Channel Myanmar

Thriller

Jailbreak Pact (2020) 7
Jailbreak Pact (2020) Jailbreak Pact (2020)~ IMDb - 7/10, Rotten Tomatoes - 89% ~၂၀၂၀ခုနှစ်ရဲ့ နှစ်ဆန်းပိုင်းမှာထွက်ရှိခဲ့ပြီး ချီလီနိုင်ငံမှာ ရိုက်ကူးပြသခဲ့တဲ့ စပိန်စကားပြော ရုပ်ရှင်ကားဖြစ်ပါတယ်။ ဖြစ်ရပ်မှန်ကို အခြေခံပြီး ရိုက်ကူးထားတာလည်း ဖြစ်ပါတယ်။ဇာတ်လမ်းကို မိတ်မဆက်ခင်မှာ ဇာတ်အိမ်တည်ရာ ချီလီနိုင်ငံရဲ့ နောက်ခံသမိုင်းကို နည်းနည်းပြောမှ ဖြစ်ပါလိမ့်မယ်။ ၁၉၇၃ ခုနှစ်၊ တောင်အမေရိကတိုက်၊ ချီလီနိုင်ငံမှာ ပြည်သူတွေက ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားတဲ့ လက်ဝဲယိမ်းဆိုရှယ်လစ်အစိုးရကို ဗိုလ်ချုပ်ကြီး ဩဂတ်စတို ပီနိုရှေး ဆိုသူက ဖြုတ်ချပြီး စစ်အာဏာသိမ်းလိုက်ပါတယ်။ မှတ်တမ်းတွေအရတော့ အဲဒီအာဏာသိမ်းမှုကို အမေရိကန်အစိုးရက ကျောထောက်နောက်ခံပြုပေးခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီကာလတုန်းကတော့ အမေရိကန်ဟာ ကွန်မြူနစ်ဝါဒမပြန့်ပွားရင်ပြီးစတမ်းဆိုတဲ့ သဘောထားနဲ့ လက်ဝဲယိမ်းသူမှန်သမျှ ဖြုတ်ချဖို့အားပေးနေခဲ့တဲ့ စစ်အေးကာလ ဖြစ်ပါတယ်။ လက်ဝဲသမားတွေမဟုတ်ရင်ပြီးရော။ မင်းတို့ဘာသာ စစ်ဖိနပ်နဲ့ ဘယ်သူ့တက်နင်းနင်းပေါ့လေ။ ပီနိုရှေးစစ်အစိုးရဟာ ၁၉၇၃ ကနေ ...
movie

Jailbreak Pact (2020)

Dear Sathya (2022) 7.6
Dear Sathya (2022) Dear Sathya (2022) IMDb Rating-(7.8/10)"ဆတ်ရာ" ဆိုတာကတော့ စိတ်ကူးအိမ်မက်တွေနဲ့ ပြည့်ဝနေတဲ့ deli ပို့တဲ့ လူငယ်လေးတစ်ယောက်ဖြစ်ပါတယ်အလုပ်ကြိုးစားတဲ့သူဖြစ်တဲ့အပြင် မိခင်အပေါ်မှာလည်း အရမ်းသိတတ်တဲ့ သားလိမ္မာလေးတစ်ယောက်ပါသူ့မှာ တစ်ဖက်သတ် ကြိတ်ကြွေနေရတဲ့ ကောင်မလေးတစ်ယောက်လည်း ရှိပါတယ်အစားအစာတွေပို့တဲ့ တာဝန်ပြီးတိုင်း ကောင်မလေးကို သွားသွားခိုးကြည့်နေကျပါသို့သော် တစ်နေ့ ဆတ်ရာတစ်ယောက် သူ မကျူးလွန်ခဲ့တဲ အမှုအတွက်ချောက်တွန်းခံရပြီး ထောင်ကျသွားပါတယ် အဲ့ဒီထက်ဆိုးတာကတော့ သူ့မှာ သူအရမ်းချစ်ရတဲ့ မိခင်မရှိတော့ပါဘူး...ဒီကံကြမ္မာဆိုးက ဆတ်ရာဆီကို ဘယ်ပုံဘယ်နည်းနဲ့ ရောက်လာခဲ့တာလဲ...ဆတ်ရာကရော သူ့ဘဝကို ဇောက်ထိုးမိုးမျှော်ဖြစ်အောင်လုပ်ခဲ့တဲ့သူတွေကိုဘယ်လိုလက်စားပြန်ချေမှာလဲဆိုတာကို ရင်တထိတ်ထိတ်နဲ့ကြည့်ရှုရမယ့်Action Thriller ကားကောင်းလေးဖြစ်တာမို့ အခုပဲကြည့်ရှုဖို့ ညွှန်းပေးလိုက်ရပါတယ်ဗျာ   File size…2.07GB / 1GB Quality…1080p WEB DL / 720p Format…mp4 Duration…. Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by GuuGuu & Lai Lai & Honey  
movie

Dear Sathya (2022)

Zero Contact (2022)
Zero Contact (2022) Zero Contact (2022)ဒီတစ်ခါတင်ဆက်​ပေးမှာ​တော့ အ​မေရိကန် Mystery Thriller ရုပ်ရှင်ဖြစ်ပါတယ်။ ရောဂါကပ်​ဘေး​ကြောင့် အိမ်က​နေပဲ Zoom နဲ့ဆက်သွယ်ကြတဲ့ ပုံစံနဲ့ ဇာတ်လမ်းကို ပုံ​ဖော်ထားပါတယ် လူတကာက ရူး​ကြောင်​ကြောင်လို့ သတ်မှတ်ကြတဲ့ ပါရမီရှင်ဖင်န်န​လေဟာ့ဒ်ဟာ ပ​ရောဂျက်စလုပ်မယ့်အချိန်မှာပဲ အလုပ်ကထုတ်ခံလိုက်ရပါတယ် အဲလိုနဲ့ သူ မ​သေခင်မှာ လက်စမသတ်နိုင်​သေးတဲ့ ပ​ရောဂျက်ကို သူ အယုံကြည်ရဆုံးလူ ၅​ယောက်ကို အကြံ​ပေးရာက​နေတစ်ဆင့် စုစည်းပြီး ပြန်အသက်သွင်းဖို့မှာထားခဲ့ပါတယ် ပ​ရောဂျက်ကလျှို့ဝှက်ပ​ရောဂျက်ဖြစ်တဲ့အပြင် ကမ္ဘာကြီးကိုကယ်တင်ဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ဆို​တော့ အ​ရေး​ပေါ်ဖွဲ့လိုက်တဲ့အဖွဲ့ဟာ ဆက်လုပ်ဖို့ဖြစ်လာပါ​တော့တယ် သူတို့တစ်ခုသတိလွတ်သွားတာက သူတို့ကို​စောင့်ကြည့်​နေတဲ့သူရှိ​နေတယ်ဆိုတာပါပဲ မသိလိုက်ခင်မှာပဲ အိမ်ထဲကိုဝင်သလို အ​ရေး​ပေါ်အဖွဲ့ဝင်​တွေရဲ့ မိသားစုကိုလည်း ရန်ရှာလာခဲ့ပါတယ် လျှို့ဝှက်ချက်​တွေအပြည့်နဲ့ ဖင်န်န​လေထားခဲ့တဲ့ ပုစ္ဆာကို အ​ရေး​ပေါ်အဖွဲ့က အ​​ဖြေရှာနိုင်မလား ​ သူတို့က​ရော နောက်​ဆုံးထိ အသက်မ​သေဘဲ ပ​ရောဂျက်ကိုဆက်လုပ်နိုင်မလားဆိုတာ လှည့်ကွက်​တွေအများကြီးနဲ့ Zero Contact ကိုကြည့်ရှု​ပေးကြပါဦး​နော်အညွှန်းကိုတော့ Joyz က ရေးထားပေးပြီးတော့ဘာသာပြန်ထားတာကတော့ Joyz  နဲ့  Hmwe ပဲ ဖြစ်ပါတယ်။Genre.....Thriller Quality….1080p | 720p| 480p File size…1.9GB | 734MB | ...
movie

Zero Contact (2022)

Runway 34 (2022) 7.4
Runway 34 (2022) ကပ္ပတိန် ဗစ်ကရန့်ခန်နား... "မတော်တဆမှုတိုင်းမှာ ဘက်နှစ်ခုရှိတယ်" "ဘာဖြစ်ခဲ့တာလဲ..ဘယ်လိုဖြစ်ခဲ့တာလဲ" "အဲ့ဒီနှစ်ခုကြားထဲက အနားသတ်မျဉ်းလေးမှာ အမှန်တရားက တိမ်ဝှက်နေတယ်"နာရာယန်းဗီဒန့်... "အမှားလုပ်ပြီးသွားရင် မင်းလုပ်နိုင်တာ သုံးခုပဲရှိတယ်" "အမှားကို ဝန်ခံမယ်" "အမှားကနေ သင်ယူမယ်" "နောက်တစ်ခါ မမှားအောင် ဆင်ခြင်မယ်"ခုတစ်ခါတင်ဆက်ပေးမယ့်ကားလေးကတော့ မင်းသားကြီးအဂျေးနဲ့ မင်းသားကြီး အမီတာဘဂျမ်းတို့ပါဝင်သရုပ်ဆောင်ထားတယ့် ဇာတ်ကားလေးပဲဖြစ်ပါတယ်ဒီဇာတ်ကားလေးက အိန္ဒိယနိုင်ငံမှာ တကယ်ဖြစ်ပျက်ခဲ့တဲ့ ဖြစ်ရပ်မှန်ဇာတ်ကြောင်းလေးကို အခြေခံပြီးရိုက်ကူးထားတယ်...  ကပ္ပတိန်ဗစ်ကရန့်ခန်နား(အဂျေး) က နာမည်ကြီးလေယာဉ်မှူးတစ်ယောက်... အဲ့ဒီနေ့က ပျံသန်းတဲ့ခရီးစဉ်မှာ ရာသီဥတုဆိုးရွားလွန်းတဲ့အတွက် မတော်တဆမှုဖြစ်ခဲ့ပါတယ်...ဒီကိစ္စမှာ မသင်္ကာစရာကိစ္စလေးတွေပါဝင်နေတဲ့အတွက် လေကြောင်းမတော်တဆစုံစမ်းစစ်ဆေးရေးအဖွဲ့ခေါင်းဆောင် နာရာယန်းဗီဒန့် (အမီတာဘဂျမ်း) ကိုယ်တိုင် ကွင်းဆင်းစစ်ဆေးမေးမြန်းတာကို ဝေဟင်ပေါ်က ထိတ်လန့်ဖွယ် မြင်ကွင်းတွေနဲ့အပြင် ဝါရင့်သရုပ်ဆောင်နှစ်ဦးရဲ့ပီပြင်တဲ့ သရုပ်ဆောင်ပိုင်နိုင်မှုတွေကို ကျေကျေနပ်နပ်ကြီး မြင်တွေ့ရမှာဖြစ်ပါတယ်...   File size…5GB / 1.9GB / 900MB Quality…4k HEVC / 1080p WEB DL / 720p Format…mp4 Duration….2h 25m Subtitle….Myanmar Subtitle (hard sub) Encoder….YK Translated by Taylor
movie

Runway 34 (2022)

Exposure 36 (2022) 5.2
Exposure 36 (2022) Exposure 36 (2022)~ Rotten Tomatoes - 83% ~ကမ္ဘာပျက်ဖို့ သုံးရက်ပဲလိုတော့မယ်ဆိုရင် ခင်ဗျားဘာလုပ်မလဲ...ဒီဇာတ်ကားထဲမှာတော့ တချို့လူတွေက ပုံမှန်အတိုင်းနေကြတယ်။ လွတ်နိုင်မယ့်နေရာကို ပြေးကြတယ်။ နောက်ဆုံး အကောင်းဆုံး အလုပ်ကို လုပ်နိုင်ဖို့ ကြိုးစားကြတယ်။ တစ်သက်လုံးမှာ မရဖူးတဲ့ လွတ်လပ်မှုမျိုးရလို့ အပြည့်အဝခံစားကြတယ်။လူတွေ အများကြီးကလည်း ကိုယ့်ကိုယ်ကိုယ် သတ်သေကြတယ်။ တချို့လူတွေကတော့ မနားမနေ အိပ်ရာဝင် ဇာတ်လမ်းရိုက်ကြတယ်။ဇာတ်ဆောင် ဆေးရောင်းသမား ဓာတ်ပုံဆရာ ကမ်မရွန်ကတော့ ဘုမသိဘမသိ မွေးစားညီမကောက်ရပြီး ရာဇဝတ်ကောင် အကြီးစားတွေနဲ့ ပြဿနာတက်ပါတယ်။ဇာတ်လမ်းတလျှောက်မှာ ဇာတ်ကားနာမည်ဖြစ်တဲ့ Exposure 36 ဆိုတဲ့ အတိုင်း နောက်ဆုံး ကျန်တဲ့ ဖလင်လိပ်က ပုံ ၃၆ ပုံကို သူအကောင်းဆုံးဖြစ်အောင်ဘယ်လိုရိုက်သွားလဲ ကြည့်ရမှာပါ...Exposure 36 ဟာ ကမ္ဘာပျက်လုနီးချိန်ကာလတစ်ခုက မြို့တစ်မြို့ကို မှိုင်းပြပြ ပုံဖော်သွားတဲ့ ရုပ်ရှင်ကားကောင်းဖြစ်ပြီး RT လည်း ...
movie

Exposure 36 (2022)

Attack (2022) 7.3
Attack (2022) အခုတစ်ခါထွက်ရှိလာတဲ့ ကားလေးကလည်း စိတ်ဝင်စားဖို့ကောင်းတဲ့ စူပါစစ်သားကားလေးပဲဖြစ်ပါတယ်အာဂျွန်ဟာ သိပ်တော်တဲ့ စစ်တပ်အရာရှိတစ်ယောက်ဖြစ်ပြီး မတော်တဆမှုတစ်ခုမှာ ထိခိုက်မိသွားလို့ ခန္ဓာကိုယ်အကြောသေသွားခဲ့တယ်...နိုင်ငံတွင်းမှာ အကြမ်းဖက်ဖြစ်စဉ်တွေ များလာတော့ ဖြေရှင်းဖို့က ပတ်ဝန်းကျင်နိုင်ငံတွေပါဝင်ပတ်သက်နေတာကို သံသယအဆင့်နဲ့ပဲသိထားတော့ ငြိမ်းချမ်းရေးညှိနှိုင်းဆွေးနွေးလို့လည်းမရ စစ်ဖြစ်လို့လည်းမရနဲ့ အကြပ်ရိုက်နေခဲ့ပါတယ်...ဒါကိုဖြေရှင်းဖို့အတွက် အိန္ဒိယစစ်တပ်ကနေ စူပါစစ်သားတွေကို ဖန်တီးဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်...  ဒီဖြစ်စဉ်မှာ အစမ်းသပ်ခံလူသားက အကောင်းပကတိအတိုင်း မဟုတ်ဘဲ လေဖြတ်အကြောသေနေတဲ့ ပုံစံမျိုးမှာရှိနေမှ အဲ့ဒီလူသားဟာ ဒီစမ်းသပ်ခြင်းမှာ ပုံမှန်ထက်ထူးကဲတဲ့ အစွမ်းခွန်အားမျိုးကို ရရှိမှာဖြစ်ပါတယ်..ဒီလိုနဲ့ နိုင်ငံ့အကျိုးသယ်ပိုးဖို့ အာဂျွန်ကို စမ်းသပ်လိုက်တဲ့အခါမှာတော့.....။  File size…2.8GB / 1.9GB / 950MB Quality…4k ZEE5 WEB DL SDR HEVC / 1080p WEB DL AAC5.1CH / 720p Format…mp4 Duration….2h 1m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Taylor , Myo Myo , Yunni
movie

Attack (2022)

12th Man (2022) 7.2
12th Man (2022) 12th Man(2022)IMDb 7.2ရရှိထားပြီး မာလာယာလမ်း သဘာဝမင်းသားကြီးမိုဟမ်လယ်တော့အဓိက ပါဝင်သရုပ်ဆောင်ထားတဲ့တောင်ပိုင်းရုပ်ရှင်ကားကောင်းတခုတင်ဆက်ပေးချင်ပါတယ် အမြဲစည်းလုံးနေခဲ့တဲ့သူငယ်ချင်း၁၁ယောက် ဂိမ်းကစားကြရင်းတစ်ယောက်ရဲ့လျှို့ဝှက်ချက်တစ်ယောက်သိကုန်ကြပြီး အဖွဲ့ထဲကတစ်ယောက်ကထူးဆန်းစွာသေဆုံးသွားတဲ့အခါ....ကောလိပ်ကျောင်းသားဘဝတွေတည်းကလက်တွဲမဖြုတ်ဘဲတစ်တွဲတွဲဖြစ်လာခဲ့တဲ့သူငယ်ချင်း၁၁ယောက်ဟာ ဘဝကိုယ်စီနဲ့ဖြတ်သန်းနေကြပါတယ် တစ်နေ့တော့ သူငယ်ချင်းထဲကတစ်ယောက်ရဲ့လူပျိုပါတီမှာတွေ့ဆုံကြဖို့အပန်းဖြေခြံတစ်ခုဆီခရီးထွက်ခဲ့ကြပါတယ် ဒီခြံထဲမှာဆော့ကစားရင်းအရက်သမားချန်ဒရာဆီလ်ဆိုတဲ့တစ်ယောက်နဲ့အမှတ်မထင်တွေ့ဆုံခဲ့ပြီးကတောက်ကဆလေးတွေရှိခဲ့ကြပါတယ် ဒီလိုနဲ့ညဘက်ရောက်တော့ပါတီပွဲလုပ်နေရင်းဂိမ်းဆော့ကြမယ်ဆိုပြီး လျှို့ဝှက်ချက်ဖော်တဲ့ဂိမ်းကစားရာက အချင်းချင်းခိုက်ရန်ဖြစ်ပြီးကိုယ်စီအခန်းတွေကိုပြန်လာခဲ့ကြပါတယ် ဇာတ်လမ်းကဒီမှာတင်ပြီးမသွားပါဘူး၁၁ယောက်ထဲက မိန်းကလေးတစ်ယောက်ညဘက်ကြီးအသတ်ခံလိုက်ရပါတယ်ဒီကောင်မလေးကိုသတ်တာဟာအရက်သမားလို့ယုံကြည်နေကြပေမယ့်မြှုပ်ကွက်တွေရှိနေတဲ့အတွက်အရမ်းစိတ်ဝင်စားစရာကောင်းနေမှာပါ ဒီအရက်သမားရဲ့ဘဝဇာတ်ကြောင်းအမှန်ကရောဘယ်သူဖြစ်မလဲလူသတ်သမားက ၁၁ယောက်ထဲကပဲလားဆိုတာ သိချင်ဇောတွေတစ်ဟုန်ဟုန်နဲ့ကြည့်ရှုရမှာပဲဖြစ်လို့ အခုပဲအပြေးဒေါင်းလိုက်ကြဖို့တိုက်တွန်းလိုက်ပါတယ်ရှင်(အညွှန်းရေးသားသူက Yunni ဖြစ်ပါတယ်)  File size…1.8GB / 871MB Quality…1080p WEB DL AAC5.1CH / 720p Format…mp4 Duration….2h 25m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Lwin Htoo Aung & Poe & Yunni  
movie

12th Man (2022)

The Quiet (2005) 6.2
The Quiet (2005) --- စံလွဲသူနှစ်ယောက် --- ကိလေသာထောင်ချောက်ရဲ့ အဆွဲဆောင်နိုင်ဆုံး အထိအတွေ့များ၊ တီးတိုးညည်းညူသံ၊ ဖိုလှိုက်တဲ့အသက်ရှုသံများနဲ့ အိပ်ယာပေါ်က ချစ်တလင်းမှာ ဗျူဟာကျင်းလို့ စေတန်နတ်ဆိုးရဲ့ ပန်းသီး (ချဉ်စော်ကားသီး) ကို စားသုံးနေကြလေရဲ့။ ရှူထုတ်လေရဲ့ လေနုငွေ့ငွေ့တိုးခတ်မှုကို အပြန်အလှန်ထိခတ်ရင်း လေပေါ်မှာလွင့်နေသလိုခံစားရရှာတဲ့ လိင်မတူ ချစ်သူနှစ်ဦး။ ရိုးတွင်းခြင်ဆီထဲအထိ တိုးဝင်လာတတ်တဲ့ တဖျင်းဖျင်း ကြက်သီးထဖွယ် အရသာများကို ဆား‌ငံရေလို တစွတ်စွတ်သောက်၊ မောလေ သောက်လေ ငတ်မပြေနိုင်။သဘဝတရားရဲ့ ရုန်းမထွက်နိုင်တဲ့ ထောင်ချောက်ထဲကို သက်ဆင်း ဝပ်တွားခယရတဲ့ ဟောဒီလူသားနှစ်ယောက်က လောကကြီးကိုမေ့နေပါလေရော။ သူတို့ဟာ လောကကြီးကို မေ့လျှော့နေသလိုပဲ သူတို့ဟာ သွေးရင်းသားရင်း သားအဖ တော်စပ်ပါတယ်ဆိုတာကိုပါ သတိမရ အနက်ဆုံး အမှောင်ဆုံးတွင်းကို အထိန်းမပါဘဲ သက်ဆင်းနေကြပြီ။ ဟုတ်ပါတယ်လေ။ သမီးနဲ့ ဖခင် သွေးရင်းခေါက်ခေါက်ကြီးတွေပါ။ သူတို့ဟာ သားအဖအဖြစ်ကသွေဖည်လို့ လင်မယားဘဝကို အသက်သွင်း၊ ငရဲတွင်းကို ဆင်းချင်တိုင်းဆင်းနေလေရဲ့။--- ကိုယ်ပျောက်မိန်းကလေး ...
movie

The Quiet (2005)

Captors (2022) 4
Captors (2022) Captors (2022)စိတ္တဇလူသတ်သမားကားတွေ ဟန်နီဘယ်ဆန်ဆန်ကားတွေ ကြိုက်ကြတယ်မလား။ ဒီရုပ်ရှင်ကတော့ ဒီလိုလူတွေအတွက် တကယ့်ရွှေပါပဲ။စိတ္တဇလူသတ်သမားကားဆိုတာ စိတ္တဇလူသတ်သမားအဖြစ် သရုပ်ဆောင်တဲ့မင်းသားကောင်းမှ ပိုပေါ်လွင်မှာမလား။ မိုက်တို့ အန်သိုနီတို့ ဘေးလ်တို့ ဟိလဂျာတို့လိုပေါ့။သရုပ်ဆောင်တဲ့ မင်းသားကလည်း ဒီရုပ်ရှင်မှာ သရုပ်ဆောင်သိပ်ကောင်းပါတယ်။ အန်သိုနီကြီး ဟန်နီဘယ်နေရာက အော်စကာရတာ ဟိလဂျာ ဂျိုကာနေရာက အော်စကာရတာဟာ သူ၀င်သရုပ်မဆောင်ခဲ့လို့ပါပဲ။မင်းသမီးကလည်း နာတာလီပေါ့မန်း၊ ဂဲလ်ဂဒေါ့ တစ်ခါတစ်ခါကျ အင်ဂျလီနာဂျိုလီ သူတို့သုံးယောက်ပေါင်းရုပ်မျိုးပေါ့။ အခန်းတိုင်း တစ်ယောက်မဟုတ် တစ်ယောက် မြင်ရပါလိမ့်မယ်။ကောင်မလေးတစ်ယောက်ရှိတယ်။ အရူးတစ်ကောင်က ချုပ်ထားတယ်။ လွတ်သွားတယ်။ သူမသိတဲ့ဦးလေးဆီက အမွေရတယ်ဆိုလို့ ဟိုတောခေါင်ခေါင် လူမရှိသူမရှိနေရာထိလိုက်သွားတယ်။ အိမ်ထဲရောက်မှ သူ့ကို ဟိုးအရင် အတိတ်တစ်ချိန်က ချုပ်ထားခဲ့တဲ့အိမ်မှန်းသိလိုက်ရတယ်။ ဇာတ်လမ်းကတော့ ဒါပါပဲပေမဲ့ မင်းသမီးနဲ့အတူ စိတ္တဇလူသတ်ကောင်နဲ့အတူ လုံးထွေးသတ်ပုတ်ရင်း ဆက်လက် ခံစားကြည့်လိုက်ကြပါတော့...Size - 1.2GB, 663MB Quality - 1080p, 720p Format - mp4 Duration ...
movie

Captors (2022)

The Running Man (1987) 6.6
The Running Man (1987) ဒီဇာတ်ကားက ၁၉၈၇ မှာထွက်ခဲ့တယ်။ဇာတ်လမ်းက အဲဒီအချိန် ၁၉၈၇ ကနေ အနာဂတ်နှစ်ပေါင်းသုံးဆယ်ကို ကြိုမှန်းပြီး ၂၀၁၇ မှာ ဇာတ်အိမ်တည်ထားတယ်။ ဒါပေမဲ့ အခုလက်ရှိဖြစ်ပျက်ကြုံတွေ့နေရတဲ့ ကာလံဒေသံနဲ့တော့ အင်မတန်ကိုက်ညီတဲ့ ဇာတ်ကားပါပဲ။၂၀၁၇ မှာ တကမ္ဘာလုံးစီးပွားပျက်ကပ်ကြီးဖြစ်ပြီး စားနပ်ရိက္ခာထုတ်လုပ်မှုတွေလျော့ကျ၊ သံယံဇာတတွေ ရေနံ သဘာဝဓာတ်ငွေ့တွေလည်း နည်းပါးပြတ်လပ်လာခဲ့တာ တကမ္ဘာလုံးမှာပါပဲ တဲ့။ အဲလိုအချိန်မှာ အမေရိကန်နိုင်ငံမှာ အကြွင်းမဲ့အာဏာရှင်အစိုးရတစ်ရပ်က အုပ်ချုပ်နေပါသတဲ့။ စာရေးဆရာနှယ် စိတ်ကူးမှယဉ်တတ်‌သေးတယ်ဗျာတယ်။ (တကယ်တော့ အဲဒီဇာတ်လမ်းဟာ စာရေးဆရာ Stephen Kingက ကလောင်ခွဲတစ်ခုနဲ့ ရေးသားထုတ်ဝေခဲ့တဲ့ ဝတ္ထု The Running Manကိုပဲ အခြေတည်ပြီး ရိုက်ကူးထားတာလို့ သိရပါတယ်။) တနိုင်ငံလုံးကို စစ်နယ်မြေဇုန်တွေခွဲပြီး သံမဏိစည်းကမ်းနဲ့ အုပ်ချုပ်ပါသတဲ့။ စာပေ ဂီတအပါအဝင် အနုပညာအားလုံးကို ဆင်ဆာပိတ်ထားတယ်။ ပို့ဆောင်ဆက်သွယ်ရေးလုပ်ငန်းလို့ မရှိစေရ။ တစ်နေရာနဲ့တစ်နေရာ စာရေး၊ဖုန်းဆက်ခွင့် မပြု။ ခရီးသွားချင်ရင် အစိုးရထုတ်ပေးထားတဲ့ ခရီးသွားလက်မှတ်ရှိမှ ...
movie

The Running Man (1987)

The Anchor (2022)
The Anchor (2022) Anchor (2022)သည်းထိပ်ရင်ဖို Paranormal ဆန်ဆန် ဇာတ်ကားအသစ်လေး ထွက်ရှိလာပါပြီ Psychology, Thriller ကြည့်ရတာ ကြိုက်တဲ့သူတွေအတွက် အရမ်းကိုက်မယ့်ကားလေးပါSe-Ra (Chun Woo-Hee)က ရုပ်သံလွှင့်ဌာနမှာ နာမည်ကြီး သတင်းကြေညာသူ(Anchor) ဖြစ်ပါတယ် Korean မှာ နာမည်ကြီးတဲ့ ၉ နာရီသတင်းမှာ အမြဲတာဝန်ယူရတဲ့သူပေါ့ တစ်နေ့ သူ ၉နာရီ သတင်းအတွက် ရုပ်သံမလွှင့်ခင် ထူးဆန်းတဲ့ဖုန်းဝင်လာတယ် အဲဒီဖုန်းက Se Ra နဲ့ပဲ ပြောချင်တဲ့ဖုန်းဖြစ်နေတော့ မဖြစ်မနေကိုင်လိုက်ရတယ် ဖုန်းဆက်တဲ့သူက မိန်းကလေးတစ်ယောက်ဖြစ်ပြီး...“အဲဒီလူ ကျွန်မကိုသတ်တော့မယ်...ကျွန်မရဲ့သမီးကိုလည်း သတ်သွားပြီ... အကယ်၍ ကျွန်မသေသွားရင်လည်း သတင်းကြေညာသူဆယ်ရာကပဲ ကြေညာပေးပါ...”အဲဒီလိုမျိုး ထူးဆန်းတဲ့စကားတွေနဲ့ သံသယဝင်စရာကောင်းအောင်ပြောတာမို့လို့ နောက်တဲ့ဖုန်းလို့ထင်သွားတယ် ဒါပေမဲ့ စိတ်ထဲမှာ မတင်မကျဖြစ်နေခဲ့တယ် ဆယ်ရာရဲ့ အမေဖြစ်သူ So-Jung (Lee Hye-Young)က သူ့သမီးအောင်မြင်ကျော်ကြားတာကိုလိုချင်တယ် အဲဒါကြောင့် သူ့သမီးကို ဖုန်းထဲကပြောတဲ့ လိပ်စာအတိုင်းသွားဖို့ အကြံပေးတယ် Sera လည်း အဲမိန်းကလေးအိမ်ကိုသွားတော့ အဲမိန်းကလေးနဲ့ သမီးဖြစ်သူသေ‌ဆုံးနေတာကို တွေ့လိုက်ရတယ် အဲအချိန်ကစပြီး Sera က သရဲလိုမျိူး အဲမိန်းကလေးရဲ့ ...
movie

The Anchor (2022)

Breath (2022)
Breath (2022) Breath (2022)Survival Thriller ကားတွေကိုမှ ကြိုက်နှစ်သက်သူတွေအတွက် ၂၀၂၂ ခုနှစ် ရဲ့ ကားသစ်လေးတစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ။ဘူမိဗေဒပညာရှင် တစ်ယောက်ဖြစ်တဲ့ လော်ရာ ဟာ အမြဲတမ်း အလုပ်ကိုပဲရှေ့တန်းတင်ပြီး အလုပ်မှာအမြဲစိတ်နှစ်ထားသူတစ်ယောက်ပါ။ သူဟာ ခရစ္စတင်း လို့ခေါ်တဲ့ သမီးလေးတစ်ယောက်ရယ် ပြီးတော့ သူ့အဖေရယ်နဲ့ အတူတူ နေထိုင်ပါတယ်။တစ်ရက်မှာတော့ မီးတောင်တွေနဲ့ ကမ္ဘာမြေကြီးလှုပ်ရှားတဲ့လေ့လာရေးမှာ သူ့အလုပ်ပါတနာ အဒမ် ဆိုသူနဲ့ မီးတောင်တစ်တောင်ပေါ်တက်ခဲ့ပါတယ်။ ညနေမှောင်လာတဲ့ အချိန်မှာတော့ အဒမ် က အရင်ဆင်းသွားနှင့်ပြီး သူမကတော့ မြေကြီးနမူနာ ယူဖို့ နောက်မှဆင်းလာခဲ့မယ်ဆိုပြီး နေခဲ့ပါတယ်။ ဒီလိုနဲ့ သူမတစ်ယောက်တည်း ပြန်ဆင်းလာရင်း ကံဆိုးစွာနဲ့ မီးတောင်အလယ်က တွင်းနက်ကြီးထဲကို ကျသွားခဲ့ပါတယ်။ လော်ရာ တစ်ယောက် ကူသူမဲ့ တစ်ယောက်တည်း ဘယ်လို တွင်းနက်ကြီးထဲကနေ ရုန်းထွက်မယ်ဆိုတာကတော့ Survival ကားတွေရဲ့ ထုံးစံအတိုင်း စိတ်ဝင်တစား ဆက်လက်ကြည့်ရှုကြရမှာဖြစ်ပါတယ်။အညွှန်း နဲ့ ဘာသာပြန်ကတော့ Loon Swal Eain ပဲ ဖြစ်ပါတယ်။Genre.....Drama, Thriller Quality….1080p | 720p| 480p File ...
movie

Breath (2022)

Dark Cloud (2022) 3.5
Dark Cloud (2022) Dark Cloud (2022)ခေတ်ကြီးက တိုးတက်လာပြီ။ ကျွန်တော်တို့ငယ်ငယ်ကလို ညတွေဟာ အိပ်စက်ဖို့ရာမဟုတ်တော့ဘူး။ မကုန်နိုင်တဲ့ရုပ်ရှင်တွေ ဆိုရှယ်မီဒီယာတွေ ဂိမ်းတွေနဲ့ ညတွေဟာ ပိုစည်းကားလာကြပြီ။ အိပ်ချိန်တွေ မမှန်ကြတော့ဘူး။ ဒီလို အိပ်ချိန်မမှန်ရာကနေ အိပ်မပျော်တဲ့ရောဂါတွေပါ ရလာတယ်။ အစမှာတော့ သိပ်မသိသာပေမဲ့ အိပ်ချိန်မမှန်တဲ့အခါ စိတ်ဓာတ်တွေကျလာမယ်။ အသားအရေတွေ မကောင်းဖြစ်လာမယ်။ ၀က်ခြံတွေပေါက်လာမယ်။ ဘာမှကိုအကောင်းမရှိပါဘူး။ဒါကြောင့် အများသူငါအတွက်မျှော်တွေးပြီး ဆယ်မိနစ်လောက်ကြည့်ရုံနဲ့ အိပ်ပျော်သွားစေမယ့် Sci-Fi ရုပ်ရှင်ကားသစ်ကြီးတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ဇာတ်လမ်းကတော့ အတိတ်ခဏခဏမေ့ပြီး ဘာမှမမှတ်နိုင်ဖြစ်နေတဲ့ မိန်းကလေးတစ်ယောက် A.I အိမ်ကြီးထဲ စမ်းသပ်နေထိုင်ကြည့်တဲ့ အကြောင်းပါ။ A.I က ထကြောင်ပြီး ပြဿနာရှာရာက ခြောက်ခြားစရာတွေ ဖြစ်လာတဲ့ရုပ်ရှင်ပေါ့။ ဒါပေမဲ့ ဘာအဓိပ္ပာယ်မှလည်းရှိမနေသလို ကောင်းကွက်တစ်ကွက်မှလည်း မတွေ့ပါဘူး။ အားလုံးပဲ ဒီရုပ်ရှင်လေးကြည့်ပြီး အိပ်ပျော်နိုင်ကြပါစေ...Size - 800MB, 390MB Quality - 1080p, 720p Format - mp4 Duration ...
movie

Dark Cloud (2022)

[18+]Homejack (2016)
[18+]Homejack (2016) Homejack (2016)ဇာတ်လမ်းအစ Jack the Ripper လို့ခေါ်တဲ့ ကွင်းဆက်လူသတ်သမားတစ်ယောက်က အမျိုးသမီးတွေရဲ့ အိမ်ထဲဝင်ပြီး ဓားနဲ့လိုက်သတ်တာပါ...ထိုသတင်းကို တီဗီမှာ ကြော်ငြာနေတုန်း နာဆုကိုရဲ့ ယောက်ျားက အလုပ်နဲ့ခရီးထွက်သွားပါတယ်သူ့ယောကျ်ားခရီးသွားတာနဲ့ တစ်ပြိုင်နက် သူ့ချစ်သူရောက်လာပြီး မြန်မြန်ချစ်တင်းနှောပါတော့တယ်....ညရောက်တော့ ပစ္စည်းပို့သမားဟန်ဆောင်ပြီး ကွင်းဆက်လူသတ်သမားက နာဆုကို့အိမ်ကို ရောက်လာတဲ့နောက်...နာဆုကိုရဲ့ ဆန္ဒတွေကို လူသတ်သမားက ဘယ်လိုအားပါးတရ ဖြည့်ဆည်းပေးမလဲဆိုတာကို ကြည့်ရှု့ ရမှာပါနာဆုကိုရယ် သူ့ချစ်သူနဲ့ လူသတ်သမားတို့ရဲ့ သုံးယောက်ပေါင်းလောင်းကျော်အကွက်လည်း ပါတာမို့ ကီမုချိတို့အတွက် တင်ဆက်ပေးလိုက်ပါတယ် ။File Size__(800MB) Quality__DVDRip IMDb Rating__3/10 Format__mp4 Duration__01:10:00 Type__Adult, Crime Subtitle__Myanmar Subtitle (Hardsub) Translated by Parris Encoded by Dark Devil
movie

[18+]Homejack (2016)

Character (2021) 6.6
Character (2021) CHARACTER 2021IMDb rating - 6.6/10 Genre - Psychological Thriller, Familyကိုယ်လုပ်တာတွေကို အကုန်ပုံတူကူးချပြီး လိုက်လုပ်တတ်တဲ့ copycat သူငယ်ချင်းမိတ်ဆွေမျိုး ကြုံဖူးကြလား Copycatတွေက နေ့စဉ်ဘဝမှာဆိုရင် ဘေးနားကလူတွေကရဲ့ ဝတ်ပုံစားပုံတွေ အကျင့်တွေကအစ ပုံတူကူးချပြီးနေထိုင်တတ်ပါတယ်။ သို့ပေမဲ့ တခြားသူကျူးလွန်ထားတဲ့ လူသတ်မှုတွေကိုလိုက်ကြည့်ပြီး ပုံတူကူး လိုက်သတ်တတ်တဲ့ Copycat killer တစ်ယောက်ဆိုရင် ဘယ်လိုဖြစ်မလဲ...ဇာတ်လမ်းထဲမှာတော့ "ယမရှိရို ခဲအိဂေါ့"ဆိုတဲ့ Mangaစာရေးဆရာတစ်ယောက်က mangaဆွဲတာလည်း သေသပ်လှပပြီး ဖြတ်သွားဖြတ်လာလူတစ်ယောက်ရဲ့ပုံကိုတောင် ချက်ချင်းဆွဲနိုင်တဲ့ ပါရမီရှိတဲ့သူတစ်ယောက်ပါ။ ပြဿနာက သူရေးချင်တဲ့အမျိုးအစားက Thriller,Crimeဖြစ်ပြီး သူကိုယ်တိုင်ကတော့ သဘောကောင်းလွန်းတဲ့သူတစ်ယောက်ဖြစ်နေတာပါပဲ။ တော်ပေမဲ့အသက်ဝင်တဲ့ဇာတ်ကောင်ကိုမရေးဆွဲနိုင်တာကြောင့် ကိုယ်ပိုင်Mangaကို debutမလုပ်နိုင်သေးပါဘူး။ဒီလိုနဲ့စိတ်ဓာတ်ကျပြီးအလုပ်ထွက်ဖို့ပြင်နေတုန်း သူ့ရဲ့ဆရာဖြစ်သူက စံအိမ်တစ်လုံးရဲ့ပုံကို ညဘက်ကြီးမှာ သွားဆွဲခိုင်းခဲ့ပါတယ်။ ပုံကြမ်းဆွဲနေတုန်း စံအိမ်ထဲကသီချင်းသံကအရမ်းကျယ်လို့ အိမ်နီးချင်းက ပြဿနာလှမ်းရှာတာကြောင့် သူပါအခြေအနေမဟန်မှာစိုးလို့ အိမ်ပိုင်ရှင်တွေကိုလှမ်းပြောဖို့လုပ်ပါတယ်။ ဒါပေမဲ့အထဲက တုံ့ပြန်သံမကြားတာနဲ့ အထဲဝင်သွားတဲ့အခါ အိမ်ရှင်တွေကို ဓားနဲ့ထိုးသတ်ခံထားရတာကိုတွေ့လိုက်ရပါတယ်။ သူ့ဘဝမှာပထမဆုံး အဖြစ်ပျက်ဆိုးနဲ့ကြုံရတာမို့ကြောက်လန့်နေခဲ့တုန်းမှာ လူသတ်သမားဖြစ်သူကိုမြင်လိုက်ရပါတယ်။ ဒါပေမဲ့ ရဲတွေကမေးလို့ထွက်ချက်ပေးတဲ့အခါမှာတော့ သူဟာ လူသတ်သမားကိုမမြင်ခဲ့ပါဘူးလို့ထွက်ဆိုခဲ့ပါတယ်။အဲဒီကစလို့ ...
movie

Character (2021)

Dual (2022) 6.2
Dual (2022) Dual (2022)~ IMDb - 6.2/10, Rotten Tomatoes - 72% ~ဘာရောဂါနဲ့မှန်းမသိ သေတော့မယ့် ကောင်မလေးတစ်ယောက်ကို ဆရာ၀န်က သေဖို့သေချာနေပြီလို့ ပြောတော့ ကောင်မလေးက သူ့မှာ ဘာများရွေးချယ်စရာ ရှိသေးလဲလို့မေးတော့ ဆရာ၀န်ကပြန်ဖြေတယ်။ "မြေမြုပ်မလား မီးသင်္ဂြိုလ်မလား ရေထဲမျှောမလား ရွေးချယ်လို့ရပါတယ်"ဆိုပြီး သူသာဆို မြေပဲမြုပ်မယ့်အကြောင်း ဋီကာချဲ့ပြီးနောက် ကိုယ်သေသွားပေမဲ့ ကိုယ်ချစ်တဲ့သူတွေအတွက် ကိုယ့်ပုံတူကိုယ်ပွား အစားထားခဲ့လို့ရတဲ့အကြောင်း ကြော်ငြာစာရွက်ကလေးပေးလိုက်တယ်။ဒီလိုနဲ့ ကောင်မလေးက ကိုယ်ပွားပွားပေးတဲ့ဆီ ကိုယ်ပွားသွားပွားတယ်။ Ethic စောက်ရမ်းရှိတဲ့ ဆရာ၀န်က ကိုယ်လုံးတီးဖြစ်နေတဲ့ သူ့ကိုယ်ပွားကို ဘူးသွားတာကလွဲ အားလုံးအဆင်ချောပါတယ်။ နောက်မှ ဆရာ၀န်က ဘာမှားလဲမသိပေမဲ့ မသေတော့ပါဘူး ကောက်လုပ်ပြန်တော့ ကောင်မလေးခဗျာ ကိုယ်ပွားကြီးအဖတ်တင်ပါရော။ ပြဿနာက ခုနကိုယ်ပွားက လူစစ်စစ်ပဲ။ စက်မဟုတ်ဘူး။ ဆိုတော့ သူ့ကိုဖျက်သိမ်းဖို့က သတ်ပစ်ရတာပဲ။ဥပဒေအရ သေခါနီးလူမဟုတ်ရင် ကိုယ်ပွားပွားလို့ မရတော့ တစ်ယောက်ပဲရှင်ရမယ်။ ...
movie

Dual (2022)

They Talk (2021) 3.8
They Talk (2021) They Talk (2022)ပရလောကဆိုတာကို တစ်ချို့ကယုံကြတယ်။ တစ်ချို့က မယုံကြဘူးပေါ့။ တစ်ချို့ကျ တစ္ဆေဆိုတာ အကြောင်းတစ်ခုခုနဲ့ဖြစ်လာတဲ့ လူ့ရဲ့ပုံရိပ်ယောင်တွေ ပဲ့တင်သံတွေလို့ ထင်ကြတယ်။ တစ်ခါတလေကျလည်း သဘာ၀ရဲ့လှည့်ကွက်ပေါ့။ သဘာ၀ထဲက လေအေးနဲ့ လေနွေးပေါင်းစပ်မိတဲ့အခါမှာတောင် တစ်ခါတလေ ထင်ယောင်ထင်မှားဖြစ်လောက်စရာတွေပေါ်တတ်တယ်။ ဟော့ကင်းကတော့ လူဆိုတာ ကွန်ပြူတာတစ်လုံးလိုပဲလို့ ဆိုတယ်။ ပျက်ပြီး ပြီးပြီပေါ့။ ဒါပေမဲ့ တကယ်ရှိရှိမရှိရှိ ယုံတဲ့လူတွေရှိနေသရွေ့ သရဲကတော့ ရှိနေဦးမှာပါပဲ။ဒီဇာတ်လမ်းမှာ လူတစ်ယောက်ဟာ ပရလောကက အသံတွေကို ကြားနေရတယ်။ ကြုံရာကျပန်းတွေပါပဲ။ ဘာတွေလဲကို သူလည်းမသိဘူး။ သူ့လိုပဲ ကြားရတဲ့ ပရော်ဖက်ဆာတစ်ယောက်ဆီ သူအကြံသွားတောင်းတယ်။ ပရော်ဖက်ဆာကတော့ သရဲတွေက ကြုံရာကျပန်းပြောတာမဟုတ်ဘူး။ သူ့ကို သတင်းတစ်ခုခုပေးချင်တာတဲ့။ ဒီတော့ သူအဖြေရှာတယ်။ သူ့ကောင်မလေးက ဒါတွေကိုမယုံဘူး။ ဆက်မလုပ်တော့ဖို့ပြောတယ်။ ဒီလိုနဲ့ တစ်မနက်ကျ ပရော်ဖက်ဆာကြီးဆီက ဖုန်း၀င်လာပြီး သူ့ကို တစ်ခုခုလာနေပြီ သတိထားလို့ပြောတယ်။ အဲဒီညနေသူ ဖုန်းပြန်ဆက်တော့ ...
movie

They Talk (2021)

Shark Bait (2022) 4.2
Shark Bait (2022) သူငယ်ချင်း​တွေ ပင်လယ်ကမ်း​​​​ခြေကို ခရီးထွက်လာမယ်၊ ​ပျော်ပါး ကြမယ်၊ အရာရာ ပျော်စရာအတိ ဖြစ်​နေရင်​တော့ ​သေချာပါတယ်၊ အဖျက်သမားတစ်​ကောင် ​ပေါ်လာ​တော့မှာပါ၊ သူက​တော့ အားလုံး သိပြီးသား ​ကို​ရွှေငါးမန်းရယ်​ပေါ့၊ ငါးမန်းနဲ့ပတ်သတ်တဲ့ ဇာတ်ကား အများစုက ဒီလိုဖန်တ​ရာ​တေ​နေတဲ့ ဇာတ်အိမ်​မျိုး​​တွေ ဖြစ်​ပေမယ့် ဒီလိုကား​တွေက ရလာတဲ့ သည်းထိပ်ရင်ဖိုတွေ၊ ဇာတ်​ကောင်​နေရာ က​နေ ကျီးလန့်စာစား ဖြစ်ရပုံ​တွေ၊ ငါးမန်းရန်က လွတ်နိုင်ပါ့မလား ​ကိုယ်စား​​တွေးပူမိတဲ့ စိတ်ခံစားချက်​တွေ​ကြောင့်လည်း ဒီ​​နေ့​ခေတ် ဒီအချိန်​ထိ ငါးမန်းရုပ်ရှင် သည်း​ခြေကြိုက်ဖန်တွေ ရှိ​နေဆဲပါ။ အခု ၂၀၂၂ထွက် ငါးမန်းကားသစ်ဟာလည်း အထက်ပါမဲပြာပုဆိုး ဇာတ်အိမ်ပါပဲ၊ သူငယ်ချင်း​တွေ ကမ်း​ခြေကို ခရီးထွက်လာတယ်၊ မူးရူး​ပျော်ပါးတယ်၊ ​ရှေ့​နောက်မကြည့်ဘဲ စပိဘုတ်​​တွေနဲ့ ပင်လယ် ထဲ ထွက်လာတယ်၊ ကမ်းနဲ့ အ​တော်​ဝေး​ဝေးမှာ အက်စီးဒင့်ဖြစ်ပြီး ​ပင်လယ်ထဲ မဟာဇနက္က​​နဲ့ နင်လား ငါလား ဖြစ်သွားတယ်၊ အဲဒီမှာ ဇာတ်လိုက်​ကျော် ​ငါးမန်းဖြူကြီး ​ရောက်လာတယ်၊ ငါးမန်းရန်က လွတ်​အောင် ကြိုးစားကြတယ်​ပေါ့။ ဇာတ်လမ်းက ဒါပါပဲ၊ ရိုးရှင်းတယ် ခန့်မှန်းရလွယ်တယ်၊ သင်ခန်းစာ ယူလို့ရတဲ့ ကားမျိုး​တော့ မဟုတ်ဘူး၊ ဒါ​ပေမဲ့ သူတို့ရဲ့ အသက်​ဘေး လွတ်​အောင်ကြိုးစားပုံ​တွေ၊ ...
movie

Shark Bait (2022)

Alive (1993) 7.1
Alive (1993) Alive (1993)~ IMDb - 7.1/10, Rotten Tomatoes - 59% ~ဟင်္သာကိုးသောင်းပျက်စီးရခြင်းက ဇာတ်တူသားစားလို့ဟုဆိုပါလျှင် သူတို့က တိရစ္ဆာန်သာဖြစ်လို့ပါဟု ပြောရမည်လား မသိနိုင်ပါ။ ပေါရိသ နန်းကျမင်းရဲ့ လူသားအပေါ်တပ်မက်မှုက လျှာဖျားတထောက် အရသာအပေါ် အခြေခံတယ်လို့ မှတ်သားဖူးတာပါပဲ။ လူသားဆိုတာ စားကောင်းတဲ့အသားလား၊ မစားကောင်းတဲ့အသားလား ဆိုတာကတော့ လူ့ယဉ်ကျေးမှုအဖွဲ့အစည်းမှာ ဖြေစရာမလိုတဲ့ မေးခွန်းတစ်ခုပါ။ဒါပေမဲ့ အဲဒီမေးခွန်းကိုပဲ ငတ်မွတ်ဆာလောင်ပြီး စားစရာမရှိတဲ့သူတွေကို မေးကြည့်ရင်ဖြင့် တမျိုးတဖုံ ပြောင်းသွားနိုင်စရာအကြောင်းရှိတာပေါ့။ လူ့အသိုင်းအဝိုင်းအတွင်းမှာတော့ ငတ်မွတ်ခေါင်းပါးရုံနဲ့ လူသားကို စားစရာအဖြစ် မရွေးချယ်စကောင်းပေမဲ့ မိုင် (၁၀၀) ဝန်းကျင်ကျယ်ပြန့်တဲ့ ရေခဲတောင်တန်းပေါ်မှာတော့ လူသေအလောင်းဟာ ရွေးချယ်စရာတစ်ခု ဖြစ်လာတော့တာပါပဲ။ဒီအဖြစ်ဟာ 1972 ခုနှစ်မှာ အမှန်တကယ်ဖြစ်ပျက်ခဲ့တာပါ။ တောင်အမေရိက ရက်ဘီဘောလုံးအသင်းဟာ အိမ်နီးချင်းနိုင်ငံ ချီလီမှာ ကစားပွဲတစ်ခု သွားရောက်ကစားဖို့အတွက် ဆွေမျိုး မိတ်ဆွေတွေ တင်ဆောင်လို့ အန်ဒီ‌စ်ရေခဲတောင်တန်းတွေပေါ်ကို ...
movie

Alive (1993)

Terrorizers (2021) 6.1
Terrorizers (2021) Terrorizers 2021ဒီကားကပြောရမယ်ဆိုရင်တော့ မိဘတွေဆီကအချစ်မခံရတဲ့ broken familyတွေက ကလေးတွေအကြောင်းပေါ့ကျောင်းမင်လန်ဆိုတဲ့ ဆယ်ကျော်သက်ကောင်လေးက အိမ်မှာမနေချင်ဘူး သူ့မိဘတွေကပိုက်ဆံချမ်းသာပေမဲ့အိမ်ထောင်ရေးအဆင်မပြေဘူး သားဖြစ်သူကိုအရမ်းချစ်အရမ်းအလိုလိုက်ပေမဲ့ သူလိုချင်တဲ့မေတ္တာတော့မပေးနိုင်ကြဘူးချန်ယွီဖုန်းကလည်းအဲ့လိုပဲ ကျောင်းမင်လန်နဲ့မောင်နှမဝမ်းကွဲ သူ့အမေကသူငယ်ငယ်ထဲကထားသွားတယ် အဖေကလည်းရာထူးနေရာအတွက်ပဲဂရုစိုက်ပြီး သူ့လက်ထောက်နဲ့နောက်အိမ်ထောင်ပြုသွားတယ် အမေလည်းမရှိ အဖေလည်း နောက်အိမ်ထောင်ပြုတဲ့အချိန်မှာ တစ်ယောက်ထဲအထီးကျန်ပြီး မေတ္တာငတ်နေခဲ့တယ်မောင်နှမနှစ်ယောက်တစ်အိမ်ထဲအတူနေကြပေမဲ့စကားမပြောကြဘူး ဒါပေမဲ့ကျောင်းမင်လန်ကြိုက်နေတဲ့သူက porn star ယွီဖုန်းရဲ့သူငယ်ချင်း... အဲ့သူငယ်ချင်းကိုလည်းယွီဖုန်းက မေတ္တာငတ်နေမှာ ဒုက္ခရောက်နေမှာစိုးပြီး ကူညီပေးဂရုစိုက်ပေးရင်း ချစ်မိသလိုဖြစ်သွားတဲ့အခါ...ဆယ်ကျော်သက်ကလေးတစ်ယောက်ရဲ့ အစ်မကသူ့ချစ်သူကိုခိုးတယ်ထင်ပြီး ထင်ရာတွေလုပ်ရင်း ဘာတွေဆက်ဖြစ်သွားလဲဆိုတာ ဇာတ်ကားထဲကြည့်ရှုပေးပါနော် ။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Hlaing Theint Theint Latt ပါ )File Size__(2.2GB) / (1.1GB) Quality__1080p, 720p IMDb Rating__6.1/10 Format__mp4 Duration__02:07:00 Type__Drama, Romance, Thriller Subtitle__Myanmar Subtitle (Hardsub) Translated by Hlaing Theint Theint Latt Encoded by Naing Aung Latt
movie

Terrorizers (2021)