Channel Myanmar

Thriller

Blood Punch (2014) 6.2
Blood Punch (2014)  ဒီဇာတ်ကားက Time-loop ဇာတ်ကားလို့ ​ပြောရမယ့်ကားမျိုးပါ။​သွေးသဲရဲရဲဇာတ်ဝင်ခန်း​တွေ အ​တော်​လေးပါသလို အ​ပြောအဆိုအ​တော်ကြမ်းတဲ့ကားမို့ မိသားစုနဲ့ကြည့်ဖို့ဆိုရင် သတိပြု​ပေးပါ။ငယ်ငယ်ရွယ်ရွယ်နဲ့ ဉာဏ်ကောင်း​ပေမယ့် ​​ကျောင်းဓါတ်ခွဲခန်းမှာ​ဆေးချက်မိလို့ ​ဆေးဖြတ်စခန်းကိုပို့ခံရတဲ့ မီလ်တန်တစ်​ယောက်မူးယစ်​ဆေးနဲ့ ကံမကုန်ချင်​တော့ အဲဒီစခန်းထိ သူ့ကိုလာကယ်ပြီး ​ဆေးချက်ခိုင်းတဲ့ စကိုင်လာနဲ့ရပ်ဆဲလ် သမီးရည်းစား၂​​​ယောက်နဲ့ကြုံခဲ့ရပါတယ်။ဆေးချက်ရမယ့်​ နေရာ​ရောက်​တော့ ရပ်ဆဲလ်က မီလ်တန်ရဲ့​ဆေး၈၅​ပေါင်ကို တစ်ဦးတည်း​မောင်ပိုင်စီးဖို့ ကြိုးစားရင်း စကိုင်လာနဲ့မီလ်တန်​ပေါင်းပြီး ရပ်ဆဲလ်ကို ရှင်းပစ်လိုက်ကြပါတယ်။ ဒါ​ပေမဲ့အဲဒီ​နေ့အပြီး ​နောက်တစ်​နေ့ မိုးအလင်းမှာ ရပ်ဆဲလ်တစ်​ယောက်အသက်ရှင်​နေ​သေးသလို သူတို့ ကြုံ​တွေ့​နေရတာ​တွေက မ​နေ့ကဖြစ်ခဲ့တဲ့အရာ​တွေအတိုင်း Deja vuလိုဖြစ်​နေတာမျိုး ကြုံလိုက်ရပါတယ်။အဲဒီလိုနဲ့ ရပ်ဆဲလ်ကိုထပ်သတ်ပြီး ​နောက်​နေ့ကူး​သွားလည်း သူကပြန်အသက်ရှင်​နေ​သေးသလို ဖြစ်ပြီးသားကိစ္စ​တွေပဲ ထပ်တလဲလဲပြန်ဖြစ်​နေလို့ မီလ်တန်နဲ့ စကိုင်လာတို့  ၂​ ယောက် သူတို့ရဲ့ စိတ်​ကပဲလှည့်စား​​နေတာလား၊ တကယ်ပဲ အချိန်​သံသရာထဲ ၂​ယောက်လုံး​​ရောက်​နေတာလား အ​ဖြေရှာဖို့ ဖြစ်လာပါ​တော့တယ်။ ​နောက်ဆုံးအဲဒီအချိန်​ကျော့ကွင်းထဲ လွတ်​မြောက်နည်းကို ရှာ​တွေ့သွားမလား၊ဘယ်သူလွတ်​မြောက်သွားမှာလဲဆိုတာ ​ကြည့်ရှုရမှာပါ။  File size…2.07 GB / 787MB Quality…Blu-Ray 1080p ...
movie

Blood Punch (2014)

The Roommate (2011)
The Roommate (2011) ကိုယ့်ကို အရမ်းရင်းနှီးပြီး အရမ်းတွယ်ကပ်နေတဲ့သူမျိုးကို တွေ့ဖူးလား ဒီဇာတ်ကားလေးမှာတော့ ဆာရာဆိုတဲ့ ကောင်မလေးနဲ့ သူ့ကို အရမ်းတွယ်ကပ်နေတဲ့ ရေဘတ်ကာဆိုတဲ့ ကောင်မလေးအကြောင်းကို ကြည့်ရှုရမှာဖြစ်ပါတယ် ဆာရာကတော့ အခုမှ ကောလိပ်စတက်မယ့် ကောင်မလေးတစ်ယောက်ပါ သူနဲ့ တစ်ခန်းထဲမှာ တူတူနေရတာကတော့ ရေဘတ်ကာဆိုတဲ့ ကောင်မလေးတစ်ယောက်ပေါ့ ရေဘတ်ကာဟာ အရမ်းချမ်းသာတဲ့ မိသားစုက လာခဲ့တာဖြစ်ပြီး သူနဲ့ပတ်သတ်လို့ တစ်ခုခု ထူးဆန်းနေခဲ့ပါတယ် တကယ်တော့ ရေဘတ်ကာဟာ စိတ်ရောဂါရှင်တစ်ယောက်ဖြစ်ပြီး သူဟာ သဘောကျတဲ့လူတစ်ယောက်ကို အရမ်းတွယ်ကပ်တတ်တာပါပဲ သူသဘောကျတာ ခံရတဲ့ ဆာရာတစ်ယောက်ကတော့ Guardian Devil တစ်ယောက်ရထားသလိုပါဖြစ်‌‌နေပါတော့တယ် ရေဘတ်ကာဟာ ဆာရာအတွက်ဆိုရင် လိုတာတွေရော မလိုတာတွေရော အကုန်လုပ်တဲ့အထိကို တွယ်ကပ်နေတာပါ ဆိုက်ကို တစ်ယောက်နဲ့ တစ်ခန်းတည်းနေရဲ့ ဆာရာတစ်ယောက် ဘာဆက်လုပ်မှာလဲ ရေဘတ်ကာကရော ဆာရာနဲ့ တူတူရှိနေဖို့ ဘာတွေများလုပ်မှာလဲ ဆိုတာကိုတော့ ကြည့်ရှူပေးကြပါဦးဗျာ File size…(1.3 GB)/(642 MB) Quality….Webrip ...
movie

The Roommate (2011)

HER: Chapter 1 (2023) 8.8
HER: Chapter 1 (2023) Her - Chapter 1 (2023) =================== IMDb 8.8/10 တောင်ပိုင်း တက်သစ်စ မင်းသမီးချောလေး ရူဟနီရှာမာရဲ့ မှုခင်း ရုံကားသစ် Her Chapter 1 ကြည်၊ တောက်၊ ရှင်း ဗားရှင်း ထွက်ရှိလို့လာပါပြီ။အာချာနာဆိုတဲ့ ဒုရဲအုပ်မလေးဟာ ကိစ္စတစ်ကြောင့် တာဝန် ၆ လ ရပ်ဆိုင်းခံရတာနေ အလုပ်ပြန်ဝင်တဲ့အချိန်မှာပဲ စစချင်းကြုံရတဲ့အမှုက ရှုပ်ထွေးတဲ့ နှစ်လောင်းပြိုင်လူသဝာ်မှုတစ်ခုဖြစ်နေပါတယ်။အဲဒီအမှုက ရည်ရွယ်ချက်ရှိရှိကျူးလွန်တဲ့အမှုလား၊ ခရီးသွားဟန်လွှဲဖြစ်သွားတဲ့အမှုလား၊ အာချာနာကရော အတိတ်မှာဘာတွေကြုံခဲ့ရတာလဲဆိုတာကို တောင်ပိုင်းမှုခင်းကားတွေရဲ့ထုံးစံ စိတ်ဝင်စားဖို့ကောင်းအောင်မြင်တွေ့ရမယ့် ရုပ်ရှင်လေးပဲဖြစ်ပါတယ်...။ ( ဒီရုပ်ရှင်ရဲ့ အညွှန်းနဲ့ ဘာသာပြန်တွေကတော့ V, ToMo, Dee နဲ့ Zwe Yan တို့ပဲဖြစ်ကြပါတယ်။ ) File size… 1.67GB / 879MB Quality…1080p WEB DL /720p Format…mp4 Duration…1h 43m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by V~ ToMo~ Dee~ Zwe Yan
movie

HER: Chapter 1 (2023)

2023
The Equalizer 2 (2018) 6.7
The Equalizer 2 (2018) The Equalizer 2 (2018)IMDb Rating (6.7) / Rotten Tomatoes (52%)မင်းသားကြီး Denzel Washington ဆိုတာ ရုပ်ရှင်လောကထဲမှာတင်မက တခြားပြင်ပလောကတွေမှာပါ ဩဇာကြီးမားတဲ့ အနုပညာရှင်တစ်ဦးပါ...ဒီလိုမင်းသားကြီးကို အသုံးပြုပြီး လောကကြီးရဲ့ တလွဲတွေကို ချိန်ညှိသူအဖြစ် ရိုက်ကူးထားတဲ့The Equalizer  ရုပ်ရှင်ကားတွေဟာ တကယ့်ထိပ်တန်း အက်ရှင်ဇာတ်ကားတွေပါပဲ..နိုင်ရာစားလောကကြီးကို ကျွန်တော်တို့ မျက်မြင်မှာ လုပ်ငန်းခွင်တွေမှာ ဘဝတွေမှာ နေ့စဉ်မြင်တွေ့ ခံပြင်းနေကြမှာပါ...ဒီလိုနိုင်ရာစားလောကကြီးကို တရားသဖြင့် ချိန်ညှိပေးမယ့်သူအဖြစ် Denzel Washington ကတကယ့်တရားသူကြီးတစ်ယောက်လို တည်ငြိမ်ရင့်ကျက်စွာသရုပ်ဆောင်ထားပါတယ်။ထူးခြားတာကတော့ သူက လောကကြီးကို ချိန်ညှိဖို့အတွက် ရက်စက်ဖို့လဲ ဝန်မလေးတဲ့ယမမင်းတစ်ပါးလို လက်သံပြောင်သူအဖြစ် အားရစွာမြင်တွေ့ရမှာပါ။The Equalizer 2 (2018) မှာလဲ ပထမဇာတ်ကားထဲကလိုပဲ မတရားမှုတွေကို ဆက်လက်ချိန်ညှိနေတဲ့ Robert McCall အဖြစ် ဒန်ဇဲကိုဆက်လက်ရှုစားရမှာပါ။The Equalizer ဇာတ်ကားတွေကို ဒီမှာ https://channelmyanmar.org/?s=the+equalizer ...
movie

The Equalizer 2 (2018)

2018
4K HEVC
The Equalizer (2014) 7.2
The Equalizer (2014) The Equalizer (2014)IMDb Rating (7.2) / Rotten Tomatoes (61%)မင်းသားကြီး Denzel Washington ဆိုတာ ရုပ်ရှင်လောကထဲမှာတင်မက တခြားပြင်ပလောကတွေမှာပါ ဩဇာကြီးမားတဲ့ အနုပညာရှင်တစ်ဦးပါ...ဒီလိုမင်းသားကြီးကို အသုံးပြုပြီး လောကကြီးရဲ့ တလွဲတွေကို ချိန်ညှိသူအဖြစ် ရိုက်ကူးထားတဲ့The Equalizer  ရုပ်ရှင်ကားတွေဟာ တကယ့်ထိပ်တန်း အက်ရှင်ဇာတ်ကားတွေပါပဲ..နိုင်ရာစားလောကကြီးကို ကျွန်တော်တို့ မျက်မြင်မှာ လုပ်ငန်းခွင်တွေမှာ ဘဝတွေမှာ နေ့စဉ်မြင်တွေ့ ခံပြင်းနေကြမှာပါ...ဒီလိုနိုင်ရာစားလောကကြီးကို တရားသဖြင့် ချိန်ညှိပေးမယ့်သူအဖြစ် Denzel Washington ကတကယ့်တရားသူကြီးတစ်ယောက်လို တည်ငြိမ်ရင့်ကျက်စွာသရုပ်ဆောင်ထားပါတယ်။ထူးခြားတာကတော့ သူက လောကကြီးကို ချိန်ညှိဖို့အတွက် ရက်စက်ဖို့လဲ ဝန်မလေးတဲ့ယမမင်းတစ်ပါးလို လက်သံပြောင်သူအဖြစ် အားရစွာမြင်တွေ့ရမှာပါ။The Equalizer 2014 ဇာတ်ကားမှာတော့ ပြည့်တန်ဆာမလေးအဖြစ် မင်းသမီး Chloë Grace Moretz လဲ ပါဝင်ထားပါတယ်။The Equalizer ဇာတ်ကားတွေကို ဒီမှာ https://channelmyanmar.org/?s=the+equalizer ကြည့်ပါ။ File size…(5.1 ...
movie

The Equalizer (2014)

2014
4K HEVC
Uncle Maoshan ( 2023 ) 6
Uncle Maoshan ( 2023 ) တရုတ်ခုန်ဆွသရဲကားတွေကြိုက်တဲ့ CM ရဲ့ ပရိတ်သတ်တွေအတွက် Uncle Maoshan ဆိုတဲ့ ရုပ်ရှင်လေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့-ချင်းခေတ်နှောင်း မင်ကော်ခေတ်အစပိုင်းမှာ သူဌေးကြီး သခင်ကြီးရန်ဟာ မတော်တဆသေဆုံးသွားခဲ့ပါတယ်။ ကောလာဟလတွေအရ သခင်ကြီးရန်ဟာ သရဲကိုက်လို့သေတာလို့ ပြောနေကြသဖြင့် မမလေးရန်ဟာ ဦးလေးကျိုကို သူမအဖေအတွက် အကူအညီတောင်းလာပါတယ်။ အမှန်တရားအတွက် သွားရောက်စုံစမ်းစဉ် အလောင်းရုံထဲ ထားခဲ့တဲ့ သခင်ကြီးရန်ရဲ့ အလောင်းဟာ ပျောက်ဆုံးသွားခဲ့ပါတယ်။သေဆုံးသွားတဲ့ သခင်ကြီးရန်ဟာ ထူးဆန်းစွာ ပြန်ရှင်လာပြီး သရဲအဖြစ်နဲ့ မြို့ထဲကလူတွေကို လိုက်လံတိုက်ခိုက်ခဲ့ပါတယ်။ ရဲစခန်းမှ အဖွဲ့ခေါင်းဆောင်ချောင်ဟာ ဆရာကြီးချန်းဟဲ့ကို ခေါ်ပြီး မကောင်းဆိုးဝါးတွေကို နှိမ်နင်းခိုင်းခဲ့ပေမယ့်လဲ ဆရာကြီးချန်းဟဲ့လည်း ဘာမှ မတတ်နိုင်ဖြစ်ခဲ့ရပါတယ်​၏သရဲတွေကလည်း တဖြည်းဖြည်းနှင့် ပိုဆိုးလာပြီး မြို့ထဲမှ လူအများကလဲ စိုးရိမ်ကြောက်လန့်နေရပါတယ်။ မောင်ရှန်းဘုန်းကြီးဖြစ်သူ ဦးလေးကျိုဟာလည်း သူ့ဘဝမှာ အကြီးဆုံး အခက်အခဲနဲ့ တွေ့နေပါတော့တယ်။မြို့ထဲက သရဲတွေကို ဘယ်သူက ထိန်းချုပ်ထားသလဲ...... ဦးလေးကျိုနဲ့ သူ့တပည့်တွေကရော ဘယ်လို နှိမ်နင်းကြမလဲ...... ဆိုတာ ရုပ်ရှင်ထဲမှာပဲ ကြည့်ရှုအဖြေရှာလိုက်ရအောင်နော်။ Quality : WEB-DL 1080p , 720p Format : mp4 Genres : Thriller  Runtime : ...
movie

Uncle Maoshan ( 2023 )

Before the Devil Knows You’re Dead (2007) 7.3
Before the Devil Knows You’re Dead (2007) Imdb rating - 7.3/10ဒီ​ရုပ်ရှင်​ကတော့​ ၂၀၀၇ ခုနှစ်​က​ထွက်ရှိ​ခဲ့တဲ့​ အမေရိကန်​အင်ဒီရုပ်ရှင်​ဖြစ်ပြီး​ Crime/Drama နဲ့​ Thriller အမျိုး​အစားဖြစ်ပါတယ်။ ဇာတ်ကား​နာမည်က​ အိုင်းရစ်ရှ်စကားပုံတစ်ခုကနေ မှီငြမ်းထားတာဖြစ်ပြီး​ ဒီရုပ်ရှင်ကို​၂၀၀၇​ မှာ ထွက်ရှိခဲ့တဲ့အကောင်းဆုံးရုပ်ရှင် ဆယ်ခုထဲကတစ်ခု​အဖြစ်​ သတ်မှတ်ခဲ့ပါတယ်။အော်​စကာဆုရှင်မင်း​သားကြီး​ Philip Seymour Hoffmann နဲ့​ Ethan Hawke တို့က​ အဓိကဇာတ်ဆောင်တွေဖြစ်တဲ့​ Hank နဲ့​ Andy Hanson​ ညီအစ်ကို​နှစ်ယောက်​အဖြစ်ပါဝင်ထားပါတယ်။ ဇာတ်လမ်း​မိတ်ဆက်​က​တော့​ ဟန်ခ့်​ဟန်ဆန်​ (Ethan Hawke) က​ ဇနီး​ဖြစ်သူနဲ့ကွာရှင်းထားပြီး ငွေကြေး​မပြေလည်တာကြောင့် အကြွေးပတ်လည်ဝိုင်းပြီး သမီး​ဖြစ်​သူအတွက် ကလေး​စရိတ်​ကိုတောင်​ပေးဖို့​ရုန်းကန်​နေရသူပါ။ သူ့အစ်ကိုဖြစ်တဲ့ အန်​ဒီက​ အိမ်ခြံမြေကုမ္ပဏီမှာ ဘဏ္ဍာရေး​ဌာနအကြီးအကဲဖြစ်ပြီး ငွေကြေးအလွဲသုံးစားလုပ်ထားတာတွေကြောင့်​ ဘရာဇီးကိုထွက်ပြေးဖို့ကြံစည်နေပါတယ်။ လိုအပ်​တဲ့ငွေကြေးကိုရဖို့အတွက် အန်ဒီ​က​ သူ့ညီဟန်ခ့်ကို ဓားပြ​တိုက်ဖို့စည်းရုံးပါတော့တယ်။ ဓားပြ​တိုက်မှာ​က​ တခြားမဟုတ်ဘဲ သူ့မိဘနှစ်ပါးရဲ့ရတနာဆိုင်ပါ။ ဒါပေမဲ့​ သူတို့​စီစဥ်ထားသလိုမဖြစ်ဘဲ​ အကြီးအကျယ်လွဲချော်သွားတဲ့အခါ နောက်​ဆက်​တွဲ​ဖြစ်​ရပ်​တွေ​ တသီတတန်းကြီးကို ...
movie

Before the Devil Knows You’re Dead (2007)

Captive (2023)
Captive (2023) "Night of the living dead" ဆိုတဲ့ဇာတ်ကားကို မှီငြမ်းရိုက်ကူးထားပြီး horror ဆိုပေမဲ့ horror အရမ်းမဆန်တဲ့ပေါ့ပေါ့ပါးပါး ဗန်ပိုင်းယားဇာတ်ကားတစ်ကားဖြစ်ပါတယ် ဇာတ်လမ်းအကျဉ်း..... Horror ကားတွေထုံးစံအတိုင်း လူငယ်တစ်စုဟာ ပိုင်ရှင်မရှိတဲ့အိမ်ထဲခိုးဝင်ကြရာကနေ ဇာတ်လမ်းစပါတော့တယ် ပိတ်ရက်မှာ အိမ်ပိုင်ရှင်တွေခရီးသွားနေတုန်း အိမ်ထဲခိုးဝင်ပြီး‌အေးအေးဆေးဆေး ဇိမ်ခံကြမယ်လို့တွေးထားပေမဲ့ မမျှော်လင့်ပဲ မြေအောက်ခန်းထဲမှာအချုပ်ခံထားရတဲ့လူတစ်ယောက်ကို တွေ့လိုက်ရပါတော့တယ် သူ့ရဲ့သရုပ်မှန်နဲ့ သူဘာလို့ဒီအိမ်မှာအချုပ်ခံထားရတာလဲဆိုတာကိုမသိ‌ပေမဲ့ သူငယ်ချင်းအုပ်စုကသူ့ကိုလွှတ်ပေးလိုက်ကြပြီး ပုံမှန်အတိုင်းပဲ သတိလက်လွှတ်ထားလိုက်ပါတော့တယ် တကယ်တမ်းအဲဒီလူက သွေးစုတ်ဖုတ်ကောင်တစ်ကောင်ဖြစ်နေပြီး သူတို့သူငယ်ချင်းတွေကို စားဖို့ချောင်းနေတာပါ ကံမကောင်းတဲ့လူငယ်လေးတွေ သွေးစုတ်ဖုတ်ကောင်စာမိသွားမလား သူတို့ဘယ်လိုထွက်ပြေးလွတ်မြောက်ကြမလဲဆိုတာကိုကြည့်ရှုရမှာပါ File size…(1.2 GB)/(626 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:20:00 Genre...Horror, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Khunn
movie

Captive (2023)

Absentia (2011) 5.8
Absentia (2011)  Absentia 2011 ကတော့ စိတ်လှုပ်ရှားစရာ horror ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ဒီဇာတ်ကားကို horror movie လို့ ညွှန်းဆိုလိုက်လို့ စိတ်ကူးပေါက်ရာ ဇာတ်လမ်းလုပထားတဲ့ စိတ်ကူးယဥ် horror movie လို့တော့ တွေးလို့မရပါဘူး။ စိတ်လှုပ်ရှားစရာတွေကိုလည်း တွေ့ရမှာ ဖြစ်သလို တွေးစရာတွေလည်း ပါတာဖြစ်တာမို့ horror တစ်ပိုင်း mythology တစ်ပိုင်း ပေါင်းစပ်ထားတဲ့ ဇာတ်ကားမျိုးဖြစ်ပါတယ်။ ပြီးတော့ သိပ္ပံနည်းကျ တွေးခေါ်မှုနဲ့ ချည်းကပ်ထားတာလည်း ပါနေတာကြောင့် ခံစားချင်တဲ့သူတွေအတွက်တင် မဟုက်ဘဲ တွေးတော ချင်တဲ့ သူတွေအတွက်ပါ ကြည့်ရှုဖို့ သင့်လျော်ပါတယ်။ ဇာတ်လမ်းမှာ ထရေရှာဆိုတဲ့အမျိုးသမီးရဲ့ အမျိုးသားဟာ တစ်နေ့တော့ ပျောက်ချင်းမလှ ပျောက်သွားခဲ့ပြီး ဘယ်မှာမှ ရှာမတွေ့ကြဘူး။ ဖြစ်ချင်တော့ ပျောက်နေတာက သူ့အမျိုးသား တစ်ဦးတင်မဟုက်ဘဲ သူတို့ပတ်ဝန်းကျင်က သူတွေပါ ပျောက်နေတာကို သိရတဲ့အခါမှာတော့ စဥ်းစားရခက် / လက်ခံရခက် ...
movie

Absentia (2011)

Gammathu (2023)
Gammathu (2023) Gammthu(2023)ဒီတစ်ခါ CM Bollywood ပရိသတ်ကြီးအတွက် တင်ဆက်ပေးမယ့်ကားလေးကတော့ အသစ်စက်စက်ထွက်ရှိထားတဲ့ မှုခင်းကားလေးပဲဖြစ်ပါတယ်။ဒီကားလေးမှာတော့ မင်းသားဟာ အလွန်ထူးချွန်ပြီး ဟောလိဝုဒ်ရုပ်ရှင် ‘The Perfume’ ကို စွဲလန်းသွားရာကနေ ထူးခြားတဲ့ရေမွှေးတီထွင်ဖို့ ကြိုးစားနေတဲ့ သိပ္ပံပညာရှင်လုပ်နေတဲ့လူတစ်ယောက်ပါ။ ဒီလိုနဲ့ မထင်မှတ်ပဲ မြို့ထဲက အမျိုးသမီးတွေကို ပစ်မှတ်ထားတဲ့ ကွင်းဆက်လူသတ်မှုမှာ အဓိက သံသယရှိသူအဖြစ် စွပ်စွဲခံလာရတဲ့အခါ သူ့ရဲ့ဖြူစင်မှုကို သက်သေပြဖို့ ကိုယ်တိုင်ပဲ စုံစမ်းပါတော့တယ်။ အမှုကို စုံစမ်းရင်းက တစ်ခုစီချိတ်ဆက်မိလာပြီး ထင်ထားတာထက် ပိုလေးနက်လာတဲ့အခါ တရားခံ အစစ်က ဘယ်သူလဲ၊ သူကရော ဘာလို့ အဓိက သံသယတရားခံဖြစ်လာရလဲဆိုတာကိုတော့ ပရိသတ်ကြီးပဲ ဆက်လက်ကြည့်ရှုလိုက်ပါဦးနော်။အညွှန်းနှင့်ဘာသာပြန်ကတော့ CM Bollywood Team မှဖြစ်ပါတယ် File size…2.2GB / 1GB Quality…1080p  WEB DL /720p Format…mp4 Duration….1h 54mins Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie

Gammathu (2023)

2023
Operation Napoleon (2023) 6.1
Operation Napoleon (2023)  Mystery Adventure ကိုကြိုက်နှစ်သက်တဲ့သူတွေအတွက် ဇာတ်ကားကောင်းလေးတစ်ပုဒ်ကို တင်ဆက်ပေးသွားမှာဖြစ်ပါတယ် ဒုတိယကမ္ဘာစစ်ပြီးဆုံးခါနီးမှာ နပိုလီယွန်စစ်ဆင်ရေးအတွက် ဘာလင်မြို့ကနေ လေယာဉ်တစ်စီးထွက်ခွာခဲ့ပြီး ပျောက်ဆုံးသွားပါတယ် အဲ့ဒီနောက် အမေရိကန်စစ်တပ်ဟာ လေယာဉ်ပျောက်ဆုံးသွားတဲ့ အနီးတစ်ဝိုက်ကို စစ်ရေးလေ့ကျင့်ရေး အကြောင်းပြပြီး ရှာဖွေခဲ့ကြပေမဲ့ မတွေ့ရှိခဲ့ကြပါဘူး အချိန်ကြာလာပြီး ကမ္ဘာကြီးပူနွေးမှုကြောင့် ရေခဲမြစ်တွေ အရည်ပျော်လာကာ သူတို့ရှာဖွေနေတဲ့ လေယာဉ်ဟာ ထွက်ပေါ်လာပါတယ် ဒါပေမဲ့ လေယာဉ်ရှိတဲ့ နေရာကို အမေရိကန်တွေရောက်လာခင် ရောက်သွားခဲ့တာကတော့ ခရစ်စတင်းရဲ့ ‌မောင်ဖြစ်သူ အယ်လီတို့ သူငယ်ချင်းသုံးယောက်ပါ သူတို့ဟာ လေယာဉ်တွေ့ရှိကြောင်းကို မှတ်တမ်းတင်နေတုန်းမှာပဲ အမေရိကန်က သိပ္ပံပညာရှင်အဖွဲ့ရောက်ရှိလာပြီး သူတို့ကို ‌နှုတ်ပိတ်ဖို့ကြိုးစားပါတော့တယ်အယ်လီတစ်ယောက်လည်း မှတ်တမ်းတင်ထားတွေကို သူ့အစ်မ ခရစ်စတင်းဆီကိုပို့ပြီး ထွက်ပြေးပါတော့တယ် ခရစ်တင်းဟာလည်း နေရင်းထိုင်ရင်းကနေ သူ့မောင်ပို့လိုက်တဲ့ လေယာဉ်မှတ်တမ်းတွေကြောင့် လိုက်ဖမ်းတာ ခံနေရတာပါ ခရစ်စတင်းတစ်ယောက် ပြေးရင်းလွှားရင်း သူ့မောင်ပို့လိုက်တဲ့ ဓာတ်ပုံလေးတွေကနေ လေယာဉ်ရှိတဲ့နေရာကို ရအောင်ရှာပြီးတော့ သူ့မောင်ကို သွားကယ်ဖို့လုပ်ပါတော့တယ် ခရစ်စတင်းကရော ...
movie

Operation Napoleon (2023)

Bone Cold (2023) 6.0
Bone Cold (2023)  ဂျွန် နဲ့ မာကို ဟာ လျှို့ဝှက်စစ်ဆင်ရေးတွေ၊ လုပ်ကြံရေးတွေလုပ်ကြတဲ့အထူးတပ်ဖွဲ့ဝင် စနိုက်ဘာသမားနဲ့ နေရာပြသမားပါ..။သူတို့ရဲ့ တစ်ခုသော မစ်ရှင်ဟာ ယူကရိန်း-ရုရှားနယ်စပ်က တောအုပ်ထဲမှာပုန်းအောင်းနေတဲ့ ရုရှားထောက်ခံ ယူကရိန်းခွဲထွက်ရေးသမားကို လုပ်ကြံဖို့ပါ...။ဘာလို့ဆို ဒီခွဲထွက်ရေးသမားဟာ စစ်မီးမွေးဖို့ကြံနေတာကြောင့်ပါပဲ...။ဒီလိုနဲ့ ဂျွန်နဲ့ မာကိုဟာ တာဝန်ထမ်းဆောင်ဖို့အတွက် ယူကရိန်းနယ်စပ်တောအုပ်ထဲကိုရောက်လာခဲ့ပါတယ်...။ယုံတမ်းစကားတွေအရဆိုရင် ယူကရိန်းတောအုပ်ထဲမှာက ဒဏ္ဍာရီလာ သတ္တဝါတွေအစုံရှိပါတယ်တဲ့...။ဒါကိုမသိတဲ့ ဂျွန်နဲ့မာကိုဟာ တာဝန်ထမ်းဆောင်ဖို့လာရင်းနဲ့ ဒီသတ္တဝါကြီးနဲ့ဆုံတွေ့တဲ့အခါမှာတော့....Sniper battleတွေအပြင် ဒဏ္ဍာရီလာသတ္တဝါတွေနဲ့ဖိုက်တာပါ မြင်တွေ့ရမယ့်Thriller movieလေးဖြစ်ပါတယ်....။  File size…1.63 GB / 740 MB Quality… WEB-Rip 1080p 5.1 CH / 720p Format…mp4 Duration….1h 49m Genre ….. Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Themes
movie

Bone Cold (2023)

Het Geheugenspel (2023) 6.2
Het Geheugenspel (2023)  IMDb 6.2 ရရှိထားတဲ့ ဒတ်ခ်ျစကားပြောဇာတ်ကားဖြစ်ပြီး plot twist တွေအပြည့်နဲ့ Thriller ကားတစ်ကားဖြစ်ပါတယ် ဇာတ်လမ်းအကျဉ်း..... ဒါရီဒါမိသားစုဟာ ဂုဏ်သရေရှိမိသားစုတစ်စုဖြစ်ပြီး အခုချိန်ထိအေးအေးချမ်းချမ်းပဲနေထိုင်လာခဲ့ကြပေမဲ့ တစ်နေ့မှာတော့ သူတို့မိသားစုပိုင်ခြံဝင်းထဲမှာ မြေတူးရင်း အလောင်းတစ်လောင်းကိုတွေ့လိုက်ရပါတော့တယ် အဲဒီအလောင်းကလွန်ခဲ့တဲ့ 25 နှစ်ကထဲကပျောက်သွားတဲ့ သမီးဖြစ်သူ နာတာလီဖြစ်နေပြီး တရားခံကဘယ်သူလဲဆိုတာ မေးစရာတွေဖြစ်လာပါတော့တယ် အီဗာကတော့ နာတာလီနဲ့အရမ်းရင်းနှီးတဲ့သူငယ်ချင်းဖြစ်ပြီး အမြဲတမ်းတတွဲတွဲရှိနေခဲ့တဲ့သူဆိုလည်းမမှားပါဘူး ဒါပေမဲ့အီဗာက နာတာလီပျောက်သွားတဲ့နေ့ကအကြောင်းအရာတွေကို မှတ်မိသလို မမှတ်မိသလိုလိုနဲ့ ဝေဝါးဝါးဖြစ်နေခဲ့တာပါ အီဗာတစ်ယောက် အိပ်မွေ့ချကုထုံးကို ခံယူဖို့ဆုံးဖြတ်လိုက်ပြီးတဲ့နောက် သူ့ရဲ့မှတ်ဉာဏ်တွေတစ်စတစ်စပြန်ပေါ်လာပြီး အံ့ဩစရာတွေပါသိလိုက်ရပါတော့တယ် အိပ်မွေ့ချကုထုံးခံရင်း မေ့ဖျောက်ထားခဲ့တဲ့မှတ်ဉာဏ်တွေနဲ့ လူသတ်တရားခံအစစ်ကို ဘယ်လိုရှာဖွေဖော်ထုတ်သွားမလဲဆိုတာ ကြည့်ရှုရမှာပါFile size…(1.6 GB)/(902 MB)Quality….Webrip 1080p / 720p Format…mp4 Duration….01:47:00 Genre...Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Khunn 
movie

Het Geheugenspel (2023)

Romeo & Juliet Killers (2022) 5.7
Romeo & Juliet Killers (2022)  Review မှုခင်းကားကောင်းကောင်းလေးကိုမှ ကြိုက်တယ်‌ဆိုတဲ့သူတွေအတွက် ဖြစ်ရပ်မှန်ကိုအခြေခံပြီး ရိုက်ကူးထားတဲ့ Thriller, Crime ဇာတ်ကားလေးကို တင်ဆက်ပေးမှာဖြစ်ပါတယ် ဒီဇာတ်လမ်းလေးကတော့ 2009 ခုနှစ်မှာဖြစ်ခဲ့တဲ့ ဖြစ်ရပ်မှန်ကို အခြေခံပြီးရိုက်ကူးထားတာပါ ဂျိုအန်းဆိုတဲ့ သတ်လတ်ပိုင်း အမျိုးသမီးတစ်ဦးဟာ တိုင်လာဆိုတဲ့ သမီးလေးကိုတစ်ယောက်တည်း ပြုစုစောင့်ရှောက်လာခဲ့ရသူပါ ဖတဆိုးလေး တိုင်လာဟာ တဖြည်းဖြည်းနဲ့ ထိန်းရခက်တဲ့ ကောင်မလေးတစ်ယောက်ဖြစ်လာခဲ့ပါတယ် တစ်ရက်မှာတော့ တိုင်လာဟာ ဘောစတန်ဆိုတဲ့ ကောလိပ်ကျောင်းသားတစ်ယောက်နဲ့ တွေ့ပြီး ချစ်ကြိုက်သွားကြပါတယ် အသက်မပြည့်သေးတဲ့ တိုင်လာတစ်ယောက် သူ့ကောင်လေးနဲ့ ဖြစ်ချင်တိုင်းဖြစ်နေတာကို သူ့အမေ သိသွားတဲ့အခါမှာတော့ သူ့အမေဟာ သူတို့နှစ်ယောက်ကို မရရအောင် ခွဲပါတော့တယ် အဲ့ဒီအခါမှာတော့ တိုင်လာနဲ့ သူ့ကောင်လေးဟာလည်း အတူတူရှိနေနိုင်ဖို့အတွက် ဘာမဆိုလုပ်မယ်ဆိုပြီး ဆုံးဖြတ်ကာ လူသတ်မှု ကျူးလွန်ပါတော့တယ် ဖြစ်ရပ်မှန်ကို အခြေခံပြီးရိုက်ကူးထားတာဖြစ်တဲ့အပြင် ထင်မထားရတဲ့ Plot Twist တွေပါဝင်တာ‌ကြောင့် ကြည်ရှုသူတွေအတွက် စိတ်ဝင်စားစရာ ဇာတ်ကားကောင်းလေးတစ်ပုဒ်ဖြစ်မှာ အသေအချာပါပဲFile size…(628 ...
movie

Romeo & Juliet Killers (2022)

Love (2023) 5
Love (2023) Love (2023) ===========အလုပ်မှန်သမျှ အရှုံးပေါ်နေတဲ့ အဂျေးနဲ့ ဖခင်ရဲ့ ကုမ္ပဏီမှာ အလုပ်ဝင်လုပ်နေတဲ့ ဒီဗီယာတို့ဟာ မိဘတွေက တွေ့ခိုင်းလို့ ကော်ဖီဆိုင်တစ်ခုမှာ ဒိတ်ကျရင်း တစ်ယောက်နဲ့တစ်ယောက် သဘောကျသွားကာ ချစ်သူတွေဖြစ်သွားခဲ့ကြပါတယ်။Love ဆိုတဲ့ ခေါင်းစဉ်အတိုင်း သူတို့တွေဟာ ကြည်နူးစရာအချစ်တစ်ခုကို ပိုင်ဆိုင်ခဲ့ကြပေမဲ့ အဲဒါဟာ ရုပ်ရှင်အစ ငါးမိနစ်လောက်ပါပဲ။သူတို့လက်ထပ်ပြီး နှစ်ချီကြာလာတဲ့ထိ အဂျေးဟာ ပြောင်းလဲမလာခဲ့ဘဲ အရက်သမားလုံးလုံးဖြစ်ကာ ကိုယ်ဝန်လွယ်ထားရတဲ့ ဒီဗီယာနဲ့ ပြဿနာတက်ရင်း လက်လွန်ခြေလွန်ဖြစ်ကြတဲ့နောက်မှာတော့...။Love ဆိုတဲ့ အချစ်ကားမဟုတ်တဲ့ အချစ်ကားလေးကို ပရိသတ်တွေအတွက် စီအမ်ကနေ တင်ဆက်ပေးလိုက်ပါတယ်...။ ( ဒီရုပ်ရှင်ရဲ့ အညွှန်းနဲ့ ဘာသာပြန်ဆိုသူတွေကတော့ V, BpL, YH, Yunni နဲ့ Zwe Yan တို့ပဲဖြစ်ကြပါတယ်။ ) File size…1.4GB  / 700MB Quality…1080p WEB DL / 720p Format…mp4 Duration….1h 43m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by V~ BpL~ YH~ Yunni ~ Zwe Yan
movie

Love (2023)

2023
Talk to Me (2022) 7.4
Talk to Me (2022) Talk to Me (2022)~ IMDb - 7.4/10, Rotten Tomatoes - 95% ~ဇာတ်လမ်းက အရမ်းကြောက်ဖို့ကောင်းပေမဲ့ အထဲက ဇာတ်ကောင်တွေကတော့ အတော်ကိုတုံးတယ်ပြောရမှာပါပဲ။ ဝိညာဉ်ခေါ်လို့ရတယ်လို့ နာမည်ကြီးတဲ့ လက်ပြတ်အရုပ်တစ်ခုကို ရလာတယ်။ မူလ လက်ပြတ်ပိုင်ရှင်က စိတ်ဖောက်ပြီး သူ့ကိုယ်သူ သတ်သေသွားပြီ။ အဲဒီလက်ပြတ်ကို ကိုင်ပြီး ငါ့ကို စကားပြောပါဆိုရင် ဝိညာဉ်ကိုမြင်ရတယ်။ ငါမင်းကိုဝင်ခွင့်ပေးတယ်ဆိုရင် ကိုယ်ထဲကိုဝင်ပူးခံရတယ်။ အဲဒါကို လူငယ်တသိုက်က အလှည့်ကျ ပူးတိုင်းကစားကြပါတယ်။ စည်းကမ်းကတော့ စက္ကန့် ၉၀ မကျော်ရင် ဘာမှမဖြစ်ပါဘူးတဲ့။ ဒါပေမဲ့ ထုံးစံအတိုင်း ကောင်လေးတစ်ယောက်အလှည့်မှာတော့ စက္ကန့် ၉၀ ကျော်ပြီး ဝိညာဉ်တွေ သောင်းကျန်းကုန်ပါတယ်။ အဲဒီကလေးကို သေအောင်လုပ်ပြီး အပိုင်သိမ်းဖို့ ကြိုးစားတဲ့ ဝိညာဉ်ဆိုးတွေရောက်လာတယ်။ အဲဒီကလေးလွတ်အောင် မင်းသမီးက ဘယ်လိုတွေ လိုက်ကယ်ရမလဲဆိုတာ ကြည့်ရမှာပါ။ဒီ ရုပ်ရှင်ဟာ ...
movie

Talk to Me (2022)

2022
4K HEVC
Darkland: The Return (2023) 6.7
Darkland: The Return (2023) Darkland: The Return (2023)~ ပထမပိုင်းမကြည့်ရသေးသူများအတွက် Spoiler ပါ၀င်သည် ~ဒီကားလေးကတော့ ၂၀၁၇နှစ်ကထွက်ရှိခဲ့တဲ့ ဒိန်းမတ်အက်ရှင်ဒရာမာကား Darkland ရဲ့အဆက်လေးပါ။လွန်ခဲ့တဲ့(၇)နှစ်က ညီဖြစ်သူအတွက် တရားမျှတမှုရှာရင်း ဇိတ်တစ်ယောက် ဆရာ၀န်ဘ၀ ဇနီးဖြစ်သူနဲ့သားလေး အကုန်ဆုံးရှုံးလိုက်ရပြီး ထောင်ထဲမှာအချိန်ကုန်နေရပါတယ်။ တစ်ရက်ကျတော့ အမျိုးသားလုံခြုံရေးအရာရှိတစ်ဦးရောက်လာပြီး ဂိုဏ်းတစ်ခုထဲမှာ သူလျှိုအဖြစ်လုပ်ပေးရင် လွတ်လပ်ခွင့်ရမယ်လို့ကမ်းလှမ်းလာပါတယ်။ ဇိတ်ကလည်း သားဖြစ်သူနဲ့ ပြန်နီးစပ်နိုင်ဖို့ လက်ခံဖို့ဆုံးဖြတ်လိုက်ပြီးတဲ့နောက်မှာတော့ ဘယ်လိုဆက်ဖြစ်မလဲဆိုတာ စိတ်၀င်တစားကြည့်ရှုရမှာပါ။Rating ကောင်းတွေရထားရုံတင်မက အရင်ကားထက် ဒီ Sequel က ပိုကောင်းတယ်ဆိုတဲ့ Review ကောင်းတွေလည်းရထားတဲ့အတွက် အားလုံးပဲကြည့်ရှုခံစားလိုက်ကြပါဦး။(ဒီဇာတ်ကားနဲ့အညွှန်းကို Soe Thiri Swe မှ ပြန်ဆို ရေးသားထားပါတယ်)Size - 2.1GB, 880MB Quality - 1080p, 720p IMDb Rating - 6.7/10 Format - mp4 Duration - 1H 50Min Genre - ...
movie

Darkland: The Return (2023)

2023
A Day and a Half (2023) 6.0
A Day and a Half (2023)  ဆွီဒင်နိုင်ငံရဲ့ မြို့ငယ်လေးတစ်မြို့ရှိ ဆေးရုံတစ်ရုံကို ဒေါသထွက်နေတဲ့လူတစ်ယောက် ရောက်လာပြီး ဆေးရုံဝန်ထမ်းဖြစ်တဲ့ သူ့မိန်းမနဲ့တွေ့ခွင့်တောင်းပါတယ်။ ကောင်တာက အမျိုးသမီးဖြစ်သူစောင့်ခိုင်းတာတောင်စိတ်မရှည်ဖြစ်လာပြီး ထိုသူဟာ သေနတ်နဲ့ ထုတ်ချိန်ပြီး သူ့မိန်းမကိုအတင်းအကြပ်ခေါ်ခိုင်းပါတော့တယ်။ အဲဒီ နောက် ရဲတွေရောက်လာချိန်မှာတော့ သူ့မိန်းမကို ပြန်ပေးဆွဲပြီးဓါးစာခံလုပ်ပါတော့တယ်။ ဒီလူ အခုလိုဆေးရုံမှာ အတင်းပြန်ပေးဆွဲတာကဘာကြောင့်လဲ၊ သူ ဒေါသထွက်စရာအကြောင်းကရော တကယ်ဒေါသထွက်စရာလား၊ သူ့ မိန်းမကိုရော သူဘာလုပ်ပစ်မှာလဲ ဆိုတာကိုစိတ်ဝင်စားစရာရိုက်ကူးထားပါတယ်။ အစပိုင်းမှာ ဒီလိုလုပ်ရပ်ကိုရှုတ် ချစရာဖြစ်ခဲ့ပေမယ့် ပြန်ပေးသမားရဲ့ ဘဝအကြောင်းကို ပြောရင်းပြောပြရင်း သူ့နေရာမှာ ငါသာဆို ဒီလိုပဲဖြစ်သွား နိုင်မလားဆိုတဲ့အတွေးဝင်လာနိုင်အောင် ဖော်ကျူးထားတဲ့ဇာတ်လမ်းလေးပါ။ဒီဇာတ်လမ်းမှာ ပြန်ပေးသမား၊ ပြန်ပေးသမားရဲ့မိန်းမနဲ့ ရဲသားတစ်ယောက်ပဲအဓိကပါဝင်ပါတယ်။ ဒါပေ မယ့် ဒီ ၃ ယောက်တည်းနဲ့ ဇာတ်လမ်းတစ်ခုလုံးဟာပြည့်စုံသွားပါတယ်။ သူတို့ ၃ယောက်ရဲ့ ဘဝအနိမ့်အမြင့်တွေ ကိုကြည့်ရှုခံစားရင်ကိုယ့်ကိုယ်တိုင်လည်း သူတို့နေရာရောက်သွားသလို ခံစားရနိုင်တဲ့ဇာတ်ကားကောင်းလေး ဖြစ် ပါတယ်။ File size…1.69GB / 752MB Quality…WEB-Rip 1080p 5.1 ...
movie

A Day and a Half (2023)

Flight(2012) 7.3
Flight(2012) Flight(2012) IMDb....7.3,,,,,Rotten....78%  Denzel Washingtonက လေယာဉ်ပိုင်းလော့ တစ်ယောက်..... တစ်ရက်ကျတော့ သူတာဝန်ယူမောင်းနှင်တဲ့ ခရီးသည်တင် လေယာဉ်ဟာ စက်ချို့ယွင်းမှုဖြစ်ပြီး လေယာဉ်ပျက်ကျပါတော့တယ် ...ဒါပေမယ့်သူဟာ ကျွမ်းကျင်မှူနဲ့ အခြေအနေပေါ်မူတည်ပြီးစွန့်စားမှုတွေပြုလုပ်ခဲ့လို့ လေယာဉ်ဟာ အကောင်းမွန်ဆုံးဆင်းသက်နိုင်ခဲ့တယ်... လူအနည်းငယ်သာ သေဆုံးခဲ့ရပြီး သူလည်း  ပြည်သူတွေအတွက် Heroတစ်ယောက်ဖြစ်လာခဲ့ပါတယ်....လေယာဉ်ပျက်ကျစဉ်ကဒဏ်ရာကြောင့်သူဆေးရုံတက်ခဲ့ရတယ် ... ခင်ဗျားတို့အနေနဲ့ ဇာတ်လမ်းတစ်ခုလုံးပြောလိုက်တယ်လို့ထင်နေလိမ့်မယ်..အပေါ်ကပြောခဲ့တဲ့ဖြစ်စဉ်ဟာ အစပိုင်း မိနစ်(၂၀)လောက်မှာပဲဖြစ်သွားတာ...သူဆေးရုံကဆင်းပြီးတဲ့အချိန်မှာ တကယ့်ဇာတ်လမ်းက စတော့တာပဲ ...သူ့ကို စုံခုံဖွဲ တရားရုံးတင်တော့တာပဲ...လူတွေကယ်တင်နိုင်ရဲ့သားနဲ့ဘာကြောင့်တရားရုံးတင်ခံရတာလဲ... သူဘာတွေများလုပ်ခဲ့လို့လဲ...သူကရော ဒီအမှုတောကြီးကနေရုန်းထွက်နိုင်ပါ့မလား.. Denezl Washington ကားတွေက သိတဲ့အတိုင်း ကားတိုင်းနီးပါးပြန်ကြည့်လည်း မရိုးနိုင်ပါဘူး...သူ့ရဲ့ အရှိန်အဝါနဲ့တင် ဇာတ်အိမ်မကောင်းရင်တော့ကြည့်ရတာ ရသမြောက်နေတတ်တာမျိုးပေါ့..ဒီကားက ဇာတ်အိမ်လည်းအတော်ကောင်းပါတယ်.. ပြသချိန် ၂နာရီ၁၈မိနစ်ကို ရင်ခုန်စိတ်လှုပ်ရှားစွာကြည့်နေရတာပါ... ဒီကားရဲ့ဒါရိုက်တာကတော့ Forrest Gump, Cast Awayတို့လိုကားမျိုးတွေရိုက်ကူးတဲ့ Director Robert Zemeckisပါ ။File Size…(4.37GB) (1.6GB) and (718MB) Quality…Blu-Ray4K.HEVC.EAC3.6CH, 1080p,720p Format…mp4 Duration…02:18:00 Subtitle…Myanmar Subtitle(Hardsub) Encoder…..Phyo Pyae 
movie

Flight(2012)

2012
4K HEVC