Channel Myanmar

Uncategorized

Meet Me There (2014) မြန်မာစာတန်းထိုး
Meet Me There (2014) မြန်မာစာတန်းထိုး 2014 ခုနှစ်မှာထွက်ရှိခဲ့တဲ့ Meet Me There ဇာတ်ကားကို ဒါရိုက်တာ Phillip Lybrand က ရိုက်ကူးတင်ဆက်ခဲ့ပါတယ်..ဇာတ်ညွှန်းရေးသားသူကတော့ Brandon Stroud နဲ့ Destiny Talleyတို့ဖြစ်ပြီးတော့တကယ့်ဖြစ်ရပ်မှန်ဖြစ်တဲ့ Talley ရဲ့ ငယ်ဘ၀ ကို ရိုက်ကူးတင်ဆက်ထားခြင်းသာဖြစ်ပါတယ်ဇာတ်လမ်းပုံစံလေးကတော့ ငယ်ငယ်တုန်းက အတိတ်ဆိုးအရိပ်မဲတခုရှိခဲ့တဲ့ Ada နဲ့ သူ့ရဲ့ချစ်သူတို့ဟာAda ရဲ့ ကလေးဘ၀ မှတ်ဥာဏ်တွေကိုပြန်လည်ပြီး အတည်ပြု..အဖြေရှာချင်လို့..Ada ရဲ့ ဇာတိမြို့ကိုပြန်လာပါတယ်..သူတို့လိုချင်တဲ့အရာကိုလိုက်ရှာကြပါတယ်...တကယ်တမ်း သူတို့လိုချင်တဲ့အဖြေကို ရှာတွေ့သွားတဲ့အခါမှာတော့ သူတို့အတွက်အိမ်ပြန်လမ်းကိုရော..သူတို့ကိုယ်တိုင်ရှာနိုင်ပါ့မလား...ဒါတွေကရောဘာတွေလဲ..ဆိုတာကို စောင့်ကြည့်ရမှာဖြစ်ပါတယ်Filesize : 869 MBQuality : 720pSource : Meet Me There (2014) 720p BluRay [ dayt.se ]Format : mp4Running Time : 1hr 33 minSubtitle : Myanmar Subtitle (Hardsub )Encoded By LKDownload ...

Meet Me There (2014) မြန်မာစာတန်းထိုး

Exeter (2015) မြန်မာစာတန်းထိုး
Exeter (2015) မြန်မာစာတန်းထိုး သဲထိတ်ရင်ဖို သရဲကား ကောင်းကောင်းလေးတွေကြည့်ချင်နေတဲ့သူတွေအတွက် 2015 ခုနှစ်ထဲမှာထွက်ရှိထားတဲ့ ဒီဇာတ်ကားနဲ့မိတ်ဆက်ပေးလိုက်ပါတယ်..ကြောက်တတ်သူများနဲ့ နှလုံးရောဂါအခံရှိသူများ..တစ်ယောက်တည်း ( သို့ ) လုံးဝမကြည့်သင့်ကြောင်းပါ..အညွှန်းကိုခံစားလိုက်ပါဦးExeter ဆိုတာကတော့ ကလေးငယ်တွေအတွက်ရည်ရွယ်ဖွင့်လှစ်ထားတဲ့ ကျောင်းတော်ကြီးတစ်ခုပေါ့။ အသေအချာပြောရရင်တော့ စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းနေတဲ့ စိတ်ရောဂါသည်ဝေဒနာရှင် ကလေးတွေအတွက် အားကိုးစရာ သုခရိပ်မြုံပေါ့။ Exeter ကနေ ကလေးတွေကို ပြန်လည်ပြုစုပျိုးထောင်ပေးမယ်။ ပညာတွေ သင်ပေးမယ်ဆိုတဲ့ ရည်ရွယ်ချက်ကောင်းတွေနဲ့ပေါ့။ ဒါပေမယ့်…. ၁၉၁၆ ခုနှစ်ကစတင်တည်ထောင်ခဲ့တဲ့ Exeter ကျောင်းတော်ကြီးဟာ လူနာရှင်ကလေးငယ် အရေအတွက် တစ်နေ့တစ်ခြားများများလာကာ ထိန်းချုပ်လို့မနိုင်တော့တဲ့ အနေအထားထိဖြစ်လာတယ်။ ကျောင်းဆိုတာကနေ စိတ္တဇဆေးရုံကြီးဖြစ်လာတယ်။ လူနာကလေးငယ်တွေကနေ လူကြီးစိတ္တဝေဒနာသည်တွေဖြစ်လာတယ်။ Exeter မှာပဲ သောင်တင်နေကြတယ်။ ဆေးကုသတဲ့ ကုထုံးပုံစံတွေကြမ်းလာတယ်။ ပျောက်ကင်းဖို့ဆိုတာထက် ဒီစိတ္တဇဝေဒနာသည်တွေကို ထိန်းချူပ်ဖို့က Exeter ရဲ့ဦးစားပေးဖြစ်လာတယ်။ လူအသေအပျောက် တွေများလာလွန်းလို့ ကျောင်းဝင်းထဲမှာပဲ မြေမြုပ်ရတယ်။ မီးသဂြိုလ်ရတယ်။၁၉၇၀ နောက်ပိုင်းမှာတော့ ကလေးငယ်ဝေဒနာရှင်တွေအတွက်ရော လူကြီးဝေဒနာရှင်တွေအတွက်ပါအားကိုးအားထားစရာနေရာတစ်ခုမဟုတ်တဲ့ Exeter, ...

Exeter (2015) မြန်မာစာတန်းထိုး

Yes or No (2010)
Yes or No (2010) Screenshots   File size...(800MB) Quality...Blu-ray Rip 720p Format...mp4 Duration....01:51:31 Subtitle....Myanmar Subtitle (Hardsub) Encoder....Nyeinsaeya Aung   နမူနာကြည့်ရန်(ဒီကားလေးက CM ရဲ့ ဘာသာပြန်သူ ကိုဟေဒိ လက်ရာပါ။)ဇတ်လမ်း ပုံစံလေးကတော့ ယောင်္ကျားလျှာ နဲ့ တစ်ခန်းထဲ အတူနေရလို့ စိတ်ညစ်ပြီး အခန်းပြောင်းလာတဲ့ ပိုင် တစ်ယောက် အဲ့ဒီအခန်းမှာလဲ ကင်မ် ဆိုတဲ့ ယောကျင်္ားလျှာ ချောချောလေးနဲ့ ထပ်ဆုံရလေရော... ကင်မ် က တစ်ခြား ယောင်္ကျားလျှာတွေနဲ့ မတူပဲ ပုံစံလေး ကွဲပြားပေမယ့် ချစ်တက် ကြင်နာတက်တဲ့ နှလုံးသားနဲ့ နွေးထွေးမှုတွေ ရှိတယ်.. အပင်တွေ စိုက်တာ ၀ါသနာပါတဲ့ လယ်သမားမျိုးရိုးက ဆင်းသက်လာသူ ဟင်းချက်လဲ တော်တယ် သီချင်းလဲ ဆိုတက်တယ် ဂစ်တာတီးတယ်.. အပျင်းကြီးတဲ့ မိန်းမလှလေး ပိုင် တစ်ယောက် အမြင်ကပ်လှပါချေရဲ့ ဆိုတဲ့ ကင်မ် ကို တစ်ခန်းထဲ အတူနေရရလို့ အမျိုးမျိုး နှိပ်စက်သော်လဲ တစ်ခြားမိန်းကလေး အတော်များများ က ကင်မ် ကို အရေးပေးတာ မလိုလား စိတ်ထဲက ...
movie

Yes or No (2010)

Shankar’s I(2015) 7.3
Shankar’s I(2015) ချစ်သူနှစ်ဦးရဲ့ ခိုင်မြဲမှုသင်္ကေတမှာ ရုပ်ရည်က အဓိကကျနေပါသလား။သင်သာဆိုလျှင်ကော ရုပ်ရည်ပျက်ယွင်းသွားတဲ့ချစ်သူကို ပစ်ခွာမသွားဘဲ အချစ်စစ် ကိုဖော်ကျူးနိုင်မလား မိတ်ဆွေ။ဒီဇာတ်ကားမှာတော့ အချစ်စစ် ကိုဖွဲ့ဆိုပြထားပြီး IMDB 7.8 /10 ရထားတဲ့အတွက်လည်း ဇာတ်ကားကောင်းအနေနဲ့ရော အချစ်ရဲ့အဓ်ိပါ္ပယ်ကို ပြောပြပေးစွမ်းမယ့် ဇာတ်ကားကောင်းလေးအဖြစ်ရော သတ်မှတ်ထားမိပါတယ်။(ဇာတ်လမ်းအကျဉ်း)ဇာတ်လမ်းအစမှာတော့ သတို့သမီးကို ရုပ်ဆိုးဆိုး ခါးကုန်းကုန်း ရွတ််တွနေတဲ့သူတစ်ဦးက ဖမ်းခေါ်သွားခဲ့ခြင်းမျိူးနဲ့ အစပြုထားပါတယ်။တကယ်တမ်းတော့ ဖမ်းယူသွားခဲ့သူဟာ သာမန်သူမဟုတ်ခဲ့ပါဘူး။ သူဟာ တမဲလ်မန်ဒု ကာယဗလမောင်ဆုရရှိထားတဲ့ လင်ဂီချန် ဆိုသူပါ။ကောင်မလေးကလည်း ဒိုင်ယာဆိုတဲ့ မော်ဒယ်လ်ချောလေးတစ်ဦးဖြစ်ပါတယ်။အတိတ်မှာဖြင့် လင်ဂီချန်ဟာ မစ္စတာ တမဲလ်မန်ဒု ကာယဗလမောင်ဆုရရှိခဲ့ပြီး MR.INDIA ဆိုတဲ့ကာယဗလမောင်ဆုကိုပါ ယှဉ်ပြိုင်ရယူရန် ရည်မှန်းထားခဲ့တဲ့သူပါ။အချစ်ရေးမှာလည်း သူဟာ ဒိုင်ယာ ဆိုတဲ့မော်ဒယ်မလေးကို စွဲလမ်းမိပြီး ရုပ်မြင်သံကြားဖန်သားပြင်မှ တိတ်တခိုး ချစ်ခင်နေမိခဲ့တာပါ။တစ်နေ့မှာတော့ လင်ဂီချန်ဟာ ဒိုင်ယာ ရှိနေတဲ့ရိုက်ကွင်းနေရာဆီလာရောက်ပြီး ဒိုင်ယာကိုတောင် လာမိတ်ဆက်ခဲ့ပါတယ်။တစ်ဖက်မှာလည်း ဒိုင်ယာဟာ ချောမောလှတဲ့မိန်းကလေးဖြစ်တာကြောင့် ဂျွန် ဆိုတဲ့ မင်းသားကလည်း ချစ်ရေးဆိုခဲ့ပါသေးတယ်။ ဒိုင်ယာကတော့ ငြင်းပယ်လိုက်ပါတယ်။ဒါကြောင့်ဂျွန်ဟာ ဒိုင်ယာနဲ့ပတ်သက်တဲ့ ရှုတင် အားလုံးကိုဖျက်ပြီး ဒိုင်ယာကို ကလဲ့စားချေလိုက်ပါတယ်။အဲ့ဒီနောက် ဒိုင်ယာရဲ့ရှုတင်တွေနည်းပါးလာပြီး ဒိုင်ယာဟာ လင်ဂီချန်နဲ့ သရုပ်ဆောင်ရန် အကြံရခဲ့ပါတယ်။လင်ဂီချန်အနေနဲ့လည်း ဝမ်းပန်းတသာလက်ခံပြီး ဒိုင်ယာနဲ့အတူ သရုပ်ဆောင်ခဲ့ကြတယ်။ သို့သော် အချစ်ရေးဘက်တွင်လည်း မဝံ့ရဲသော လင်ဂီချန်အတွက်တော့ သရုပ်ဆောင်မှုတွေကလည်း မပီပြင်ခဲ့ပါဘူး။ဒါကြောင့် ဒါရိုက်တာရဲ့အကြံပေးချက်အရ ဒိုင်ယာဟာ လင်ဂီချန်ကို ချစ်သူအယောင်ဆောင်တွဲခဲ့ပြီး သရုပ်ဆောင်ပီပြင်စေခဲ့ပါတယ်။သို့သော် ဤကဲ့သို့ ချစ်သူအယောင်ဆောင်ထားခြင်းအား လင်ဂီချန်သိခဲ့လေသောအခါ ----။ဘာတွေဆက်ဖြစ်လာမလဲ။ ချစ်တတ်လွန်းသူအတွက် အပေးဆပ်ခံနှလုံးသားကိုဖဲ့ကျိုးခံရခြင်းက နာကျည်းမှုတွေများ သန္ဓေတည်စေခဲ့မလားဆိုတာ ဝမ်းနည်းဖွယ် ကြည့်ရှုရဦးမှာပါ။လင်ဂီချန် အတွက် ပေးဆပ်မှုတွေက ဝမ်းနည်းမှုဖြစ်ခဲ့သလို မနာလို ရန်သူတွေလည်း ပေါ်ပေါက်လာခဲ့ပါတယ်။လင်ဂီချန် ဟာ ဗလမောင်ပြိုင်ပွဲတုန်းက ရာဗီးဆိုတဲ့သူနဲ့ ပြဿနာဖြစ်ခဲ့ဖူးပါသေးတယ်။ ရာဗီးကတော့ အခဲမကြေနိုင်ဘဲ ...
movie

Shankar’s I(2015)

100 Days with Mr. Arrogant (2004)
100 Days with Mr. Arrogant (2004) Screenshots  Ha-Young တယောက် သံဗူးခွံတစ်ခုကို ကန်လိုက်ရာကနေ Hyung-Joon ရဲ့ မျက်နှာကို ရိုက်မိပြီးနောက် သူ့ရဲ့ အသစ်စက်စက် ကားကို မှန်သွားပါတယ် ဒါကြောင့် Hyung-Joon က ဒေါ်လာ(၃၀၀၀)လျော်ခိုင်းပါတယ် ဖြစ်ချင်တော့ သူမ လျော်စရာပိုက်ဆံ နတ္တိဖြစ်နေတာပါ ဒါကြောင့် Hyung-Joon က သူခိုင်းသမျှ လုပ်မယ်ဆိုရင် ပိုက်ဆံတွေ လျော်ပစ်ပေးမယ်လို့ စာချုပ်ချုပ်ပြီးခိုင်းပါတော့တယ် ရက်(၁၀၀)အတွင်း သူခိုင်းသမျှ ကို အကုန်လုပ်ရမှာပါ အိမ်သန့်ရှင်းရေး၊ ဈေးဝယ်သွားရင် အထုတ်သယ်ခိုင်းမယ်...ပြီးတော့ ကားလည်းရေဆေးပေးရမှာပါ Ha-Young တယောက်ကတော့ အူလည်လည်နဲ့ပဲ သူခိုင်းသမျှ လုပ်နေရပါတယ် နောက်ဆုံးမှာ မမျှော်လင့်ပဲ Ha-Youngတယောက် ကားကို ပြန်ပြင်ရင် ဒေါ်လာ (၁၀)ပဲကုန်တာသိသွားတော့ ဒေါသအကြီးအကျယ် ထွက်တော့တာပေါ့ ဒါပေမဲ့လဲ..နောက်ဆုံးမှာတော့ ဘယ်လိုတွေဖြစ်လာမလဲဆိုတာကို.......။ ~ Su Myat Htike ~ (ရုပ်ရှင်အညွှန်းကို Nemesis's Movie မှကူးယူဖော်ပြပါသည်။)Sex is Zero မင်းသမီးချော ဟာဂျီဝန် အဓိက ပါဝင်သရုပ်ဆောင်ထားပြီး IMDb Rating (6.2/10) ရရှိထားတဲ့ ...
movie


Jamesy Boy(2014) မြန်မာစာတန်းထိုး
Jamesy Boy(2014) မြန်မာစာတန်းထိုး ကလေးဘဝထဲက ရန်တွေဖြစ်ပြီး အမှုတွေ ရဲမှတ်တမ်းတွေရှိတဲ့ ကောင်လေး James Burns သူ့ရဲ့ပြစ်မှုအတွက် တရားရုံးက အာမခံအခြေအနေနဲ့ ရှိနေတုန်းမှာ Crystal နဲ့ Drew တို့နဲ့ စတိုးဆိုင်မှာ ပစ္စည်းတွေအလစ်သုတ်တာ ဝင်ပါမိရာက စပြီး သူငယ်ချင်းတွေဖြစ်သွားကြတယ်Crystal နဲ့ ရည်းစားတွေဖြစ်သွားကြပြီး Crystal ကနေတစ်ဆင့် ဒုစရိုက်လုပ်ငန်းတွေ လုပ်တဲ့ Roc နဲ့ဆက်သွယ်မိပြီးတော့ Roc ခိုင်းတာတွေ လုပ်ဖို့ အိမ်ကနေ အပြီးထွက်လာခဲ့တယ် နောက်တော့ Crystal ရဲ့ ဇာတ်ရှုပ်တွေကြောင့်ရော Roc ရဲ့ ဖောက်သည်တစ်ယောက်ကို ပြသနာရှာမိတာကြောင့်ရော စတိုးဆိုင်က ကောင်မလေး Sarah နဲ့လည်း ရည်းစားတွေ ဖြစ်သွားကြတာကြောင့် James တစ်ယောက် အဖွဲ့ထဲက ထွက်ဖို့ ဆုံးဖြတ်ခဲ့တယ် သူအဖွဲ့က မထွက်ခင် နောက်ဆုံးတစ်ခေါက် အနေနဲ့ Roc က သေနတ် အရောင်း ...

Jamesy Boy(2014) မြန်မာစာတန်းထိုး

Lagaan: Once Upon a Time in India (2001)
Lagaan: Once Upon a Time in India (2001) ဒီဇာတ်ကားလေးကတော့ Aamir Khan (pk..3iIdiot မင်းသား) ပါဝင်သရုပ်ဆောင်ထားပြီး IMDB (8.2/10) Rotten Tomatoes (95%) ထိရရှိထားတဲ့အတွက် ဇာတ်ကားကောင်းတစ်ကားအဖြစ် လက်တို့ပြောလိုက်ချင်ပါတယ်။Lagaan ဆိုတာ မြန်မာလိုတော့ ဆက်ကြေးလို့ အဓိပ္ပါယ် သက်ရောက်ပါတယ်။(Lagaan ဇာတ်လမ်းအကျဉ်း)အိန္ဒိယနိုင်ငံရဲ့ လွတ်လပ်ရေးမရသေးမီအချိန်မှာ အင်္ဂလိပ်တွေရဲ့ လက်ဝါးအုပ်ကြီးစိုးမှုဒဏ်ကို တောင်သူလယ်သမားတွေ အလူးအလဲခံခဲ့ရတယ်။ ချန်ပါးနေးလ် ဆိုတဲ့ရွာလေးက လယ်သမားတွေလည်းအပါအ၀င်ပေါ။့ချန်ပါးနေးလ် ရွာသားတွေဟာရသမျှ စပါးထဲကတစ်ပုံကို ဘုရင်ကိုဆက်သ ဘုရင်မှတစ်ဆင့် နယ်ချဲ့တွေဆီ အခွန်ပေးခဲ့ရတယ်။မိုးရာသီတစ်ခုမှာတော့ ဥတုကဖောက်ပြန်လို့ မိုးကမရွာ စပါးကမသန်လို့ အခွန်ဆောင်ဖို့ စိတ်ပူခဲ့ရတယ်။အဲ့ဒီအတောအတွင်းမှာလည်းအခွန်နှစ်ဆပေးဆောင်စေရန် ဘုရင်ရဲ့အမိန့် ကလည်း နာကြားစေခဲ့တယ်။ရွာသားတွေကလည်းမတတ်သာသည့်အဆုံး ဘုရင့်ဆီ အသနားခံရန်သွားရောက်ခဲ့ကြလေသည်။ရွာသားတို့ ရောက်သွားချိန်သည် ကပ္ပတိန်ရာဆယ်လ် ဦးဆောင်သော ခရစ်ကတ်အသင်းတို့ ကစားနေသည့်အချိန်နှင့် တိုက်ဆိုင်နေရာ ခေတ္တစောင့်ပေးရန် ဘုရင့်ဆီမှ အကြောင်းကြားခဲ့သည်။ထိုအချိန်တွင် ဘဟူဘန် (Aamir Khan) လူငယ်လေးက မခံရပ်နိုင်ကာခရစ်ကတ်ဆော့ခြင်းအား အလကားဂိမ်းသာသာဟု မြည်တွန်ခဲ့လေသည်။ထိုစကားအား ကပ္ပတိန်ရာဆယ်လ် ကြားလေလျှင် ဘဟူဘန် အားခေါ်၍ သူ့အသင်းအား အနိုင်ကစားနိုင်ပါက အခွန်ရှောင်ခွင့် သုံးနှစ်ပေးမည် ရှုံးလျှင်မူအခွန်အဆ သုံးဆပေးမည်ဟု စိန်ခေါ်လောင်းကြေးထပ်ခဲ့သည်။ ဘဟူဘန် ကလည်းသဘောတူ၍နောက်သုံးလပြီးလျှင် ယှဉ်ပြိုင်ရန် ချိန်းဆိုခဲ့ကြသည်။မဖြစ်နိုင်ခြင်းကို စိန်ခေါ်တတ်သော ဘဟူဘန်/ ဘဟူဘန်ရှုံးနိမ့်မည်ဟု မှတ်တွက်ထားသော ...
movie

Lagaan: Once Upon a Time in India (2001)

The 13th Unit (2014) မြန်မာစာတန်းထိုး
The 13th Unit (2014) မြန်မာစာတန်းထိုး CM ပရိတ်သတ်တွေအတွက် ဒီနေ့ သရဲကားတစ်ကား တင်ဆက်ပေးလိုက်ပါတယ်..2014 ထဲမှာထွက်ရှိထားပြီး ဒါရိုက်တာ Theophilus Lacey က ရိုက်ကူးတင်ဆက်ပေးထားခြင်းဖြစ်ပါတယ်..သဲထိတ်ရင်ဖိုဇာတ်လမ်းကြိုက်နှစ်သက်သူများအတွက်ကြည့်ရတာအဆင်ပြေမယ့်ဇာတ်ကားမျိုးဖြစ်ပြီးနှလုံးရောဂါရှိသူများ..ကလေးသူငယ်များမကြည့်သင့်ပါ ။။။ဇာတ်လမ်းကတော့ လူခုနှစ်ယောက် မြေအောက်က အခန်းတခုမှာ တပြိုင်နက်ပိတ်မိကြပြီးသူတို့ကိုယ်သူတို့လွတ်မြောက်ဖို့ကြိုးစားကြတဲ့အခါ ဘယ်လိုတွေကြုံတွေ့ကြမလဲ..ဘယ်လိုအထူးအဆန်းတွေနဲ့ရော ရင်ဆိုင်ရမှာလဲ.သဘာဝလွန်နေတဲ့ ဘယ်လိုအရာမျိုးနဲ့တွေ့ကြုံရမှာလဲဆိုတာကိုစိတ်ဝင်တစားစောင့်ကြည့်ရမှာပဲဖြစ်ပါတယ်Filesize : 890 MBQuality :1080pFormat : mp4Running Time : 1hr 19 minSubtitle : Myanmar Subtitle ( hardsub )Encoded By LKDownload And Watch With Pcloud Link 

The 13th Unit (2014) မြန်မာစာတန်းထိုး

Hellboy (2004) မြန်မာစာတန်းထိုး
Hellboy (2004) မြန်မာစာတန်းထိုး  Director: Guillermo del Toro ရိုက်ကူးတင်ဆက်ထားပြီး April 2, 2004 (USA) မှာ ရုံတင်ခဲ့တဲ့ ငရဲသား Hell Boy ဆိုတဲ့ သူရဲကောင်းဆန်ဆန်လူတစ်ပိုင်း နတ်ဆိုးတစ်ပိုင်း Hero အကြောင်းဖြစ်ပါတယ်...ဇတ်လမ်းပုံစံလေးကတော့ မှုခင်း ကိစ္စတွေမှာ လူတွေ လုပ်တာမဟုတ်ပဲမကောင်းဆိုးဝါး နှင့် အခြား သတ္တ၀ါ ပေါင်းစုံ တို့ ဖန်တီးနေသော အမှုများအားသက်သက် ဖြေရှင်းရန် အစိုးရ လျို့ဝှတ်အဖွဲ့အစည်းတစ်ခု ရှိနေပြီးထို အဖွဲ့အစည်းမှ ဆရာဝန် တစ်ဦးဟာ ငရဲတံခါး ပွင့်ချိန် ကမ္ဘာပေါ်ကိုရောက်ရှိလာတဲ့ ငရဲသားလေး တစ်ယောက်ကို ကောက်ယူ မွေးစားခဲ့ပါတယ်ထို ငရဲသား အရွယ်ရောက်လာသော အခါ လူသား အစိုးရအဖွဲ့အစည်းနဲ့ ပူးပေါင်းကာလူသားတွေ မဖြေရှင်းနိုင်တဲ့ အသက်စွန့် တိုက်ခိုက်ရတဲ့ အလုပ်တွေမှာ ပါဝင်ဖြေရှင်းပေးခဲ့ပါတယ်..ဒီ Hell Boy ဇတ်ကားဟာ ၂၀၀၄ ခုနှစ် ဖြစ်လို့ ...

Hellboy (2004) မြန်မာစာတန်းထိုး

The Illusionist (2006)
The Illusionist (2006) 2006 ခု နှစ် မှာထွက်ရှိခဲ့တဲ့ The Illusionist ဇာတ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်..ဒီဇာတ်ကားကို ရိုက်ကူးတင်ဆက်ထားတဲ့ ဒါရိုက်တာကတော့ Neil Burger ဖြစ်ပြီး ဒီဇာတ်ကားဟာ အောင်မြင်မှုတွေနဲ့ ပရိတ်သတ်ရဲ့စိတ်ဝင်စားမှုကိုပါ ရယူနိုင်ခဲ့ပါတယ်...IMDb Rating မှာလည်း 7.6 အထိ ရရှိထားလို့ ဇာတ်ကားကောင်းတစ်ကားဆိုတာငြင်းချက်ထုတ်စရာမရှိပါဘူး..မင်းသား Edward Norton ပါဝင် သရုပ်ဆောင်ထားပါတယ်..မျက်လှည့်ဇာတ်ကားဖြစ်ပါတယ်ကျွန်တော့်အမြင်အရပြောရမယ်ဆိုရင်လည်း  ဒီဇာတ်ကားဟာ Now You See Me တို့ houdini တို့ ဇာတ်ကားပြီးရင် ကျွန်တော့်အကြိုက်ဆုံးဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်..CM ပရိသတ်တွေလည်း ကြိုက်နှစ်သက်အောင်မျှဝေခံစားလိုက်ပါတယ်.. Filesize : 663 MB Quality : 720p Format : mp4 Running Time : 110 minSubtitle : Myanmar Subtitle ( Hardsub ) Encoder : LKDownload And Watch With Pcloud Link  
movie

The Illusionist (2006)

Talaash (2012) 7.2
Talaash (2012) ၀ိညာဉ် ရှိတာ ယုံနိုင်မလားဆိုတဲ့ မေးခွန်းမျိုးအမေးခံရဖူးလား မိတ်ဆွေ ???? သိပ္ပံပညာ ထွန်းကားနေတဲ့ခေတ်မှာ ပရလောက ကိုလက်မခံလည်းမရဘူးဆိုတာကို ဒီဇာတ်ကားလေးက ပြောပြနေမှာပါ။ IMDB 7.3/10 ရရှိထားတဲ့အတွက် အတော်အတန်အောင်မြင်ထားတဲ့ ဇာတ်ကားလေးလို့ ဆိုနိုင်ပါသေးသည်။ (ဇာတ်လမ်းအကျဉ်း) ညတစ်ညမှာပေါ့ ။ ရုပ်ရှင်မင်းသား အမန်ကပူးဟာ အက်စီးဒင့်ဖြစ်ပွားခဲ့ပြီး သေဆုံးမှုဖြစ်ပွားခဲ့ပါတယ်။ ဖြစ်ပွားတဲ့နေရာကလည်း လူခြေတိတ် နေပြီး လမ်းကလည်း အရှင်းသားဖြစ်နေပါတယ်။ ဒီအဖြစ်ဟာ သမရိုးကျတော့မဖြစ်နိုင်ဘူးဆိုတာကို အင်စပက်တာ Surjan ကသုံးသပ်လိုက်ပါတယ်။ Surjan ဟာ ထူးချွန်တဲ့ ရဲမှူးတစ်ဦးဖြစ်ပြီး လက်အောက်ငယ်သားတွေရဲ့ လေးစားမှုကို အပြည့်အ၀ရရှိထားသူပါ။ ထို့နောက် အမန်ကပူးသေဆုံးမှုကိုဖော်ထုတ်ရန် Surjan ကြိုးပမ်းခဲ့တယ်။ တစ်ဖက်မှာလည်း ရှရှီ ဆိုတဲ့ပြည့်တန်ဆာခေါင်း ဟာလည်း အမန်ကပူးသေဆုံးမှုကို ကြားရှိပြီးနောက် သူရဲ့အိမ်ကနေ ထွက်ပြေးရှောင်ပြေးဖို့ ကြိုးပမ်းခဲ့ပါတယ်။ ရှရှီမှာ ခြေတစ်ဖက်မသန်တဲ့ တပည့်လေးတစ်ယောက်ရှိပါတယ်။ သူ့နာမည်က တာမြူး။ ရှရှီဟာ သူရဲ့အသုံးအဆောင်တွေကိုထုပ်ပိုးရင်း နေရာရှောင်ခဲ့ပါတယ်။သူ သုံးနေတဲ့ဆင်းကဒ်ကိုလည်း အသစ်ပြောင်းသုံးခဲ့ပါသေးတယ်။ ထိုအချိန်မှာတော့ လွင့်ပစ်လိုက်တဲ့ ဆင်းကဒ်ကို တာမြူးအသုံးပြုလေသော်အခါ ။ ဘာတွေဆက်ဖြစ်မှာလဲ။ ဘာတွေကွင်းဆက်ပေါ်လာမလဲ ဆိုတာကို စိတ်လှုပ်ရှားစွာ စောင့်ကြည့်ရမှာပါ။ အင်စပက်တာ Surjan အကြောင်းထပ်ပြောရရင် သူဟာ မိသားစုရေးရာ စိတ်ထိခိုက်မှူ ရှိထားခဲ့သူပါ။ သူရဲ့သား ကရန်ဟာ ရေနစ်သွားခဲ့တာကြောင့် သူကိုယ်သူ့အပြစ်ရှိသလို မှတ်ယူထားသူပါ။ ဒါပေမဲ့ သူ့သားဝိညာဉ် ရှိနေတာကိုတော့ မယုံသူတစ်ဦးပါ။ သူ့မိန်းမကတော့ သူ့ဝိညာဉ်နဲ့ဆက်သွယ်ပြောဆိုလိုသူပါ။ တစ်နေ့မှာတော့ သူတို့အိမ်နီးချင်းတစ်ယောက်ဟာ သူတို့ရဲ့သား ကရန် ၀ိညာဉ်နဲ့တွေ့ဆုံသည်ဟု သတင်းကြားမိလေသည်။ ထိုအခါမှာ သူ့သားဝိညာဉ်နှင့်ဆက်သွယ်လိုသော Surjan မိန်းမ / အယုံအကြည်မရှိသော Surjan / သူတို့နှစ်ဦးကြား ပြဿနာတွေကလည်း Surjan အတွက် စိတ်ဖိစီးမှုများစေခဲ့ပါတယ်။ Surjan ဟာ အမန်ကပူးရဲ့ ...
movie

Talaash (2012)

Red Planet (2000) မြန်မာစာတန်းထိုး
Red Planet (2000) မြန်မာစာတန်းထိုး 2000 ခု နှစ်မှာ ထွက်ရှိခဲ့တဲ့ Red Planet ဇာတ်ကားဖြစ်ပါတယ်..ဒါရိုက်တာ Antony Hoffman ကရိုက်ကူးတင်ဆက်ထားကာ IMDb Rating 5.6 ရရှိထားပါတယ်..သိပ္ပံအက်ရှင်ဇာတ်ကားကောင်းတွေကြိုက်နှစ်သက်သူတွေအတွက် ကြည့်ဖို့သင့်တဲ့ဇာတ်လမ်းကောင်းတစ်ပုဒ်ဖြစ်ပါတယ် အဲ့ဇာတ်ကားဟာ Las Vegas Film Critics Society Awards ပွဲမှာ ဇာတ်ကားထဲမှာပါဝင်တဲ့ဇာတ်ဝင်တေး "The Tower That Ate People". သီချင်းအတွက် Best Song Award အတွက်လည်းလျာထားခြင်းခံခဲ့ရပါတယ်..သရုပ်ဆောင်တွေအဖြစ်  Val Kilmer, Carrie-Anne Moss, Tom Sizemoreစတဲ့သရုပ်ဆောင်တွေက ပါဝင်ထားကြပါတယ်...ဒီဇာတ်ကားအတွက် ဘာသာပြန်သူကတော့ ကို Lotus Black ပဲဖြစ်ပါတယ်..Filesize : 610 MBQuality : 720pFormat : mp4Running Time : 106 minutesSubtitle : Myanmar Subtitle ( Hardsub )Translator : Lotus BlackEncoder ...

Red Planet (2000) မြန်မာစာတန်းထိုး

The Gallows (2015) မြန်မာစာတန်းထိုး
The Gallows (2015) မြန်မာစာတန်းထိုး 2015 ခု နှစ်ထဲမှာထွက်ရှိထားတဲ့ဇာတ်ကားတစ်ကားဖြစ်ပါတယ်..မြန်မာပြည်ကရုံတချို့မှ အခုတင်တုန်းရှိပါသေးတယ် CM မှာတော့ မြန်မာစာတန်းထိုးနဲ့ကြည့်လို့ရနိုင်ပြီပဲဖြစ်ပါတယ် :Dဇာတ်လမ်အကျဉ်းကတော့ ကျောင်းမှာ ပြဇာတ်ပွဲလုပ်တာကစတာပါပဲ အဲဒီပြဇာတ်ကို အရင် စီနီယာတွေလုပ်ခဲ့တုန်းကလဲ လူသေမှုတွေဖြစ်ခဲ့ပါတယ်အဲဒီပြဇာတ်ကို အခုတခါပြန်ပီးပြသဖို့ ကျောင်းသားတွေပြင်ဆင်ကြတယ် ကောင်လေးက ကောင်မလေးကိုကြိတ်ကြိုက်နေတော့ သူ့ကိုဟီးရိုးလို့ထင်အောင် ညဘက်မှာ ပြဇာတ်စင်ကို ဖျက်ဆီးပစ်ဖို့ သူ့သူငယ်ချင်းက အကြံပေးရာကနေညဘက်ကြီး ကျောင်းကိုသွားကြပါတယ် မထင်မှတ်ပဲ ကောင်မလေးပါရောက်လာပီး သူ့တို့အစီအစဉ်တွေ ပေါ်သွားပီး စိတ်ဆိုးသွားတယ် သူတို့ပြန်ထွက်ဖို့လုပ်ကော တံခါးတွေကဖွင့်မရတော့ပါဘူး ဒီလိုနဲ့တစ်ညလုံး ကျောင်းထဲမှာ ဘယ်လိုတွေရင်ဆိုင်ရမလဲဆိုတာကို ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်Filesize : 960 MBQuality : WEBRip720pFormat : mp4Source : SKSRunning Time : 1hr 21minSubtitle : Myanmar Subtitle ( Hardsub )Encoded By LKDownload And Watch With Pcloud ...

The Gallows (2015) မြန်မာစာတန်းထိုး

Unfriended (2015) မြန်မာစာတန်းထိုး
Unfriended (2015) မြန်မာစာတန်းထိုး Director: Leo Gabriadze ရိုက်ကူးတင်ဆက်ထားပြီးApril 17, 2015 (USA) မှာ ရုံတင်ပြသခဲ့တဲ့ Social Network ကိုအသုံးပြု၍ လူသတ်ခဲ့တဲ့ စိတ်ကူးယဉ် ဆန်ဆန် ဇတ်ကားလေးပါ… ဇတ်လမ်း ကြာမြင့်ချိန် 1h 23m ခန့် ရှိပြီး Horror, Thriller အမျိုးအစားဖြစ်ပါတယ် ဇတ်လမ်းပုံစံလေးကတော့.. တစ်ည မှာ Blaire နဲ့ Mitch တို့ စုံတွဲဟာ Skype မှ Chat နေကြပါတယ်.. Jess ရယ် Adam Ken ရယ် Val တို့ဟာလဲ Group Chat နဲ့ ဝင်လာကြပါတယ် သူငယ်ချင်းတို့ စကားပြောနေတုန်း Group Chat ထဲ Billie227 နာမည်နဲ့ အကောင့်တစ်ခု Profile Picture မပါပဲ ဝင်လာခဲ့လို့ အားလုံး အံ့အားသင့်နေကြပါတယ် တစ်ယောက်ယောက်များ နောက်နေကြသလားပေါ့… သိပ်မကြာခင်ပဲ အဲ့ဒီတစ်ယောက်ဟာ ကိုယ့်ကိုကိုယ် သတ်သေသွားတဲ့ ကျောင်းသူ Laura ...
movie

Unfriended (2015) မြန်မာစာတန်းထိုး

The Bow 2005 (မြန်မာစာတန်းထိုး) 18+
The Bow 2005 (မြန်မာစာတန်းထိုး) 18+  ဒီကားလေးက စကားပြောခန်း များများစားစားမပါဘူးဗျအဲ့ဒီ ဇတ်ကားထဲက အဓိက သရုပ်ဆောင် ကလေးမလေးကလဲ တစ်ကားလုံးစကားမပြောသွားဘူး...ဒါပေမယ့် အသံတိတ်လေးတွေ ကြည့်ရတာလဲ တန်ပါတယ်..တံငါသည် အဖိုးကြီးတစ်ယောက်ဟာ ကလေးမလေးတစ်ယောက်ကို ငယ်ငယ်ထဲကမွေးစားလာခဲ့ပါတယ် လှေပေါ်မှာပဲ ထားတယ် သူစိမ်းယောင်္ကျားလေးတွေနဲ့ ပေးမတွေ့ပါဘူးလှေပေါ်ကို လာလည်တဲ့ ငါးဖမ်းသူတွေက ကလေးမလေးကို ရိသဲ့သဲ့လုပ်ရင်လဲမျှားနဲ့ ပစ်ပြီး ဆုံးမလေ့ရှိပါတယ်... လူတွေ အတင်းပြောကြတာကတော့ အဖိုးကြီးက ကလေးမလေးနဲ့ညားနေကြတာလို့ ပြောလေ့ရှိကြတယ်..ကလေးမလေးကလဲ တစ်ခြား သူစိမ်းတွေက ရိသဲ့သဲ့ လာလုပ်ရင်မျှားနဲ့ ပစ်ပြီး ဆုံးမတယ် အကပ်မခံဘူးပေါ့..ဒါပေမယ့် တစ်ရက်မှာတော့ လှေပေါ်ကို ငါးဖမ်းအဖွဲ့နဲ့ ကောင်လေးတစ်ယောက်ပါလာတယ်အဲ့ဒီကောင်လေးကို ကလေးမလေးက မြင်မြင်ချင်း ချစ်သွားတဲ့အခါကလေးမလေးကို အူတိုတဲ့ အဖိုးကြီးနဲ့ ဘာတွေဆက်ဖြစ်မလဲဆိုတာDownload ဆွဲကြည့်လိုက်ကြနော်..18+ ဖြစ်လို့ ကလေးသူငယ်များ မိသားစု နှင့် အတူကြည့်ရန် မသင့်တော်ပါ... (သစ်ဆန်းခန့်)Download Link===============Download

The Bow 2005 (မြန်မာစာတန်းထိုး) 18+

Bad Boy (1+2) မြန်မာစာတန်းထိုး
Bad Boy (1+2) မြန်မာစာတန်းထိုး ဒီတစ်ခါတော့ Will Smith ပါဝင်သရုပ်ဆောင်ထားတဲ့ ရဲကားလေးကို ပ+ဒု ပေါင်းတင်လိုက်ပါတယ် Marcus Burnett က မိန်းမကြောက်ရတဲ့ လူ။ Mike Lowreyက လွတ်လပ်ပေါ့ပါးပြီးခံစားချက်မရှိတဲ့ ကောင်မလေးတွေနဲ့အတွဲညီတဲ့လူ။ ၂ယောက်လုံးက မီယာမီက မူးယစ်ထိန်းချုပ်ရေးဌာနရဲ့ ရဲ အရာရှိတွေဗျ။သူတို့၂ယောက်တာဝန်ကျတဲ့ နယ်ပိုင်းမှာပဲ တစ်ညတော့ ရဲထိန်းသိမ်းမှုအောက်က ကန်ဒေါ်လာ သန်း၁၀၀ကျော်တန်ဖိုးရှိတဲ့ ဟီရိုအင်းတွေ ပြန်ခိုးခံထိသွားပါလေရော။အထက်အရာရှိတွေ ကြိမ်းမောင်းတာကို ၂ယောက်သား ခံရတဲ့အပြင် ငါးရက်အတွင်းအဲ့ဘိန်းတွေ ပြန်မရရင် ဌာန တစ်ခုလုံးပိတ်ပစ်မယ် ဆိုပြီးတောင် ခြိမ်းခြောက်ခံရပါတော့တယ်။ Lowrey ကတော့ နေ့ချင်းညချင်း ချမ်းသာလာတဲ့ သူနဲ့ အသိအကျွမ်း တစ်ယောက်ကို သင်္ကာ မကင်း ဖြစ်ပြီး ထောက်လှမ်းပါလေရော။ဒီမှာတင် ဆက်စပ် လူသတ်မှုတွေ ထပ်မံဖြစ်ပွားနိုင်စရာ ရှိသေးတယ်ဆိုတာကို သွားတွေ့ပါတယ်။ဒါကို ဇာတ်ဆောင် ၂ယောက် နဲ့အခြား ရဲ အရာရှိ ၂ယောက်က ပူးပေါင်းပြီး ...

Bad Boy (1+2) မြန်မာစာတန်းထိုး