Channel Myanmar

Thriller

The Place Beyond the Pines(2012) 7.3
The Place Beyond the Pines(2012) ဒီတစ်ခါတော့ ပရိသတ်ကြီးကို ၂၀၁၂ခုနှစ်က ကားကောင်းလေးတစ်ကား တင်ဆက်ပေးပါတော့မယ် တကယ့်ကို သရုပ်ဆောင်ထားတာ ရသမြောက်ပြီးတော့ သူတို့ရဲ့ သရုပ်ဆောင်ချက်တွေထဲမှာ စီးမျောသွားရလောက်အောင်ကို ကောင်းတဲ့ကားကောင်းလေး တစ်ကားပါပဲ IMDP 7.3 အထိရရှိထားပြီး ပါဝင်တဲ့သရုပ်ဆောင်တွေကလည်း Ryan Goslingရယ် Eva Mendesရယ် Bradley Cooperရယ်ဆိုတော့ ဘာပြောကောင်းမလဲပေါ့ဗျာ ဇာတ်လမ်းအကျဉ်း လုခ်ဆိုတဲ့ ဆိုင်ကယ်စတန့်မောင်းသမားက သူ့မှာကလေးရှိတာကိုသိသွားတဲ့အခါမှာတော့ ဘာကိုမှဂရုမစိုက်ဘဲ လေလွင့်နေတာကနေ သူ့သားလေးကို စောင့်ရှောက်ဖို့အတွက် သူ့သားလေးရှိတဲ့မြို့မှာပဲ နေမယ်ဆိုပြီး ဆိုင်ကယ်စတန့်မောင်းတဲ့ အလုပ်ကနေထွက်ခဲ့တာပါ အဲဒီမှာပဲ လူတစ်ယောက်နဲ့တွေ့ပြီးတော့ အဖော်ကောင်းတာနဲ့ ဘဏ်ဓားပြတိုက်ပါလေရော သူ့သားလေးရဲ့ အမေ သူ့ရည်းစားကလည်း သူက လေလွင့်နေတာဆိုတော့ တခြားတစ်ယောက်နဲ့ယူပြီး ဘဝအသစ်တစ်ခုဖြစ်နေခဲ့တာပေါ့ အဲဒီလိုနဲ့ ဓားပြတိုက်ရင်ရလာတဲ့ ငွေလေးနဲ့ သူ့သားအတွက် ပစ္စည်းလေးတွေသွားပို့ရင်း သူ့မိန်းမရဲ့ လက်ရှိယောကျာ်းနဲ့ ရန်ဖြစ်ရာကနေ အဖမ်းခံရပါလေရော အဲဒီလိုနဲ့ သူရဲ့ ဓားပြတိုက်ဖော်တိုက်ဖက် က သူ့ကို ဒေါ်လာ ...
movie

The Place Beyond the Pines(2012)

Wolf Pack ( 2022 ) 6.1
Wolf Pack ( 2022 ) CM Chinese fan တို့အတွက် အခုအခါ my Dramalist မှာလည်း rating 8 ရထားပြီး budget ကောင်းသုံးထားတဲ့ အက်ရှင်ကားကောင်းလေးဖြစ်တဲ့ wolf pack ကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်…ဇာတ်လမ်းအကျဉ်းလေးပြောပြရရင် ဝေးပေ့ ခေါင်ပေ့ အန္တရာယ်များပေ့ဆိုတဲ့ နေရာတွေကိုမှ ရွေးပြီး စေတနာ့ဆရာဝန်အဖြစ်လုပ်နေတဲ့ ခယ်ထုံဆိုသူတစ်ယောက်… ရုတ်တရက်ကြီး ကလေးတွေကိုကယ်ဖို့ဆိုပြီး လိုက်သွားရကနေ Cooley ကိုရောက်သွားခဲ့ပြီး တစ်ချိန်ကအလောင်းအင်္ဂါမစုံခဲ့တဲ့ အဖေ့နောက်ကွယ်အကြောင်းနဲ့ အဖေသေရတဲ့အကြောင်းကို ဖြည်းဖြည်းချင်းသဘောပေါက်လာတဲ့အပြင် အခုသူကြုံတွေ့နေရတဲ့ မစ်ရှင်နဲ့ အဖွဲ့အစည်းကိုပါ ဖြည်းဖြည်းချင်း ပုံဖော်ပြထားတဲ့ကားကောင်းလေးမို့ အက်ရှင်ကားကောင်းကြိုက်သူတို့ လက်မနှေးဘဲ အမြန်ဒေါင်းကြည့်လိုက်တော့နော် Reviewed By Chu Chu Quality : WEB-DL 1080p , 480p Format : mp4 Genres : Action , War , Thriller Runtime : 1h 45 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Encoded by LK 
movie

Wolf Pack ( 2022 )

Other Monsters (2022) 4.6
Other Monsters (2022) စစ်ထွက် လူပေလူတေကြီးတစ်ယောက် ပိုက်ဆံမရှိ နေစရာမရှိ အလုပ်မရှိ လျှောက်သွား တောင်းစား အရက်ကိုမိုးမလင်းသောက် ဘဝရဲ့ အလင်းရောင် ပျောက်နေရှာသူကြီး....အဲဒီလူကြီးကို သေဘေးကနေ ကယ်တင်ပေးလိုက်တဲ့ ပြည့်တန်ဆာမလေးတစ်ယောက် နေစရာပေး ပိုက်ဆံပေး အလုပ်ခန့် လစာပေး ခန္ဓာကိုယ်ပါပေး နောက်ဆုံး အချစ်တွေပါ ပေးလိုက်ပါသတဲ့အဲဒီပြည့်တန်ဆာမလေးကို လူတစ်အုပ်က အနိုင်ကျင့်သတ်ဖြတ်ပြီး စစ်သားထွက်ကြီးကို လူသတ်တရားခံ မုဒိမ်းကောင်အဖြစ် အကွက်ဆင်ထားခဲ့ပြီး နံရံတွေနောက် ၁၄ နှစ် ရောက်သွားရတဲ့ ကံဆိုးသူမောင်ရှင်....သူထွက်လာတဲ့တစ်နေ့မှာ အဲဒီနေ့က လူတစ်အုပ်ကို တစ်ယောက်ချင်း ရှာဖွေလို့ ပြန်လှန်လက်စားချေတဲ့အခါမှာတော့... စစ်သားအိုကြီး နံရံတွေနောက်ကထွက်လာ ‌ေြခတုန်လက်တုန်နဲ့ သေနတ်ကိုင် လက်စားချေခရီးကြမ်းကို အပြီးထိလှမ်းနိုင်ပါ့မလား...ဒီဇာတ်ကားမှာ အပေါ်ပိုင်းဗလာကျင်းတာတွေ လိင်အသားပေးစကားတွေ အဆဲအဆိုတွေကြောင့် မိသားစုနဲ့ အတူတော့ မကြည့်သင့်ပါဘူး ။File Size__(1.1GB) / (550MB) Quality__WEB-DL_1080p, 720p IMDb Rating__4.6/10 Format__mp4 Duration__01:32:00 Type__Crime , Thriller Subtitle__Myanmar Subtitle (Hardsub) Translated by Arr Khun Winchester Encoded by Naing Aung ...
movie

Other Monsters (2022)

Curve (2015) 6.5
Curve (2015) Curve (2015)===========အခုမိတ်ဆက်ပေးချင်တဲ့ ဇာတ်ကားလေးကတော့horror/thriller ဇာတ်ကားကြိုက်သူတွေ ကြည့်သင့်တဲ့ဇာတ်ကားတစ်ကားဖြစ်ပါတယ်။လက်ထပ်ခါနီး သတို့သမီးလောင်းတစ်ယောက်ဖြစ်တဲ့မယ်လိုရီဟာ လက်ထပ်ပွဲလုပ်မယ့် ဒန်ဗာမြို့ကိုဆန်ဖရန်စစ်စကိုမြို့ကနေ တစ်ယောက်တည်းကားမောင်းလာခဲ့ပါတယ်။ မောင်းနေရင်းနဲ့လမ်းခွဲတစ်ခုကိုရောက်တော့ ‌လင်ကိုစိတ်ကောက်နေတဲ့မယ်လိုရီက လမ်းအတည့်ကမသွားပဲ တကွေ့တပတ်သွားဖို့ဆုံးဖြတ်လိုက်ပါ‌တယ်။ လမ်းတစ်၀က်အရောက်မှာကားက စက်ထိုးရပ်သွားပြီးတော့ အကူအညီတောင်းဖို့လူတွေမရှိတဲ့အပြင် ဖုန်းလိုင်းကပါမမိနေတဲ့အတွက်မယ်လိုရီတစ်ယောက်တိုင်ပတ်ပါတော့တယ်။ ဒါပေမယ့်ကံကြမ္မာကပဲ အကြောင်းဖန်လေသလားတော့မသိ၊ယောက်ျားတစ်ယောက်ဟာ ရုတ်တရက်ဆိုသလိုကူညီဖို့ ရောက်လာခဲ့ပါတယ်။ သူတို့ဆုံတွေ့ကြတာဟာရေစက်တစ်ခုလား။ ကောင်းသောဆုံတွေ့ခြင်းလား။မြို့တွေရဲ့အဝေးမှာ ဘယ်လိုတွေစခန်းသွားကြမလဲဆိုတာကိုကြည့်ရှုခံစားပြီး လင်ကိုစိတ်ကောက်တာ ကောင်းလားမကောင်းလားဆိုတာကိုယ်တိုင်ပဲ ကြည့်ရှု ဆုံးဖြတ်လိုက်ကြပါခင်ဗျာ။ File Size          : 1.20GB, 535MB Quality            : Blu-Ray 1080p , 720p format            : mp4 Duration         : 1hr & 25mins Genre  ...
movie

Curve (2015)

Judaa Hoke Bhi (2022) 6.9
Judaa Hoke Bhi (2022) Judaa Hoke Bhi (2022)ခုတစ်ခါမှာလည်း အရမ်းကိုစိတ်ဝင်စားဖို့ကောင်းတဲ့ ဟင်ဒီ Horror/Thriller ကားကောင်းလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်အချစ်စစ်တို့မည်သည် ဖြောင့်ဖြူးသည်ဟူ၍မရှိဆိုသလိုပေါ့...ဒီဇာတ်ကားရဲ့ဒါရိုက်တာက ဟိုတလောက cm မှာ တင်သွားတဲ့ Raaz (2002) ကားကိုရိုက်ကူးခဲ့တဲ့ ဒါရိုက်တာပါပဲ မကြည့်ရသေးရင် cm မှာ ဒေါင်းကြည့်လိုက်ပါ အရမ်းကောင်းပါတယ်...ခုတစ်ခါမှာလည်း ဒီဒါရိုက်တာကနေပဲ အချစ်ရဲ့ရန်သူအကြောင်းကို ကွက်ကွက်ကွင်းကွင်းရိုက်ပြသွားနိုင်ခဲ့သလို ဇာတ်လမ်းလေးကလည်း နှစ်လိုဖွယ်ကောင်းပါတယ်...အမန်းနဲ့ မီရားဆိုတဲ့ လင်မယားနှစ်ယောက်ရှိတယ် အမန်းက တစ်ချိန်တုန်းက နာမည်ကြီးအဆိုတော်တစ်ယောက်... သားဖြစ်သူ ယာဉ်မတော်တဆဖြစ်ပြီး ဆုံးသွားလို့ စိတ်ထိခိုက်ရင်း အရက်နွံထဲနစ်ခဲ့ရတယ်...မီရားကတော့ နာကျင်မှုတွေကို ဘေးတစ်ဖက်ချထားပြီး မိသားစုကို ပြေလည်အောင်ကြိုးစားနေတဲ့ မိန်းမသားတစ်ယောက်ပေါ့...မီရားက စာရေးဆရာမ..တစ်ရက်တော့ မီရားကို အလုပ်တစ်ခုလာကမ်းလှမ်းတယ် ကိုယ်ရေးအတ္တုပ္ပတ္တိရေးပေးရမယ့်အလုပ် ပိုက်ဆံလည်းမျိုးမျိုးမြတ်မြတ်ရမယ်ပေါ့ဒါပေမဲ့ မီရားမသိလိုက်တာက သူ့ကိုအလုပ်လာကမ်းလှမ်းတဲ့အလုပ်ရှင်ဟာ မကောင်းဆိုးဝါးတစ်ကောင်ဖြစ်နေတယ်ဆိုတာပါပဲဒီလိုနဲ့ မီရားတစ်ယောက် နတ်ဆိုးရဲ့ကျော့ကွင်းထဲမှာ ပိတ်မိသွားပြီး ရုန်းမထွက်လာနိုင်တော့တဲ့အခါမှာတော့...။ File size…1.23GB / 563MB Quality…1080p WEB DL / 720p Format…Myanmar Subtitle (Hard Sub) Duration….2h 1m Subtitle….Myanmar Subtitle Encoder….YK Translated by Taylor
movie

Judaa Hoke Bhi (2022)

2022
Athena (2022) 6.8
Athena (2022) Athena (2022)အသီနာဆိုတဲ့ပြည်နယ်လေးမှာ ပြည်သူတွေမကြာခဏ ရဲအရာရှိတွေ အကြမ်းဖက်ခံရပေမယ့် ဒီပြည်နယ်ငယ်လေးကို ဘယ်သူမှအရေးမလုပ်ကြတာကြောင့် အကြမ်းဖက်မှုတွေ ခပ်စိတ်စိတ်ဖြစ်လာပါတယ်။၂ လအတွင်းမှာ တတိယအကြိမ် ရဲဘက်အကြမ်းဖက်မှုဖြစ်ပြီး ရဲဝတ်စုံနဲ့လူတွေက အီဒီရာဆိုတဲ့လူငယ်လေးကို ရိုက်နှက်ပြီး သတ်လိုက်တဲ့ဗီဒီယို ပျံ့သွားချိန်မှာတော့ အစိုးရနဲ့လူထုကြား တင်းမာမှုတွေဖြစ်လာပါတော့တယ်။ အီဒီရာရဲ့အစ်ကိုကြီးဖြစ်သူ အက်ဘ်ဒဲလ်ကတော့ စစ်သားတစ်ယောက်ပီပီ အစိုးရကိုယုံကြည်ပေမယ့် ကာရင်းမ်ကတော့ အစိုးရကိုအယုံကြည်မရှိတဲ့ လက်ယာဝါဒီအစွန်းရောက်ပီပီ အဓိကရုဏ်းတွေကို အစပျိုးရင်းနဲ့ ပြင်သစ်တစ်နိုင်ငံလုံး အကြမ်းဖက်မှုတွေ ပျံ့နှံ့သွားစေပါတယ်။အကြမ်းဖက်မှုနဲ့ ညီဖြစ်သူအတွက် တရားမျှတမှုကို ကိုယ်တိုင်တိုက်ယူရမယ်လို့ ယုံကြည်ထားတဲ့ ကာရင်းမ်၊ စစ်သားပီပီ ဥပဒေအတိုင်းလိုက်နာရင်းနဲ့ အစိုးရကဖြေရှင်းပေးမယ်လို့ယုံကြည်တဲ့ အက်ဘ်ဒဲလ်၊ ဒီကြားထဲမှာမှ စီးပွားရေးထိခိုက်လို့ အထိကရုန်းတွေဖြစ်မှာကို လိုက်လံတားဆီးနေတဲ့ အစ်ကိုအကြီးဆုံးမော့ခ်တာဒီလိုမတူညီတဲ့အယူအဆအသီးသီးနဲ့ အဓိကရုဏ်း မှာ ဘာ‌တွေဘယ်လိုဆက်ဖြစ်မလဲဆိုတာကိုတော့ Athena ဆိုတဲ့ ဒီရုပ်ရှင်လေးမှာ ဆက်လက်ကြည့်ရှုလိုက်ရအောင်ပါ။အညွှန်း နဲ့ ဘာသာပြန်ကတော့ Mary Christ ပဲ ဖြစ်ပါတယ်။Genre..... Action, Drama, Thriller Quality…. 1080p | 720p | 480p File size… 1.5GB | ...
movie

Athena (2022)

2022
Luckiest Girl Alive (2022) 6.5
Luckiest Girl Alive (2022) Luckiest Girl Alive (2022)မိန်းကလေးတွေ ကြုံဖူးနေကျအတိုင်း ကိုယ်ဟာ victim ဖြစ်ပေမယ့် ပတ်ဝန်းကျင်ကြောင့် မိဘအသိုင်းအဝိုင်းကြောင့် victim ဖြစ်ပါတယ်လို့ ထုတ်ဖော်မပြောရဲဘဲ မြိုသိပ်ခဲ့ရတာအပြင် တစ်ခါတစ်ရံမှာ ကိုယ်ဟာ ကျူးလွန်သူရယ်လို့ တဖန်ပြန်လည် စွပ်စွဲခံကြရပါသေးတယ်။ အများအမြင်မှာတော့ ကံကောင်းတဲ့မိန်းကလေးပါလားလို့ အားကျကြပေမယ့် အတွင်းစိတ်ထဲမှာတော့ ဖုံးကွယ်ထားတဲ့ ဒဏ်ရာတွေအပြည့်နဲ့ပေါ့။ဒီဇာတ်ကားလေးကလည်း အဲ့ဒီလိုဖြစ်ရပ်မျိုးကို အခြေခံပြီး ရိုက်ကူးထားတာပါ။ New York မြို့က မဂ္ဂဇင်းတိုက်တစ်ခုမှာ Editor တစ်ယောက်ဖြစ်ပြီး ဥစ္စာပေါရုပ်ချောခင်ပွန်းလောင်းနဲ့လည်း မကြာခင်မှာ လက်ထပ်ရမယ့် Ani တစ်ယောက် မြို့ကြီးပြကြီးမှာတော့ လူအများအမြင် ပြည့်စုံတဲ့ကောင်မလေးတစ်ယောက်ပေါ့။ဒါပေမယ့် တစ်နေ့မှာ Documentary ရိုက်တဲ့ ဒါရိုက်တာတစ်ယောက်ဟာ Ani တက်ခဲ့တဲ့ ကောလိပ်က ပစ်ခတ်မှုဖြစ်ပွားခဲ့တဲ့အကြောင်းရိုက်ကူးဖို့ လာကမ်းလှမ်းတဲ့အခါမှာတော့ အတိတ်က ဖုံးကွယ်ထားတဲ့ ပုံရိပ်တချို့ဟာ တစ်စတစ်စ ပိုမိုထင်ဟပ်လာပါတော့တယ်။လူအများထင်ထားခဲ့သလို ပစ်ခတ်မှုမှာ ဗီလိန်ဟာ ဗီလိန်မဟုတ်သလို လူစွမ်းကောင်းကြီးဟာလည်း ...
movie

Luckiest Girl Alive (2022)

2022
(18+) Lethal Seduction (2015)
(18+) Lethal Seduction (2015) (18+) Lethal Seduction (2015)Imdb 5.1/10 Vudu 3.3/5Markဆိုတဲ့ ကောင်လေးက အခုမှ‌အထက်‌တန်းကျောင်းပြီးကာ ၁၈နှစ်ပြည့်ပြီးတဲ့ ကောင်လေးတစ်ယောက်ဖြစ်ပါတယ် Markက ကျောင်းစာတွေဖိလုပ် ပညာရေးဘက်ပဲအားစိုက်ခဲ့တာကြောင့် Princeton University ပညာသင်ဆုဘာညာရပြီးကောလိပ်သွားတက်တော့မှာပါ မတက်ခင်နွေရာသီကျောင်းပိတ်ရက်မှာ တစ်ခါမှမထားဘူးတဲ့ ဆော်လေးဘာလေးထားပြီး လက်တည့်စမ်းချင်နေတဲ့ကျော်ကြီးအလောင်းအလျာလေး ဖြစ်ပါတယ်ဒီလိုနဲ့ Carissaဆိုတဲ့ ဝါရင့်သမာရင့်ပိုက်ဆံလည်းချမ်းသာတဲ့ မုဆိုးမအလန်းကြီးနဲ့ငြိသွားတဲ့အခါမှာတော့........... ဒါပေမဲ့တစ်ညမှာတော့ Carissaနဲ့ဒိတ်နေတုန်း လူတစ်ယောက်က မင်းအန္တရာယ်တွင်းထဲကကျ‌ရောက်နေတယ်ဆိုပြီး Carissaလက်က လွတ်အောင် အမြန်ဆုံးထွက်ပြေးဖို့လာသတိပေးသွားပါသေးတယ် တဖက်မှာလည်းမက်ကို အရိပ်တကြည့်ကြည့်နဲ့ချစ်တဲ့မက်အမေ Tanyaက သူ့သား စားဆော်ကြီးနဲ့ငြိနေတာကို သိပြီးနောက်မှာရော ဘာတွေဆက်ဖြစ်မလဲ... မိခင်မေတ္တာကြောင့် ဘယ်လိုဗျူဟာတွေသုံးပြီး သူ့ရဲ့သားကိုကယ်တင်မလဲဆိုတာ...Softcore 18+ အနည်းငယ်ပါဝင်တာကြောင့် ၁၈ယောက်စုကြည့်ချင်လည်း ကြည့်ကြပါ လူကြားသူကြားထဲတော့ မကြည့်ဖို့တော့ အကြုပြုလိုပါတယ်ခင်ဗျ ။ ။အညွှန်း နဲ့ ဘာသာပြန်ကတော့ Dark Knight ပဲ ဖြစ်ပါတယ်။Genre..... Thriller Quality…. 1080p | 720p | 480p File size… 1.6Gb | 792MB | 425MB Format… mp4 Duration…. 1h 20min Subtitle…. Myanmar Subtitle ...
movie

(18+) Lethal Seduction (2015)

2015
Survival Island (2005) 4.9
Survival Island (2005) Survival Island (2005)ပိုစတာကိုကြည့်ပြီးရင် ဘာမှရှည်ရှည်ဝေးဝေး‌ တွေးနေစရာ‌တောင်မလိုဘဲ ဒေါင်းချင်စိတ်ပေါက်သွားမယ့် ကားမျိုးပဲမလား။ ပိုစတာကလည်း မဂျင်းပါဘူး။ တကယ် အဲဒီလို ဝတ်လစ်စလစ်အခန်းတွေအပြည့်ပါပါတယ်။ ပိုတောင်ကြမ်းပါသေးတယ်။ မင်းသမီးကလည်း ခြောက်ပြစ်ကင်းသဲလဲစင် ရှိုက်ဖိုကြီးငယ်အသွယ်သွယ်နဲ့ ဆွဲဆောင်နေတဲ့မင်းသမီး။ နာမည်အတိုင်း survival ကားပေမဲ့ လျှို့ဝှက်ဆန်းကြယ် ဆန်ဆန်တွေလည်းပါတာမို့ ဇာတ်အိမ်ကလည်း ကြည့်ရကောင်းတယ်။အကြမ်းဖျဉ်းပြောရရင်တော့ လူတစ်စု အပျော်စီးသင်္ဘောနဲ့ ခရီးထွက်ကြတယ်။ သင်္ဘောက မီးထလောင်တယ်။ သင်္ဘောဝန်ထမ်းတွေရော ကျန်တဲ့လူ အများစုရော ဘာဖြစ်သွားမှန်းမသိဘူး။ သင်္ဘောဝန်ထမ်းတစ်ယောက်ရယ် ကောင်မလေးရယ် ကျွန်းပေါ်အတူတူသောင်တင်နေကြတယ်။ နောက်ကျ ကောင်မလေးလင်ကြီးရောက်လာတယ်။ ကျွန်းပေါ်မှာ သုံးယောက်အတူတူ ရှင်ကြသန်ကြရင်း ကောင်မလေးဟာ ဟိုဘက် ဒီဘက် လွန်ဆွဲပွဲကြားမှာ စားလိုက် အစားခံရလိုက် သံသရာလည်တာကို စိတ်ဝင်စားစရာပြထားတဲ့ ရုပ်ရှင်လေးပါပဲ။ လူသုံးယောက်ရဲ့ သံသရာပေါ့။ ကမ်းစပ်လေးမှာ တဲလေးထိုးပြီး တစ်တဲနဲ့တစ်တဲ ရန်ဖြစ်နေပုံတွေကလည်း တစ်ချိန်က နာမည်ကြီးခဲ့တဲ့ ဗမာရုပ်ရှင် ကြိုးတန်းလိုလို ...
movie

Survival Island (2005)

2005
Missing(2016) 6.7
Missing(2016) Missing(2016) အညွှန်း*******************ဂျီဆွန်းဆိုတဲ့အမျိုးသမားဟာ လက်ရှိမှာ အိမ်ထောင်ကွဲနေတယ်..သမီးလေးတစ်ယောက်နဲ့ ဘဝကိုရုန်းကန်နေရတာပေါ့..အလုပ်ကလည်းတစ်ဖက်ဆိုတော့ ကလေးထိန်းအမျိုးသမီးတစ်ယောက်နဲ့တစ်နေကုန်ထားခဲ့ရပြီး ညမှသာ အိမ်ပြန်လာရတယ်..တစ်ဖက်မှာလည်း ခင်ပွန်းဟောင်းက သမီးကိုပြုစုထိန်းသိမ်းခွင့်လျှောက်တော့ တရားရင်ဆိုင်နေရပြန်တယ်..ဒီလိုနဲ့ တစ်နေတော့ ကလေးထိန်းရော သမီးလေး ရုတ်တရက်ပျောက်သွားတဲ့အခါမှာတော့..ဘယ်သူတွေပြန်ပေးဆွဲသွားတာလဲ..ကလေးထိန်းနဲ့ သမီးလေးကို ဘေးမသီရန်မခဘဲ ကယ်တင်နိုင်မလားဆိုတာကိုတော့..File Size :(1.6GB) (771 MB) and (126MB) Quality : WEB-DL1080P, 720p Format…mp4 Duration…01:40:00 Genre : Drama, Myastery , Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by Zuel Encoded by Phyo Pyae
movie

Missing(2016)

[18+] Dirty Games (2022)
[18+] Dirty Games (2022) Dirty Games (2022)Squid Game လိုလို Survival Game ဖန်တွေအတွက် Squid Game ဆန်ဆန် ဂိမ်းပြီးဆုံးရင် ငွေရမယ့် ဂိမ်းကစားရင်း မသေအောင်နေရတဲ့ ညစ်တီးညစ်ပတ်ဂိမ်းကားလေးပါ။ ပြောရရင် ဒိတ်တင်ရှိုးဆန်ဆန် အစီအစဉ်တစ်ခုက ကောင်လေး ကောင်မလေးတွေကို အိမ်တစ်အိမ်ကိုဖိတ်လိုက်တယ်။ အတွဲတွေတွဲပေးပြီးတော့ အဲဒီအိမ်ထဲမှာနေပြီး ပေးထားတဲ့ မစ်ရှင်တွေကိုရော ကြည့်ရှုသူတွေက ငွေပေးပြီး ခိုင်းတဲ့မစ်ရှင်တွေကိုရော လုပ်ပေးရတယ်။ နောက်ဆုံးကျန်တဲ့အတွဲက ဆုကြေးငွေကိုရတယ်။ သို့ပေမဲ့ မထင်မှတ်ထားတာတွေပါ ဖြစ်လာပြီး ခိုင်းတာတွေလုပ်ရရုံတင်မက အသက်ရှင်အောင်ပါ ကြံဖန်ရလာတယ်။ ဒီရုပ်ရှင်မှာ စောင်း ပုလွေ ဘာဂျာအစုံ သာယာပုံပေါင်းစုံ မြင်ရမှာဖြစ်ပြီး မိတ်ဆွေတို့ ကြားသိသမျှ နည်းနာအားလုံးပါဝင်ပါတယ်။ အတွဲပေါင်းများစွာရဲ့ အကွက်ပေါင်းများစွာကို မြင်ကြတွေ့ကြရမယ့် ရုပ်ရှင်လေးပါပဲ။ဒီလောကတဏှာတွေကို ငြီးငွေ့စိတ်ပျက်တဲ့အထိ ရှု့စားပြီး လွတ်မြောက်ရာလွတ်မြောက်ကြောင်း ကြံဆောင်နိုင်စေဖို့ လောကီရဲ့အမှောင်ဆုံးအခြေအနေတွေအကြောင်းကို တင်ဆက်ပေးလိုက်ပါတယ်။ အားလုံးပဲ လွတ်မြောက်နိုင်ကြပါစေ။(ဒီဇာတ်ကားနဲ့အညွှန်းကို 6 ...
movie

[18+] Dirty Games (2022)

2022
[18+] Pabuya (2022)
[18+] Pabuya (2022) Pabuya (2022)Pepe နဲ့ Jojo တို့ဟာ နယ်မြေတစ်ခုစီကိုအပိုင်စားယူထားတဲ့ ဂန်းစတားတွေပါ။ အခုတလောတော့ Pepe ရဲ့ပိုင်နက်တွေကို တစ်ခုပြီးတစ်ခု Jojo က သိမ်းယူလာပြီးတော့ Pepe ဆီကလူတွေပါ တစ်ဖက်ကိုရောက်ကုန်ပါတယ်။ သူတို့ဂိုဏ်းတွေကြားက ရန်စကိုဖြေရှင်းဖို့ အထက်က သူတို့ကို လက်နက်မပါပဲအနိုင်တိုက်ကြေး၊ နိုင်တဲ့အဖွဲ့က နယ်မြေယူဖို့ ပွဲတည်ပေးလိုက်တဲ့အချိန်မှာတော့ Pepe လက်လွန်ပြီး တစ်ဖက်က လက်ရုံးတစ်ယောက်ကို သတ်မိသွားပါတော့တယ်။ တကယ်တော့ အဲ့ဒီလက်ရုံးဟာ Jojo ရဲ့လက်ရုံးတင်မကပဲ ရဲတပ်ဖွဲ့ကလွှတ်လိုက်တဲ့ သူလျှိုတစ်ယောက်လည်း ဖြစ်နေတဲ့အတွက် Pepe တစ်ယောက်သေပြေးရှင်ပြေး ပြေးရင်း အချစ်ဟောင်းဖြစ်တဲ့ အလှပဂေးလေး Bella နဲ့တစ်ဖန်ပြန်ဆုံဆည်းရချိန်မှာတော့...ဒီဇာတ်ကားမှာတော့ Vivamax ကားတွေမှာတစ်ခါမှမတွေ့ရဖူးတဲ့ မျက်နှာသစ်မင်းသမီးလေးတစ်လက်ဖြစ်တဲ့ Franki Russell ကိုပွဲထုတ်ထားပါတယ်။ ကြွေရုပ်ဖယောင်းရုပ်လေးလို ဖူးမွတ်နေအောင်လှတဲ့အနောက်တိုင်းသူ မျက်နှာပေါက်လေးနဲ့ဆိုတော့အားလုံးအကြိုက်တွေ့ကြမှာပါ။ သူ့ IG လေးပါ အဆစ်ထည့်ပေးလိုက်ပါတယ်။ Instagram Link (ဒီဇာတ်ကားနဲ့အညွှန်းကို Alias မှ ...
movie

[18+] Pabuya (2022)

2022
Avarice (2022)
Avarice (2022) Action thriller ကားသစ်လေးတစ်ကားတင်ပေးထားပါတယ်။ ဒီကားကတော့ အဲရိုးလိုပဲ လက်ရှိခေတ်မှာ မြားနဲ့ တိုက်ခိုက်တာမျိုးပါ။Kate ဟာprofessional လေးသည်တော်တစ်ယောက်ပါ။သူ့ရဲ့အိမ်ထောင်ရေးအဆင်မပြေဖြစ်မှုတွေကြောင့် စိတ်ဒုက္ခရောက်နေတာကိုပြေပျောက်အောင် အပန်းဖြေခရီးထွက်ရင်း အိမ်ထဲကို ရက်စက်ကြမ်းကြုတ်တဲ့ ဓားပြတွေ၀င်ရောက်လာပါတယ်။သူ့သမီးနဲ့ယောက်ျားဖြစ်သူတို့ကိုပြန်ပေးဆွဲသွားချိန်မှာတော့ ကိတ်တစ်ယောက် သူကျွမ်းကျင်တဲ့လေးပညာကိုအသုံးချပြီး ချစ်ရသူတွေကိုကယ်တင်ဖို့ ရုန်းကန်ကြိုးစားရပါတော့တယ်။File size…1.31 Gb / 722 Mb / 350MB Quality….Webrip 1080p / 720p / 480p Format…mp4 Duration….1:28:00 Genre...Action,Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by  SP
movie

Avarice (2022)

Dead Bride (2022) 4.3
Dead Bride (2022) Dead Bride (2022)(1080p ရပါပြီ)Insidious လို ထိတ်လန့်စရာ သရဲကားတွေကို နှစ်ခြိုက်ရင် ဒီကားက သင့်အတွက်ပါပဲ။အဓိက ဇာတ်ကောင်ကတော့ အယ်လီဆန်ဆိုတဲ့အမျိုးသမီးဖြစ်ပြီး သူ့အဖေဖြစ်သူဟာ ကိုယ့်ကိုယ်ကို သေကြောင်းကြံသွားတာကြောင့် သူတို့မိသားစု ငယ်ငယ်က နေခဲ့တဲ့အိမ်ကြီးကို ခင်ပွန်းဖြစ်သူရယ် သားငယ်လေးရယ်နဲ့အတူ ပြောင်းလာခဲ့ပါတယ်။ငယ်စဉ်တည်းက အိပ်မက်ဆိုးတွေ မက်တတ်တဲ့ အယ်လီဆန်တစ်ယောက် အဲဒီအိမ်ကြီးကို ပြန်ရောက်ပြီးကာမှ အခြေအနေပိုဆိုးလာပါတယ်။ ခင်ပွန်းဖြစ်သူကိုပြောပြပေမယ့်အလုပ်မအားတာကြောင့် သူ့ကို ဆေးသောက်ဖို့သာ မှာပြီး ခပ်ပေါ့ပေါ့ပဲနေပါတယ်။တစ်ညမှာ သူ့အဖေရဲ့ ဗီဒီယိုမှတ်တမ်းတစ်ခုကို တွေ့သွားရာကနေ သူတို့မိသားစုရဲ့ ကြောက်မက်ဖွယ်ရာ နောက်ကြောင်းက ပေါ်လာတဲ့အခါ ...(ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်က May Myat Thu ပါ။)File Size          : 389MB, 214MB Quality            : 720p WEB-DL, ...
movie

Dead Bride (2022)

2022
[18+]Lang Tong (2015) 4.8
[18+]Lang Tong (2015) ဇက်ခ်က လူရှုပ်လူပွေတစ်ယောက်ဖြစ်ပြီး မိန်းကလေးတစ်ယောက်ကို ကြာကြာမတွဲတတ်သူ တစ်ယောက်လည်းဖြစ်ပါတယ် ပွေရုံမကဘဲ ပိုက်ဆံအရင်းအနှီးလိုတယ်ဆိုပြီး ရည်းစားတွေဆီက ငွေကိုပါ ချူစားပြီးမှ ဖြတ်တတ်တဲ့သူတစ်ယောက်ပေါ့ တစ်ရက် ဇက်ခ်က လီလင်ဆိုတဲ့ မိန်းကလေးတစ်ယောက်ကို ပစ်မှတ်ထားရာက လီလင့်ညီမဖြစ်သူ လီအာနဲ့ပါ ငြိစွန်းခဲ့ပါတယ် ညီအစ်မနှစ်ယောက်ကြား ရွေးရခက်နေချိန်မှာ လီအာက မိခင်ဖြစ်သူသေဆုံးရခြင်းက အစ်မဖြစ်သူ လီလင်ကြောင့်လို့ အပြစ်တင်ပြီး သတ်ပစ်ကြဖို့ တိုင်ပင်ပါတော့တယ် ဇက်ခ်တစ်ယောက် ညီအစ်မနှစ်ယောက်ကြား ဘယ်သူ့ကိုရွေးချယ်မလဲ လီလင်နဲ့လီအာတို့ကရော ဇက်ခ်သိထားသလိုရိုးရှင်းပါ့မလားဆိုတာ ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်File Size__( 500MB) Quality__1080p, 720p IMDb Rating__4.8/10 Format__mp4 Duration__01:22:00 Type__Adult Subtitle__Myanmar Subtitle (Hardsub) Translated by Butterfly Encoded by Dark Devil
movie

[18+]Lang Tong (2015)

Hellraiser (2022) 6.4
Hellraiser (2022) Hellraiser (2022)(အရင်အဟောင်းတွေကိုမကြည့်ဖူးလည်းကြည့်လို့ရပါတယ်။ အိပ်ရာခန်းတွေ၊ သတ်ဖြတ်ခန်းတွေ ကြမ်းတမ်းတာမို့ ၁၈ အပေါင်း ရိတ်တင်း သတ်မှတ်ထားပါတယ်။ ဟော်ရာချစ်သူတွေ အကြိုက်ပါပဲ။)အသစ်ထွက် နာမည်ကြီး ဟော်ရာရုပ်ရှင်တစ်ကားပါ။ Hellraiser ဆိုတာ ရုပ်ရှင်ဇာတ်လမ်း ၁၀ ကားအထိ ထွက်ခဲ့ဖူးပြီး ကျယ်ပြန့်တဲ့ ရုပ်ရှင်စကြဝဠာတစ်ခုလည်းဖြစ်ပါတယ်။ဒီရုပ်ရှင်အသစ်ကိုတော့ မူရင်း Hellraiser ရဲ့ reboot လို့ ပြောလို့မရပါဘူး။ အရင် ၁၀ ကားနဲ့ တိုက်ရိုက်မဆက်စပ်တဲ့ သီးသန့် ထပ်တိုးတစ်ကားလို့ပဲ ပြောရမှာပါပဲ။ဇာတ်လမ်းအကျဉ်းကတော့ မူရင်း Hellraiser လိုပဲ ပဟေဠိသေတ္တာလေးတစ်ခုကနေ စတာပါပဲ။ အဲဒီသေတ္တာလေးမှာအဆင့် ၆ ဆင့်ရှိပါတယ်။ အဆင့် ၆ ဆင့်လုံးကို ဖွင့်ပြီးရင် နတ်ဘုရားတစ်ပါးနဲ့တွေ့ပြီး လိုရာဆုကို တောင်းနိုင်မယ်လို့ ယုံကြည်ကြပါတယ်။ဒါပေမဲ့ အဆင့်တစ်ဆင့်ပွင့်တိုင်းမှာ လူတစ်ယောက်ကို ရက်ရက်စက်စက်ယဇ်ပူဇော်ဖို့လိုတာကြောင့် ၆ ဆင့်အောင်မြင်ဖို့ အတော်ရက်စက်တာတွေလုပ်ရတာမို့ လူတိုင်းလုပ်နိုင်ဖို့မလွယ်လှပါဘူး။ဒီရုပ်ရှင်ထဲမှာတော့ ဘယ်သူတွေဘယ်လို ဘာတွေဖြစ်မလဲ ဆက်ကြည့်လိုက်ရအောင်ပါ။(ဇာတ်လမ်းအညွှန်းနဲ့ ...
movie

Hellraiser (2022)

2022
My Best Friend’s Exorcism (2022) 5.1
My Best Friend’s Exorcism (2022) Prime က ရိုက်ကူးထားတဲ့ လူငယ်ဆယ်ကျော်သက် သရဲကားကောင်းလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ၁၉၇၀ , ၈၀ ကာလမှ ဇာတ်အိမ်တည်ထားတဲ့အတွက် Stranger Things ဆန်ဆန်အငွေ့အသက်တွေနဲ့ ရစေမှာပါ...အက်ဘီနဲ့ဂရက်ချန်လန့်ဆိုတဲ့ သူငယ်ချင်းကောင်မလေး ၂ ယောက်ရှိပြီး တစ်ယောက်နဲ့တစ်ယောက် အတိုင်အဖောက်ညီပြီး အရမ်းခင်ကြပါတယ်... တစ်နေ့ ကျောင်းက သူငယ်ချင်းတစ်စုနဲ့ မြို့အစွန်က ရေကန်အိမ်မှာ ပျော်ပွဲစားထွက်ကြရင်း ညဘက် သရဲခေါ် ဘုတ်ပြားဂိမ်းအတူတူဆော့တာကနေ ဇာတ်လမ်းစပါတော့တယ်။ ဂရက်ချန်ကို အမည်မသိ မကောင်းဆိုးတစ်ကောင်ဝင်ပူးသွားပြီး....ဘယ်သူမှမသိလိုက်ပါဘူး ကျန်တဲ့ သူငယ်ချင်းတွေလည်း ဘာမှမဖြစ်သလိုပုံမှန်ပဲနေခဲ့ကြပြီး....နေ့စဉ်ဘဝကို ဆက်လက်ဖြတ်သန်းနေပါတယ် ဒါပေမယ့် ဝင်ပူးခံရတဲ့ ဂရက်ချန်ရဲ့ အပြုအမူတွေကဟာ တစ်နေ့တစ်နေ့ပိုပိုဆိုးလာပြီး အက်ဘီက ရိပ်မိသွားပါတော့တယ်....အက်ဘီတစ်ယောက် သူ့အချစ်ဆုံး သူငယ်ချင်းကို ဘယ်လို သရဲနှင်မလဲဆိုတာကိုတော့ ဒီကားလေးမှာ ကြည့်ရှုရမှာ ဖြစ်ပါတယ်။(အညွှန်းနဲ့ ဘာသာပြန်ကိုတော့ Thiha Yan Naing ကရေးသားထားပါတယ်)File size…(1.95GB)/(877MB)/(428Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:37:00 Genre...Horror / / Comedy / Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated ...
movie

My Best Friend’s Exorcism (2022)

The Last House on the Left (2009) 6.5
The Last House on the Left (2009) The Last House on the Left (2009)========================= ဒီကားကတော့ 1972ခုနှစ်က ရိုက်ကူးခဲ့ဖူးတဲ့ နာမည်တူဇာတ်ကားကိုပဲ 2009 ခုနှစ်မှာ တဖန်ပြန် remake ပြီးရိုက်ကူးထားတဲ့ horror/thriller ဇာတ်ကားအမျိုးအစားဖြစ်ပါတယ်။ဒီကားထဲမှာ လူသတ်သမား ခရုဂ် ဟာ သူနေရမယ့်ထောင်ဆီသွားနေတဲ့လမ်းမှာ သူ့ညီ ဖရန့်စစ်နဲ့သူ့မိန်းမ ဆေဒီတို့က ဖြတ်ကယ်ပြီး ရဲတွေကိုသတ်ပစ်ခဲ့ကြပါတယ်။တစ်နေ့တော့ မေရီ နဲ့ သူ့သူငယ်ချင်းတို့ဟာ ခရုဂ် တို့မရှိချိန်သူတို့နေတဲ့ မိုတယ်ခန်းထဲရောက်နေတုန်း ခရုဂ်တို့ပြန်လာတာနဲ့ကြုံလိုက်ရပြီး သူတို့တည်နေရာကို တခြားသူတွေကိုပြန်မပြောပြနိုင်အောင် ပြန်ပေးဆွဲ၊ အကြမ်းဖက်မုဒိမ်းကျင့်ပြီး သတ်ဖို့ကြိုးစားခဲ့ပါတယ်။ပြီးတဲ့အချိန်မှာ မုန်တိုင်းတိုက်လာတာကြောင့်တွေ့တဲ့အပန်းဖြေအိမ်တစ်အိမ်ထဲ ၀င်ခိုဖို့လုပ်တဲ့အချိန်မှာသူတို့၀င်ခိုဖို့ကြိုးစားခဲ့တဲ့အိမ်က မေရီရဲ့မိဘအိမ်တွေဖြစ်နေခဲ့ပါတယ်။ ဒီလိုနဲ့ မေရီရဲ့မိဘတွေဟာသူတို့ရဲ့လုပ်ရပ်တွေကို သိရှိသွားပြီး လက်စားပြန်ချေဖို့ကြိုးစားတဲ့ ‌သတ်မယ်ဖြတ်မယ် ဇာတ်ကားကောင်းတစ်ကားဖြစ်တာကြောင့် thriller ကားကြိုက်သူ‌တွေသွေးသံတရဲရဲမှကြည့်ချင်သူတွေ မလွတ်တမ်းကြည့်သင့်တဲ့ဇာတ်ကားကောင်းတစ်ကား ဖြစ်ပါတယ်။   File size…(3.08GB/(1.13GB) Quality….Blu-Ray 1080p / 720p  Format…mp4 Duration….01:50:00 Genre... Horror , Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Thit ...
movie

The Last House on the Left (2009)

John Wick: Chapter 2(2017) 7.5
John Wick: Chapter 2(2017) ဂျွန်ဝစ်ခ် ၂ မှာတော့ သူ့ရဲ့ကားကို လူဆိုးဂိုဏ်းဆိုကနေ မရရအောင် ပြန်လိုက်ယူတာကနေ စပါတယ်။ကားပြန်ယူအပြီးမှာတော့ မူလရည်ရွယ်ချက်အတိုင်း အနားယူဖို့ အိမ်ပြန်လာပါတော့တယ်။ဒါပေမယ့် အနားယူချိန်ဟာ မကြာခဲ့ပါဘူး။ သူအတိတ်က အနားယူခွင့်ရဖို့ လုပ်ပေးခဲ့တဲ့နာက်ဆုံးအလုပ်ကို ကူညီပေးခဲ့တဲ့သူက သူ့အတွက် အလုပ်လုပ်ပေးဖို့အကြွေးပြန်လာတောင်းပါတော့တယ်။ ဂျွန်ဝစ်ခ်ကို အကြပ်ကိုင်ပြီးလူသတ်ခိုင်းတဲ့အပြင် အလုပ်အပြီးမှာ ရှင်းပစ်ဖို့ပါ ကြိုးစားခဲ့ပေမယ့်ပြန်လွတ်မြောက်သွားတဲ့ အချိန်မှာတော့ သိတဲ့အတိုင်းပဲ အဲ့ဘဲ အကြောင်း...... :3 :3 :3(ဘာသာပြန်သူကတော့ Littleneo ပဲဖြစ်ပါတယ်)File Size :(2.2GB) (962MB) Quality : Blu-Ray  720 P Format…mp4 Duration…02:02:00 Genre : Action, Crime, Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by Little Neo Encoded by Phyo Pyae
movie

John Wick: Chapter 2(2017)

2017
John Wick(2014) 7.3
John Wick(2014)  John Wick(2014)JOHN WICK ဆိုတဲ့သူဟာ ကြေးစားလူသတ်သမားတစ်ယောက်....ကြေးစားလူသတ်သမားလောကတင်မဟုတ်ဘူး...ရဲဘက်ကတောင် JOHN WICK ဆိုတဲ့သူကိုထိတ်လန့်ကြောက်ရွ့ံ့နေတယ်လို့ပြောရမည်ထင်သည်....လူသတ်လက်နက်ပေါင်းစုံနဲ့အပစ်အခတ်တွေ၊သွေးသံရဲရဲတွေနဲ့ လောကငရဲကြားကနေချစ်ခြင်းမေတ္တာအရင်းခံပြုပြီး မိန်းကလေးတစ်ယောက်ကJOHN WICK ကိုနွေးထွေးတဲ့သီးခြားကမ္ဘာငယ်လေးဆီခေါ်ဆောင်လာခဲ့တယ်..JOHN WICKကြီးအတွေ ပျော်စရာနေ့ရက်တွေပေါ့..သို့ပေမယ့် သူကြာကြာကံမကောင်းခဲ့ရှာဘူး....JOHN WICK ရဲ့ အမျိုးသမီးဟာ ကင်ဆင်ရောဂါနဲ့ဆုံးပါးသွားတယ်...တစ်ယောက်တည်းအထီးကျန်မနေပဲ သူမကိုယ်စား ဒီခွေးလေးကို ဂရုစိုက်ပါ၊ချစ်ပါလို့စာရေးခဲ့ရင် ခွေးလေးတစ်ကောင်ကိုထားခဲ့တယ်...ခြောက်ကပ်လုဆဲဆဲ JOHN WICK ရဲ့ ကမ္ဘာလေးထဲမှာ သူ့ရဲ့ခွေးလေးက နောက်ဆုံးလက်ကျန် အစွမ်းအဆမဲ့သံယော်ဇဉ်အမျှင်တန်းလေးတစ်ခုပါပဲ...တစ်နေ့တော့ ရုရှားမာဖီးယား ဂိုဏ်းက လူငယ်သုံးဦးက John Wick စီးတဲ့ 69 Mustang ကြီးကို တွေ့သွားပြီးလိုချင်လို့ ဝင်ခိုးရာကနေ John ရဲ့ ခွေးလေးကို ပါသတ်ပစ်ခဲ့ပါတယ်။ခွေးတော့ခွေးပါပဲ..ဒါပေမယ့် ဒီခွေးက JOHN WICK ရဲ့ခွေးဖြစ်နေတယ်....အဲ့ဒီနောက်မှာတော့ဇာတ်လမ်းက သာမန် Revenge ဇာတ်ကားဖြစ်ပေမယ့် အက်ရှင် အရမ်းကောင်းသလို ဇာတ်ရှိန်အတက်အကျ မှန်တာကြောင့်ပရိတ်သတ် အနေနဲ့ လုံးဝမပျင်းရပါဘူး။ တစ်ကားလုံး စိတ်ဝင်စားဖို့ ...
movie

John Wick(2014)

2014