Channel Myanmar

Thriller

Pamfir (2022) 7.6
Pamfir (2022) Pamfir (2022) ~ IMDb - 7.6/10, Rotten Tomatoes - 93% ~" ဝတ်လစ်စလစ်အခန်းအနည်းငယ်ပါဝင်တာကြောင့် အသက်မပြည့်တဲ့ကလေးတွေကြည့်ရှုဖို့ မသင့်တော်ပါဘူး "Rotten Tomatoes 93% ရရှိထားပြီး ကိန်းရုပ်ရှင်ပွဲတော်မှာလည်း ပြသခဲ့သလို ဆန်ခါတင်တစ်ဆုပါ ဝင်ခဲ့တဲ့ ယူကရိန်းရုပ်ရှင်ဇာတ်ကား‌ကောင်းတစ်ကားပဲဖြစ်ပါတယ်။ယူကရိန်းဇာတ်ကားတွေက ဟောလိဝုဒ်ကားတွေထက်စာရင် ကျွန်တော်တို့နဲ့နည်းနည်းအလှမ်းဝေးတယ်လို့ ပြောလို့ရပါတယ်။ ဒါပေမဲ့ သူတို့ရဲ့ရုပ်ရှင်အဆင့်အတန်းက ဟောလိဝုဒ်ထက်မသာတောင် ယှဉ်နိုင်တဲ့အခြေအနေတစ်ခုရှိပါတယ်။ ဒီရုပ်ရှင်ကလည်း အဲဒီလိုအဆင့်အတန်းတစ်ခုကို ကောင်းကောင်းချပြထားနိုင်တယ်လို့ ဆိုနိုင်ပါတယ်။ဒီရုပ်ရှင်ရဲ့အစမှာ လီယိုနစ်ဆိုတဲ့ ဖခင်တစ်ယောက်၊ မှောင်ခိုသမားဟောင်းတစ်ယောက်ဟာ သူ့ရဲ့နယ်စပ်ကဇာတိမြေကိုပြန်လာပြီး သူ့မိန်းမနဲ့ သားဖြစ်သူနဇာကို ပြန်လာတွေ့ပါတယ်။ တစ်နေ့မှာတော့ သူ့ရဲ့သား နဇာက သူ့အဖေကြာကြာနေအောင်ဆိုပြီး သူ့အဖေရဲ့ စာရွက်စာတမ်းတွေထားထားတဲ့ ဘုရားကျောင်းကို မီးရှို့ပစ်ပါတယ်။ အဲဒီမှာ ပြန်အလျော်ပေးဖို့ ပိုက်ဆံလိုတာကြောင့် ဖခင်ဖြစ်သူက သူဘယ်တော့မှထပ်မလုပ်တော့ဘူးလို့ဆုံးဖြတ်ထားတဲ့ မှောင်ခိုအလုပ်ကိုနောက်တစ်ခါ ထပ်လုပ်ရဖို့ဖြစ်လာပါတယ်။မှောင်ခိုလောကဆိုတာ အတော်ကိုရက်စက်တဲ့လောကပါ။ ဂွင်မကျော်သင့်တဲ့လူကိုကျော်မိရင် ဘဝပါပျက်တဲ့အထိ ဒုက္ခရောက်နိုင်ပါတယ်။ အဲဒီမှာ ...
movie

Pamfir (2022)

2022
Patriot Games (1992) 6.8
Patriot Games (1992) Patriot Games (1992)~ IMDb - 6.8/10, Rotten Tomatoes - 72% ~ဒီဇာတ်ကားက​တော့ Jack Ryan Franchise ရဲ့ ဒုတိယကားဖြစ်ပြီး ပထမကားအပြီး နှစ်နှစ်အကြာ ၁၉၉၂မှာ ထွက်ရှိခဲ့တာပါ။ ဒီကားရဲ့ Jack နေရာမှာတော့ မင်းသားကြီး Harrison Ford က သရုပ်​​ဆောင်ထားသလို ပါတိုင်း​သေ မင်းသားကြီး Sean Bean နဲ့ အချစ်​တော်ကြီး Samuel L. Jackson တို့ ပါဝင်လို့ Cast List နဲ့တင် ရှိန်​​လောက်တဲ့ကားပါ။အိုင်းရစ်ရီပတ်ဘလစ်တပ်မ​တော်လို့ ​ခေါ်တဲ့ IRA က ဗြိတိန်ကျွန်းစုရဲ့ အင်အားကြီးသူပုန်အဖွဲ့ဖြစ်ပြီး ​မြောက်အိုင်ယာလန်ကို ဗြိတိန်​တွေရဲ့လက်​အောက်က ခွဲထွက်ဖို့ ကြိုးစား​နေတဲ့အဖွဲ့ကြီးပါ။ ဒီဇာတ်ကားမှာ IRA က ​အိုင်ယာလန်ဘုရင်ခံဖြစ်လာမယ့် ဗြိတိန်မင်းသားကိုလုပ်ကြံဖို့ ကြိုးစားခဲ့​ပေမဲ့ မ​​အောင်မြင်ခဲ့ပါဘူး။ သူတို့ကို ...
movie

Patriot Games (1992)

1992
Blind (2023) 5.4
Blind (2023) Blind 2023Neerja လေယာဉ်ပြန်ပေးဆွဲတဲ့ကားထဲက လေယာဉ်မယ်လေး ဆိုနမ်ကပူးရ် ခေါင်းဆောင်အနေနဲ့ပါဝင်ထားတဲ့ အိန္ဒိယ crime/thriller ရုပ်ရှင်ဇာတ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ဇာတ်လမ်းအကျဉ်း ထိပ်တန်းရဲအရာရှိတစ်ဦးဖြစ်တဲ့ဂျီယာဟာ မိဘမဲ့ဂေဟာမှာအတူကြီးပြင်းခဲ့တဲ့ မောင်လေးဖြစ်သူ အေဒရီရန်အပေါ် အစ်မအရင်းလိုတာဝန်ကျေတဲ့သူတစ်ဦးပါ။ တစ်နေ့မှာတော့ မောင်လေးဖြစ်သူကိုကလပ်ကနေ ဆွဲခေါ်လာပြီးအပြန်မှာ မတော်တဆမှုတစ်ခုကြောင့် အမြင်အာရုံဆုံးရှုံးလိုက်ရပြီး မောင်လေးဖြစ်သူနဲ့ အရာရှိဘဝကိုပါ စွန့်လွှတ်လိုက်ရပါတယ်။တစ်နေ့တော့ မိဘမဲ့ဂေဟာကအပြန် လမ်းမှာတက္ကစီငှားရင်း မထင်မှတ်ထားတဲ့ လူသတ်မှုတစ်ခုကို ကိုယ်တိုင်ကြုံလိုက်ရပြီး တစ်ဦးတည်းသောသက်သေ ဖြစ်သွားတဲ့ချိန်မှာ မျက်မမြင်တစ်ယောက်ရဲ့စကားကို ဘယ်သူမှလက်မခံခဲ့ပါဘူး။ ဒီလိုနဲ့ ဂျီယာဟာ ရဲဝန်ထမ်းဟောင်းတစ်ယောက်အနေနဲ့ ဒီအမှုကို ဘယ်လိုကိုင်တွယ်ဖြေရှင်းမှာလဲ သူကိုယ်တိုင် လူသတ်သမားကို ရှာတွေ့နိုင်မှာလားဆိုတာ အဖြေရှာရင်း ကြည့်ရှုရမှာဖြစ်ပါတယ်။အညွှန်းနဲ့ ဘာသာပြန်သူတွေကတော့ Moon~Zwe~V~BpLတို့ပဲဖြစ်ပါတယ်။ File size…1.8GB / 737MB Quality…1080p WEB DL / 720p Format…mp4 Duration….2h 4m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Moon~Zwe~V~BpL
movie

Blind (2023)

2023
Cascade (2023) 4.9
Cascade (2023) Cascade (2023) ============Honest review ပေးရရင် Survival movies တွေကို စွဲလမ်းကြတဲ့ သူတွေတဲ့အတွက် ကြည့်သင့်တဲ့ကားမျိုးထဲမှာ ပါတယ်ဗျ။ အရမ်းကြီး သွေးပျက်စရာကောင်းလောက်တဲ့ထိ မဟုတ်ပေမဲ့ ငြိမ့်ငြိမ့်လေးနဲ့ ဆွဲ ခေါ်သွားမဲ့ဇာတ်လမ်းမျိုးပါ။ ဒါပေမဲ့ လျှော့တွက်လိုက်လို့တော့ မရဘူးပေါ့။ဘယ်နေရာမှာမဆို တစ်ဇွတ်ထိုးလုပ်တတ်တဲ့ ဗင့်စ်၊ ဗင့်စ် လုပ်သမျှ အကုန်လိုက်အားပေးတတ်တဲ့ချစ်သူ အမ်မလီ၊ ကြောက်တတ်ပြီး ဘဝကို ရိုးရိုးလေးပဲ နေချင်တဲ့ ဂျက်ဆီ၊ လူမိုက်ခေါင်းဆောင်ရဲ့ သမီးတစ်ဖြစ်လဲ ဂျက်ဆီရဲ့ ချစ်သူဖြစ်သူ အဲလက်စ်။ဒီဆယ်ကျော်သက်သူငယ်ချင်းလေးယောက် နာမည်ကျော်ရေတံခွန် တစ်ခုဆီ တောင်တက်ခရီးနှင်ခဲ့ကြပါတယ်။ ဒီလိုနဲ့ ရေတံခွန်ဆီကို ရောက်တဲ့အချိန်မှာပဲ ဗင့်စ်တစ်ယောက် ရုတ်တရက် တောင်ပေါ်က နေ ခုန်ချသွားခဲ့တယ်။ ဗင့်စ်ကို ရှာဖို့အတွက် ကျန်တဲ့သုံးယောက်က အပြေးဆင်းခဲ့ကြချိန်မှာတော့ အလောင်းတစ်လောင်းနဲ့ မူးယစ်ဆေးတွေ အပြည့်တင်ထားတဲ့ ပျက်ကျနေတဲ့ လေယာဉ်တစ်စီးကိုပါ တွေ့လိုက် ရပါတယ်။ အဲဒီအချိန်မှာ မူးယစ်ဂိုဏ်းတစ်ခုက ဂိုဏ်းသားတွေ ရောက် လာပြီး အားလုံးကို လိုက်သတ်ဖို့ ကြံစည်ကြချိန်မှာတော့ Survival movie တစ်ပုဒ် စတင်လာပါတော့တယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ May Thet Khine Soe ...
movie

Cascade (2023)

2023
The World of Kanako (2014) 6.5
The World of Kanako (2014) The World of Kanako (2014) ===================== IMDb Rating - 6.5/10ဂျပန်ကားတွေဟာ အေးချမ်းရင်လည်း ကမ်းကုန်အောင် အေးချမ်း တတ်သလို ရက်စက်ရင်လည်းကမ်းကုန်အောင် ရက်စက်တတ်တာ အားလုံးအသိပါပဲ။ ဒီကားကတော့ ဒုတိယအမျိုးအစားကားပါပဲ။ ဘယ်လိုရက်စက်လဲဆိုတော့ အပြအားဖြင့်တော့ တစ်ချို့သတ်ပြ ဖြတ်ပြရုံသက်သက်ကားတွေလို လူမကြည့်နိုင်လောက်အောင် အရမ်း ဆိုးဆိုးရွားရွားကြီးဖြစ်မနေပါဘူး။ ဒါပေမဲ့ ဘာလို့ ဘယ်လို ဘယ်ပုံ ဆိုတဲ့အကြောင်းရင်းတွေနဲ့ကို သေသေသပ်သပ်နဲ့ကို ရက်စက်နေတဲ့ ရုပ်ရှင်လို့တော့ ပြောရပါမယ်။ ပတ်ချန်းဝတ်ရဲ့ Oldboy ရဲ့ ရက်စက် မှုမျိုးလို့ပြောလို့ရပေမဲ့ အဲဒီလိုကြီးထပ်တူမဟုတ်နေသလို ဇာတ်ကောင် တစ်ကောင်တည်းမဟုတ်ဘဲ ပါတဲ့ဇာတ်ကောင်အများစုကိုက နည်းပေါင်း စုံနဲ့ရက်စက်နေတဲ့ ရုပ်ရှင်ပါပဲ။ ကြည့်ရတာ တော်တော်စိတ်ဝင်စားဖို့ ကောင်းသလို သူ့နည်းသူ့ဟန်နဲ့ အရသာရှိနေတဲ့ ရုပ်ရှင်လို့ပြောလို့ရပါတယ်။ဒါရိုက်တာကတော့ ကားသိပ်မရှိပေမဲ့ ရိုက်သမျှတော့ ဒီလိုကားတွေဆို တော့ သူပိုင်နိုင်တဲ့လိုင်းလို့ပဲပြောရပါမယ်။ ဂျပန်ရုပ်ရှင်ပရိသတ်ဆိုရင် ဒီကားကိုကြည့်သင့်တဲ့ အကြောင်းရင်းက နောက်ထပ်၂ခုတောင်ရှိပါတယ်။ တစ်ချက်ကတော့ Koji Yakushoဆိုတဲ့ ဂျပန်မင်းသားကြီးပါပဲ။ Under the Open Skyကားမှာ တော်တော်များများသိပြီးလောက်သလို Memoirs Of A Geisha , Tampopo , ...
movie

The World of Kanako (2014)

2014
Thelma & Louise (1991) 7.5
Thelma & Louise (1991)  ဂန္တဝင်​လက်ရာ​တစ်ခုဖြစ်တဲ့​ ဒီရုပ်ရှင်ကိိုတော့ ရုပ်ရှင်​ဝါသနာပါသူတွေ ကြားဖူးကြမှာပါ။ ဇာတ်လမ်း​က​ Road​ Film အမျိုးအစား​ပါ။ ဇာတ်အိမ်တစ်ခုလုံးကို​ အဝေးပြေးလမ်းမကြီးတွေပေါ်မှာ တည်ထား​ပြီး​ ဇာတ်​ကောင်တွေ​ လမ်း​ခရီး​တစ်လျှောက်​ကြုံတွေ့​ခဲ့တဲ့​အဖြစ်သနစ်တွေကို​ တင်ဆက်​ထားတဲ့​ဇာတ်​လမ်းမျိုးပါ။ Little​ Miss​ Sunshine​ နဲ့ Natural Born Killers တို့လို Road Films တွေကိုနှစ်သက်ရင်တော့​ ဒီရုပ်ရှင်ကိုလည်း အကြိုက်တွေ့ပါလိမ့်မယ်။ ဒီ​ရုပ်ရှင်​ရဲ့​ဒါရိုက်တာ​ကတော့​ ဂန္တဝင်​ဒါရိုက်တာကြီး Ridley​Scott​ ဖြစ်ပြီး​ ၁၉၉၁ ခုနှစ်မှာထွက်ရှိခဲ့တာဖြစ်ပါတယ်။ Adventure​/Drama/Crime ရုပ်ရှင်​အမျိုးအစား​ဖြစ်ပြီး​ သူ့ရဲ့​ အကောင်း​ဆုံးလက်ရာတွေထဲကတစ်ခုအဖြစ်သတ်မှတ်ခံရတဲ့​ ရုပ်ရှင်​လည်းဖြစ်ပါတယ်။ ရာဇဝတ်မှု​တစ်ခုကျူးလွန်မိပြီးနောက်​ ထွက်ပြေး​တိမ်း​ရှောင်​ဖို့ကြိုးစားတဲ့​Thelma​ နဲ့​ Louise ဆိုတဲ့​ အမျိုးသမီး​နှစ်​ယောက်​ရဲ့​အ​ကြောင်းကို​ တင်ဆက်ထားတာဖြစ်ပါတယ်။ဇာတ်လမ်း​အကျဥ်း​ကတော့​ Thelma ဟာ​ ခင်​ပွန်း​ဖြစ်သူရဲ့ ဖိနှိပ်​ချုပ်ချယ်​ခြင်းကိုခံနေရတဲ့​ ရိုးရိုးအအ အိမ်​ထောင်ရှင်တစ်ဦးဖြစ်ပြီး​ သူ့သူငယ်ချင်းဖြစ်သူ​ Louise ကတော့​ အတိတ်က​စိတ်​ဒဏ်ရာတစ်ခုကိုခံစား​နေရတဲ့​ စားပွဲထိုးတစ်ဦးပါ။ သူတို့​နှစ်ယောက်​လုံးက​ သူတို့​ရဲ့ပတ်ဝန်းကျင်လူမှုအသိုက်အဝန်းကို စိတ်ကုန်နေတဲ့​ သာမန်​မိန်းကလေး​တွေဖြစ်ကြပြီး​ ...
movie

Thelma & Louise (1991)

Black Lotus (2023) 4.8
Black Lotus (2023) Black Lotus (2023) ==============ဒီတစ်ခေါက် ခပ်ကြမ်းကြမ်းလေးမှ ကြိုက်နှစ်သက်တဲ့ ပရိတ် သတ်ကြီးအတွက် Worldwide kickboxing champion ဖြစ် တဲ့ Rico Verhoeven ကအဓိကသရုပ်ဆောင်ထားပြီး Captain America:Winter Soldier မှာကတည်းက ပရိတ်သတ်ကြီးသိရှိ ပြီးသားဖြစ်လောက်မယ့် Frank Grillo ပါ။ ဒီဇာတ်ကားမှာ ဗီလိန် အဖြစ်ပါဝင်သရုပ်ဆောင်ထားတဲ့ ဇာတ်လမ်းကောင်းလေးတစ်ခု ကိုတင်ဆက်ပေးလိုက်ပါတယ်။ဇာတ်လမ်းရဲ့အကျဉ်းကတော့... အထူးတပ်ဖွဲ့ဝင် Matteo တစ်ယောက် ပြဇာတ်အဖွဲ့တစ်ခုကို အ ကြမ်းဖက်သမားတွေက ဖမ်းဆီးထားလို့ ကယ်ဆယ်ပေးဖို့ စစ်ဆင် ရေးလုပ်နေခဲ့ပါတယ်။ အဲဒီစစ်ဆင်ရေးမှာ Matteo အတွက် သူ့ဘ ဝအတွက် စိတ်ဒဏ်ရာရစေတဲ့ ဖြစ်ရပ်ဆိုးကြီးတစ်ခုကိုကြုံတွေ့ခဲ့ ရတာကြောင့် နှစ်ပေါင်းများစွာကြာအောင် ဇာတ်မြှုပ်ပြီးနေထိုင်ခဲ့ ပါတယ်။ ဒါပေမဲ့ သူအတိတ်ကိုပြန်ပြီး ခွင့်လွှတ်မှုတောင်းခံဖို့အတွက် မိသားစုတစ်စုဆီကိုသွားတဲ့အချိန်မှာတော့ တိုက်တိုက်ဆိုင်ဆိုင်ဆို သလို အဲဒီမိသားစုမှာလည်း အပြည်ပြည်ဆိုင်ရာရဲတပ်ဖွဲ့က အလိုရှိ နေတဲ့ရာဇဝတ်ဂိုဏ်းကြီးတစ်ခုကြောင့် ဖြစ်ရပ်ဆိုးကြီးတစ်ခုကို ရင် ဆိုင်ခဲ့ရပြန်ပါတယ်။ ဒီတော့ Matteo တစ်ယောက် အဲဒီဂိုဏ်းနဲ့ ဘယ် လိုရင်ဆိုင်တိုက်ခိုက်သွားမှာလဲ...အထူးတပ်ဖွဲ့ဝင်တစ်ယောက်ပီပီ မိသားစုဝင်ကို ဘယ်လိုကယ်တင်ပေးသွားမှာလဲဆိုတာကို Thriller ဆန်ဆန် ကြည့်ရှူရမယ့် Action ကားကောင်းလေးတစ်ခုပဲဖြစ်ပါ တယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ June ဖြစ်ပါတယ်)File Size..........(1.23 ...
movie

Black Lotus (2023)

2023
Killer Stepmom (2022) 5.0
Killer Stepmom (2022) Killer Stepmom (2022) =================အဖေနဲ့ အမေက ကွာရှင်းထားပြီး အဖေက မိန်းမငယ်ငယ်လေး ယူထား လို့ စိတ်တွေပျက် အရွဲ့တိုက်နေတဲ့ ဆယ်ကျော်သက် ကောင်မလေးတစ် ယောက်။ မကြာခင်မှာ ကောလိပ်တက်ရတော့မယ် ဒါပေမဲ့လည်း လောက ကြီးကို မထီမဲ့မြင်လုပ်ရင်း သူများတွေကို လျှောက်လိမ်ညာရင်း ကိုယ့်ဘဝ ကိုယ် ဖျက်သလို ဖြစ်နေတာပေါ့။ နှစ်ဖက်မိဘကလည်း သူပြောသမျှဆို ဘာတစ်ခုမှ မယုံရလောက်အောင်ကို အယုံအကြည်ကင်းမဲ့နေကြတာပါ။ အဲဒီအချိန်မှာလည်း အမေ့အိမ်တစ်လှည့် အဖေ့အိမ်တစ်လှည့် နေနေရင်း ထူးဆန်းတဲ့အဖြစ်ပျက် ကြုံရပါတော့တယ်။အဖေ ကျေနပ်အောင် မိထွေးနဲ့ အပြင်လျှောက်လည်ပေးရာက သူစိမ်းတစ် ယောက်က မိထွေးကို အတင်းလိုက်ခေါ်တာကို မိထွေးက လူမှားနေပါတယ် ဆိုတာမျိုး၊ ဆိုင်ထဲ ကော်ဖီဝယ်နေတုန်း မိထွေးနဲ့ လူစိမ်း စကားများနေတာ မျိုး ပိုဆိုးတာ ညသန်းခေါင်ကျ မိထွေးက ခိုးထွက်သွားလို့ လိုက်ချောင်းရာ ကနေ လူသတ်တာကိုပါ တွေ့လိုက်ရတဲ့အခါမှာတော့… သူပြောတဲ့စကားတွေ ကို မိဘနှစ်ပါးက ယုံပါ့မလား၊ မိထွေးကလည်း တကယ်သတ်တာလား ဘာတွေ ဖြစ်မလဲ စောင့်ကြည့်ရမယ့် သည်းထိတ်ရင်ဖိုကား တစ်ကားဖြစ်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thura ...
movie

Killer Stepmom (2022)

2022
Mea Culpa (2014) 6.1
Mea Culpa (2014)   ဇာတ်လမ်အကျဉ်းလေးကတော့ဆီမွန်ဟာ အရက်မူးပြီး ကားမောင်းတာကြောင့် ယာဉ်တိုက်မှုဖြစ်ပြီး တစ်ဖက်ယာဉ်မှာ ပါလာတဲ့လူသုံးယောက်သေဆုံးခဲ့ရပါတယ်၊ ဆီမွန်ဟာ ရဲဝန်ထမ်းဖြစ်ပြီးအခုကိစ္စအတွက် သူ့အပြစ်မကင်းဘူးဆိုတာသိပါတယ်၊ပြစ်ဒဏ်ကြောင့် ထောင်ကျခဲ့ပေမယ့် လူသေဆုံးမှုအတွက်အမြဲတမ်းလိုလိုစိတ်ဒဏ်ရာရနေပါတယ်၊ ဇနီးနဲ့ သားရှိပေမယ့် ထောင်ကနေလွှတ်လာတော့ ကွာရှင်းလိုက်ပါတယ်၊သူတို့နေထိုင်တဲ့မြို့လေးမှာ မူးယစ်ဆေးရောင်းဝယ်တာတွေလိင်ကိစ္စတွေရှိနေပေမယ့် ရောင်းဝယ်တဲ့သူတွေ တစ်ယောက်ပြီးတစ်ယောက်သေဆုံးနေပါတယ်၊ ပြစ်မှုကျုးလွန်သူတွေကိုဘယ်သူဘယ်ဝါမှန်းမသိတဲ့ မျက်မြင်သက်သေလည်းမရှိတဲ့အတွက်ဖမ်းမရဖြစ်နေပါတယ်၊ တစ်နေ့မှာတော့ နွားရိုင်းသတ်ပွဲသွားကြည့်ကြတဲ့ဆီမွန်ရဲ့သားဟာ သန့်စင်ခန်းသွားရင်အမှတ်မထင် လူသတ်နေတဲ့သူတွေကိုတွေ့သွားပြီးထွက်ပြေးပါတော့တယ်၊ လူသတ်သမားတွေဟာ သူတို့လုပ်ရပ်ရဲ့ မျက်မြင်သက်သေကိုအပြတ်ရှင်းဖို့ကြိုးစားခဲ့အခါ ဆီမွန်တစ်ယောက်ဘယ်လိုကာကွယ်ပေးမလဲဆိုတာဆက်လက်ကြည့်ရှုပေးပါဦး  File size…1.74GB / 696MB Quality…WEBRip 1080p 5.1 CH/ 720p Format…mp4 Duration….1h 30m Genre ..... Action , Crime , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Tin Myo Lwin
movie

Mea Culpa (2014)

Anything for Her (2008) 7.9
Anything for Her (2008)   ဇာတ်လမ်းနာမည်လေးအတိုင်း ဇနီးအတွက် ဘာမဆိုလုပ်ပေးမယ့်ယောကျာ်းတစ်ယောက်ကိုမြင်တွေ့ရမှာမယ့် ပြင်သစ် Crime DramaThrillaကားလေးဖြစ်ပါတယ်... ဂျူလီယန် နဲ့ လီဆာဟာ ကလေးတစ်ယောက်နဲ့ သာမန်ပျော်စရာမိသားစုဘဝလေးကို နေထိုင်နေကြသူတွေပါ...။တစ်နေ့ကျတော့ သူတို့တိုက်ခန်းကို ရဲတွေ ဝင်စီးပြီး လီဆာကိုဖမ်းခေါ်သွားပါတယ်။ အမှု‌မေးတော့ လူသတ်မှုတဲ့...လီဆာမကျူးလွန်တဲ့လူသတ်မှု။ဖြစ်နိုင်စရာမရှိပါဘူး။ ဘာလို့ဆို သူတို့က ရိုးရိုးအေးအေးနေတဲ့ လင်မယားစုံတွဲ၊တစ်ယောက်က ကျောင်းဆရာ တစ်ယောက်က ရုံးဝန်ထမ်း...။ပြစ်မှုကျူးလွန်ဖို့ ပူလောင်သောကရောက်စရာလည်းမရှိသူတွေပါ။ဒါပေမဲ့ ကိုယ်ကျင့်တရားတွေ ဘယ်လောက်ကောင်းကောင်း ဥပဒေကအနိုင်ရစမြဲပဲ ဖြစ်နေတော့ လီဆာဟာ ထောင် နှစ် ၂၀ကျသွားပါတယ်။ကိုယ်ချစ်တဲ့သူ တစ်ဦးတစ်ယောက် အပြစ်မရှိဘဲ ထောင်ထဲရောက်သွားရင်ဘယ်လိုနေမလဲ... ဘယ်လိုခံစားရမလဲ... ဘာတွေပြန်ကြိုးစားပေးမလဲ...။ဒါကို လက်မခံနိုင်တဲ့ ယောကျာ်းဖြစ်သူ ကျောင်းဆရာက ဇနီးဖြစ်သူကိုထောင်ထဲက ခေါ်ထုတ်ဖို့အကွက်ချစီစဥ်ပါတော့တယ်...လူမိုက်လည်းမဟုတ် ဂိုဏ်းစတားလည်းမဟုတ်တဲ့ ရိုးရိုးသာမန်ကျောင်းဆရာတစ်ယောက်က ဘယ်လိုတွေ အသေးစိတ်စီစဥ်ပြီးဇနီးဖြစ်သူကို ကယ်တင်မလဲဆိုတော့ ဇာတ်လမ်းထဲမှာကြည့်ရှုနိုင်ပါပြီ။  File size…1.56GB / 583MB Quality…Blu-Ray 1080p 5.1 CH/ 720p Format…mp4 Duration….1h 36m Genre ..... Crime , Drama ...
movie

Anything for Her (2008)

Confidential Informant (2023)
Confidential Informant (2023) Confidential Informant (2023)စုံထောက်ကားတော့ စုံထောက်ကား။ ဒါပေမဲ့ စုံထောက်ကားစစ်စစ် မှုခင်းကားစစ်စစ်တွေ အသေအချာကြည့်လေ့ရှိတဲ့ အမာခံပရိသတ်ဆိုရင်တော့ဖြင့် ဒီကားကို လက်ရှောင်ကြပါ။ မျှော်လင့်ပြီးမှ စိတ်ပျက်ရတာက မကြည့်ဖြစ်လိုက်တာထက် သာလို့ဆိုးပါတယ်။ ဒါပေမဲ့ သရုပ်ဆောင်နာမည်တွေကြောင့် လာတာဆိုရင်တော့ ဘာပဲပြောပြော မျက်နှာလေးတွေကြည့်ပြီး ကျေနပ်နိုင်မှာပါ။ဒီကားရဲ့ နာမည် Confidential Informant ဆိုတဲ့အတိုင်းပဲ... ဇာတ်လမ်းကတော့ လျှို့ဝှက်သတင်းပေးတွေနဲ့ ဆက်စပ်လုပ်ကိုင်နေရတဲ့ မူးယစ်ရဲ၂ယောက်အကြောင်းပါ။ မူးယစ်လောကထဲက ရဲတစ်ယောက်ကိုသတ်သွားတဲ့ ရဲသတ်သမားကို ဖမ်းဖို့အတွက် ၂ယောက်သား လျှို့ဝှက်သတင်းပေးနဲ့ပေါင်းပြီး ကျားကုတ်ကျားခဲ ကြိုးစားကြမှာပါ။Crime Thriller ဆိုတော့လည်း Spoil မမိအောင် ပြောပြလို့ရသလောက်က ဒီလောက်ပါပဲ။ အစကတည်းကမှ ဇာတ်က ခပ်ယိုင်ယိုင်ဆို‌တော့ Spoil မိသွားရင် ကြည့်စရာ မကျန်တော့မှာစိုးလို့ ဒီလောက်နဲ့ပဲ ရပ်လိုက်ပါတော့မယ်...။အားလုံးသိကြတဲ့ မင်းသားကြီး Mel Gibson လို ထိတ်ထိတ်ကြဲဘဲကြီးအပြင် ငယ်ငယ်က ကြည့်ခဲ့ကြရတဲ့ Terminator ...
movie

Confidential Informant (2023)

2023
Game of Deceit (2023) 5.8
Game of Deceit (2023) ဒီဇာတ်လမ်းလေးဟာ "ကုန်ရှုံးတော့တစ်ခေါက် လင်ကုန်ရှုံးတော့တစ်သက်လုံးမှောက်"ဆိုတဲ့ စကားပုံလေးထဲကအတိုင်း လင်ယူမှားလို့ ဘဝပျက်လုနီးနီးဖြစ်ခဲ့တဲ့ ဂီတဆရာမလေး မာယာရဲ့ အိမ်ထောင်ရေးဇာတ်လမ်းအခြေခံထားတဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်။ ဒီဇာတ်လမ်းလေးထဲမှာ မာယာဟာ ပထမ ခင်ပွန်းဆုံးပါးသွားတာတစ်နှစ်ကြာတဲ့အခါ နောက်အိမ်ထောင်ပြုလိုက်ရာကနေစခဲ့တဲ့ဇာတ်လမ်းလေးပဲဖြစ်ပါတယ်……… မာယာရဲ့နောက်အိမ်ထောင်ဖြစ်တဲ့ အီရန် ဟာ အရက်သမား လောင်းကစားသမားဘဝနဲ့အကြွေးတွေနစ်နေတဲ့ ရဲတစ်ယောက်ပါ။ သူဟာ မဟာဖိုဝါဒီ သမားတစ်ယောက်ဖြစ်ခဲ့ပြီး ပထမအိမ်ထောင်နဲ့ကလေးနှစ်ယောက်မွေးထားသူ နောက်ထပ်ကလေးထပ်ယူဖို့ဆန္ဒ မရှိတော့တဲ့မာယာကို ဘယ်လိုတွေအတင်း အကြပ် ကိုယ်ဝန်ဆောင်ခိုင်းမလဲဆိုတာဒီဇာတ်လမ်းလေးထဲမှာကြည်ရှုခံစားရမှာဖြစ်ပါတယ် အီရန်ရဲ့အကြံအစည်ကိုဖျက်စီးဖို့ မာယာက ကျောင်းနေဖော်သူငယ်ချင်း အဲလ် နဲ့ပူးပေါင်းပြီးတော့အီရန့်ကိုလှည့်စားတဲ့အခါမှာ မာယာတို့ပဲအီရန် ရဲ့လက်ထဲက နေလွတ်မြောက်နိုင်မလား အီရန်ကပဲ လှည့်ကွက်ကိုရိပ်မိပြီး ဖျက်စီးလိုက်နိုင်မလားဆိုတာဒီဇာတ်ကားလေးထဲမှာဝင်ရောက်ကြည့်ရှုပေးကြပါဦးခင်ဗျာ....File size…(1.5 GB)/(760 MB)/(440 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:28:00 Genre...Drama, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Hein Pyae Sone 
movie

Game of Deceit (2023)

Elephant White (2011)
Elephant White (2011)   ဒီဇာတ်လမ်းလေးရဲ့‌နေရာကတော့ဘန်ကောက်မြို့တော်ကြီး။အရောင်တလက်လက်နဲ့အဆောက်အဦးတွေရဲ့အောက်မှာကတော့လူတန်းစားမျိုးစုံကရှိနေကြတယ်။ ဘန်ကောက်ရဲ့နာမည်ကြီးညငှက်လေးတို့ရဲ့လောကကလည်းတခုအပါအ၀င်ပေါ့။ဒီညငှက်လေးတွေရဲ့နောက်က လိင်လုပ်သားလုပ်ငန်းတွေမူးယစ်ဆေးလုပ်ငန်းတွေ ကလေးသူငယ်လူကုန်ကူးမှုတွေဆိုတာခွဲခြားလို့မရနိုင်တဲ့အရာတွေပါပဲ။ ဒီလောကကြီးထဲကိုရောက်လာတာကတော့ကြေးစားလူသတ်သမားကာတီချက်ခ်ျ။ အလုပ်ရှင်ရဲ့ငှားရမ်းချက်အရ သူ့သမီးဖြစ်သူကိုဆေးစွဲအောင်လုပ်ပြီးခိုင်းစားနေတဲ့ ဂိုဏ်းအဖွဲ့တဖွဲ့ကလူတွေကိုသတ်ပေးဖို့။ ဒါပေမယ့် သူလုပ်ခဲ့တဲ့လုပ်ရပ်က ဂိုဏ်အဖွဲ့နှစ်ဖွဲ့ကြားပြဿနာတွေကိုပိုရှုပ်လာစေခဲ့တယ်။ အရင်ကမိတ်ဆွေလည်းဖြစ်အခုဘန်ကောက်မှာ ကလပ်ဖွင့်နေတဲ့ ဂျင်မီဆိုတဲ့လူရဲ့အကူအညီနဲ့ဒီအဖွဲ့‌တွေကိုဖြေရှင်းဖို့ကြိုးစားနေချိန်မှာသူ့ဆီဘယ်လိုလိုက်လာမှန်းမသိတာက မေး ဆိုတဲ့ထိုင်းသူလေး။ သူရှင်းခဲ့တဲ့ နေရာကနေဘယ်လိုလိုက်လာမှန်းလဲမသိ ဒီလူကုန်ကူးတဲ့ပြည့်တန်ဆာဂိုဏ်းနဲ့လည်းပတ်သက်နေပုံရတဲ့ဒီကောင်မလေးကိုပါ ကာတီတယောက်ကာကွယ်ပေးဖို့ဖြစ်လာခဲ့ပါတယ်။ အဖွဲ့နှစ်ဖွဲ့ကြားမှာ ပိတ်မိနေတဲ့ကာတီတယောက် ဒီအဖွဲ့တွေကိုရောတားဆီးနိုင်ပါ့မလား။မေးဆိုတဲ့ကောင်မလေးရဲ့ဇာတ်လမ်းကရောဘာလဲ။ သူ့ကိုငှားခဲ့တဲ့အလုပ်ရှင်ဆိုတာရဲ့ အစစ်အမှန်ကရောဘာလဲ။ အဆုံးမှာဘာတွေဖြစ်သွားမလဲဆိုတာကိုရှူစားပေးကြပါဦး  File size…1.64GB / 724MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 31m Genre ..... Crime , Action , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Brackman
movie

Elephant White (2011)

IB 71 (2023) 8.4
IB 71 (2023) IB 71(2023)လတ်တလောထွက်သမျှမှာ အကောင်းဆုံးလို့ပြောရမယ့် IMDb 8.4/10 ရရှိထားပြီး နာမည်ကြီးမင်းသား ဗီရွတ် ပါဝင်ထားပြီး ၁၉၇၁ ခုနှစ် အိန္ဒိယန်းလေကြောင်းလိုင်း လေယာဉ်ပြန်ပေးဆွဲမှုကို အခြေခံထားတဲ့ အသစ်စက်စက်ကားလေးကို တင်ဆက်ပေးလိုက်ရပါတယ်။အိန္ဒိယနဲ့ ပါကစ္စတန်ဟာ နှစ်သုံးရာဗြိတိသျှကျူးကျော်မှုအပြီးမှာ အကြမ်းအားဖြင့် ဟိန္ဒူနဲ့ အစ္စလာမ်နိုင်ငံဆိုပြီးခွဲလိုက်ကြတာကို သိပြီးသားဖြစ်မှာပါ။ အဲ့လိုကွဲပြီးနောက်ပိုင်းမှာလည်း သီးဖြားဖြစ်သွားတဲ့ညီအစ်ကိုနိုင်ငံနှစ်ခုရဲ့ အားပြိုင်မှု တင်းမာမှုတွေဟာ လျော့ကျသွားခြင်းမရှိပါဘူး။ အချင်းချင်း သူလျှိုတွေလွှတ် သတင်းတွေယူနဲ့ နိုင်သူစားကြေးအကွက်တွေပြိုင်နေကြတုန်းပါပဲ။ဒီလိုနဲ့ တဖြည်းဖြည်းအားပြိုင်ရင်း တစ်ချိန်မှာတော့ အကြိမ်ကြိမ်စစ်ရှုံးခဲ့တဲ့ ပါကစ္စတန်ဟာ တရုတ်နဲ့ပေါင်းပြီး စစ်မီးပြန်ညှိဖို့ကြိုးစားလာပါတော့တယ်။ ကျူးကျော်မှုလုပ်ပါတော့မယ်ဆိုတဲ့ သတင်းရတဲ့အချိန်မှာ အိန္ဒိယအတွက်ပြင်ဆင်ချိန်ဟာ အရမ်းကိုနည်းနေပါပြီ။ ပြည်တွင်းစစ်နဲ့တင် ငါတို့ကိုအာရုံမရဘူးဆိုပြီး လျှော့တွက်ထားခဲ့တဲ့အိန္ဒိယအတွက် ရွေးချယ်စရာကတော့ တစ်ခုပဲရှိပါတယ်။ဒါပေမယ့် ဒီတစ်ခုတည်းသောရွေးချယ်မှုဟာလည်း ဗုံးကိုလက်ထဲကိုင်ထားပြီး စနက်တံဖြုတ်ရမယ့်အကွက်ဖြစ်နေတဲ့အခါ ဘယ်လိုအကွက်တွေထုတ်သုံးပြီး ဘယ်လိုနိုင်ငံရေးလှည့်ကွက်တွေနဲ့ အကွက်ရွှေ့သွားမယ်ဆိုတာကို စိတ်ဝင်တစားကြည့်ရှုရမယ့်ကားလေးမို့ ကြည့်ရှုအားပေးကြပါဦးနော်။ အညွှန်းကိုတော့ Aditi ရေးသားထားပြီး Aditi, V, Thaik San, BpLတို့မှ ဘာသာပြန်တင်ဆက်ထားတာပဲဖြစ်ပါတယ်။ File size…2.07GB / 840MB Quality…1080p WEB DL /720p Format…mp4 Duration….1h 57m Subtitle….Myanmar Subtitle ...
movie

IB 71 (2023)

2023
PULAU (2023)
PULAU (2023) PULAU (2023)**************သရဲကားခပ်ကောင်းကောင်းကြိုက်သူတွေအတွက် လူသူမဲ့ကျွန်းပေါ်ကိုအလည်ခေါ်သွားမဲ့ မလေးရှားသရဲကားကောင်းကောင်းလေးတစ်ကားပါ။ဇာတ်ကြောင်းကတော့ ခက်တို့ သူငယ်ချင်း၇ယောက် အားလပ်ရက်အပန်းဖြေခရီးထွက်ရင်းလူသူမဲ့ကျွန်းကြီးတစ်ခုအနီးမှာရေသွားကူးဖြစ်ကြပါတယ်။နယ်ခံလှေဆရာကြီးပြောပြတာတော့ အဲ့ဒီကျွန်းဟာ တားမြစ်ထားတဲ့ကျွန်း၊လူသူမနေတဲ့အပြင် ကျွန်းရဲ့ သမိုင်းကလည်းမကောင်းလှဘူး။လွန်ခဲ့တဲ့ နှစ်နှစ်ရာလောက် အဲ့ကျွန်းပေါ်ကနေထိုင်သူတိုင်းဟာကျိန်စာမိသွားပြီး သေဆုံးသွားကြတာ အလောင်းတောင်ရှာမရဘူးတဲ့....။ခက်တို့က လူငယ်တွေပီပီ စူးစမ်းသွားကြည့်ချင်ပေမယ့် လှေဆရာကြီးကလိုက်မပို့ရဲတာနဲ့မရောက်ဖြစ်ခဲ့ဘူး...။ဖြစ်ချင်တော့ ဒီပုံပြင်ကိုမယုံတဲ့ အခြားလူငယ်အုပ်စုတစ်ခုနဲ့စကားအချေအတင်ဖြစ်ရင်း အလောင်းအစားတစ်ခုလုပ်မိတယ်...။လောင်းကြေးကတော့ ရှုံးတဲ့အဖွဲ့ အဲ့ကျွန်းမှာ တစ်ညသွားအိပ်ကြေး....။ကံဆိုးချင်တော့ ခက်တို့အဖွဲ့ရှုံးသွားပြီး အဲဒီကျိန်စာသင့်လူသူမဲ့ကျွန်းမှာတစ်ညသွားအိပ်ရပါတော့တယ်...။မလေးရှားသရဲကားဖြစ်လို့ ကြောက်ဖို့မကောင်းမှာ မပူရတဲ့အပြင်သရုပ်ဆောင်လူငယ်တွေကလည်းအဆင်တွေချည်းပါ။ခက်တို့ အုပ်စုရော အဲ့ကျွန်းပေါ်ကနေ အသက်ရှင်လျက်ပြန်ထွက်လာနိုင်ပါ့မလားဆိုတော့....။File Size : 2.36GB,1009MB Quality : WEB-DL 1080P,720p Format : mp4 Duration : 01:51:00 Genre : Horror, Thriller, Adventure Subtitle : Myanmar Subtitle (Hard Sub) Translated by Themes Encoded by Tiff
movie

PULAU (2023)

Chakravyuham (2023) 9.4
Chakravyuham (2023) Chakravyuham-The Trap (2023)IMDb-9.3/10ရုံတင်ငွေ ၂ ကုဋေခွဲအမြတ်ရရှိထားပြီး Ajay ပါဝင်ထားတဲ့ လှည့်ကွက်ပရိယာယ်လေးတွေနဲ့ ထောင်ချောက်ဆိုတဲ့ကားလေးဖြစ်ပါတယ်ရှရီနဲ့ ဆန်ဂျေးဆိုတာသိပ်ချစ်လွန်းလို့လက်ထပ်ထားကြတဲ့ ဇနီးမောင်နှံတွေပါ တစ်နေ့ရှရီ့ကို အိမ်ထဲမှာပဲ ရက်ရက်စက်စက် လည်လှီးအသတ်ခံထားရတာတွေ့ရပါတယ် အပြင်ကနေခိုးဖျက်ဝင်ထားတဲ့ လက္ခဏာလည်း ရှိမနေတော့ အတွင်းလူလက်ချက်လို့ပဲ ထင်ကြတာပေါ့ အင်စပက်တာဆပ်တရာကတော့ ဒါဆန်ဂျေးလက်ချက်လို့ပဲ စတွေ့ခဲ့တည်းကထင်နေတော့တာပဲ တစ်ခုပြီးတစ်ခုရှာတွေ့တဲ့သက်သေတွေကလည်း ဆန်ဂျေးလို့ပဲညွှန်နေကြတယ် ဆန်ဂျေးခမျာအိမ်ထဲမှာပဲ ချစ်ဆုံးဇနီးရက်ရက်စက်စက်သတ်ခံထားရလို့ စိတ်ထိခိုက်ရတာတစ်ဖက် လူသတ်မှုကိုအပြစ်ကင်းကြောင်းသက်သေမပြနိုင်တာက တစ်ဖက်ပေါ့ တကယ်ပဲ သူကိုယ်တိုင်ရှရီ့ကိုသတ်ခဲ့တာလားဇာတ်လမ်းနာမည်လေးအတိုင်း သူပါထောင်ချောက်ဆင်ခံရလားဆိုတာ သက်သေတွေနဲ့အတူ ပရိသတ်ကြီးပါ စီးမျောခံစားဖော်ထုတ်ကြည့်ပါဦး(အညွှန်းနဲ့ ဘာသာပြန်သူတွေကတော့ V ~ Yunni ~ BpL ~ Thaik San တို့ပဲဖြစ်ပါတယ်) File size…1.5GB / 607MB Quality…1080p WEB DL AAC 5.1CH / 720p Format…mp4 Duration….1h 51m Subtitle….Myanmar Subtitle(Hard Sub) Encoder….YK Translated by V ~ Yunni ~ BpL ~ Thaik San
movie

Chakravyuham (2023)

2023
Homestead (2023)
Homestead (2023) အခုပရိတ်သတ်ကြီးအတွက် american western thriller ဇာတ်လမ်းကောင်းလေးတစ်ခုကို တင်ဆက်ပေးသွားမှာပါ ဇာတ်လမ်းအကျဉ်းချုပ်ကတော့... အိုင်ရင်း သူ့အစ်ကိုနဲ့ သူ့အမေတို့ဟာ သူတို့အတိတ်မှာဆိုးရွားတဲ့ကံကြမ္မာတစ်ခုကိုရင်ဆိုင်ပြီးတဲ့နောက်မှာတော့ သူ့အဖေနဲ့အတူတူ လက်ရှိသာယာတဲ့ခြံလေးမှာ နေထိုင်နေပါတယ် အိုင်ရင်းဟာ သွက်သွက်လက်လက်နဲ့ လူတွေအပေါ်မှာ သိပ်ပြီးယုံကြည်တတ်တဲ့သူမဟုတ်ပါဘူး တစ်နေ့မှာတော့ သူတို့ခြံလေးကို ရထားလမ်းဖောက်ဖို့ကိစ္စနဲ့ပတ်သက်ပြီး လူစိမ်းတစ်ယောက် ရောက်လာခဲ့ပါတယ် သူတို့ခြံဝင်းတစ်ဝိုက်ကို လှည့်လည်စစ်ဆေးခွင့်တောင်းလိုက်ပြီး နောက်ကျသွားတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ သူတို့အိမ်မှာတည်းခိုဖို့ဖြစ်လာတဲ့ သူစိမ်းယောက်ျားကို အိုင်ရင်းကတော့ သင်္ကာမကင်းဖြစ်နေခဲ့ပေမဲ့ သူ့အမေကတော့ လှိုက်လှိုက်လဲလဲကို ကြိုဆိုနေခဲ့တာပါ.. အဲဒီသူစိမ်းယောက်ျားဟာ မိသားစုအပေါ်ကိုဂရုစိုက်တတ်ပြီး ဘဝကိုအေးအေးဆေးဆေး ဖြတ်သန်းချင်နေတဲ့ သူ့ရဲ့ဖခင်ရဲ့အတိတ်ကအရိပ်ဆိုးကြီးဖြစ်နေမှန်း အိုင်ရင်းတို့သိလိုက်ရတဲ့အခါမှာတော့ သူတို့အဲဒီနေ့ညမှာ ဘယ်လိုဖြစ်ရပ်ဆိုးတွေကိုကြုံတွေ့ရမှာလဲ...သွက်လက်ချက်ချာပြီး ငြိမ်ခံမနေတတ်တဲ့ အိုင်ရင်းတစ်ယောက် ဒီအခြေအနေဆိုးကြီးကနေ ဘယ်လိုလွတ်မြောက်အောင် ရုန်းထွက်သွားမလဲဆိုတာကို ဒီဇာတ်လမ်းမှာကြည့်ရှူရမှာပါ။ File size…(1 GB)/(440 GB)/(260 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:20:00 Genre...Horror, Thriller, Western Subtitle….Myanmar ...
movie

Homestead (2023)

Agilan (2023) 4.4
Agilan (2023) Aglian 2023 Action/Drama/Thrillerကွန်တိန်နာနံပါတ်ကြည့်ရုံနဲ့ အာဂီလန်ပိုင်မှန်းသိရင် အဲ့ဒီကွန်တိန်နာကို ထိကို မထိရဲလောက်တဲ့ထိ ဖိန့်ဖိန့်တုန်အောင် ဩဇာအာဏာကြီးလှတဲ့ ဆိပ်ကမ်းဘုရင်လူမိုက်ကြီး အာဂီလန်.... ဒီလူမိုက်ကြီးအာဂီလန့်နေရာကို သရုပ်ဆောင်ထားတာကလဲ အက်ရှင်ဇာတ်ကြမ်းတွေနဲ့ နာမည်ကြီးလာတဲ့ မင်းသား Jayam Raviဆိုတော့ ဒီအက်ရှင်ကားက သွေးသံတရဲရဲနဲ့ အစဆုံးကြည့်ချင်နေမှာအသေချာပါပဲ...အိန္ဒိယသမုဒ္ဒရာရဲ့ဘုရင်လို့တောင် တင်စားရတဲ့အာဂီလန်ဟာ ဆိပ်ကမ်းက ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းတွေအားလုံးကို ထိန်းချုပ်ထားတဲ့ဆိပ်ကမ်းလူမိုက်ကြီးတစ်ဦးပဲဖြစ်ပါတယ်။ ဒုစရိုက်လောကမှာ နာမည်ကျော်တဲ့ ကပူးရ်ကတော့ ငွေကြေးအတုလုပ်ငန်းကို ကုန်စည်ပို့ဆောင်ရေးနဲ့ တွဲဖက်လုပ်ကိုင်နေတာဖြစ်ပြီး မူးယစ်ရာဇာ ပါရန်ဒါမန်ကတော့ ကပူးရ်အတွက် အလုပ်လုပ်ပေးနေတဲ့ ဒုစရိုက်လောကသားပဲဖြစ်ပါတယ်။သူတို့တွေရဲ့ တရားမဝင်လုပ်ဆောင်မှုတွေကို အာဂီလန်က ထိန်းချုပ်ပေးနေတာပါ။ ဒီလိုမျိုး အာဂီလန်ကချုပ်ကိုင်ထားတဲ့အတွက် ဘယ်အရာကမှ ဝင်စွက်ဖက်လို့မရပါဘူး။ ဒါပေမဲ့ "မကောင်းမှုဟူသည် ဆိတ်ကွယ်ရာမရှိ"ဆိုတဲ့အတိုင်း လိမ်လည်လှည့်ဖြားမှုတွေ တစ်စတစ်စပေါ်လာတဲ့အခါမှာတော့...အာဂီလန်ဘယ်လိုတွေဆက်လုပ်မလဲ။ ဘယ်လိုမျိုးစိတ်ဝင်စားစရာဇာတ်ကြောင်းတွေ ထွက်ပေါ်လာဦးမလဲဆိုတာကို အက်ရှင်အကြမ်းစားတွေနဲ့ စိတ်ဝင်တစားကြည့်ရှုကြရမှာဖြစ်ပါတယ်။ File size…2.23GB / 1.14 GB Quality…1080p WEB DL / 720p Format…mp4 Duration….2h 13m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie

Agilan (2023)

2023
Unseen (2023) 5.6
Unseen (2023)  IMDb 5.6/10 ထိရရှိထားပြီးHorror & thriller အမျိုးအစားဖြစ်ပါတယ် ရည်းစားနဲ့လမ်းခွဲတဲ့အခါကိုယ့်ရည်းစားကစိတ္တဇဟုတ်မဟုတ်အရင်စစ်ဆေးကြည့်တာမမှားပါဘူး မှန်ကြောင်မလေးအမ်မလီကတော့သူ့ကိုမမေ့နိုင်တဲ့‌စိတ္တဇရည်းစားဟောင်းချာလီပြန်ပေးဆွဲတာကိုခံလိုက်ရပါတယ် အမ်မလီကချာလီ့လက်ကနေထွက်ပြေးဖို့ကြိုးစားပေမဲ့မျက်မှန်မရှိတော့လို့ဘာကိုမှကောင်းကောင်းမမြင်ရတော့ပါဘူး အဲဒီအချိန်မှာအမ်မလီတစ်ယောက်ဖုန်းဆက်ရင်းဘယ်သူမှန်းမသိတဲ့သူတစ်ယောက်ကိုအကူအညီလှမ်းတောင်းရပါတော့တယ် မမြင်ရတဲ့အမ်မလီနဲ့အကူအညီပေးတဲ့သူတို့ပူးပေါင်းပြီးချာလီရဲ့လက်ကလွှတ်မြောက်နိုင်မလား၊ သူတို့ဘာတွေဆက်ဖြစ်ကြမလဲဆိုတာကိုရင်တမမနဲ့စောင့်ကြည့်ရမှာပါ။File size…(1.3 GB)/(730 MB)/(360 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:16:00 Genre...Horror, Mystery, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Khunn
movie

Unseen (2023)