Channel Myanmar

Thriller

(21+)Reijo niku-dorei (1985) 6.8
(21+)Reijo niku-dorei (1985) မပွင့်လင်းတာက မိန်းကလေးတွေရဲ့ပြယုဒ်တစ်ခုလား မိန်းကလေးတွေအတွက် အချစ်ဆိုတာ ထွက်ပေါက်တစ်ခုလား သူ့တို့အတွက် အချစ်ဆိုတာရောရှိလား ခံရောခံစားဖူးလား ဒီဇာတ်ကားလေးကိုကြည့်ကြည့်ပါ ပြည့်စုံပေမဲ့ မပြည့်စုံတဲ့ လှပချောမောတဲ့ သူဌေးသမီးလေးသူအဖေရဲ့ဆန္ဒတစ်ခုကြောင့် ကောင်လေးတစ်ယောက်နဲ့ စေ့စပ်ထားလိုက်တယ် ပြီးတော့ သူဝါသနာပါတဲ့ ပန်ချီဆွဲတဲ့အလုပ်ထဲနှစ်ထားပြီး နာမည်ကြီးတဲ့တစ်နေ့မှ လက်ထပ်မယ်ဆိုပြီး အချိန်ဆွဲထားလိုက်တယ် သူ့မှာလည်းသူ့ခံစားချက်နဲ့သူလေ သူကမွေးစားသမီး သူဌေးမှာက သမီးရင်းတစ်ယောက်ရှိနေတာ သူ့ကိုယ်သူ သိမ်ငယ်နေတယ်လေ သူက အိမ်ကြီးတစ်လုံးထဲမှာတစ်ယောက်တည်းနေပြီး အစေခံ တစ်ယောက်လည်းရှိပါတယ်တစ်နေ့ ညီမဖြစ်သူက အစေခံကောင်လေးကို တီးတိုးကပ်ပြီးအကူညီတောင်းပါတယ် ဇာတ်လမ်းလေးက အချစ်ရဲ့သဘောသဘာဝ တွေကို ဖေါ်ကြူးထားပြီး လူတစ်ယောက်က သူ့ခန္ဓာကိုယ်ကို သူမငြင်းနိုင်ဘူးဆိုတာကို ခဏခဏပြထားတာကြောင့် DS Fans တွေအတွက် တင်ဆက်ပေးလိုက်ပါတယ် File size…1.4GB / 631MB Quality…1080p  / 720p Format…mp4 Duration….1h 7m Subtitle….Myanamr Subtitle (Hard Sub) Encoder….XCross Translated by Ki Mu Chi
movie

(21+)Reijo niku-dorei (1985)

1985
The Night Beyond the Tricornered Window (2021) 5.0
The Night Beyond the Tricornered Window (2021) The night beyond the tricornered windowစာအုပ်ဆိုင် တစ်ဆိုင်ရဲ့ စာရေးလေး "မိကဒို"မှာ ထူးခြားတဲ့စွမ်းရည်တစ်ခုရှိပါတယ်။ အဲဒါကတော့ သူငယ်ငယ်တည်းက သရဲတွေကို အချိန်တိုင်းမြင်နေရတာဖြစ်ပြီး ဒီကနေ ရှောင်လွှဲလို့မရသလို မမြင်ရတော့အောင်လည်း လုပ်လို့မရပါဘူး။ တစ်နေ့မှာတော့ "ဟိရခဝါ"လို့ခေါ်တဲ့ ပယောဂနှင်ဆရာက မိကဒိုကို ရှာတွေ့ခဲ့တဲ့နောက်မှာတော့ အခြေအနေက ပြောင်းလဲသွားခဲ့ပါတယ်။ ဟိရခဝါက မိကဒိုကို သူ့ရဲ့လက်ထောက်အဖြစ်ခန့်ပြီးတော့ သရဲမြင်တဲ့အစွမ်း အကူအညီနဲ့ ဖြေရှင်းရခက်တဲ့ မှုခင်းတွေကို ရှာဖွေဖော်ထုတ်ကြပါတယ်။ ဒီလိုနဲ့ သူတို့လိုက်နေရတဲ့အမှုတွေက "ဟိအူရ"လို့ခေါ်တဲ့ အထက်တန်းကျောင်းသူရဲ့ နှုတ်ထွက်စကားတွေနဲ့ သက်ဆိုင်နေမှန်းသိလိုက်ရတဲ့အခါ ဖြေရှင်းဖို့ ကြိုးစားကြပါတယ်။၂၀၁၃ကနေ ၂၀၂၀အထိထုတ်ဝေခဲ့တဲ့ Yaoi mangaကို adaptionလုပ်ထားပြီး စိတ်ဝင်စားစရာကောင်းတဲ့ ဇာတ်လမ်းကျောရိုးနဲ့ Japanese BL ကားကောင်းတစ်ကားကို ကြည့်ရှုရမှာပါ။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Ingyin San ပါ )File Size__(1.4GB) / (700MB) Quality__WEB-DL_1080p, 720p IMDb ...
movie

The Night Beyond the Tricornered Window (2021)

Cairo Conspiracy (2022) 7.1
Cairo Conspiracy (2022) Cairo Conspiracy (2022)~ IMDb - 7.1/10, RT - 77%, Meta - 74% ~ကားနာမည်အတိုင်းပဲ... အီဂျစ်နိုင်ငံရဲ့မြို့တော် ကိုင်ရိုက အီဂျစ်နိုင်ငံရဲ့ ရာထူးအကြီးဆုံးထိပ်သီးတွေ ဘာသာရေးခေါင်းဆောင်တွေ ပါဝင်ပတ်သက်နေတဲ့ လျှို့ဝှက်ပူးပေါင်းကြံစည်မှုတစ်ခုအကြောင်းပါ။ အီဂျစ်ဟာ အစ္စလာမ်ကမ္ဘာမှာ အဓိက အင်အားကြီးနိုင်ငံဖြစ်တာနဲ့အညီ ဒီကားက အစ္စလာမ်ဘာသာကို အဓိကထားပြီး ဇာတ်အိမ်တည်ထားပါတယ်။ နောက် အစ္စလာမ်ဘာသာရေးဆိုင်ရာ သင်ကြားမှုတွေရဲ့ အချက်အချာဖြစ်တဲ့ အယ်အာဇာကိုလည်း ဒီကားရဲ့ အဓိကလိုကေးရှင်းအဖြစ်သုံးထားပါတယ်။ နိုင်ငံရေးနဲ့ ဘာသာရေးကြားက အားပြိုင်မှုတွေကြားမှာ ကြားကမြေစာပင်ဖြစ်သွားတဲ့ ကျေးလက်ကကောင်လေးကို အဓိကနေရာကထားပြီး တင်ပြသွားပါတယ်။ဒီကားမှာ အစ္စလာမ်ဘာသာရေးခေါင်းဆောင်တွေ၊ အကြမ်းဖက်ဝါဒီတွေ၊ အစိုးရဘက်တော်သားတွေ စသဖြင့် ဘက်သုံးဘက်ကိုတွေ့မြင်ရမှာဖြစ်ပြီး ဒီသုံးခုရဲ့အားပြိုင်မှုကို ချိတ်ဆက်တင်ပြသွားပုံကလည်း တော်တော်လေး‌ သေသပ်တယ်ပြောရပါမယ်။ ဇာတ်လမ်းအစမှာ အစိုးရဘက်ကို သတင်းပေးနေတဲ့ အယ်အာဇာက ကျောင်းသားတစ်ယောက် သေသွားတယ်။ ကျောင်းသားက တစ်ဖက်က အစိုးရသတင်းပေးလည်းဖြစ်နေတာမို့ ...
movie

Cairo Conspiracy (2022)

2022
[18+] Entrails of a Beautiful Woman (1986)
[18+] Entrails of a Beautiful Woman (1986) Entrails of a Beautiful Woman (1986)ဟိုအရင် သုံးကားတွဲ-ခြောက်ကားတွဲ-ရှစ်ကားတွဲ DVD တွေခေတ်ထတဲ့ကာလတုန်းက အာရှ NC အခွေတွဲတွေမှာ မကြာခဏပါလာတတ်တဲ့ ဇာတ်ကားတွေထဲ အပါအဝင်ဖြစ်တဲ့ကားတွေပါ။Pink Film တွေကနေ Subgenre တစ်ခုအဖြစ် "Splatter-Eros" ဆိုပြီး ပွဲထွက်လာခဲ့တဲ့ ဇာတ်ကားတွေဖြစ်ပါတယ်။ နာမည်အတိုင်းပဲ ကြမ်းတမ်းရက်စက်တဲ့ အခုတ်အထစ်အသတ်အဖြတ်တွေကို ညစ်ညမ်းမှုနဲ့ရောစပ်သမထားတဲ့ ဇာတ်ကားမျိုးတွေပါပဲ။ ရုံတင်စဉ်ကနဲ့ တချို့အခွေတွေမှာတော့ ဝါးပြီး ဆင်ဆာဖြတ်ထားပေမယ့် အခုကားတွေမှာတော့ ကြည်တောက်ရှင်းဖြစ်ပါတယ်။~ ဇာတ်လမ်းအကျဉ်း ~ယာဂူဇာဂိုဏ်းဝင်တစ်စုဟာ မိန်းကလေးငယ်တွေကို ဖြားယောင်းသွေးဆောင်ပြီး ငွေလိမ်လည်မှုတွေ လူကုန်ကူးမှုတွေကျူးလွန်နေကြပါတယ်။ တစ်နေ့မှာတော့ သူ့အစ်မပျောက်ဆုံးမှုကိုစုံစမ်းတဲ့မိန်းကလေးတစ်ယောက်ကို ဂိုဏ်းသားတွေက မူးယစ်ဆေးထိုးပြီး အဓမ္မကျင့်ရာကနေ အဲ့ဒီမိန်းကလေးဟာ ထွက်ပြေးလွတ်မြောက်ပေမယ့် ဆေးအရှိန်နဲ့စိတ်ကုဆရာဝန်မတစ်ဦးရှေ့မှာ သတ်သေသွားခဲ့ပါတယ်။ကောင်မလေးဆီက အကြောင်းစုံသိလိုက်ရတဲ့ ဆရာဝန်မလေးဟာ အဲဒီဂိုဏ်းသားတွေကို ကလဲ့စားချေဖို့ပြင်ဆင်ပါတော့တယ်။ ဒါပေမယ့်လဲ သူ့ထက် ပါးနပ်တဲ့ဂိုဏ်းဝင်တွေဆီမှာ သူကိုယ်တိုင်ကြမ္မာဆိုးကြုံလိုက်ရာကနေ လိင်တံသဏ္ဍာန် မိစ္ဆာကောင်ကြီးအဖြစ်ပြောင်းလဲသွားခဲ့ပြီး ဂိုဏ်းသားတွေကိုအမဲဖျက်ပါတော့တယ်။ ...
movie

[18+] Entrails of a Beautiful Woman (1986)

1986
Vaalvi(2023) 8.7
Vaalvi(2023) Vaalvi (2023) IMDb 8.5/10Drishyam ဇာတ်လမ်းနဲ့ပုံစံတူ လူသတ်မှုကို ရဲတွေ CCTV တွေ မျက်မြင်သက်သေတွေနဲ့ တစ်ပတ်လှည့်ပြီး အလီဘိုင်ရှာမဲ့ဇာတ်ကားမျိုးပဲဖြစ်ပါတယ် တစ်မိနစ်မှအလွတ်မခံချင်လောက်အောင်ဟာကွက်မရှိတဲ့ လူသတ်အစီအစဉ်တွေနဲ့ Drishyam ကိုလွမ်းနေမဲ့လူတွေအတွက်အလွမ်းပြေကြည့်ရှူနိုင်ဖို့ တင်ဆက်ပေးလိုက်ရပါတယ်အာဗီနီ နဲ့ အာနီကတ်ဆိုတာက လင်မယားတွေ အိမ်ထောင်သက် ၁၄နှစ်ထဲဝင်လာပေမဲ့ကလေးမရတဲ့အပြင် အာ‌ဗီနီက စိတ်ရောဂါအထူးကုနဲ့ပြနေရတဲ့အထိကျန်းမာရေးမကောင်းဖြစ်နေသူပေါ့ ဒါကိုယောကျာ်းဖြစ်သူ အာနီကတ်ကစိတ်ကုန်နေပါတယ် စိတ်ကုန်တဲ့အပြင်ကို သွားဆရာဝန်မ ဒီဗီကာဆိုသူနဲ့ကြိတ်ပုန်းခုတ်နေခဲ့တာပါ ဒီတော့ ကြားထဲကစိတ်ရောဂါဝေဒနာသည်ကို‌အပျောက်ဖျောက်ဖို့အရေး နှစ်ယောက်ပေါင်းအကြံထုတ်ကြပါတော့တယ်သူတို့ရဲ့အစီအစဉ်ကတော့ CCTV ရှေ့ လူမြင်ကွင်းရှေ့မှာ အလီဘိုင်ရဖို့ပါ မိန်းမတို့ရဲ့ဉာဏ်နီဉာဏ်နက်ကို ဘယ်သူမှလိုက်မမှီတာမို့ ဒီလိုဟာကွက်မရှိတဲ့အစီအစဉ်က အောင်မြင်သွားမလားဆိုတာ ကြားထဲမှာရီရခက်ငိုရခက် plot twist တွေလဲပါသေးတာမို့ ကြည့်ရတာ ရင်တမမနဲ့ dark comedy ဆန်ဆန်လေးဖြစ်တာမို့ ပရိသတ်များကြည့်ရှုခံစားနိုင်ဖို့ တင်ဆက်ပေးလိုက်ပါတယ်ရှင် File size… 1.6GB /  788MB Quality…1080p WEB DL /720p Format…mp4 Duration….1h 46m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Sai Thu Rein ~BpL~Yunni
movie

Vaalvi(2023)

2023
#Mute (2023) 9.3
#Mute (2023) Mute 2023 IMDb 9.5/10 လန်ပြန်ထွက်နေအောင် rating ကောင်းပြီး ထွက်ထားတာမကြာသေးတဲ့ ဒီကားလေးဟာ အလကားနေရင်း rating မြင့်နေတယ်ထင်ရင်မှားသွားပါလိမ့်မယ် အိန္ဒိယထုံးစံ အဆိုအကတောင် လုံးဝ(လုံးဝ) မထည့်ထားဘဲနဲ့ ဇာတ်လမ်းဇာတ်ကွက်ကိုပဲ အသားပေးထားတဲ့ Thriller ကားကောင်းလေးပါဇာတ်လမ်းလေးက သာမန်မြင်တွေ့နေကြ အချစ်အလွမ်းအကြမ်းအရမ်းအက်ရှင်တွေမဟုတ်ပါဘူး အဲ့တော့ ဒရာမာဘာညာနိုင်ငံရေးကားလားဆိုတော့လည်းမဟုတ်ပါဘူး အိမ်မွေးခွေးလေးတစ်ကောင် ပျောက်ဆုံးသွားတာကို ရင်တမမနဲ့ကြည့်ရမဲ့ Thriller ရုပ်ရှင်လေးပါ ဒီဗီရာဆိုတဲ့ကောင်မလေးက လင်ယောကျာ်းသစ္စာဖောက်တာခံရလို့ ကိုယ့်ကိုယ်ကိုသတ်သေတဲ့အထိ စိတ်ဓာတ်ကျခဲ့ဖူးပါတယ်ဒါပေမဲ့ သူ့ရဲ့သူငယ်ချင်းကောင်းတွေရဲ့ဝိုင်းဝန်းစောင့်ရှောက်မှုကြောင့် သူ့ဘဝကိုဆက်ရှင်သန်ဖြစ်ခဲ့ပါတယ် သူ့ဘဝရဲ့အရေးအကြီးဆုံး နံပါတ်တစ်အဖော်ကတော့ ကောစ်မိုလို့ခေါ်တဲ့ခွေးလေးပါ အဲ့ခွေးလေး ငါးနှစ်ပြည့်မွေးနေ့ နောက်တစ်နေ့မနက်ဒီဗီရာနိုးလာတဲ့အချိန်မှာ ခွေးလေးကပျောက်ချင်းမလှပျောက်သွားပါတယ် အဲ့အချိန်ကစပြီး တက်လိုက်တဲ့ဇာတ်ရှိန်ကတော့ ပြီးသွားမှန်းတောင်သိလိုက်ရမှာမဟုတ်ပါဘူး ကဲ သာမန်အိန္ဒိယကားတွေနဲ့မတူ ဇာတ်လမ်းဇာတ်ကွက်ကောင်းမွန်လွန်းတဲ့ ယခုဇာတ်ကားလေးကို ပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ရပါတယ် File size…1.5GB / 698MB Quality…1080p HQ HDRIP  /720p Format…mp4 Duration…1h 49m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Sai Thu Rein~Cherry~Yunni
movie

#Mute (2023)

2023
Swallowed (2022) 5.7
Swallowed (2022) Swallowed (2022)~ Rotten Tomatoes - 85% ~(ရိုင်းစိုင်းတဲ့စကားလုံး​တွေ၊ ဝတ်လစ်စလစ်အခန်း​တွေပါတာ​ကြောင့် ၁၈နှစ်​အောက် သို့ ၁၈​ယောက်မပြည့်ရင်မကြည့်ကြဖို့ တိုက်တွန်းပါရ​စေ)2022 မှာထွက်ရှိထားတဲ့ Swallowed ဆိုတဲ့ကား​လေးက သည်းထိတ်ရင်ဖိုအမျိုးအစားတစ်ခုဖြစ်ပြီး BL မကျတကျကား​​လေးပဲဖြစ်ပါတယ်။~ ဇာတ်လမ်းအညွှန်း ~မကြာခင် အပြာကားသရုပ်​ဆောင်အဖြစ်နဲ့ အယ်​လ်​အေမှာ အလုပ်သွားလုပ်​တော့မယ့် အချစ်ဆုံးသူငယ်ချင်း ဘန်ဂျမင်းတစ်​ယောက် သူ့သူငယ်ချင်းဒွန်းနဲ့ အတူနှုတ်ဆက်ပွဲလုပ်​ပြီးအပြန် ဒွန်းရဲ့တရားမဝင်ပစ္စည်းတစ်ချို့ ကယ်လီဖိုးနီးယားဘက်ကို ပို့​ပေးရမယ့်အစီအစဥ်ထဲ ဝင်ပါမိသွားတဲ့အခါ ဘာ​တွေဆက်ဖြစ်မလဲ... သူတို့သယ်​ပေးရတဲ့ပစ္စည်းက​​ရော မူးယစ်​ဆေး​တွေမဟုတ်ပဲ ဘာ​တွေလဲ... ဒွန်းက​ရော ဘာလို့ဒီလို အလုပ်ကို​ရွေးချယ်ခဲ့တာလဲဆိုတာ​တွေကို သည်းထိတ်ရင်ဖိုကြည့်ရမယ့်ဇာတ်လမ်း​ကောင်း​လေးလည်းဖြစ်ပါတယ်။ဒွန်းနဲ့ ဘန်ဂျမင်းရဲ့ တစ်​ယောက်ကိုတစ်​ယောက်ချစ်ရဲ့သားနဲ့ ဖွင့်မ​ပြောတဲ့ ​ယောကျာ်း​လေးနှစ်​ယောက်ကြားက အချစ်ကိုလည်း စိတ်ဝင်စားဖွယ်​ကောင်း​အောင် ရိုက်ပြထားပါ​သေးတယ်။(ဒီဇာတ်ကားနဲ့အညွှန်းကို DB မှ ပြန်ဆို ရေးသားထားပါတယ်)Size - 1.8GB, 750MB Quality - 1080p, 720p IMDb Rating - 5.7/10 Format - mp4 Duration ...
movie

Swallowed (2022)

2022
[21+]Baise-moi(2000) 5.5
[21+]Baise-moi(2000) [21+]Baise-moi(2000)********************ဒီပြင်သစ်ကားက အိပ်ရာခန်းတွေရော သတ်ဖြတ်ခန်းတွေရောအတော်ကြီးကိုကြမ်းတာမို့ မိသားစုနဲ့အတူမကြည့်သင့်ပါဘူး...သူ့နာမည်က နာဒင်း ၊ ပြည့်တန်ဆာအလုပ်ကိုလုပ်ပြီးပိုက်ဆံရှာတယ်။ သူ့သူငယ်ချင်းနဲ့အတူတူနေပြီးတယ်ဆိုပေမယ့် တစ်နေ့မှာအချင်းချင်းစကားများ ရန်ဖြစ်ပြီး သူငယ်ချင်းကိုသတ်လိုက်မိပြီးတော့အိမ်ကနေထွက်ပြေးလာတယ်နောက်တစ်ယောက်ကတော မန်နူ မုဒိမ်းကျင့်ခံရပြီးတော့ စိတ်မသက်သာဖြစ်နေတာကိုအရက်ဘားပိုင်ရှင်နဲ့စကားပြောအဆင်မပြေလို့ သေနတ်နဲ့ပစ်သတ်လိုက်ပြီးတော့ အိမ်ကနေထွက်ပြေးလာတယ်။ဒီလိုနဲ့နှစ်ယောက်သား အိမ်ကနေထွက်ပြေးလာရင်းနဲ့ ဘူတာတစ်ခုမှာဆုံဖြစ်ကြတယ်။ဘယ်သွားလို့ဘာလုပ်ရမှန်း မသိတဲ့နှစ်ယောက်ပေါင်းမိပြီးပြင်သစ်တစ်ခွင်မှာသောက်စားပျော်ပါးကြတဲ့အခါမှာတော့...File Size :(2.1GB) and (1.01GB) Quality :Blu-Ray 1080P,720p Format…mp4 Duration…01:17:00 Genre : Crime, Drama , Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by SD Encoded by DS
movie

[21+]Baise-moi(2000)

Carnifex (2022) 4.7
Carnifex (2022) ဒီဇာတ်ကားက ရုပ်ရှင်ဆိုတာထက် documentary ဘက်ကို ပိုသွားတယ်ဗျ။အဓိကအားဖြင့် ဩစတေးလျတောမီးတွေအကြောင်း၊မျိုးသုဉ်းပျောက်ကွယ်ခါနီး ရှားပါးတိရစ္ဆာန်တွေအကြောင်း နဲ့ တောမီးကြောင့် တိရစ္ဆာန်တွေစားကျက်နယ်မြေပျောက်ပြီး ကမောက်ကမ ဖြစ်ရပုံတွေကို ချပြထားတာ။အဲ့အထဲမှာမှ ဇာတ်ကြောင်းလေး နည်းနည်းထည့်ပြီး Thriller/ Horror ဘက်ကို သွားထားတာ။အစပိုင်းတွေက စကားပြောခန်းတွေများတယ်ဆိုပေမယ့် ဩစတေးလျနိုင်ငံရဲ့ ရှားပါးမျိုးစိတ်တွေအကြောင်းကို (ဇာတ်ကားအရ) ရှင်းပြသွားတာမို့ စိတ်ဝင်စားဖို့ကောင်းပြီး ဇာတ်လမ်းရဲ့ climax အထိ ဆွဲခေါ်သွားပါလိမ့်မယ်။ဇာတ်လမ်းအကြောင်းလေး နည်းနည်းပြောပြရရင်ဘန် နဲ့ ဂရေ့(စ်) ဆိုတဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးသမား ဂေဟဗေဒပညာရှင်နှစ်ယောက်ဟာ ဘေလေဆိုတဲ့ မှတ်တမ်းရုပ်ရှင်ရိုက်တဲ့ ကောင်မလေးနဲ့ ဩစတေးလျတောနက်ထဲ တစ်ခုကို ထွက်လာခဲ့ကြတယ်။သူတို့ရဲ့ အဓိကရည်ရွယ်ချက်က တောထဲမှာ တပ်ထားခဲ့တဲ့ ကင်မရာတွေကို စစ်ပြီး အဲ့ဒီဧရိယာမှာ ရှားပါးမျိုးစိတ်တွေရှိမရှိ ရှာဖို့နဲ့ တောမီးကြောင့် တိရစ္ဆာန်တွေ စားကျက်မြေ ပြောင်းလဲရပုံတွေကို လေ့လာဖို့ပေါ့။ကင်မရာသမား ဘေလေလဲ ပါတယ်ဆိုတော့ လမ်းတစ်လျှောက်သွားရင်းနဲ့ တွေ့ရကြုံရတာတွေကို မှတ်တမ်းတင်လိုက် သူတို့ရဲ့ ...
movie

Carnifex (2022)

The Plot to Kill My Mother (2023) 5.3
The Plot to Kill My Mother (2023)  (ဖြစ်ရပ်မှန်ကို အခြေခံထားသည်) အယ်လီနာဆိုတဲ့ကောင်မလေးတစ်ယောက်ဟာ မမွေးခင်ကတည်းက ဖက်ဒရယ်အေးဂျင့်တွေရဲ့ သက်သေခံစောင့်ရှောက်မှု ရထားတာကိုမသိဘဲ နေထိုင်လာခဲ့ပါတယ်။ တစ်နေ့မှာ သူမရဲ့မိခင် သေဆုံးသွားတဲ့အချိန်မှာတော့ ဒီအကြောင်းတွေကို သိလိုက်ရပြီး သူမရဲ့မျိုးရိုးနာမည်အပြင် သိထားသမျှကိစ္စတွေအားလုံးကို မယုံကြည်နိုင်ဖြစ်လာတော့တာပါပဲ။ ဒီအခါမှာ အယ်လီနာဟာ အစိုးရရဲ့မျက်မြင်သက်သေစောင့်ရှောက်မှုကို စွန့်လွှတ်ပြီး မိခင်ဖြစ်သူရဲ့ မွေးရပ်မြေကို ပြန်သွားဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်။ မိခင်ဖြစ်သူအသတ်ခံရတဲ့ အကြောင်းအရင်းရဲ့အဖြေကိုရှာဖို့ မွေးရပ်မြေကိုပြန်သွားတဲ့ အယ်လီနာ..။ သူမကိုစောင့်ရှောက်ပေးဖို့ မိခင်ဖြစ်သူ ထရီဇာကို ကတိပေးခဲ့တဲ့ အေးဂျင့်ကာတာ။ သူတို့နှစ်ယောက် အဖြေရှာ ဖော်ထုတ်သွားမယ့် တရားခံအကြောင်းကို သို့လော သို့လော စဥ်းစားရင်းကြည့်ရှုရမယ့်ဇာတ်ကားတစ်ကားဆိုလည်း မမှားပါဘူး။ ထူးထူးခြားခြား ပါးစပ်အဟောင်းသားဖြစ်သွားမယ့် ရုပ်ရှင်ကားမျိုးမဟုတ်ပေမဲ့လည်း ကွက်ကျော်တွေးပြီး စဥ်းစားရင်းကြည့်ရတဲ့ဇာတ်ကားမျိုး တစ်ကားပဲ။ ဒါကိုမှ ဖြစ်ရပ်မှန်ကို အခြေခံထားတယ်ဆိုတော့ မျက်ခုံးပင့်မိလောက်မယ့် တင်ဆက်မှုမျိုးပေါ့..။ တစ်ကားလုံးမှာ သုံးပြထားတဲ့အရောင်တွေ ၊ အလင်းအမှောင်တွေ ကွက်တိကျတယ်။ အပိုမရှိ ၊ အလိုမရှိ ...
movie

The Plot to Kill My Mother (2023)

Under His Influence(2023) 6.7
Under His Influence(2023) Under His Influence(2023)************************လူမှုကွန်ရက်ဆိုတာ မသမာသူတွေအတွက်သားကောင်ရှာတဲ့နေရာတစ်ခုဖြစ်ပါတယ်။မိန်းခလေးတွေအနေနဲ့ လူမှုကွန်ရက်ကို အရမ်းမယုံကြည့်ဖို့ ပညာသားပါပါနဲ့ရိုက်ပြထားတဲ့ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။ ပေးလိုက်ရတဲ့အချိန်နဲ့ တန်အောင်မက်ဆေ့တွေအများကြီးပေးထားတဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့ ဒိုင်းမွန်းကော်လဝေးဆိုတဲ့ IG မော်ဒယ်တစ်ယောက်ဟာ နေ့စဉ်နဲ့အမျှ မိဘရဲ့ချမ်းသာကြွယ်ဝမှုတွေနဲ့ ပျော်ပါးနေခဲ့ပါတော့တယ်။တစ်ရက်ကျ သူ့ IG မှာ စာတွေပို့ထားတာကို ဖတ်ကြည့်လိုက်ရင်း စဒစ်ခ် ဟဲရစ်စ် ဆိုတဲ့ထောင်ထဲကကောင်လေးနဲ့ စ‌ကားတွေပြောဖြစ်ကြပါတော့တယ်။ စဒစ်ခ်က သူထောင်ကျနေတာဟာ မှာယွင်းစွပ်စွဲခံရလို့ဆိုပြီး ဒိုင်းမွန်းကိုသူ့ကိုထောင်ကနေလွတ်အောင် အကူ အညီ တောင်းပါတော့တယ်။ ဒီတော့ အယုံလွယ်တဲ့ ဒိုင်းမွန်းဟာ စဒစ်ခ်ကို ကူညီရင်းနဲ့ဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့ ဇာတ်ကားလေးထဲမှာပဲ ဆက်လက်ကြည့်ရှု့လိုက်ကြပါခင်ဗျာ...... File Size :(2.1GB) and (740MB) Quality :AMZN Web-Dl 1080P,720p Format…mp4 Duration…01:28:00 Genre : Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by Proxy Encoded by Phyo Pyae  
movie

Under His Influence(2023)

Look Into the Fire (2022) 4.9
Look Into the Fire (2022) Look Into the Fire (2022) ===================စိတ်ရဲ့ရှုပ်ထွေးနက်နဲမှုလောက် ဘယ်အရာကမှ ရှုပ်ထွေးမယ် မထင်ပါဘူး။ စိတ္တဇဆန်ဆန် သို့လောသို့လော ဇာတ်လမ်းမျိုးကိုမှ ကြည့်ချင်သူတွေအတွက် စိတ်အာရုံရဲ့နက်နဲရှုပ်ထွေးမှုကို ခပ်ပါးပါး ရိုက်ကူးပြထားတဲ့ psychological thriller ဆန်ဆန် ရုပ်ရှင်တစ်ပုဒ်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ဇာတ်လမ်းကို ဦးနှောက်အာရုံကြောစိတ်ပညာဆိုင်ရာ ကျောင်းသား တစ်စုက သူတို့တင်ရမယ့် စာတမ်းတစ်ခုအတွက် လက်တွေ့စမ်းသပ် မှုတွေ ပြုလုပ်တာနဲ့ အစပျိုးထားပါတယ်။ တစ်ရက်မှာ အဒမ်၊ ဆမန် သာ၊ ဂျယ်ရီနဲ့ ဆက်သ်တို့အဖွဲ့ဟာ လက်တွေ့စမ်းသပ်မှုလုပ်ဖို့ volunteer ရှာမရတာကြောင့် အဒမ်ကိုယ်တိုင် အစမ်းသပ်ခံရာက ဇာတ်လမ်းစ ပါတော့တယ်။အဲဒီလိုစမ်းသပ်ကြရင်းနဲ့ အဒမ်တစ်ယောက် သူ့ရဲ့အတိတ်က ကြောက် စရာအမှန်တရားကို သိလာရတဲ့အခါ....။ ကြည့်ရင်းကြည့်ရင်းနဲ့ ဇာတ်ရှိန် တက်တက်လာပြီး နောက်ဆုံးမှာ ဘယ်လိုမှ မထင်မှတ်တဲ့ အလှည့်အ ပြောင်းတစ်ခုက ကြည့်တဲ့သူတိုင်းကို သို့လော‌သို့လောနဲ့ တကယ်အံ့ဩ သွားစေမှာ သေချာပါတယ်။ အဲဒီတော့ အတူတူကြည့်ရင်း အတွေးများ လိုက်ကြရအောင်နော်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ C'mon ဖြစ်ပါတယ်)File Size..........(1.67 GB) / (535 MB) / (348 MB) Quality............WEB-RIP ...
movie

Look Into the Fire (2022)

2022
Innocent Vengeance (2023) 7.5
Innocent Vengeance (2023) Innocent Vengeance (2023)ဂျာကာတာမြို့က ဗိသုကာပညာရှင်တစ်ယောက်ရဲ့ တစ်ခုသောမွေးနေ့ကို ဇနီးနဲ့သားနဲ့အတူတူ ကြည်ကြည်နူးနူး ဖြတ်သန်းနေတဲ့ တစ်ညမှာပေါ့။ အိမ်ရှေ့ကတံခါးခေါက်သံကြားလိုက်ရလို့ ဗိသုကာပညာရှင်ဟာ ဒယ်လီသမားလာတယ်ထင်ပြီး တံခါးသွားဖွင့်ပေးလိုက်တယ်။မထင်မှတ်ထားတဲ့ လူသုံးယောက်ကို တွေ့လိုက်ရလို့ တံခါးကိုပိတ်လိုက်ပေမဲ့ နောက်ကျသွားခဲ့ပြီ... တံခါးကိုအတင်းတွန်းဝင်လာပြီး အဆိုပါလူ၃ယောက်ဟာ သူ့မိန်းမနဲ့ကလေးကို သတ်သွားကြတယ်။ဒီလိုအဖြစ်ဆိုးကြီးဖြစ်ပြီးတဲ့နောက် ရှင်ကျန်ခဲ့တဲ့သူဟာ အသက်ရှင်တယ်လို့ကို မခံစားရတော့ဘဲ ခေါက်ဆွဲပြုတ်ပဲစားရင်း အလုပ်ပဲလုပ်နေရင်း ထရော်မာအပြည့်နဲ့ရှင်သန်လာခဲ့တယ်။ ဒီလိုနဲ့ စိတ်ရောဂါကုဆရာဝန်မလေးတစ်‌ယောက်ဆီသွားဖို့ မိတ်ဆွေတစ်ယောက်က အကြံပေးလို့ သွားခဲ့တဲ့နောက် ဆရာဝန်မလှလှလေးကို တွေ့လိုက်ရတဲ့အခါမှာတော့...လူသတ်ခန်းတွေပါသလို Sex Scenes တွေပါ ပါလို့ မိသားစုနဲ့အတူမကြည့်သင့်ပါဘူး။(ဒီဇာတ်ကားနဲ့အညွှန်းကို "___" မှ ပြန်ဆို ရေးသားထားပါတယ်)Size - 1.9GB, 870MB Quality - 1080p, 720p IMDb Rating - 7.5/10 Format - mp4 Duration - 1H 49Min Genre - Drama, Mystery, Thriller Subtitle ...
movie

Innocent Vengeance (2023)

2023
Memory of Water (2022) 5.4
Memory of Water (2022) Memory of Water (2022)အနာဂတ်ကမ္ဘာကြီးမှာ ရေဟာ ရွှေလိုရှားလာခဲ့တယ်။ အထူးသဖြင့် သောက်ရေသုံးရေဆိုတာ အစိုးရက ခွဲတမ်းနဲ့ မစို့မပို့ပေးတာကိုပဲ သုံးရတဲ့အရာတွေဖြစ်လာတယ်။ ရှားပါးတဲ့ထဲကမှ ရှိတဲ့ရေကိုလည်း အများပြည်သူလုယက်ပြီး သတ်ဖြတ်မှုတွေမဖြစ်ရအောင်ဆိုပြီး စစ်အာဏာရှင်တစ်ယောက်က သိမ်းထားတယ်။ အဲဒီကမ္ဘာမှာတော့ ရေကိုပိုင်တဲ့လူက အာဏာကိုပိုင်တဲ့လူပါပဲ။ ရေအင်မတန်ရှားတဲ့ ကမ္ဘာဆိုတော့လည်း ဒီကမ္ဘာမှာ လက်ဖက်ရည်တို့ ဘာတို့ ဖျော်တဲ့ တီးမာစတာတွေက ပေါ့သေးသေးမဟုတ်ဘဲ အဆင့်တစ်ဆင့်တော့ရှိတဲ့လူတွေ အထက်တန်းစားတွေပေါ့။ မင်းသမီးက အဲဒီလို တီးမာစတာ။တစ်နေ့ကျ သူ သူ့အဖေထားခဲ့တဲ့ အမွေပစ္စည်းတစ်ခုကနေ သူ့အဘိုးအဘေးတွေ လက်ထက်တုန်းက သိပ္ပံပညာရှင်တစ်စုက ရေကောင်းရေသန့်တွေရှိတဲ့နေရာတွေရှိသေးကြောင်း ပြောပြထားတာကို သိလိုက်ရတယ်။ သူတို့ကို အာဏာရှင်ရဲ့လက်ပါးစေတွေက ဖမ်းပြီးသတ်တော့မှာမို့ ဒီအချက်ကို အသံသွင်းပြီး လက်ဆင့်ကမ်းပေးခဲ့ကြတဲ့ သိပ္ပံပညာရှင်တွေရဲ့ အမှာစကားပေါ့။ မင်းသမီးဟာ ရေကောင်းရေသန့်တွေရှိတဲ့နေရာတကယ်ရှိကြောင်း သိလိုက်ရတဲ့အချိန် ဒီအချက်ကို လူတွေကို အသိပေးဖို့လုပ်တယ်။ သူတို့ဆီက ရေယူနေရမှ လူတွေကိုကောင်းကောင်းဖိနှိပ်နိုင်ပြီး ...
movie

Memory of Water (2022)

2022
Blood (2022) 5.3
Blood (2022) Blood (2022) ==========ဒီတစ်ခါမှာတော့ "Enchoes" ဇာတ်လမ်းတွဲထဲက အမြွှာ ညီအစ်မအဖြစ် နှစ်ကိုယ်ခွဲသရုပ်ဆောင်ထားတဲ့ မင်းသမီး Michelle Lynn Monaghan ရဲ့ "Blood" ဆိုတဲ့ ရုပ်ရှင်ကို တင်ဆက်ပေးလိုက်ပါတယ်။"Blood" ဆိုတဲ့ Horror/Thriller ရုပ်ရှင်ထဲမှာ အမည်မသိ အရာတစ်ခုဆီကနေ သားငယ်ကို ကယ်တင်ဖို့ကြိုးစားနေတဲ့ မိခင်တစ်ယောက်ကို မြင်တွေ့ရမှာပါ။ ဂျက်စီကာဟာ ကွာ ရှင်းပြီးတဲ့နောက် သားနဲ့သမီးကို အုပ်ထိန်းခွင့်ရဖို့ အရင်ယော က်ျားနဲ့ တရားရင်ဆိုင်ဆဲအနေအထားပါ။ အဲ့အချိန်မှာပဲ သူ့ သားလေးဆီကို အမည်မသိအရာတစ်ခုဝင်ရောက်လာလေ တော့ သားဇောနဲ့ မိခင်တစ်ယောက်ရဲ့ အခက်အခဲတွေ၊ ရွေးချယ် မှုတွေကို ကြည့်ရှုခံစားရမှာဖြစ်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Ngwe Zin ဖြစ်ပါတယ်)File Size..........(1.4 GB) / (665 MB) / (336 MB) Quality............WEB-RIP 1080p / 720p / 480P Duration.........1Hr 48Mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Horror, Thriller Translator.......Ngwe Zin Encoder..........SWM
movie

Blood (2022)

2022
Butterfly (2022) 4.6
Butterfly (2022) Butterfly (2022) ============လှပတဲ့လိပ်ပြာလေးဖြစ်ဖို့ ဘာတွေပေးဆပ်ခဲ့ရမလဲ ? အရင်ဦးဆုံး ပိုးအိမ်လေးထဲမှာ ပိတ်မိနေမယ်။ ပြီးတော့ အများတကာအထင် သေးတဲ့ ပိုးတုံးလုံးလေးအဖြစ် ဖြတ်သန်းရမယ်။ နောက်ဆုံးကျမှ လှပတဲ့အတောင်ပံတစ်စုံရရှိပြီး လွတ်လပ်တဲ့လိပ်ပြာငယ်လေးအဖြစ် အလှပဆုံးပျံသန်းခွင့်ရပါလိမ့်မယ်။ရီ ရဲ့အဖေက ထောင်ကျနေတဲ့ ဒုစရိုက်ခေါင်းဆောင်၊ အမေကလည်း ဆေးသုံးရင်း မီးလောင်ပြီးဆုံးသွားခဲ့တာမို့ စောင့်ရှောက်ရေးဂေဟာမှာ ကြီးပြင်းလာခဲ့ရတဲ့ မိန်းကလေးတစ်ယောက်။ အရွယ်ရောက်တော့ နစ် နဲ့တွေ့ပြီး အိမ်ထောင်တစ်ခုထူထောင်ခဲ့ပေမဲ့ စီးပွားရေးအဆင်မပြေ တော့ နစ်လည်း မူးယစ်သားကောင်ဖြစ်ခဲ့ရပါတယ်။အိမ်ပိုင်ရှင်ကလည်း နှင်ထုတ်၊ နစ်ကလည်းဆေးသမားဖြစ်နေတော့ ရီရဲ့ သားလေးကို ပြုစုစောင့်ရှောက်ဖို့အဆင်မပြေဘူးဆိုပြီး ကလေးစောင့် ရှောက်ရေးဂေဟာက ခေါ်သွားခဲ့ပါတယ်။ သားလေးမိုင်လိုကိုပြန်ခေါ်နိုင် ဖို့ အစွမ်းကုန်ကြိုးစားနေရင်း နစ်လည်း ဆေးလွန်ပြီးဆုံးသွားခဲ့ပါတယ်။ ပိုးအိမ်ထဲမှာ ပိတ်မိနေရင်း ပိုးတုံးလုံးအဖြစ်ရုန်းကန်နေရတဲ့ ရီတစ်ယောက် သူ့ဘဝကိုတည်ငြိမ်အောင် ဘယ်လိုလုပ်မလဲ? မိုင်လိုလေးကို ပြန်ခေါ်ခွင့် ရအောင် အလှပဆုံးလိပ်ပြာလေးအဖြစ် ဘယ်လိုပြောင်းလဲမလဲဆိုတာကို တော့ ဆက်ပြီးကြည့်လိုက်ပါဦးနော် ။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Jo Jo Va ဖြစ်ပါတယ်)File Size..........(1.8 GB) / (815 MB) / (520 MB) Quality............WEB-RIP 1080p / 720p ...
movie

Butterfly (2022)

2022
The Point Men (2023) 6/8
The Point Men (2023) The Point Men (2023)Korea ကားကို Korea ကားနဲ့မတူအောင် ရိုက်ပြထားနိုင်တဲ့ The Point Men!ဇာတ်လမ်းအကျဉ်းကတော့ အာဖဂန်နစ္စတန်ဘက်ကို ခရီးသွားရင်း တာလီဘန်လက်နက်ကိုင်တွေရဲ့ဓားစာခံဖြစ်သွားခဲ့တဲ့ ကိုရီးယားလူမျိုး ၂၃ ဦးကို ကြိုးစားကယ်တင်မယ့် သံတမန်တစ်ဦးနဲ့ NIS Agent တစ်ဦးတို့အကြောင်းကို ရိုက်ကူးထားတာပါ။အာဖဂန်နစ္စတန်နိုင်ငံဘက်မှာ ဖြစ်ပွားနေတဲ့ လက်နက်ကိုင်ပဋိပက္ခဖြစ်ရပ်တွေကို မီးမောင်းထိုး ပြပေးထားတဲ့အပြင် သံတမန်ရေးရာရဲ့ ရှုပ်ထွေးတဲ့အကြောင်းတရားတွေ၊ အာဖဂန်ဒေသရဲ့ ဘာသာရေးယုံကြည်ချက်တွေ၊ လူမျိုးရေးအစွဲအလမ်းကြီးမှုတွေကိုပါ အနုစိတ် ရိုက်ကူးတင်ပြပေးထားတာဖြစ်လို့ အက်ရှင်စစ်စစ်ကြိုက်တဲ့ ပရိသတ်ကြီးအတွက် လုံးဝကြည့်ပျော်စေမယ့် ဇာတ်ကားတစ်ကားပါပဲ။Casts တွေအနေနဲ့ကလည်း မင်းသားကြီး Hyun Bin, Hwang JungMin နဲ့ Kang Ki-Young တို့လို ဒိတ်ဒိတ်ကြဲမင်းသားကြီးတွေပဲ ပါဝင်ထားတာဆိုတော့ ကြည့်ဖြစ်အောင်ကြည့်ကြပါလို့ ပြောချင်ပါတယ်။အညွှန်းကိုတော့ Hmwe Thet Winn က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Hmwe and Joyz ပဲ ဖြစ်ပါတယ်။Genre..... Action, Drama, Thriller Quality…. ...
movie

The Point Men (2023)

2023
The Weapon (2023)
The Weapon (2023) The Weapon (2023)Action, Thriller ဝုန်းဒိုင်းကြဲ​​တွေကြည့်ချင်တဲ့ Bro ​တွေအတွက် 2023 မှာထွက်ထားတဲ့ The Weapon ဆိုတဲ့ အကြမ်းပတမ်း အက်ရှင်အလန်းကား​လေးနဲ့ မိတ်ဆက်​ပေးပါရ​စေ။ဘယ်လောက်ကြမ်းလဲဆို ဇာတ်လမ်းစလာတည်းက ​ဒေါသထွက်ပြီး ရန်လို​နေတဲ့ ဒဲလက်စ်ဆိုတဲ့သူကို​တွေ့ရမှာ​ဖြစ်ပါတယ်။ သူ့အ​ကြောင်းကို ဘာမှ​မမိတ်ဆက်ထားပဲနဲ့ ​နောက်ပိုင်းမှ တဖြည်းဖြည်း သူဒီလိုဖြစ်​နေရတာဘာ​ကြောင့်လဲ... သူ့​နောက်ကွယ်က သူ​တွေက​ရော ဘယ်သူ​တွေလဲ... ဘယ်အရာ​တွေက သူ့ကိုကျင်စက်​တွေနဲ့ နှိပ်စက်တာ​တောင် ဘာမှမဖြစ်တဲ့လူကြမ်းကြီးအဖြစ်​ပြောင်းလဲသွား​စေတာလဲ... သူ့ကို ဘယ်သူ​တွေက​ရော လက်နက်တစ်ခုအဖြစ် အသုံးချ​နေတာလဲဆိုတာကို အက်ရှင်ခန်း ကြမ်းကြမ်းတမ်းတမ်းကြီး​တွေနဲ့ ကြည့်ရဦးမှာပဲဖြစ်ပါတယ်။(ဒီဇာတ်ကားနဲ့အညွှန်းကို DB မှ ပြန်ဆို ရေးသားထားပါတယ်)Size - 1.9GB, 830MB Quality - 1080p, 720p Format - mp4 Duration - 1H 25Min Genre - Action, Thriller Subtitle - Myanmar Subtitle (Hardsub) Translated ...
movie

The Weapon (2023)

2023
Backcountry(2014) 6.0
Backcountry(2014) Backcountry(2014)============== Backcountry ဆိုတဲ့ Survival Thriller ဇာတ်ကားလေးတစ်ပုဒ်ကိုတင်ဆက်ပေးလိုက်ပါတယ်မွန်းကျပ်လှတဲ့ နေ့စဉ်လူမှုဘဝထဲကနေ ရုန်းထွက်ပြီး တောတောင်ရေမြေအလှအပကို ခံစားဖို့အတွက် တောတွင်းခရီးစဉ်တစ်ခု ထွက်လာခဲ့တဲ့အဲလက်စ် နဲ့ ဂျန်းတို့စုံတွဲ..မထင်မှတ်ဘဲ လူထူးဆန်း ဘရက်ဒ်နဲ့ စတင်တွေ့ဆုံရချိန်.အဲလက်စ် နဲ့ ဂျန်းကြားမှာ ကတောက်ကဆမီးပွားလေးများ စတင်ဖြစ်ပေါ်လာရင်း.လူသူမရောက်တဲ့နေရာမှာ မမျှော်လင့်ထားတဲ့အန္တရာယ်တွေ ကြုံလာရချိန်ဘယ်လိုတွေ ဖြေရှင်းကြမလဲ. လူသားနဲ့သားရဲကောင် ကြားက အသက်လုပွဲ.၊ survival ဆိုတဲ့အတိုင်း အသက်ရှင်သန်ဖို့ ဘယ်လောက်ထိ ရုန်းကန်ရမလဲ၊ကံ၊ ဉာဏ်၊ ဝီရိယ စိုက်ထုတ်ရမလဲ ဆိုတာကို ထင်ဟပ်ပြသထားတဲ့ ဇာတ်လမ်းလေးတစ်ပုဒ်ကို CM က ပရိသတ်များ ရှုစားနိုင်ဖို့ တင်ဆက်ပေးလိုက်ပါတယ်. File size…1.29GB / 543.9MB Quality…Blu-Ray 1080p 5.1CH/ 720p Format…mp4 Duration….1h 32m Genre ..... Adventure , Drama , Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by ...
movie

Backcountry(2014)