Channel Myanmar

Thriller

Bullet Train (2022) 7.5
Bullet Train (2022) Bullet Train (2022)ဒီရုပ်ရှင်ကိုတော့ အကုန်ကြည့်ချင်ကြမယ်ထင်တယ်။ ဘရက်ပစ်ကြီးရဲ့ အက်ရှင်၊ဟာသကောင်းပါ။ ဇာတ်လမ်းကောင်းကောင်း၊ အက်ရှင်ကောင်းကောင်း၊ ရိုက်ချက်လှလှတွေနဲ့ တင်ဆက်ထားပါတယ်။ ဒါရိုက်တာကလည်း Atomic Blond ကိုရိုက်ပြီး John Wick ကို Producer လုပ်ခဲ့တဲ့ David Leitch ပါပဲ။IMDb Rating(7.5) ထိ ရရှိထားသလို တကယ်လဲ ကြည့်ကောင်းတဲ့ရုပ်ရှင်တစ်ကားပါ။ဇာတ်လမ်းအကျဉ်းဘရက်ပစ်ကတော့ ကြေးစားဟောင်းတစ်ယောက်ဖြစ်ပြီး စိတ်ဒဏ်ရာတွေကို ဆရာဝန်ပြရင်းအနားယူနေတဲ့လူတစ်ယောက်ပါပဲ။ တစ်နေ့မှာတော့ သူအလုပ်ပြန်စလုပ်ဖို့ လွယ်တဲ့အလုပ်လေးတွေပေးပါလို့ အလုပ်တောင်းတော့ သူ့ကို ရထားပေါ်က ပစ္စည်းလေးတစ်ခု သယ်ပြီး ပြန်ဆင်းလာဖို့ ဆိုပြီး အလုပ်လွယ်လွယ်တစ်ခုပေးလိုက်ပါတယ်။ ဒါပေမဲ့ ကံဆိုးပြီး ဂျပန်ရဲ့အကြီးဆုံးဂိုဏ်းခေါင်းဆောင်ရယ် လူသတ်သမားတွေ ကြေးစားတွေ အကြံမျိုးစုံနဲ့ အကြောင်းမျိုးစုံနဲ့ ကျည်ဆံရထားပေါ်ရောက်လာတဲ့လူမျိုးစုံကို ရင်ဆိုင်ရတဲ့အခါ တလွဲတွေကြားထဲမှာ အသက်ရှင်ဖို့ ရုန်းကန်ရပါတော့တယ်...အညွှန်း နဲ့ ဘာသာပြန်ကတော့ Mr.Anderson ပဲ ဖြစ်ပါတယ်။Genre..... Actjon, Comedy , Tbriller Quality…. 4K HEVC | 1080p | ...
movie

Bullet Train (2022)

2022
4K HEVC
Bandit (2022) 6.2
Bandit (2022) Bandit (2022)1970 ကျော်က ဖြစ်ရပ်မှန် ဇာတ်လမ်းကို အခြေခံထားတဲ့ Crime, Thriller ကားလေးပါ။နည်းပညာမတိုးတက်ခင်ကာလ စီးပွားရေးကြပ်တည်းနေတဲ့ အမေရိကန်နိုင်ငံမှာ Robert ဆိုသူတစ်ယောက်က ပြစ်မှုတစ်ခုနဲ့ မီရှီဂန် အကျဉ်းထောင်မှာ ထောင်ဒဏ် တစ်နှစ်ခွဲ ကျခံခဲ့ရပါတယ်။ Robert ဟာ အကျဉ်းထောင်ကနေ ဖောက်ထွက်လွတ်မြောက်လာပြီးနောက် ကနေဒါနိုင်ငံကို ထွက်ပြေးဖို့ ကြိုးစားခဲ့ပါတယ်။ဒီလိုနဲ့ ကနေဒါကိုရောက်တဲ့အခါ သတိထားမိတာက ကနေဒါမှာရှိတဲ့ ဘဏ်တွေက US မှာလို လုံခြုံရေးတွေမတင်းကြပ်ဘူးဆိုတာပဲ။ ဒါနဲ့ပဲ သူက ဘဏ်ဓားပြတိုက်တာကို စလုပ်ခဲ့ပြီး ဘဏ်ပေါင်း 59 ခုကို ဓားပြတိုက်ခဲ့ကာ နောက်ပိုင်းမှာတော့ လက်ဝတ်ရတနာအရောင်းဆိုင်တွေကိုပါ ဓားပြတိုက်ခဲ့တာကြောင့် ရဲတပ်ဖွဲ့ရင် အလိုအရှိဆုံး ရာဇဝတ်ကောင်အဖြစ် သတ်မှတ်ခံလိုက်ရပါတယ်။Robert တစ်ယောက် ဘဏ်တွေ လက်ဝတ်ရတနာအရောင်းဆိုင်တွေကို ဘယ်လိုဓားပြတိုက်လဲ? ဓားပြမတိုက်ခင် သူဘာတွေ ပြင်ဆင်လဲ? ကနေဒါ ပြည့်သူ့ ရဲတပ်ဖွဲ့ရဲ့ ပိုက်စိပ်တိုက်ရှာဖွေ ဖမ်းဆီးခံရတဲ့အခါ လွတ်မြောက်အောင် ဘယ်လိုတွေကြိုးစားမလဲ? ...
movie

Bandit (2022)

2022
[18+]A Night in Nude: Salvation (2010) 5.9
[18+]A Night in Nude: Salvation (2010) A night in nude salvationRen ဆိုတဲ့ ကောင်မလေးက ငယ်စဉ်ကတည်းက မိဘတွေရဲ့နှိပ်စက်မှုကိုခံခဲ့ရပြီး တစ်နေ့မှာ နာရီပျောက်မှုတစ်ခုကို Jiro(Naoto Takenaka)ဆိုတဲ့ ထူးဆန်းတဲ့အလုပ်မှန်သမျှအကုန်လုပ်တဲ့ လူဆီမှာ အမှုသွားအပ်ခဲ့ပါတယ်JiroဟာRenကိုတဖြည်းဖြည်းသနားစိတ်ဝင်လာရာကနေ အချစ်တစ်ခုပေါက်ဖွားကာ ကောင်မလေးကိုအမှောင်ကမ္ဘာထဲက ဆွဲခေါ်ထုတ်နိုင်မလား ဒါမှမဟုတ် သူပါနစ်ဝင်သွားမလားဆိုတာ အသည်းတယားယားနဲ့ကြည့်ရမဲ့ဇာတ်ကားလေးဖြစ်ပါတယ်ဒါ့အပြင် Renကငယ်စဉ်ကတည်းကရခဲ့တဲ့Traumaကြောင့် ကြိုးစားရှင်သန်ဖို့ဘယ်လိုမျိုးတွေအစီစဉ်ချသွားမလဲဆိုတာကိုလဲ ရင်ဖိုဖိုနဲ့ကြည့်ရှုရမဲ့ကားလေးဖြစ်ပါတယ်File Size__(1.3GB) Quality__720p IMDb Rating__5.9/10 Format__mp4 Duration__02:07:00 Type__Adult, Crime, Thriller Subtitle__Myanmar Subtitle (Hardsub) Translated by DS Team Encoded by Dark Devil
movie

[18+]A Night in Nude: Salvation (2010)

The Bad Seed Returns (2022) 5.6
The Bad Seed Returns (2022) The Bad Seed Returns (2022)Horror movie ဖန်တွေအတွက် မစိမ်းလှတဲ့ ၂၀၁၈ ခုနှစ်မှာထွက်ရှိပြီးသား The Bad Seed ရဲ့ sequeal ဇာတ်လမ်း ထွက်ရှိလာပါပြီ။2018 movie ကို ကြည့်ရှုပြီးသူတွေကတော့ ဇာတ်လမ်းကြောင်းသိထားပြီးသားဖြစ်တာကြောင့် Psychopath ကလေးမလေး အမ်မာရဲ့ ဆယ်ကျော်သက်ရွယ်ဘဝကို ဒီကားမှာဆက်ပြီးကြည့်ရှုနိုင်မှာဖြစ်ပါတယ်။ငယ်ငယ်ကတည်းက Psychopath ဘဝနဲ့မွေးဖွားလာတဲ့ကောင်မလေး အမ်မာဟာ သူ့အဖေအရင်း၊ ရွယ်တူကောင်လေးတစ်ယောက်၊ ဆရာမတစ်ယောက်နဲ့ ကလေးထိန်းတစ်ယောက်တို့ကို လူမသိစေဘဲ သေအောင်ကြံစည်ခဲ့ပြီး သူ့အဒေါ် အန်ဂျလာနဲ့အတူနေထိုင်ဖို့အတွက် အဒေါ်အိမ်ကို လိုက်သွားခဲ့ရပါတော့တယ်။အဒေါ့်အိမ်မှာ အဒေါ့်ယောကျ်ားရယ် အဒေါ်တို့လင်မယားကမွေးတဲ့ ကလေးလေးနဲ့အတူနေထိုင်ရင်း ဆယ်ကျော်သက်ဘဝကို ဘယ်လိုဖြတ်သန်းမလဲ? သူ့ကိုမကျေမနပ်ဖြစ်အောင် လုပ်မိတဲ့သူတွေ ဘယ်လိုဇာတ်သိမ်းရမလဲ? ဒီတစ်ခေါက်မှာရော ပထမဇာတ်ကားကလို အပြစ်လွတ်အောင်ရှောင်နိုင်ပါ့မလား? ဆိုတာကိုတော့ အခုထွက်ရှိလာတဲ့ The Bad Seed Returns ဇာတ်ကားမှာ ကြည့်ရှုလိုက်ကြရအောင်ပါ။သွေးအေးအေးနဲ့ Psycho ဆန်ဆန်နောက်ခံသီချင်းတွေပါ ပါရှိပြီး ဇာတ်ကွက်ကို ...
movie

The Bad Seed Returns (2022)

2022
Diary(2022) 8.4
Diary(2022) Diary ( 2022 ) IMDb 8.5/10ဒီတစ်ခေါက်မှာတော့ Mystery, Thriller တွေမှာ ကျွမ်းကျင်ပိုင်နိုင်တဲ့ Dejavu မင်းသား Arulnithi ရဲ့ နောက်ထပ် Crime, Thriller ဇာတ်ကားကောင်းတစ်ကားကို တင်ဆက်ပေးတော့မှာပဲဖြစ်ပါတယ်။ဇာတ်လမ်းရဲ့အစမှာတော့ မတ်တူပါလာယမ်ကနေ အိုတီမြို့ကိုသွားတဲ့လမ်းက ထူးဆန်းတဲ့ ၁၃လမ်းကွေ့ဆိုတဲ့နေရာအကြောင်းကို‌ ဖော်ပြထားပါတယ် ။ အဲ့ဒီနေရာရောက်တိုင်း ယာဉ်မတော်တဆမှုတွေဖြစ်လေ့ရှိတာကြောင့် ရဲတပ်ဖွဲ့၀င်တွေကပါ သတိပေးထားရတာကြောင့်ပါ ။ တချို့ကလဲ အဲ့ဒီနေရာကသရဲခြောက်တယ်လို့ ပြောကြပါတယ် ။ ၁၃လမ်းကွေ့ရဲ့အကြောင်းကတော့ အိုတီမြို့မှာပြောစမှတ်တွင်လာပါတော့တယ်။ဗာရတ်ဒါဟာ စုံစမ်းစစ်ဆေးရေးသင်တန်းသား အရာရှိလောင်းတစ်ဦးဖြစ်ပါတယ် ။ တစ်ရက်မှာ ဌာနကသင်တန်းသားတွေကို အဖြေမပေါ်သေးတဲ့အမှုတွေကိုပြန်လည်စစ်ဆေးဖို့ တာ၀န်ပေးလိုက်ပါတော့တယ်။ ဗာရတ်ဒါစုံစမ်းရမဲ့အမှုက ၁၆နှစ်ကြာတဲ့အထိအဖြေမပေါ်သေးတဲ့ အိုတီမြို့ကဟိုတယ်မှာ လင်မယားနှစ်ယောက် အသတ်ခံရတဲ့အမှုပါ။ ဗာရတ်ဒါနဲ့အတူ အမှုကိုကူညီပြီးစုံစမ်းပေးဖို့ ဒုစုံစမ်းရေးမှူး ပါဗီသရာကိုလည်းတာ၀န်ပေးထားပါတယ် ။ ဒါပေမဲ့ သူတို့စုံစမ်းရမဲ့အမှုဟာ ထင်သလောက်မလွယ်ကူခဲ့ပါဘူး ... ဒါ့အပြင်အိုတီမြို့က တခြားသောအမှုတွေနဲ့လည်း ပတ်သတ်နေပါသေးတယ်... သူတို့နှစ်ယောက် လွန်ခဲ့တဲ့၁၆နှစ်ကအမှုကိုပြန်လည်ဖော်ထုတ်နိုင်ပါ့မလား... ဇာတ်လမ်းအစက သရဲခြောက်ပါတယ်ဆိုတဲ့ ၁၃လမ်းကွေ့နဲ့ရော ဘယ်လိုပတ်သတ်နေမလဲ...ဇာတ်လမ်းမှာဘာဆက်ဖြစ်မယ်ဆိုတာကြိုမသိရပဲ ရင်တထိတ်ထိတ်နဲ့ ပရိသတ်ကိုအဆုံးထိဆွဲခေါ်သွားမှာပါ ။ လျှို့ဝှက်သည်းဖို မှုခင်းဇာတ်လမ်းမျိုးကြိုက်သူတွေအတွက် လက်မလွှတ်သင့်တဲ့ ဇာတ်ကားကောင်းတစ်ကားပဲဖြစ်ပါတယ်နော် File size…1.7GB /  849MB Quality…1080p WEB ...
movie

Diary(2022)

2022
Blank (2022) 7.5
Blank (2022) Blank (2022)~ IMDb rating - 7.5/10 ~Boston Science Fiction Film Festival မှာ Best Director, Best Production Design, Best Actor ဆုတွေရထားတဲ့ Sci-Fi ရုပ်ရှင်ပါ ။ Sci-Fi တွေချည်းပြတဲ့ပွဲမှာ ဆုရထားတဲ့ Sci-Fi ကားဆိုတော့ စဉ်းသာစားကြည့်‌ပေါ့။ IMDb ကလည်း 7.5/10 ဆိုတော့ စောက်ချဉ်တော့မဟုတ်ဘူး။နာမည်ကြီးစာရေးဆရာမတစ်ယောက် စာရေးမထွက်လို့ ဆိတ်ငြိမ်ရိပ်သာလို့ခေါ်တဲ့ အေအိုင်အကူအညီနဲ့ ဧကစာရီနေပြီး စာရေးဖို့လုပ်တယ်။ အေအိုင်က ၂မျိုး၊ တစ်ခုက ရိုဘော့ သူ့ကိုဝေယျာဝစ္စလုပ်ပေးမယ့် လက်ထောက်၊ နောက်တစ်ယောက်ကတော့ အကြံပေး လမ်းညွှန်ပေးတဲ့ အရိပ်လိုဟာ...။ သူစာရေးလို့ပြီးမှ သူအဲဒီကထွက်လို့ရမယ်ပေါ့။ ကံဆိုးချင်တော့ ဗိုင်းရပ်စ်ဝင်သွားပြီး စစ္စတန်တစ်ခုလုံး ဇောက်ထိုးတွေဖြစ် ရိုဘော့အေအိုင်နဲ့ သူနဲ့ပြဿနာတွေတက်လာတဲ့အခါမှာ သည်းထိတ်ရင်ဖို Thriller ကား ...
movie

Blank (2022)

2022
Bodies Bodies Bodies (2022) 6.8
Bodies Bodies Bodies (2022) Bodies Bodies Bodies (2022) ====================IMDb Rating - 6.8/10ဟာသ၊ ဟော်ရာ၊ သည်းထိပ်ရင်ဖိုရုပ်ရှင်အသစ်ပါ။ ဇာတ်လမ်းက ရိုးမလိုနဲ့ ဆန်းပါတယ်။ လှည့်ကွက်တွေပါပါတယ်။ ရယ်ရမလို ငိုရမလိုဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ ရိုးရိုးဟော်ရာကားတွေလိုပါပဲ။ သူဌေးသားသမီး သူငယ်ချင်းတစ်အုပ်စုဟာ လူသူမနီးတဲ့ စံအိမ်ကြီးတစ်ခုထဲမှာ ပါတီလုပ်ကြ ပါတယ်။ သူတို့အားလုံးမှာတော့ ထုံးစံအတိုင်း နောက်ကြောင်းရာဇဝင်ကိုယ်စီနဲ့ပေါ့။ပါတီလုပ်ကြ ကဲကြရင်းနဲ့ ဆော့နေကျ ဂိမ်းတစ်ခုကို သူတို့ စပြီးကစားကြပါတယ်။ အဲဒီဂိမ်းကတော့ Bodies Bodies Bodies ဆိုတဲ့ဂိမ်းပါပဲ။ မဲနှိုက်ပြီးတော့ မဲပေါက်တဲ့လူက လူသတ်သမားလုပ်ရတယ်။ မီးခဏပိတ်တဲ့အချိန်မှာ တစ်ယောက် ယောက်ရဲ့ ကျောကိုထိလိုက်ရင် အဲဒီလူက သေချင်ယောင်ဆောင်ပေးရတယ်။ ပြီးရင် အဲဒီအလောင်းကိုစတွေ့တဲ့သူက Bodies Bodies Bodies အလောင်းတွေ့တယ် ဆိုပြီး အော်ရပါတယ်။ ဒီတော့မှာ လူတွေပြန်စုပြီး လူသတ်သမားက ဘယ်သူလဲဆိုတာ မေးခွန်းတွေနဲ့အဖြေရှာရတဲ့ဂိမ်းပါ။ ဒါပေမဲ့ အဲဒီအချိန်မှာ မုန်တိုင်းကျလာပြီး မိုးတွေသည်း မီးတွေတကယ်ပျက်သွားပါတယ်။ နောက်တော့ သူတို့ အလောင်းအစစ်တစ်ခုကိုစတွေ့ လိုက်ရပြီး လူသတ်တရားခံကိုရှာရင်းနဲ့ တစ်ယောက်ပြီး တစ်ယောက် သေဆုံးလာရတဲ့အခါ . ...
movie

Bodies Bodies Bodies (2022)

2022
Where’s Rose (2021) 5.2
Where’s Rose (2021) Where's Rose (2021) ===============ဒန်နီရယ်လို့ခေါ်တဲ့ မိသားစုတစ်စုမှာ အဲရစ်နဲ့ ရို့စ်လို့ခေါ်တဲ့ မောင်နှမ နှစ်ယောက်ရှိပါတယ်။ သူတို့မိသားစုလေးက အရမ်းကို နွေးထွေးကြပြီး ပျော်ရွှင်စရာတွေ ပြည့်နှက်နေတဲ့ မိသားစုလေးတစ်စုဆိုလည်း မမှားပါဘူး။ ဇာတ်လမ်းအစ အဲရစ်က အထက်တန်းအောင်ပြီး ကောလိပ်တက်ဖို့အတွက် အောင်ပွဲခံတဲ့အနေနဲ့ ချစ်ခင်ရတဲ့ သူငယ်ချင်းတွေနဲ့အတူ အိမ်မှာ ပွဲလေး ကျင်းပပါတယ်။ ရိုစ့်တစ်ယောက်ကတော့ သူ့အစ်ကို အဲရစ်နဲ့ ခွဲရတော့မှာမို့ စိတ်မကောင်းဖြစ်နေတဲ့ပုံပါပဲ။တစ်ရက်တောထဲမှာ ရို့စ်တစ်ယောက် ပျောက်သွားတော့ မိဘတွေ လိုက်ရှာ ရပါတော့တယ်။ ရဲတွေရဲ့ အကူအညီနဲ့ ပြန်တွေ့ပြီးနောက်ပိုင်း ရို့စ်တစ်ယောက်က အရင်ကနဲ့ မတူတော့ဘဲ ပြောင်းလဲလာပါတော့တယ်။ ရို့စ်တစ်ယောက် ဘာကြောင့် ပျောက်သွားတာလဲ၊ သူ့အစ်ကို အဲရစ်နဲ့  ရို့စ်ရဲ့ ဆက်ဆံရေးက ဘယ်လ်ိုရှခဲ့လဲ၊ တောအုပ်ကို လှမ်းကြည့်ရင်း ရိုစ့် ဘယ်သူနဲ့ စကားပြောပြောနေလဲဆိုတာ ဆက်လက် စောင့်ကြည့်ပေးပါဦး။ဒီဇာတ်လမ်းက Horror, Thriller ဇာတ်ကားမျိုးဖြစ်ပြီး နောက်ဆုံးပိုင်းမှာတော့ အံ့သြစရာကောင်းလောက်အောင် အဆုံးသတ်ဖြစ်နေတာမို့ ကြိုက်နှစ်သက်မယ်လို့ မျှော်လင့်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Parris ဖြစ်ပါတယ်) File Size..........(1.05 GB) / (400 MB) ...
movie

Where’s Rose (2021)

2021
To the Moon (2021) 5.8
To the Moon (2021) To The Moon (2021)ဝေးလံခေါင်သီတဲ့ တောတွင်းတစ်နေရာမှာ ဆေးစွဲနေလို့ ပြုတ်ခဲ့တဲ့ မင်းသားပြုတ်တစ်ယောက်ဟာ ဆေးဖြတ်ဖို့ အားယူနေတယ်။ သူ့မိန်းမက သူ့ကို အားပေးရင်း သူကလည်း သူ့မိန်းမထဲကို အားတွေပြန်ပေးရင်း နေလာလိုက်တာ ကံဆိုးချင်တော့ သူ့ဆီက နှစ်ပေါင်းများစွာက မတွေ့ခဲ့ရတဲ့ သူ့အစ်ကို ရုတ်တရက်ကြီး ရောက်လာတယ်။ သူ့အစ်ကိုရဲ့နောက်ကြောင်းကိုတော့ မရှင်းထားဘူးပေမဲ့ သူ့အစ်ကိုက ရူးနေသလိုလို ဘာလိုလိုပဲ။ သူ့မိန်းမကိုပါ ဆိုက်ကိုသွင်းပြီး ရူး‌ကြောင်မူးကြောင်ဖြစ်အောင်လုပ် သူ့ဘက်အရခေါ်ဖို့ကြိုးစားနေတဲ့ သူ့အစ်ကိုရဲ့ ရူးကြောင်မူးကြောင်အကွက်တွေအောက်မှာ ဆေးဖြတ်ဖို့ကြိုးစားရင်း ရူးကြောင်မူးကြောင်ဖြစ်နေတဲ့ သူဟာ ရူးကြောင်မူးကြောင်အရာတွေနဲ့ ကြုံလာရတော့တယ်။ဒီကားနဲ့ပဲ American Film Festival ဒါရိုက်တာ ဆုရထားတဲ့ ဒါရိုက်တာရဲ့ ကားသစ်လေးပါ။ ပုံမှန် Thriller ကားတစ်ကားထက်ပိုတဲ့ Ending တစ်ခုကို ခံစားရမယ့်အပြင် ကာရိုက်တာသုံးယောက်ကြားက Chemistry နဲ့ အားပြိုင်မှုကိုပါ ကောင်းကောင်းကြီး ခံစားကြပါလိမ့်မယ်။ Low ...
movie

To the Moon (2021)

2021
Countdown (2012) 6.3
Countdown (2012) ဂျက် အဖြစ် Peach Pachara ဘီ အဖြစ် Toey Jarinporn ဖန် အဖြစ် Peak Pattarasayaဇာတ်လမ်းအကျဉ်းဖန်၊ဘီနဲ့ ဂျက်တို့က နယူးယောက်က တိုက်ခန်းတစ်ခုမှာ တူတူနေကြတဲ့ သူငယ်ချင်းတွေပါနှစ်သစ်ကူးညရောက်မယ့်အချိန်မှာ ဂျက်က သူမူးယစ်ဆေးဝယ်နေကျ လူက ဆက်မရောင်းတော့တာမို့ အရောင်းအဝယ်သမားရဲ့ ဖုန်းနံပတ်ကို တောင်းလာခဲ့ပါတယ်ဖုန်းနံပတ်က နောက်ဆုံးဂဏန်းပျောက်နေခဲ့ရာက ၃ ဂဏန်းထည့်ဆက်ကြည့်ရင်း သူတို့သုံးယောက်ဆီ လူတစ်ယောက်က ဆေးတွေနဲ့ ရောက်လာခဲ့ပါတယ်နှစ်ကူးညမှာ ဆေးသုံးကြရင်း လူစိမ်းရဲ့ မူမမှန်မှုတွေကို သတိထားမိရာက ဖုန်းနံပတ်ရဲ့ လိုနေတဲ့ဂဏန်းက ၃ မဟုတ်ဘဲ ၈ ဖြစ်နေတာ သိသွားခဲ့ပါတယ်ရောက်နေတဲ့ လူစိမ်းကရော ဘယ်သူလဲ ဘာအတွက် ရောက်နေတာလဲ ဖန် ဘီ နဲ့ ဂျက်တို့မှာရော ဘာတွေလျှို့ဝှက်ထားတာရှိနေတာလဲနှစ်ကူးညမှာ ဖုန်းနံပတ်မှားရာက သူတို့ရဲ့ဘဝတွေ ဘာတွေများပြောင်းလဲသွားမလဲဆိုတာ ကြည့်ရှုရအောင် ။File Size__(1.9GB) / (920MB) Quality__WEB-DL_1080p, 720p IMDb Rating__6.3/10 Format__mp4 Duration__01:30:00 Type__Horror, Mystery, Thriller Subtitle__Myanmar Subtitle ...
movie

Countdown (2012)

No Longer Human (2019) 5.9
No Longer Human (2019) No Longer Human (2019)1948ခုနှစ်က ထုတ်ဝေခဲ့ပြီး ရောင်းအားအကောင်းဆုံး ဒုတိယ ချိတ်ခဲ့တဲ့ လူသားမဆန်တဲ့လူအကြောင်းရေးထားတဲ့ ဝတ္ထုကို ရုပ်ရှင်အနေနဲ့ ခံစားရမှာပါစာရေးဆရာတစ်ယောက်ရဲ့ စိတ်ကူးစိတ်သန်းက ဘယ်လောက်အထိရူးသွပ်နိုင်မလဲ? ကုန်ကြမ်းတွေလိုက်လံစုစည်းတယ်ဆိုတာ ဘဝအတွေ့အကြုံစုဆောင်းတယ်လို့ပဲ တွေးထင်မိတယ်မဟုတ်လား? ဒီအတွေးတွေအကုန်လုံးက No Longer Human ဆိုတဲ့ ဇာတ်ကားမှာ အကုန်မှားသွားပါလိမ့်မယ်။စာရေးဆရာဖြစ်သူ ဒါဇိုင် အိုဆာမုဟာ သူ့ရဲ့ စာအုပ်တွေအတွက် မိန်းကလေးတွေကိုလှည့်ဖျားပြီးချစ်ဟန်ဆောင်ပါတယ်။ ပြီးရင်တော့ အချစ်အတွက်သတ်သေကြမယ်ဆိုပြီး သတ်သေရာကနေ သူကလူလည်လုပ်ပြီး မသေဘဲ ကျန်ရစ်နေပါတယ်။ ဒီလိုလုပ်တာ မိန်းကလေးပေါင်းမြောက်များစွာရှိပြီဖြစ်ပါတယ်။ ဒါ့အပြင်သူ့မှာ ဇနီးမယားနဲ့ ကလေးတွေလည်း ရှိပါသေးတယ်နော်။ ပြီးတော့ ဒီထက်ပိုပြီးထူးဆန်းတာက သူကြိုက်လိုက်တဲ့ မိန်းကလေးတွေ တစ်နည်းပြောရရင် နာမည်ကြီးစာရေးဆရာဆိုပြီး သူ့ကို လာကြိုက်တဲ့မိန်းကလေးတိုင်းက မုဆိုးမတွေချည်းသာဖြစ်ပါတယ်။ဒီတော့ အိုဆာမုတစ်ယောက် သူ့ရဲ့ မာစတာပိစ်ဝတ္တုအတွက် ကုန်ကြမ်းဘယ်လိုစုဆောင်းမလဲ? သူ့ကို ပြန်လည်လှည့်ဖျားသွားနိုင်မယ့် မိန်းကလေးပေါ်လာမှာလား သူကော အချစ်နွံထဲနစ်ဝင်ပြီး မုဆိုးကနေ ...
movie

No Longer Human (2019)

The Cold Light of Day (2012) 4.9
The Cold Light of Day (2012)  ဘရုစ် ဝီလီ နဲ့ စူပါမန်းမင်းသား ဟင်နရီကဗေးလ်တို့ သားအဖအဖြစ် သရုပ်ဆောင်ထားတဲ့ အက်ရှင်ကားကို ကြည့်ဖူးပြီလား။ မကြည့်ဖူးသေးရင် ဒီမှာကြည့်လို့ရပါပြီ။ ဒီရုပ်ရှင်ထဲမှာ ဟင်နရီက ကုမ္ပဏီလေးတစ်ခုကို ဦးစီးနေတဲ့ စီးပွားရေးသမားတစ်ယောက်ပါ။ သူ့အဖေ ဘရုစ်ကတော့ သံရုံးမှာ ယဉ်ကျေးမှုနဲ့ဓလေ့ထုံးတမ်းဆိုင်ရာကိုယ်စားလှယ်အနေနဲ့ အလုပ်လုပ်နေတဲ့သူပေါ့။ တစ်ရက်မှာတော့ စပိန်နိုင်ငံ၊ မက်ဒရစ်မြို့မှာ မိသားစုတွေ အားလပ်ရပ် အပမ်းဖြေဖို့ ချိန်းကြတာကြောင့် အဖေနဲ့မတည့်ပေမဲ့ မအားတဲ့ကြားက အရောက်လာပေးခဲ့ပါတယ်။ ရောက်လာပြီးတဲ့အချိန်မှာတော့ သူ့အဖေရဲ့ ဇာတ်ရှုူပ်တွေကြားထဲမှာကြားညပ်သွားပြီး ကြောက်စရာအဖွဲ့အစည်းတွေနဲ့ ရင်ဆိုင်ရပါတော့တယ်File size…(1.82GB/(945MB)/(487MB) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:33:00 Genre...Action / Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Mr. Anderson
movie

The Cold Light of Day (2012)

The Protector (1985) 5.7
The Protector (1985) The Protector (1985)ဟောလိဝုဒ်ရဲ့ Hollywood Walk of Fame မှာ မှတ်ကျောက်တင်ခံထားရသလို၊ Academy Honorary Award ကိုရခဲ့တဲ့ ဟောင်ကောင်မင်းသား၊ တာရန်တီနိုကြီးက "one of the greatest physical comedians since sound came into film"လို့ ချီးကျူးခံထားရတဲ့ ဟောင်ကောင်မင်းသား ဂျက်ကီချမ်းရဲ့ သူဟောလိဝုဒ်မှာ စပေါက်တုန်း အမေရိကန်ဒါရိုက်တာရိုက်ပြီး အမေရိကန်မင်းသားနဲ့ အတူတွဲဖက်သရုပ်ဆောင်ထားတဲ့ ကားဟောင်းတစ်ကားပါ။ သူနဲ့တွဲသရုပ်ဆောင်တဲ့ အမေရိကန်မင်းသားကလည်း The Godfather Part II တို့၊ Once Upon a Time in America တို့၊ Leon: The Professionalတို့လို ကားတွေမှာ သရုပ်ဆောင်ဖူးတဲ့လူပါ။ဇာတ်လမ်းထဲမှာတော့ သူတို့က လုပ်ချင်တာလုပ်တဲ့ ရဲ၂ကောင်ပေါ့။ ဂျက်ကီကလည်း အမေရိကန်မှာ အခြေချနေတာ ...
movie

The Protector (1985)

1985
I Came By (2022) 6.1
I Came By (2022) I Came By (2022) ============= IMDb Rating - 6.1/10Netflix က ထွက်ရှိထားပြီး IMDb 6.1 ရရှိထားသလို Rotten Tomatoes မှာ 69% ရထားတဲ့ ကားလေးပါ။ Overrated ဖြစ်မနေ တာတော့ အသေအချာပါပဲ။ ဘာလို့ဆို ဇာတ်ကားလေးကိုစကြည့်ထဲ ကနေ တောက်လျှောက် ဘာဖြစ်မလဲဆိုတာ မသိရတာမျိုးကားလေး မလို့ပေါ့ဗျာ။ ဒီလိုကားလေးတွေရဲ့ ထုံးစံအတိုင်း ဇာတ်သိမ်းခါနီးထိကို ဆွဲခေါ်သွားပြီးဇာတ်သိမ်းတော့မှ ဇာတ်ရှိန်ကျတဲ့ ကားလေးပဲ ဖြစ်ပါတယ်။ဇာတ်ကားလေးထဲမှာတော့ ဂရက်ဖတီဆွဲတဲ့ လူငယ်လေးနှစ်ယောက်ဖြစ်တဲ့ တိုဘီ နဲ့ ဂျေးတို့နဲ့ စတင်ထားတယ်လို့ဆိုရမှာဖြစ်ပါတယ်။ သူတို့နှစ်ဦးဟာ ရော်ဘင်ဟုဒ်တွေလိုပေါ့ဗျာ။ ရိုးရိုးသာမန်ဂရက်ဖတီသမားတွေလို လမ်းမတွေ ပေါ်မှာ မ‌‌ဆွဲဘဲ အကျင့်ပျက်ခြစားနေတဲ့သူဋ္ဌေးကြီးတွေရဲ့ အိမ်ထဲခိုးဝင်ပြီး ခြိမ်းခြောက်စာအနေနဲ့ ဂရက်ဖတီတွေ ဆွဲတတ်တဲ့ လူငယ်လေးတွေဖြစ်ပါတယ်။ စနစ်ဆိုးကြီးကို ဒီလိုစတင်တိုက်ထုတ်မယ်လို့ ခံယူထားကြတဲ့ လူငယ်လေး နှစ်ယောက်ပေါ့။သိုးရေခြုံထားတဲ့ ဝံပုလွေဆိုးကြီးတွေကို ဂရက်ဖတီနဲ့ဖော်ထုတ်နေတဲ့ သိုးငယ်လေး နှစ်ယောက် ဘယ်လိုတွေဆက်ဖြစ်ကြမယ်၊ ဇာတ်လမ်းထဲမှာ ဘာတွေဆက်ဖြစ် သွားဦးမလဲကိုတော့ ဒါရိုက်တာ ဘာဘက်အန်ဗာရီရိုက်ကူးထားတဲ့ I Came By ဆိုတဲ့ ရုပ်ရှင်ကားလေးထဲမှာခံစားရင်ခုန်ပေးကြပါဦးခင်ဗျာ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ...
movie

I Came By (2022)

2022
Breaking (2022) 6.3
Breaking (2022)  ဒီတစ်ခါ ပရိသတ်ကြီးကို တကယ့်ဖြစ်ရပ်မှန်ဇာတ်ကားလေး တစ်ကားနဲ့ တင်ဆက်ပေးပါ့မယ် အစိုးရဌာနတွေဆိုတာ ဘယ်နိုင်ငံမှာဖြစ်ဖြစ် အကျင့်ပျက်ခြစားပြီး သူများရပိုင်ခွင့်ကို ရရင်ရသလို ညှစ်ထုတ်တတ်တဲ့သူတွေဆိုတာ ဒီကားကသက်သေပြနေတာပါ နိုင်ငံအတွက်အသက်နဲ့ရင်းပြီး တိုင်းတပါးမှာ စစ်ပွဲဆင်နွှဲရလို့ မသန်စွမ်းဖြစ်တဲ့သူအတွက် တိုင်းပြည်ကပေးထားတဲ့ လစာကို ဖြတ်စားလာဘ်စားလုပ်တာကတော့ တကယ့်ကို ရွံ့ရှာစက်ဆုပ်စရာပါပဲ ခေါင်းပုံဖြတ်ခံထားရတဲ့ ပိုက်ဆံလေးရခဲ့ရင် သမီးလေးကို ခွေးလေတစ်ကောင်ဝယ်ပေးချင်တဲ့ အလုပ်မလုပ်နိုင်တော့တဲ့ ဖခင်တစ်ယောက်ရဲ့ ဝမ်းနည်းစရာဇာတ်ကြောင်းကိုလည်းသေချာလေးခံစားရမှာပါ ဇာတ်လမ်းအကျဉ်း ဘရိုင်ရန်ဆိုတဲ့ မသန်စွမ်းစစ်ပြန်ကြီးဟာ အလုပ်မလုပ်နိုင်တော့လို့ မသန်စွမ်းလစာလေးကို မှီခိုပြီး စားသောက်နေရတဲ့သူပါ မိန်းမနဲ့ကလည်းကွဲ အလုပ်ကလည်းမလုပ်နိုင် စိတ်အခြေအနေကလည်းပုံမှန်မဟုတ်တဲ့သူတစ်ယောက်အတွက် သူမှီခိုနေရတဲ့ လစာကိုမှ စစ်မှုထမ်းဟောင်းရေးရာနဲ့ နည်းပညာ ကောလိပ် တစ်ခုတို့ ပေါင်းရိုက်ပြီး ဖြတ်စားနေတာကို သိသွားတဲ့အချိန်မှာတော့ အဲဒီပိုက်ဆံပြန်ရဖို့နဲ့ စစ်မှုထမ်းဟောင်းရေးရာရဲ့ အကျင့်ပျက်ခြစားတာကိုလူတိုင်းသိသွားအောင်လို့ ဘဏ်တစ်ခုကို အနုကြမ်းစီးပြီး သူတောင်းဆိုတဲ့အရာလုပ်ပေးဖို့ မလုပ်ပေးရင် ဗုံးဖောက်ခွဲပစ်မယ်ဆိုပြီးခြိမ်းခြောက်ခဲ့တာပါ အဲဒီလိုအနုကြမ်းစီးပြီးနောက်မှာပဲ ဘာတွေဖြစ်လာမလဲဆိုတာကို စိတ်ဝင်တစားစောင့်ကြည့်ရမှာပါ သူက အနုကြမ်းစီးပြီး ဘာကိုတောင်းဆိုချင်မှာလဲ ဓားစာခံတွေကိုရောဘယ်လိုဆက်ဆံမှာလဲ ...
movie

Breaking (2022)

The Invitation (2022) 5.3
The Invitation (2022) The Invitation (2022)(1080p ရပါပြီ)ဒီဇာတ်ကားကတော့ ဒါရိုက်တာ Jessica M.Thompson ရိုက်ကူးထားပြီး သရုပ်ဆောင်များအဖြစ် Nathalie Emmanuel, Thomas Doherty, Stephanie Corneliussen, Alan Boden, Hugh Skinner နဲ့ Sean Pertwee တို့ကအဓိကပါဝင်သရုပ်ဆောင်ထားတဲ့ Horror, Mystery အမျိုးအစား ဇာတ်ကားတစ်ကားလေးတစ်ကားပဲဖြစ်ပါတယ်။ဇာတ်လမ်းအညွှန်းအနေနဲ့ကတော့ ...ကျွန်တော်တို့ရဲ့ ဇာတ်လိုက်ဖြစ်သူ အီဗီ(Nathalie Emmanuel)ဟာ အလုပ်တစ်ဖက်နဲ့ ကျောင်းတက်နေတဲ့သူတစ်ယောက်ဖြစ်ပါတယ်။ အဖေရောအမေရောမရှိတော့ဘဲ တစ်ကောင်ကြွက်လို့ ကိုယ့်ကိုယ်ကိုယ်ထင်နေတဲ့အချိန်မှာ သူ့ရဲ့ဝမ်းကွဲတစ်ယောက်ဖြစ်သူ အော်လီဗာ(Hugh Skinner) နဲ့ Online မှာတွေ့ပြီး သူ့ရဲ့မျိုးရိုးနောက်ခံကို သိရဖို့ အင်္ဂလန်ကို လိုက်လာပါတော့တယ်။အဲ့ဒီမှာနောက်မှာတော့ သူ့မိသားစုရဲ့နောက်ခံဇာတ်ကြောင်းတွေက ဘယ်လိုရှိမလဲ? ပြီးတော့ သူတို့မိသားစုရဲ့မိတ်ဆွေတွေဖြစ်တဲ့ တခြားမိသားစုတွေရဲ့လျှို့ဝှက်ချက်တွေကရော ဘာတွေလဲ? ဆိုတာကို ရင်တဖိုဖိုနဲ့ ကြည့်ရှုခံစားရမှာဖြစ်ပါတယ်။ဒီဇာတ်ကားထဲမှာ သွေးသံတရဲရဲအခန်းတွေ၊ ကြမ်းတမ်းတဲ့ စကားလုံးအသုံးအနှုန်းတွေနဲ့ မဖွယ်မရာအခန်းတချို့ ပါဝင်တာကြောင့် Motion ...
movie

The Invitation (2022)

2022
FB: Fighting Beat (2007) 5
FB: Fighting Beat (2007) အန်တမန်ကမ်းခြေကကျွန်းစုမှာနေတဲ့ ခိမ့်တို့သူငယ်ချင်းတစ်စုဟာ နေ့ဘက်မှာ ခရီးသွားဧည့်သည်တွေကို လမ်းညွှန်တဲ့ ဝန်ဆောင်မှုပေးကြပြီး ညအချိန်မှာတော့ ချုတ်ဒီ ဘားမှာ အလုပ်လုပ်ကြပါတယ်အဲ့ဒီဘားမှာ ညတိုင်းထိုင်းလက်ဝှေ့ထိုးပွဲရှိတဲ့အတွက် ခရီးသွားဧည့်သည်တိုင်းက စိတ်ဝင်စားပြီးလာရောက်လည်ပတ်ကြတယ်ဒီအချက်ကိုသဘောကျသွားတဲ့ရင်းနှီးမြုပ်နှံသူနိုင်ငံခြားသားဟာ ဒီဘားကိုလိုချင်ပါတော့တယ် ဘားပိုင်ရှင်ကမရောင်းဘူးပြောပေမဲ့ မရမကဖိအားပေးပြီးယူလိုက်တဲ့အချိန်မှာ ခိမ့်တို့သူငယ်ချင်းတစ်စု သူတို့ချစ်တဲ့ဘားကိုပြန်ယူနိုင်ပါ့မလားဆိုတာ ဇာတ်ကားထဲကြည့်ရှုလိုက်ရအောင်နော် ။(ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Nang Mwe Kham ပါ )File Size__( 2.2GB) Quality__ HD720p IMDb Rating__5/10 Format__mp4 Duration__01:20:00 Type__Action, Thriller Subtitle__Myanmar Subtitle (Hardsub) Translated by Nang Mwe Kham Encoded by Naing Aung Latt
movie

FB: Fighting Beat (2007)

[18+] The Escort Wife (2022) 7.7
[18+] The Escort Wife (2022) [18+] The Escort Wife (2022)~ IMDb rating - 7.7/10 ~ပတ်ထရစ်ရှာဟာတစ်ချိန်က သာယာတဲ့အိမ်ထောင်ကိုပိုင်ဆိုင်ခဲ့ပေမယ့် ကိုယ်ဝန်ပျက်ကျပြီးတဲ့နောက် ခင်ပွန်းသည်ရဲ့ စိမ်းကားအေးစက်သွားတဲ့ဆက်ဆံရေး၊ လျစ်လျူရှုမှုကိုရင်ဆိုင်နေရသလို ကိုယ်ဝန်ပျက်ကျတဲ့ဒဏ်နဲ့ Work from home ကာလရှည်လုပ်နေရတဲ့အတွက်ငြီးငွေ့နေပါတယ်။ငြီးငွေ့မှုကိုဖြေဖျောက်တဲ့အနေနဲ့ညဘက်မှန်ဘီလူးနဲ့ဟိုကြည့် ဒီကြည့် ကြည့်ရာကနေ သူ့မီးဖိုချောင်နဲ့တည့်တည့်တိုက်ခန်းက မိန်းမငယ်တစ်ယောက်ဟာ ညစဉ်ညတိုင်း လူမထပ်စေရပဲ တစ်ယောက်ဆင်းတစ်ယောက်တက် ပျော်ပါးနေတာကို တွေ့မြင်လိုက်ရပါတော့တယ်။ ဒီမြင်ကွင်းဟာ ခင်ပွန်းရဲ့အယုအယနဲ့ကင်းကွာနေတဲ့ သူ့ကိုသွေးဆူစေတယ်၊ ရာဂတွေကိုရုန်းကြွလာစေတယ်။ သူ့ခင်ပွန်းကိုအမျိုးမျိုးမြူဆွယ်ပေမယ့် အတော်ကြီးကို စိတ်ကင်းပြတ်နေပုံရတဲ့အတွက်အကြောင်းမထူးပါဘူး။ ဒီလိုနဲ့သူချောင်းကြည့်နေကျ တိုက်ခန်းက မိန်းမငယ်ရဲ့အချစ်တော်တွေထဲမှာ သူ့ခင်ပွန်းကိုမြင်တွေ့လိုက်ရတဲ့အခါမှာတော့...ယောက်ျားတွေကို အမုန်းကြီးမုန်း အငြိုးအတေးကြီးသွားတဲ့ ပတ်ထရစ်ရှာဟာ သူ့ခင်ပွန်းသည်နဲ့တကွ တစ်ခြားသော ဖောက်လွဲဖောက်ပြန်ယောက်ျားတွေကိုပါ ပညာပေးကလဲ့စားချေဖို့အကွက်ကျကျစီစဉ်ပါတော့တယ်။ သူ့ကလဲ့စားရဲ့ပထမဆုံးအဆင့်ကတော့ သူကိုယ်တိုင်အော်ဖာလိုက်ဖို့ပါပဲ။ နောက်ဆက်တွဲကလဲ့စားတွေကို ရင်သိမ့်တုန်ဆက်လက်ရှုစားကြပါ။Miss Philippines Earth 2019 မမကြီး Janelle Tee က ပတ်ထရစ်ရှာအဖြစ်ခေါင်းဆောင်ပါဝင်ထားပြီး ညိုပြာ ...
movie

[18+] The Escort Wife (2022)

2022
Speak No Evil (2022) 6.8
Speak No Evil (2022) ဥရောပ ဟော်ရာ ရုပ်ရှင်အသစ်တစ်ကားလောက် ကြည့်ရအောင်။ ဆုတွေလည်းရထားပြီး ပရိသတ်တွေလည်း ကြိုက်တဲ့သူနဲ့မကြိုက်တဲ့သူ နှစ်ခြမ်းကွဲနေတဲ့ ရုပ်ရှင်တစ်ခုပါပဲ။ဒါရိုက်တာ စဉ်းစားစရာ၊ တထိတ်ထိတ်ဖြစ်စရာ၊ အားမလိုအားမရဖြစ်စရာ၊ နိမိတ်ပုံတွေနဲ့ ပရိသတ်တွေကိုပုံမှန်မဟုတ်တဲ့ ခံစားချက်မျိုး ပေးထားတာပါပဲ။ ဇာတ်လမ်းအကျဉ်းကတော့ ရိုးရှင်းပါတယ် သမီးလေးတစ်ယောက်ရှိတဲ့ ဒိန်းမတ် မိသားစုတစ်စုဟာ၊ စကားမပြောတတ်တဲ့ သားလေးတစ်ယောက်ရှိတဲ့ နယ်သာလန်မိသားစုတစ်စုနဲ့ ရင်းနှီးခဲ့တယ်။ နောက်တော့ နယ်သာလန်ကို အလည်လာဖို့ ဖိတ်တဲ့အတွက် ကျေးလက်အိမ်လေးဆီကို မိသားစုလိုက် သွားလည်ကြတယ်ပေါ့။ နောက်တော့ အဲဒီမိသားစုနှစ်စု ဘာဆက်ဖြစ်မလဲဆိုတာ လှည့်ကွက်တွေနဲ့ ဆက်ကြည့်ရမှာပါပဲ။ File size…1GB / 500MB Quality…1080p WEB RIP / 720p Format…mp4 Duration….1h 37m Subtitle….Myanmar Subtitle (Hard Sub) Encoder….Thit San Khant Translated by Mr.Anderson
movie

Speak No Evil (2022)

2022
To Catch a Thief (1955) 7.4
To Catch a Thief (1955) To Catch A Thief (1955)IMDb Rating (7.4) / Rotten Tomatoes (94%)Marilyn Monroe နဲ့ခေတ်ပြိုင် အော်စကာဆုရ မင်းသမီးတစ်ဦးဖြစ်တဲ့ Grace Kelly ရဲ့ ထင်ရှားတဲ့ရုပ်ရှင်ကား To Catch A Thief (၁၉၅၅)ကို တင်ဆက်ပေးချင်ပါတယ် ဆွဲဆောင်မှုရှိတဲ့ အပြောချိုချို ဟန်ပန်အမူအရာတွေနဲ့ ကမ္ဘာ့ရုပ်ရှင်သမိုင်းရဲ့အလှဆုံးမင်းသမီးတွေထဲက တစ်ယောက်ဖြစ်တဲ့ Grace Kelly နဲ့  ဂန္တဝင်မင်းသားကြီး Cary Grant တို့ကို ပူးတွဲမြင်တွေ့ရမယ့်ဇာတ်ကားပါ။ဇာတ်လမ်းအကျဥ်းကတော့ John Robie ဆိုတဲ့ ရတနာသူခိုးတစ်ယောက်ဟာ လတ်တလော ဖြစ်ပေါ်နေတဲ့ ခိုးမှုတွေမှာ သူအပြစ်မရှိကြောင်း သက်သေပြဖို့အတွက် သူ့ကိုတုပ​နေတဲ့ တကယ့် ရတနာသူခိုးကို ပြန်လိုက်ရှာပေးရမှာပါ ဇာတ်ကားဟာ ဒိုင်ယာလော့ခ်တွေကအစ လှိုင်းလုံးလေးတွေလို အလှုပ်အရွေ့တွေနဲ့ရှိနေပြီး ဇာတ်လမ်းကလည်း နိမ့်ချီမြင့်ချီနဲ့ရှိနေတာကတော့ နာမည်ကျော် ဂန္တဝင်ဒါရိုက်တာကြီး Alfred Hitchcock ...
movie

To Catch a Thief (1955)

4K HEVC