Channel Myanmar

Thriller

Monstrous (2022) 6.4
Monstrous (2022) 'လော်ရာ'နဲ့ သားဖြစ်သူ'ကိုဒီ'တို့ဟာ ခင်ပွန်းဖြစ်သူ စ​ကော့တ်​ရဲ့ နှိပ်စက်မှုဒဏ်ကို မခံစားနိုင်​တော့လို့ ကယ်လီဖိုးနီးယားကို သားအမိ၂​ယောက်တည်းထွက်​ပြေးလာကြပြီး မြို့ပြင်က အိမ်​ဟောင်းတစ်လုံးမှာ ဇာတ်မြုပ်ပြီး ​နေထိုင်​နေကြတာပါ၊သူတို့ငှားရမ်း​နေတဲ့အိမ်ကြီးရဲ့ ​ဘေးမှာ​​တော့ ​ရေကန်ကြီးတစ်ခုရှိပါတယ်၊ ကိုဒီက အဲဒီအိမ်​ကို စပြီး​ရောက်ကတည်းက စိတ်မသန့်​ကြောင်း၊ရေကန်ထဲက​ သရဲတစ်​ကောင် သူ့အခန်းထဲဝင်လာ​နေလို့ ​အိမ်ပဲပြန်ချင်​ကြောင်း အခါခါ​ပြောပေမယ့် ​ခင်ပွန်းရန်ကို​ ပိုကြောက်​​တဲ့ ​လော်ရာက သားဖြစ်သူ​ပြောတဲ့ မူမမှန်မှု ​တွေကို သိသိလျက်နဲ့ ​ပေကပ်ပြီး​နေခဲ့ရာမှ ​အရာရာနောက်ကျသွားပြီး 'ကိုဒီ'အဖို့ ​ရှောင်လွှဲလို့မရ​နိုင်​တော့တဲ့ ​အန္တရာယ်​ဆိုးကြီး ရောက်လာတဲ့အခါ...ဘာတွေဆက်ဖြစ်သွားမလဲဆိုတာကို စိတ်လှုပ်ရှားဖွယ် ကြည့်ရှု့ကြရမှာပါ ။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Jim X ပါ ) File Size__(1.6GB) / (850MB) Quality__WEB-DL_1080p, 720p IMDb Rating__6.4/10 Format__mp4 Duration__01:28:00 Type__Horror, Mystery, Thriller Subtitle__Myanmar Subtitle (Hardsub) Translated by Jim X Encoded by Naing Aung Latt
movie

Monstrous (2022)

E-San Of The Dead (2022) 5.5
E-San Of The Dead (2022) ဒီတစ်ကာတင်ဆက် ပေးမှာကတော့ Mono Originals က ပထမဆုံးရိုက်ကူးတဲ့ ထိုင်းဟာသ ဇွန်ဘီကားလေးပါမြို့တွေနဲ့ ‌‌‌‌‌‌ေ၀းလံ့ခေါင်သီတဲ့ အစွန်အဖျားတောအုပ်ထဲမှာ လူတွေနေထိုင်ကြရင်းနဲ့ ရွာငယ်တစ်ရွာဖြစ်လာခဲ့တယ်အဲ့ရွာမှာ ရွာကို အကျိုးမပေး အမြဲသောက်စားပျော်ပါးနေတဲ့ လူငယ်ငမူး ၃ကောင်ရှိပါတယ်ငမူးမို့ တစ်ရွာလုံးရဲ့ချဥ်ဖက်ဖြစ်နေသူ ၊ မူးရူးအလုပ်မရှိလို့ လက်ထက်ခွင့်တောင်းတာ ငြင်းခံရသူ ၊ ငမူးဖက်တီးဆိုပေမယ့် ပိုက်ဆံလေးရှိတော့ အဆင်ပြေ‌‌နေသူတစ်နေ့ သူတို့ ထဲကတစ်ယောက်က ရုတ်တရက် မဂ်လာထဆောင်တော့ နောက်ဆုံးနေ့ နောက်ဆုံးသောက်ခြင်းဆိုပြီး ရှယ်သောက်ကြတာပေါ့အမူးလွန်ပြီး နောက်နေ့နိုးလာတော့ တစ်ရွာလုံးနီးပါးက ဇွန်ဘီတွေဖြစ်နေတဲ့အခါ...သူတို့ ငမူး၃ကောင် ရွာသူရွာသားတွေကို ဘယ်လိုကယ်တင်မလဲ...ဇွန်ဘီတွေက‌ရော ဘယ်ကနေဘယ်လိုစဖြစ်လာတာလဲ ဆိုတာတွေကို ဟာသနှောပြီး ရိုက်ထားတာမို့ ကြည့်ရှု့ရအောင် တင်ဆက်ပေးလိုက်ပါတယ် ။File Size__(1.3GB) / (650MB) Quality__1080p, 720p IMDb Rating__5.6/10 Format__mp4 Duration__01:13:00 Type__Comedy, Thriller Subtitle__Myanmar Subtitle (Hardsub) Translated by Nang Mwe Kham Encoded by ...
movie

E-San Of The Dead (2022)

Open The Coffin (2022) 6.6
Open The Coffin (2022) ဒီတစ်ခေါက် တင်ဆက်ပေးမဲ့ ဇာတ်ကားလေးကတော့ "Open The Coffin" ဆိုတဲ့နာမည်အတိုင်း အခေါင်းဖွင့်ရာကနေ စဖြစ်တည်လာတဲ့ ဇာတ်လမ်းလေးပါဇာတ်ကြောင်းလေးကတော့...သင်္ချိုင်းဂူဖောက်တဲ့ လူတစ်စု ထန်မင်းဆက်က သင်္ချိုင်းကို ဖောက်ထွင်းရာမှာ မဖွင့်သင့်တဲ့ အခေါင်းတစ်ခုကို ဖွင့်မိပြီး သင်္ချိုင်းက အလောင်းအားလုံး အသက်ဝင်လာခဲ့တယ်သူတို့တွေ ​ကံကောင်းထောက်မလို့ သင်္ချိုင်းကနေ ပြန်ထွက်လာနိုင်ခဲ့ပေမဲ့ သူတို့အဖွဲ့သားတွေ တစ်ယောက်ပြီးတစ်ယောက် ထူးဆန်းတဲ့ပုံစံအမျိုးမျိုးနဲ့ သေကုန်ကြပါတယ်ရှန်ချွင်ဟယ်ဆိုတဲ့ ရဲအုပ်ရှန်ဟာ သူ့ဆရာ သေဆုံးမှုအတွက် တစ္ဆေလက်ဆိုတဲ့သင်္ချိုင်းဖောက်ထွင်းသူကို ၃နှစ်ကြာစုံစမ်းနေတာပါတစ်နေ့မှာတော့ ဆန်းကြယ်မှုအမျိုးမျိုးနဲ့ သင်္ချိုင်းဖောက်ထွင်းသူတွေ တစ်ယောက်ပြီးတစ်ယောက် သေဆုံးနေတဲ့အမှုကို စုံစမ်းရဖို့ ဖြစ်လာပါတယ်ဒီအမှုဟာ တစ္ဆေလက်နဲ့ ဆက်နွယ်နေတာကို သိလိုက်ရချိန်မှာတော့ ရှန်ချွင်ဟယ်တစ်ယောက် အမှုကို တစ်စ,တစ်စ ဘယ်လိုမျိုးဖော်ထုတ်ဖြေရှင်းသွားမလဲဆိုတာ စိတ်လှုပ်ရှားကြောက်မက်ဖွယ် ဆက်ကြည့်ကြရမှာပါ ။( ဘာသာပြန်ပြီး အညွှန်း‌ရေးသားထားသူကတော့ Yamin Ei ပါ ) File Size__(1.7GB) / (800MB) Quality__1080p, 720p IMDb Rating__5.6/10 Format__mp4 Duration__01:32:00 Type__Thriller, ...
movie

Open The Coffin (2022)

A Thousand Little Cuts (2022)
A Thousand Little Cuts (2022) Anne ဆိုတဲ့အမျိုးသမီးတစ်ယောက်ဟာ ဆေးရုံမှာနိုးလာပါတယ်။သူဘာလို့ဆေးရုံရောက်နေလဲဆိုတာဇဝေဇဝါဖြစ်နေပါတယ်။စိတ်ရောဂါကုဆရာ၀န်က သူ့ရဲ့အတိတ်ကို တူးဆွပေးပြီးထိတ်လန့်စရာဖြစ်ရပ်ကို ပြန်မှတ်မိနိုင်အောင် လမ်းပြပေးပါတယ်။ ဒါပေမယ့် Anne ရဲ့မသိစိတ်က တကယ်ဖြစ်ခဲ့တာတွေကို ဖန်တီးထားတဲ့မှတ်ဉာဏ်တွေနဲ့အစားထိုးပြီး ဖြစ်ရပ်မှန်ကို ဖုံးကွယ်နေတဲ့အတွက်မလွယ်ကူပါဘူး။ Anne တယောက်ဟာတုန်လှုပ်စရာဖြစ်ရပ်ကို မှတ်မိနိုင်ဖို့ နာကျင်ရတဲ့အတိတ်ကိုပြန်သွားရမှာပါ။ Director Josh Brandonရိုက်ကူးထားပြီး မင်းသမီးချော Rebecca Liddiard ကအဓိကနေရာကနေပါ၀င်ထားပါတယ်။ဇာတ်လမ်းပြကွက်တွေက အတိတ်နဲ့ ပစ္စုပ္ပန်ကိုတစ်လှည့်စီပြနေတာမျိုးပါ။စိတ်ပညာကိုစိတ်၀င်စားရင် ကြည့်လို့ကောင်းတဲ့ ရုပ်ရှင်တစ်ကားပါပဲ။ File size…(1.1GB)/(623.97MB)/(306.2MB) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:27:00 Genre...Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by....SP
movie

A Thousand Little Cuts (2022)

Dark Glasses (2022) 5.1
Dark Glasses (2022) Dark Glasses (2022) Thriller ဇာတ်ကားကောင်းလေးတွေကို နှစ်သက်တဲ့ အမျိုးတို့အတွက် အကြိုက်တွေ့စေမယ့်ဇာတ်ကားလေးပါ။ဇာတ်လမ်းအကျဉ်းကတော့ ရောမမြို့မှာ ပြည့်တန်ဆာတွေ အသတ်ခံရတဲ့ အမှုက ပြည့်တန်ဆာ ၃ ဦး အသတ်ခံရပြီးနောက် နာမည်ကြီးလာခဲ့တယ်။ ပြည့်တန်ဆာ ဒီယာနာ ဆိုတဲ့ အမျိုးသမီးဟာ အင်မတန် လှပပြီး စျေးကြီးတယ်။တစ်နေ့တော့ သူဟာ လူသတ်သမားရဲ့ ပစ်မှတ် ဖြစ်လာခဲ့တယ်။ ဒီလိုနဲ့ပဲ လူသတ်သမားလက်က လွတ်အောင် ကြိုးစားရင်း ဒီယာနာ တစ်ယောက် ကားအက်စီးဒန့်ဖြစ်ကာ မျက်စိကွယ်သွားခဲ့ရပါတယ်။သူ့ကားနဲ့ တိုက်မိတဲ့ ကားမှာတော့ တရုတ်လူမျိုး ကလေးလေး တစ်ဦးသာ အသက်ရှင်ကျန်ခဲ့တယ်။ ဖခင်ဖြစ်သူက ပွဲချင်းပြီး သေဆုံးပြီး မိခင်ကတော့ ကိုမာ ဖြစ်သွားတယ်ပေါ့။ ဒီလိုနဲ့ ဒီယာနာ တစ်ယောက် စောင့်ရှောက်ရေး ဂေဟာမှာ အဲ့ကလေးကို သွားတွေ့ခဲ့တယ်။ကလေးကလည်း ဂေဟာကနေ ခိုးထွက်ပြီး ဒီယာနာရဲ့ အိမ်ကို လိုက်လာခဲ့တယ်။ ဒီလိုနဲ့ ...
movie

Dark Glasses (2022)

2022
Flightplan
Flightplan ဒီရုပ်ရှင်က Psychological Thriller အမျိုးအစားပါ၊ အတူလိုက်ကြည့်ရင်း ခေါင်းစားလိုက် ရင်ခုန်လိုက်ပေါ့။မိခင်တစ်ယောက်ဆိုတာ သွားရှုပ်လို့မရဘူးဆိုတဲ့ မက်ဆေ့ချ်လေးပေးချင်တဲ့ ကားကောင်းလေးတစ်ကားလာပါပြီပရတ်ဆိုတဲ့ အမျိုးသမီးဟာ ယောကျ်ားဆုံးသွားလို့ သမီးလေးနဲ့အတူ အမေရိကန်က လောင်းအိုက်လန် ကိုပြန်ပြီးသဂြိုလ်ဖို့အတွက် ဘာလင်ကနေထွက်လာတာပါ သူကလေကြောင်းအင်ဂျင်နီယာဆိုတော့ သူစီးမယ့်လေယာဉ်ရဲ့ အစိတ်အပိုင်းတွေအားလုံးကိုလည်း သေသေချာချာသိတဲ့ သူတစ်ယောက်ပေါ့အဲဒီလိုနဲ့ လေယာဉ်စထွက်ပြီးမကြာခင်မှာပဲ သူ့သမီးလေးက လေယာဉ်ပေါ်မှာပျောက်သွားခဲ့တာပါ ထူးထူးဆန်းဆန်းကိစ္စဆိုတော့ သူများတွေကလည်း သိပ်မယုံကြဘူးပေါ့ လေယာဉ်မှူးကိုယ်တိုင်က မယုံချင်ချင်နဲ့ ရှာပေးရှာတော့တာပါပဲ အဲဒီမှာ သူ့ကိုစိတ်ကယောင်ကတမ်းဖြစ်တယ်ဆိုပြီး လေကြောင်းရဲက ထိန်းသိမ်းထားရပါတော့တယ် တကယ်တော့ သူက တကယ်ပဲစိတ်ရောဂါဖြစ်နေတာလား သူ့သမီးလေးကရော တကယ်ပါလာရဲ့လား လေယာဉ်ပေါ်မှာရော ဘာတွေဆက်ဖြစ်မှာလဲဆိုတာ စိတ်လှုပ်တရှားနဲ့ကြည့်လို့ကောင်းတဲ့ ကားဟောင်းလေးတစ်ကားပါပဲFile size…(1.54GB)/(719MB)/(524.78MB) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:38:00 Genre...Thriller/Mystery/drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by....Garfield
movie

Flightplan

Puzhu (2022) 6.5
Puzhu (2022) Puzhu (2022) ပုံမှန်အိန္ဒိယရုပ်ရှင်တွေနဲ့ ကွဲထွက်နေတဲ့ တကယ်ကောင်းတဲ့ ဒရမ်မာကားတစ်ကားပါ။ ‌ခါတိုင်းလို မင်းသား၊ မင်းသမီး ချစ်ကြိုက်ကွဲညားတို့၊ လန်ထွက်နေတဲ့ အက်ရှင်ခန်းတွေတို့၊ ပညာပေးတို့ မပါဘဲ ခံစားသက်ဝင်မှုကောင်းကောင်းနဲ့ စီးမျောခံစားလို့ရမဲ့ ဇာတ်ကားကောင်းတစ်ကားပါပဲ။စီးပွားရေးလုပ်နေတဲ့ ရဲအရာရှိဟောင်း၊ မုဆိုးဖို၊ single father ဖြစ်တဲ့ ကူတန်ဟာ ဇာတ်နိမ့်ပြဇာတ်သရုပ်ဆောင်တစ်ဦးနဲ့ လက်ထပ်သွားတဲ့ ညီမဖြစ်သူကို သေခန်းဖြတ်ခဲ့ပေမဲ့ သူ့ညီမက သူတို့သားအဖ‌နေတဲ့ အိမ်ရာကို ယာယီပြောင်းလာတဲ့အခါမှာတော့ အနယ်မထိုင်သေးတဲ့ မုန်းတီးရွံရှာမှုတွေ၊ အရှက်ရမှုတွေဟာ တဖန်ပြန်လည်အသက်ဝင်လာခဲ့ပါတယ်။ဒါ့အပြင် သားအပေါ်မှာ တင်းကြပ်လှပြီး လက်မခံနိုင်ဖွယ် ချုပ်ချယ်မှုတွေနဲ့ အုပ်ထိန်းနေတဲ့သူ့ကို တစ်ယောက်ယောက်က သတ်ဖို့ကြိုးစားနေတ‌ယ်လို့ ယုံကြည်လာတဲ့အခါမှာ အနီးဝန်းကျင်က လူတိုင်းကိုလည်း သံသယဝင်လာရပါတော့တယ်။အထီးကျန်ဆန်တဲ့ အဖော်ကင်းမဲ့မှုဟာ ဝန်မခံချင်ရင်တောင်မှ ရင်ထဲမှာ လစ်ဟာနေသလို ခံစားစေရပြီး၊ တစ်ခါတစ်ရံ စိတ်ပိုင်းဆိုင်ရာပါ ထိခိုက်စေပြီး လူ့ဂွစာတစ်ယောက်ဖြစ်‌စေတတ်တာလည်း သိကြမှာပါပဲ။ဒီကားမှာလည်း အဓိကဇာတ်ကောင်ဖြစ်တဲ့ ကူတန်ရဲ့ အဖော်ကင်းမဲ့မှု၊ တယူသန်ရှေးရိုးစွဲမှုတွေနဲ့ ဟိန္ဒူဇာတ်နိမ့်၊ ...
movie

Puzhu (2022)

2022
Vendetta (2022) 3.5
Vendetta (2022) ဆရာကြီး ဘရုစ်ဝီလီရဲ့ Vendettaဆိုတဲ့ အက်ရှင် ဇာတ်ကားသစ် ထွက်ရှိလာပြန်ပါပြီ၊ ဒီဇာတ်ကားထဲမှာ​တော့ ဇာတ်လိုက်မဟုတ်တဲ့ ဗီလိန်အ​နေနဲ့ ​တွေ့ရမှာဆို​တော့ တမျိုးဆန်းတာ​ပေါ့၊ ဒါတင်မကဘဲ မိုက်တိုင်ဆန်ဆိုတဲ့ လက်သီးချင်းမနိုင်လို့ သူများနားရွက်​ပြေးဟပ် တဲ့ လူကြမ်းလက်​​ဝှေ့သမားကြီးလည်း ပါဝင်ထားပါ​သေးတယ်။  အညွှန်းက​တော့ ဝီလီယမ်ဒန်ကန်ဆိုတဲ့ စစ်မှုထမ်း​ဟောင်းကြီးဟာ မိသားစုနဲ့အတူ သာယာ​ပျော်ရွှင်တဲ့ ဘဝ​လေးကိုဖြတ်သန်း​နေရင်း တစ်​နေ့မှာ​တော့ ကံဆိုးစွာပဲ သမီးဖြစ်သူ ကက်သရင်းဟာ ​ဒေသခံ Fetterလူမိုက်ဂိုဏ်းရဲ့ လက်ချက်နဲ့ ​သေဆုံးသွားပါတယ်၊ ဒန်ကန် အ​နေနဲ့ တရားခံကို လက်ရဖမ်းမိခဲ့​ပေမယ့် မျက်မြင်သက်​သေမရှိ ဓါတ်ပုံနဲ့ စီစီတီဗွီ​တွေလည်းမရှိလို့ တရား​သေလွတ်သွားခဲ့ပါတယ်။  သမီးဖြစ်သူကို သတ်သွားတဲ့သူကို ဥပ​​ဒေအရ စီရင်လို့မရတဲ့အဆုံး ဒန်ကန်တစ်​ယောက် ဥပ​ဒေပြင်ပက​နေ သူကိုယ်တိုင်ပဲ လက်တုံ့ပြန် ခဲ့ပါတယ်၊ ဒါ​ပေမဲ့ တရားခံက Fetter ဂိုဏ်းချုပ်ရဲ့ သားဖြစ်​နေလို့ Fetter ဂိုဏ်းကလည်း ဒန်ကန်ကို လက်စား​ချေဖို့အတွက် ကြိုးစား လာရင်း ဗုံလုံတစ်လှည့် ငါးပျံတစ်လှည့် လက်စား​ချေပွဲ ဆင်နွှဲကြ ပါ​တော့တယ်။File size…1.4GB / 647MB Quality… 1080p WEBRIP AAC5.1CH/ 720p Format…mp4 Duration….1h 35m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated ...
movie

Vendetta (2022)

2022
Seven Days (2007) 6.6
Seven Days (2007) Seven Days(2007) အညွှန်း**********************ရှေ့​နေယူဂျီယောင်းဟာ ရှေ့နေလောကမှာ နာမည်ကျော်ကြားသူတစ်ဦးဖြစ်ပြီးသူ လက်ခံတာဝန်ယူတဲ့ အမှုမှန်သမျှ ရှုံးနိမ့်တာမရှိသလောက်နာမည်ကြီးတဲ့သူ...တစ်ရက်မှာတော့ သူမရဲ့ သမီးလေး အွန်းယောင်းကို အကြမ်းဖက်အဖွဲ့ကနေ ပြန်ပေးဆွဲသွားတယ်...အွန်းယောင်းကို ပြန်ပေးဆွဲသွားတဲ့ အုပ်စုက သူမကိုအမှုတစ်ခု တာဝန်ယူပြီး သူတို့ရဲ့ လူကို အပြစ်မရှိကြောင်း သက်သေပြနိုင်မှသာလျှင်  သမီးလေးကိုအသက်ရှင်လျှက်ပြန်လွှတ်ပေးမယ်လို့ ခြိမ်းခြောက်ခဲ့တယ်...ယူဂျီယောင်းအတွက် တကယ့်ကို ငရဲခန်းပါပဲ...သူလွတ်အောင်လုပ်ပေးရမဲ့တရားခံက ခိုင်လုံတဲ့သက်သေတွေကြောင့် သေဒဏ်ကျဖို့ သေချာသလောက်ရှိနေတဲ့အပြင် တစ်ဘက်ကလည်းမိမိရဲ့ ရင်သွေးလေးရဲ့ အသက်ကိုလည်း ကယ်ရမှာဖြစ်တဲ့အတွက်ကြောင့်မို့..ကားဟောင်းဖြစ်ပေမဲ့ အတော်ကြီးကိုစိတ်ဝင်စားဖို့ကောင်းတဲ့ ဇာတ်လမ်းဖြစ်လို့ကြည့်သင့်ပါကြောင်း.... File Size :(2.6GB) (1.3GB) and (498 MB) Quality : Blu-Ray 1080p5.1ch,720p Format…mp4 Duration…02:05:00 Genre : Crime, Drama, Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by Nan D Lei Encoded by Phyo Pyae
movie

Seven Days (2007)

Memory(2022) 6
Memory(2022)  မင်းသားကြီး လီယံနယ်ဆန် နဲ့ မင်းသမီး မိုနီကာဘယ်လူချီတို့ပါဝင်ထားတဲ့ ရုပ်ရှင်ကားအသစ်ထွက်ပါပြီ။ Crime, Thriler အမျိုးအစားပါပဲ။ အဲလက်စ်ဆိုတဲ့ ကြေးစားလူသတ်သမားတစ်ယောက်ကို ကလေးသူငယ် လူကုန်ကူးတဲ့အဖွဲ့က လူတစ်ယောက်ကို သတ်ဖို့ ငှားရမ်းတာကနေ စတင်လိုက်ပါတယ်။ငှားလိုက်တဲ့အဖွဲ့ မသိသေးတာက အဲလက်စ်ဟာ အယ်ဇိုင်းမာရောဂါဖြစ်နေပြီး မှတ်ဉာဏ်တွေက ပေါ်လိုက်ပျောက်လိုက်ဖြစ်နေတာပါပဲ။ အဲဒီလူကုန်ကူးအဖွဲ့ကိုပဲ မက္ကဆီကိုရဲတစ်ယောက်နဲ့ အက်ဖ်ဘီအိုင်တစ်ယောက်က လိုက်နေပါတယ်။ ဒီလူအားလုံးမှာ ဝမ်းနည်းစရာ နောက်ကြောင်းကိုယ်စီနဲ့ပေါ့။ဥပဒေ နဲ့ လက်စားချေမှုကြားမှာ လွန်ဆွဲပုံတွေ၊ ချမ်းသာပြီး ဩဇာကြီးလွန်းတဲ့သူတွေဟာ ဥပဒေအထက်ကိုရောက်နေပုံတွေကို ပြသထားတဲ့ ရုပ်ရှင်ကောင်းကောင်းတစ်ကားပါပဲ။  File size…(1.5GB)/(834MB)/(392MB) Quality…. 1080p/720p HDCAM/ 480p Format…mp4 Duration….01:54:00 Genre...Action/ Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by....Mr. Anderson
movie

Memory(2022)

4K HEVC Web-DL
[18+] Kaliwaan (2022)
[18+] Kaliwaan (2022) 18+ ဆိုပြီး အားရပါးရပြေးမငမ်းခင် တစ်ခုသတိပေးချင်တာက ဒီဇာတ်ကားက သတ်ခန်းဖြတ်ခန်း သွေးထွက်သံယိုတွေနဲ့ Thriller အမျိုးအစားလဲဖြစ်ပါတယ်။ဇာတ်လမ်းကတော့...ဘူဂီက သာမန်လူလတ်တန်းစားမိသားစုက မွေးဖွားလာပြီးကျောင်းတက်အလုပ်လုပ်နေဆဲလူငယ်တစ်ယောက်ဖြစ်ပြီး၊ သူ့မိဘတွေကတော့မုန့်တိုက်တစ်ခုဖွင့်ထားပါတယ်။ သူ့ကောင်မလေး မော်နီကာ ကတော့ အနှိပ်ခန်းတစ်ခုမှာ အလုပ်လုပ်ပြီး မကြာခဏငွေတောင်းကြမ်းတဲ့ အဒေါ်လောင်းကစားသမားကြောင့် ဒီဘဝက ရုန်းထွက်လွတ်မြောက်ဖို့ ကြိုးစားရင်း သံသရာလည်နေရသူပါ။တစ်နေ့တော့ မော်နီကာကိုတစ်ဖက်သတ်ကြိတ်ကြိုက်နေတဲ့ ရာဂျီဆိုတဲ့လူတစ်ယောက်က အလုပ်ရှာပေး ငွေတွေနဲ့မက်လုံးပေးရင်း မော်နီကာရဲ့ကာမကိုရယူချိန်မှာ ဘူဂီတွေ့မြင်သွားခဲ့ပြီး ရုတ်တရက် ဖြစ်ပေါ်လာတဲ့ သဝန်တိုပူလောင်မှုနဲ့ ရာဂျီခေါင်းကိုခဲနဲ့ထုသတ်ဖို့ကြိုးစားပါတယ်။ မော်နီကာအဆွဲမြန်လို့ သေတဲ့အထိဖြစ်မသွားပေမယ့် အဲ့ဒါကြောင့်ပဲ ပြဿနာပိုကြီးဖို့ဖြစ်လာပါတော့တယ်။ရာဂျီရဲ့မိသားစုဟာ သြဇာကြီး၊ ငွေကိုရေလိုသုံးပြီးတော့ သူတို့သားအတွက် ကလဲ့စားကိုရအောင်ယူမှာဖြစ်သလို၊ ဘူဂီရဲ့မိခင်ကလဲ သူ့သားအန္တရာယ်မကျရောက်စေဖို့ ဘူဂီဦးလေးဖြစ်သူရဲအရာရှိကိုအကူအညီတောင်းမိသွားတဲ့အခါ..။ ဘူဂီနဲ့မော်နီကာတို့တင်မက သူတို့ရဲ့မိသားစုတွေပါ ဒီပြဿနာအရှုပ်ထုပ်ထဲ ဘယ်လိုနစ်ကျွံဝင်သွားမလဲ? သူတို့အတွက်အဖြေ ဒါမှမဟုတ် ထွက်ပေါက်တစ်ခုကိုအချိန်မှီရှာတွေ့ကြမလားဆိုတာ ဆက်လက်ရှုစားကြပါ။Vivamas Princess လို့ခေါ်ကြတဲ့ညှို့မင်းသမီးပေါက်စလေး AJ Raval နဲ့အတူ Vince Rillon "Siklo" (2022) တို့ဦးဆောင်ပါဝင်ထားပြီး မင်းသမီးအသစ်လေးတစ်ချို့ကိုလဲ မိတ်ဆက်ပြထားပါသေးတယ်။ စိတ်ညစ်ညူးစရာကောင်းအောင် ကြမ်းတမ်းရက်စက်တဲ့ နှိပ်စက်သတ်ဖြတ်ခန်းတွေ၊သာမန်လိင်ဆက်ဆံခန်းတွေတင်မက၊ Incest တွေ သီရိစံတွေပါ ပါဝင်တဲ့အတွက်မိသားစုနဲ့လုံးဝကြည့်လို့မရတဲ့ဇာတ်ကားတစ်ကားဖြစ်ပါတယ်။File Size ...
movie

[18+] Kaliwaan (2022)

Eagle Wings (2021) 3.9
Eagle Wings (2021) Eagle Wings (2021) ဒီဇာတ်ကားကို ပထမဆုံးတွေ့တုန်းက IMDb 8 ထိရထားတာလို့ ပြောရင် ခင်ဗျားတို့ ယုံမလားတော့မသိဘူး။ဘာအကြောင်းလဲဆိုတော့ နိုင်ဂျီးရီးယားအစိုးရရဲ့ကောင်းကြောင်း အားရပါးရဖားထားတဲ့ ဇာတ်ကားဗျ။ နိုင်ဂျီးရီးယား အစိုးရရဲ့ မိဘပြည်သူတွေအပေါ် မေတ္တာထားပုံတွေ၊ ငြိမ်းချမ်းရေးကို လိုလားပုံတွေ၊ နိုင်ဂျီးရီးယားစစ်သည်တော်တွေရဲ့ ပြည်သူတွေအပေါ် မြတ်နိုးပုံတွေကို အတုံးလိုက်အတစ်လိုက် ချပြထားတာကိုတွေ့ရပါလိမ့်မယ်။ဒါတင်လားဆိုမဟုတ်ပါဘူး။အခြေအမြစ်မရှိတဲ့ ခံယူချက်ပေါ် အစွန်းရောက်ယုံကြည်နေကြတဲ့ သောင်းကျန်းသူတွေ၊ လူရိုင်းလိုလို ဘာလိုလိုနဲ့ ပြည်သူတွေကိုသတ်၊ အိုးအိမ်တွေကို ဖျက်စီး၊ လူတွေကို ပြန်ပေးဆွဲနေတဲ့ သောင်းကျန်းသူတွေရဲ့ လုပ်ရပ်တွေကြောင့် ငြိမ်းချမ်းရေးပျက်စီးရတယ်ဆိုတာတွေကို ကွက်ကွက်ကွင်းကွင်းမြင်လာအောင် မမြင်မြင်အောင် ပြထားပါသေးတယ်။ မတော်တဆ သူပုန်တပ်ထဲရောက်သွားတဲ့ လူငယ်လေးတွေကို ဖခင်တစ်ယောက်က သားဆိုးလေးကို ခွင့်လွှတ်ပြီး အမြဲတမ်းလက်ကမ်းကြိုနေတဲ့ နိုင်ဂျီးရီးယားအစိုးရရဲ့ မေတ္တာတရားတွေကို အီဆောင့်နေအောင် မြင်ရမှာပါ။ဇာတ်ကားက ကောင်းလားဆိုတော့ မကောင်းဘူး။ ဘုရားစူး မကောင်းတာ။ ဒါပေမဲ့ ဇာတ်ကားအကြောင်းအရာတွေက ရှယ်ရယ်ရတယ်။ ဆဲလို့ကောင်းတယ်။ နိုင်ဂျီးရီးယားအစိုးရကို ...
movie

Eagle Wings (2021)

2021
Escape the Field (2022) 4.3
Escape the Field (2022) Escape the Field (2022)Thriller/ Mysteryသည်းထိတ်ရင်ဖိုကားလည်းဖြစ်၊ လျို့ဝှက်ဆန်းကြယ်အမျိုးအစားလည်းဖြစ်တဲ့ ဒီကားလေးဟာ ၂၀၂၂ ခုနှစ်မှာထွက်ရှိလာတဲ့ ရုပ်ရှင်ကားကောင်းလေးတစ်ကားလည်းဖြစ်ပါတယ်။Escape Room လိုမျိုး thriller ကားကောင်းကြိုက်နှစ်သက်တဲ့သူတွေ ကြည့်သင့်တဲ့ကားလေးဖြစ်ပြီး ရင်ခုန်လှိုက်မောမှုနဲ့ နားမလည်နိုင်ခြင်းတို့ ဒွန်တွဲပြီးကြည့်ရမယ့် သည်းထိတ်ရင်ဖိုကားလေးတစ်ကားဖြစ်ပါတယ်။ ဇာတ်လမ်း၊ ဇာတ်ကွက်အနေနဲ့လည်း မ‌ဆိုးလှသလို ဇာတ်ကောင်တွေရဲ့သရုပ်ဆောင်တွေကလည်း အသည်းတယားယားဖြစ်ချင်စရာမျိုးဖြစ်အောင်ကို ကောင်းမွန်လှပါတယ်။ဇာတ်လမ်းရဲ့အစမှာတော့ မိမိဘာသာယမန့်နေက တစ်နေရာရာမှာ အိပ်မောကျမိသွားတဲ့သူတွေ ဘယ်နေရာကမှန်းမသိတဲ့ ပြောင်းခင်းကျယ်ကြီးထဲ ရောက်သွားရာကနေ စတင်ပါတယ်။ ‌ အဆိုပါ ပြောင်းခင်းကြီးဟာ လူလုပ်ပြောင်းခင်အတုကြီးလား၊ တကယ့်ပြောင်းခင်းအစစ်လား။ ပြောင်းခင်လိုနေရာမျိုးမှာ Escape Room လိုမျိုး ဇာတ်ကွက်ကို ဘယ်လိုဖော်ဆောင်သွားမလဲ၊ ဘယ်လောက်တောင် ဇာတ်ရှိန်တက်ပြီး ကြည့်ကောင်းမလဲဆိုတာကိုတော့ Escape the Field 2022 ကားလေးထဲမှာ ခံစားရင်ခုန်ပေးလို့ရပါပြီခင်ဗျာ။အညွှန်း နဲ့ ဘာသာပြန်ကတော့ San Thu Aung ပဲ ဖြစ်ပါတယ်။Genre..... Horror, Thriller Quality….1080p | 720p| 480p File size… 1.3GB | 653MB | ...
movie

Escape the Field (2022)

2022
Triad Election (2006) 7.3
Triad Election (2006) Triad Election (2006) ~ IMDb - 7.3/10, RT - 96%, Meta - 83% ~Election 1 မှာတော့ တိုနီလျောင်ခဖိုင်နဲ့ ဆိုင်မွန်ယန်းတို့ရဲ့ ကာရိုက်တာနှစ်ယောက် ဂိုဏ်းခေါင်ဆောင် နေရာအတွက်ပြိုင်ကြတာကို အဓိက မီးမောင်းထိုးပြသွားပေမဲ့ Triad Election မှာတော့ ပထမရွေးကောက်ပွဲမှာ လော့ကို ကူညီခဲ့တဲ့သူ‌အများစုပါ ဂိုဏ်းခေါင်းဆောင်နေရာအတွက် ၀င်ပြိုင်ချင်နေကြပြီး လော့ကိုယ်တိုင်ကလည်း ဒုတိယသက်တမ်းကိုလိုချင်နေတဲ့အတွက် ပြိုင်ဆိုင်မှုပိုပြင်းထန်လာပါပြီ။ ပြည်မက ဂိုဏ်းတစ်ဂိုဏ်းကလည်း သူတို့အခြေအနေကို စောင့်ကြည့်နေပါတယ်ာဒီမှာတော့ Louis Koo ရဲ့ ကာရိုက်တာ ဂျင်မီကို အဓိက မီးမောင်းထိုးပြသွားပြီး ရက်စက်သင့်တဲ့နေရာမှာ ရက်စက်ပြီး သိက္ခာရှိတဲ့နေရာမှာရှိတဲ့ သူ့ကာရိုက်တာဟာ Godfather ဆန်ဆန်နဲ့ကို တော်တော်ငြိစရာကောင်းပါတယ်။ နောက် သဘောကျစရာကောင်းတာက Election 2 ဟာ Action ခန်းကိုလည်း ပါသင့်သလောက် ထည့်ထားသလို ...
movie

Triad Election (2006)

2006
The Twin (2022)
The Twin (2022) The Twin (2022)၂၀၂၂ ခုနှစ်ထွက် Horror ကားသစ်လေး တင်ဆက်ပေးလိုက်ပါတယ်။ ဒီဇာတ်ကားထဲမှာ အဓိကသရုပ်ဆောင် မင်းသမီးကတော့ I am Number 4, Warm Bodies, Lights Out နဲ့ Hacksaw Ridge မှာ ပါဝင်ခဲ့တဲ့ မင်းသမီးချော Teresa Palmer ပဲဖြစ်ပါတယ်။ ဒီဇာတ်ကားမှာတော့ သူ့ရဲ့ သရုပ်ဆောင်စွမ်းရည် ဘယ်လောက်ကောင်းကြောင်း မြင်တွေ့ရမှာပါ။ ဇာတ်လမ်းအကျဥ်းကတော့ ဆိုးရွားတဲ့ ကားမတော်တဆမှု တစ်ခုမှာ အမြွှာထဲက တစ်ယောက်ဖြစ်တဲ့ နေသန်ကို ဆုံးရှုံးလိုက်ရတဲ့ ရေချယ်နဲ့ အန်တိုနီတို့ဟာ အမြွှာထဲက နောက်တစ်ယောက် အယ်လီရက်နဲ့အတူ ဘဝအသစ်ပြန်စဖို့ နေရာသစ်တစ်ခုကို ပြောင်းရွေ့လာခဲ့ပါတယ်။ သားတစ်ယောက်ကို ဆုံးရှုံးခဲ့ရတဲ့ ‌ရေချယ်ဟာ အယ်လီရက်ကို မျက်စိရှေ့က အပျောက်မခံဘဲ အရိပ်တကြည့်ကြည့်နဲ့ ဖြစ်နေပါတော့တယ်။ နေရာသစ်ကို ရောက်ပြီး မကြာခင်မှာပဲ အယ်လီရက်ရဲ့ အပြုအမူတွေဟာ ထူးဆန်းလာပါတော့တယ်။ ထို့နောက် ရေချယ်ဟာ ပါတီတစ်ခုမှာ ထူးဆန်းတဲ့မိန်းမကြီးတစ်ယောက်နဲ့ ဆုံဖြစ်ခဲ့ပါတယ်။ ထိုမိန်းမကြီးက အယ်လီရက်နဲ့ ပတ်သတ်ပြီး အထူးအဆန်းတွေ ပြောသွားခဲ့လို့ ...
movie

The Twin (2022)

The Transporter Refueled (2015) 5.1
The Transporter Refueled (2015) ဒီဇာတ်ကားကတော့ Transporter ရဲ့ ပင်တိုင်မင်းသားကြီး Jason Statham မပါတော့ဘဲ မင်းသားအသစ် Ed Skrein နဲ့ သယ်ယူပို့ဆောင်မယ့်ဇာတ်ကားပါ... ဇာတ်လမ်းအကျဉ်းကတော့ ထုံးစံအတိုင်း ပို့ဆောင်ရေးသမားကြီး လူပေါင်းမှားတာပါပဲ။ ဒီတစ်ခါ မှားပေါင်းမိတာကတော့ ၁၂ သမီးကတည်းက ပြည့်တန်ဆာအဖြစ်ရောင်းစားခံရပြီး သေမှလွတ်လပ်တော့မယ့် ဘဝရောက်နေတဲ့ မိန်းကလေး ၄ ယောက်က ရုရှားဒုစရိုက်ခေါင်းဆောင်ကြီးကို အပြုတ်ပြန်တွယ်မယ့် အစီအစဉ်မှာပါမိတာပါ။ ဒါကို သူကရှောင်ထွက်ချင်ပေမယ့် သူရဲ့ အဖေ အငြိမ်းစား စပိုင်ကြီးကို ဖမ်းပြီးအကြပ်ကိုင်တဲ့အတွက်ဝင်ပါရပါတော့တယ်။ ဒီဇာတ်ကားကို ကြိုက်မိတာကလဲ သူ့ရဲ့ အဖေနေရာက သရုပ်ဆောင်တဲ့ မင်းသားကြီးရဲ့ ပံ့ပိုးမှုကလည်း အတော်ကောင်းနေတာလဲ ပါပါတယ်။ သူတို့ သားအဖ ၂ ယောက်ဟာ ကောင်မလေး ၄ ယောက်တို့နဲ့ ထိပ်သီးလူဆိုးတွေနဲ့ ကြားထဲမှာ ဘာကြောင့်ပါလာပြီး ဘယ်လိုရင်ဆိုင်ရမလဲဆိုတာ ..........။File size…(2 GB)/(999 MB) Quality….BluRay 1080p HEVC / ...
movie

The Transporter Refueled (2015)

1080p HEVC
Transporter 3 (2008) 6
Transporter 3 (2008) Jason Statham ရဲ့ Transporter ဇာတ်ကားတွေဟာ အက်ရှင်ကားစစ်စစ်တွေလို့ ပြောရလောက်အောင် အထိုးအခုတ်အတိုက်အခိုက် ပေါက်ကွဲရမ်းကားမှုတွေနဲ့ ဆွဲဆောင်မှုရှိခဲ့ပါတယ်။ သူပါဝင်ထားတဲ့ Transporter (၃)ကားထွက်ရှိထားပြီး ၃ ကားလုံး လန်းတယ် ဆိုရပါမယ်။ Frank Martin (Jason Statham) ဟာ စည်းကမ်းတွေနဲ့ အလုပ်လုပ်တတ်တဲ့ သယ်ယူပို့ဆောင်ရေးသမားဖြစ်ပြီး တိကျမှု စမတ်ကျမှု တည်ကြည်ခန့်ငြားမှုတွေအပြင် ကိုယ်ပိုင်အတွေးအခေါ်နဲ့ ရှင်သန်နေထိုင်တဲ့ တကယ့်ဖိုက်တာတစ်ယောက်ပါ...ဒီလိုလူမျိုးနဲ့မှ လာပတ်သက်မိတဲ့ ဒုစရိုက်သမားတွေ ဘယ်လိုအဗျင်းခံရလဲဆိုတာ အပေါ်စီးကနေ ထိုင်ကြည့်နေယုံပါပဲ။မင်းသား Jason Statham ရဲ့တည်ငြိမ်တဲ့ပုံစံကြောင့် ဒီဇာတ်ကားဟာ နာမည်ကြီးလူကြိုက်များခဲ့ပါတယ်။ Action ပေါ့ပေါ့ပါးပါးလေးတွေကို ဟာသဆန်ဆန်ကြည့်ရတာ နှစ်ခြိုက်သူများအတွက်တော့ လက်လွတ်မခံသင့်ပါ။Transporter 1,2 အောင်မြင်ပြီးနောက် ၂၀၀၈ ခုနှစ်၊ နိုဝင်ဘာလမှာ Transporter 3 ဆက်လက် ထွက်ရှိခဲ့ပါတယ်။ Europa နဲ့ Lionsgate ရုပ်ရှင် ထုတ်လုပ်ရေးတို့ ပူးပေါင်းဖန်တီးလိုက်တဲ့ Transporter 3 ဟာ Boxoffice မှာ ဝင်ငွေကောင်းဇာတ်ကားတစ်ကား ဖြစ်ခဲ့ပါတယ်။ Transporter ...
movie

Transporter 3 (2008)

1080p HEVC
Transporter 2 (2005) 6.3
Transporter 2 (2005) Jason Statham ရဲ့ Transporter ဇာတ်ကားတွေဟာ အက်ရှင်ကားစစ်စစ်တွေလို့ ပြောရလောက်အောင် အထိုးအခုတ်အတိုက်အခိုက် ပေါက်ကွဲရမ်းကားမှုတွေနဲ့ ဆွဲဆောင်မှုရှိခဲ့ပါတယ်။ သူပါဝင်ထားတဲ့ Transporter (၃)ကားထွက်ရှိထားပြီး ၃ ကားလုံး လန်းတယ် ဆိုရပါမယ်။ Frank Martin (Jason Statham) ဟာ စည်းကမ်းတွေနဲ့ အလုပ်လုပ်တတ်တဲ့ သယ်ယူပို့ဆောင်ရေးသမားဖြစ်ပြီး တိကျမှု စမတ်ကျမှု တည်ကြည်ခန့်ငြားမှုတွေအပြင် ကိုယ်ပိုင်အတွေးအခေါ်နဲ့ ရှင်သန်နေထိုင်တဲ့ တကယ့်ဖိုက်တာတစ်ယောက်ပါ...ဒီလိုလူမျိုးနဲ့မှ လာပတ်သက်မိတဲ့ ဒုစရိုက်သမားတွေ ဘယ်လိုအဗျင်းခံရလဲဆိုတာ အပေါ်စီးကနေ ထိုင်ကြည့်နေယုံပါပဲ။မင်းသား Jason Statham ရဲ့တည်ငြိမ်တဲ့ပုံစံကြောင့် ဒီဇာတ်ကားဟာ နာမည်ကြီးလူကြိုက်များခဲ့ပါတယ်။ Action ပေါ့ပေါ့ပါးပါးလေးတွေကို ဟာသဆန်ဆန်ကြည့်ရတာ နှစ်ခြိုက်သူများအတွက်တော့ လက်လွတ်မခံသင့်ပါ။The Transporter 2(2005)ကတော့ IMDb Rating(6.3/10)ရရှိထားပါတယ်။ File size…(2.8 GB)/(1.2 GB) Quality….BluRay Directer's Cut 1080p HEVC / 720p Format…mkv/mp4 Duration….01:34:11 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung
movie

Transporter 2 (2005)

1080p HEVC
The Transporter (2002) 6.8
The Transporter (2002) Jason Statham ရဲ့ Transporter ဇာတ်ကားတွေဟာ အက်ရှင်ကားစစ်စစ်တွေလို့ ပြောရလောက်အောင် အထိုးအခုတ်အတိုက်အခိုက် ပေါက်ကွဲရမ်းကားမှုတွေနဲ့ ဆွဲဆောင်မှုရှိခဲ့ပါတယ်။ သူပါဝင်ထားတဲ့ Transporter (၃)ကားထွက်ရှိထားပြီး ၃ ကားလုံး လန်းတယ် ဆိုရပါမယ်။ Frank Martin (Jason Statham) ဟာ စည်းကမ်းတွေနဲ့ အလုပ်လုပ်တတ်တဲ့ သယ်ယူပို့ဆောင်ရေးသမားဖြစ်ပြီး တိကျမှု စမတ်ကျမှု တည်ကြည်ခန့်ငြားမှုတွေအပြင် ကိုယ်ပိုင်အတွေးအခေါ်နဲ့ ရှင်သန်နေထိုင်တဲ့ တကယ့်ဖိုက်တာတစ်ယောက်ပါ...ဒီလိုလူမျိုးနဲ့မှ လာပတ်သက်မိတဲ့ ဒုစရိုက်သမားတွေ ဘယ်လိုအဗျင်းခံရလဲဆိုတာ အပေါ်စီးကနေ ထိုင်ကြည့်နေယုံပါပဲ။မင်းသား Jason Statham ရဲ့တည်ငြိမ်တဲ့ပုံစံကြောင့် ဒီဇာတ်ကားဟာ နာမည်ကြီးလူကြိုက်များခဲ့ပါတယ်။ Action ပေါ့ပေါ့ပါးပါးလေးတွေကို ဟာသဆန်ဆန်ကြည့်ရတာ နှစ်ခြိုက်သူများအတွက်တော့ လက်လွတ်မခံသင့်ပါ။The Transporter(2002)မှာတော့ တရုတ်မင်းသမီး Shu Qi ပါဝင်ထားပြီး IMDb Rating(6.8/10)ရရှိထားပါတယ်။ File size…(2.3 GB)/(760 MB) Quality….BluRay 1080p HEVC / 720p Format…mkv/mp4 Duration….01:32:32 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung
movie

The Transporter (2002)

1080p HEVC
War (2019) 6.5
War (2019) War (2019) IMDb - 6.5/10_____Rotten - 69%ကားသစ်တွေ ကားကောင်းတွေ ဆက်တိုက်ထွက်နေတဲ့ကြားက ယနေ့ထွက် ဘောလိဝုဒ်ကားသစ်ကို တင်ဆက်ပေးလိုက်ပါတယ်။နာမည်ကြီး မင်းသားနှစ်ယောက် အားပြိုင်ထားတဲ့ ဒီဇာတ်ကားကြီးဟာဆိုရင်.... ဘတ်ဂျက်ငွေရဲ့ ၃ဆကျော်ကျော် အောင်ပွဲခံခဲ့ပါတယ်။ဇာတ်လမ်းအကျဉ်းလေး ချရင်လည်း မဖတ်ဘဲ ဒေါင်းကြမှာမို့ သိပ်ပြီး မရေးတော့ပါဘူး။တိုက်ဂါးနဲ့ ရီသိတ်ဟာ အိန္ဒိယတပ်မတော်သားတွေဖြစ်ပြီး တိုက်ဂါးကတော့ ရီသိတ်ရဲ့ တပည့်အဖြစ် မြင်ရပါမယ်။ရီသိတ်ဟာ လတ်တလောမှာ မစ်ရှင်တစ်ခုကို လုပ်ရင်း တရားခံကို မပစ်ဘဲ ကိုယ့်ဖက်က အရာရှိကို ပစ်သတ်သွားခဲ့တယ်။သူ ဘာကြောင့် ပစ်ခဲ့တာလဲ....ဘာကြောင့် သစ္စာဖောက်သွားခဲ့တာလဲ...သူ့လို တည်ကြည်ဖြောင့်မတ်ပြီး သစ္စာရှိတဲ့ လူတစ်ယောက် သစ္စာဖောက်သွားတာကို စုံစမ်းဖို့နဲ့ ရှင်းပစ်ဖို့ တာဝန်ပေးခံရသူကတော့... တိုက်ဂါးပါ။ကဲ.... ဆရာနဲ့ တပည့်....ဘယ်လို ဆက်ဖြစ်ကြမလဲ.....အမှန်တရားကို ဘယ်လို ဖော်ထုတ်ကြမလဲ.... ဆိုတာကို ကိုယ်တိုင်သာ ခံစားကြည့်ကြပါဦးဗျာ။File size…(7.6 GB)/(2.3 GB)/(1.3 GB) Quality….BluRay 4K ...
movie

War (2019)

4K HEVC