Channel Myanmar

Thriller

Frankenstein: Legacy (2024)
Frankenstein: Legacy (2024) မကြာသေးခင်ကမှ ပူပူနွေးနွေးထွက်ရှိထားတဲ့ ဖရန်ကန်စတိုင်းဇာတ်ကားတစ်ကားနဲ့မိတ်ဆက်ပေးပါရစေ။ ဖရန်ကန်စတိုင်းကိုတော့ လူတိုင်းလိုလိုသိကြတဲ့အတွက် အထူးတလည်တော့ရှင်းပြစရာမလိုပါဘူး။ဇာတ်လမ်းအညွှန်းကိုပြောရရင်တော့Legacyဆိုတဲ့အတိုင်းပဲ ဖရန်ကန်စတိုင်းသေဆုံးပြီးနောက်မှာ ကျန်နေခဲ့အရာလေးတစ်ခုကတော့ လူတွေကိုပြန်လည်အသက်သွင်းနိုင်တဲ့ သိပ္ပံနည်းလမ်းတွေပါတဲ့ ဒိုင်ယာရီလေးတစ်အုပ်ပါပဲ။ ထိုဒိုင်ယာရီစာအုပ်ရဲ့တန်ဖိုးကိုသိတဲ့လူတွေရဲ့လောဘကြောင့်ပဲ စာအုပ်လေးဟာ ပိုင်ရှင်တစ်ယောက်ကနေတစ်ယောက်ကို အဆင့်ဆင့်ပြောင်းလာခဲ့တာ နှစ်၁၀၀ကျော်တဲ့အထိပါပဲ။အဲဒီနောက်မှာမှ ၁၈၇၅ခုနှစ်မှာ ထိုစာအုပ်ဟာ မီလီစန့် ဘရောင်းနင်းလို့ခေါ်တဲ့ ထူးချွန်တဲ့အမျိုးသမီးသိပ္ပံပညာရှင်တစ်ယောက်ဆီကိုရောက်လာခဲ့ပါတယ်။ သူမရဲ့ခင်ပွန်းဟာ နာတာရှည်ရောဂါတစ်မျိုးကိုခံစားနေရပြီးတော့ ကြာကြာမနေရတော့ဘူးဆိုတာကိုသိထားတဲ့သူမဟာ ခင်ပွန်းပြန်ကောင်းလာဖို့အတွက် ကုသနည်းမျိုးစုံကိုလိုက်ရှာနေတာပါ။ထိုအချိန်မှာပဲ ဖရန်ကန်စတိုင်းဒိုင်ယာရီဟာ သူမလက်ထဲကိုရောက်လာတဲ့အတွက် ထိုစာအုပ်ထဲကသိပ္ပံနည်းလမ်းတွေနဲ့ သူမရဲ့ခင်ပွန်းကိုကယ်တင်နိုင်မှာလား... သူမရဲ့နည်းလမ်းတွေက မှန်ရောမှန်ရဲ့လားဆိုတာကို ရင်ခုန်စွာနဲ့ကြည့်ရှုရမှာပါ။File size…(1 GB)/(452 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:41:00 Genre...Drama, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Mastero
movie

Frankenstein: Legacy (2024)

Dead Man(2024) 7.0
Dead Man(2024) Dead Man(2024)**************** ဒါရိုက်တာ Ha Joon Won ရိုက်ကူးထားတဲ့ ဇာတ်ကားဖြစ်ပြီးတော့ Cast တွေ‌အနေနဲ့ Cho Jin Woon , Hee-Ae Kim, Lee Soo Kyung တို့ ပါဝင်သရုပ်ဆောင်ထားတဲ့ Thriller, Mystery, Crime အမျိုးအစား ရုပ်ရှင်ဇာတ်ကားလေး ဖြစ်ပါတယ်အီမန်ဂျယ် (Cho Jin Woon)က စီးပွားရေး လုပ်ငန်းကြီးတွေရဲ့ ဦးစီးဦးဆောင်တစ်ယောက်အနေနနဲ့ နာမည်ငှားပေးပြီး အမည်ခံသူဌေး လုပ်ပေးတဲ့ အလုပ်ကိုလုပ်တဲ့သူတစ်ယောက်ဖြစ်ပါတယ်....တစ်နေ့မှာ သူဟာ လုပ်ငန်းကြီး တစ်ခုကနေ ဝမ် ၅သန်း ယူပြီးတော့ သူ့နာမည်ကို ငှားပေးလိုက်ပါတယ် ...ဒါပေမဲ့ သိပ်မကြာခင်မှာပဲ အီမန်ဂျယ်ဟာ ဘီလီယံ ၁၀၀ အလွဲသုံးစားလုပ်တယ်ဆိုပြီး စွပ်စွဲခံခဲ့ရပြီးတော့ ဖိအားပေးမှုတွေကြောင့် သေလူအဖြစ်နဲ့ ဟန်ဆောင်လိုက်ရပါတယ် ....အမှန်တော့ သူဟာ တရုတ်နိုင်ငံက ထောင်တစ်ခုမှာ အကျဉ်းချခံထားရတာပါ ဒါပေမဲ့လည်း နိုင်ငံရေး အကြံ‌ပေးပုဂ္ဂိုလ်ဖြစ်တဲ့ ...
movie

Dead Man(2024)

Blur (2022)
Blur (2022) ပြတိုက်ရဲ့ ဒါရိုက်တာနဲ့ သမိုင်းဌာနရဲ့ ဥက္ကဌ တစ်ယောက်ဖြစ်တဲ့ ဆိုဖီအယ်လန် ဟာ အီရတ် နိုင်ငံထဲက Nimrod ဒေသမှာ သမိုင်းဝင်နေရာတွေက ရုပ်တုတွေကို ဖျက်ဆီးပစ်နေတဲ့ဘေးကနေသွားရောက်ကယ်ဆယ်ခဲ့ပြီးတော့ အိမ်အပြန်လမ်းမှာ ရုပ်တုတစ်ခုကို ဓာတ်ပုံရိုက်ပြီးယူလာခဲ့တယ်..... သူရိုက်ခဲ့တဲ့ ရုပ်တုရဲ့ပုံဟာ ရှေးဟောင်းနတ်ဆိုးတစ်ပါးရဲ့ ပုံဖြစ်နေတယ်ဆိုတာကို မသိခဲ့ဘူးပေါ့....ဒီလိုထူးဆန်းတဲ့ နတ်ဆိုးဟာ ဆိုဖီ နဲ့ သူ့သူငယ်ချင်း ဂျိတ်၊ ပတ်ဝန်းကျင်ကို ဘယ်လိုဒုက္ခပတ်ပေးမလဲဆိုတာကို ရိုက်ပြထားတဲ့ Horror/Thriller ဇာတ်ကားလေးတစ်ကားပါပဲ.....ကျန်တာကိုတော့ ဇာတ်ကားထဲမှာပဲ ကြည့်ရှုခံစားလိုက်ပါဦးနော်ဒီဇာတ်ကားကိုအညွှန်းရေးပြီး ဘာသာပြန်ပေးထားတာကတော့ Leo ဖြစ်ပါတယ် File size…(1.3 GB)/(620 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:40:00 Genre...Horror, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Leo
movie

Blur (2022)

Bramayugam (2024) 8.4
Bramayugam (2024) Bramayugam 2024 "စံအိမ်ကြီးရဲ့ ကျိန်စာ" IMDb 8.4/10ဒီကားကတော့ ၂၀၂၄ ရဲ့ တတိယမြောက်ရုံတင်ငွေအများဆုံးပြန်ရခဲ့တဲ့ မလေယာလမ်းဟော်ရာရုပ်ရှင်တစ်ခုပဲဖြစ်ပါတယ် ရုံတင်ငွေက ၈၅ကုဋေထက်တောင်ကျော်လွန်ပြီးပြန်လည်ရရှိထားတဲ့အပြင် Rating အနေနဲ့လည်းမဆိုးတာဖြစ်လို့ တင်ဆက်ပေးလိုက်ရပါတယ်ဝင်လာပြီးရင် ပြန်ထွက်လမ်းမရှိတဲ့စံအိမ်ကြီးတစ်ခု .. ခရီးသွားတွေကိုဆွဲဆောင်ပြီးအန်စာတုံးဂိမ်းဆော့ခိုင်းတယ် လောင်းကြေးကတော့ အချိန်ပါတဲ့ နိုင်ရင်ပြန်ထွက်ခွင့်ရှိမှာဖြစ်ပြီး ရှုံးရင်တော့ထာဝရပိတ်လှောင်မိနေမဲ့ဂိမ်းမျိုးပေါ့ဒီစံအိမ်ထဲကို တောထဲသရဲခြောက်လို့ထွက်ပြေးလာတဲ့ ပါနန်လို့ခေါ်တဲ့သီချင်းဆိုတဲ့ ကောင်လေးတစ်ယောက်ရောက်သွားခဲ့တယ် လူမရှိဘူးမှတ်ပြီးတောထဲလည်း ငတ်ပြတ်လာခဲ့တာဆိုတော့စားစရာတွေယူစားမိတယ်ပေါ့ ဒီလိုနဲ့စံအိမ်ရဲ့ထမင်းချက်ကတွေ့သွားပြီး သူကတစ်ဆင့်စံအိမ်ရဲ့သခင်ဆီကိုရောက်သွားလေရဲ့ အဲဒီဆရာကြီးကဒီကောင်လေးရဲ့သီချင်းဆိုဟန် အသံကိုသဘောကျသွားခဲ့ပြီးတော့သူ့အိမ်မှာညစာစားပြီးမှပြန်သွားဖို့စကားဆိုလာခဲ့တယ် ကောင်လေးလည်း ငတ်လာတာတစ်ကြောင်းသွားဖို့မရှိတာတစ်ဖုံဆိုတော့တစ်ညတာတည်းခိုလိုက်မိတယ်ပေါ့ဗျာဒါပေမဲ့နောက်နေ့မနက်တွေမှာ သူဘာတွေတွေ့ကြုံရမယ်ဆိုတာကိုသာကြိုသိနေခဲ့ရင်သူဘာတွေများလုပ်လောက်မလဲ ဒီဂိမ်းကိုသူအနိုင်ရပြီးထွက်သွားနိုင်ပါ့မလားဆိုတာကတော့....( အညွှန်းနဲ့ ဘာသာပြန်တွေကတော့ Yunni ~ V ~ BpL တို့ပဲဖြစ်ပါတယ် ) File size…2.1GB / 931MB Quality…WEB DL 1080p /720p Format…mp4 Duration….2h 19m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Yunni ~ V ~ BpL
movie

Bramayugam (2024)

2024
Mission: Chapter 1 (2024) 7.5
Mission: Chapter 1 (2024) Mission Chapter 1 (2024)"ဒါ့စ်ရှယာ အရှုပ်တော်ပုံ" ========================================ရုံတင်စဉ်က အထိုက်အလျောက် အောင်မြင်မှုရခဲ့တဲ့ IMDb 7.5/10 ရ တမီလ်စကားပြော Action, Thriller ရုပ်ရှင်လေးကို ချန်နယ်မြန်မာပရိသတ်တွေအတွက် တင်ဆက်ပေးချင်ပါတယ်။ဒီရုပ်ရှင်ထဲမှာ တမီလ်ရုပ်ရှင်လောကရဲ့ နာမည်ကြီးမင်းသားတွေဖြစ်ကြတဲ့ အာရွန်ဗီဂျေးနဲ့ အာဘီဟာဆန်တို့ အပြိုင်သရုပ်ဆောင်ထားကြပြီး နောက်ပိုင်းထွက်တဲ့ အမျိုးအစားတူရုပ်ရှင်တွေထဲမှာ တော်တော်လေးကောင်းတယ်လို့ပြောလို့ရတဲ့ ရုပ်ရှင်တစ်ခုဆိုလည်း မမှားပါဘူး။ဇာတ်လမ်းကတော့.. အိန္ဒိယ-ပါကစ္စတန်နယ်စပ်မှာ အိန္ဒိယဘက်အခြမ်းထဲကို ဘယ်သူမှန်းမသိတဲ့လူစိမ်းတွေဝင်လာလို့ အိန္ဒိယနယ်ခြားစောင့်တပ်က အသည်းအသန်လိုက်ရှာနေတယ်။ သူတို့တွေဟာ ပါကစ္စတန် အစွန်းရောက်သမားတွေဖြစ်ပြီး အိန္ဒိယသမိုင်းတစ်လျှောက် အကြီးမားဆုံး ဖောဂာ်ခွဲမှုတွေလုပ်ဖို့ လန်ဒန်အထိ အဖွဲ့ဝင်တွေ ဖြန့်ပြီး စနစ်တကျ စီစဉ်နေကြတဲ့သူတွေပါ။တချိန်ထဲမှာပဲ ဂူနာဆိုတဲ့ ဇာတ်လိုက်ဖြစ်သူကလည်း သူ့သမီးလေးကို ခွဲစိတ်ဖို့ လန်ဒန်ကိုသွားရင်း အဲဒီပြဿနာတွေကြားထဲမှာ ကြားညှပ်ပြီး ရဲတွေအတင်းလိုက်ဖမ်းတာခံရတဲ့အခါ...။ ဒီရုပ်ရှင်ဟာ Tollywood ရုပ်ရှင်လောကမှာ မြင်ရခဲတဲ့ အမျိုးအစားဖြစ်ပြီး ဇာတ်လမ်းကလည်း တကယ်ကိုကောင်းတာမလို့ အိန္ဒိယ action thriller ကြိုက်သူတွေဆိုရင် အနည်းဆုံး နှစ်ခေါက်လောက်တော့ ထပ်ကြည့်မိမယ့် ရုပ်ရှင်လေးပါပဲ...။(ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပါ။) File size…2.2GB / ...
movie

Mission: Chapter 1 (2024)

2024
My Bloody Valentine (2009) 5.4
My Bloody Valentine (2009) My Bloody Valentine (2009) =====================ဟောလိုးဝင်းနဲ့လိုက်မယ့် အတော်အသင့် ခြောက်ခြားစရာ ရုပ်ရှင်တစ်ကားကို ရွေးကြည့်မယ်ဆိုရင် My Bloody Valentineက မဆိုးတဲ့ကားပါပဲ။SuperNaturalရဲ့ Dean Winchester , Jesen Ackelesရဲ့ Box Officeမှာ အောင်မြင်ခဲ့တဲ့ ရုပ်ရှင်လည်းဖြစ်တယ်။ SuperNatural အစောပိုင်းကာလနဲ့ ခပ်ဆင်ဆင်အရသာလိုချင်တဲ့ Dean ပရိတ်သတ်တွေအတွက် အကြိုက်တွေ့မယ့် ကားမျိုးလည်းဟုတ်တယ်။တစ်ခုရှိတာက ဒီရုပ်ရှင်က Slasher filmပါ။ ပြောရရင်တော့ ‌‌ချွန်ထက်တဲ့လက်နက်တွေနဲ့ ခန္ဓာကိုယ်ကို ဟက်တက်ခွဲ လူသတ်‌တာတွေပြတဲ့ Horror Filmတစ်မျိူးပါပဲ။ အရမ်းကြီးတော့ ကြောက်ဖို့မကောင်းလှပါဘူး။ ခေါင်းကို ကိတ်မုန့်ခွဲသလို ပါးစပ်ကနေ ဂေါ်ပြားထိုးစိုက်ပြီး လှီးပစ်တာလောက်ပဲပါပါတယ်။အားနည်းချက်ကတော့ တရားခံကိုထင်ယောင် ထင်မှားဖြစ်အောင် ပတ်ပြပြီး Plot twistလေး ထည့်ထားပေမယ့် ဇာတ်ကြောင်းအရ တရားခံကသိသာလွန်းနေတာပါပဲ။ တရားခံကို ဖုံးဖို့ အားစိုက်မကြိုးစားဘဲ ဒီအတိုင်းရေလိုက်ငါးလိုက်လေး ထားလိုက်ရင် ဒီကားရဲ့ Ratingက ဒီထက်ပိုကောင်းသွားမှာပါ။ Box officeမှာ အောင်မြင်တယ်ဆိုတော့ အများစုတော့ ကြိုက်ကြပုံပါပဲ။Jesen ...
movie

My Bloody Valentine (2009)

The Berlin File (2013) 6.6
The Berlin File (2013) IMDb Rating (6.6)မင်းသားကြီး Ha Jung-woo နဲ့ မင်းသမီး Jun Ji-hyun တို့အပြင် အခြားသောသရုပ်ဆောင်များစွာပါဝင်ထားတဲ့ကိုရီးယား Action,Thriller ရုပ်ရှင်ဇာတ်လမ်းကြီးပါ။ဇာတ်လမ်းအကျဉ်းကတော့...မြောက်ကိုးရီးယားရဲ့ လျှို့ဝှက်အေးဂျင့်တစ်ယောက်ဖြစ်သူ ပြုံးဂျောင်ဆုံဟာဘာလင်မှာ အာရပ်တော်လှန်ရေးတပ်ဖွဲ့နဲ့ လက်နက်အရောင်းအဝယ်လုပ်ဖို့တာဝန်ပေးခံရတာကနေ အရောင်းအဝယ်ပျက်သွားတဲ့နောက်မှာတော့ဒီဘာလင်အရှုပ်တော်ပုံထဲ ရောက်သွားပါတော့တယ်။သူနဲ့ မြောက်ကိုးရီးယားသံရုံးက စကားပြန်ဖြစ်သူ သူ့ဇနီးတို့ဟာ ဒီအရှုပ်တော်ပုံမှာတိုင်းပြည်ကို သစ္စာဖောက်တဲ့သူတွေအဖြစ် အကွက်ချ အစွပ်စွဲခံလိုက်ရတဲ့အခါ....အေးဂျင့်ပြုံးဂျောင်ဆုံတစ်ယောက် ပြသနာတွေကြားထဲကနေ ဘယ်လိုရင်ဆိုင်ဖြေရှင်းရမလဲဆိုတာ....။ File size…(2.3 GB)/(1.2 GB) Quality….BluRay 1080p /720p Format…mp4 Duration….02:00:36 Subtitle….Myanmar Subtitle(Hardsub) Encoder….Ka Naung Translated by Sherlock Holmes
movie

The Berlin File (2013)

Sijjin (2023) 5
Sijjin (2023) Sijjin (2023)Horror ပရိသတ်တွေ တောင်းတလွန်းလို့ Sijjin ကတော့ ကိုယ်ထင်ပြလို့လာပါပြီ။ reviewတစ်ပေါက်ကတော့ အတော်လေးညွှန်းနေကြတဲ့အပြင် ကြောက်တတ်သူတွေမကြည့်ကြဖို့ ပြောနေကြတာဆိုတော့ ကြောက်တတ်သူများကတော့ ဘေးမှာ‌ ပြေးပုန်းလို့ရမယ့် ကိုကို့ရင်ခွင်ရှိမှသာ ကြည့်သင့်ပါကြောင်း...အီမာဆိုတဲ့မိန်းကလေးဟာ ကမ္ဘာမှာအပေါဆုံး ယောက်ျားသားတွေထဲမှာမှ ချော်တောငေါ့ပြီးတော့ သူ့ရဲ့တစ်ဝမ်းကွဲအစ်ကိုဖြစ်တဲ့ ဂါလန်ကိုမှ အချစ်ကြီးချစ်မိပါသတဲ့။ ဆယ်ကျော်သက်ပီပီ အချစ်ကိုဘဝကြီးထင်တဲ့အရွယ်ဖြစ်တာကြောင့် သင့်တော်မတော်ဆိုတာတွေလည်းမတွေးနိုင် အစ်မဖြစ်သူပြောတာလည်း နားမဝင်လေတော့ အချစ်ရူးညီမကိုနားချဖို့ အစ်မဖြစ်သူက ဂျင်ပွဲကိုခေါ်သွားပါတော့တယ်။ဂျင်ကလည်း သူ့ကိုတားနေတဲ့ကြားက အသက်ပါရန်ရှာလာနိုင်တယ်လို့ပြောတဲ့ကြားကနေ အီမာတစ်ယောက် ပိုးဖလံလို ချစ်မီးလျှံထဲကိုမျက်စိစုံမှိတ်တိုးဝင်ပြီး ဂါလန်ကိုဆက်ချစ်ဖို့ ရွေးလိုက်ခဲ့ပေမဲ့ ဂါလန်ကတော့ ရုတ်တရက် အမေစီစဉ်တဲ့အတိုင်း နီဆာနဲ့အိမ်ထောင်ပြုလိုက်ပါတော့တယ်။လှုပ်လေမြုပ်လေဖြစ်နေတဲ့ အချစ်နွံထဲက အီမာကတော့ ဂါလန်နဲ့ ဆက်ပြီးပတ်သက်ခဲ့တာ ကိုယ်ဝန်ရလာတဲ့အထိပါပဲ။ ကိုယ်ဝန်ရလို့ တာဝန်ယူခိုင်းကာမှ ကျားတို့ထုံးစံ ဂါလန်က စားပြီးနားမလည်လုပ်ပါတော့တယ်။ဂါလန်က ဘယ်လောက်ပဲခါချနေပါစေ အီမာကတော့ လိုတာထက်ပိုပြီး စွဲလမ်းနေခဲ့ပြီမလို့ ဂါလန်ကိုရရေးတို့အရေးဆိုပြီး ဂါလန်မိန်းမနီဆာနဲ့ တစ်အိမ်လုံးကို ဂျင်နဲ့တိုက်ဖို့လုပ်ပါတော့တယ်ဂျင်ဆိုတာ‌ ဖြစ်ချင်တာကိုဖြစ်အောင်လုပ်ပေးတယ်ဆိုပေမဲ့ နောက်ကွယ်မှာ ကြီးမားတဲ့ပေးဆပ်မှုတွေ ရှိတယ်ဆိုတာ အသိနောက်ကျသွားတဲ့ အီမာတစ်ယောက် ဘယ်လိုတန်ကြေးတွေနဲ့ပေးဆပ်ရမလဲဆိုတာ အသည်းတအေးအေးနဲ့ ရှုစားလိုက်ရအောင်ပါ။အညွှန်းကိုတော့ Mary Christ ...
movie

Sijjin (2023)

2023
Jackpot (2013)
Jackpot (2013) Jackpot 2013 "လောင်းကြေး"အိန္ဒိယရဲ့ loving standardအမြင့်ဆုံးနေရာလည်းဖြစ် သာယာလှပတဲ့ကမ်းခြေတွေရှိတဲ့ အပန်းဖြေမြို့ ဂိုအာ အပန်းဖြေတဲ့နေရာဆိုတဲ့အတိုင်းပဲ ဂိုအာဟာ သာယာပြီးစည်ကားသလို ကာစီနိုဝိုင်းတွေလည်း အတော်များတဲ့နေရာဆိုလည်း မမှားပါဘူး။ဆိုတော့ ဖဲသမားတွေကျက်စားရာနေရာ လူချမ်းသာတွေ ငွေလာဖြုန်းတဲ့နေရာတစ်ခုဖြစ်သလို ဉာဏ်တိမ်ရင်တိမ်သလို ကလိမ်တွေကြားမှာ ငွေအထုပ်လိုက်ပျောက်သွားနိုင်တဲ့နေရာတစ်ဖြစ်လည်း ဘဝကိုလောင်းကြေးထပ်ရင်း ဖဲချပ်လှန်ရာကနေ ကံကြမ္မာပါ ကျွမ်းထိုးမှောက်ခုံဖြစ်စေမယ့်နေရာတစ်ခုပေါ့။ခြုံငုံပြောရရင် ဖဲနိုင်ဖို့ဆိုတာ ကံလည်းလိုသလို ဉာဏ်လည်းအတော်လိုတဲ့အရာတစ်ခုဖြစ်နေတော့ ဉာဏ်အားသန်သူတွေရဲ့ ဉာဏ်နီဉာဏ်နက် ဉာဏ်ရောင်စုံတွေကြားမှာ မနပ်တဲ့သူကတော့ ခံရတာလည်း ဒုနဲ့ဒေးပါပဲ။အခုဒီကားလေးထဲမှာလည်း ပိုကာဂုရုတစ်သိုက်က ပိုကာပြိုင်ပွဲမှာဝင်ပြိုင်ဖို့ ကြိုးစားရင်း ကလိမ်ဉာဏ်မျိုးစုံနဲ့ ဂျက်ပေါ့ကိုပေါ်တင်အလစ်သုတ်မလဲဆိုတာ ရှုစားကြပါဦး။(အညွှန်းနဲ့ဘာသာပြန်ကတော့ V ~ ToMo ~ Yunni ~ Alexတို့ပဲ ဖြစ်ပါတယ်) File size…1.7GB/ 889MB Quality…WEB DL 1080p /720p Format…mp4 Duration….2h 12m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by V ~ ToMo ~ Yunni ~ Alex
movie

Jackpot (2013)

2013
Butchers (2020)
Butchers (2020)  ဒီဇာတ်ကားလေးကတော့ နာမည်အတိုင်းပဲ ရက်စက်စွာသတ်ဖြတ်တဲ့လူသတ်သမားတွေအကြောင်းပဲဖြစ်ပါတယ်။တစ်နေ့မှာ ဂျန်နာတို့သူငယ်ချင်းလေးယောက်ဟာ ဂျန်နာရဲ့ ၂၅ နှစ်ပြည့်မွေးနေ့ပွဲကျင်းပပြီး Spencerville မြို့ကို ပြန်လာကြပါတယ်။ မြို့ကအပြန်အဝေးလမ်းမရဲ့တစ်နေရာမှာ ကားရေတိုင်ကီပျက်သွားပါတယ်။ဘယ်ရောက်နေမှန်းမသိပေမယ့် အရှေ့ဖက်တစ်နေရာမှာ ဓာတ်ဆီဆိုင်ရှိမှာပဲဆိုတဲ့ရည်ရွယ်ချက်နဲ့ ဂျန်နာရဲ့ရည်းစားမိုက်ခ်လမ်းလျှောက်ထွက်သွားပါတယ်။ဂျန်နာရဲ့သူငယ်ချင်းတေလာကလည်းလိုက်သွားပြီး ခရစ်နဲ့ဂျန်နာကိုကားမှာစောင့်ခိုင်းခဲ့ပါတယ်။ဒီလိုနဲ့ နှစ်ယောက်တစ်ဖွဲ့စီကွဲ သွားတဲ့အခါမှာတော့လူသတ်ကားတို့ထုံးစံအတိုင်းပဲ လူသတ်သမားတွေကသူတို့ကိုလိုက်ဖမ်းပါတော့တယ်။ဂျန်နာတို့သူငယ်ချင်းတွေဘယ်လိုလွတ်အောင်ထွက်ပြေးကြမလဲဘယ်နှစ်ယောက်အသက်ရှင်ကျန်ရစ်ခဲ့မလဲဆိုတာ စိတ်ဝင်စားဖွယ်ကြည့်ရှုပေးပါဦး.. File size…1.29GB / 623MB Quality…WEB-DL 1080p / 720p Format…mp4 Duration….1h 32m Genre ….. Horror , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Tin Myo Lwin
movie

Butchers (2020)

[18+]Drive-Away Dolls (2024) 5.9
[18+]Drive-Away Dolls (2024)  No Country for Old Men ရုပ်ရှင်နဲ့ အော်စကာ ၄ ဆုရခဲ့တဲ့ဒါရိုက်တာ Ethan Coen ရဲ့ ရုပ်ရှင်အသစ်လာပါပြီ။ဧည့်သည်သရုပ်ဆောင်အဖြစ် Pedro Pascal နဲ့Matt Damon တို့ ပါဝင်ပေးထားပြီး အဓိကသရုပ်ဆောင်နေရာမှာတော့ Once Upon a Time... in Hollywood ထဲကMargaret Qualley နဲ့ Miracle Workers စီးရီးထဲကGeraldine Viswanathan တို့ ပါဝင်ထားပါတယ်။အက်ရှင် ဟာသ အမျိုးအစားပါ။ ဇာတ်လမ်းအကျဉ်း****************လက်စ်ဘီယံစုံတွဲနှစ်ယောက်ဟာ အပျော်ခရီးထွက်ဖို့အတွက်တစ်လမ်းသွား ကားတစ်စီးငှားပြီး ယူလာပါတယ်။တစ်လမ်းသွား ကားဆိုတာက ကားတစ်စီးကို လူတစ်ယောက်ဆီကိုပို့ဖို့ရှိရင် အဲဒီနေရာကို မောင်းသွားပြီး ယူပေးမယ်ဆိုရင်အခမဲ့ ငှားမောင်းခွင့်ရှိတာမျိုးပါ။ ဒါပေမဲ့ သူတို့ငှားမိတဲ့ ကားထဲမှာအရေးကြီးပစ္စည်းတွေ ပါလာတဲ့အတွက် လူမိုက်နှစ်ယောက်ကသူတို့နောက်ကိုလိုက်ရှာပါတော့တယ်။ အရေးကြီးတဲ့ပစ္စည်းဆိုတာလူတစ်ယောက်ရဲ့ ခေါင်းကြီးနဲ့ ရွှေပန်းအတုတွေ ပြည့်နေတဲ့သေတ္တာတစ်လုံးပါပဲ။ လူမိုက်တစ်စုက ဘာလို့ ရွှေပန်းသေတ္တာကိုအသေအလဲ လိုက်ယူနေတာလဲ၊ ...
movie

[18+]Drive-Away Dolls (2024)

History of Evil (2024)
History of Evil (2024) History of Evil (2024)Thriller နဲ့ Supernatural ကို ပေါင်းစပ်ထားတဲ့ ကားတစ်ကားပါ။ အချိန်ကာလအားဖြင့် 2045 ခုနှစ်မှာ ဖြစ်ပျက်ခဲ့သလိုမျိုး ဇာတ်အိမ်တည်ထားတာပါ။ဘာသာရေးသမား အာဏာရှင်အစိုးရက ဘာသာမဲ့ အယုံအကြည်မရှိသူတွေ တစ်နည်းအားဖြင့် မြောက်အမေရိက ဖက်ဒရယ်အဖွဲ့ကို နှိမ်နင်းနေတဲ့အချိန်ပါ။ နိုင်ငံတစ်ဝှမ်း ဆန္ဒပြပွဲတွေ အဓိကရုဏ်းတွေ ဖြစ်နေပြီး ကွပ်မျက်တာပါ လုပ်နေတဲ့ကာလဖြစ်ပါတယ်။ ရွန်ရဲ့ဇနီးဖြစ်သူ Activist အလဂရာကလည်း ဖက်ဒရယ်ဘက်ကနေ စာအုပ်ရေးမိလို့ အစိုးရက နိုင်ငံရေးအကျဉ်းထောင်မှာ အကျဉ်းချထားပါတယ်။ သူတို့မှာ ဒါရီရာလို့ခေါ်တဲ့ ၆နှစ်အရွယ်သမီးလေးလည်း ရှိပါတယ်။အလဂရာက Resistance လို့ခေါ်တဲ့ သူတို့ဘက်က တော်လှန်ရေးသမားတွေ အကူအညီနဲ့ ထောင်ကနေ ထွက်ပြေးလာပြီး ရွန်တို့သားအဖနဲ့အတူ ထွက်ပြေးဖို့ကြိုးပမ်းပါတယ်။ လမ်းတစ်ဝက်မှာ လူသူမနီးတဲ့တောထဲက အိမ်ကြီးတစ်အိမ်ထဲ ခိုနားမိရာကနေ ဇာတ်လမ်းက Supernatural ဘက် ကူးပြောင်းသွားတာလို့ ဆိုရပါမယ်။လူမရှိတဲ့အိမ်ကြီးမှာ တစ်ချိန်က ဘယ်လိုလူတွေနေခဲ့တာလဲ... သူတို့ရဲ့ ...
movie

History of Evil (2024)

2024
The Chapel (2023) 5.8
The Chapel (2023) The Chapel [2023] ( IMDb 5.8/10 )ဂျနီဖာဟာ ငယ်စဉ်ကလေးဘဝကတည်းက မိခင်ရဲ့ လမ်းညွှန်မှုနဲ့ စန္ဒရားပညာကို လေ့လာသင်ကြားခဲ့ရပါတယ်... မိခင်ဖြစ်သူကလည်း သာမန်စန္ဒရားပညာရှင် ဖြစ်စေချင်ရုံတင်မဟုတ်ပဲ Queen Elizabath ပြိုင်ပွဲမှာ အနိုင်ရတဲ့ထိ ယှဉ်ပြိုင်စေချင်ခဲ့တာပါ... ဒီလိုနဲ့ပဲ ဂျနီဖာဟာ အသိစိတ်ရှိစဉ်ကစလို့ အရွယ်ရောက်တဲ့အထိ ပီယာနိုသာ သူမဘဝဖြစ်ခဲ့ရပါတယ်... သူတို့ရည်မှန်းထားတဲ့ ပြိုင်ပွဲရဲ့ ဖိုင်နယ်အဆင့်ကို တက်ရောက်နိုင်ခဲ့တာမို့ Chapel ဆိုတဲ့ စံအိမ်မှာ ခေတ္တတည်းခိုရင်း ပြိုင်ပွဲအတွက် လေ့ကျင့်ရပါတော့တယ်... ဒီစံအိမ်မှာ ဖိုင်နယ်ပြိုင်ပွဲဝင် ၁၂ယောက် ရှိနေပြီးတော့ သူတို့ဟာ တစ်ယောက်ကိုတစ်ယောက် အနိုင်ရဖို့ ဘယ်လို ဆောင်ရွက်လှုပ်ရှားသွားကြမလဲ... ဂီတဟာ အများထင်သလို နူးညံ့မှု သိမ်မွေ့မှု မွန်မြတ်မှုတွေနဲ့ချည်း ဖွဲ့စည်းထားတာ ဟုတ်ရဲ့လားဆိုတာကို ရှုစားရမှာပဲဖြစ်ပါတယ်အညွှန်း နဲ့ ဘာသာပြန်ကတော့ Tun Aung Kyaw  ပဲ ဖြစ်ပါတယ်။Genre..... Drama, Thriller Quality…. 1080p | 720p File size… 1.3GB | ...
movie

The Chapel (2023)

2023
Earworm (2024)
Earworm (2024) Earworm (2024)2024 မှာအသစ်စက်စက်ထွက်ရှိထားတဲ့ Horror, Thriller အမျိုးအစားဖြစ်တဲ့ Earworm ဆိုတဲ့ကား​​လေးနဲ့ မိတ်ဆက်​ပေးလိုက်ပါတယ်။~ ဇာတ်လမ်းအညွှန်း ~ဇာတ်လမ်းရဲ့အစမှာ​တော့ စုံ​ထောက်၀ီလီယမ်နဲ့အဖွဲ့ သူတို့မြို့​ပေါ်မှာ ရုပ်ပျက်ဆင်းပျက်ဖြစ်တဲ့ထိ ရိုက်နှက်သတ်ဖြတ်ထားတဲ့ လူသတ်မှု​တွေရဲ့ တရားခံမ​ပေါ်ဖြစ်​နေတာ​ကြောင့် စိတ်​တွေညစ်​နေကြပါတယ်။တစ်ဖက်မှာလည်း ဟန်နရီအာဒမ်ဆိုတဲ့တစ်​ယောက်ဟာ ငယ်စဥ်ကတည်းက အ​ရှက်အ​ကြောက်ကြီးတာ​ကြောင့် လူ​တွေနဲ့ ဆက်ဆံရမှာ အခက်​တွေ့တဲ့အပြင် လုပ်​ဖော်ကိုင်ဖက်ကပါ ​လှောင်​ပြောင်​နေတာ​ကြောင့် သူ့ရဲ့အရှက်အ​ကြောက်ကြီးတဲ့စိတ်ကို ပြင်ဖို့ကြိုးစားရင်း အဖွဲ့တစ်ဖွဲ့ရဲ့ကမ်းလှမ်းမှုကိုလက်ခံလိုက်ပါတယ်။ သူ​တွေးထားတာထက်ပိုပြီးနက်နဲတဲ့ရည်ရွယ်ချက်ကြီးတစ်ခု အဲဒီအဖွဲ့အစည်း​နောက်မှာရှိ​နေတာကို မသိတဲ့ ဟန်နရီတစ်​ယောက် ​တွေ့ဆုံမှုအပြီး ဘယ်လို​တွေ​ပြောင်းလဲသွားလဲ... လူသတ်မှု​တွေနဲ့ အဖွဲ့အစည်းနဲ့က​ရော ဘယ်လို​တွေပတ်သက်​နေလဲ... ဆိုတာကို သည်းထိတ်ရင်ဖို​ ကြည့်ရှုရမယ့်ကား​​လေးပဲဖြစ်ပါတယ်။(ဒီဇာတ်ကားနဲ့အညွှန်းကို DB မှ ပြန်ဆို ရေးသားထားပါတယ်)Size - 1.95GB, 820MB Quality - 1080p, 720p Format - mp4 Duration - 1H 41Min Genre - Horror, Thriller Subtitle - ...
movie

Earworm (2024)

2024
My Husband’s Seven Wives (2024) 5.1
My Husband’s Seven Wives (2024) My Husband's Seven Wives (2024) ==========================ဒီဇာတ်လမ်းကတော့ Maggie ဆိုတဲ့အမျိုးသမီးတစ်ယောက် အမှတ်မထင်ဘဲ အလုပ်ခရီးသွားနေတဲ့ သူ့ယောက်ျားAlanရဲ့ ကားကို သူစိမ်းအိမ်မှာတွေ့ရာကနေ အဲဒီအိမ်ရှင်အမျိုးသမီး Pamက သူ့ယောက်ျားနဲ့လက်ထပ်ထားတာကို သိလိုက်ရတာ ပါပဲ။ ပိုမဖြစ်နိုင်စရာကောင်းတာက Maggie နဲ့ Pam တို့ သူတို့ ပျောက်သွားတဲ့ပိုက်ဆံတွေအတွက် Alan ရဲ့ ဘဏ်ရှင်းတမ်းတွေ ကိုလိုက်ရှာလေ Alan မှာ တစ်ခြားလက်ထပ်ထားတဲ့ဇနီးသည်တွေ တစ်ယောက်ပြီးတစ်ယောက် ထပ်ပေါ်လာတာပါပဲ။နောက်တော့ Maggie၊ Pamနဲ့ ကျန်တဲ့ Alanရဲ့ဇနီးသည်တွေအကုန် ပေါင်းပြီး Alan ကို လက်စားချေရင်း Alanခိုးသွားတဲ့ သူတို့ပိုက်ဆံ တွေကိုပြန်ရှာဖို့ ဘယ်လိုကြိုးစားကြမလဲကို စိတ်ဝင်စားဖွယ် ကြည့်ရှု ရမဲ့ Mystery ဇာတ်လမ်းကောင်းတစ်ပုဒ်ဖြစ်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thwal Htoo Zin ဖြစ်ပါတယ်)File Size..........(1.56 GB) / (600 MB) Quality............WEB-DL 1080p / 720p Duration.........1Hr 40Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Thriller Translator.......Thwal Htoo Zin Encoder..........SWM
movie

My Husband’s Seven Wives (2024)

2024
Deep Woods (2022) 4.2
Deep Woods (2022) Deep Woods (2022) ================ဒါရိုက်တာ Steve Laughlin ရိုက်ကူးထားတဲ့ ဒီဇာတ်‌ကားလေးကတော့ သည်းထိပ်ရင်ဖိုဇာတ်ကားနှစ်သက်သူတွေအတွက် ဇာတ်ကားကောင်း လေးတစ်ပုဒ်ပဲဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းလေးကတော့ နစ်ခ် နဲ့ တိုင် တို့ဟာ မတွေ့ရတာကြာပြီ ဖြစ်တဲ့ အရမ်းခင်ကြတဲ့ သူငယ်ချင်းဟောင်းတွေပါ။ တစ်နေ့တော့ မြို့ပေါ် မှာနေတဲ့ တိုင် ဟာစိတ်ကူးပေါက်ပြီး တောရိုင်းထဲမှာ ငှက်ပစ်ချင်လာပါ တော့တယ်။ အဲဒီလိုနဲ့ ရှေးခေတ်လူမျိုးစုတွေရဲ့မျိုးဆက်ဖြစ်တာနဲ့အညီ သစ်တောတွေ၊ အမဲလိုက်တာတွေနဲ့ ပတ်သက်ပြီးကျွမ်းကျင်တဲ့ သူငယ် ချင်းဟောင်း နစ်ခ် ကိုဆက်သွယ်လာပါတော့တယ်။ဒီလိုနဲ့ နစ်ခ် နဲ့အတူအမဲလိုက်ထွက်ရင်း တောထဲမှာတရားမ၀င်ဆေးခြောက် စိုက်နေတဲ့ အဖွဲ့နဲ့သွားရှုပ်မိပါတယ်။ အဲဒီနောက်တော့ ပစ်ခတ်မှုတွေဖြစ်ပြီး နစ်ခ် နဲ့လူချင်းကွဲသွားပါတယ်။ တိုင် ဟာဆေးခြောက်စိုက်တဲ့သူတွေရဲ့ ဒုစ ရိုက်မှုတွေကို မျက်‌မြင်သက်သေတစ်ဦးဖြစ်သွားလို့ လိုက်ပြီးအရှင်းခံရတဲ့ အခါမှာ တိုင် တစ်ယောက်ဘယ်လိုလွတ်အောင်ပြေးမလဲ၊ နစ်ခ် ကရောအဲဒီ အဖွဲ့နဲ့ ဘယ်လိုပတ်သက်နေလဲဆိုတာကို စိတ်လှုပ်ရှားဖွယ် ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Theo Katt ဖြစ်ပါတယ်)File Size..........(1.8 GB) / (720 MB) Quality............WEB-DL 1080p / 720p Duration.........1Hr 33Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Thriller Translator.......Theo ...
movie

Deep Woods (2022)

2022
SAS: Red Notice (2021) 5.5
SAS: Red Notice (2021)  SAS အဖွဲ့ဝင်ဟောင်း Andy McNab ရဲ့ရောင်းအားအကောင်းဆုံးဝတ္တုကိုအခြေခံပြီး ဒါရိုက်တာ Magnus Martens ကရိုက်ကူးပေးထားပါတယ်။ဗြိတိန်အက်ရှင်ဇာတ်ကားကောင်းတစ်ခုဖြစ်တဲ့SAS: Red Notice မှာ Sam Heughan ၊ Ruby Rose နဲ့Hannah John-Kamen တို့ပါဝင်သရုပ်ဆောင်ထားပြီးအရေးပေါ်စစ်ဆင်ရေးတစ်ခုကို လက်တွေ့ဆန်ဆန်ပုံဖော်ရိုက်ကူးပြသထားတာဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း***************ဗြိတိန် SAS အထူးအဖွဲ့ဝင်တွမ်ဘက်ကင်ဟမ်ဟာဒေါက်တာမလေးဆိုဖီဟာ့တ်ကို လက်ထပ်ခွင့်တောင်းဖို့လန်ဒန်ကနေ ပါရီကိုရထားနဲ့အသွား ဂရေ့စ်လူးဝစ္စခေါင်းဆောင်တဲ့ စစ်ရာဇဝတ်သားတွေဖြစ်တဲ့ငန်းမည်းအဖွဲ့ကချန်နယ်တန်နယ်ဥမင်တစ်နေရာအရောက်မှာ ရထားကိုပြန်ပေးဆွဲလိုက်ပါတယ်။ ဂရေ့စ်က သူတောင်းဆိုတဲ့ပြန်ရွေးငွေကိုသာမပေးရင် ဗြိတိန်အစိုးရရဲ့ညစ်ညမ်းတဲ့လျှို့ဝှက်ချက်တွေကိုဖော်ထုတ်ပြီး ဥမင်ကိုပါဖောက်ခွဲပစ်မယ်လို့ခြိမ်းခြောက်ထားပါတယ်။ ဒီအချိန်မှာ ရထားပေါ်မှာလိုက်ပါလာတဲ့တွမ်က လက်နက်နဲ့လူအင်အားမပါဘဲ ချစ်သူဆိုဖီနဲ့ခရီးသည်တွေကိုကယ်တင်နိုင်အောင် ကြိုးပမ်းရပါတော့တယ်။ File size…2.07GB / 995MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….2h 24m Genre ….. Action , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by JULY
movie

SAS: Red Notice (2021)

Breathe (2023) 5.8
Breathe (2023) Breathe 2023 IMDb - 5.5/10ဝန်ကြီး မစ္စတာအာဒီတယာဗီရ်မာက ဂေါက်ကွင်းမှာ မူးလဲသွားတာကြောင့် အရေးပေါ်ကုသရင်း Breatheဆေးရုံကိုရောက်သွားခဲ့ပါတယ်။လူထုကလည်း ဝန်ကြီးဘာဖြစ်လဲအရမ်းကိုသိချင်နေခဲ့ပါတယ်။ ဝန်ကြီးက ဆေးရုံရောက်တဲ့အချိန်မှာပဲ ဝန်ကြီးရဲ့ တိတ်တိတ်ပုန်းသားဖြစ်တဲ့ အာဘီကလည်း ဝန်ကြီးတက်တဲ့ဆေးရုံရဲ့ အရေးပေါ်ခန်းမှာတက်ရောက်ကုသနေရင်းနဲ့ ကျောင်းနေဘက်သူငယ်ချင်းဖြစ်သူ ကာဒါလီနဲ့တွေ့ဆုံခဲ့ပါတယ်။ဆေးရုံရောက်ပြီးတဲ့နောက်မှာ သူ့ရဲ့ကျန်းမာရေးအခြေအနေကို လူထုကိုတင်ပြရင်း မှားယွင်းစွာတင်ပြထားတာကို သိလိုက်တဲ့ ဝန်ကြီးရဲ့တိတ်တိတ်ပုန်းသားလေး အာဘီကနေ မသင်္ကာဖြစ်ပြီးတော့ သူ့အဖေရဲ့အကြောင်းကို ဘာလို့ ဒီလိုတင်ပြရလဲဆိုတဲ့အကြောင်းကို စုံစမ်းရင်းနဲ့ပဲ ဒီဇာတ်လမ်းလေးဖြစ်လာတာဖြစ်ပါတယ်။အာဘီတစ်ယောက် သူ့အဖေရဲ့ကိစ္စကို စုံစမ်းရင်း နောက်ကွယ်မှာ ဘယ်လိုအရာတွေကို ရှာဖွေတွေ့ရှိသွားမလဲ ............. ဝန်ကြီးကရော ကျန်းမာရေးပြန်ကောင်းလာပါ့မလား ....... အာဘီနဲ့ ကာဒါလီတို့ရဲ့ဇာတ်လမ်းကရော ဘယ်လိုဆက်ဖြစ်မလဲ........ အစရှိတာတွေကို စိတ်လှုပ်ရှားဖွယ် ကြည့်ရှုရမှာပဲဖြစ်ပါတယ်။အညွှန်းနဲ့ဘာသာပြန်ကတော့ Sai~V~ToMo~Yunni တို့ပဲဖြစ်ပါတယ်) File size…2.1GB / 939MB Quality…WEB DL 1080p / 720p Format…mp4 Duration….2h 29m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Sai~V~ToMo~Yunni
movie

Breathe (2023)

2023
Mercy Falls (2023)
Mercy Falls (2023)  Thriller suspense vibeအပြည့်နဲ့ တောနက်ထဲလမ်းပျောက်တဲ့ လူသတ်ကားမျိုး ကြည့်ချင်သူတွေအတွက် Mercy Falls ဆိုတဲ့ ဇာတ်ကားလေးကို တင်ဆက်ပေးလိုက်ပါပြီ။ထုံးစံအတိုင်းပဲ လူသူမရှိတဲ့တောအုပ်ထဲကို စပ်စပ်စုစုနဲ့သွားမယ့် သူငယ်ချင်းတစ်စုနဲ့ ဇာတ်လမ်းလေးကို အစပျိုးထားပါတယ်။တစ်ချိန်ကဖြစ်ရပ်တစ်ခုကြောင့် အဖေနဲ့ဝေးကွာခဲ့ရတဲ့ ရိုနာဆီကို ရောက်လာတာကတော့ အဖေကအမွေပေးခဲ့တယ်ဆိုတဲ့ မာစီရေတံခွန်ရှိတဲ့ တောထဲက သစ်လုံးအိမ်တစ်လုံး၊ အဖေနဲ့ပတ်သက်တဲ့အမှတ်တရတွေရှိခဲ့တဲ့ တောအုပ်လေးလည်းဖြစ်၊ အဖေ့ရဲ့တစ်ခုတည်းသောအမွေလေးဆိုတော့ ရိုနာတစ်ယောက် ဒီသစ်လုံးအိမ်လေးကို သွားကြည့်ချင်စိတ်တွေ တဖွားဖွားပေါ့။ ဒီလိုနဲ့ပဲ ရိုနာတို့သူငယ်ချင်းတစ်စု မာစီရေတံခွန်နဲ့ မိုင် ၂၀ အကွာ တောအုပ်ထဲက သစ်လုံးအိမ်ကိုရှာဖို့ ခရီးစထွက်ဖြစ်ကြတာပေါ့။ ဒါပေမဲ့ ရိုနာတစ်ယောက် ဒီတောအုပ်လေးကိုစွန့်ခွာခဲ့တာ နှစ်တွေကြာပြီဆိုတော့ သစ်လုံးအိမ်ဆီမရောက်ဘဲ ထုံးစံအတိုင်းပဲ တောထဲလမ်းပျောက်ကြပါတော့တယ်။ဒီလိုဒုက္ခရောက်နေချိန်မှာ ကယ်တင်ရှင်ကာလာဆိုတဲ့မိန်းကလေးပေါ်လာပြီး သူတို့ကို သစ်လုံးအိမ်ကို လမ်းပြခေါ်ဆောင်ပေးမယ်လို့ ပြောလာပါတယ်။ ဘယ်နေရာမှန်းမသိတဲ့နေရာမှာပေါ်လာတဲ့ ဘယ်သူမှန်းမသိတဲ့သူဖြစ်ပေမဲ့ လမ်းပျောက်နေတဲ့သူတစ်စုအတွက်တော့ ကန္တာရထဲ တံလျှပ်ပေါ်သလို အပျော်ကြီးပျော်ကြတာပေါ့။ဒါပေမဲ့ ပြဿနာကိုယ်စီနဲ့ အချိတ်အကောက်လေးတွေနဲ့ ဘုရားစူးသူငယ်ချင်းလေးတွေဆိုတော့ ...
movie

Mercy Falls (2023)

438 Days (2019) 6.7
438 Days (2019)  နိုင်ငံတကာသတင်းထောက်ဆိုတဲ့အလုပ်ကိုကြားရတာခရီးလေးသွားလိုက် ဓာတ်ပုံလေးရိုက်လိုက် အင်တာဗျူးလေးလုပ်လိုက်နဲ့ လွယ်ကူမယ်လို့ထင်ရပေမဲ့ တကယ်တမ်းလက်တွေ့ဘ၀မှာတော့ အရမ်းခက်ခဲပြီးတော့ စွန့်စားရပါတယ်။ခိုင်မာတဲ့စိတ်ဓာတ်နဲ့ ဒီအလုပ်အပေါ်မှာ နှစ်မြှုပ်ထားမှလုပ်နိုင်မဲ့ အရမ်းခက်ခဲတဲ့အန္တရာယ်များတဲ့ အလုပ်တစ်ခုဖြစ်ပါတယ်။ကမ္ဘာ့သမိုင်းမှာလည်း နိုင်ငံတကာသတင်းထောက်တွေ အဖမ်းခံရတာအသတ်ခံရတာ ပျောက်ဆုံးသွားတာတွေအပြင် တခြားသမိုင်းတွေအများကြီးကိုမျက်မြင်ကိုယ်တွေ့ တွေ့ကြုံခဲ့ရပြီးပါပြီ။အခုတင်ဆက်ပေးမှာကတော့ ဒီလိုခက်ခဲကြမ်းတမ်းတဲ့အလုပ်ကိုလုပ်ရင်းနဲ့ အီသီယိုးပီးယားနိုင်ငံမှာ ၄၃၈ ရက်အဖမ်းခံခဲ့ရတဲ့ဆွီဒင်နိုင်ငံကသတင်းထောက်နှစ်ယောက်အကြောင်းကိုရိုက်ကူးထားတဲ့ 438 Daysဆိုတဲ့ 2019 ခုနှစ်က ထွက်ရှိခဲ့တဲ့ဖြစ်ရပ်မှန်ကိုပြန်လည်ရိုက်ကူးထားတဲ့ဇာတ်ကားပဲဖြစ်ပါတယ်။မာတင်နဲ့ဂျိုဟန်ဆိုတဲ့ ဆွီဒင်သတင်းထောက်နှစ်ယောက်က အီသီယိုးပီးယားနိုင်ငံမှာ လွန်ဒင်ဆိုတဲ့ရေနံကုမ္ပဏီအကြောင်းကို စုံစမ်းဖို့အတွက် ၂၀၁၁ ခုနှစ် ဇွန်လ ၂၈ ရက်နေ့မှာဆိုမားလီးယားကနေ အီသီယိုးပီးယားကိုတရားမဝင်နယ်စပ် ဖြတ်ကူးခဲ့ကြပါတော့တယ်။သူတို့ချည်းပဲ ဒီအတိုင်းသွားဖို့ဆိုတာမဖြစ်နိုင်တဲ့အတွက် ONLF ဆိုတဲ့ အကြမ်းဖက်အဖွဲ့အစည်းရဲ့ အကူအညီနဲ့ဖြတ်ကူးခဲ့ကြပါတယ်။ဒါပေမယ့်ကံမကောင်းစွာနဲ့ပဲ အီသီယိုးပီးယားစစ်တပ်က သူတို့ကိုဖမ်းမိသွားပြီး နယ်စပ်ကိုတရားမဝင်ဖြတ်ကူးမှုနဲ့အကြမ်းဖက်အဖွဲ့အစည်းမှာ ပါဝင်တယ်ဆိုပြီး နာမည်တပ်ကာထောင်ထဲကို ပို့လိုက်ပါတော့တယ်။ဒီလိုနဲ့ထောင်ကျသွားခဲ့ပြီးနောက်မှာသူတို့ကိုလွတ်မြောက်အောင် ကူညီပေးဖို့ဆွီဒင်အစိုးရက ကြိုးစားပုံတွေနဲ့ ထောင်ထဲမှာနေရတဲ့ငရဲလိုမျိုး ၄၃၈ ရက်တာကိုကြည့်ရှုရမဲ့IMDb Rating 6.7 ရရှိထားတဲ့ဖြစ်ရပ်မှန်ဇာတ်ကားပဲဖြစ်ပါတယ်။ File size…2.07GB / 925MB Quality…Blu-Ray 1080p  / ...
movie

438 Days (2019)