Channel Myanmar

Thriller

Kickboxer 2: The Road Back (1991) 5.0
Kickboxer 2: The Road Back (1991) Kickboxer 2: The Road Back (1991) ==============================Kickboxer 2 ကတော့ ကတ်ဆလုန်းနဲ့ အဲရစ်ဆလုန်းတို့ရဲ့ညီ ဒေးဗစ်ဆလုန်းအကြောင်းပါ။ ဒေးဗစ်ဟာ ကြိုးဝိုင်းထဲကိုပြန်မဝင်တော့ဘဲ သူ့အစ်ကိုတွေဖွင့်ထားပေးခဲ့တဲ့ အားကစားရုံမှာ ကလေးတွေကို ကစ်ဘောက်ဆင်သင်ပေးရင်းနဲ့ပဲ ဘဝကိုဖြတ်သန်းနေပါတယ်။ ဒါပေမဲ့ ပညာဒါနလုပ်ပါများပြီး လူကမွဲတဲတဲမို့ အားကစားရုံပါ အပိတ်ခံရတော့မဲ့ကိန်းဆိုက်နေပါပြီ။ ကိုယ်လူချောကတော့ အကြွေးတွေပတ်လည်ဝိုင်းနေလည်း ဖင်အေးအေးနဲ့ပဲ ထိုင်နေချိန်မှာ သူ့အစ်ကိုတွေကိုသေစေခဲ့တဲ့ ထိုင်းပွဲကပြိုင်ဘက်တချို့က ‌ဆလုန်းမျိုးရိုးကို မကြေပွဲပြန်နွှဲဖို့ ကြိုးစားနေတယ်ဆိုတာတော့မသိရှာပါဘူး။ တစ်နေ့တော့ ဒေးဗစ်ကို ကြိုးဝိုင်းလောကထဲပြန်ဝင်ဖို့ အလုပ်လာကမ်းလှမ်းရာကနေ ဒေးဗစ်ရဲ့ငြိမ်သက်နေတဲ့ကံကြမ္မာလေး ဂယက်ထဖို့အကြောင်းဖန်လာပါတော့တယ်။ဇာတ်လိုက်‌ဒေးဗစ်နေရာမှာကတော့ Dallas (1978)စီးရီးနဲ့ Step by Step (sitcom)မှာ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ Sasha Mitchellပါ။ ဟောင်ကောင်မင်းသားကြီး Dennis Chan ကသူ့ဆရာနေရာကနေ ပါဝင်ထားပါတယ်။Sasha Mitchell ငယ်ငယ်ကအတော်ချောခဲ့တာမို့လို့ ကစ်ဘောက်ဆင်ကားတွေသိပ်မကြည့်ဖြစ်တဲ့ကျွန်တော်တောင် သူ့မျက်နှာငမ်းရင်းနဲ့ပဲ ဇာတ်ကားတစ်ကားလုံးပြီးသွားတာပါ။ ဇာတ်လမ်းဇာတ်အိမ်လည်းကောင်းတာမို့ ကြည့်ရတာတန်မဲ့ကားလေးလို့ ပြောရင်းနဲ့ပဲ ...
movie

Kickboxer 2: The Road Back (1991)

Kickboxer (1989) 6.4
Kickboxer (1989) Kickboxer (1989) ================ IMDb rating - 6.4/10ဒီတစ်ခေါက်မှာတော့ ပရိတ်သတ်ကြီးအတွက် Action,sport,thriller ရုပ်ရှင်ကားကောင်းလေးတစ်ခုကိုတင်ဆက်ပေးလိုက်ပါတယ်။ဇာတ်လမ်းလေးရဲ့အကျဉ်းချုပ်ကတော့...Champ ဟာ အနောက်နိုင်ငံတစ်ခွင်မှာ သူ့ကိုဘယ်သူမှအနိုင်မယူနိုင်တဲ့ ချန်ပီယံကောင်းတစ်ယောက်ပါ။ဒီလိုနဲ့သူအားလုံးကိုအနိုင်ပိုင်းပြီးတဲ့နောက်မှာတော့ အားလုံးက kickboxing စတင်ဖြစ်ပေါ်လာတဲ့ ထိုင်းနိုင်ငံကချန်ပီယံကိုလည်း Champ တစ်ယောက်အနိုင်ယူနိုင်ပါ့မလားဆိုပြီးမေးခွန်းထုတ်လာကြပါတယ်။ဒီလိုနဲ့ ထိုင်းနိုင်ငံရဲ့ချန်ပီယံရဲ့ယှဉ်ပြိုင်တိုက်ခိုက်ပြီးတဲ့နောက်မှာ တစ်ဖက်ပြိုင်ဘက်ရဲ့မညှာတာမှုကြောင့် အကြောသေသွားတဲ့အထိအဖြစ်ဆိုးကြီးနဲ့ကြုံခဲ့ရပါတော့တယ်။ဒီလိုနဲ့ သူ့ညီကနေ သူ့အစ်ကိုအတွက် ဘယ်လိုတရားမျှတမှုကို လက်စားချေပြီးပြန်ယူပေးမလဲဆိုတာကိုကြည့်ရမယ့်ဇာတ်လမ်းကောင်းလေးဖြစ်ပါတယ်။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ June ပါ )File size_(1.8GB)/( 999MB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:37:00 Genre_Action, Sport, Thriller Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by June
movie

Kickboxer (1989)

Room 0 (2024)
Room 0 (2024) Room 0 (2024)အချိန်နဲ့ပတ်သက်ပြီးတော့ ဇာတ်ကားတွေအများကြီးရှိပါတယ်။ ဒါပေမဲ့ တကယ်ကောင်းတဲ့ ဇာတ်ကားဆိုတာရှားပါတယ်။ ဒါပေမဲ့ ဒီကားလေးမှာတော့ အချိန်နဲ့ပတ်သက်ပြီးတော့ ရိုက်ထားတာလေးက ထူးထူးခြားခြားနဲ့ ကြည့်ကောင်းလှပါတယ်။ တခြား အချိန်နဲ့ပတ်သက်တဲ့ကားတွေဆို ဇာတ်ကောင်တွေကများ ဇာတ်လမ်းတွေကလဲ ဆရာကြီးအထာနဲ့ ဘာတွေမှန်းမသိ ကြည့်ပြီးရင်တောင် ဘာမှန်းမသိလိုက်လို့ သူများတွေပြန်ရှင်းပြထားတာတွေ သွားသွားဖတ်နေရတာ။ ဒါပေမဲ့ ဒီကားမှာတော့ ဇာတ်ကောင်က တစ်ယောက်ထဲ ဇာတ်ဝင်ခန်းကလဲ အခန်းလေးတစ်ခုထဲ ဒါပေမဲ့ ဇာတ်လမ်းကိုကြည့်နေရင်း သူ့နေရာမှာ ကိုယ်သာဆိုရင်ဆိုပြီး မွန်းကြပ်နေမိမှာတော့ အမှန်ပဲ။ ဒီလိုဇာတ်လမ်းမျိုးတွေက ရိုက်လေ့ရိုက်ထမရှိကြပေမဲ့ ရိုက်လိုက်ရင်လဲ တကယ်ကို ကောင်းမွန်တဲ့ ဇာတ်လမ်းတွေပါပဲ။ ဇာတ်လမ်းအကျဉ်းလေးကိုပဲ ဆက်ပြောလိုက်ရအောင်။ မိန်းမပျိုလေးတစ်ယောက် ငွေအသဲအသန်လိုနေတဲ့အတွက် သူ့ကောင်လေးကနေတဆင့် ငွေတွေအများကြီးအလွယ်ရမဲ့ အလုပ်တစ်ခုကို ရှာခိုင်းခဲ့ပါတယ်။ အလုပ်ကလဲ ခက်ခက်ခဲခဲဘာမှမရှိပါဘူး မိုတယ်တစ်ခုကအခန်းတစ်ခုကိုသွားပြီး လာပေးတဲ့ ပါဆယ်ကိုယူထားရုံပါပဲ။ နောက်မှ လာတောင်းတဲ့သူကိုပြန်ပေးရမှာပါ။ ဒါပေမဲ့ လာပေးတဲ့ သေတ္တာလေးက ထူးထူးဆန်းဆန်းတွေဖြစ်လာပြီးတော့ ဒီအခန်းကျဉ်းလေးထဲမှာပဲ သူတစ်ယောက်ထဲ ပိတ်မိသွားတဲ့အခါမှာတော့ ....အညွှန်း နဲ့ ဘာသာပြန်ကတော့ K.Hein ပဲ ဖြစ်ပါတယ်။Genre..... Horror, Thriller, Sci-fi Quality…. 1080p | 720p File size… ...
movie

Room 0 (2024)

2024
My Acting Coach Nightmare (2024)
My Acting Coach Nightmare (2024)  သရုပ်ဆောင်ဝါသနာပါတဲ့ ဆယ်ကျော်သက်ကောင်မလေး Sienna က သူတို့မြို့ရဲ့ သရုပ်ဆောင်နည်းပြတစ်ဦးဖွင့်မဲ့ သင်တန်းတက်ဖို့ သူ့အမေ Lisa ကို ခွင့်တောင်းခဲ့တယ်။ Lisaကလည်း သူ့ခင်ပွန်းဆုံးပြီးနောက်ပိုင်း သမီးလေး Sienna ရဲ့ ဝါသနာကို အားပေးချင်တာကြောင့် လက်ခံခဲ့ပေမဲ့ နောက်ပိုင်းမှာတော့ သင်တန်းဆရာ နည်းပြဖြစ်တဲ့ Max ရဲ့ Sienna အပေါ်အပြုအမူတွေကို မသင်္ကါဖြစ်လာပါတော့တယ်။နည်းပြဖြစ်တဲ့ သရုပ်ဆောင် Max က တကယ်ပဲရိုးသားသူတစ်ယောက်လား၊ ဒါမှမဟုတ် Lisa ရဲ့ စိုးရိမ်မှုတွေကပဲ တကယ်မှန်နေသလား၊ Sienna ရဲ့ သရုပ်ဆောင်လောကအပေါ် စိတ်အားထက်သန်မှုတွေကရော သူ့ကို ဘယ်လိုရွေးချယ်မှုတွေဖြစ်ပေါ်စေမလဲဆိုတာကိုတော့ ဒီဇာတ်လမ်းထဲမှာ ဆက်လက်ပြီး စိတ်လှုပ်ရှားစွာ ကြည့်ရှုလို့ရပါပြီခင်ဗျာ။ File size…(1.4 GB)/(630 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:28:00 Genre...Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Thwal Htoo Zin
movie

My Acting Coach Nightmare (2024)

The Midnight Game (2013) 5.0
The Midnight Game (2013) he Midnight Game (2013) IMDb - 4.6/10ဒီတစ်ခေါက်မှာတော့ ပရိတ်သတ်ကြီးအတွက် horror/supernatural ဇာတ်လမ်းလေးတစ်ခုကိုတင်ဆက်ပေးချင်ပါတယ်။ဇာတ်လမ်းရဲ့အကျဉ်းချုပ်ကတော့... The Midnight Game ဆိုတဲ့ဂိမ်းတစ်ခုက အထက်တန်းကျောင်းသားတွေကြားမှာ ရေပန်းစားတဲ့ဂိမ်းတစ်ခုပါ။လူငယ်တွေကတော့ supernatural ဖြစ်ရပ်တွေကို အယူသီးကြတဲ့ကလေးတစ်စုပေါ့။ဒီလိုနဲ့ Kaitlan ရဲ့အမေက အလုပ်ခရီးထွက်ဖို့ဖြစ်လာပြီး အိမ်မှာလူကြီးတွေမရှိတဲ့အချိန်မှာ သူ့သူငယ်ချင်း Jenna နဲ့ Rose တို့ရောက်လာပြီး သူတို့ကောင်လေးတွေဖြစ်တဲ့ Shane နဲ့ Jeff တို့ကိုပါဖိတ်ထားပါတယ်။အဲဒီလိုနဲ့ ဒီ The Midnight Game ကြီးကိုဆော့ကြရာကနေ သူတို့တွေရုန်းမထွက်နိုင်တဲ့သံသရာထဲမှာ သူတို့အကြောက်အရွံ့ဆုံးအရာနဲ့ ဘယ်လိုရင်ဆိုင်ရမလဲဆိုတာကို ဒီဇာတ်လမ်းထဲမှာကြည့်ရှူရမှာပဲဖြစ်ပါတယ်။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ June ပါ )File size_(1.3GB)/(650MB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:31:00 Genre_Horror Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by June
movie

The Midnight Game (2013)

War (2007)
War (2007) ဂတုံးမင်းသားဂျေဆင်နဲ့ ဂျက်လီတို့ အပြိုင်ကြဲထားတဲ့ အက်ရှင်ဇာတ်ကြမ်းကား အဟောင်းလေးကို တင်ဆက်ပေးလိုက်ပါတယ်ဂျေဆင်ကတော့ ထုံးစံအတိုင်း အထာများတဲ့ဘဲပုံစံနဲ့ မြင်ရမှာဖြစ်သလို ဂျက်လီကိုတော့ သွေးအေးအေးနဲ့ တည်ငြိမ်ပြီး မိုက်တဲ့ ကာရိုက်တာ အဖြစ်ရှုစားရမှာပါF.B.I အေးဂျင့် John နဲ့ သူငယ်ချင်းလည်းဖြစ် ပါတနာလည်းဖြစ်တဲ့ အေးဂျင့် Tom Lone တို့က ယုံတမ်းစကားအရ Rogue (နတ်ဆိုး)လို့ နာမည်ကြီးတဲ့ လက်မရွံ့ လူသတ်သမားတစ်ယောက်ကို သုတ်သင်လိုက်နိုင်ပေမယ့်....နောက်နေ့ကျ Tom အပါအဝင် ဇနီးနဲ့ သမီးလေးကိုပါ အမည်မသိလူတစ်ယောက်က Rogue အတွက် လက်စားချေသလို လုပ်ကြံသွားတယ်နောက်သုံးနှစ်ကြာမှာ ယခင် ရာကူဇာ လက်အောက်ခံ နတ်ဆိုးက မသေပဲ ပြန်ပေါ်လာခဲ့ပြီး တရုတ်မြေအောက်ဂိုဏ်းအတွက် ပြောင်းလဲလုပ်ကိုင်နေကာ တရုတ်ဂိုဏ်းနဲ့ ရာကူဇာတို့ကို တစ်လှည့်စီ အကွက်ရွှေ့နေတယ်သူငယ်ချင်းအတွက် လက်စားချေမယ်လို့ တွေးထားတဲ့ John တစ်ယောက် နတ်ဆိုးကို လက်စားချေခွင့်ရနိုင်မှာလား အရာရာတကွက်ကြိုမြင်နေတဲ့ နတ်ဆိုးကပဲ ...
movie

War (2007)

The Number 23 (2007)
The Number 23 (2007)  ဟာသ သရုပ်ဆောင် Jim Carreyလို့ ပြောလိုက်ရင် သူ့ရဲ့ပြောင်မြောက်လှတဲ့ ဟာသဉာဏ်နဲ့ သရုပ်ဆောင်စကေးတွေကြောင့် လူသိများပါတယ်။ ဒါပေမယ့် ဒီရုပ်ရှင်ထဲမှာတော့ Jim Carrey ရိုက်နေကြ Comedy ပုံစံမဟုတ်ဘဲ ပုံမှန်နဲ့ကွဲထွက်တဲ့ Thriller/Mystery ပုံစံလေး ရိုက်ကူးထားပါတယ်။ Personally အရ ပြောရရင် ဇာတ်လမ်းရော သရုပ်ဆောင်တွေရော 10/10 ပါပဲနော်။ကျွန်တော်တို့ လူတွေတိုင်းမှာ ကိုယ်စီ အယူသီးတဲ့ နံပါတ် ရှိကြပါတယ်။ ဥပမာ ကမ္ဘာလုံး အယူသီးကြတဲ့ ၁၃ဆိုရင် ကံမကောင်းတဲ့နံပါတ်၊ ၇ကတော့ ကံကောင်းစေတဲ့ နံပါတ်လေးပေါ့။ ကျွန်တော်ဆိုရင်လည်း ၁၃၊ ၂၅၊ ၂၇ ဆိုရင် ကျွန်တော့်အတွက် ကံကောင်းစေတဲ့ နံပါတ်တွေလို့ အယူသီးလေ့ရှိပါတယ်။ ဒါကတော့ လူတစ်ဦးတစ်ယောက်ချင်းပေါ်မှာ မူတည်ပြီး ကွဲပြားသွားပါလိမ့်မယ်။ဝေါတာ စပဲရိုးက တိရစ္ဆာန် ထိန်းသိမ်းရေးအရာရှိ တစ်ယောက်ပါ။ သူက အက်ဂက်သာလို့ ခေါ်တဲ့ ...
movie

The Number 23 (2007)

Ai Khai Dek Wat Chedi (2023) 6.1
Ai Khai Dek Wat Chedi (2023) Ai Khai Dek Wat Chedi (2023)• တစ်ခါတုန်းက ဘုန်းဘုန်းတစ်ပါးက ၁၀ နှစ်အရွယ်ကောင်လေးကို စီချွန်ပြည် ဘန်ချာလုံရွာလေးက စွန့်ပစ်ဘုရားကျောင်းတစ်ခုကို စောင့်ရှောက်ဖို့အပ်ထားခဲ့တယ် ကောင်လေးကိုမှာထားခဲ့တဲ့စကားက “သီလသမာဓိရှိတဲ့သူ‌ရောက်မလာခင်ထိ စောင့်ရှောက်ရမယ်” တဲ့• အဲဒီလိုနဲ့ နှစ်ပေါင်း ၁၀၀ ကြာပြီးတဲ့နောက်မှာတော့ ကန်နဲ့ဖီအက်လို့ခေါ်တဲ့ ညီအစ်ကိုနှစ်ယောက် အလောင်းကစားလုပ်ဖို့ ချာလုံရွာကို ရောက်လာခဲ့တယ် ရွာထဲရောက်တာနဲ့ ရွာကလူ‌ဆိုးနဲ့ပြဿနာတက်ပြီး ထွက်ပြေးရင်း စွန့်ပစ်ဘုရားကျောင်းမှာ ခိုင်လို့ခေါ်တဲ့ ထူးဆန်းတဲ့ကောင်လေးနဲ့တွေ့လိုက်ရတယ်• စွန့်ပစ်ဘုရားကျောင်းမှာ ရှေးဟောင်းရတနာတွေရှိတယ်အထင်နဲ့ စီချွန်ပြည်ရဲ့အာဏာရှိလူကလည်း ဘုရားကျောင်းက ရတနာတွေကို မရမကရှာဖို့ ကြိုးစားနေတဲ့အခါ..• ဘုရားကျောင်းကိုစောင့်ရှောက်နေရတဲ့ ၁၀ နှစ်အရွယ်ကောင်လေးကရော ဘယ်သူလဲ? • ကန်တို့‌ညီအစ်ကိုနှစ်ယောက်က‌ရော လူဆိုးတွေလက်က လွတ်ပါ့မလား? • ဘုရားကျောင်းမှာ ရှေးဟောင်းရတနာတွေရှိတယ်ဆိုတာကရော အမှန်ပဲလား? ဆိုတာကိုတော့ စောင့်ကြည့်ပေးကြပါဦးနော်အညွှန်း နဲ့ ဘာသာပြန်ကတော့ Laris M ပဲ ဖြစ်ပါတယ်။Genre..... Adventure, Fantasy, Thriller Quality…. 1080p | 720p File size…  ...
movie

Ai Khai Dek Wat Chedi (2023)

2023
Freedom (2023) 7.7
Freedom (2023) Freedom (2023) IMDb 7.8/10ဒီဇာတ်ကားလေးကတော့ ၁၉၈၉ ခုနှစ်ရိုမေးနီးယားနိုင်ငံမှာ ဖြစ်ပျက်ခဲ့တဲ့ တော်လှန်ရေးကြီးကိုအခြေခံပြီးရိုက်ကူးထားတဲ့ Political/Thriller/Drama အမျိုးအစားဇာတ်ကားကြီးဖြစ်ပါတယ်တော်လှန်ရေးကြီးဖြစ်နေတဲ့အချိန်မှာ ရဲတပ်ဖွဲ့ခေါင်းဆောင်ကို တပ်ကဖမ်းသွားပြီး အခြားလူတွေနဲ့အတူ ရေကူးကန်အလွတ်ကြီးထဲမှာ အကျဉ်းချထားလိုက်ပါတယ် သူ့အနေနဲ့ အပြင်မှာကျန်ခဲ့တဲ့မိန်းမနဲ့ကလေးဆီကိုပြန်ချင်တော့ လွတ်မြောက်ဖို့ကြိုးစားပုံကို တော်လှန်ရေးနောက်ခံအကြောင်းအရာတွေနဲ့အတူ ကြည့်ရှုခံစားရမှာပဲဖြစ်ပါတယ်အညွှန်း နဲ့ ဘာသာပြန်ကတော့ Sai Thurein Lynn ပဲ ဖြစ်ပါတယ်။Genre..... Drama, Histroy, Thriller, War Quality…. 1080p | 720p File size… 1.7GB | 904MB Format… mp4 Duration…. 1h 49min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Sai Thurein Lynn Encoder ..... Aaron
movie

Freedom (2023)

2023
Naked Fear (2007)
Naked Fear (2007) Naked Fear (2007) Genre – Thriller, Horrorဒွိုက်ဆိုတဲ့အရာရှိဟာ မြို့ပြောင်းလာပါတယ်သူ ပြောင်းလာတဲ့မြို့မှာ လူပျောက်တွေအတော်များပေမဲ့လည်း ဘယ်သူမှ အဖတ်မလုပ်ကြပါဘူး။ တစ်ဖက်မှာလည်း ဒိုင်ယာနာဆိုတဲ့ကောင်မလေးဟာနယ်မြို့လေးကနေ အလုပ်လုပ်ဖို့ဆိုပြီး မြို့ထဲကို ရောက်ရှိလာပါတယ်။ထင်ထားသလိုမဟုတ်ပဲ အဖော်အချွတ်မယ်အဖြစ် လုပ်ကိုင်ရလို့စိတ်ညစ်နေပေမဲ့လည်း အကြွေးတွေကြောင့် ကြိတ်မှိတ်သည်းခံနေရတာပေါ့။ ဒီလိုနဲ့ တစ်ရက်ကျ ပိုက်ဆံပိုဝင်အောင်ဆိုပြီး ဖောက်သည်လိုက်သွားရာကနေလာခေါ်တဲ့လူက အမဲလိုက်ဝါသနာသူဖြစ်ပြီးတိရစ္ဆာန်တွေကို လိုက်ရတာ သဘောကျသူမဟုတ်ပဲ ကောင်မလေးတွေတုံးလုံးပြေးတာကို သဘောကျနေတဲ့လူ ဖြစ်နေသောအခါ…။ (ဇာတ်ကားနာမည်အတိုင်းပါပဲ အမျိုးသမီး ကိုယ်လုံးတီးခန်းတွေပါဝင်သောကြောင့် ကြည့်ရှုသူများ သတိပြုစေလိုပါတယ်)  File size…      3.4 GB /   1.3 GB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 48m Genre ..... Horror/Thriller Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Thura Aung
movie

Naked Fear (2007)

28 Weeks Later (2007)
28 Weeks Later (2007)  Zombie ကားလိုမျိုး တစ်တိုင်းပြည်လုံးဗိုင်းရပ်စ်ကူးစက်ခံရလို့ပြေးရတဲ့ Survival ကားမျိုးကြိုက်သူတွေအတွက် 2007ခုနစ်ခုနှစ်ကထွက်ရှိထားတဲ့ 28 weeks later ဆိုတဲ့ဇာတ်ကားလေးကိုတင်ဆက်ပေးချင်ပါတယ် ဒီဇာတ်ကားမှာ Jeremy Rennerလည်းပါဝင်သရုပ်ဆောင်ထားပါတယ်ဇာတ်လမ်းအကျဥ်းလေးကတော့အင်္ဂလန်နိုင်ငံမှာ ကုသလို့မရတဲ့ဗိုင်းရပ်စ်တစ်မျိုးကူးစက်ပြန့်ပွားနေပြီး တစ်နိုင်ငံလုံးနီးပါးရောဂါကူးစက်ခံထားရပါတယ် ခြောက်လအကြာမှာတော့ ကူးစက်ခံထားသူတွေဟာအစာငတ်မွတ်မှုကြောင့်သေဆုံးသွားကြပါတယ် လန်ဒန်ကနေရာတစ်ခုမှာ ဗိုင်းရပ်ကင်းစင်တဲ့နယ်မြေအဖြစ်သတ်မှတ်ပြီး အသက်ရှင်လွတ်မြောက်လာတဲ့သူတွေကအဲ့မှညပဲနေရပါတယ် အမေရိကန်စစ်တပ်နဲ့ဆေးအဖွဲ့ကလည်း ပြန်လည်ထူထောင်ရေးအတွက်ကူညီပေးနေပါတယ်တမ်မီနဲ့အန်ဒီတို့မောင်နှမနှစ်ယောက်ဟာ ကျောင်းလေ့လာရေးခရီးသွားနေတာကြောင့် ဒီဖြစ်ရပ်နဲ့မကြုံတွေ့လိုက်ရပါဘူး သူတို့ပြန်ရောက်လာတဲ့အခါမှာတော့ အသက်ရှင်သူတွေထဲမှာ သူတို့အဖေပဲပါလာပြီး သူတို့အမေပါမလာတော့တာကိုတွေ့လိုက်ရပါတယ် သူတို့နှစ်ယောက်သူ့အမေရဲ့ဓာတ်ပုံကိုလိုချင်လို့ လုံခြုံတယ်လို့သတ်မှတ်ထားတဲ့နေရာကိုကျော်ပြီး သူတို့အရင်အိမ်ကိုပြန်သွားရာကနေ ဗိုင်းရပ်စ်ပိုးပြန်လည်ပြန့်ပွားလာတဲ့အခါ........ File size…(3.5 GB)/(1.5 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:40:00 Genre...Thriller, Science Fiction, Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Ruby Jane 
movie

28 Weeks Later (2007)

Felines (2023)
Felines (2023)  ဒီတစ်ခေါက်မိတ်ဆက်ပေးချင်တာကတော့ GL ကားလေးတစ်ကားပါ။ မက်စ်က သူ့ကိုယ်သူ ထူးခြားတဲ့ လိင်စိတ်တိမ်းညွတ်မှုရှိသူလို့ လက်ခံထားပေမဲ့ တစ်ခါမှတော့ တခြားမိန်းကလေးတစ်ယောက်နဲ့ မတွဲခဲ့ဖူးသူပါ။ ငြီးငွေ့ဖွယ် ဘဝကို အထီးကျန်စွာ ဖြတ်သန်းနေရင်းနဲ့ တစ်နေ့မှာတော့ လျှို့ဝှက်ဆန်းကြယ်လှတဲ့ လီလီဆိုတဲ့ ကောင်မလေးတစ်ယောက်နဲ့ တွေ့ဆုံခဲ့ပါတယ်။လီလီနဲ့တွေ့ပြီးနောက် သူ့ဘဝက အပြောင်းလဲကြီး ပြောင်းလဲသွားခဲ့ပြီး အရင်ကနဲ့ မတူတဲ့ ပုံစံစရိုက်မျိုး ပေါ်လာခဲ့တဲ့ မက်စ်က လီလီ့ကို အစွဲလမ်းကြီး စွဲလမ်းခဲ့ပြီး အခုမှ ဘဝရဲ့လက်တွဲဖော်အစစ်ကို ရှာတွေ့ပြီလို့ ထင်မှတ်မိရုံရှိသေး၊ သူ လုံးဝ ထင်မထားတဲ့ လီလီ့ရဲ့ လျှို့ဝှက်ချက်ကို မထင်မှတ်ဘဲ ရှာတွေ့ခဲ့ချိန်မှာတော့.. ဆက်စီကျသလောက် လျှို့ဝှက်ဆန်းကြယ်မှုတွေနဲ့ ပြည့်နေတဲ့ လီလီဆိုတဲ့ မိန်းကလေးရဲ့ သရုပ်မှန်ကို မက်စ်တစ်ယောက် ရှာဖွေတွေ့ရှိနိုင်မလားဆိုတာကိုတော့ ဇာတ်လမ်းထဲမှာပဲ ကြည့်ရှုလိုက်ကြပါဦး။ File size…(1.5 GB)/(750 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:34:00 Genre...Crime, Drama, Thriller Subtitle….Myanmar ...
movie

Felines (2023)

Heart of the Hunter (2024) 5.5
Heart of the Hunter (2024)  ဇူကိုဟာ South Africaရဲ့ အထူးတပ်ဖွဲ့ဝင်‌ဟောင်းAssassinတစ်ယောက်ဖြစ်ပါတယ်...။သူဟာနိုင်ငံတော်ကို ဖျက်ဆီးနေတဲ့အကြမ်းဖက်သမားတွေ၊ခြစားနေတဲ့ နိုင်ငံ‌ရေးသမားတွေကို လုပ်ကြံသတ်ဖြတ်ရသူပါ...။ကိုယ်ပိုင်မိသားစုလေးနဲ့အေးအေးချမ်းချမ်းနေချင်တဲ့ဇူကိုဟာဒီအလုပ်ကနေ အနားယူလိုက်တာ အချိန်အတော်ကြာခဲ့ပါပြီ...။သို့ပေမယ့် ဒုစရိုက်သမားတွေကတော့ ပပျောက်မသွားပါဘူး...။အခုလည်း ဇူကိုတို့နိုင်ငံမှာ သမ္မတဖြစ်ဖို့ရွေးကောက်ပွဲအနိုင်ရသူဟာအကျင့်ပျက်ခြစားမှုတွေအများကြီးလုပ်ထားတဲ့မှတ်တမ်းရှိသူဒုစရိုက်သမားဖြစ်နေပြန်ပါတယ်...။ဒီမှတ်တမ်းတွေကို သေချာဖုံးထားဝှက်ထားတော့တော်ရုံလူမသိကြပါဘူး...၊ဒါကို ဇူကိုတစ်ယောက်ဘယ်လိုတားဆီးသွားမလဲ...။သူ့ရန်ဘက်တွေကရော အလွယ်တကူအလျှော့ပေးပါ့မလားဆိုတာကိုကြည့်ရှုရမယ့် crime actionကားလေးဖြစ်ပါတယ်.... File size…1.47GB / 640MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 45m Genre …..Action ,  Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Themes
movie

Heart of the Hunter (2024)

Donnybrook (2018) 5.5
Donnybrook (2018)  Jarhead Earl ဆိုတဲ့လူဟာ ဇနီးသည်နဲ့ကလေးနှစ်‌ယောက်နဲ့အတူ အိမ်ငှားနေရာကနေတစ်နေ့မှာ အိမ်ပြောင်းပေးရဖို့ဖြစ်လာပါတော့တယ်...ကလေးတွေနဲ့မိန်းမအတွက် အိမ်ပိုင်တစ်လုံးဝယ်ပေးချင်တဲ့သူ့ရဲ့ဆန္ဒကို ဖြည့်ဖို့အတွက်"နပန်းထိုးပွဲ"လိုပြိုင်ပွဲကိုဝင်ပြိုင်ပြီး ဒေါ်လာ၁သိန်းရအောင်ကြိုးပမ်းဖို့လုပ်ပါတော့တယ်...တစ်ဖက်မှာလည်း မိန်းမဖြစ်သူက Angus ဆိုတဲ့လူအပေါ်အကြွေးအများကြီးတင်နေပါတယ်..ရေစက်ကပါလာတော့ သူယှဉ်ပြိုင်တိုက်ခိုက်ရမယ့်ပြိုင်ဘက်က သူ့မိန်းမအကြွေး‌တင်နေတဲ့ Angusဖြစ်လာတဲ့အခါမှာတော့.... File size…1.37GB / 610MB Quality…Blu-Ray 1080p  / 720p Format…mp4 Duration….1h 41m Genre ….. Action , Drama , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Eric
movie

Donnybrook (2018)

Imaginary (2024)
Imaginary (2024)  လူကြီးမင်းတို့ရဲ့ အားလပ်ချိန်မှာ စိတ်အပန်းဖြေစရာ ဟော်ရာရုပ်ရှင်တစ်ကားကို တင်ဆက်ပေးပါရစေ။ ဝေဖန်ရေးဆရာကြီးတွေ ဝေဖန်လေကန်ကြပေမဲ့လည်း ငွေကြေးအရ အတော်လေး အောင်မြင်ခဲ့ပြီး ပရိသတ်လက်ခံနိုင်လောက်တဲ့ ဟော်ရာကားတစ်ကားဖြစ်ခဲ့ပါတယ်။ ဂျက်စီကာဆိုတဲ့ ကလေးမလေးက ဖြစ်ရပ်တစ်ခုကို မေ့ဖျောက်ပစ်ဖို့ ငါးနှစ်သမီးလောက်မှာ အိမ်ပြောင်းခဲ့ရတယ်။ အရွယ်ရောက်လာချိန် အိမ်ထောင်ဖက်မှာ သမီးနှစ်ယောက်ပါလာခဲ့တဲ့အတွက် ကလေးတွေနဲ့ အဆင်ပြေဖို့အရေး ရုန်းကန်ကြိုးစားရင်း ကလေးဘ၀ကအိမ်ဆီကို ပြန်သွားဖို့ အကြောင်းဖန်လာပါတော့တယ်။ဂျက်စီကာရဲ့အိမ်ကို ရောက်ချိန်မှာတော့ လင်ပါသမီးထဲက အငယ်မလေးအက်လက်စ်ဟာ မြေအောက်ခန်းကနေ ဝက်ဝံရုပ်ကလေးတစ်ရုပ်ကို တွေ့လာခဲ့ပါတယ်။ အဲဒီဝက်ဝံရုပ်ကလေးကတော့ ဂျက်စီကာရဲ့ ကလေးဘ၀က စိတ်ကူးယဉ်သူငယ်ချင်းဖြစ်ခဲ့ပြီး အချိန်အကြာကြီး သူ့ကို ပစ်ထားခဲ့တဲ့အတွက် ဒေါသတကြီးနဲ့ ရန်ပြုဖို့ ကြိုးစားလာတဲ့အခါမှာတော့...။(အညွှန်းနဲ့ဘာသာပြန်ကတော့ Pyae Phyoဖြစ်ပါတယ်) File size…(1.3 GB)/(674 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:32:00 Genre...Mystery, Thriller, Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Khunn 
movie

Imaginary (2024)

On Fire (2023)
On Fire (2023)  ဒီဇာတ်ကားက သဘာဝဘေးအန္တရာယ်ဇာတ်လမ်းမျိုးတွေကို နှစ်သက်သူတွေ ကြည့်သင့်တဲ့ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကိုပြောရမည်ဆိုရင် အဆုတ်ရောဂါကို ခံစားနေရတဲ့ဖခင် ၊ကိုယ်ဝန်ရှစ်လရှိပြီဖြစ်တဲ့ ဇနီးဖြစ်သူနဲ့ သားတစ်ယောက်တို့နဲ့ ဒေဗ့်တို့မိသားစုဟာ တောအုပ်ကလေးတစ်ခုအနီးက ကားအိမ်ကလေးမှာနေထိုင်ကြပါတယ်။ယောက္ခမဖြစ်သူဟာ အဆုတ်ရောဂါခံစားနေရသော်လည်း မကြာခဏဆေးလိပ်ခိုးသောက်တတ်သောကြောင့် ချွေးမဖြစ်သူနဲ့ သိပ်ပြီးအဆင်မပြေသည့်အပြင် ဆေးကုသစရိတ်တွေကြောင့်လည်း မိသားစု စီးပွါးရေးအကျပ်အတည်းကို ရင်ဆိုင်နေရတာပဲဖြစ်ပါတယ်။ကမ္ဘာကြီး ပူနွေးလာမှုကြောင်း ကမ္ဘာတစ်ဝှမ်းမှာ တောမီးအကြီးအကျယ်လောင်ကျွမ်းမှုတွေ ဖြစ်ပွါးနေရာမှ သူတို့နေထိုင်ရာမြို့လေးဆိီသို့လည်း တောမီးအန္တရာယ်ရောက်လာသောအခါ သူတို့မိသားစု မီးဘေးအန္တရာယ်ကို ဘယ်လိုရင်ဆိုင်ကြမလဲ။ ဘေးလွတ်ရာကို အချိန်မီရွှေ့ပြောင်းနိုင်ပါမလား......စသည်ဖြင့် အခက်အခဲတွေကို ကျော်လွှားပုံကို ရင်တထိပ်ထိပ်နဲ့ ကြည့်ရမည့် ဇာတ်လမ်းတစ်ပုဒ်ပဲဖြစ်ပါတယ်။ File size…(1.5 GB)/(732 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:20:00 Genre...Drama, Action, Thriller, Adventure Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Eunice
movie

On Fire (2023)

Snow Valley (2024)
Snow Valley (2024)  Heath နဲ့ Laura က အသစ်စက်စက် စေ့စပ်ထားတဲ့ မောင်နှံ နှစ်ယောက်ပါ။ Laura က ကလေးတွေရဲ့ စိတ်ပညာကို လေ့လာရင်း ဒေါက်တာဘွဲ့ရအောင်လုပ်နေတာပါ။ Heathကလည်း ကိုယ်ပိုင် နှင်းလျှောစီးစကိတ်ကို ဒီဇိုင်းထွင်ပြီး ဖြန့်ချီမယ့်အရေး အလုပ်ရှုပ်နေတာဖြစ်ပါတယ်။ ဒီတော့ နှစ်ယောက်လုံး အနားရအောင် Heath မိဘတွေ ပိုင်ဆိုင်တဲ့အပန်းဖြေအိမ်ကြီးဆီ ခရီးထွက်လာခဲ့ကြပါတယ်။ပထမဆုံး ညမှာပဲ Laura က ထူးဆန်းတဲ့ အသံ တစ်သံ ကြားခဲ့ပါတယ်။ နောက်တစ်ရက် နိုးလာတော့ အနားမှာ Heath မရှိတဲ့အတွက် လိုက်ရှာရင်း တံခါး Bell မြည်သံကြောင့် ဖွင့်ပေးခဲ့တဲ့အခါမှာ အမျိုးသမီးကြီး တစ်ယောက်ကို တွေ့ပါတယ်။ ထို အမျိုးသမီးက သူ့ကိုယ်သူ မိတ်ဆက်ပြီး သူက အိမ်အကူဖြစ်ကြောင်း ပြောပြတယ်။နောက်ရက်မှာ သူတို့ကို ဂုဏ်ပြုပေးဖို့ သူငယ်ချင်း စုံတွဲကလည်း ရောက်လို့လာပါတယ်။ ဒါပေမယ့်လည်း ...
movie

Snow Valley (2024)

Staring at Strangers (2022)
Staring at Strangers (2022)  Staring at strangers ဆိုတဲ့အတိုင်း ဒီဇာတ်လမ်းမှာ ဇာတ်ကောင် Carpenter Damián ကအဝတ်ဗီရိုထဲမှာ ပုန်းနေပြီး အပြင်ကမိသားစုတစ်စုမသိအောင် နေနေရတဲ့သူတစ်ယောက်ပါ။သူ့သူဌေးဆီက အလုပ်ဖြုတ်ခံရပြီး ဗီရိုတစ်ခုထဲ ဝင်ပုန်းနေရာက အဲဒီဗီရိုကို အလုပ်သမားတွေ လူရှိနေမှန်းမသိဘဲ ဗီရိုဝယ်သူဆီ သယ်သွားခဲ့ကြတယ်။မိသားစုမရှိ သူငယ်ချင်းလည်းမရှိတဲ့ Carpenter တစ်ယောက် အပြင်လောကကြီးကို အဆက်အသွယ်ဖြတ်ပြီး ဗီရိုထဲမှာပဲ သူ့ရဲ့ကမ္ဘာငယ်တစ်ခုအဖြစ် ထွက်ပေါက်ရှာနေထိုင်ရင်းက ​အိမ်ပိုင်ရှင်ဇနီးသည် Lucia နဲ့ ဘယ်လိုတွေ ခံစားချက်ပေါ်ပေါက်လာမလဲ၊ လူမမိအောင် အမြဲတမ်းပုန်းနေနိုင်ပါ့မလားဆိုတာကို စိတ်လှုပ်ရှားစွာစောင့်ကြည့်ရမဲ့ psychology thriller ကောင်းတစ်ခုပဲ ဖြစ်ပါတယ်။ File size…(1.2 GB)/(632 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:47:00 Genre...Drama, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Thwal Htoo Zin 
movie

Staring at Strangers (2022)

The Housemaid (2010) 6.4
The Housemaid (2010) 2010ခုနှစ်မှာထွက်ရှိခဲ့ပြီး ကိုရီယားထိပ်တန်းသရုပ်ဆောင်တွေပါဝင်ထားကြတဲ့The Housemaid ဆိုတဲ့ဇာတ်ကားလေးကိုတင်ဆက်ပေးချင်ပါတယ်။ဒါရိုက်တာ အင်ဆန်းဆူ ရဲ့လက်ရာဖြစ်ပြီး 1960 ပြည့်နှစ်လောက်ကထွက်ရှိခဲ့တဲ့ရုပ်ရှင်ကိုပြန်လည်ရိုက်ကူးထားခြင်းပဲဖြစ်ပါတယ်။ငွေကြေးဥစ္စာပြည့်စုံတဲ့ ဓနရှင်တွေဟာ အောက်ခြေလူတန်းစားများကိုအနိုင်ကျင့်ဖိနှိပ်တတ်ကြပုံကို ပေါ်လွင်အောင်ရိုက်ကူးပြထားတဲ့ဒီကားလေးမှာ ကလေးထိန်းအဖြစ်သွားရောက်လုပ်ကိုင်တဲ့အမျိုးသမီးလေးဟာ အိမ်ပိုင်ရှင်သူဌေးရဲ့ အသုံးတော်ခံအဖြစ်ဖြည့်ဆည်းရပြီးနောက်ဆက်တွဲပြဿနာတွေရှိလာတဲ့အချိန်မှာလည်းအဖက်ဖက်ကညှင်းပန်းခံရတဲ့အတွက် သူ့နည်းသူ့ဟန်နဲ့ လက်စားချေပုံကိုဇာတ်လမ်းဖွဲ့ထားခြင်းဖြစ်ပါတယ်။ ထူးခြားတဲ့ တင်ဆက်ပုံနဲ့ သရုပ်ဆောင်တွေရဲ့စွမ်းရည်ကိုပေါင်းစပ်ထားတဲ့အတွက်ရုပ်ရှင်ပွဲတော်တွေမှာ ပြသခြင်းခံရပြီး sequel movie တွေရိုက်ရ‌လောက်သည်အထိ ဖြစ်ခဲ့ပါတယ်။အဲဒီအထဲက တစ်ကားဖြစ်တဲ့ The Taste of money ဆိုတဲ့ကားကိုလည်း CM မှာတင်ပေးဖူးပါတယ်။IMDb rating 6.4 ရရှိထားပြီး ဝေဖန်ရေးဆရာတွေရဲ့ချီးကျူးမှုတွေကိုလည်းရရှိခဲ့တဲ့ ဒီဇာတ်ကားလေးဟာအိမ်ထောင်ရေးဖောက်ပြန်မှုဇာတ်လမ်းဖြစ်သည့်အတွက်မိသားစုနဲ့ အတူမကြည့်သင့်တဲ့ ဇာတ်ဝင်ခန်းလေးအနည်းငယ်ပါဝင်ပါတယ်လို့ ကြိုပြီးသတိပေးလိုက်ပါတယ်။ File size…    1.4 GB /  652MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 47m Genre ..... Drama/Thriller Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San ...
movie

The Housemaid (2010)