Channel Myanmar

Thriller

Marui Video (2023) 5.6
Marui Video (2023) Marui Video (2023)Marui video ဆိုတဲ့နာမည်အတိုင်းပဲ ဗီဒီယိုတစ်ခုကနေ အစပြုခဲ့တဲ့ ခြောက်ခြားစရာဇာတ်လမ်းတစ်ပုဒ်ပါပီဒီဂင်ဆူချန်းတို့အဖွဲ့ဟာ ၁၉၉၂ ခုနှစ်မှာဖြစ်ခဲ့တဲ့ လူသတ်မှုရဲ့ ဗီဒီယိုကို ရှာတွေ့ပြီး အဲဒီလူသတ်မှုက သွေးရိုးသားရိုးမဟုတ်ဘဲ အခန်းရဲ့မှန်ထဲမှာ လူတစ်ယောက်ကို ခပ်ရေးရေးတွေ့လိုက်ရာကနေ အဲအမှုကို ဆက်လိုက်ပါတော့တယ်အနှစ် ၂၀ ကျော်ကြာသွားပြီးဖြစ်သလို ပိတ်ပြီးသားအမှုဖြစ်တဲ့အတွက် အသေးစိတ်လိုက်မှကို အဲအမှုရဲ့ ဇစ်မြစ်ကိုသိရပါတော့တယ်အဲအမှုဟာ တူးလေနက်လေဆိုသလိုပဲ ကွင်းဆက်ကကြီးကြီးလာပြီး သူတို့သာ လမ်းတစ်ဝက်နဲ့တင်ရပ်လိုက်ရင် ဇာတ်သိမ်းကတစ်မျိုးပြောင်းသွားဦးမှာပါဇာတ်လမ်းပုံစံကိုက မှတ်တမ်းရုပ်ရှင်အနေနဲ့ ရိုက်ကူးထားပြီး ရင်တထိတ်ထိတ်ကြည့်ရမယ့် Horror Thriller ကိုကြည့်လိုက်ကြပါဦးနော်အညွှန်း နဲ့ ဘာသာပြန်ကတော့ Joyz ပဲ ဖြစ်ပါတယ်။Genre..... Horror, Mystery, Thriller Quality…. 1080p | 720p | 480p File size…  1GB | 477mB | 244MB Format… mp4 Duration…. 1h 27min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Joyz Encoder ..... ...
movie

Marui Video (2023)

2023
Righteous Thieves (2023)
Righteous Thieves (2023)  Righteous Thieves ကတော့ မကြာသေးခင်မှထွက်ရှိထားတဲ့ ဒါရိုက်တာ Anthony Nardolilo ရိုက်ကူးထားပြီး Lisa Vidal, Carlos Miranda နဲ့ Jaina Lee Ortizတို့အဓိကပါဝင်ထားတဲ့ thriller ရုပ်ရှင်ဖြစ်ပါတယ် ဇာတ်လမ်းအကျဥ်း အန်နဘယ်လ်ဟာ ကာလရှည်ကြာပျောက်ဆုံးနေတဲ့ အနုပညာလက်ရာတွေ အထူးသဖြင့် နာဇီတွေ ဂျူးလူမျိုးတွေဆီကမတရားသိမ်းယူထားခဲ့တဲ့ပန်းချီတွေကို ပြန်စုဆောင်းနေတဲ့ လျှို့ဝှက်အဖွဲ့အစည်းတစ်ခုရဲ့ ခေါင်းဆောင်ပါ။ အန်နဘယ်လ်ရဲ့ဆရာ ဂျိုးဇက်ဖ်ဟာ သူ့ဘဝတစ်ခုလုံး နာဇီတွေသူ့မိသားစုဆီကခိုးယူသွားခဲ့တဲ့ ပန်းချီလက်ရာတွေကို လိုက်လံရှာဖွေရင်း ကုန်ဆုံးခဲ့တယ်။ သူ့ဆရာရဲ့မပြီးမြောက်သေးတဲ့ရည်မှန်းချက်ကို အန်နဘယ်လ်ကဆက်အကောင်အထည်ဖော်ဖို့ စိတ်ပိုင်းဖြတ်ထားတယ်။ ခုလက်ရှိမှာ ပန်းချီကားတချို့ဟာ ဂျာမန်လူမျိုးအရင်းရှင် အိုတိုဟိုင်ဇန်ရဲ့လက်ထဲမှာရှိနေပါတယ်။ အဲဒါတွေကိုပြန်ယူဖို့ အန်နဘယ်လ်နဲ့သူ့ညာလက်ရုံးအက်ဒီတို့ လူစုဆောင်းကြတာမှာ လူစီ (ဟက်ကာ)၊ နာဒီယာ (သော့ဝိဇ္ဇာ) နဲ့ လူမိုက် ဘရူနိုတို့က အဖွဲ့ဝင်တွေဖြစ်လာကြတယ်။ ဟိုင်ဇန်ရဲ့ အန္တရာယ်များတဲ့အစောင့်တွေ ဇီဝမက်ထရစ်သော့တွေ နည်းပညာတွေနဲ့ အထပ်ထပ်ကာကွယ်ထားတဲ့ ပန်းချီကားတွေကို ဥပဒေဘောင်အတွင်းကနေ ...
movie

Righteous Thieves (2023)

Blue Thunder (1983)
Blue Thunder (1983) ၁၉၈၃ခုနှစ် မေလ၁၃ရက်နေ့မှာ ထွက်ရှိခဲ့တဲ့ Blue thunder ဟာဆိုရင် action thirller ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။ ၁၉၇၅ နဲ့ ၁၉၇၈ ခုနှစ်တို့မှာ ထွက်ရှိခဲ့တဲ့ Jaws , Jaws2 စတဲ့ရုပ်ရှင်တွေနဲ့ နာမည်ကြီးတဲ့ မင်းသား Roy Scheiderမှ Frank Murphy နေရာမှ ပါဝင်သရုပ်ဆောင်ထားတဲ့အပြင် home alone ဇာတ်ကားတွေထဲက သူခိုးအဖြစ်နာမည်ကြီး သွား Daniel Stern က richard lymangoodaနေရာမှ ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဒီဇာတ်လမ်းရဲ့ အသွားကတော့ ဖရန့်ခ်မာဖီဆိုတဲ့ ရဲရင့်တဲ့ လော့စ်အိန်ဂျယ်လိစ် ရဲအရာရှိက အသစ်‌ရောက်ရှိလာတဲ့ blue thunder အမည်ရှိတဲ့ အဆင့်မြင့် နည်းပညာတွေတပ်ဆင်ထားတဲ့ တိုက်ခိုက်ရေးသုံး ဟယ်လီကော်ပတာ တစ်စီးကို စမ်းသပ်ဖို့‌ရွေးချယ်ခံခဲ့ရပါတယ်တယ်။ဒါပေမယ့် သူနဲ့ သူပါတနာက ဟာ Blue thunder ကိုပျံသန်းနေစဥ်မှာပဲ အစိုးရက ...
movie

Blue Thunder (1983)

The Hole in the Fence(2021) 6.1
The Hole in the Fence(2021) ပရိတ်သတ်ကြီးကို 2021မှာ ထွက်ခဲ့တဲ့ စပိန်ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးပါမယ်ဒီဇာတ်ကားလေးကတော့ ချမ်းသာတဲ့မိသားစုကနေ ဆင်းသက်လာတဲ့ ကျောင်းသားလေးတွေက လော့စ် ပိုင်းနို့စ်လို့ခေါ်တဲ့ နွေရာသီ ဘာသာရေးစခန်းတစ်ခုကို လာရောက်ကြတဲ့အကြောင်းပဲဖြစ်ပါတယ်။ လော့စ်ပိုင်းနို့စ် ဟာ မြို့ပြင်မှာ သီးခြားတည်ရှိတဲ့ စခန်းတစ်ခုဖြစ်ပြီး သူ့ရဲ့ပတ်ဝန်းကျင်မှာတော့ ချို့တဲ့သော လူတန်းစားတွေနေထိုင်ကြတာပဲဖြစ်ပါတယ်။ စခန်းရဲ့ ရည်ရွယ်ချက်ကတော့ ငယ်ရွယ်တဲ့ ကောင်လေးတွေကို ယောက်ျားတစ်ယောက်အဖြစ် ပြောင်းလဲပေးဖိုပါပဲ။ တစ်နေ့မှာတော့ ကျောင်းသားတွေဟာ စခန်းထဲမှာ ကွင်းဆင်းလေ့လာနေရင်း စခန်းကိုကာရံထားတဲ့ ခြံစည်းရိုးကို တစ်ယောက်ယောက်က အပေါက်ဖေါက်ထားတာကိုတွေ့မိကြပါတယ်။ ဒီအဖြစ်အပျက်ကနေစလို့ ပိုပြီးထူးဆန်းတဲ့အဖြစ်အပျက်တွေ တစ်ခုပြီးတစ်ခုဖြစ်လာတဲ့အခါမှာတော့ စခန်းပတ်ဝန်းကျင်ရဲ့ အခြေအနေအမှန်တွေ ဆရာတွေရဲ့ ရည်ရွယ်ချက်အမှန်တွေ တဖြည်းဖြည်းပေါ်ပေါက်လာတာကို စိတ်ဝင်တစား ကြည့်ရှုရမှာပါ။ဘာသာရေးနဲ့သက်ဆိုင်တဲ့ ဇာတ်လမ်းတွေကို နှစ်ခြိုက်သူတွေနဲ့ ဆယ်ကျော်သက်ဘဝ ဇာတ်လမ်းတွေကို သဘောကျတဲ့သူတွေအတွက် ကြည့်ရှုသင့်တဲ့ ဇာတ်ကားကောင်းတစ်ကားပဲဖြစ်ပါတယ်။ File size…2.27GB / 0.99GB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 40m Genre ..... Drama , ...
movie

The Hole in the Fence(2021)

Control(2004) 6.2
Control(2004) အကျင့်ဟောင်းတွေဆိုတာက ဖျောက်ဖို့ခက်ပါတယ်။ ဒါပေမဲ့ လူတွေရဲ့အကျင့်ဆိုးတွေကိုပျောက်သွားစေမဲ့ ဆေးဆိုတာပေါ်လာခဲ့ရင်ရော ဘယ်လိုဖြစ်သွားမလဲ။ လီ‌ရေးလ်ဟာ ကလေးဘဝတုန်းကကြုံခဲ့ရတဲ့စိတ်ဒဏ်ရာတွေကြောင့် အသက်ကြီးလာတဲ့အခါမှာလည်း လူဆိုးတယောက်ဖြစ်လာခဲ့ပါတယ်။ တစ်နေ့မှာ သူကျူးလွန်ခဲ့တဲ့ လူသ-တ်မှုတွေကြောင့် သူ့ကို ဆေးထိုးသ-တ်ဖို့ တရားရုံးကအမိန့်ချမှတ်လိုက်ပါတယ်။ ဒီလိုနဲ့သေဒဏ်ကိုကျခံခဲ့လိုက်ရပေမဲ့လည်း သူကတကယ်မသေသေးပဲ သူ့ရဲ့ဘဝမှာကောင်းတာတစ်ခုလောက်လုပ်ဖို့ အခွင့်အရေးပေးလာခဲ့ပါတယ်။ အဲတာကတော့ အန်နာဂရက်စ်ဆိုတဲ့ စိတ်ကို ပြောင်းလဲစေပြီး အပြုအမူတွေကိုပါပြောင်းလဲပေးတဲ့ ဆေးစမ်းသပ်ချက်မှာပါဝင်ပေးဖို့ပါ။ ဆေးကလည်းအသစ်ဖြစ်တဲ့အပြင် အခုမှလူတွေအပေါ်မှာစတင်စမ်းသပ်မှာဖြစ်လို့ ဘယ်လိုဘေးထွက်ဆိုးကျိူးတွေရှိလည်းဆိုတာကိုမသိရသေးတဲ့ဆေးပါ။ ဒီလိုနဲ့ သူ့အတွက်လည်းရွေးချယ်စရာမရှိတဲ့အခြေအနေဖြစ်နေတာမလို့ စမ်းသပ်ခံလုပ်ပေးဖို့ သဘောတူလိုက်ရပြီး ဆေးကတကယ်ပဲ အာနိသင်သက်ရောက်မလား၊ ဘေးထွက်ဆိုးကျိုး တွေရှိပြီးသူ့ရဲ့အတိတ်ဟောင်းကလိုက်ပြီး ခြောက်လှန့်နေဦးမလား ဆိုတာကို အကြမ်းအရမ်းအက်ရှင်ခန်းတွေနဲ့ကြည့်ရှုကြရမှာပါ။Goodfellas မှာသရုပ်ဆောင်ခဲ့တဲ့ မင်းသားကြီး Ray Liotta နဲ့ Green Goblin နေရာမှာသရုပ်ဆောင်ခဲ့တဲ့ မင်းသားကြီး Williem Dafoe တို့ပါဝင်သရုပ်ဆောင်ထားတဲ့ အက်ရှင်ကားလေးဖြစ်လို့ ကြည့်ရှုလိုက်ကြပါဦးဗျ။ File size…1.95GB / 717.5MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 44m Genre ..... Action ...
movie

Control(2004)

Bullitt (1968) 7.4
Bullitt (1968) Bullitt (1968)~ IMDb - 7.4/10, RT - 98%, Meta - 81% ~၁၉၆၈ ခုနှစ်က မှုခင်းအက်ရှင်ဇာတ်ကားတစ်ပုဒ်ကို တင်ဆက်ပေးချင်ပါတယ်။ တစ်ချိန်က ရွှေထီးဆောင်းခဲ့တဲ့ Warner Bros. production ရဲ့ ဇာတ်ကားကြီးပေါ့။ အဲဒီခေတ်က အကြီးကျယ်အခမ်းနားဆုံးဆိုတဲ့ ဆန်ဖရန်စစ်စကိုလမ်းမပေါ်မှာ ကားချင်းယှဉ်မောင်းပြီး လူဆိုးလိုက်ဖမ်းတဲ့ဇာတ်ဝင်ခန်းက သမိုင်းတွင်ခဲ့ပါသတဲ့။ ဇာတ်ကားက Box Office မှာလည်း Hit ဖြစ်ခဲ့ပြီး လေးသန်းလောက်သုံး၊ သန်းလေးဆယ်ကျော်ပြန်ရခဲ့တာဆိုတော့ ဒီဘက်ခေတ်ငွေတန်ဖိုးနဲ့တွက်ကြည့်ရင် တကယ့်ငွေပမာဏပဲဗျ။အော်စကာဆုပေးပွဲကြီးမှာလည်း ရုပ်ရှင်တည်းဖြတ်ဆုကို ထိုက်ထိုက်တန်တန် ရခဲ့တဲ့ဇာတ်ကားကြီးပါ။ ဒီဘက်ခေတ်အမြင်နဲ့တော့ သိပ်မစွံလှဘူးပေါ့လေ။ အမေရိကန် ရုပ်ရှင်ထိန်းသိမ်းရေးအဖွဲ့ကြီးက ရွေးချယ်လိုက်တဲ့ သမိုင်းအရ၊ ယဉ်ကျေးမှုအရ၊ လှပမှုအရ ထူးခြားပြောင်မြောက်သော ဇာတ်ကားကြီးပါတဲ့ဗျို့။ ဒီတော့ ဟိုဘက်ခေတ်တွေက ဂန္ထဝင်ရုပ်ရှင်ကြီးကို ပြန်မြည်းစမ်းလို့ရပြီပေါ့လေ။မင်းသားကြီးကတော့ Steve McQueen ပဲဗျာ။ ၆၀ ခုနှစ်ရဲ့ ...
movie

Bullitt (1968)

1968
The Man from Rome (2022) 5.1
The Man from Rome (2022) The Man from Rome(2022)IMDb - 5.1/10ဥရောပအနောက်တောင်ဘက်ခြမ်း စပိန်နိုင်ငံ ဆဗီးလ်မြို့လေးက ဘုရားကျောင်းတစ်ခုမှာ ထူးထူးဆန်းဆန်း လူသေမှုတွေဟာ နှစ်ခုတောင် ဆက်နေခဲ့ပါပြီ။ ရဲဘက်ဆိုင်ရာတွေက စုံစမ်းပေမဲ့လည်း ဘယ်သူ့ပယောဂမှ မပါတဲ့ သမားရိုးကျလူသေမှုလို့သာ မှတ်ယူလိုက်ရတယ်။ ဒါပေမဲ့ လူသတ်တဲ့ဘုရားကျောင်းကြီး ဆိုပြီး ကောလဟာလတွေကတော့ ထွက်စပြုလာပါပြီ။အဲဒီဘုရားကျောင်းကတော့ Our lady of tearsလို့လည်း သိကြတဲ့ မယ်တော်မာရီတစ်ဖြစ်လဲ အပျိုစင်မာကာရေနာ ရုပ်တုရှိရာ ဘုရားကျောင်းလေးပါ။ တိုက်ဆိုင်ချင်တော့ အဲဒီဘုရားကျောင်းမြေကို ဝယ်ယူပြီး စီမံကိန်းချကာ အဆောက်အဦးတွေ ဆောက်ဖို့ ကြံစည်နေတဲ့ ကုမ္ပဏီတစ်ခုကလည်း ရှိနေပြန်ပါတယ်။ ဒါပေမဲ့ ဘုရားကျောင်းကို ပိုင်ဆိုင်သူ ဘရူနာမိသားစုကတော့ မိသားစုအမွေအနှစ်မို့ မရောင်းချင်ပါဘူး။ အဲဒီကြားထဲမှာပဲ လူသေမှုနှစ်ခုက ဖြစ်သွားတော့ ဘုရားကျောင်းအိုကြီးကို ဖြိုချဖို့ ရာခိုင်နှုန်းက ပိုများလာပါတယ်။တစ်ဖက်မှာလည်း ပုပ်ရဟန်းမင်းကြီးရဲ့ ကွန်ပျူတာ hackခံလိုက်ရပြီး လက်သည် hackerက မာကာရေနာဘုရားကျောင်းကို ဖြိုချခံရမဲ့အရေးကနေ ကယ်တင်ဖို့တောင်းပန်လွှာတစ်စောင်ကို ချန်ရစ်ခဲ့တော့ သက်ဆိုင်ရာ ဂိုဏ်းချုပ်ဘုန်းတော်ကြီးတွေအနေနဲ့ ထောက်လှမ်းရေးပိုင်းက ဖာသာတစ်ယောက်ကို စုံစမ်းဖို့အတွက် လွှတ်လိုက်ရပါတယ်။အဲဒီလိုစုံစမ်းရာကနေ ...
movie

The Man from Rome (2022)

2022
The Devil Conspiracy (2022)
The Devil Conspiracy (2022) The Devil Conspiracy (2022)ကမ္ဘာဦးအစ ဒုတိယနေ့ အာရုဏ်ဦးမှာ ဘုရားသခင်ဟာ ကောင်းကင်ဘုံနဲ့ မြေကြီးကို ဖန်ဆင်းတော်မူခဲ့ပါတယ်။ ပြီးနောက် ကြီးမြတ်တော်မူသော နတ်သားတွေကို ဖန်ဆင်းခဲ့တယ်။ အဲဒီနတ်သားတွေဟာ ကောင်းကင်မှာ စံပယ်ကြတယ်။ ဘုရားသခင်ရဲ့ ဖန်ဆင်းမှုတွေထဲ အရေးအပါဆုံးတစ်ခုဖြစ်ခဲ့တဲ့ လူစီဖာဟာ အဲဒီနတ်သားတွေထဲက တစ်ယောက်ပေါ့။ လူစီဖာဟာ မောနင်းစတားလို့အမည်တွင်တဲ့အထိ ကောင်းမြတ်ခြင်းတွေ ပြည့်နေသလို တစ်ချိန်တည်းမှာ မာနနဲ့အတ္တကလည်းကြီးပြန်တယ်။ ဒီတော့ လူစီဖာက ဘုရားသခင်ကို ပုန်ကန်ပြီး ကိုယ်ပိုင်အာဏာဖန်တီးဖို့ ဆုံးဖြတ်ခဲ့တယ်။ တခြားနတ်သားတွေကိုလည်း စည်းရုံးခဲ့တယ်။ ဒီနောက် မိုက်ကယ်နဲ့ တိုက်ခိုက်ခဲ့တယ်။ မိုက်ကယ်နဲ့လူစီဖာဟာ ကောင်းကင်တလင်းမှာ စီးချင်းထိုးကြတယ်။ဒီဇာတ်လမ်းက လူစီဖာ ဘုရားသခင်ကို ပုန်ကန်လို့ မိုက်ကယ်နဲ့ လူစီဖာ စစ်ခင်းကြတဲ့အချိန်က စတယ်။ မိုက်ကယ်နဲ့ လူစီတိုက်ခိုက်ကြရင်း လူစီဖာ ကောင်းကင်ဘုံက ပြုတ်ကျလာတယ်။ ကမ္ဘာပေါ် သူပြုတ်ကျသွားတဲ့ကျင်းကြီးက ငရဲထိပေါက်တယ်။ မိုက်ကယ်က လူစီဖာကို ...
movie

The Devil Conspiracy (2022)

2022
My Mom Made Me Do It (2022) 5.1
My Mom Made Me Do It (2022) My Mom Made Me Do It [Deadly Secrets] (2022) ===================================ဂျိတ်ဆိုတဲ့ထူးချွန်သူအထက်တန်းကျောင်းသူလေးဟာ သူ့အမေ ဖရီဒါနဲ့အတူ ဆွိမဲဒေါလ်ဆိုတဲ့နေရာကိုပြောင်းလာတာမကြာသေး ပါဘူး။ အမေတစ်ခုသမီးတစ်ခုဆိုပေမယ့် ဖရီဒါက နာမည်ကျော် စာရေးဆရာမဖြစ်တာကြောင့် ဂျိတ်တစ်ယောက် ငွေကြေးကိစ္စတွေ ပူပန်စရာမလိုဘဲနဲ့ အမေ့ဆီကအချစ်တွေအကုန်ရပြီး ဘဝကိုပျော် ပျော်ရွှင်ရွှင်နဲ့ဖြတ်သန်းခဲ့ရပါတယ်။ဖော်ရွေသဘောကောင်းသူလေးဖြစ်တာကြောင့် ဂျိတ်ဟာ ကျောင်း သစ်မှာလည်း သူငယ်ချင်းသစ်တွေ ချက်ချင်းကိုပဲရလာခဲ့ပါတယ်။ ဒါပေမယ့် ဂျိတ်ပျော်ရွှင်မှုတွေဟာကြာရှည်မခံပါဘူး။ ဘာကြောင့်လဲ ဆိုတော့ တစ်နေ့မှာ ဂျိတ်သူငယ်ချင်းသစ်ဖြစ်သူ ထီအန်းတစ်ယောက် အသတ်ခံခဲ့ရပါတယ်။ ဖရီဒါကလည်း ဂျိတ်ထင်ထားသလို ပြီးပြည့်စုံ သာယာနေတာမဟုတ်ဘဲနဲ့ အခက်အခဲပြဿနာတချို့နဲ့ရင်ဆိုင်နေရာကို မထင်မှတ်ဘဲသိခဲ့ရအပြီးမှာ ဂျိတ်တစ်ယောက် အမေကိုကူချင်ပေးချင် စိတ်နဲ့အန္တရာယ်များတဲ့အလုပ်တစ်ခုကိုလက်ခံလုပ်ခဲ့မိလိုက်တယ်။ဒီတော့ အဲဒီအလုပ်ကဘာဖြစ်မလဲ၊ အဲဒီအလုပ်လုပ်မိရာကနေ ဂျိတ်နဲ့ ဖရီဒါတို့ဘဝလေး ဘာဆက်ဖြစ်သွားမလဲ၊ ထီအန်းကိုသတ်တဲ့သူကရော ဘယ်သူဖြစ်နေမလဲ၊ ဂျိတ်တို့ပါအန္တရာယ်ရှိလာနိုင်မလားဆိုတာကိုတော့ ဒီ "My Mom Made Me Do It" ဇာတ်ကားလေးကိုဆက်ကြည့်ပြီးအဖြေ ရှာကြည့်လိုက်ပါဦး။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Fiona Gillen ဖြစ်ပါတယ်)File Size..........(1.44 GB) / (477 MB) / (300 MB) Quality............WEB-RIP 1080p / 720p ...
movie

My Mom Made Me Do It (2022)

2022
Folklore Qizz Class ( 2023 ) 6
Folklore Qizz Class ( 2023 ) တစ္ဆေပွဲတော် ညတစ်ည မသန့်ရှင်းတဲ့ အရာတွေ လူတွေကြားထဲကို ဝင်ရောက်ပျော်မြူးသည့်အချိန်...? ချန်ရှိူ့ မြို့တော်ကြီးမှာ ထူးဆန်း ထိတ်လန့်ဖွယ်ကောင်းတဲ့ အရာတွေဖြစ်ပေါ်လာခဲ့ပါတယ် ။ ရွှီထျန်းယို့လိုခေါ်တဲ့ ဆင်းရဲသားကောင်လေးဟာ တစ္ဆေပွဲတော်ညမှာ အစာရှာဖို့ အပြင်ထွက်ရင်း ကစားပွဲတစ်ခုကို ထူးထူးဆန်းဆန်း ကစားနေကြတဲ့ လူတစ်စုနဲ့ တွေ့ရှိခဲ့ပါတယ် ။စူးစမ်းလိုစိတ်အပြည့်ရှိတဲ့ ရွှီထျန်းယို့ဟာလဲ သူတို့နဲ့ အတူတူ ဝင်ရောက်ကစားခဲ့ပြီး အဲဲဒီလူတစ်စုဟာ သရဲတွေ ဖြစ်နေတဲ့ အကြောင်း သိရှိသွားတဲ့အခါ....? အိမ်ကို အမြန်ပြန်လာခဲ့ပေမယ့် သူရဲ့ တစ်ဦးတည်းသော မိခင်ကြီးဟာ ထူးဆန်းစွာနဲ့ သေဆုံးနေခဲ့ပါတော့တယ် ။အဲဒီ ထူးဆန်းတဲ့ ဖြစ်စဥ် ဖြစ်ပြီးချိန်မှ စတင်ပြီး မြို့တော်အတွင်း ထူးဆန်း ကြောက်မက်ဖွယ်ကောင်းတဲ့ အရာတွေကြုံလာကာ မြို့တော်ဝန်ကတော်ပါ အသက်ဆုံးရှုံးရတဲ့အထိ ဖြစ်လာခဲ့ပါတော့တယ် ။ဒီလိုနဲ့ပဲ ရွှီထျန်းယို့ကနေ စတင်ခဲ့တဲ့ ထူးဆန်းဖွယ်ရာ အမှုကို သူတို့တွေ ဘယ်လိုမျိုး စုံစမ်းရှာဖွေမလဲ? ဆိုတာ စိတ်လှုပ်ရှားစွာနဲ့ ကြည့်ရှုလိုက်ရအောင်ပါ ။ [Reviewed By Chit Mya Mya Hmwe] Quality : WEB-DL 1080p , ...
movie

Folklore Qizz Class ( 2023 )

Soo (2022) 6
Soo (2022) Soo(2022)တောမတ်စ်ဆိုတဲ့ ပန်းချီဆရာ အမျိုးကောင်းသားလေးဟာ ပြစ်သစ်နိုင်ငံ ပဲရစ်စ် ရွှေမြို့တော်ကြီးကနေ မွေးရပ်ဌာနေဖြစ်တဲ့ အက်စတိုးနီးယားက ဆိုရူးရွာကို ပြန်လည်ရောက်ရှိလာပါတယ်။သူပြန်ရောက်လာတဲ့အချိန်မှာ အစ်ကိုဖြစ်သူ ယိုဟန်နာ့စ်က မိဘဘိုးဘွားပိုင်ခြံကို ရောင်းပစ်ပြီး ခြံအသစ်မှာ လီစ်ဆိုတဲ့ ဇနီးချောလေးနဲ့ အခြေကျနေပါတယ်။တစ်နေ့တော့ ဆိုရူးရွာစပ်က နွံတွေထူထပ်တဲ့ စိမ့်တောထဲမှာ ပန်းချီဆွဲဖို့ ကုန်ကြမ်းရှာရင်း တောမတ်စ်တစ်ယောက် ဟီလ်ဒါဆိုတဲ့ ကောင်မလေးနဲ့ ဆုံစည်းမိသွားပါတယ်။ဟီလ်ဒါက အရက်သမားအဖေရဲ့ကောင်းမှုကြောင့် လူရမ်းကား မာဂျာ့ခ်နဲ့ အလိုမတူဘဲ လက်ထပ်ရတော့မလို ဖြစ်နေပြီး ခိုကိုးရာမဲ့နေသူပါ။ အဲဒီမှာ မေတ္တာတရားကြီးမားလှတဲ့ တောမတ်စ်က ကောင်မလေးအတွက် လူစွမ်းကောင်း လုပ်ပေးဖို့ ကြိုးစားတဲ့အခါမှာတော့…ပထမကမ္ဘာစစ်ကာလကို အခြေတည်ပြီး ရိုက်ကူးထားတဲ့ အက်စတိုးနီးယား ဇာတ်ကားဖြစ်ပြီးတော့ IMDb rating 6.1 ရရှိထားပါတယ်။ သည်းထိတ်ရင်ဖို ရိုမန့်ဆန်တာမျိုးကို ကြိုက်ရင်တော့ ကြည့်ပျော်တဲ့ ဇာတ်ကားမျိုးပါ။အညွှန်း နဲ့ ဘာသာပြန်ကတော့ Roman NoX ပဲ ဖြစ်ပါတယ်။Genre..... Drama, Romance, Thriller Quality…. 1080p | 720p | 480p File ...
movie

Soo (2022)

2022
To Be Killed by a High School Girl (2022) 5.5
To Be Killed by a High School Girl (2022) To be killed by a High School Girl (2022)ဒီဂျပန်ကားက တော်တော်လေးစားတယ်။ ဇာတ်အိမ်တည်ထားက သူ့နာမည်အတိုင်းပဲ အထက်တန်းကျောင်းတစ်ကျောင်းမှာ။ ဒါပေမဲ့ သူက စိတ်ပညာနဲ့ သဘာဝလွန်ကို သမပြီး မှုခင်းဒရာမာလိုလို ပြသွားတယ်။ ဒီကားရဲ့ အဓိကဇာတ်လိုက်က အထက်တန်းကျောင်းတစ်ကျောင်းက သမိုင်းဆရာ။ သူက သမိုင်းဆရာဆိုပေမဲ့ အစက စိတ်ပညာသင်ယူနေရင်းကနေ အကြောင်းတစ်ခုကြောင့် အထက်တန်းကျောင်းမှာ ဆရာဝန်လုပ်တဲ့လူ။ဆန်းတာက သူ့ရဲ့ စိတ္တဇပဲ။ ထူးထူးဆန်းဆန်းပဲ သူက သူ့ကို သတ်တာခံချင်တဲ့ရောဂါရှိနေတယ်။ ဒါပေမဲ့ တွေ့ကရာလူသတ်တာခံချင်တာမျိုးတော့မဟုတ်ဘူး။ အတိအကျဆို ၁၇နှစ်အရွယ် အထက်တန်းကျောင်းသူလေး သတ်တာ ခံချင်တာ။ ဒါတင်လားဆိုတော့ မဟုတ်သေးဘူး။ ဒီလိုသတ်တာမှာ ပလိန်းကြီးသတ်တာလည်းမခံချင်ဘူး။ သူက ပြန်ရုန်းကန် ပြန်လွတ်အောင်လုပ်ဦးမယ်။ ဒါကိုမှ ဟိုကမရမကသတ်ရမယ့် အခြေအနေကို လိုချင်တာ။ သူ့လို လူကြီးကို ကလေးမလေးက သတ်ဖို့တော့ ဘယ်လိုမှမဖြစ်နိုင်ဘူး။ဒါကြောင့်မို့ သူရွေးထားတဲ့ပစ်မှတ်က Personality တွေ ကွဲနေတဲ့ အထက်တန်းကျောင်းသူလေး။ သူ့ချည်းဆိုရင်တော့ ဒီကောင်မလေးက ...
movie

To Be Killed by a High School Girl (2022)

2022
In His Shadow(2023) 6.7
In His Shadow(2023) In His Shadow(2023)********************Ibrahim ဆိုတဲ့ကောင်လေးဟာ တစ်ဦးတည်းသောသားလေးမို့ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းနေရတဲ့ ကလေးတစ်ယောက်ပေါ့... ဒါပေမယ့် တစ်နေ့မှာတော့ သူ့ရဲ့အပျော်တွေအားလုံး ပျောက်ဆုံးရမယ့်နေ့ ရောက်ရှိလာပါတယ် ...Osumane ဆိုတဲ့ သူ့ရဲ့အဖေဟာ ခရီးတစ်ခုထွက်သွားရာကနေ ပြန်အလာမှာ မိန်းမမတစ်ယောက်ကို ခေါ်လာခဲ့ပါတယ်...အဲ့ဒီမိန်းမဟာ သူ့ရဲ့မိထွေး သူ့အဖေရဲ့ နောက်မိန်းမပေါ့... အဲ့ဒီကတည်းက ပြဿနာတွေတက်နေခဲ့ပေမယ့် သူ့ရဲ့မိထွေးက ကလေးမွေးလာတဲ့ အခါမှတော့သူဟာ ဖခင်မေတ္တာကို ရသင့်သလောက်မရနိုင်တော့ပါဘူး... အဲ့ဒီလိုပြဿနာတွေကြောင့် လုပ်မိလုပ်ရာ လုပ်ရာကနေ လူမိုက်နီးပါးကိုဖြစ်လာပါတော့တယ်..ဒါကိုသိသွားတဲ့ သူ့အဖေက သူ့ကို အိမ်ပေါ်ကနေဆင်းခိုင်းလိုက်ပါတယ်... အိမ်ပေါ်ကနေ ဆင်းသွားပြီးတော့ သူဘာတွေဆက်လုပ်မလဲ.. သူ့မိထွေးကမွေးတဲ့သူ့အဖေတူအမေကွဲညီလေးနဲ့ရော ဘယ်လိုဆက်ဆံရေးတွေ ရှိမလဲဆိုတာကိုတော့...File Size :(1.2GB) and (553MB) Quality : WEB-DL1080P5.1Ch, 720p Format…mp4 Duration…01:48:00 Genre : Crime , Drama , Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by Eric Encoded by Phyo Pyae
movie

In His Shadow(2023)

Drown (2022)
Drown (2022) Drown (2022)ဒီတစ်ခေါက်တင်ဆက်ပေးမှာတော့ horror, thriller ကိုမှစိတ္တဇဆန်ဆန် ရုပ်ရှင်ပဲဖြစ်ပါတယ် မိဘတွေရဲ့အမွေကိုဆက်ခံပြီး မိုတယ်ဖွင့်ထားတဲ့ဒိုအူဟာ သူငယ်ပြန်နေတဲ့အမေကြီးကို စောင့်ရှောက်နေတဲ့သူဖြစ်ပါတယ်တစ်ရက်မှာအမေဖြစ်သူဟာ ရုတ်တရက်ပျောက်ဆုံးပြီးတော့ ရက်အတော်ကြာတဲ့အထိ ရှာမရဖြစ်နေပါတယ် ရပ်ကွက်ထဲမှာလည်း သူ့အမေကို သူသတ်တာပါဆိုပြီး သတင်းတွေပြန့်နေပါတယ်ရပ်ကွက်မှား လူသတ်မှုတစ်ခုဖြစ်ပေါ်တဲ့အချိန်မှာ တိုက်တိုက်ဆိုင်ဆိုင်ပဲ သူ့မိုတယ်ကို ပဟေဠိဆန်တဲ့ လူငယ်တစ်ယောက်လာတည်းပါတယ် အဲလူငယ်ဟာ လူသတ်မှုနဲ့ပတ်သက်နေမလား ဒိုအူရဲ့အမေပျောက်ဆုံးတာနဲ့ ပတ်သက်နေမလားဒိုအူကရော တကယ်ပဲ အမေဖြစ်သူကိုသတ်လိုက်တာလား၊ သူ့စိတ်ကိုရော သူနားလည်သွားမလားဆိုတာကို ဒီရုပ်ရှင်မှာကြည့်လိုက်ကြပါဦးနော်အညွှန်း နဲ့ ဘာသာပြန်ကတော့ Joyz ပဲ ဖြစ်ပါတယ်။Genre..... Horror, Thriller Quality…. 1080p | 720p | 480p File size… 1.1GB | 459MB | 235MB Format… mp4 Duration…. 1h 40min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Joyz Encoder ..... August
movie

Drown (2022)

2022
Possessed (2022) 5.3
Possessed (2022) Rasuk or Possessed (2022)IMDb 5.3 ရထားတဲ့ အင်ဒိုနီးရှား Horror ကားလေးဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ဖုန်းလိုင်းသိပ်မမိတဲ့ ကျောင်းတစ်ကျောင်းမှာ စာသင်နှစ်ဝက်ကျောင်းပိတ်ရက်ရောက်တော့ အိမ်မပြန်ဘဲ အဆောင်မှာနေခဲ့တဲ့ ကျောင်းသားတွေရှိပါတယ်။ ဆရာ Nazmi ကတော့ အိမ်မပြန်တဲ့ကျောင်းသားတွေကို စောင့်ရှောက်ပေးဖို့ ခွင့်ယူထားရာကနေ အဆောင်ကိုပြန်လာရပါတယ်။ အဲဒီထဲက ကျောင်းသားအဖွဲ့တစ်ဖွဲ့က မြစ်ကမ်းဘေးကို ပျော်ပွဲစားထွက်ရာကနေ အဖွဲ့ထဲက Wari ဆိုတဲ့ ကျောင်းသားက ထူးဆန်းတဲ့ပုလင်းလေးကို ဖွင့်မိသွားလို့ သရဲဝင်ပူးခံရပြီး Zombie လို ဖြစ်သွားပါတယ်။ Wari က တခြားကျောင်းသားတွေကို လိုက်တိုက်ခိုက်တော့ တခြားသူတွေပါ ကူးစက်ခံရပြီး သူ့လိုဖြစ်ကုန်ပါတယ်။ အဆောင်မှာ ဖုန်းလိုင်းမမိတဲ့အပြင် ညဘက် မီးပါပျက်သွားတော့ ဆရာ Nazmi နဲ့ကျောင်းသားတွေ အသက်ရှင်အောင် ဘယ်လိုကြိုးစားကြမလဲဆိုတာကို ရင်တထိတ်ထိတ်နဲ့ ကြည့်ရှုရမှာပါ။အညွှန်း နဲ့ ဘာသာပြန်ကတော့ Moh Moh ပဲ ဖြစ်ပါတယ်။Genre..... Action, Horror, Thriller Quality…. 1080p | 720p | 480p File ...
movie

Possessed (2022)

2022
Eden (2012) 6.6
Eden (2012) Eden (2012)ဒီဇာတ်လမ်းဟာ လူကုန်ကူးမှုအကြောင်းပါ။ လူကုန်ကူးတယ်ဆိုပေမဲ့ နိုင်ငံရပ်ခြားတွေကို ရောင်းစားပစ်တာမျိုးမဟုတ်ဘဲ ဖမ်းထားပြီး ခိုင်းချင်တဲ့နေရာခိုင်း သုံးချင်တဲ့နေရာသုံး လူမဆန်စွာ ရက်ရက်စက်စက်ခိုင်းစားတာမျိုးပေါ့။ မြန်မာနိုင်ငံမှာလည်း ဒီလိုအဖြစ်မျိုး ခပ်ဆင်ဆင်တွေ သိပ်မကြာသေးခင် နှစ်တွေတုန်းကရှိခဲ့ဖူးတာပါပဲ။ မလှိမ့်တပတ်နဲ့ခေါ်သွားပြီး ကျားဖောင်ပေါ် ရောင်းစားတယ်ဆိုတာမျိုးတွေပေါ့။ ဒီရုပ်ရှင်က အဲဒီလိုဖြစ်သွားတဲ့ ဘဝတွေကို ကွက်ကွက်ကွင်းကွင်းမြင်ရအောင် ရိုက်ပြထားတဲ့ရုပ်ရှင်ပါပဲ။ဒီရုပ်ရှင်ကို ၉၀ခုနှစ်အလယ်လောက်မှာ တကယ်ဖြစ်ခဲ့တဲ့ လူကုန်ကူးမှုအကြောင်းကို ဇာတ်လမ်းဆင်ရိုက်ထားတယ်။ အမေရိကန်က ပြည်ပဝင်တွေ လူကုန်ကူးခံရတဲ့အကြောင်းတွေကိုလည်း အူမချေးခါးမကျန်ပြထားတယ်။ ဇာတ်လမ်းအစမှာတော့ ကိုရီးယား-အမေရိကန်သူလေးဟာ သူ့အမေကို ဆိုင်စောင့်ပေးနေရင်း ညဘက်တစ်ခေါက်လောက် နိုက်အောက်ထွက်ဖို့ကြံပါတယ်။ ကံမကောင်းချင်တော့ အဲဒီညမှာပဲ သူပြန်ပေးဆွဲခံလိုက်ရတယ်။ ဒီလိုနဲ့ သူနိဗ္ဗာန်လို့ထင်ထားခဲ့တဲ့ ကမ္ဘာကြီးရဲ့ ဟိုဘက်ခြမ်းငရဲကိုရောက်သွားတယ်။ ဒီကမ္ဘာမှာဖြစ်နေတာတွေက ကောင်းတာတော့တစ်ခုမှမရှိဘူး။ စစချင်း သူတို့တွေကိုဖမ်းထားတဲ့လူတွေက အမိန့်နာခံလာအောင် ခိုင်းသမျှလုပ်အောင် နှိပ်စက်ညဉ်းပန်းတယ်။ ခိုင်းစားလို့ရပြီထင်တော့မှ သူတို့ရဲ့ဈေးကွက်ထဲပို့တယ်။ ဈေးကွက်ထဲပို့တယ်ဆိုတော့ အပြင်ရောက်သွားတာပါပဲ။ အပြင်ရောက်သွားတာတောင် မလွတ်နိုင်ဘူးလားဆိုတဲ့ အမေးတော့ရှိမယ်။ လွတ်ဖို့ကြိုးစားကြပါတယ်။ ထွက်ပြေးကြတယ်။ ဒါပေမဲ့ သူတို့ဟာ လူကောင်းသူကောင်းလို့ထင်ရတဲ့လူတွေနဲ့ သွားတိုးရင်တောင် မလွတ်နိုင်ဘူး။ ဘာလို့ဆို လူတွေက ကိုယ်နဲ့မဆိုင်တဲ့ကိစ္စတွေမှာ ဝင်မပါချင်ကြသလို လူကုန်ကူးတဲ့ကောင်တွေကလည်း လူတွေအထာနပ်ကြလို့ပါပဲ။ ခင်ဗျားဆီက ...
movie

Eden (2012)

2012
Noise (2023)
Noise (2023) Noise (2023)2023 ထွက် ဇာတ်ကား အသစ်ကျပ်ချွတ်လေးပါ။ လေးလေးပင်ပင်ကြီး တွေးစရာမလိုသလို အချိန်အကြာကြီး တသသနဲ့ စိတ်ထဲအောင်းနေမယ့်ကားမျိုးလည်း မဟုတ်ပါဘူး။ ဒီအတိုင်း ဖျော်ဖြေရေးဆန်ဆန်လေး ရုပ်ရှင်ကြည့်ချိန်မှာ ကြည့်လိုက်ပြီး ခေါင်းထဲက ထုတ်ပစ်လိုက်လို့ရတဲ့ ကားမျိုးပါပဲ။ အားလပ်ချိန်ကို အပျင်းပြေရုပ်ရှင်ကြည့်မယ်ဆိုရင်တော့ Thriller လေးလည်း မဆိုစလောက်ပါတော့ အတန်အသင့် စိတ်ကျနပ်မှုရစေမှာပါ။ဇာတ်လမ်းအကျဉ်းကတော့ Influencer တစ်ယောက်လည်းဖြစ် မွေးကင်းစ လသားအရွယ် ကလေးလေးရဲ့ ဖခင်လည်းဖြစ်တဲ့ ဇာတ်လိုက်ဟာ သူ့မိသားစုကိုခေါ်ပြီး သူကလေးဘဝတုန်းက နေခဲ့တဲ့ သူ့ဖခင်ရဲ့ အိမ်ကြီးဆီ ပြောင်းရွှေ့လာခဲ့ကြပါတယ်။ ဖခင်ကြီးကတော့ လူအိုရုံမှာ သွားနေပြီဖြစ်ပြီး ဒီအိမ်ကြီးမှာ အခုဆို သားအမိသားအဖ ၃ယောက်ပဲ နေကြတော့မှာပါ။ ဒီလိုနဲ့ တစ်ရက်မှာ ဖခင်ဖြစ်သူရဲ့ အတိတ်ကို တူးဆွဖို့ဖြစ်လာပြီး မထင်မှတ်ထားတဲ့ လျှို့ဝှက်ချက်တွေ ပေါ်လာခဲ့ပါတယ်။ အတိတ်ဘက် ခြေဦးသန်းရင်း လက်ရှိဘဝရဲ့ ဝတ္တရားတွေက ဖယ်ခွာလာတဲ့ ဖခင်ငယ်လေးရဲ့ ...
movie

Noise (2023)

2023
Boston Strangler (2023)
Boston Strangler (2023) Boston Strangler 2023 ( ဘော်စတွန် လည်ပင်းညှစ်လူသတ်သမား )IMDb - 6.5/10, RT - 63%Pirates of the Caribbeanရုပ်ရှင်တွေ၊ Star War Episode 1နဲ့ IV၊ The Imitation Game၊ Begin Againနဲ့ Jack Ryanတို့လို ရုပ်ရှင်ကားကောင်းတွေပါ ပါဝင်သရုပ်ဆောင်ထားဖူးတဲ့ ဝါရင့်မင်းသမီးKeira Knightleyနဲ့အတူ Avenger infinity war, Avenger end gameနဲ့ Animated series What ifတို့မှာ ပါဝင်သရုပ်ဆောင်ထားဖူးတဲ့ Carrie Coonတို့က ဇာတ်လမ်းကို ဦးဆောင်ပြီး ဇာတ်ဆောင်အဖြစ်ပါဝင်သရုပ်ဆောင်ထားပါတယ်။ဇာတ်လမ်းကတော့ 1960ခုနှစ်အစပိုင်း 1962ခုနှစ်က ဖြစ်ရပ်မှန်ကွင်းဆက်လူသတ်မှုအပေါ် အခြေခံထားပါတယ်။ လိုရက်တာမက်လောက်လင်က Record Americaသတင်းဌာနက သာမည သတင်းထောက်မလေးပါ၊ သူက မှုခင်းအမှုတွေကို လုပ်ဆောင်ချင်တာဖြစ်ပြီးတော့ စိတ်ကူးနဲ့လက်တွေ့အကောင်ထည်မဖော်နိုင်သေးသူတစ်ယောက်ဖြစ်ပါတယ်။ ဒါပေမဲ့ ...
movie

Boston Strangler (2023)

The Sentinel(2006) 6.1
The Sentinel(2006) ဒီဇာတ်ကားက ဂန္ဓ၀င်မင်းသားကြီး Michael Douglas ရဲ့ဇာတ်ကားလေးပါ။ ပိထ်ဂါရစ်ဆန် နဲ့ ဘရက်ကင်ရစ်ခ်ျ တို့ဟာ သမ္မတ လုံခြုံရေးတပ်ဖွဲ့မှာ တာ၀န်ထမ်းဆောင်လာခဲ့တာ နှစ်ပေါင်းများစွာရှိနေပါပြီ။ သူတို့နှစ်ယောက်ဟာ ခင်မင်တာကြာပြီဖြစ်တဲ့ သူငယ်ချင်းနှစ်ယောက်ဖြစ်ပေမယ့် ပုဂ္ဂိုလ်ရေးကိစ္စကြောင့် စိတ်၀မ်းကွဲနေကြတဲ့သူတွေဖြစ်ပါတယ်။ တစ်ရက်မှာတော့ လုံခြုံရေးအဖွဲ့ရဲ့ အဖွဲ့၀င်တစ်ဦးဟာ သမ္မတကိုလုပ်ကြံဖို့စီစဉ်‌နေတာသိလိုက်ရတော့ လုံခြုံရေးအဖွဲ့တစ်ခုလုံး သို့လော သို့လော ဖြစ်ကုန်ကြပါတယ်။ တစ်ယောက်နဲ့တစ်ယောက် ယုံမရတော့တဲ့အနေအထားကြောင့် မုသားဖော်စက်နဲ့ တစ်ဦးချင်းစစ်ဆေးရာမှာ ပိထ် လိမ်နေတယ်လို့သိလိုက်ရပါတယ်။ ဒါပေမယ့် ပိထ်ကအဖမ်းမခံဘဲ အကွက်ချခံရကြောင်းပြောပြီး တရားခံအစစ်ကိုရှာဖို့ကြိုးစားပါတော့တယ်။ ပိထ်ဟာ သူပြောသလို အကွက်ချခံရတာလား ကိုယ်တိုင်ကပဲလုပ်ကြံရေးသမားဖြစ်နေတာလား.... File size…1.69GB / 708.9MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 48m Genre ..... Action , Crime , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Jaka
movie

The Sentinel(2006)

Semper Fi(2019) 6.1
Semper Fi(2019) IMDB - 6.1/10ကယ်လန်ဟန်ဆိုတာက စစ်တပ်ထဲမှာ နိုင်ငံတာဝန်ထမ်းဆောင်ပြီး လက်ရှိ ရဲလုပ်နေတဲ့လူတစ်ယောက်။ သူငယ်ချင်းအရင်း ၃ ယောက်နဲ့အတူ သွေးတစ်ဝက်ပါတဲ့ လူရမ်းကားလေး ညီဖြစ်သူ အွိုင်းစတားနဲ့ အတူတူသွားလာလှုပ်ရှားနေကြပေါ့။ တစ်လကို တစ်ခါလည်း အုပ်စုလိုက် စစ်တပ်ထဲကို ပြန်ပြန်သွားပြီး စစ်မှုထမ်းပေးရပါသေးတယ်။ တစ်ညကျတော့ ဘားထဲမှာ အုပ်စုလိုက်သောက်ပြီး ကယ်လန်ဟန်တို့ ပြန်လာတဲ့အချိန် ညီဖြစ်သူက ကောင်မလေးကိုကြောင်ရင်း ကျန်ခဲ့ပါတယ်။ အဲဒီမှာပဲ တစ်ဖက်ကလာကြောင်တဲ့လူနှစ်ယောက်နဲ့ အွိုင်းစတားတစ်ယောက် ရန်ဖြစ်ရာကနေ မတော်မဆဖြစ်ပြီး လူသတ်မှုဖြစ်သွားခဲ့ပါတယ်။ ညီဖြစ်သူက ပြေးပေမယ့် အစ်ကိုကတော့ ကိုယ်တိုင်လိုက်ဖမ်းပေးပြီး ဥပဒေလက်ထဲ အပ်ပေးခဲ့ပါတယ်။ အဲဒါနောက်ပိုင်း ကယ်လန်ဟန်တို့လည်း အီရတ်မှာ တာဝန်ကျဖို့ ဖြစ်လာတယ်။ ထောင်ထဲမှာလည်း အွိုင်းစတားတစ်ယောက် အစောင့်တွေရဲ့ အနိုင်ကျင့်မှုတွေကို ဆက်တိုက်ခံစားနေရခဲ့တယ်။ ဒီလိုနဲ့ စစ်ပွဲထဲမှာ ရခဲ့တဲ့စိတ်ဒဏ်ရာတွေနဲ့အတူ ထောင်ထဲမှာ အဆင်မပြေဖြစ်နေတဲ့ ညီတော်မောင်ကို သူကိုယ်တိုင် ပရမ်းပတာတွေ ဖြစ်နေတဲ့ကြားကနေ ...
movie

Semper Fi(2019)