Channel Myanmar

Thriller

I Spit on Your Grave (2010) 6.2
I Spit on Your Grave (2010) I Spit On Your Grave =================အခုမိတ်ဆက်ပေးချင်တဲ့ဇာတ်ကားကတော့အုပ်စုဖွဲ့မုဒိမ်းကျင့်ခံလိုက်ရတဲ့ ကောင်မလေးတစ်ယောက်ကလက်စားချေဖို့ကြိုးစားတဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ဂျနီဖာဆိုတဲ့ကောင်မလေးတစ်ယောက်ဟာ သူ့စာအုပ်ကိုတစ်ကိုယ်တည်း လက်စသတ်ချင်တာကြောင့် လူဝီစီယားနားမှာရှိတဲ့ တောထဲကိုလာခဲ့ပါတယ်။ ဒါပေမယ့် လမ်းမသိတာကြောင့်ဆီဆိုင်မှာတွေ့တဲ့လူတစ်ယောက်ကို လမ်းမေးခဲ့ပါတယ်။အဲဒါဟာ သူသွားမယ့်‌နေရာအကြောင်း လူစိမ်းကိုအသိပေးလိုက်သလိုဖြစ်သွားခဲ့ပြီး သူ့ရဲ့တောအုပ်ထဲကအိမ်လေးဆီကို အန္တရာယ်တွေ လိုက်လာခဲ့ပါတော့တယ်။အဲဒီညမှာပဲ လူတစ်စုဟာ သူ့ဆီရောက်လာကြခဲ့ကြပါတယ်။သူတို့ဟာ ဂျနီဖာကို အုပ်စုဖွဲ့မုဒိမ်းကျင့်ခဲ့ကြပြီးတော့သူ့ကိုသေအောင် နေရာမှာတင် ပစ်ထားခဲ့ကြပါတယ်။ ဒါပေမယ့်ဂျနီဖာဟာ မသေခဲ့ပဲ သူ့ကိုကျူးလွန်ခဲ့တဲ့သူတွေကို လိုက်လက်စားချေဖို့ကြိုးစားပါတော့တယ်။  File Size          : 1.67GB, 803MB Quality            : Blu-Ray 1080p , 720p format            : mp4 Duration         : 1hr & ...
movie

I Spit on Your Grave (2010)

Alone in the Dark (2022) 6.1
Alone in the Dark (2022) Alone in the darkဘရီကောလင်းစ်ဟာ ခင်ပွန်းသည်ဟောင်းမိုက်ကယ် ကျူးလွန်ခဲ့တဲ့ပြစ်မှုတွေကြောင့် တစ်နွယ်ငင်တစ်စင်ပါပြီး အိမ်အကျယ်ချုပ်ပြစ်ဒဏ်ကျခဲ့သူပါ။ အိမ်ကြီးတစ်အိမ်လုံးမှာ သူမတစ်ယောက်တည်း နေထိုင်နေရတာကြောင့် စိတ်ခြောက်ခြားနေရချိန်မှာ အိမ်ကိုဖောက်ထွင်းဝင်ရောက်ခံရတဲ့ အရိပ်အယောင်တွေ တွေ့မြင်လာခဲ့ရပါတယ်။အနီးအနားပတ်ဝန်းကျင်က လူပျောက်သတင်းတွေနဲ့အတူ သူမရဲ့စိတ်မလုံခြုံမှုတွေ၊ ‌အချုပ်ကျနေတာတောင် မပြီးသေးတဲ့ သူမခင်ပွန်းဟောင်းရဲ့နှောင့်ယှက်မှု၊ သူမအိမ်ကိုဖောက်ဝင်နေတဲ့သူ ၊ သူမကိုမှရွေးပြီးဘာကြောင့်ပစ်မှတ်ထားခံနေရတာလဲ စသဖြင့်ကို သူမဘယ်လိုရင်ဆိုင်ဖြေရှင်းမလဲ၊ထင်မထားတဲ့ဇာတ်အချိုးအကွေ့၊ အလှည့်အပြောင်းတွေကဘာတွေဖြစ်မလဲဆိုတာကို ကြည့်ရှုရမှာပါ။ File size…581MB Quality…720p WEB RIP Format…mp4 Duration….1h 27mins Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Nana Yuni
movie

Alone in the Dark (2022)

2022
Case 39(2009) 7.0
Case 39(2009) Case 39(2009) အညွှန်း*******************Bradley Cooper  ,Renée Zellweger တို့ နာမည်ကြီး သရုပ်ဆောင်ထားတဲ့ဒီကားကတော့ horror, thriller အမျိုးအစားဖြစ်ပြီးတော့အတော်ကောင်းတဲ့ဇာတ်ကားဖြစ်လို့ BO လည်း ဝင်ခဲ့ပါတယ်...Emily က ကလေးတွေကူညီရေးအဖွဲ့တခုမှာအလုပ်လုပ်ပါတယ် ကလေးတွေမိသားစုကောင်းကောင်းရှိရဲ့လား မိဘတွေက ကောင်းကောင်းဆက်ဆံရလား စစ်ဆေးရတဲ့အခါ ၃၉ ယောက်မြောက် ကလေးမလေးတစ်ယောက်လည်း ပါလာပါတယ်....၁၀ နှစ်အရွယ် Lilyကို သူ့ရဲ့မိဘတွေက သူ့ကို သတ်ဖို့ကြိုးစားနေတာ သိရပြီး Emily ကကယ်လိုက်ပါတယ်.... မိဘတွေထောင်ထဲရောက်တော့ Lily တစ်ယောက် Emily ဆီ လိုက်နေပါတယ်အစက အဆင်ပြေပေမဲ့ တဖြေးဖြေး Lily ပတ်ဝန်းကျင်မှာထူးဆန်းတာတွေဖြစ်လာတဲ့အခါ Emily တစ်ယောက် ဘာလုပ်မလဲFile Size : (2.1GB)(729MB) and (278MB) Quality : Blu-Ray1080p, 720p Format…mp4 Duration…01:49:00 Genre : Horror, Mystery , Thriller Subtitle : Myanmar ...
movie

Case 39(2009)

The Infernal Machine (2022) 5.1
The Infernal Machine (2022) The Infernal Machine (2022) =====================ဘရု့စ် ကို့ဂျ်ဘန်းဆိုတဲ့ စာရေးဆရာတစ်ယောက်ဟာ လူမသိသူမသိ နေထိုင်နေတဲ့သူပါ။ တစ်ရက်မှာတော့ သူ့ဆီကို ဝီလီယံ ဒူကန့်ဆိုတဲ့ နာမည်နဲ့စာတွေ ရောက်လာပါတယ်။ အဆိုပါ စာထဲမှာတော့ သူ စာရေး နေတာ ဘရု့စ်ကို ကူညီခိုင်းတာပါ။ ဘရု့စ်က မကူညီနိုင်ဘူး ငြင်းပေမယ့် စာတွေကတော့ ‌ရောက်မြဲ ရောက်လာဆဲပါ။၁၉၈၁ ခုနှစ်မှာ ၁၇ နှစ်အရွယ်ကောင်လေးတစ်ယောက်ဟာ ကျောင်းဝန်း ထဲကိုဝင်ပြီး သေနတ်နဲ့ ပစ်ခဲ့တာကြောင့် ၁၃ ယောက် သေဆုံးပြီး အများ အပြားဒဏ်ရာရခဲ့ပါတယ်။ သို့သော် တရားခွင်မှာတော့ သူ့မှာ အပြစ်မရှိပါ။ ဘရု့စ်ရေးသားတဲ့ The Infernal Machine ဆိုတဲ့ စာအုပ်ကြောင့် ကျူးလွန် ရတာပါလို့ ထွက်ဆိုပါတော့တယ်။ ထိုအပြစ်ရှိစိတ်ကြောင့်ပဲ ဘရု့စ်ဟာ စာလည်းဆက်မရေးနိုင်သလို လူမြင်ကွင်းကနေ ပုန်းကွယ်နေခဲ့တာပါ။ သို့သော် သူ့ဆီကို ဝီလီယံ ဒူကန့်ဆိုတဲ့လူဆီကနေ စာတွေရောက်လာပြီးနောက်မှာတော့ သူ့ဘဝ ကပြောင်းကပြန်တွေဖြစ်ကုန်ပါတော့တယ်။ ဇာတ်လမ်းအလှည့်အပြောင်း များစွာကို စိတ်ဝင်တစား ကြည့်ရှု့ရမှာဖြစ်လို့ လက်လွတ်မခံကြဖို့ တိုက်တွန်း လိုက်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Leonard ...
movie

The Infernal Machine (2022)

2022
[18+] Relyebo (2022) 8.1
[18+] Relyebo (2022) Relyebo (2022)~ IMDb rating - 8.1/10 ~ဂျင်မီနဲ့ အာမာတို့ဟာ စိတ်ကူးယဉ်အိပ်မက်တွေနဲ့ နယ်ကတက်လာတဲ့လူငယ်စုံတွဲဖြစ်ပြီးတော့ လတ်တလောမှာတော့ ဂျင်မီက ညစောင့်၊ အာမာကတော့ ပီဇာဆိုင်တစ်ခုမှာအလုပ်လုပ်ပါတယ်။ တစ်ဦးနဲ့တစ်ဦး နားလည်မှု ငဲ့ညှာမှု ချစ်ခြင်းမေတ္တာတွေနဲ့ တည်ဆောက်ထားတဲ့ သူတို့အိမ်ထောင်ရေးဟာ အများထက်စာရင်သာယာတယ်လို့ဆိုနိုင်ပါတယ်။ဂျင်မီကတော့ အစောင့်ပီပီ လုပ်စရာများများစားစားမရှိတဲ့ အချိန်တွေမှာ သူနဲ့လုပ်ဖော်ကိုင်ဖက်တစ်ဦးနဲ့အတူ တိုက်ခန်းနေလူတွေရဲ့ဘဝကို လေ့လာစပ်စုရင်း အချိန်ကုန်လေ့ရှိပါတယ်။ တစ်နေ့မှာတော့ သိပ်လှတဲ့၊ အနီရောင်ဆံကေသာတွေနဲ့ မိန်းကလေးတစ်ယောက် သူတို့တိုက်ခန်းကိုပြောင်းလာချိန်မှာတော့ ဂျင်မီဘဝပြောင်းလဲဖို့ အကြောင်းဖန်လာပါတော့တယ်။ကောင်မလေးဟာ သူ့ဆီကိုတစ်ပတ်တစ်ကြိမ်နှစ်ကြိမ်လာလည်ပတ်တဲ့ရှုးဂါးဒက်ဒီတစ်ယောက်ရှိတယ်၊ တစ်ခါတလေကျတော့လဲ တစ်ခြားတစ်ယောက်နဲ့ကော်ဖီဆိုင်မှာ ကြုံတဲ့အခါကြုံတယ်။ ဒါတွေကိုသိသိရက်နဲ့ ဂျင်မီဟာ ဒီမိန်းကလေးဖြတ်လျှောက်သွားတဲ့အခါ အနံ့လေးရှုရရှုရ၊ အရိပ်ကလေးမြင်ရမြင်ရတဲ့အထိ စွဲလန်းတပ်မက်လာတဲ့အခါမှာတော့...ဒီတစ်ခါတော့ မြင်နေကျ ရိုးရိုး Thriller ဇာတ်တွေ၊ ဂန်းစတားဇာတ်တွေနဲ့ ကွဲထွက်နေတဲ့ အချစ်၊ အိမ်ထောင်ရေးဒရာမာ နောက်ခံဇာတ်လမ်းလေးနဲ့ ခံစားကြည့်ကြရအောင်ပါ။ Scorpio Nights 3 ထဲက ...
movie

[18+] Relyebo (2022)

2022
Piggy (2022) 6.5
Piggy (2022) Piggy (2022)ဆိုက်ကို သည်းထိတ်ရင်ဖို ဇာတ်ကားကြမ်းကြမ်းလေးကို ကြိုက်တဲ့သူတွေအတွက်တော့ ဒီနေ့မှ လတ်လတ်ဆတ်ဆတ်ထွက်ထားတဲ့ Piggy ဆိုတဲ့ ဇာတ်ကားလေးကို မိတ်ဆက်ပေးပါရစေ။နွေရာသီ ကျောင်းပိတ်ရက်မှာ ဆယ်ကျော်သက်အရွယ် ကောင်မလေး ဆာရာဟာ မိဘတွေရဲ့ အသားဆိုင်မှာပဲ နေပြီး အိမ်တွင်းပုန်းနေခဲ့တယ်။ အကြောင်းအရင်းကတော့ ဆာရာဟာ အင်မတန် ဝလွန်းတဲ့ ကောင်မလေးဖြစ်တာကြောင့် အပေါင်းအသင်းတွေကြား အလှောင်ခံ အနိုင်ကျင့်ခံရလို့ပါ။ အမေ ဖြစ်သူဆီကပါ မှိုချိုးမျှစ်ချိုး ပြောခံရတဲ့ ကလေးမလေးပါပဲ။ဒီလိုနဲ့ တစ်နေ့ မြို့ထဲက ရေကန်လေးတစ်ခုမှာ ဆာရာတစ်ယောက် ရေကူးနေချိန် ရိုစီ မာကာနဲ့ ကလောင်းဒီးရားဆိုတဲ့ ကောင်မလေး ၃ ဦးက ဆာရာ့ကို ပိုက်ကွန်နဲ့ ရေနစ်မလို ဖြစ်တဲ့အထိ အနိုင်ကျင့်ပြီး ဆာရာရဲ့ အဝတ်အစားအိတ်တွေ တဘက်တွေကို ယူသွားခဲ့တယ်။ ဆာရာတစ်ယောက် ဘီကီနီနဲ့ပဲ အိမ်ကို လမ်းလျှောက်ပြန်ခဲ့ရတယ်။ဆာရာနဲ့ ရေကန်မှာ အတူတူရှိခဲ့ ယောက်ျားတစ်ဦးက ဆာရာကို ...
movie

Piggy (2022)

2022
Halloween Ends (2022) 5.3
Halloween Ends (2022) Halloween Ends (2022) ===================ဟောလိုးဝင်းဆိုတဲ့ ရုပ်ရှင်တွေဟာ စုစုပေါင်း ၁၃ ကားတောင်ထွက်ရှိခဲ့တဲ့ ဂန္ဓဝင်ဟော်ရာကားတွေပဲဖြစ်ပါတယ်။ မျက်နှာဖုံးကြီးနဲ့ ဓားမြှောင်ရှည်တစ် ချောင်းနဲ့ မိုက်ကယ်မိုင်ယာစ်ရဲ့ ပုံရိပ်ဟာ ဟော်ရာကားတွေရဲ့ အထိမ်းအမှတ် တစ်ခုလို့တောင် ပြောလို့ရပါတယ်။အခုလည်း ၂၀၂၂ ဟောလိုးဝင်းအတွက် တစ်ကားထွက်ရှိလာပါပြီ။ ဒီကားမှာတော့ မိုက်ကယ်မိုင်ယာစ်ရဲ့လက်က လွတ်ခဲ့တဲ့ မြေးအဘွားနှစ်ယောက်ရယ်၊ တစ်မြို့လုံးက မုန်းကြတဲ့ ကောင်လေးတစ်ယောက်ရယ်အကြောင်းကို အခြေခံထားပါတယ်။ လှည့်ကွက်နဲ့ ဇာတ်လမ်းကောင်းကောင်းနဲ့ ပိုးစိုးပက်စက်တွေ လုပ်တာကို ကြည့် ချင်ရင်တော့ ဒီဟော်ရာရုပ်ရှင်က ကြည့်လို့အလွန်ကောင်းမှာပါပဲ။ ဒါရိုက်တာကလည်း ဟောလိုးဝင်း ၂၀၁၈ နဲ့ ၂၀၂၁ ရဲ့ ပရိုဂျူဆာပါပဲ။ ဒီတော့ အဆက်အစပ်လေးနဲ့ကြည့် ရမှာပေါ့။ အားပေးလိုက်ကြပါဦး။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Mr.Anderson ဖြစ်ပါတယ်) File Size..........(1.43 GB) / (580 MB) / (320 MB) Quality............Web-DL 1080p / 720p / 360p Duration.........1Hr 51mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Horror, Thriller Translator.......Mr.Anderson Encoder..........SWM
movie

Halloween Ends (2022)

2022
MK Ultra (2022) 6.7
MK Ultra (2022) MK Ultra (2022)~ IMDb - 6.7/10, Rotten Tomatoes - 98% ~( * အချို့သော ဇာတ်ဝင်ခန်းများသည် မိသားစုနှင့်အတူ ကြည့်ရှုရန် မသင့်တော်ပါ * )စိတ်ကိုထိန်းချုပ်စေခိုင်းခြင်း (mind control) ဆိုတာ စိတ်ကူးယဉ်ရုပ်ရှင် ဇာတ်လမ်းတွေအတော်များများမှာ ထည့်ရိုက်လေ့ရှိတဲ့ အကြောင်းအရာတစ်ခုပါ။စိတ်က ခန္ဓာကိုယ်ကို မောင်းနှင်တယ် ဆိုတဲ့စကားရှိပြီး မိမိသာ တခြားသူတစ်ယောက်ယောက်ရဲ့စိတ်ကို ထိန်းချုပ်ကိုင်တွယ်နိုင်လိုက်မယ်ဆိုရင် ကိုယ်ဟာ အဲဒီလူရဲ့ ခန္ဓာကိုယ်၊ အဲဒီလူ လုပ်သမျှကို လိုသလို အသုံးချ စေခိုင်းနိုင်ပြီ ဆိုတဲ့သဘောပဲ မဟုတ်လား။ စိတ်ကူးယဉ်ဆိုတာကလည်း လက်တွေ့ကနေ ဆင့်ပွါးဖြစ်တည်လာတဲ့အရာမို့ "စိတ်ကို ထိန်းချုပ်ခြင်း" ဆိုတဲ့ စကားလေးအပေါ် အခြေခံလို့ အင်အားကြီးနိုင်ငံတွေနောက်ကွယ်မှာ သို့လော သို့လော ဖြစ်စရာတွေ၊ အခုထိ ဖော်ထုတ်လို့မရတဲ့ လျှို့ဝှက်ချက်တွေ တပုံတပင်ကြီး ရှိနေမယ်ဆိုလျှင်ရော...?MK Ultra ...
movie

MK Ultra (2022)

2022
Usogui (2022) 6.3
Usogui (2022) Usogui (2022)ဒီတစ်ခါ တင်ဆက်ပေးမှာကတော့ အသက်ကိုလောင်းကြေးထပ်မယ့် ကစားပွဲတွေအကြောင်း ရင်ခုန်အောင် ရိုက်ကူးပေးထားတဲ့ ဂျပန်ကားလေး Usogui (မုသားစားသုံးသူ) ပါပဲကာကဲရိုကလပ်ဆိုတဲ့ အဖွဲ့အစည်းဟာ ကြေးကြီးတဲ့ လောင်းကစားပွဲတွေကို ကြီးကြပ်ပေးတဲ့ အဖွဲ့အစည်းတစ်ခု... လောင်းချင်တိုင်းလောင်းပြီး ထွက်ပြေးချင်တဲ့သူတွေ လစ်လို့မရအောင် လိုအပ်ရင် လူပါသတ်တယ်မင်းသား မာဒါရာမဲ ဘာကူဟာ တခြားသူတွေရဲ့ မုသားတွေ လှည့်ဖျားမှုတွေကို ကျွမ်းကျင်ပါးနပ်စွာ ဖော်ထုတ်နိုင်သူ... သူဟာ ဒီအဖွဲ့အစည်းရဲ့ ခေါင်းဆောင်နေရာကို ရရှိဖို့ အသက်ကိုပါ ပုံအောပြီး လောင်းကြေးတင်ခဲ့ပေမယ့် ခေါင်းဆောင်ရဲ့ လှည့်ဖျားမှုမှာ ကျရှုံးရင်း အသက်ဆုံးလုနီးပါးဖြစ်ခဲ့ရတယ် ခေါင်းဆောင်ဟာ သူ့ကို အသင်းဝင်အဖြစ်ကနေ ပယ်ထုတ်ပြီး နှင်ဒဏ် ပေးခဲ့တယ်အချိန်အတိုင်းအတာ တစ်ခုအကြာမှာတော့ ဒီအဖွဲ့ဝင်တွေကို စိန်ခေါ်တဲ့ သိပ္ပံပညာရှင် ဆာဒါကူနီ ဆိုသူ ပေါ်ပေါက်လာတယ် ဘာကူဟာလည်း ခေါင်းဆောင်ကိုထပ်စိန်ခေါ်နိုင်ဖို့ တိုကျိုကို ပြန်လာတဲ့အခါ မောင်ကံကောင်းလေး ကာဂျီ တာကာအိုမီနဲ့ ဆုံတွေ့ခဲ့တယ် သူတို့၂ဦးရယ် ဆာဒါကူနီရယ် ကာကဲရိုကလပ်တို့ဟာ ဘယ်ပုံဘယ်နည်း ဆက်နွှယ်နေမလဲ ...
movie

Usogui (2022)

The Place Beyond the Pines(2012) 7.3
The Place Beyond the Pines(2012) ဒီတစ်ခါတော့ ပရိသတ်ကြီးကို ၂၀၁၂ခုနှစ်က ကားကောင်းလေးတစ်ကား တင်ဆက်ပေးပါတော့မယ် တကယ့်ကို သရုပ်ဆောင်ထားတာ ရသမြောက်ပြီးတော့ သူတို့ရဲ့ သရုပ်ဆောင်ချက်တွေထဲမှာ စီးမျောသွားရလောက်အောင်ကို ကောင်းတဲ့ကားကောင်းလေး တစ်ကားပါပဲ IMDP 7.3 အထိရရှိထားပြီး ပါဝင်တဲ့သရုပ်ဆောင်တွေကလည်း Ryan Goslingရယ် Eva Mendesရယ် Bradley Cooperရယ်ဆိုတော့ ဘာပြောကောင်းမလဲပေါ့ဗျာ ဇာတ်လမ်းအကျဉ်း လုခ်ဆိုတဲ့ ဆိုင်ကယ်စတန့်မောင်းသမားက သူ့မှာကလေးရှိတာကိုသိသွားတဲ့အခါမှာတော့ ဘာကိုမှဂရုမစိုက်ဘဲ လေလွင့်နေတာကနေ သူ့သားလေးကို စောင့်ရှောက်ဖို့အတွက် သူ့သားလေးရှိတဲ့မြို့မှာပဲ နေမယ်ဆိုပြီး ဆိုင်ကယ်စတန့်မောင်းတဲ့ အလုပ်ကနေထွက်ခဲ့တာပါ အဲဒီမှာပဲ လူတစ်ယောက်နဲ့တွေ့ပြီးတော့ အဖော်ကောင်းတာနဲ့ ဘဏ်ဓားပြတိုက်ပါလေရော သူ့သားလေးရဲ့ အမေ သူ့ရည်းစားကလည်း သူက လေလွင့်နေတာဆိုတော့ တခြားတစ်ယောက်နဲ့ယူပြီး ဘဝအသစ်တစ်ခုဖြစ်နေခဲ့တာပေါ့ အဲဒီလိုနဲ့ ဓားပြတိုက်ရင်ရလာတဲ့ ငွေလေးနဲ့ သူ့သားအတွက် ပစ္စည်းလေးတွေသွားပို့ရင်း သူ့မိန်းမရဲ့ လက်ရှိယောကျာ်းနဲ့ ရန်ဖြစ်ရာကနေ အဖမ်းခံရပါလေရော အဲဒီလိုနဲ့ သူရဲ့ ဓားပြတိုက်ဖော်တိုက်ဖက် က သူ့ကို ဒေါ်လာ ...
movie

The Place Beyond the Pines(2012)

Wolf Pack ( 2022 ) 6.1
Wolf Pack ( 2022 ) CM Chinese fan တို့အတွက် အခုအခါ my Dramalist မှာလည်း rating 8 ရထားပြီး budget ကောင်းသုံးထားတဲ့ အက်ရှင်ကားကောင်းလေးဖြစ်တဲ့ wolf pack ကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်…ဇာတ်လမ်းအကျဉ်းလေးပြောပြရရင် ဝေးပေ့ ခေါင်ပေ့ အန္တရာယ်များပေ့ဆိုတဲ့ နေရာတွေကိုမှ ရွေးပြီး စေတနာ့ဆရာဝန်အဖြစ်လုပ်နေတဲ့ ခယ်ထုံဆိုသူတစ်ယောက်… ရုတ်တရက်ကြီး ကလေးတွေကိုကယ်ဖို့ဆိုပြီး လိုက်သွားရကနေ Cooley ကိုရောက်သွားခဲ့ပြီး တစ်ချိန်ကအလောင်းအင်္ဂါမစုံခဲ့တဲ့ အဖေ့နောက်ကွယ်အကြောင်းနဲ့ အဖေသေရတဲ့အကြောင်းကို ဖြည်းဖြည်းချင်းသဘောပေါက်လာတဲ့အပြင် အခုသူကြုံတွေ့နေရတဲ့ မစ်ရှင်နဲ့ အဖွဲ့အစည်းကိုပါ ဖြည်းဖြည်းချင်း ပုံဖော်ပြထားတဲ့ကားကောင်းလေးမို့ အက်ရှင်ကားကောင်းကြိုက်သူတို့ လက်မနှေးဘဲ အမြန်ဒေါင်းကြည့်လိုက်တော့နော် Reviewed By Chu Chu Quality : WEB-DL 1080p , 480p Format : mp4 Genres : Action , War , Thriller Runtime : 1h 45 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Encoded by LK 
movie

Wolf Pack ( 2022 )

Other Monsters (2022) 4.6
Other Monsters (2022) စစ်ထွက် လူပေလူတေကြီးတစ်ယောက် ပိုက်ဆံမရှိ နေစရာမရှိ အလုပ်မရှိ လျှောက်သွား တောင်းစား အရက်ကိုမိုးမလင်းသောက် ဘဝရဲ့ အလင်းရောင် ပျောက်နေရှာသူကြီး....အဲဒီလူကြီးကို သေဘေးကနေ ကယ်တင်ပေးလိုက်တဲ့ ပြည့်တန်ဆာမလေးတစ်ယောက် နေစရာပေး ပိုက်ဆံပေး အလုပ်ခန့် လစာပေး ခန္ဓာကိုယ်ပါပေး နောက်ဆုံး အချစ်တွေပါ ပေးလိုက်ပါသတဲ့အဲဒီပြည့်တန်ဆာမလေးကို လူတစ်အုပ်က အနိုင်ကျင့်သတ်ဖြတ်ပြီး စစ်သားထွက်ကြီးကို လူသတ်တရားခံ မုဒိမ်းကောင်အဖြစ် အကွက်ဆင်ထားခဲ့ပြီး နံရံတွေနောက် ၁၄ နှစ် ရောက်သွားရတဲ့ ကံဆိုးသူမောင်ရှင်....သူထွက်လာတဲ့တစ်နေ့မှာ အဲဒီနေ့က လူတစ်အုပ်ကို တစ်ယောက်ချင်း ရှာဖွေလို့ ပြန်လှန်လက်စားချေတဲ့အခါမှာတော့... စစ်သားအိုကြီး နံရံတွေနောက်ကထွက်လာ ‌ေြခတုန်လက်တုန်နဲ့ သေနတ်ကိုင် လက်စားချေခရီးကြမ်းကို အပြီးထိလှမ်းနိုင်ပါ့မလား...ဒီဇာတ်ကားမှာ အပေါ်ပိုင်းဗလာကျင်းတာတွေ လိင်အသားပေးစကားတွေ အဆဲအဆိုတွေကြောင့် မိသားစုနဲ့ အတူတော့ မကြည့်သင့်ပါဘူး ။File Size__(1.1GB) / (550MB) Quality__WEB-DL_1080p, 720p IMDb Rating__4.6/10 Format__mp4 Duration__01:32:00 Type__Crime , Thriller Subtitle__Myanmar Subtitle (Hardsub) Translated by Arr Khun Winchester Encoded by Naing Aung ...
movie

Other Monsters (2022)

Curve (2015) 6.5
Curve (2015) Curve (2015)===========အခုမိတ်ဆက်ပေးချင်တဲ့ ဇာတ်ကားလေးကတော့horror/thriller ဇာတ်ကားကြိုက်သူတွေ ကြည့်သင့်တဲ့ဇာတ်ကားတစ်ကားဖြစ်ပါတယ်။လက်ထပ်ခါနီး သတို့သမီးလောင်းတစ်ယောက်ဖြစ်တဲ့မယ်လိုရီဟာ လက်ထပ်ပွဲလုပ်မယ့် ဒန်ဗာမြို့ကိုဆန်ဖရန်စစ်စကိုမြို့ကနေ တစ်ယောက်တည်းကားမောင်းလာခဲ့ပါတယ်။ မောင်းနေရင်းနဲ့လမ်းခွဲတစ်ခုကိုရောက်တော့ ‌လင်ကိုစိတ်ကောက်နေတဲ့မယ်လိုရီက လမ်းအတည့်ကမသွားပဲ တကွေ့တပတ်သွားဖို့ဆုံးဖြတ်လိုက်ပါ‌တယ်။ လမ်းတစ်၀က်အရောက်မှာကားက စက်ထိုးရပ်သွားပြီးတော့ အကူအညီတောင်းဖို့လူတွေမရှိတဲ့အပြင် ဖုန်းလိုင်းကပါမမိနေတဲ့အတွက်မယ်လိုရီတစ်ယောက်တိုင်ပတ်ပါတော့တယ်။ ဒါပေမယ့်ကံကြမ္မာကပဲ အကြောင်းဖန်လေသလားတော့မသိ၊ယောက်ျားတစ်ယောက်ဟာ ရုတ်တရက်ဆိုသလိုကူညီဖို့ ရောက်လာခဲ့ပါတယ်။ သူတို့ဆုံတွေ့ကြတာဟာရေစက်တစ်ခုလား။ ကောင်းသောဆုံတွေ့ခြင်းလား။မြို့တွေရဲ့အဝေးမှာ ဘယ်လိုတွေစခန်းသွားကြမလဲဆိုတာကိုကြည့်ရှုခံစားပြီး လင်ကိုစိတ်ကောက်တာ ကောင်းလားမကောင်းလားဆိုတာကိုယ်တိုင်ပဲ ကြည့်ရှု ဆုံးဖြတ်လိုက်ကြပါခင်ဗျာ။ File Size          : 1.20GB, 535MB Quality            : Blu-Ray 1080p , 720p format            : mp4 Duration         : 1hr & 25mins Genre  ...
movie

Curve (2015)

Judaa Hoke Bhi (2022) 6.9
Judaa Hoke Bhi (2022) Judaa Hoke Bhi (2022)ခုတစ်ခါမှာလည်း အရမ်းကိုစိတ်ဝင်စားဖို့ကောင်းတဲ့ ဟင်ဒီ Horror/Thriller ကားကောင်းလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်အချစ်စစ်တို့မည်သည် ဖြောင့်ဖြူးသည်ဟူ၍မရှိဆိုသလိုပေါ့...ဒီဇာတ်ကားရဲ့ဒါရိုက်တာက ဟိုတလောက cm မှာ တင်သွားတဲ့ Raaz (2002) ကားကိုရိုက်ကူးခဲ့တဲ့ ဒါရိုက်တာပါပဲ မကြည့်ရသေးရင် cm မှာ ဒေါင်းကြည့်လိုက်ပါ အရမ်းကောင်းပါတယ်...ခုတစ်ခါမှာလည်း ဒီဒါရိုက်တာကနေပဲ အချစ်ရဲ့ရန်သူအကြောင်းကို ကွက်ကွက်ကွင်းကွင်းရိုက်ပြသွားနိုင်ခဲ့သလို ဇာတ်လမ်းလေးကလည်း နှစ်လိုဖွယ်ကောင်းပါတယ်...အမန်းနဲ့ မီရားဆိုတဲ့ လင်မယားနှစ်ယောက်ရှိတယ် အမန်းက တစ်ချိန်တုန်းက နာမည်ကြီးအဆိုတော်တစ်ယောက်... သားဖြစ်သူ ယာဉ်မတော်တဆဖြစ်ပြီး ဆုံးသွားလို့ စိတ်ထိခိုက်ရင်း အရက်နွံထဲနစ်ခဲ့ရတယ်...မီရားကတော့ နာကျင်မှုတွေကို ဘေးတစ်ဖက်ချထားပြီး မိသားစုကို ပြေလည်အောင်ကြိုးစားနေတဲ့ မိန်းမသားတစ်ယောက်ပေါ့...မီရားက စာရေးဆရာမ..တစ်ရက်တော့ မီရားကို အလုပ်တစ်ခုလာကမ်းလှမ်းတယ် ကိုယ်ရေးအတ္တုပ္ပတ္တိရေးပေးရမယ့်အလုပ် ပိုက်ဆံလည်းမျိုးမျိုးမြတ်မြတ်ရမယ်ပေါ့ဒါပေမဲ့ မီရားမသိလိုက်တာက သူ့ကိုအလုပ်လာကမ်းလှမ်းတဲ့အလုပ်ရှင်ဟာ မကောင်းဆိုးဝါးတစ်ကောင်ဖြစ်နေတယ်ဆိုတာပါပဲဒီလိုနဲ့ မီရားတစ်ယောက် နတ်ဆိုးရဲ့ကျော့ကွင်းထဲမှာ ပိတ်မိသွားပြီး ရုန်းမထွက်လာနိုင်တော့တဲ့အခါမှာတော့...။ File size…1.23GB / 563MB Quality…1080p WEB DL / 720p Format…Myanmar Subtitle (Hard Sub) Duration….2h 1m Subtitle….Myanmar Subtitle Encoder….YK Translated by Taylor
movie

Judaa Hoke Bhi (2022)

2022
Athena (2022) 6.8
Athena (2022) Athena (2022)အသီနာဆိုတဲ့ပြည်နယ်လေးမှာ ပြည်သူတွေမကြာခဏ ရဲအရာရှိတွေ အကြမ်းဖက်ခံရပေမယ့် ဒီပြည်နယ်ငယ်လေးကို ဘယ်သူမှအရေးမလုပ်ကြတာကြောင့် အကြမ်းဖက်မှုတွေ ခပ်စိတ်စိတ်ဖြစ်လာပါတယ်။၂ လအတွင်းမှာ တတိယအကြိမ် ရဲဘက်အကြမ်းဖက်မှုဖြစ်ပြီး ရဲဝတ်စုံနဲ့လူတွေက အီဒီရာဆိုတဲ့လူငယ်လေးကို ရိုက်နှက်ပြီး သတ်လိုက်တဲ့ဗီဒီယို ပျံ့သွားချိန်မှာတော့ အစိုးရနဲ့လူထုကြား တင်းမာမှုတွေဖြစ်လာပါတော့တယ်။ အီဒီရာရဲ့အစ်ကိုကြီးဖြစ်သူ အက်ဘ်ဒဲလ်ကတော့ စစ်သားတစ်ယောက်ပီပီ အစိုးရကိုယုံကြည်ပေမယ့် ကာရင်းမ်ကတော့ အစိုးရကိုအယုံကြည်မရှိတဲ့ လက်ယာဝါဒီအစွန်းရောက်ပီပီ အဓိကရုဏ်းတွေကို အစပျိုးရင်းနဲ့ ပြင်သစ်တစ်နိုင်ငံလုံး အကြမ်းဖက်မှုတွေ ပျံ့နှံ့သွားစေပါတယ်။အကြမ်းဖက်မှုနဲ့ ညီဖြစ်သူအတွက် တရားမျှတမှုကို ကိုယ်တိုင်တိုက်ယူရမယ်လို့ ယုံကြည်ထားတဲ့ ကာရင်းမ်၊ စစ်သားပီပီ ဥပဒေအတိုင်းလိုက်နာရင်းနဲ့ အစိုးရကဖြေရှင်းပေးမယ်လို့ယုံကြည်တဲ့ အက်ဘ်ဒဲလ်၊ ဒီကြားထဲမှာမှ စီးပွားရေးထိခိုက်လို့ အထိကရုန်းတွေဖြစ်မှာကို လိုက်လံတားဆီးနေတဲ့ အစ်ကိုအကြီးဆုံးမော့ခ်တာဒီလိုမတူညီတဲ့အယူအဆအသီးသီးနဲ့ အဓိကရုဏ်း မှာ ဘာ‌တွေဘယ်လိုဆက်ဖြစ်မလဲဆိုတာကိုတော့ Athena ဆိုတဲ့ ဒီရုပ်ရှင်လေးမှာ ဆက်လက်ကြည့်ရှုလိုက်ရအောင်ပါ။အညွှန်း နဲ့ ဘာသာပြန်ကတော့ Mary Christ ပဲ ဖြစ်ပါတယ်။Genre..... Action, Drama, Thriller Quality…. 1080p | 720p | 480p File size… 1.5GB | ...
movie

Athena (2022)

2022
Luckiest Girl Alive (2022) 6.5
Luckiest Girl Alive (2022) Luckiest Girl Alive (2022)မိန်းကလေးတွေ ကြုံဖူးနေကျအတိုင်း ကိုယ်ဟာ victim ဖြစ်ပေမယ့် ပတ်ဝန်းကျင်ကြောင့် မိဘအသိုင်းအဝိုင်းကြောင့် victim ဖြစ်ပါတယ်လို့ ထုတ်ဖော်မပြောရဲဘဲ မြိုသိပ်ခဲ့ရတာအပြင် တစ်ခါတစ်ရံမှာ ကိုယ်ဟာ ကျူးလွန်သူရယ်လို့ တဖန်ပြန်လည် စွပ်စွဲခံကြရပါသေးတယ်။ အများအမြင်မှာတော့ ကံကောင်းတဲ့မိန်းကလေးပါလားလို့ အားကျကြပေမယ့် အတွင်းစိတ်ထဲမှာတော့ ဖုံးကွယ်ထားတဲ့ ဒဏ်ရာတွေအပြည့်နဲ့ပေါ့။ဒီဇာတ်ကားလေးကလည်း အဲ့ဒီလိုဖြစ်ရပ်မျိုးကို အခြေခံပြီး ရိုက်ကူးထားတာပါ။ New York မြို့က မဂ္ဂဇင်းတိုက်တစ်ခုမှာ Editor တစ်ယောက်ဖြစ်ပြီး ဥစ္စာပေါရုပ်ချောခင်ပွန်းလောင်းနဲ့လည်း မကြာခင်မှာ လက်ထပ်ရမယ့် Ani တစ်ယောက် မြို့ကြီးပြကြီးမှာတော့ လူအများအမြင် ပြည့်စုံတဲ့ကောင်မလေးတစ်ယောက်ပေါ့။ဒါပေမယ့် တစ်နေ့မှာ Documentary ရိုက်တဲ့ ဒါရိုက်တာတစ်ယောက်ဟာ Ani တက်ခဲ့တဲ့ ကောလိပ်က ပစ်ခတ်မှုဖြစ်ပွားခဲ့တဲ့အကြောင်းရိုက်ကူးဖို့ လာကမ်းလှမ်းတဲ့အခါမှာတော့ အတိတ်က ဖုံးကွယ်ထားတဲ့ ပုံရိပ်တချို့ဟာ တစ်စတစ်စ ပိုမိုထင်ဟပ်လာပါတော့တယ်။လူအများထင်ထားခဲ့သလို ပစ်ခတ်မှုမှာ ဗီလိန်ဟာ ဗီလိန်မဟုတ်သလို လူစွမ်းကောင်းကြီးဟာလည်း ...
movie

Luckiest Girl Alive (2022)

2022
(18+) Lethal Seduction (2015)
(18+) Lethal Seduction (2015) (18+) Lethal Seduction (2015)Imdb 5.1/10 Vudu 3.3/5Markဆိုတဲ့ ကောင်လေးက အခုမှ‌အထက်‌တန်းကျောင်းပြီးကာ ၁၈နှစ်ပြည့်ပြီးတဲ့ ကောင်လေးတစ်ယောက်ဖြစ်ပါတယ် Markက ကျောင်းစာတွေဖိလုပ် ပညာရေးဘက်ပဲအားစိုက်ခဲ့တာကြောင့် Princeton University ပညာသင်ဆုဘာညာရပြီးကောလိပ်သွားတက်တော့မှာပါ မတက်ခင်နွေရာသီကျောင်းပိတ်ရက်မှာ တစ်ခါမှမထားဘူးတဲ့ ဆော်လေးဘာလေးထားပြီး လက်တည့်စမ်းချင်နေတဲ့ကျော်ကြီးအလောင်းအလျာလေး ဖြစ်ပါတယ်ဒီလိုနဲ့ Carissaဆိုတဲ့ ဝါရင့်သမာရင့်ပိုက်ဆံလည်းချမ်းသာတဲ့ မုဆိုးမအလန်းကြီးနဲ့ငြိသွားတဲ့အခါမှာတော့........... ဒါပေမဲ့တစ်ညမှာတော့ Carissaနဲ့ဒိတ်နေတုန်း လူတစ်ယောက်က မင်းအန္တရာယ်တွင်းထဲကကျ‌ရောက်နေတယ်ဆိုပြီး Carissaလက်က လွတ်အောင် အမြန်ဆုံးထွက်ပြေးဖို့လာသတိပေးသွားပါသေးတယ် တဖက်မှာလည်းမက်ကို အရိပ်တကြည့်ကြည့်နဲ့ချစ်တဲ့မက်အမေ Tanyaက သူ့သား စားဆော်ကြီးနဲ့ငြိနေတာကို သိပြီးနောက်မှာရော ဘာတွေဆက်ဖြစ်မလဲ... မိခင်မေတ္တာကြောင့် ဘယ်လိုဗျူဟာတွေသုံးပြီး သူ့ရဲ့သားကိုကယ်တင်မလဲဆိုတာ...Softcore 18+ အနည်းငယ်ပါဝင်တာကြောင့် ၁၈ယောက်စုကြည့်ချင်လည်း ကြည့်ကြပါ လူကြားသူကြားထဲတော့ မကြည့်ဖို့တော့ အကြုပြုလိုပါတယ်ခင်ဗျ ။ ။အညွှန်း နဲ့ ဘာသာပြန်ကတော့ Dark Knight ပဲ ဖြစ်ပါတယ်။Genre..... Thriller Quality…. 1080p | 720p | 480p File size… 1.6Gb | 792MB | 425MB Format… mp4 Duration…. 1h 20min Subtitle…. Myanmar Subtitle ...
movie

(18+) Lethal Seduction (2015)

2015
Survival Island (2005) 4.9
Survival Island (2005) Survival Island (2005)ပိုစတာကိုကြည့်ပြီးရင် ဘာမှရှည်ရှည်ဝေးဝေး‌ တွေးနေစရာ‌တောင်မလိုဘဲ ဒေါင်းချင်စိတ်ပေါက်သွားမယ့် ကားမျိုးပဲမလား။ ပိုစတာကလည်း မဂျင်းပါဘူး။ တကယ် အဲဒီလို ဝတ်လစ်စလစ်အခန်းတွေအပြည့်ပါပါတယ်။ ပိုတောင်ကြမ်းပါသေးတယ်။ မင်းသမီးကလည်း ခြောက်ပြစ်ကင်းသဲလဲစင် ရှိုက်ဖိုကြီးငယ်အသွယ်သွယ်နဲ့ ဆွဲဆောင်နေတဲ့မင်းသမီး။ နာမည်အတိုင်း survival ကားပေမဲ့ လျှို့ဝှက်ဆန်းကြယ် ဆန်ဆန်တွေလည်းပါတာမို့ ဇာတ်အိမ်ကလည်း ကြည့်ရကောင်းတယ်။အကြမ်းဖျဉ်းပြောရရင်တော့ လူတစ်စု အပျော်စီးသင်္ဘောနဲ့ ခရီးထွက်ကြတယ်။ သင်္ဘောက မီးထလောင်တယ်။ သင်္ဘောဝန်ထမ်းတွေရော ကျန်တဲ့လူ အများစုရော ဘာဖြစ်သွားမှန်းမသိဘူး။ သင်္ဘောဝန်ထမ်းတစ်ယောက်ရယ် ကောင်မလေးရယ် ကျွန်းပေါ်အတူတူသောင်တင်နေကြတယ်။ နောက်ကျ ကောင်မလေးလင်ကြီးရောက်လာတယ်။ ကျွန်းပေါ်မှာ သုံးယောက်အတူတူ ရှင်ကြသန်ကြရင်း ကောင်မလေးဟာ ဟိုဘက် ဒီဘက် လွန်ဆွဲပွဲကြားမှာ စားလိုက် အစားခံရလိုက် သံသရာလည်တာကို စိတ်ဝင်စားစရာပြထားတဲ့ ရုပ်ရှင်လေးပါပဲ။ လူသုံးယောက်ရဲ့ သံသရာပေါ့။ ကမ်းစပ်လေးမှာ တဲလေးထိုးပြီး တစ်တဲနဲ့တစ်တဲ ရန်ဖြစ်နေပုံတွေကလည်း တစ်ချိန်က နာမည်ကြီးခဲ့တဲ့ ဗမာရုပ်ရှင် ကြိုးတန်းလိုလို ...
movie

Survival Island (2005)

2005
Missing(2016) 6.7
Missing(2016) Missing(2016) အညွှန်း*******************ဂျီဆွန်းဆိုတဲ့အမျိုးသမားဟာ လက်ရှိမှာ အိမ်ထောင်ကွဲနေတယ်..သမီးလေးတစ်ယောက်နဲ့ ဘဝကိုရုန်းကန်နေရတာပေါ့..အလုပ်ကလည်းတစ်ဖက်ဆိုတော့ ကလေးထိန်းအမျိုးသမီးတစ်ယောက်နဲ့တစ်နေကုန်ထားခဲ့ရပြီး ညမှသာ အိမ်ပြန်လာရတယ်..တစ်ဖက်မှာလည်း ခင်ပွန်းဟောင်းက သမီးကိုပြုစုထိန်းသိမ်းခွင့်လျှောက်တော့ တရားရင်ဆိုင်နေရပြန်တယ်..ဒီလိုနဲ့ တစ်နေတော့ ကလေးထိန်းရော သမီးလေး ရုတ်တရက်ပျောက်သွားတဲ့အခါမှာတော့..ဘယ်သူတွေပြန်ပေးဆွဲသွားတာလဲ..ကလေးထိန်းနဲ့ သမီးလေးကို ဘေးမသီရန်မခဘဲ ကယ်တင်နိုင်မလားဆိုတာကိုတော့..File Size :(1.6GB) (771 MB) and (126MB) Quality : WEB-DL1080P, 720p Format…mp4 Duration…01:40:00 Genre : Drama, Myastery , Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by Zuel Encoded by Phyo Pyae
movie

Missing(2016)

[18+] Dirty Games (2022)
[18+] Dirty Games (2022) Dirty Games (2022)Squid Game လိုလို Survival Game ဖန်တွေအတွက် Squid Game ဆန်ဆန် ဂိမ်းပြီးဆုံးရင် ငွေရမယ့် ဂိမ်းကစားရင်း မသေအောင်နေရတဲ့ ညစ်တီးညစ်ပတ်ဂိမ်းကားလေးပါ။ ပြောရရင် ဒိတ်တင်ရှိုးဆန်ဆန် အစီအစဉ်တစ်ခုက ကောင်လေး ကောင်မလေးတွေကို အိမ်တစ်အိမ်ကိုဖိတ်လိုက်တယ်။ အတွဲတွေတွဲပေးပြီးတော့ အဲဒီအိမ်ထဲမှာနေပြီး ပေးထားတဲ့ မစ်ရှင်တွေကိုရော ကြည့်ရှုသူတွေက ငွေပေးပြီး ခိုင်းတဲ့မစ်ရှင်တွေကိုရော လုပ်ပေးရတယ်။ နောက်ဆုံးကျန်တဲ့အတွဲက ဆုကြေးငွေကိုရတယ်။ သို့ပေမဲ့ မထင်မှတ်ထားတာတွေပါ ဖြစ်လာပြီး ခိုင်းတာတွေလုပ်ရရုံတင်မက အသက်ရှင်အောင်ပါ ကြံဖန်ရလာတယ်။ ဒီရုပ်ရှင်မှာ စောင်း ပုလွေ ဘာဂျာအစုံ သာယာပုံပေါင်းစုံ မြင်ရမှာဖြစ်ပြီး မိတ်ဆွေတို့ ကြားသိသမျှ နည်းနာအားလုံးပါဝင်ပါတယ်။ အတွဲပေါင်းများစွာရဲ့ အကွက်ပေါင်းများစွာကို မြင်ကြတွေ့ကြရမယ့် ရုပ်ရှင်လေးပါပဲ။ဒီလောကတဏှာတွေကို ငြီးငွေ့စိတ်ပျက်တဲ့အထိ ရှု့စားပြီး လွတ်မြောက်ရာလွတ်မြောက်ကြောင်း ကြံဆောင်နိုင်စေဖို့ လောကီရဲ့အမှောင်ဆုံးအခြေအနေတွေအကြောင်းကို တင်ဆက်ပေးလိုက်ပါတယ်။ အားလုံးပဲ လွတ်မြောက်နိုင်ကြပါစေ။(ဒီဇာတ်ကားနဲ့အညွှန်းကို 6 ...
movie

[18+] Dirty Games (2022)

2022