Channel Myanmar

Thriller

Joshua Imai Pol Kaakha (2024) 6.1
Joshua Imai Pol Kaakha (2024) Joshua( 2024) ကြေးစားချစ်သူ၂၀၂၄ မှအသစ်စက်စက်ထွက်ရှိထားပြီး IMDb 6.0/10 ရရှိထားတဲ့ EX ကို အသက်ပေးပြီး ကာကွယ်သွားမဲ့ ကြေးစားလူသတ်သမားကားလေး လာပါပြီ။ဂျော့ရှ်ရွှာဟာ ရက်စက်ကြမ်းကြုတ်တဲ့ ကြေးစားလူသတ်သမားတစ်ဦးပါ။ ငွေသာရရင် တွေ့ရာသင်္ချိုင်း ဓားမဆိုင်းတဲ့လူမျိုးပေါ့။ ဒါပေမဲ့ ဒီလူကြမ်းကြီးမှာလည်း အတိတ်က အချစ်ဇာတ်လမ်းရှိခဲ့ပါသေးတယ်။အဲဒါကတော့ ရှေ့နေမလေး ကွန်ဒါဗီနဲ့ပဲဖြစ်ပါတယ်။ အကြောင်းကြောင်းကြောင့် လမ်းခွဲခဲ့ရတဲ့သူတို့ကို ကံကြမ္မာတစ်ပတ်လည်ပြီး ပြန်ဆုံဖို့ အကြောင်းဖန်လာချိန်မှာတော့ ဂျော့ရှ်ရွှာတစ်ယောက် ကွန်ဒါဗီ့ကို သက်တော်စောင့်လုပ်ပေးဖို့ဖြစ်လာပါတော့တယ်။ အကြီးစားမူးယစ်ဆေးအမှုကိုရုံးတင်ရမဲ့ EX ရှေ့နေမလေးကို တာဝန်အတိုင်း စာချုပ်ပြီးသည်အထိ ကာကွယ်ပေးသွားနိုင်ပါ့မလား...။ကွန်ဒါဗီ့ရဲ့ မူးယစ်ဆေးအမှုကရော သက်တော်စောင့် ငှားရလောက်အောင် ဘာလို့သိပ်အန္တရာယ်များနေရတာလဲ...။ နှစ်ယောက်သားရဲ့ တစ်ကျော့ပြန်ဆုံစည်းမှုမှာ ရင်ထဲကမီးပွားလေးတွေ ပြန်တောက်လောင်လာဦးမလား...(အညွှန်းနဲ့ ဘာသာပြန်ကတော့ CM BOLLYWOOD TEAM ကပဲဖြစ်ပါတယ်) File size…2.2GB / 978MB Quality…WEB DL 1080p /720p Format…mp4 Duration….2h 10m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie

Joshua Imai Pol Kaakha (2024)

2024
Night Shift (2023) 5.2
Night Shift (2023)  ဒီတစ်ခါမှာတော့ Night Shift ဆိုတဲ့ သည်းထိပ်ရင်ဖိုဇာတ်ကားလေးကိုတင်ဆက်ပေးချင်ပါတယ်ဇာတ်လမ်းအကျဥ်းလေးကတော့.....ဂွမ်တေလာဆိုတဲ့အမျိုးသမီးတစ်ယောက်ဟာ မိုတယ်တစ်ခုမှာ ညဆိုင်းအလုပ်လာလုပ်ပါတယ် သူ့ရဲ့ပထမဆုံးအလုပ်လုပ်တဲ့ညမှာပဲ ထိပ်လန့်စရာကောင်းတဲ့ပုံရိပ်တွေကိုမြင်တွေ့နေရပြီး အဲ့မိုတယ်ဟာ သရဲခြောက်တယ်လို့ သံသယဝင်လာပါတယ်အဲ့ဒီမိုတယ်ကြီးကလည်း ဟောင်းနွမ်းနေပြီဖြစ်ပြီး အဲ့ကရေကူးကန်ကြီးမှာလည်းဘတွင်းနက်ကြီးပေါက်နေပါတယ် ပစ္စည်းတွေထားတဲ့ဂိုထောင်ကလည်း တံခါးကအပြင်ကနေပဲဖွင့်လို့ရပြီး အထဲကနေပြန်ဖွင့်လို့မရပါ အဲ့လိုထူးဆန်းပြီးခြောက်ခြားစရာကောင်းတဲ့မိုတယ်ကြီးမှာ မိန်းကလေးတစ်ယောက်တည်း ညပိုင်းအလုပ်လုပ်ရတဲ့အခါ........​နောက်ပြီး လာတည်းခိုတဲ့ဧည့်သည်တွေကလည်း ထူးဆန်းပြီးကြောင်တောင်တောင်နိုင်တဲ့သူတွေနဲ့ပါကြုံတွေ့ရပါတယ်အဲ့ဒါတင်မကဘဲ ဂွမ်ရဲ့အတိတ်ကဖြစ်ရပ်ဆိုးကြီးက လူဆိုးတစ်ယောက်က သူ့နောက်ကိုလိုက်နေပါတယ်လို့ ဂွမ်တစ်ယောက်သံသယရှိနေတဲ့အခါ......... File size…(1.3 GB)/(600 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:22:00 Genre...Horror, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Ruby Jane
movie

Night Shift (2023)

Case of Kondana (2024) 9.2
Case of Kondana (2024) Case of Kondana (2024) ကွင်းဆက်လူသတ်မှုIMDb 9.3/10ပရိသတ်ကြီးအကြိုက်တွေ့စေမဲ့ Thriller/Crime ရုပ်ရှင်ကားလေးတင်ဆက်ပေးထားပါတယ် သက်သေမချန်ခဲ့တဲ့ကွင်းဆက်လူသတ်မှုတွေနဲ့ အမှုဖြေရှင်းပုံတွေကိုလည်း အားပါးတရကြည့်ရှုရမှာပဲဖြစ်ပါတယ်အမှားလုပ်မိတာနဲ့ နှစ်ရှည်လများအလုပ်လုပ်ပေးခဲ့သူဆိုလည်းမထောက် အပြတ်ရှင်းတတ်တဲ့ လူမိုက်ခေါင်းဆောင်မာဟင်ဒါ..သူတို့ဂိုဏ်းကတော့ လူမိုက်တွေကြားထဲနာမည်ကြီးရုံတင်မက ရဲတွေကပါပြန်ကြောက်ရတဲ့ဂိုဏ်းတစ်ခုပေါ့ ဆာဂျူးဆိုတာကတော့ သားဖြစ်သူရဲ့ကျန်းမာရေးအခြေအနေကြောင့် ငွေလိုနေတဲ့လူတစ်ယောက်ပါ ကုန်ကျစရိတ်မတတ်နိုင်လို့ ပိုက်ဆံဘယ်နားကရမလဲရှာကြံနေရသူတစ်ယောက် လူသတ်မှုတွေဆက်တိုက်ဖြစ်နေလို့ ရဲတွေဘာလုပ်နေကြလဲလို့ ပြည်သူတွေမေးခွန်းထုတ်နေကြတဲ့အချိန် လူသတ်မှုက အမှုခင်းတစ်ခုနဲ့တစ်ခုမှာ သုံးသွားတဲ့လက်နက် သတ်ပုံသတ်နည်း‌တွေဆင်တူနေလို့ ကွင်းဆက်လူသတ်မှုလို့သတ်မှတ်ပြီး ဒီအတွက်တာဝန်ရှိသူကတော့ လက်ရှ်မီးပေါ့ အထက်လူကြီးတွေကပါ တခြားအမှုတွေကိုရပ်ခိုင်းပြီး ဒီကွင်းဆက်လူသတ်မှုကိုပဲစုံစမ်းခိုင်းတဲ့ထိ ဖိအားတွေများနေသူ..သူတို့အဖွဲ့ထဲကို လူသစ်တစ်ယောက်ရောက်လာခဲ့တယ်ဝီလ်ဆန်တဲ့ လူသစ်မို့ မာဟင်ဒါတို့ဂိုဏ်းအကြောင်းဘာမှမသိတာမို့ ရန်ဖြစ်ရင်းပါးချလိုက်မိရာက သူတို့၄‌ယောက်ကံတွေ ဘယ်လိုဆက်သွယ်သွားကြမလဲ ကွင်းဆက်လူသတ်မှုကိုရော ဖော်နိုင်ကြမလားဆိုတာကိုတော့(အညွှန်းနဲ့ ဘာသာပြန်တွေကတော့ Yunni ~ BpL ~ V ~ Alex ~ ToMo တို့ပဲဖြစ်ပါတယ် ) File size…2.1GB / 952MB Quality…WEB DL 1080p /720p Format…mp4 Duration….2h 23m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Yunni ~ BpL ~ V ~ Alex ~ ToMo
movie

Case of Kondana (2024)

2024
Cold in July (2014) 6.7
Cold in July (2014)  မိသားစုကိုချစ်မြတ်နိုးတဲ့ Richard Dane ကညနက်သန်းခေါင် သူ့အိမ်ထဲကို ကျူးကျော်ပြီးဝင်လာတဲ့Freddy Russell ဆိုတဲ့သူကို မတော်တဆသတ်မိသွားတဲ့အခါ၊ထင်မှတ်မထားတဲ့အဖြစ်ကြောင့် Freddy အဖေ ထောင်ထွက်လူမိုက်ကြီးက Richard Dane တို့မိသားစုကို လက်စားချေဖို့ကြံစည်လာတဲ့အခါ...Richard တယောက် ကြံရာမရဖြစ်ပြီး ရဲတပ်ဖွဲ့ကိုအကူအညီတောင်းပါတော့တယ်။ ဒါပေမဲ့ Freddy အဖေကိုရဲတွေက လူမသိသူမသိလုပ်ကြံဖို့ ကြိုးစားတဲ့အခါ ဒီနောက်ကွယ်မှာတော့ FBI ရဲ့ ဘယ်လိုပူးပေါင်းကြံစည်မှုတွေ၊လှည့်ကွက်တွေရှိနေတာလဲ။ Richard Dane တယောက်ဘယ်လိုလှည့်စားခံခဲ့ရတာလဲ။Richard က Freddy အဖေကိုကယ်ထုတ်ပြီးသူတို့နှစ်ယောက်ပူးပေါင်းလိုက်ကြတဲ့အခါ Freddy အစစ်ကိုရှာပုံတော်ဖွင့်ကြမှာဖြစ်ပါတယ်။ ဒီဇာတ်လမ်းက အစပိုင်းမှာရိုးရိုးရှင်းရှင်းစတင်ထားတယ်ဆိုပေမဲ့ နောက်ပိုင်းမှာတော့အထူးစုံထောက်ကြီး Johnson ကပါ ပူးပေါင်းပါဝင်လာတဲ့အခါရာဇဝတ်မှုအရှုပ်တော်ပုံကြီးကို တဆင့်ပြီးတဆင့် ဖော်ထုတ်သွားကြမှာဖြစ်ပါတယ်။ အချိန်ပေးပြီး ကြည့်ရကျိုးနပ်စေမယ့်မှုခင်းစုံထောက်ဇာတ်ကားကောင်းဖြစ်လို့ အသည်းတအေးအေးကြည့်ရှုကြရမှာဖြစ်ပါတယ်။ File size…1.38GB / 656MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 49m Genre …..Crime , Thriller Subtitle….Myanmar Subtitle (Hard ...
movie

Cold in July (2014)

Safehouse (2023)
Safehouse (2023) Safehouse (2023)ကာလာဆိုတဲ့ အမျိုးသမီးလေးဟာ မက္ကဆီကိုက မက်ဆီကာလီမြို့မှာ အစ်ကိုဖြစ်သူနဲ့အတူ နေထိုင်ပြီး အလုပ်လုပ်ရင်း ဆရာဝန်ဖြစ်ဖို့ကြိုးစားနေပါတယ်။ မိသားစုထဲမှာ ပညာရေးထွန်းထွန်းပေါက်ပေါက်ဆိုလို့ သူတစ်ယောက်ပဲ ရှိတဲ့အတွက် အမေဖြစ်သူက အလုပ်ကြိုးစားပြီး ဆေးကျောင်းတက်ဖို့ ထောက်ပံ့ပေးနေတယ်။အစ်ကိုဖြစ်သူက မူးယစ်ဂိုဏ်းတွေကြားမှာ ဝင်ရှုပ်မိတာကြောင့် အိမ်ကို သေနတ်တွေနဲ့လာဝိုင်းတဲ့အချိန် မောင်နှမနှစ်ယောက်ထွက်ပြေးရင်း အစ်ကိုဖြစ်သူ အသတ်ခံလိုက်ရပါတယ်။ ဒီကနေ ကာလာတစ်ယောက် ထွက်ပြေးရင်း ကန္တာရထဲက ဥမင်တစ်ခုကိုတွေ့လို့ ဝင်ပုန်းရာမှာ ဥမင်အတိုင်း အဝေးကြီးထိ ဝင်လာခဲ့မိတော့ အမေရိကန်နယ်စပ်က အိမ်တစ်လုံးဆီကိုရောက်သွားရာကအစ စီအိုင်အေ၊ မူးယစ်ဂိုဏ်းကသတင်းပေးတွေနဲ့ မူးယစ်ဂိုဏ်းတွေကြားမှာ ပိတ်မိသွားတဲ့အခါမှာတော့ ...( aungmo3han အညွှန်းရေး ဘာသာပြန်ထားပါတယ်)Genre..... Action, Crime, Thriller Quality…. 1080p | 720p File size… 1.1GB | 594MB Format… mp4 Duration…. 1h 27min Subtitle…. Myanmar Subtitle (Hardsub) Translator ..... aungmo3han Encoder ..... Aaron
movie

Safehouse (2023)

2023
Möbius (2013) 6.1
Möbius (2013)  Mobius (2013)===========မောဘီးယပ်စ်ဆိုလို့ မာဗယ်ထဲက မောဘီးယပ်စ်နဲ့ လွဲမသွားကြပါနဲ့ဦး။ ဒီမောဘီးဘပ်စ်က သတ်သတ်ပါ။ဒီကားက Mobius Strip ဆိုတဲ့ ကျွန်တော်တို့ငယ်ငယ်က ကစားဖူးလောက်မဲ့ မျက်နှာပြင်နှစ်ဖက်ရောနေတဲ့ စက္ကူအဝိုင်းစလေးကနေ reference ယူထားတာပါ။ 2013ခုနှစ်မှာ ထွက်ရှိခဲ့တာဖြစ်ပြီး IMDb rating 6.1/10 ရရှိထားပါတယ်။ ရုရှား-ပြင်သစ်-အင်္ဂလိပ်စကားပြောရုပ်ရှင်ပါ။ Drama/Thriller အမျိုးအစားဖြစ်ပါတယ်။ဇာတ်ညွှန်းကတော့ ရော့စ်တော့ဗ်စကီဆိုတဲ့လူကို ဖမ်းတဲ့နေရာမှာ အချက်အလက်တွေနှိုက်ဖို့သူလျှိုရွေးတော့ ‌Financial Expert တစ်ယောက်ဖြစ်တဲ့ မင်းသမီးကို ရွေးလိုက်ကြတယ်။ အပေးအယူကတော့ U.Sကနေ အလုပ်လုပ်ခွင့်အပိတ်ခံထားရတဲ့သူ့ကို ပြန်ရအောင်လုပ်‌ပေးမယ်ပေါ့လေ။ အချက်အလက်နှိုက်ရမဲ့သူလျှိုဆိုတော့ စီးပွားရေးလုပ်ငန်းကနေတဆင့် ဝင်လုံးပေမဲ့ အီစီကလီကိစ္စလေးတွေပါပါတာပေါ့။ အဲလိုသူလျှိုအလုပ်လုပ်နေတုန်းမှာပဲ မင်းသမီးကသူ့အချစ်စစ်ကိုရှာတွေ့ပါလေရော။ ဖြစ်ချင်တော့ သူ့ချစ်သူကလည်း တကယ့်လူမှသွားဖြစ်နေပြန်တယ်။ သူလျှိုအလုပ်နဲ့ အချစ်ရေးရောထွေးလာတဲ့အခါမှာ ဘယ်လိုတွေဆက်ဖြစ်ကြမလဲဆိုတာ ကြည့်ရှုခံစားလိုက်ကြပါဦး။(ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Ngwe Zin ပါ )File size_(2GB)/(900MB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:43:00 Genre_Drama, Thriller Subtitle_Myanmar ...
movie

Möbius (2013)

You’ll Never Find Me (2023) 5.9
You’ll Never Find Me (2023)  ၂၀၂၃ ခုနှစ်မှာထွက်ရှိထားတဲ့ Australian ရုပ်ရှင်You'll Never Find Me နဲ့မိတ်ဆက်ပေးချင်ပါတယ်။ဒါရိုက်တာ Indianna Bell နဲ့ Josiah Allen တို့ကရိုက်ကူးပေးထားပြီး Horror ၊ Thriller နဲ့ Mysteryအမျိုးအစားရုပ်ရှင်ဖြစ်ပါတယ်။တစ်ကားလုံးမှာ ဇာတ်ကောင်နှစ်ဦးတည်းသာပါဝင်ပြီးBrendan Rock နဲ့ Jordan Cowan တို့က ပါဝင်သရုပ်ဆောင်ထားပါတယ်။ နေရာတစ်ခုတည်းမှာဇာတ်ကောင်နှစ်ခုကြားလွန်ဆွဲနေတဲ့သံသယတွေ၊ခြောက်ခြားမှုတွေကို စိတ်လှုပ်ရှားစရာဖြစ်အောင်ရိုက်ကူးတင်ဆက်ထားပြီး ကုန်ကျစရိတ်အနည်းဆုံးအသုံးပြုထားတဲ့ရုပ်ရှင်တစ်ခုလည်းဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း****************နောက်တွဲလူနေယာဉ်တစ်ခုပေါ်မှာနေထိုင်တဲ့လူတစ်ယောက်ဆီကို မုန်တိုင်းသည်းနေတဲ့အချိန်မှာအမျိုးသမီးတစ်ဦးကတံခါးလာခေါက်ပြီး အကူအညီတောင်းရာကနေ ဇာတ်လမ်းကိုစတင်ထားပါတယ်။မုန်တိုင်းကပိုသည်းလာတာနဲ့အမျှ နောက်တွဲယာဉ်ပေါ်ကလူနှစ်ဦးဟာ အန္တရာယ်ကိုခံစားမိလာပြီး သံသယစိတ်တွေနဲ့တစ်ဦးကိုတစ်ဦး ကြောက်ရွံ့လာကြပါတယ်။ တကယ်တမ်းဘယ်သူကဘယ်သူ့ကိုကြောက်ရမလဲဆိုတာကတော့ရုပ်ရှင်ထဲမှာ ဆက်လက်ကြည့်ရှု့ခံစားရမှာပဲဖြစ်ပါတယ်။ File size…1.11GB / 415MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 36m Genre ….. Horror , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by JULY
movie

You’ll Never Find Me (2023)

The Unborn (2009) 5.1
The Unborn (2009) The Unborn (2009) =================သာမန် မိန်းကလေးတစ်ယောက်ဖြစ်တဲ့ ကေစီဟာ ဘဝကို အေးအေးလူလူ ဖြတ်သန်းနေသူတစ်ယောက်ပါ... တစ်နေ့မှာ အိမ်နီးချင်းအတွက် ကလေးထိန်းလုပ်ပေးရင်း ထူးဆန်းတဲ့အဖြစ်အပျက်တစ်ခုကို ကြုံတွေ့လိုက်ရပါတော့တယ် အဲ့နောက်ပိုင်းက စပြီး သူမရဲ့ မျက်ဝန်းအရောင်က ပြောင်းလဲလာတယ် မမြင်အပ်တာတွေ မြင်လာရတယ်...သူမရဲ့ အမေဟာလည်း ဘာမှန်းသေချာမသိရတဲ့အကြောင်းအရာတစ်ခုကြောင့် ကိုယ့်ကိုယ်ကို အဆုံးစီရင်သွားတယ်... ဘာမှန်းမသိတဲ့အရာတစ်ဟာ သူမကိုနေ့ရော ညပါခြောက်လှန့်လာပါတော့တယ်ဒါတွေကို ရင်ဆိုင်ဖို့အတွက် အကြောင်းရင်းကို လိုက်လံရှာဖွေရင်း တစ်ဘဝလုံးဖုံးကွယ်ခံထားရတဲ့ အရာကို သိလိုက်ရ‌ချိန်မှာတော့....ကိစ္စတွေကို သူမဘယ်လိုရင်ဆိုင်ဖြေရှင်းမလဲဆိုတာကိုတော့ Jump scare အများကြီးနဲ့ ရင်တစ်ထိတ်ထိတ်နဲ့ ကိုယ်တိုင်ခံစားကြည့်လိုက်ကြပါဦး ။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူက‌တော့ Thu Thu ပါ )File size_(1.3GB)/(600MB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:32:00 Genre_Horror, Mystery, Thriller Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by Thu Thu
movie

The Unborn (2009)

Body of Lies (2008) 7.0
Body of Lies (2008)   IMDb 7.1 ရတဲ့ကားလဲဖြစ် လီယိုနာဒိုရဲ့ကားလည်းဖြစ်နေတဲ့အတွက်အထူးတလည်ညွှန်းစရာမလိုဘဲ ဘယ်လောက်ကောင်းလဲ မှန်းကြည့်နိုင်ပါတယ်။အကြမ်းဖက်အဖွဲ့ခေါင်းဆောင်နောက်ကို လိုက်နေတဲ့ စီအိုင်အေ အေးဂျင့်(လီယိုနာဒို) ဟာ သူ့ရဲ့ အမေရိကန် အထက်အရာရှိရဲ့ သံသယဖြစ်ဖွယ်အမိန့်တွေနဲ့ ကိုယ်ပိုင်ဆုံးဖြတ်ချက်တွေ ရောထွေးနေတဲ့အချိန်မှာ အခက်အခဲတွေကြားထဲကနေ ဇာတ်ကားဟာ လှည့်ကွက်ကောင်းကောင်းနဲ့ ဇာတ်အိမ်ခိုင်ခိုင်နဲ့ ကြည့်လို့ ကောင်းလွန်းတဲ့အတွက် အညွှန်းနဲ့ spoiler ဖြစ်အောင် မလုပ်တော့ပါဘူး။ ကြည့်လိုက်ကြပါဦး။(အညွန်းရေးသူကတော့  Little Neo ပဲ ဖြစ်ပါတယ်) File size…(3 GB)/(2 GB) Quality….Web-DL 1080p / 720p Format…mp4 Duration….02:08:00 Genre...Action, Drama, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson 
movie

Body of Lies (2008)

Hostile Forces (2023)
Hostile Forces (2023)  ယခုအခါ တင်ဆက်ပေးလိုက်တာကတော့ ၂၀၂၃ ခုနှစ်ထွက် အက်ရှင်ဒရာမာဇာတ်လမ်းလေးပဲဖြစ်ပါတယ်။ဇာတ်လမ်းအကြောင်းပြောရရင် စစ်ပြန်တစ်ယောက်ဖြစ်သူ မစ်ကီဟာသူ့မိသားစုနဲ့အတူ သူ့အကိုဖြစ်သူ နိုအာ နေထိုင်ရာဆီသို့ အားလပ်ရက်ခရီးထွက်လာခဲ့ပါတယ်။ သူ့အကိုအိမ်ကိုရောက်တဲ့အခါ မမျှော်လင့်တာတစ်ခုဖြစ်လာခဲ့ပါတယ်။ မစ်ကီဟာသူ့အကိုရဲ့အလောင်းနဲ့အတူ အိတ်နှစ်လုံးကိုတွေ့ရှိခဲ့ပါတယ်။ထိုအခါဒီအိမ်ကနေချက်ချင်းထွက်ခွာဖို့လုပ်ခဲ့ပေမယ် အိမ်အပြင်မှာလူတစ်စုကဝိုင်းထားပြီးပါပြီ။ နောက်နေ့မနက်ကျတော့ အိမ်ကိုဝိုင်းထားသူဟာ သူ့ရဲ့တပည့်ဟောင်းဖြစ်သူ ကိန်းဆိုတဲ့သူဖြစ်နေခဲ့ပါတယ်။ မစ်ကီရဲ့အကိုဟာ ကိန်းအပါအဝင်အခြားလူတွေနဲ့ပူးပေါင်းပြီး မူးယစ်ဆေးရောင်းစားနေခဲ့တာပါ။ဒါပေမဲ့မစ်ကီရဲ့အကိုက မူးယစ်ဆေးတွေကိုပြန်ခိုးလို့ဆိုပြီး ကိန်းတို့ကသတ်လိုက်တာပါ။ ထိုအခါ ကိန်းရဲ့မူးယစ်ဆေးအိတ်တွေကိုပြန်ပေးလည်း အသတ်ခံရမယ်မှန်းသိခဲ့တဲ့အတွက် မစ်ကီဟာ သူ့မိသားစုကိုကယ်တင်ဖို့ ကိန်းတို့ရဲ့လက်ကနေလွတ်မြောက်အောင်ထွက်ပြေးရပါတယ်။ မစ်ကီတို့လွတ်မြောက်သွားမလား..ဘာဆက်ဖြစ်မလဲဆိုတာကို ဆက်လက်ကြည့်ရှုကြပါခင်ဗျာ။ File size…(960 Mb) Quality….Webrip 720p Format…mp4 Duration….01:49:00 Genre...Action, Drama, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by AKM
movie

Hostile Forces (2023)

Prey (2024) 5.5
Prey (2024)  ဇာတ်လမ်းလေးကတော့ အာဖရိက ကာလာဟာရီသဲကန္တာရထဲမှာလူအုပ်စုတစ်စု အသက်ရှင်ကျန်ဖို့ ကြိုးစားကြတဲ့ဇာတ်လမ်းလေးပါ...။ဒီလူအုပ်စုထဲမှာ ခရစ်ယာန်သာသာပြု ဆရာဝန်တစ်ယောက်နဲ့ဇနီးဖြစ်သူ၊လေယာဥ်မှူးတစ်ယောက်၊ လမ်းပြတစ်ယောက်နဲ့၊ တိုးရစ်သုံးယောက်ပါပါတယ်...။အာဖရိကကို ပုံပြင်ကိုယ်စီရှိနဲ့ရောက်ရှိလာသူတွေပေါ့။သို့ပေမယ့် စစ်သွေးကြွတွေသောင်းကျန်းလာတဲ့အခါ အားလုံးဟာအသက်မသေချင်တော့ လေယာဥ်နဲ့ပြေးဖို့ ကြံပါတော့တယ်...။ကံဆိုးချင်တော့ သူတို့စီးလာတဲ့ လေယာဥ်ဟာ တောရိုင်းတိရိစ္ဆာန်တွေကျက်စားတဲ့‌ အရိုင်းတောလွင်တီးခေါင်တစ်ခုမှာ ပျက်ကျသွားပါလေရော...။ဒီအဖြစ်ဆိုးကနေ ဘယ်သူတွေရုန်းထွက်သွားနိုင်မလဲ၊ဘယ်သူ့မှာက လူသိမခံတဲ့ဇာတ်လမ်းတွေရှိဦးမလဲ၊ဘယ်သူကရော သားကောင်ဖြစ်သွားမလဲဆိုတာ ဇာတ်လမ်းလေးထဲမှာကြည့်ရှုနိုင်ပါပြီဗျာ...။ File size…1.11GB / 508MB Quality…WEB-Rip 1080p 5.1CH  / 720p Format…mp4 Duration….1h 26m Genre ….. Action ,  Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Themes
movie

Prey (2024)

Rescue Under Fire (2017) 6.2
Rescue Under Fire (2017)  Original Title: Zona Hotsilအာဖဂန်နစ္စတန် စစ်မြေပြင်ထဲက စပိန်တပ်မတော်ရဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းတစ်ပုဒ် ဖြစ်ပါတယ်။ ဒီရုပ်ရှင်မှာတော့ MEDEVAC လို့ခေါ်တဲ့ ဆေးဖက်ဆိုင်ရာ ဟယ်လီကော်ပတာတပ်ဖွဲ့အကြောင်းကိုအဓိက အခြေပြုထားတာပါ။MEDEVAC ၂ ဖွဲ့ထဲက တစ်ဖွဲ့ကို ရန်သူ့နယ်မြေထဲ ဒဏ်ရာရသူတွေကိုကယ်ထုတ်ဖို့ဆိုပြီး စေလွှတ်ရာမှာ ဟယ်လီကော်ပတာဆင်းသက်ချိန်မြေမညီတဲ့အတွက် ဘီးချော်ပြီး ယာဉ်တိမ်းမှောက်ခဲ့ရပါတယ်။အဲဒီမှာ အထဲကလူတွေ ထိခိုက်မှုမရှိပေမဲ့လည်း အသံတွေကကျယ်လောင်ပြီး ရန်သူ့နယ်မြေထဲ ဖြစ်တဲ့အတွက် နောက်ထပ်ကယ်ဆယ်ရေးမလာခင် အသက်ရှင်ဖို့ လုံးပမ်းရမှာပါ။တစ်ဖက်မှာလည်း စခန်းမှာက MEDEVAC ယာဉ် ၂ စီးပဲ ရှိတဲ့အတွက်ဒီပျက်ကျတဲ့တစ်စီးကို မရရအောင် သယ်ထုတ်မယ်ဆိုပြီးမဟာဗျူဟာနဲ့ နောက်နေ့ အရုဏ်တက်မှာ အရကယ်ဆယ်ဖို့ကြံစည်ကြပါတယ်။ ဒီလိုနဲ့ ပျက်ကျတဲ့ MEDEVAC တပ်ဖွဲ့ရယ်စခန်းစောင့်တပ်ဖွဲ့တွေရယ် ကယ်ဆယ်ရေးမလာခင် တစ်ညတာကိုရန်သူတာဘီဘန် နယ်မြေထဲမှာ ဘယ်လိုမျိုး စွန့်စွန့်စားစားနဲ့ဖြတ်သန်းရမလဲ ကယ်ဆယ်ရေးအချိန်မှီလာမလားဟယ်လီကော်ပတာကိုလည်း သယ်သွားနိုင်ပါ့မလား စသဖြင့်ရင်တထိတ်ထိတ်နဲ့ ကြည့်ရမယ့် စပိန်ဖြစ်ရပ်မှန် စစ်ကားလေးပဲဖြစ်ပါတယ်။IMDB မှာလည်း 6.2 ရရှိထားပါတယ်။ File ...
movie

Rescue Under Fire (2017)

Black Sea (2014) 6.4
Black Sea (2014)  ၂၀၁၄ ခုနှစ်ကထွက်ခဲ့တဲ့ ဒီရုပ်ရှင်ဟာ နာမည်ကြီးမင်းသား Jude Law ပါဝင်သရုပ်ဆောင်ထားတဲ့ ရေငုပ်သင်္ဘောကိုအဓိက အခြေခံထားတဲ့ Thriller ဇာတ်လမ်းအမျိုးအစားဖြစ်ပါတယ်.Jude Law ဟာဆိုရင် ကျွန်တော်တို့ရဲ့ Ironman မင်းသားကြီး Robert Downey Jr. ရဲ့ Sherlock Holems ရုပ်ရှင်တွေမှာ နောက်ထပ် အဓိကဇာတ်ကောင်ဖြစ်တဲ့ Dr.Watson နေရာကနေ သရုပ်ဆောင်သူဖြစ်ပြီး အခြားနံမည်ကြီး ရုပ်ရှင်တွေဖြစ်တဲ့ Enemy at the Gates, Rise of the Guardians အပြင် Fantastic Beasts ရုပ်ရှင်တွေမှာ သရုပ်ဆောင်ခဲ့သူဖြစ်ပါတယ်.ဇာတ်လမ်းအကျဉ်းရေတပ်ကပ္ပတိန်ဟောင်းဖြစ်သူ ရော်ဘင်ဆင်ဟာ သူလက်ရှိအလုပ်လုပ်နေတဲ့ အာဂိုရာဆိုတဲ့ ကုမ္ပဏီကနေ အလုပ်ထုတ်ခံခဲ့ရပြီး သူ့ရဲ့ ဇနီးနဲ့လည်း ကွာရှင်းထားခဲ့တဲ့သူဖြစ်ပါတယ်. နောက်တော့ သူ့ရဲ့ သူငယ်ချင်းတစ်ယောက်ဖြစ်တဲ့ ကာစတန်က ဂျော်ဂျီယာရေပိုင်နက်ထဲက ပင်လယ်နက်ထဲမှာ နစ်မြုပ်နေတဲ့ ဒုတိယကမ္ဘာစစ်က ပျောက်ဆုံးနေတဲ့ ...
movie

Black Sea (2014)

Operation Valentine (2024) 5.5
Operation Valentine (2024) Operation Valentine (2024) ပရောဂျက်ဗာဂ်ျရာIMDb-5.5/10 Rotten tomatoes/71%ရီသိက်ရိုရှန်ရဲ့ ဖိုက်တာကားကြည့်ပြီး တိုက်လေယာဉ်ကားတွေ ထပ်ကြည့်ချင်သေးတဲ့ပရိသတ်ကြီးအတွက် တိုက်လေယာဉ်တွေနဲ့ကြမ်းပြမဲ့ နောက်တစ်ကားထွက်ရှိလာပါတယ်Varun Tej နဲ့ Miss World 2017 Manushi Chhillar တို့က အဓိကပါဝင်ထားပါတယ်အာဂျွန်ဒေ့ဗ်ဆိုတာ အရည်အချင်းရှိသလို ခေါင်းလည်းမာတဲ့ လေတပ်ဗိုလ်တစ်ယောက် အတိုင်းအတာ ခန့်မှန်းချက်တွေထက် သူ့ရဲ့လုပ်နိုင်စွမ်းကိုသာယုံကြည်ပြီး မစ်ရှင်တိုင်းကို စွန့်စွန့်စားစားလုပ်တတ်တဲ့သူ ။ သူဦးဆောင်ခဲ့တဲ့ ပရောဂျက်ဗာဂ်ျရာမှာ သူရဲ့စွန့်စားအရဲကိုးမှုတွေကြောင့် တွဲဖက်အရာရှိကျသွားပြီးတဲ့နောက် အဲဒီမစ်ရှင်ကိုရပ် သူကိုယ်တိုင်လည်းပျံသန်းခွင့်ရပ်နားခံလိုက်ရတယ်အာဟာနာက‌တော့ လေကြောင်းတိုက်ပွဲတွေမှာ အရာရှိတွေဘေးကင်းဖို့ မြေပြင်ကနေ ခန့်မှန်းချက်တွေ ရေဒါအတိုင်းအတာတွေ သတင်းပို့ညွှန်ကြားရသူ အာဂျွန်ဒေ့ဗ်ရဲ့ဇနီး ။ တစ်နေ့မှာ ရပ်ဆိုင်းထားတဲ့ ပရောဂျက်ဗာဂ်ျရာကို ပြန်စဖို့ လုပ်နေတယ်ဆိုတာ သိလိုက်ရတယ်အန္တာရယ်များလို့ရပ်ဆိုင်းထားတဲ့ ဗာဂ်ျရာပရောဂျက်ကို တစ်ခါရှုံးနိမ့်ဖူးတဲ့ ခေါင်းမာတဲ့အရာရှိအာဂျွန်က ဦးဆောင်တိုက်တဲ့ ဝေဟင်တိုက်ပွဲက ဘယ်လိုတွေဆက်ဖြစ်မလဲ အာဂျွန်နဲ့ ဆာဟာနာတို့ကရော တာဝန်ဝတ္တရားနဲ့ ပုဂ္ဂိုလ်ရေးခံစားချက်တွေကြား ဒီမစ်ရှင်ကို ဘယ်လိုကိုင်တွယ်သွားကြမလဲဆိုတာ ရှုစားကြည့်ပါဦးအညွှန်း နှင့် ဘာသာပြန်သူတွေကတော့ CM Bollywood Team မှ ဖြစ်ပါတယ် File size… 1.9GB  /  ...
movie

Operation Valentine (2024)

2023
Tirza (2010) 6.4
Tirza (2010)  ငါ့ရဲ့ နေဘုရင်မလေး တီဇာ။သားသမီးပြုစုပျိုးထောင်မှုဆိုတာ ငါမသိပါဘူး။စာပေနယ်ပယ်မှာ ကျင်လည်ခဲ့တဲ့အတွေ့အကြုံတွေကသာမီးကိုဘယ်လိုပြုစုပေးရမလဲဆိုတာမျိုးမဟုက်တာတော့သေချာနေတယ်။ နမ်ဘီယာကို အပြီးအပိုင်ထွက်ခွာသွားတဲ့သမီးက တကယ်တော့သူ့ဘဝထဲက အပြီးအပိုင်ထွက်ခွာသွားခြင်းပါပဲ။ သူဒါကို မကျေမနပ်ဖြစ်နေဆဲပါ။သူတို့သားအဖနှစ်ဦး အတူတူနေလို့မရတာဟာ အဖေ့အမှားလား၊သမီးအမှားလည်း ဒါမှ မဟုက် လူ့ယဥ်ကျေးမှုအမှားလား။တစ်ခုခုတော့တစ်ခုခုပါပဲ။ သမီးကို နောက်ဆုံးတစ်ခေါက်အနေနဲ့တွေ့ရဖို့အတွက် ကန္တာရထဲသွားခဲ့ပါတယ်။တကယ်ပဲနောက်ဆုံးတစ်ခေါက်ပါပဲ။ယူကျုံးမရ၊ ဖက်တွယ်ရာမရတော့တဲ့လူသားတစ်ယောက်ဟာကလေးငယ်လေး ကိုင်ဇာကို ထပ်မံရှာဖွေတွေ့ရှိခဲ့ပါတယ်။..ဒီဇာတ်ကားကို Rudolf Van Den Berg ကရိုက်ကူးခဲ့ပြီးwinner ဆု ၄ ခုနှင့် တင်သွင်းခံရတဲ့အဆင့်၆ ခါရရှိခဲ့ပါတယ်။IMDb rating 6.4 ရရှိထားပါတယ်။ File size…1.81GB  / 830MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 40m Genre ….. Drama , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Thy Santa
movie

Tirza (2010)

Road House (2024) 7.7
Road House (2024)  ဂျိတ် ယီလင်ဟော အဓိကမင်းသားအဖြစ်ပါဝင်ထားပြီးUFC ဖိုက်တာကြီး Conor McGregor ကြီးဗီလိန်လုပ်ထားတဲ့ဒီရုပ်ရှင်ကို အတော်များများ မျှော်နေကြမယ်ထင်တယ်။တကယ်လည်း ကြမ်းပါတယ်။ ကြည့်ရတာ အားရတယ်။ဒါရိုက်တာကလည်း Edge of Tomorrow ကိုရိုက်ခဲ့တဲ့Doug Liman ပါပဲ။ ဂျိတ်ယီလင်ဟောဟာ ဒီရုပ်ရှင်မှာUFC ဖိုက်တာဟောင်းအဖြစ်သရုပ်ဆောင်ဖို့ တရားလွန်ကိုလေ့ကျင့်ခဲ့ပြီး ဒါရိုက်တာက ရိုက်ဖူးသမျှ ရုပ်ရှင်တွေထဲမှာဂျိတ်ရဲ့ သရုပ်ဆောင်ချက်ဟာ အကောင်းဆုံးပဲလို့ ပြောခဲ့ပါတယ်။ ဇာတ်လမ်းအကျဉ်း***************ဒေါ်တန် ဆိုတဲ့ UFC ဖိုက်တာဟောင်းတစ်ယောက်ဟာအကြောင်းတစ်ခုကြောင့် လောကကြီးကိုစိတ်ကုန်နေပြီးလမ်းဘေးပွဲတွေမှာပဲလုပ်စားနေတာကြာပါပြီ။တစ်နေ့မှာတော့ Road House လို့ခေါ်တဲ့ ဘားရဲ့ ပိုင်ရှင်ကောင်မလေးက သူ့ဘားအတွက် လုံခြုံရေးလုပ်ဖို့လာကမ်းလှမ်းတာကိုလက်ခံလိုက်ပါတယ်။ ဒါပေမဲ့သူလုံခြုံရေးလုပ်ရတဲ့ဘားက သာမန်ရန်ဖြစ်တဲ့လူတွေတင်မကဘဲ လူမိုက်အဖွဲ့ကြီးတစ်ခုကပါ ဘားကိုတမင်ပျက်စီးအောင်လာလုပ်နေတာကိုတွေ့ရပြီး တစ်ယောက်တည်းနဲ့လူမိုက်အုပ်ကြီးကို ခံချရပါတော့တယ်။ အက်ရှင်အသားပေးမို့ဇာတ်လမ်းက ထွေထူးပြောစရာမလိုပါဘူး။ရှယ်ကြိတ်တာတွေသာ ကြည့်လိုက်ကြပါ။  4K ကိုတော့ www.cmapp.tv မှာ မန်ဘာဝင်ပြီး CM App ကနေ လွယ်ကူစွာတိုက်ရိုက်ကြည့်ရှုနိုင်သလို One Click Download လဲ ပြုလုပ်နိုင်ပါတယ်။ File size…6GB/2.81GB ...
movie

Road House (2024)

4K HEVC
Dark Windows (2023)
Dark Windows (2023) Drama နဲ့ Horror အစိတ်အပိုင်းတို့ အချိုးကျကျ ရောစပ်ထားတဲ့ ဇာတ်ကားလေး ဖြစ်ပါတယ်'တေလီ' 'မိုနီကာ' 'ပီတာ' 'အာလီ' တို့ သူငယ်ချင်း ၄ ယောက်သား ကားပေါ်မှာ... အာလီ့ ကို ဝိုင်းစကြနောက်ကြရင်း အက်ဆီးဒင့်ဖြစ်ပြီး ဆုံးသွားတယ်ဒါကို 'တေလီ' က အပြစ်ရှိစိတ်ကြောင့် ဖြေမဆည်နိုင်ဖြစ်နေတဲ့အတွက် မိုနီကာ၊ ပီတာတို့က ဖြောင်းဖျပြီး... နယ်ဘက်က ဘိုးဘွားပိုင်အိမ်လေးကို စိတ်ပြေလက်ပျောက် ခရီးထွက်လာတယ် လွမ်းစရာ၊ နာစရာတို့ကို ပျော်စရာနဲ့ဖုံးပြီး မေ့ဖျောက်ပြီး လာခဲ့တဲ့ အပျော်ခရီးလေးကနေ... အပြစ်ရှိစိတ်၊ ပူဆွေးခြင်းတို့က သူတို့ကို ဆက်လက်ခြောက်လှန့်လို့ အိမ်လေးကလည်း အိပ်မက်ဆိုးသဖွယ်ဖြစ်လာပါတော့တယ်ခေါ်သံသဲ့သဲ့ကြားနေရသလို အာလီတစ္ဆေက သူတို့ကို ဘယ်လိုဆက်ပြီး ဒုက္ခပေးသွားမလဲဆိုတာကို ပရိသတ်ကြီးကပဲ ဆက်လက်အားပေးလိုက်ပါဦး File size…(919 Mb)/(525 Mb) Quality….Blu-Ray 1080p / 720p Format…mp4 Duration….01:20:00 Genre...Horror, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated ...
movie

Dark Windows (2023)

Cold Meat (2023) 5.5
Cold Meat (2023)  ဒီတစ်ခါတော့ mystery and thriller ပရိတ်သတ်တွေအတွက်ပါ..David ဆိုတဲ့လူတစ်ယောက်ဟာ စားသောက်ဆိုင်တစ်ခုမှာလမ်းကြုံကော်ဖီဝင်သောက်ရင်း အဲ့ဒီက စားပွဲထိုးမိန်းမ Ana နဲ့သူ့ယောကျာ်း Vincent တို့ရန်ဖြစ်နေတာကိုတွေ့လို့ ဝင်ကူညီခဲ့ရာမှယောကျာ်းဖြစ်သူ vincentနဲ့အချေအတင်တွေဖြစ်ပါတော့တယ်...ဒီကိစ္စက စားသောက်ဆိုင်မှာတင်ပြီးမသွားဘဲ Vincent ကDavid ကားနောက်ထပ်ကြပ်မကွာလိုက်ပါတော့တယ်...အဲ့ဒီအချိန် နှင်းမုန်တိုင်းလည်းရှိနေတာကြောင့် David တစ်ယောက်ယောကျာ်းဖြစ်သူလက်မှလွတ်မြောက်မလား..ဆိုင်က စားပွဲထိုးမိန်းမ Anaကရော ဘာတွေဘယ်လိုပါဝင်ပတ်သက်မလဲဆိုတာကို ကြည့်ရှုရမှာပါ...Vincent နောက်ကလိုက်လာတာရယ် နှင်းမုန်တိုင်းရယ်ထက်ဆိုးတာကရော ဘာများရှိဦးမလဲ...... File size…1.36GB / 550MB Quality…WEB-Rip 1080p 5.1CH / 720p Format…mp4 Duration….1h 30m Genre ….. Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Eric
movie

Cold Meat (2023)