ်ခိုင်ခိုင်နဲ့ ရိုက်ကူးတင်ဆက်ထားတာမို့ ကြည့်ရှုခံစားကြပါဦး။(အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်)( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >> https://t.me/cmbollywood) File size…2GB / 900MB Quality…WEB DL 1080p /720p Format…mp4 Duration….2h ...
movie

Kida (2022)

2022