Channel Myanmar

Thelma & Louise (1991)

AdventureCrimeDramaThriller

7.5
IMDB: 7.5/10 votes

62667

Report error

 

ဂန္တဝင်​လက်ရာ​တစ်ခုဖြစ်တဲ့​ ဒီရုပ်ရှင်ကိိုတော့ ရုပ်ရှင်​ဝါသနာပါသူတွေ ကြားဖူးကြမှာပါ။ ဇာတ်လမ်း​က​ Road​ Film အမျိုးအစား​ပါ။ ဇာတ်အိမ်တစ်ခုလုံးကို​ အဝေးပြေးလမ်းမကြီးတွေပေါ်မှာ တည်ထား​ပြီး​ ဇာတ်​ကောင်တွေ​ လမ်း​ခရီး​တစ်လျှောက်​ကြုံတွေ့​ခဲ့တဲ့​အဖြစ်သနစ်တွေကို​ တင်ဆက်​ထားတဲ့​ဇာတ်​လမ်းမျိုးပါ။ Little​ Miss​ Sunshine​ နဲ့ Natural Born Killers တို့လို Road Films တွေကိုနှစ်သက်ရင်တော့​ ဒီရုပ်ရှင်ကိုလည်း အကြိုက်တွေ့ပါလိမ့်မယ်။ ဒီ​ရုပ်ရှင်​ရဲ့​ဒါရိုက်တာ​ကတော့​ ဂန္တဝင်​ဒါရိုက်တာကြီး Ridley​Scott​ ဖြစ်ပြီး​ ၁၉၉၁ ခုနှစ်မှာထွက်ရှိခဲ့တာဖြစ်ပါတယ်။ Adventure​/Drama/Crime ရုပ်ရှင်​အမျိုးအစား​ဖြစ်ပြီး​ သူ့ရဲ့​ အကောင်း​ဆုံးလက်ရာတွေထဲကတစ်ခုအဖြစ်သတ်မှတ်ခံရတဲ့​ ရုပ်ရှင်​လည်းဖြစ်ပါတယ်။ ရာဇဝတ်မှု​တစ်ခုကျူးလွန်မိပြီးနောက်​ ထွက်ပြေး​တိမ်း​ရှောင်​ဖို့ကြိုးစားတဲ့​Thelma​ နဲ့​ Louise ဆိုတဲ့​ အမျိုးသမီး​နှစ်​ယောက်​ရဲ့​အ​ကြောင်းကို​ တင်ဆက်ထားတာဖြစ်ပါတယ်။

ဇာတ်လမ်း​အကျဥ်း​ကတော့​ Thelma ဟာ​ ခင်​ပွန်း​ဖြစ်သူရဲ့ ဖိနှိပ်​ချုပ်ချယ်​ခြင်းကိုခံနေရတဲ့​ ရိုးရိုးအအ အိမ်​ထောင်ရှင်တစ်ဦးဖြစ်ပြီး​ သူ့သူငယ်ချင်းဖြစ်သူ​ Louise ကတော့​ အတိတ်က​စိတ်​ဒဏ်ရာတစ်ခုကိုခံစား​နေရတဲ့​ စားပွဲထိုးတစ်ဦးပါ။ သူတို့​နှစ်ယောက်​လုံးက​ သူတို့​ရဲ့ပတ်ဝန်းကျင်လူမှုအသိုက်အဝန်းကို စိတ်ကုန်နေတဲ့​ သာမန်​မိန်းကလေး​တွေဖြစ်ကြပြီး​ စိတ်​ပြေလက်ပျောက်ဖြစ်ဖို့အတွက် နှစ်ယောက်သား​ အပန်းဖြေခရီးထွက်လာကြပါတယ်။ လမ်းခုလတ်​မှာတော့​ ရာဇဝတ်မှု​တစ်ခုကို​ မတော်တဆ​ကျူးလွန်​မိရာကနေ ဥပဒေ​လက်ကနေထွက်ပြေးဖို့​ အသည်း​အသန်ကြိုးစားကြရပါတော့တယ်။ 1991​ ကထွက်ရှိခဲ့တဲ့ ဒီအမေရိကန်ရုပ်ရှင်ဟာ​ အောင်မြင်​မှုအကြီးအကျယ်ရရှိခဲ့ပြီး အကောင်း​ဆုံးရုပ်ရှင်တွေထဲက​ တစ်ခုအဖြစ်သတ်မှတ်ခံရပါတယ်။ ဒါရိုက်တာ​ဆု​အပါအဝင်အော်​စကာဆု ၆ခု ဆန်ကာတင်ဝင်ပြီး​ အကောင်း​ဆုံးဇာတ်ညွှန်းဆုနဲ့ အော်စကာရရှိခဲ့ပါတယ်။

Thelma​ နေရာသရုပ်ဆောင်တဲ့​ Geena​ Davis နဲ့​ Louise နေရာမှာ​သရုပ်​ဆောင်တဲ့ Susan​ Sarondon တို့နှစ်ဦးစလုံး Best Actress အဖြစ်နဲ့​ အော်စကာဆုဆန်ကာတင်ရွေးချယ်ခံခဲ့ရပါတယ်။ ဒီ​ဇာတ်​ကားက​ Brad Pitt တစ်ယောက်​ major role​ မှာ​ ပထမဆုံး​ပါဝင်ခဲ့တဲ့​ဇာတ်ကား​လည်းဖြစ်ပါတယ်။ ဒီ​ဇာတ်လမ်း​က​ လူ့အဖွဲ့အစည်းရဲ့​မိန်း​မတွေ​အပေါ်​ခွဲခြား​ဆက်ဆံ​မှု၊ ဖိနှိပ်​မှုတွေကို​ သိမ်မွေ့​စွာဖော်ညွှန်းထားပြီး​ ဇာတ်​ကောင်​မိန်းကလေးနှစ်ယောက်​ သူတို့​ရဲ့စိတ်ဒဏ်ရာတွေကနေ လွတ်မြောက်​ဖို့ရုန်းကန်​ရပုံ၊ သူတို့နှစ်ဦးအကြား​က​ သံယောဇဥ်ကြိုးတွေပိုလို့ခိုင်မြဲလာပုံကို​တင်ပြထားပါတယ်။ သူတို့ကျင်လည်နေတဲ့​ လူ့အဖွဲ့အစည်းကပေးတဲ့ ဒုက္ခ​တွေကို​ခါးစည်းခံစားရင်း​ နောက်ဆုံး​မှာ​ Thelma​ နဲ့​ Louise တို့နှစ်ယောက်​ လွတ်မြောက်​နိုင်မလားဆိုတာကို ဇာတ်လမ်း​အဆုံးထိကြည့်ရှုစေချင်ပါတယ်။ ဘာသာပြန်သူ​က​ Wolfenheim​ဖြစ်ပါတယ်။

File size…(2.2 GB)/(1.1 GB)/(670 Mb)
Quality….Webrip 1080p / 720p / 480p
Format…mp4
Duration….02:10:00
Genre…Drama, Thriller, Crime, Adventure
Subtitle….Myanmar Subtitle (Hardsub)
Encoder….Mr. Anderson
Translated by Wolfemhein



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

Thelma & Louise (1991)
Thelma & Louise (1991)
Thelma & Louise (1991)
Thelma & Louise (1991)
Thelma & Louise (1991)
Thelma & Louise (1991)
Thelma & Louise (1991)
Thelma & Louise (1991)
Thelma & Louise (1991)
Thelma & Louise (1991)
Thelma & Louise (1991)
Thelma & Louise (1991)
Thelma & Louise (1991)
Thelma & Louise (1991)


No downloads available

Genres



Related movies