Channel Myanmar

Thriller

Boy in the Walls (2023)
Boy in the Walls (2023)  မိသားစုလေးတစ်ခုက မြို့နဲ့ ၄၅မိနစ်လောက်ဝေးတဲ့ မြို့ပြင်းနားလေးတစ်နေရာမှာရှိတဲ့ အိမ်ကြီးဆီကို ပြောင်းလာတာကနေ ဇာတ်လမ်းလေးကို အစပြုထားတာပါ။ အဲဒီအိမ်ကြီးမှာ မိန်းမကြီးတစ်ယောက်ကသေသွားခဲ့ဖူးပါတယ်။ ပြောင်းလာတဲ့မိသားစုမှာ ယောကျာ်းက သူ့အရင်ဇနီး ကင်ဆာနဲ့ဆုံးသွားလို့ နောက်ဇနီးယူထားပြီး အရင်ဇနီးနဲ့ ရတဲ့ ကလေး၂ယောက်ပါ ပါတယ်။ ကလေးတွေက မိထွေးကိုတော့ သိပ်ကြည့်တဲ့ပုံမပေါ်ပါဘူး။မိထွေးကလည်း ကလေးတွေနဲ့ အဆင်ပြေအောင်ကြိုးစား ကလေးတွေကလည်း မိထွေးဆို ကလန်ကဆန်လုပ်နေရင်းကနေ ယောကျာ်းက အလုပ်ကိစ္စနဲ့ ခရီးခန ခန သွားရတော့ အိမ်မှာသူတို့ပဲကျန်တာက များပါတယ်။ ဒီလိုနဲ့ အိမ်ထဲမှာ ပစ္စည်းတွေပျောက် မူမမှန်တာတွေဖြစ်လာတော့ အချင်းချင်းအပြစ်တင်ကြရာကနေ ဘာတွေဆက်ဖြစ်ကြမလဲ မိထွေးနဲ့ ကလေးတွေရော အဆင်ပြေသွားပါ့မလား ပစ္စည်းတွေက ဘာလို့ပျောက်နေရတာလဲ ဘာတွေမူမမှန်ဖြစ်နေရတာလဲဆိုတာကို ကြည့်ရှုခံစားလိုက်ကြပါဦး။ File size…(700 Mb) Quality….Webrip 720p Format…mp4 Duration….01:27:00 Genre...Drama, Mystery, Thriller Subtitle….Myanmar Subtitle (Hardsub) Translated & Encoded by Garfield
movie

Boy in the Walls (2023)

Khun Pun (2016) 5.0
Khun Pun (2016) Khun Pan 1 (2016)၁၉၃၉ ခုနှစ် မှာ ထိုင်းနိုင်ငံ ချွန်ဖွန်ဆိုတဲ့နယ်က ဓါးပြတွေ ကြီးဆိုးတဲ့နေရာတစ်ခုဖြစ်ခဲ့ပါတယ် ဓါးပြတွေကို နှိမ်နင်းဖို ခွန်ဖန်ဆိုတဲ့ ရဲမှူးချုပ် တာဝန်ပေးအပ်ခံရပါတယ်ဓါးပြနယ်မြေဖြစ်တဲ့အတွက် ရဲအဖြစ် ထင်ထင်ပေါ်ပေါ်သွားလိုမရတဲ့အတွက် အဲ့ဒီနယ်မြေမှာ သာမန်လူလို လတော်တော်ကြာကြာ သူလျိုအဖြစ်နဲ့နေထိုင်ရပါတယ်ဒါပေမဲ့ ခွန်ဖန် ရင်ဆိုင်ရမယ့်လူက မှော်အစွမ်းတတ်တဲ့ ဓါးပြခေါင်းဆောင် အာဟာဝီယူရူပါအာဟာဝီယရူဆိုတဲ့သူက ငယ်စဉ်ကတည်းက စိတ်ဒဏ်ရာနဲ့ ကြီးပြင်လာတဲ့ဓါးပြဖြစ်တဲ့အတွက် အငြိုးကြီးသလို ရက်လည်း ရက်စက်ပါတယ်အထူးသဖြင့်ရဲတွေကိုပေါ့ အမေဖြစ်သူကလည်း သူ့ရှေ့မှာ သေနတ်ပစ်ခံရပြီး ဆုံးခဲ့တာကြောင့် သူ့ရင်ထဲက အငြိုးမီးတွေကို ပိုပြီးတော့ လောင်မြိုက်နေစေပါတယ်ဆိုတော့ ခွန်ဖန်တစ်ယောက် အာဟာဝီယရူကို ဘယ်လို နည်းလမ်းနဲ့ နှိမ်နင်းသွားမှာလဲမှော်အစွမ်းတွေနဲ့ဖိုက်တင်ခန်းတွေကို ရင်ခုန်စိတ်လှုပ်ရှားစွာနှင့် တဝကြီး ကြည့်ရမှာမို စောင့်ကြည့်လိုက်တော့နော်အညွှန်း နဲ့ ဘာသာပြန်ကတော့ Fake Love ပဲ ဖြစ်ပါတယ်။Genre.....Action, History, Thriller Quality…. 1080p | 720p File size…1.8GB | 991MB Format… mp4 Duration….1h 45min Subtitle…. ...
movie

Khun Pun (2016)

2016
Khun Pan 3 (2023) 8.2
Khun Pan 3 (2023) Khun Phan 3 (2023)ခွန်ဖန် အဖြစ် Ananda Everingham ဆီယာမဟေဆွန် အဖြစ် Mario Maurer ဆီယာဒမ် အဖြစ် Tono Phakin khamwilaisakခွန်ဖန်ဆိုကတည်းက khun phan 1&2 ကိုအားလုံးကြည့်ပြီးကြမယ်လို့ထင်ပါတယ်ဒီ khun phan 3 မှာကတော့ ခွန်ဖန်ဟာ နိုင်ငံရေးအခြေနေမတည်ငြိမ်သေးပေမဲ့ သူ့မွေးရပ်မြေကိုတာဝန်ပြောင်းဖို့တောင်းဆိုခဲ့ပြီး ပြန်သွားခဲ့ကာ သူ့မိန်းမနဲ့အတူနေထိုင်ခဲ့ပါတယ်သူပြန်နေတဲ့ကာလမှာ ဆီယာဒမ်နဲ့ဆီမဟေဆွန်ဆိုတဲ့တောပုန်းဓားပြတွေသောင်းကျန်းနေလို့ သူ့ကို ရဲအရာရှိကြီးတစ်ယောက်က တာဝန်ပြန်လာထမ်းဆောင်ဖို့ ပြန်ခေါ်ခဲ့ပါတယ်ခွန်ဖန်တာဝန်ပြန်လာထမ်းဆောင်ပြီး ဆီယာဒမ်နဲ့ဆီယာမဟေဆွန်ကိုဖမ်းဖို့ ခရီးထွက်လာတဲ့အချိန်မှာ ဘာအခက်အခဲတွေနဲ့ကြုံရမလဲဆီယာဒမ်နဲ့ရော အရင်ကဘာအငြိုးတွေရှိခဲ့လို့ ဆီယာဒမ်က သူ့ကိုသတ်ချင်နေပါသလဲဆိုတော့ မှော်အစွမ်းတွေနဲ့ဘယ်လောက်တောင်ကြမ်းနေမလဲ ဇာတ်ကားထဲကြည့်လိုက်ရအောင်နော်ဇာတ်ကားကတော့ ပြောစရာမလိုလောက်အောင် ကောင်းလွန်းပါတယ် လုံးဝလက်မလွှတ်သင့်တဲ့ကားလေးပါနော်အညွှန်း နဲ့ ဘာသာပြန်ကတော့ Nang Mwe Kham ပဲ ဖြစ်ပါတယ်။Genre..... Action, Fantasy, Thriller Quality…. 1080p | 720p File size… 2.2GB | 1.1GB Format… mp4 Duration…. 2h 36min Subtitle…. Myanmar ...
movie

Khun Pan 3 (2023)

The Haunted Drum (2007) 5.2
The Haunted Drum (2007) The Haunted Drum (2007)ငယ်ငယ်က တော်တော်နာမည်ကြီးခဲ့တဲ့ The Haunted Drum ဆိုတဲ့ ထိုင်းသရဲကားလေးကို ပြန်လည်တင်ဆက်ပေးချင်ပါတယ်။ အရမ်းစည်းကမ်းတင်းကြပ်ပြီး အဖွဲ့သားတွေကို အလိုမလိုက်တတ်တဲ့ ဆိုင်းဆရာကြီး Doung ရဲ့ ဆိုင်းဝိုင်းမှာ ပညာသင်ဖို့အတွက် ဂီတမှာ ပါရမီပါတဲ့ Ping ဆိုတဲ့ကောင်လေးတစ်ယောက် ရောက်လာခဲ့ပါတယ်။ အဲဒီဆိုင်းဝိုင်းမှာ အဖွဲ့သားအားလုံး အဖွဲ့အပေါ် သစ္စာမဖောက်ပါဘူးဆိုတဲ့ ကတိတစ်ခုကို သစ္စာဆိုရပြီးတော့ သစ္စာဖောက်ဖျက်မိရင် ဆိုင်းဝိုင်းအိမ်မှာရှိတဲ့ ဗုံကိုစောင့်ကြပ်တဲ့ သရဲက အပြစ်ပေးတတ်တယ်ဆိုပြီး တီးတိုးကောလဟာလတွေလည်း ရှိပါတယ်။ အဲဒီသရဲက ဆိုင်းဝိုင်းကို စောင့်ရှောက်ပေးထားတယ်ဆိုတဲ့သတင်းကြောင့် အဲဒီဗုံကို လိုချင်နေတဲ့ တခြားဆိုင်းဝိုင်းပိုင်ရှင် Muam က ဆိုင်းဝိုင်းကလူတွေကို သူ့ဘက်ပါအောင်လုပ်ပြီး ဗုံကိုရယူဖို့ နည်းလမ်းမျိုးစုံ သုံးလာတဲ့အခါမှာတော့ ဘာတွေဆက်ဖြစ်လာမလဲဆိုတာ ဇာတ်လမ်းထဲမှာပဲ ကြည့်လိုက်ကြရအောင်နော်။ ပြီးတော့ ဆိုင်းဝိုင်းအိမ်ကို ရောက်လာတဲ့ Ping ရဲ့ ကြည်နူးစရာအချစ်ဇာတ်လမ်းလေးကိုလည်း ဇာတ်လမ်းထဲမှာ ခံစားကြည့်ရှုရမှာပါ။အညွှန်း နဲ့ ဘာသာပြန်ကတော့ Moh Moh ပဲ ဖြစ်ပါတယ်။Genre..... Horror, ...
movie

The Haunted Drum (2007)

2007
Girl in Room 13 (2022) 5.4
Girl in Room 13 (2022) (၂၀၂၂) ထွက် Girl in Room 13 အမည်ရ Crime drama ကားတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီဇာတ်ကားက ဖြစ်ရပ်မှန်အပေါ် အခြေတည်ရိုက်ကူးထားတာဖြစ်ပြီး မူးယစ်ဆေးသုံးစွဲမှုတွေ၊ လူကုန်ကူးမှုတွေ ပါဝင်ပတ်သက်နေသလို မိခင်မေတ္တာကို အလေးပေးပြသထားတဲ့ ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။ဂရေ့စ်က မူးယစ်ဆေးဖြတ်ဖို့ ပြန်လည်ထူထောင်ရေးဌာနမှာ နှစ်ကြိမ်တိတိ ဆေးတက်ဖြတ်တဲ့ရတဲ့ ဆယ်ကျော်သက်မိန်းကလေးတစ်ယောက်ဖြစ်ပြီး သူ့ဘဝသူပြန်လည်ထူထောင်ဖို့ စိတ်ဆုံးဖြတ်ထားတဲ့သူတစ်ယောက်ပါ။ သူ့ကိုယ်သူတောင် မယုံကြည်ခဲ့တဲ့အချိန်တွေမှာ သူ့ကိုယုံကြည်ပေးခဲ့တဲ့ အမေတစ်ယောက်ရှိနေတာကြောင့်လည်း သူ့ဆုံးဖြတ်ချက်တွေက ပိုခိုင်မာခဲ့တာပေါ့။ဒါပေမဲ့ ကံကြမ္မာကဂရေ့စ်ကို မျက်နှာသာမပေးခဲ့ပါဘူး။ ဘဝကိုတစ်ကပြန်စဖို့ ကြိုးစားနေခဲ့တဲ့ဂရေ့စ်ကို ဆေးစွဲနေတဲ့ရည်းစားဟောင်းက ပြန်ပေးဆွဲပိတ်လှောင်ထားခဲ့ပြီး လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတွေနဲ့ လိင်ကျွန်အဖြစ်ရောင်းစားဖို့ပါ ကြံစည်ခဲ့ပါတယ်။ဂရေ့စ်ဆေးပြန်စွဲပြီး ထွက်ပြေးသွားတယ်လို့ အားလုံးကထင်နေကြပေမဲ့ ဂရေ့စ်အမေကတော့ ဂရေ့စ်အပေါ်ယုံကြည်ပြီး အရာအားလုံးနဲ့တိုက်ခိုက်ပြီး သမီးဖြစ်သူကိုလိုက်ရှာဖို့ ရေကုန်ရေခမ်းကြိုးစားခဲ့ပါတယ်။ရာဇဝတ်မှုတွေ၊ မှုခင်းတွေပါဝင်တဲ့ ဇာတ်ကားတစ်ကားဖြစ်တာမို့ အတက်အကျတွေများပြီး သည်းထိတ်ရင်ဖိုဆန်ဆန် ကြည့်ရှုရမဲ့ကားတစ်ကားပဲ ဖြစ်ပါတယ်။ File size…(1.7 GB)/(870 Mb) Quality….Webrip 1080p / ...
movie

Girl in Room 13 (2022)

Mama Susan’s Friends (2023)
Mama Susan’s Friends (2023) Mama Susan's Friends (2023)ဂါလိုဟာ မိဘမဲ့ကောလိပ်ကျောင်းသားလေးတစ်ဦးဖြစ်ပြီး ဦးလေးနဲ့အဒေါ်ရဲ့ စောင့်ရှောက်မှုအောက်မှာနေထိုင်ပြီး ကျောင်းတက်နေပါတယ်။ သူ့ဦးလေးနဲ့အဒေါ်ဟာ သူ့အပေါ်ကောင်းသလိုရှိပေမဲ့ သူ့သားသမီးအရင်းတွေနဲ့ယှဉ်ရင်တော့ မျက်နှာသာမပေးတာ ခွဲခြားတာမျိုးတွေရှိတတ်တဲ့အတွက် တစ်ခါတလေ စိတ်ညစ်ရတာရှိပေမဲ့ ဂါလိုက ပျော်ပျော်ပဲနေတတ်ပုံရပါတယ်။သူ့ဦးလေးနဲ့အဒေါ်ထက် ပိုစိတ်ညစ်ဖို့ကောင်းတာက ညညဆိုရောက်လာတတ်တဲ့ အိမ်မက်ဆိုးတွေပါပဲ။ မျက်နှာမည်းမည်းနဲ့လူတစ်ယောက် သူ့နောက်ကလိုက်နေတတ်တာ။ အဲဒီလိုပဲတစ်ကိုယ်လုံးမည်းနက်နေတဲ့ မိန်းမကြီးတစ်ယောက် သူ့ကို ဂုတ်ကနေကိုင် လေထဲမြှောက်ထားတာတွေကို မြင်မက်တတ်ပြီး အိမ်မက်နဲ့မတူအောင်ပြက်ပြက်ထင်ထင်ဖြစ်နေတတ်တာတွေကထူးခြားပါတယ်။တစ်နေ့မှာတော့ သူ့ငယ်ဘဝမွေးရပ်မြေ ကျွန်းမြို့ငယ်လေးဆီက သူ့အဖေသေပြီဆိုတဲ့အကြောင်း ကြေးနန်းရောက်လာတဲ့အချိန်မှာ ဂယ်လိုတစ်ယောက် ဇာတိကိုပြန်ရဖို့ ဖြစ်လာပါတော့တယ်။ သူ့ဇာတိ သူမွေးတဲ့ အိမ်မှာ သူ့အဘွားဆူဇန်တစ်ယောက်သာ လက်ရှိနေထိုင်နေပါတယ်။ တစ်အိမ်လုံးမှာရှိနေတာကတော့ ဘာသာရေးရုပ်တုတွေ ပုံစံအမျိုးမျိုးနဲ့ဖြစ်ပြီး တစ်ချိန်က အိပ်မက်ဆိုးတွေဟာ ဒီအိမ်ကြီးကိုရောက်တဲ့အချိန်မှာ တစ်ဖြည်းဖြည်းလက်တွေ့ဆန် ကြောက်မက်ဖွယ်ကောင်းလာတာတွေကိုတွေ့ရတဲ့နောက် ဂယ်လိုတစ်ယောက် ပဟေဠိတွေကြားကနေ ရုန်းထွက်လွတ်မြောက်ဖို့ကြိုးစားရပါတော့တယ်။နာမည်ကျော် ဖိလစ်ပိုင်စာရေးဆရာ Bob Ong ရဲ့ဘတ်ဆဲလားတစ်အုပ်ဖြစ်တဲ့ Ang mga Kaibigan ni ...
movie

Mama Susan’s Friends (2023)

2023
Old Man (2022) 4.8
Old Man (2022) Old Man (2022) ============Horror ကားကို ဘာဆက်ဖြစ်မလဲဆိုပြီး အဆုံးထိ ရင်တထိတ် ထိတ်နဲ့ ကြည့်ချင်ကြသူတွေ အကြိုက်တွေ့ကြမယ့် ဇာတ်ကားပါ။ ဇာတ်လမ်းကတော့ ဂျိုးဆိုတဲ့ကောင်လေးတစ်ယောက် တောထဲမှာ လမ်းပျောက်ပြီး တောထဲက သစ်လုံးအိမ်လေးဆီ ရောက်သွားရာ ကနေ စပါတယ်။ကူကယ်ရာမဲ့နေရာကနေ ကယ်တင်ရှင်တွေ့ပြီဆိုပြီး ဝမ်းသာအား ရနဲ့ သစ်လုံးအိမ်ထဲ ဝင်သွားခဲ့ပေမဲ့ အထဲမှာ ရူးကြောင်ကြောင် အဘိုးကြီးတစ်ယောက်နဲ့ တွေ့ပြီး နှစ်ယောက်သား ဘယ်လိုတွေ နှစ်ပါးသွားကြမလဲဆိုတာကြည့်ရှုကြရမှာပါ။တဲအိမ်လေးထဲမှာပဲ ပြီးသွားတဲ့ ဇာတ်ကားဖြစ်ပေမဲ့ မထင်ထားတဲ့ plot twist တွေလည်း ပါဝင်တာကြောင့်ကြည့်ပျော်တဲ့ ဇာတ်ကားပါ။ ရူးကြောင်ကြောင် အဘိုးကြီးအဖြစ် Avatar ကားထဲက မင်းသားကြီး Stephen Lang က သရုပ်ဆောင်ထားပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Roman Nox ဖြစ်ပါတယ်)File Size..........(1.23 GB) / (460 MB) Quality............WEB-DL 1080p / 720p Duration.........1Hr 37Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Thriller Translator......Roman Nox Encoder..........Zin Phyo Aung
movie

Old Man (2022)

2022
Shattered(2007) 7.0
Shattered(2007) Shattered(2007)*************** မင်းသားကြီး Pierce Brosnan  နဲ့ Gerard Butlerတို့အဓိက ပါဝင်သရုပ်ဆောင်ထားတယ်.... သူ့နာမည် နေးလ် ရမ်ဒဲတဲ့။ သူ့မှာ ဝင်ငွေကောင်းတဲ့ အလုပ်ကောင်းကောင်းလည်းရှိတယ်။ အိမ်ကောင်းကောင်း ကားကောင်းကောင်းလည်းပိုင်ထားတယ်။ ဇနီးချောလေးအပြင် သမီးချောလေးတစ်ယောက်ပါရှိသေးတယ်။လူတိုင်းအားကျရတဲ့ ဘဝကိုပိုင်ဆိုင်ထားရှာတဲ့ နေးလ် ပေါ့။သူ့ဇနီး အက်ဘီကိုလည်း အရမ်းချစ်တတ်သလို အက်ဘီကလည်းသူ့ကိုသိပ်ချစ်တယ်။ကုမ္ပဏီမှာလည်း အလုပ်လုပ်တာတော်တော့ သူဌေးမျက်နှာသာပေးတာလည်းခံရတယ်။တစ်နေ့ သူ့ သူဌေးက အိမ်ကိုအလည်ခေါ်လို့ နေးလ်ကခရီးထွက်ဖို့ပြင်ပြီး အက်ဘီကတော့သူ့သူငယ်ချင်းနဲ့လျှောက်လည်မယ်လို့စီစဉ်ထားကြတယ်။ သမီးလေး ဆိုဖီကိုတော့ ကလေးထိန်းနဲ့ထားခဲ့ကြမယ်ပေါ့လေ။ အဲ့လိုနဲ့ သူတို့နှစ်ယောက် ကားမောင်းထွက်လာပြီးမကြာဘူးကားပေါ်မှာခိုးလိုက်လာတဲ့ လူတစ်ယောက်က သူတို့သမီးလေးဆိုဖီကို ပြန်ပေးဆွဲထားတာဖြစ်ကြောင်း \သူခိုင်းတာမှန်သမျှလုပ်ပေးရမယ်ဖြစ်ကြောင်းပြောရင်း ခြိမ်းခြောက်ပါတော့တယ်။ဇာတ်လမ်းအစကနေအဆုံးထိ tension မကျပဲ ဆွဲခေါ်သွားတာဖြစ်လို့ ကြည့်ရတန်တဲ့ဇာတ်ကားတစ်ခုပါပဲ။ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Muse ပဲဖြစ်ပါတယ်...File size… 1.4GB& 613MB Quality…Blu-Ray 1080p & 720p Format…mp4 Duration….1hr 35min Genre ….. Crime, Thriller ,Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Phyo ...
movie

Shattered(2007)

Huang Miao Village’s Tales of Mystery (2023) 5.9
Huang Miao Village’s Tales of Mystery (2023) နေရာအနှံ့ ခရီးလျှောက်သွားနေတဲ့ တာအိုဆရာ ဦးလေးကျိုနဲ့ တပည့်ဖြစ်သူ ချန်ကန်းနဲ့ ချိုးရွှေတို့ဟာ ဟွမ်မြောင်ရွာကို ရောက်သွားရာမှ သတို့သမီးဖုတ်ကောင်နဲ့ ကြုံတွေ့ခဲ့ရပါတယ် အဲဒီနောက်မှာတော့ သတို့သမီးဖုတ်ကောင်ဟာ ဟွမ်အိမ်တော်က သခင်မမှန်းသိလိုက်ရတဲ့အခါမှာ ဟွမ်သခင်ကြီးရဲ့ ဖိတ်ခေါ်မှုကြောင့် ဟွမ်အိမ်တော်ကို ဖုတ်ကောင်ကိစ္စဖြေရှင်းဖို့ ရောက်သွားခဲ့ကြပါတယ်ဒီလိုနဲ့ ဖုတ်ကောင်ကိစ္စအပြင် ရွာထဲမှာ အဆိပ်ပိုးကောင်ကိစ္စတွေပါ ပါဝင်လာတဲ့အခါမှာတော့ ဖုတ်ကောင်ကိစ္စဟာ မရိုးရှင်းတော့ဘဲ ဦးလေးကျိုနဲ့သူတပည့်တွေအတွက် ခေါင်းစားစရာ ဖြစ်လာပါတော့တယ်တဖြည်းဖြည်းနဲ့ သေတဲ့သူကသေ ရူးတဲ့သူကရူး ဖြစ်လာတဲ့အခါမှာ ဦးလေးကျိုတို့ ဆရာတပည့်တွေ ဒီကိစ္စကို ဘယ်လိုဖြေရှင်းမလဲဆိုတာ ဒီဇာတ်လမ်းလေးမှာ အားပေးကြပါဦး Quality : WEB-DL CM 1080p, 720p Format : mp4 Genres : Action, Thriller Runtime : 1hr 28min Subtitle : Myanmar Subtitle (Hardsub) Translated by CM Team Reviewed By MeeMeeJueJue Encoded By LK
movie

Huang Miao Village’s Tales of Mystery (2023)

Catfish Murder (2023)
Catfish Murder (2023)   Catfish Murder ကတော့ Crime, Drama, Thriller အအမျိုးအစား ဇာတ်လမ်းတစ်ပုဒ်ပဲ ဖြစ်ပါတယ်။ တေလာပါကာဆိုတာက သိပ္ပံပညာရပ်မှာ သိပ်ကိုထူးချွန်တဲ့ စာကြမ်းပိုးတစ်ယောက်။ သူက အထက်တန်းကျောင်းမှာ အနိုင်ကျင့်ခံရတာကြောင့် အိမ်တွင်းပုန်းဗီဒိယိုဂိမ်းပဲ ထိုင်ဆော့နေရင်း အမ်မာဆိုတဲ့ ကောင်‌မလေးတစ်ယောက်နဲ့ အွန်လိုင်းအီစီကလီဆက်ဆံရေးရှိလာခဲ့တယ်။တစ်ရက် သူက သူနဲ့ Chemistry အတန်းက lab partner ဖြစ်သူ ဆိုဖီယာရဲ့ မွေးနေ့ပွဲကို သူနဲ့အတူတူတက်ဖို့ အမ်မာကိုဖိတ်ခဲ့ပေမဲ့ အစကသဘောတူခဲ့တဲ့ အမ်မာက မလာနိုင်ခဲ့တော့ သူလဲ မွေးနေ့ပွဲကို မသွားဖြစ်လိုက်တော့ဘူး။ ဒါပေမဲ့ မွေးနေ့ညမှာ မွေးနေ့ရှင်ဆိုဖီယာ အသတ်ခံခဲ့ရတယ်။ အဲနေ့ညက တေလာနဲ့ဆိုဖီယာကို အတူတွေ့ခဲ့ပါတယ်ဆိုတဲ့သက်သေနဲ့အတူ တေလာအဖမ်းခံလိုက်ရတယ်။တေလာအတွက် အပြစ်ကင်းစင်ကြောင်း ပြပေးနိုင်ဖို့ အမေဖြစ်သူနဲ့ ညီမဖြစ်သူတို့က အသည်းအသန်ကြိုးစားကြတဲ့အခါ တကယ့်တရားခံအစစ်က ဘယ်သူဖြစ်မလဲ။ တကယ်ပဲ တေလာကိုယ်တိုင်ဖြစ်နေမလား။ Catfish Murder ဆိုတဲ့ဇာတ်လမ်းအမည်အရ အမ်မာကရော ဒီအမှုနဲ့ဆက်စပ်နေမလား။ ...
movie

Catfish Murder (2023)

Losmen Melati (2023) 5.7
Losmen Melati (2023) Losmen Melati (Motel Melati) (2023)လာတည်းတဲ့သူတွေအားလုံး အသက်ရှင်ရက်ပြန်မသွားနိုင်ကြတဲ့ Motel Melati ဆိုတဲ လျှို့ဝှက်မှုတွေပြည့်နေတဲ့ မိုတယ်တစ်ခုရှိပါတယ်။အဲဒီမိုတယ်မှာတော့ မိုတယ်ပိုင်ရှင်ရယ် ဝန်ထမ်းတစ်ယောက်ရယ် နှစ်ယောက်တည်း ရှိပြီးတော့ လာတည်းတဲ့သူတွေကို မိုတယ်ပိုင်ရှင်က လက်ဖက်ရည်နဲ့ ဧည့်ခံပြီးမှ အခန်းထဲဝင်ကြရတဲ့ ထုံးစံတစ်ခုရှိပါတယ်။ဇာတ်လမ်းထဲမှာတော့ မိခင်နာရေးကအပြန် မိုတယ်မှာဝင်တည်းတဲ့ မိသားစုတစ်စုရယ်၊ မိုတယ်မှာ လာချိန်းတွေ့တဲ့ စုံတွဲတစ်တွဲရယ်၊ မိုတယ်ကို ဓားပြတိုက်ဖို့လာတဲ့ လူဆိုးနှစ်ယောက်ရယ် ချောက်ခြားစရာမိုတယ်ကြီးမှာ ဘာတွေဆက်ဖြစ်ကြမလဲ၊ လာတည်းတဲ့သူတွေရဲ့ စိတ်ကိုလှည့်စားပြီး ဝိညာဉ်နှုတ်ယူတတ်တဲ့ ဒီမိုတယ်ရဲ့နောက်ကွယ်မှာ ဘာဇာတ်လမ်းတွေရှိနေမလဲဆိုတာကို ဇာတ်လမ်းထဲမှာပဲ ဆက်လက်ကြည့်ရှုလိုက်ကြပါ။IMDb 6.6 ရထားတဲ့ အင်ဒိုနီးရှား Horror, Thriller, Mystery အမျိုးအစား ဇာတ်လမ်းဖြစ်ပါတယ်။အညွှန်း နဲ့ ဘာသာပြန်ကတော့ Moh Moh ပဲ ဖြစ်ပါတယ်။Genre.....Horror. Mystery, Thriller Quality…. 1080p | 720p File size…950MB | 518MB Format… mp4 Duration….1h 32min Subtitle…. Myanmar Subtitle (Hardsub) Translator ...
movie

Losmen Melati (2023)

2023
Owning Mahowny (2003)
Owning Mahowny (2003) Owning Mahowny (2003) ==================ဆုသုံးဆုရဖူးထားပြီး ငါးကြိမ် nomination ဝင်ထားတဲ့ ဖြစ်ရပ်မှန်အခြေခံ ကားဟောင်းလေးပါ။ ဘဝမှာ ကိုယ့်ကိုအရမ်းချစ်တဲ့ ချစ်သူရှိမယ်။ အလုပ်မှာ လည်း ငယ်ငယ်ရွယ်ရွယ်နဲ့ ထူးချွန်လို့ အားကိုးခံရတဲ့သူဖြစ်မယ်ဆိုရင် ဒီဘဝ က သူများတွေ အားကျချင်စရာဘဝမျိုး ဖြစ်မှာပါ။ ဒါပေမဲ့ မက်ဟော်နီဆိုတဲ့ ဘဏ်လက်ထောက်မန်နေဂျာလေးကတော့ လောင်းကစားကိုပဲ အစွဲကြီးစွဲ နေပါတယ်။ရတဲ့လစာကနေ အကြွေးတင်အောင်လောင်းမိတော့ အကြွေးဆပ်ဖို့အတွက် ဘဏ်ကနေ ငွေလိမ်ပါတော့တယ်။ လူရိုးလူအေး အလုပ်သရဲလေးလို့ သတ် မှတ်ခံရတဲ့မက်ဟော်နီအတွက် ငွေလိမ်ရတာက အသက်ရှူရသလိုပါပဲ။ ဒီလိုနဲ့ မက်ဟော်နီတစ်ယောက် ကာစီနိုရုံကြီးတွေထိပါသွားပြီး မအိပ်မနေ မစားမ သောက် လောင်းကစားလုပ်ပါတော့တယ်။မက်ဟော်နီကို "လောင်းကစားကနေ ရတဲ့ စိတ်လှုပ်ရှားမှုကို တစ်ကနေ တစ်ရာ ထိသတ်မှတ်ရင် ဘယ်လောက်သတ်မှတ်ချင်လဲ" ဆိုတော့ "တစ်ရာ" ပါတဲ့။ "လောင်းကစားမလုပ်ဘဲ ဘဝမှာ ဘယ်လောက်ထိ စိတ်လှုပ်ရှားခဲ့ရဖူးလဲ" လို့ မေးတဲ့အခါမှာတော့ "နှစ်ဆယ်" လို့ဖြေပါတယ်။ မက်ဟော်နီက သူ့ကျန်တဲ့ တစ်ဘဝလုံးကို "နှစ်ဆယ်" နဲ့နေသွားရလည်း အဆင်ပြေပါတယ်တဲ့။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ EL ဖြစ်ပါတယ်)File Size..........(1.17 GB) / ...
movie

Owning Mahowny (2003)

2003
Bedeviled (2016) 4.2
Bedeviled (2016) Bedeviled (2016) =============ယနေ့ခေတ်ကမ္ဘာဟာ နည်းပညာတွေထွန်းကားလာတာနဲ့အမျှ လူတွေဟာလည်း နည်းပညာနောက်ကိုလိုက်ရင်း အမှားမှားအယွင်းယွင်းတွေ ဖြစ်လာကြပါတယ်။ အခု ဒီ Bedeviled ဆိုတဲ့ ရုပ်ရှင်ကားလေးကတော့ ထူးဆန်းတဲ့ သရဲကားလို့ ပြော ရမှာပါ။ မစ္စတာ ဘီဒီဗယ်လ်ဆိုတဲ့ အက်ပ်ပလီကေးရှင်းက သူ့ကို အင်စတောလုပ် ထားတဲ့ ဖုန်းပိုင်ရှင်တွေကို အကြောက်တရားတွေပေးပြီး သုတ်သင်တာမျိုးပေါ့။ဇာတ်လမ်းအကျဥ်းကတော့ နစ်ကီဆိုတဲ့ ဆယ်ကျော်သက် အရွယ်ကောင်မလေး တစ်ယောက် ထူးဆန်းစွာသေဆုံးခြင်းကစတင်ပါတယ်။ သူသေဆုံးသွားပြီးနောက် မှာ သူ့သူငယ်ချင်းတွေရဲ့ စမတ်ဖုန်းထဲ အက်ပ်ပလီကေးရှင်းတစ်ခု အင်စတောလုပ် မလားဆိုပြီး အင်ဗိုက်ရောက်လာပါလေရော။ သူငယ်ချင်းတွေကလည်း အမှုမဲ့အ မှတ်မဲ့နဲ့ အင်စတောရာကနေ မဖြစ်သင့်တာတွေဖြစ်ပြီး အကြောက်တရားရဲ့ လွှမ်း မိုးမှုကို ခံရတော့တာပါပဲ။Bedeviled ဟာ နာမည်ကြီးသရဲကားတွေလောက် ကြောက်စရာမကောင်းဘူးဆို ပေမယ့် သူ့နေရာနဲ့သူ အဆင်ပြေတဲ့ ရုပ်ရှင်ကားလို့ဆိုရမှာပါ။ ဇာတ်လမ်းကလည်း ထူးဆန်းပြီး တချို့ Jump Scare နေရာလေးတွေဆို တော်တော်ကို သေသပ်ပါတယ်။ ဒါကြောင့် ပရိသတ်တွေအနေနဲ့ အပျင်းပြေသရဲကားတစ်ကားဖွင့်ထားချင်တယ်၊ ကြည့်ချင်တယ်ဆိုရင်တော့ Bedeviled က သင့်တော်တဲ့အကြောင်း ညွှန်းလိုက်ပါ ရစေ။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Mugiwara Ya ဖြစ်ပါတယ်)File ...
movie

Bedeviled (2016)

2016
Ruined (2023) 4.0
Ruined (2023) Ruined (2023) ===========ရစ်ချတ်နဲ့ အိုလီဗီယာ တို့နှစ်ယောက်သားဟာတစ်ယောက်ကိုတစ်ယောက် သိပ်ကိုချစ်ကြတဲ့ စုံတွဲလေးပေါ့။ ဒီလိုနဲ့ လက်ထပ်လိုက်ကြပြီး အလုပ်အကိုင် ကလည်း ရစ်ချတ်ကလည်း သွားဖွားမီးယပ်အထူးကု၊ အိုလီဗီယာကလည်း ဗိသုကာဒီဇိုင်နာဆိုတော့ အိုကေစိုပြေနေခဲ့ကြတာပေါ့။ အဘက်ဘက်ကနေ ပြည့်စုံနေတဲ့ မိသားစုလေးထဲကို ဝင်နှောင့်တဲ့ ပြသနာက ကြီးပါတယ်။ အိမ် ထောင်သက် ၁၀ နှစ်ကြာတဲ့အထိ ရစ်ချတ်တို့ ကလေးမရနိုင်သေးပါဘူး။ ကြာလာတော့လည်း အိမ်ထောင်ရေး အဖုအထစ်တွေဖြစ်ပြီး တစ်ပူပေါ် နှစ်ပူ ဆင့်တော့တာပေါ့။ဒီလိုနဲ့ မိန်းမဖြစ်သူ အိုလီဗီယာတစ်ယောက် အိမ်ထောင်ရေးကုထုံး ဆွေးနွှေးဖို့ ဖြစ်လာတဲ့အခါမှာတော့ တာဝန်ခံ ဆရာဝန်မလေးဟာ တချိန်က ယောင်္ကျား ဖြစ်သူရဲ့ အဆက်ဟောင်း ဖြစ်နေတဲ့အခါမှာတော့ ယောင်္ကျားဖြစ်သူနဲ့ အဆက် ဟောင်းတို့ အတိတ်မှာဘာတွေဖြစ်ခဲ့ကြမလဲ။ အဆက်ဟောင်းကရော နှစ်တွေ အကြာကြီးကြာပြီးမှ ဘာဖြစ်လို့ ပြန်ပေါ်လာရသလဲဆိုတာကိုတော့ ဆက်လက် ကြည့်ရှုလိုက်ကြပါဦး။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thettti Tun ဖြစ်ပါတယ်)File Size..........(1.3 GB) / (473 MB) Quality............WEB-DL 1080p / 720p Duration.........1Hr 32Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Thriller Translator......Thettti Tun Encoder..........SWM
movie

Ruined (2023)

2023
The Dive (2023) 5.6
The Dive (2023)  ဦးဆုံးအနေနဲ့ ဒီရုပ်ရှင်လေးဟာ 2020ခုနှစ်ထွက် Breaking Surfaceဆိုတဲ့Swedish movieလေးကို english movieအဖြစ်ပြန်ရိုက်ကူးထားတာပါ...။ ဇာတ်လမ်းလေးကတော့မေ နဲ့ ဒရူးဆိုတဲ့ ညီအစ်မနှစ်ယောက် နယ်ဝေးက ကမ်းခြေလှလှလေးတစ်ခုဆီပင်လယ်ရေငုပ်ထွက်ကြတယ်ပေါ့...။တစ်ယောက်နဲ့တစ်ယောက် မတွေ့ဖြစ်တာလည်းကြာ၊ အတူရေမငုပ်ဖြစ်တာလည်းကြာဆိုတော့ နှစ်ယောက်သား စိတ်လျှော့လက်လျှော့နေနေမိတာပေါ့...။ဒီလိုရေငုပ်နေရင်းနဲ့ ကံခေပြီး အစ်မဖြစ်သူ မေ ဟာ ပြဿနာတစ်ခုနဲ့ကြုံပါလေရော....။ရေအောက်မှာ တစ်ခုခုဖြစ်လို့ အပေါ်ပြန်မတက်နိုင်သရွေ့ ပထမဆုံး ကြုံရတဲ့ဒုက္ခကအောက်စီဂျင်ပါပဲ...။နောက်ပြီးတော့ အချိန်ပါ...။ အချိန်တစ်ရွေ့ရွေ့ကုန်လာလေ အသက်ဘေးနီးလာလေ၊အခြားအန္တရာယ်အစုံတိုးလာလေပါပဲ....။ဒီတော့ ဒီညီအစ်မနှစ်ယောက် အသက်ဘေးကလွတ်အောင် ဘယ်လိုဆုံးဖြတ်ချက်မှန်မှန်ချကြမလဲ...၊ ဘယ်လိုရုန်းကန်ကြမလဲတွေ့ရမယ့်အပြင်ဇွဲမလျှော့ကြတဲ့ညီအစ်မနှစ်ယောက်ကြားက သံယောဇဥ်မေတ္တာတရားကိုပါ မြင်တွေ့ရမယ့်ကားလေးဖြစ်ပါတယ်...။  File size…1.86GB / 685MB Quality…WEB-DL 1080p 5.1 CH/ 720p Format…mp4 Duration….1h 31m Genre ….. Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Themes
movie

The Dive (2023)

The Tournament (2009) 6.0
The Tournament (2009)  ကြေးစားလူသတ်သမား​​တွေချည်း အ​​​ယောက် ၃၀ ​တိတိစုထားပြီးတစ်မြို့လုံးကို သတ်ကွင်းအဖြစ်ပြောင်းလဲလိုက်ပြီး စီစီတီဗွီ​တွေ၊ဆက်သွယ်​ရေးစနစ်​တွေကို အကုန်ထိန်းချုပ်ကာ လူသတ်ပြိုင်ပွဲတစ်ခုလို ​​နောက်ဆုံးတစ်​ယောက်ပဲ ကျန်တဲ့အထိ အ​သေအ​ကြေသတ်ဖြတ်ရတဲ့ ဆု​ကြေး​ဒေါ်လာ၁၀သန်းတန် ပြိုင်ပွဲနဲ့ ဒီပြိုင်ပွဲကိုလာ​ရောက်ယှဉ်ပြိုင်ကြတဲ့ တစ်ကမ္ဘာလုံးက လူသတ်သမားများ၊ဇနီးသည်ကိုသတ်ဖြတ်သွားတဲ့ လူသတ်သမားကိုလက်စား​​ချေဖို့ပြိုင်ပွဲကို တ​ကျော့ပြန်​ရောက်လာတဲ့ လက်ရှိချန်ပီယံ၊ လူသတ်ဖို့က​​​လေးဘဝကတည်းက ​​လေ့ကျင့်ခဲ့ရသူ၊ ရုရှားအထူးတပ်ဖွဲ့ဝင်၊အ​မေရိကန်စိတ္တဇလူသတ်သမား စသဖြင့် ဒိတ်ဒိတ်ကြဲ​ကြေးစားလူသတ်သမား​တွေပဲ ဝင်ပြိုင်မယ့်ပွဲမှာ ဘယ်သူအနိုင်ရသွားမလဲ၊ဘယ်​လောက်ထိကြမ်းကြုတ်ရက်စက်တဲ့ သတ်ကွက်​တွေမြင်ခွင့်ရမလဲဆိုတာ ဒီဇာတ်ကားမှာကြည့်ရှုရမှာပါ။  File size…2.45GB / 944MB Quality…Blu-Ray 1080p 5.1 CH/ 720p Format…mp4 Duration….1h 35m Genre ….. Action , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by JimX
movie

The Tournament (2009)

[18+] Kahalili (2023) 5.4
[18+] Kahalili (2023) Kahalili (2023)သူဌေးရပ်ကွက်က စံအိမ်ကြီးတစ်လုံးကို မာသာဆိုတဲ့ကောင်မလေးတစ်ယောက် အိမ်အကူလုပ်ဖို့ အူလည်လည်နဲ့ ရောက်လာပါတယ်။ အိမ်ရှင်မက ထွက်ကြိုဆိုပြီး နေရာချပေး အိမ်တစ်ခုလုံးကိုလိုက်ပြပြီး နွေးနွေးထွေးထွေးစကားပြောပေမဲ့ မာသာပုံစံက မထုံတက်တေးပါပဲ။ရောက်ပြီးမကြာခင်မှာဘဲ တကယ်တမ်း ဘာကြောင့် မာသာကိုအလိုရှိတယ်ဆိုတဲ့ အကြောင်းရင်းကို အိမ်ရှင်တွေဘက်ကထုတ်ပြောလာပါတယ်။ အဲဒါကတော့ ကလေးမရနိုင်တဲ့ သူတို့လင်မယားအတွက် မာသာက သဘာဝနည်းနဲ့ အငှားကိုယ်ဝန်လွယ်ပေးဖို့ပါပဲ။သူတို့လင်မယားဟာ ဘာသာရေးတရားလွန်ကိုင်းရှိုင်းသူတွေဖြစ်ပြီး မာသာဟာ ဘုရားသခင်ကစေလွှတ်လိုက်တဲ့သူ၊ ပြီးတော့ အပျိုစင်တစ်ယောက်လို့ ယုံကြည်နေကြတာပါ။ ဒါပေမဲ့ တကယ်တမ်းတော့ မာသာဟာ သူတို့ထင်နေသလိုရိုးရိုးအေးအေးမဟုတ်ပဲ တကယ့်ကိုပြောင်းပြန်စရိုက်နဲ့ အတိတ်ဆိုးရှိတဲ့သူတစ်ယောက်ဖြစ်နေခဲ့ပါတယ်။ရက်စက်ကြမ်းတမ်းတဲ့ သတ်ဖြတ်ခန်းတွေ သွေးသံရဲရဲတွေတင်မက သီရိစံတွေ Orgy တွေ ကြိုးတုပ်တာတွေ ကျာပွတ်နဲ့ ရိုက်တာတွေ မျက်နှာပေါ်တက်ထိုင်တာတွေပါ ပါဝင်တဲ့အတွက် မိသားစုနဲ့တော့မကြည့်သင့်ပါဘူး။ ဇာတ်လမ်းကကောင်းပါတယ်။(ဒီဇာတ်ကားနဲ့အညွှန်းကို Alias မှ ပြန်ဆို ရေးသားထားပါတယ်)Size - 1.95GB, 870MB Quality - 1080p, 720p IMDb Rating ...
movie

[18+] Kahalili (2023)

2023
Shirensha ( 2023 )
Shirensha ( 2023 ) စိတ်လှုပ်ရှားသက်ဝင်ရင်ခုန်စွာနဲ့ကြည့်ရှုရမဲ့ ရုပ်ရှင်ကားကောင်းတစ်ခုကို Channel Myanmar က တင်ဆက်ပေးလိုက်ပါပြီနော်ယွီဖေးနဲ့ထုံယန်ဟာ တစ်ချိန်က ညီအစ်မရင်းတွေလို ခင်မင်ခဲ့ကြတဲ့ သူငယ်ချင်းတွေဖြစ်ပြီး အကြောင်းအရင်းတစ်ခုကြောင့် နှစ်အတန်ကြာ ကွဲကွာခဲ့ရပါတော့တယ်ထိုအကြောင်းရင်းကတော့ ဝူလျန်ဟာ သူတို့နှစ်ယောက်နဲ့ အတန်းဖော်ဖြစ်ခဲ့ပြီး သူမသူငယ်ချင်းထုံယန်အတွက် ယွီဖေးဟာ နောက်ဆုတ်ပေးခဲ့တာ ဖြစ်ပါတယ်ဒီလိုနဲ့ ဝူလျန်ဟာ ထုံယန်ကိုလက်ထပ်ခွင့်တောင်းမဲ့အစီအစဉ်နဲ့ သူတို့သူငယ်ချင်းသုံးယောက်တစ်ဖန်ပြန်ဆုံခဲ့ရပါတော့တယ်။ အဲ့အချိန်မှာပဲ ပုံပြင်လေးက စတင်ခဲ့ပါတော့တယ်。。。ယွီဖေးရဲ့အကြံအရ စပရိုက်စ်(အံ့အားသင့်ဖွယ်)ဖြစ်အောင် အစီအစဉ်တစ်ခု ချမှတ်ခဲ့ပါတော့တယ် အဲ့ဒါကတော့ ပင်လယ်ပြင်ကြီးမှာ ရွက်လှေလွှင့်ပါတီလုပ်ပြီး ထုံယန်မသိတဲ့အခိုက်မှာ ရေအောက်ခြေက သန္တာကျောက်တန်းမှာ လက်စွပ်ကို သွားဖွက်ထားဖို့ပဲ ဖြစ်ပါတယ်。。。အဆုံးမရှိတဲ့ကမ်း မှန်းဆမရတဲ့အနက် စူးစမ်းမရတဲ့‌ အခြင်းအရာတွေပတ်လည်ဝန်းရံနေတဲ့ ပင်လယ်ကြီးမှာ ဘာတွေဆက်ဖြစ်မလဲဆိုတာ အသေးစိတ်ကြည့်ရှုလိုက်ပါနော် Quality : WEB-DL 1080p , 720p Format : mp4 Genres : Thriller  Runtime : 1h 12 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Clytie Encoded by LK
movie

Shirensha ( 2023 )

Night of the Demons (2009) 5.5
Night of the Demons (2009)  Horror/Thriller ကားတွေကြိုက်နှစ်သက်တဲ့ သူတွေအတွက်ဟောင်းပေမဲ့ကောင်းနေဆဲဖြစ်တဲ့ 2009 ခုနှစ်က Night Of The Demons ဆိုတဲ့ဇာတ်ကားလေးကိုပြန်တင်ဆက်ပေးလိုက်ပါတယ်။ဒီကားလေးကတော့ဇာတ်ကားနာမည်အတိုင်းပဲ နတ်ဆိုးတွေရဲ့  ညအကြောင်းကိုရိုက်ကူးထားတာပဲဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းချုပ်လေးကတော့ဆော်အလန်းစားလေးတွေက ဟောလိုးဝင်းညမှာအန်ဂျလီနာဆိုတဲ့ကောင်မလေးတစ်ယောက်ကျင်းပတဲ့ ပါတီမှာ ကဲဖို့အတွက်သွားခဲ့ကြပါတယ်။တစ်ခုထူးဆန်းတာက ပါတီလုပ်တဲ့အိမ်ကြီးက လူမနေတာ နှစ်ပေါင်းငါးဆယ်လောက်ရှိပြီဖြစ်တဲ့ ခြောက်ခြားစရာအိမ်ကြီးမှာပဲဖြစ်ပါတယ်။ကောင်မလေးတွေကလဲသူတို့ရဲ့ရည်းစားဟောင်းတွေ Crush တွေနဲ့တွေ့ပြီးရှေးဟောင်းနှောင်းဖြစ်တွေပြောပြီးပျော်ပါးနေကြတုန်း သိပ်မကြာခင်မှာပဲ ရဲတွေဝင်လာလို့ပါတီကပျက်သွားခဲ့ပါတော့တယ်။ဒီလိုနဲ့ ပါတီလာတဲ့လူတွေအကုန်ပြန်သွားပြီး အကြောင်းအမျိုးမျိုးနဲ့အန်ဂျလီနာအပါအဝင်ကောင်လေး ကောင်မလေး ၇ ယောက်ကကျန်ခဲ့ပါတော့တယ်။သူတို့အိမ်ထဲက ထွက်ဖို့လုပ်တဲ့အချိန်မှာခြံဂိတ်တံခါးကြီးက လုံးဝကိုဖွင့်လို့မရတာနဲ့တစ်ညလုံးအဲ့ဒီအိမ်ကြီးထဲမှာနေဖို့ ဖြစ်လာခဲ့ပါတော့တယ်။ဒါပေမယ့်သူတို့မသိခဲ့တာကတော့အဲ့ဒီအိမ်ကြီးထဲမှာ သူတို့မသိတဲ့ကြောက်စရာနတ်ဆိုးတွေက သူတို့ကိုစောင့်နေခဲ့တယ်ဆိုတာပါပဲ။ဒီတော့အဲ့ဒီ ၇ ယောက်ဘာတွေဆက်ဖြစ်ကြမလဲဆိုတာကိုရင်တထိတ်ထိတ်နဲ့သွေးထွက်သံယိုအခန်းတွေနဲ့ကြည့်ရှုရမဲ့ကားတစ်ကားပဲဖြစ်ပါတယ်။  File size…2.94GB / 1.1GB Quality…Blu-Ray 1080p 5.1 CH/ 720p Format…mp4 Duration….1h 33m Genre ….. Horror , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay
movie

Night of the Demons (2009)

Mr Yin-Yang ( 2023 ) 5.9
Mr Yin-Yang ( 2023 ) ချင်းယွမ်မြို့ မှာ ထူးခြားတဲ့ကိစ္စတွေအခြေတည်နေတဲ့ လင်းအိမ်တော်ရဲ့ကနေအစတည်ခဲ့တဲ့ဇာတ်လမ်းလေးပါပဲ...ဖေးယွမ်လို့ခေါ်တဲ့ကောင်မလေးတစ်ယောက် မှာ သုန်းကျစ်လို့ ခေါ်တဲ့ အဖော် ကောင်လးတစ်ယောက်ရှိခဲ့တယ်... တစ်နေ့မှာ နှစ်ယောက်သားသီးသန့်နေရာလေးတစ်ခု ဘယ်သူ့ကိုမှမပြောပါဘူးဆိုပြီး ကတိပြုခဲ့ကြပြီး သုန်းကျစ်က အဲ့ဒီနေရာလေးမှာ ရုပ်သေးအတတ်ပညာကို အိမ်ရှင်တွေမသိအောင်ခိုးသင်ခဲ့တယ်...တစ်နေ့မှာ ငွေရှာပြီး ထွက်သွားဖို့အတွက်ပေါ့...ဒါပေမယ့် ကံကြမ္မာဖန်လာတော့ အရာရာကို ငွေနဲ့ပဲ ဖြေရှင်းတဲ့ လင်းအိမ်တော်က သေဆုံးပြီးဖြစ်တဲ့ သားဖြစ်သူကို ယင်ဓာတ် နဲ့မင်္ဂလာဆောင်ပေးဖို့  ဖေးယွမ်နဲ့ စီစဥ်ခဲ့ကြတယ်...ဖေးယွမ်သိတော့ ကြောက်လန့်တကြား သုန်းကျစ်ကို အကူအညီတောင်းခဲ့တော့ သူတို့လျို့ဝှက်နေရာလေးမှာ ပုန်းနေဖို့ပြောခဲ့တယ်... အိမ်ရှင်တွေက ဖေးယွမ်ပျောက်ဆုံးသွားတဲ့ အတွက် သုန်းကျစ်ကိုစစ်မေးရင်း ဖေးယွမ်ပြန်ပေါ်လာတာကြောင့်အရင်အစီအစဥ်အတိုင်း မင်္ဂလာပွဲစီစဥ်ကာ အရှင်လတ်လတ်​မြုပ်ပစ်ခဲ့ကြတယ်... မတရားသဖြင့်သေခဲ့ရတဲ့ ဝိဉာဥ်ဖြစ်တာကြောင့် ခြောက်လန့်မှုတွေရှိလာပြီး ယင်းယန်ဆရာ ယင်းရှစ်စန်းကို ခေါ်ခဲ့လိုက်ကြတယ်....ယင်းရှစ်စန်းကဖြေရှင်းပေးနိုင်ပါ့မလား.... လင်းအိမ်တော်ရဲ့ အရှုပ်တော်ပုံကရောဒီလောက်ပဲလား ဘာတွေ ထပ်ရှိဦးမလဲ.... သရဲခြောက်တယ်ဆိုတာရော အမှန်တကယ်ပဲလား လုပ်ကြံနေတဲ့သူရှိနေတာလားဆိုတာကို စောင့်မျှော်ကြည့်ပေးကြပါဦးနော် Quality : WEB-DL 1080p , 720p Format : mp4 Genres : Thriller , Horror , Mystery Runtime : 1h 45 min Subtitle : Myanmar Subtitle ( ...
movie

Mr Yin-Yang ( 2023 )