Channel Myanmar

Uncategorized

50 or Two Whales Meet at the Beach (2020) 6.9
50 or Two Whales Meet at the Beach (2020) 50 or Two Whales Meet at the Beach (2020) =============================== IMDb Rating - 6.9/10ဒီ "50 or Two Whales Meet on the Beach" ဆိုတဲ့ဇာတ်ကား လေးကတော့ ဖယ်လိစ်နဲ့ အယ်လီဆာဆိုတဲ့ ဆယ်ကျော်သက်လေး နှစ်ယောက် "Blue Whale Challenge" ကစားတာကိုအဓိကဇာတ် အိမ်ပြုထားတာပါ။အရင်ဦးဆုံး "Blue Whale Challenge" ဆိုတဲ့ဂိမ်းကိုရှင်းပြပေးချင် ပါတယ်။ "Blue Whale Challenge" ဆိုတာက ၂၀၁၆ ဝန်းကျင် လောက်တုန်းက ကမ္ဘာပေါ်ကနေရာအနှံ့မှာခေတ်စားခဲ့တဲ့ အန္တရာယ် ရှိတဲ့အွန်လိုင်းစိန်ခေါ်မှုကစားပွဲတစ်ခုပေါ့။ အဲဒီဂိမ်းကစားရတဲ့ပုံစံဟာ ဆိုရင် ဆော့ကစားတဲ့သူတွေအနေနဲ့ ရက် ၅၀ ကာလအတွင်းမှာ အက် မင်ဆိုတဲ့သူတွေဆီကနေ စိန်ခေါ်မှု အခု ၅၀ကိုလက်ခံပြီးအောင်မြင် အောင်လုပ်ရမှာပါ။စစချင်းစိန်ခေါ်မှုလေးတွေကတော့ ခပ်လွယ်လွယ်ပေါ့ပေါ့ပါးပါး လေးတွေပါပဲ။ "မနက်အစောကြီး ထရန်" တို့၊ "Horror ကားတွေ ကို တစ်ယောက်တည်းကြည့်ရန်" တို့ဆိုပြီးတော့ပေါ့။ အဲဒီကနေမှ နောက်ပိုင်းမှာ တဖြည်းဖြည်းပိုပိုခက်လာပြီး အန္တရာယ်တွေလည်း ပိုပိုရှိလာပါတယ်။ ...
movie

50 or Two Whales Meet at the Beach (2020)

2020
Tickets(2023)
Tickets(2023) Tickets(2023)************* ဦးနှောက် အကျိတ်ကင်ဆာဖြစ်နေတဲ့ ဖီးလစ်မှာ သမီးလေးတစ်ယောက်ရှိပါတယ်။သမီး ဖြစ်သူ ခရစ်စတယ်ကလည်း အိမ်ကို မထောက်ပံ့နိုင်ပဲအဆိုတော်ဖြစ်ဖို့ကြိုးစားနေပါတယ်။ဂရန့် ဆိုတဲ့ကောင်လေးကတော့ Rapper ဖြစ်ဖို့ကြိုးစားနေပြီး ကလပ်တစ်ခုရဲ့ ပိုင်ရှင်အတွက် ဆေးခြောက်ရောင်းပေးနေတာပါ။ ဂရန့်နဲ့ ခရစ်စတယ်ကတော့ ဘာလိုလိုညာလိုလိုပါ။တစ်ရက် ခရစ်စတယ်ရဲ့အမေက ထီဆုကြီးကိုပေါက်တဲ့အခါမှာတော့သမီးဖြစ်သူနဲ့ ဂရန့်တို့ဟာ ထီပေါက်တဲ့အကြောင်း အမေဖြစ်သူကိုမပြောဘဲ နှစ်ယောက်ထဲ အမေရိကားကိုသွားဖို့ စီစဉ်ကြပါတော့တယ်။ ဂရန့်ဟာ သူ့ဘော့စ်အတွက် ဆေးခြောက်ရောင်းရင်းနဲ့ ရဲ‌အဖမ်းခံလိုက်ရတဲ့အချိန်မှာတော့...ဆိုးဝါးလွန်းတဲ့ ဖြစ်ရပ်တွေ ဆက်တိုက်လာပါတော့တယ်..အဲ့ဒီနောက်မှာတော့....ဘာသာပြန်နဲ့ အညွှန်းကတော့ PROXY ဖြစ်ပါတယ်။    File Size :(1.5GB) and (472MB) Quality : AMZN.WEB-DL1080P5.1Ch,720p Format…mp4 Duration…01:30:00 Genre : Drama Subtitle : Myanmar Subtitle (Hard Sub) Translated by  PROXY Encoded by Phyo Pyae
movie

Tickets(2023)

Eight Taels of Gold (1989) 7.1
Eight Taels of Gold (1989) Eight Taels of Gold (1989) ==================== IMDb Rating - 7.1/10Mabel Cheungရဲ့ Migration Trilogyမှာ The Illegal Immigrant (1985), An Autumn's Tale (1987) နဲ့ Eight Taels of Gold (1989) သုံးကားရှိတဲ့ အထဲ နောက်ဆုံးကားဖြစ်တဲ့ Eight Taels of Gold (1989)ဟာ ရှေ့ကားတွေလို အဆွေးကားစာရင်းဝင်ပေမဲ့ သုံးထားတဲ့မင်းသား Sammo Hungနဲ့လိုက်အောင်ပဲ ဟာသကားလည်း တစ်ခြမ်းဖြစ်နေတယ်။ နောက်တစ်ခုကွဲတာကတော့ ရှေ့၂ကားမှာ တရုတ်ကနေ အမေရိကန်ကိုသွားတဲ့အကြောင်းကို အဓိကထားပြပေမဲ့ ဒီနောက်ဆုံး ကားမှာ‌တော့ ပြောင်းပြန်ဖြစ်သွားပြီ။ အမေရိကန်ကနေ တရုတ်ပြည်ကို ပြန်လာတဲ့ တရုတ်တစ်ကောင်အကြောင်းဖြစ်သွားတယ်။အိမ်ကနေ ထွက်ပြေးသွားတာ ၁၆နှစ်ရှိပြီဖြစ်တဲ့ Sammo Hungရဲ့ ဇာတ်ကောင်ဟာ အမေရိကန်မှာ တက္ကစီဆွဲစားရင်း အသက်မွေး‌ဝမ်းကြောင်းပြုနေခဲ့တဲ့လူပေါ့။ ဒီကားရဲ့ အစမှာ သူအိမ်ကိုပြန်လာဖို့လုပ်တယ်။ အဖွင့်မှာတင်ပါတဲ့ ဒီအခန်းက ရယ်လည်းရယ် ရသလို လက်တွေ့လည်းကျတယ်။ တရုတ်ပြည်ကို လက်ဆောင်ပြန်ယူသွားဖို့ ...
movie

Eight Taels of Gold (1989)

1989
Three Monkeys (2008) 7.3
Three Monkeys (2008) Three Monkeys (2008) ================== Directed By Nuri Bilge Ceylan IMDb Rating - 7.3/10Once Upon a Time in Anatoliaတို့ Winter Sleep တို့ The Wild Pear Tree တို့ကို ရိုက်ခဲ့တဲ့ တူရကီဒါရိုက်တာ Nuri Bilge Ceylanရဲ့ နာမည်ကျော် ရုပ်ရှင်တွေထဲက တစ်ကားပါ။ Ceylanဟာ ၂၀၁၄မှာ Winter Sleep နဲ့ Palme d'Orရဖူးပြီး ကားတိုင်းနီးပါးလည်း ဝေဖန်ရေးသမားတွေ သဘောကျခံရတဲ့ ဒါရိုက်တာပါပဲ။သူ့ရုပ်ရှင်တွေဟာ ဖြစ်တည်မှုပဓာနဝါဒ အငွေ့အသက်နဲ့ လူ့ဘဝရဲ့ငြီးငွေ့ဖွယ် ကောင်းမှုတွေကို ရိုက်ပြတတ်ပြီး နေ့စဉ်ဘဝကို အသေးစိတ်ဖော်ပြတတ်တဲ့ ဒါရိုက်တာလို့လည်း ဆိုပါတယ်။ သဘာဝကျတာကို တော်တော် အသားပေးတဲ့ ဒါရိုက်တာလည်းဖြစ်ပြီး သူ့ရုပ်ရှင်တွေမှာ ဆက်တင်ကို သီးသန့်ပြင်ဆင်ခြင်းမရှိဘဲ မူလသဘာဝအတိုင်း ရိုက်ပြတတ်သလို သရုပ်ဆောင်တွေကလည်း သရုပ်ဆောင် မဟုတ်တဲ့ သူ့မိသားစုဝင်တွေ အိမ်နီးနားချင်းတွေကိုပဲ သုံးတာများပါတယ်။ သူ့မိန်းမ ရုပ်ရှင်မင်းသမီးကတော့ ခြွင်းချက်ပေါ့။ သူ့ကားတွေအကုန်လုံးကို ...
movie

Three Monkeys (2008)

2008
Missing (2023)
Missing (2023)  ဇာတ်လမ်းကို ချုပ်ပြောရရင် အမေပျောက်ရှာပုံတော်ပေါ့ဗျာ။ အဲ့ထက်နည်းနည်းလေးချဲ့ရရင်တော့ ကျွန်တော်တို့ ခေတ်ရဲ့ မြန်နှုန်းမြင့် အင်တာနက်‌တွေ၊ ဆိုရှယ်မီဒီယာတွေဟာ အသုံးပြုသူတွေအပေါ် ကောင်းကျိုးနဲ့ဆိုးကျိုး ဘယ်လိုအကျိုးသက်ရောက်မှု ရှိနေသလဲဆိုတာကို ချပြထားရင်း ဂျန်ဇီး ဇာတ်လိုက်ဟာ သူသိထားတဲ့ ဆိုရှယ်မီဒီယာတွေကိုသုံးပြီး သူ့မိခင်ကိုဘယ်လိုရှာဖွေမလဲ ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ ဒါပေမယ့် အဲလောက်ထိတော့ မရိုးရှင်းနေပါဘူး။ သူသိသမျှမွှေနှောက်ရင်း သူ့အမေရဲ့ အတိတ်၊ သူ့ရဲ့အတိတ်၊ သူ့နားကလူတွေရဲ့အတိတ်မှာ ဘာတွေဖြစ်ခဲ့သလဲဆိုတာကို သိလာတဲ့အချိန် ဘာတွေဆက်ဖြစ်မလဲ။ ဇာတ်လမ်းကလည်း လှည့်ကွက်တွေ ပါသင့်သလောက်ပါတာကြောင့် အဆုံးအထိ မပျင်းပဲ ဆွဲခေါ်သွားနိုင်ပါတယ်။ သူတို့ချပြချင်တဲ့ အကြောင်းအရာတွေကို ၂ နာရီ မပြည့်ဘဲ အကုန်ချပြသွားနိုင်တယ်လို့ ကျွန်တော်ကတော့ ယူဆပါတယ်။File size…(2 GB)/(1 GB)/(500 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:50:00 Genre...Drama , Mystery , Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Min Thant ...
movie

Missing (2023)

Dangerous Medicine (2021) 5.0
Dangerous Medicine (2021) Dangerous Medicine (2021) ====================Dangerous Medicine ဆိုတဲ့ အခုဇာတ်ကားလေးက လူတွေကို အကွက်ကျကျဇာတ်လမ်းဆင်ပြီး အန္တရာယ်ပေးတတ်တဲ့ လူတစ် ယောက်ကို ပြင်ပကမ္ဘာမှာ လွှတ်ထားမိတဲ့ အလျောက် နောက်ထပ် လူတွေကိုပါ အန္တရာယ်ပေးဖို့ဖြစ်လာပါတော့တယ်။ရယူလိုစိတ်တစ်ခုကို ရှေ့တန်းတင်တတ်တဲ့၊ ဘာမဆိုလုပ်ရဲတဲ့၊ စိတ် ပိုင်းဆိုင်ရာ မူမမှန်တဲ့ လူတစ်ယောက်အကြောင်းကို အခြေတည်ရိုက် ကူးထားတာဖြစ်ပါတယ်။ ဇာတ်လမ်းက plot holes တွေလည်းရှိနေပြီး လုပ်ယူထားတာမျိုးတွေလည်းတွေ့ရတတ်ပေမဲ့ အတိုင်းအတာတစ်ခု လောက်ထိ စိတ်ဝင်စားဖို့ကောင်းတာမို့ ကြည့်ရှုနိုင်ရန် တင်ဆက်ပေး လိုက်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Khin Thant Sin Tun ဖြစ်ပါတယ်)File Size..........(1.61 GB) / (559 MB) / (351 MB) Quality............WEB-RIP 1080p / 720p / 480P Duration.........1Hr 27Mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Thriller Translator.......Lwin Bo Encoder..........SWM
movie

Dangerous Medicine (2021)

2021
Bruiser (2022) 5.9
Bruiser (2022) Bruiser (2022) ===========ဒီဇာတ်ကားကိုတော့ အဖေနှစ်ယောက် သားလုတဲ့ကားလို့ပြောရ မလားပဲဗျ။ လူမည်းမိသားစုတစ်စုရဲ့အကြောင်းပေါ့။ ဒဲရီးယပ်စ်ဆိုတဲ့ ၁၄နှစ်အရွယ်ကောင်လေးတစ်ယောက် ကျောင်းပိတ်ရက်မှာ ဘော် ဒါဆောင်ကနေ အိမ်ပြန်လာရာက ဇာတ်လမ်းစပါတယ်။ သူ့အဖေရင်းကတော့ သူမွေးလာတုန်းက တာဝန်ယူဖို့အဆင်သင့်မဖြစ် သေးလို့ဆိုပြီး ပစ်သွားတာပါ။ ငယ်ငယ်ကတည်းကနေ အခုချိန်ထိ ကျွေးမွေးစောင့်ရှောက်လာတဲ့သူက သူ့အမေရဲ့ခင်ပွန်းဖြစ်တဲ့လက်ရှိ အဖေပေါ့။ အဖေရင်းနဲ့လက်ရှိမိဘတွေက ငယ်သူငယ်ချင်းကြီးတွေ ဖြစ်ကြလေရဲ့။ တစ်ရက်ကျ သူ့အဖေရင်းဟာ ပြန်ရောက်ချလာပြီး ဒဲရီးယပ်စ်ရဲ့မိသားစုဘဝထဲကို ဝင်လာပါလေရော။သွေးသားရင်းဖြစ်တဲ့ အဖေရင်းဟာ သူ့အပေါ်နားလည်ပေးတယ်လို့ ဒဲရီးယပ်စ်တစ်ယောက် ခံစားလာရပါတယ်။ အဖေရင်းကလည်း သူ့ သားသူမတွေ့ရမနေနိုင်တော့ပါဘူး။ လက်ရှိအဖေကတော့ စည်းကမ်း တင်းကြပ်တာတွေ၊ ဆူဆူပူပူပြောတာတွေကြောင့် ဆယ်ကျော်သက် ဖြစ်တဲ့ ဒဲရီးယပ်စ်နဲ့ အစေးမကပ်ဘူးပေါ့။ လက်ရှိအဖေဟာ ဒဲရီးယပ်စ် အဖေရင်းရဲ့အကျင့်နဲ့ နေပုံထိုင်ပုံကြောင့် သူ့သားကို အဲ့လူနဲ့နီးနီးမှာ နေ ခွင့်မပေးနိုင်ဘူးဖြစ်ပြန်ပါတယ်။ပေါ့ပေါ့ပါးပါးနဲ့ သူ့ကိုပျော်အောင်လုပ်ပေးနိုင်တဲ့ အဖေရင်းနဲ့ စနစ်တကျ ရှိပြီး အခုချိန်ထိ သူ့ကိုကျွေးမွေးပေးလာတဲ့ လက်ရှိအဖေတို့ကြားမှာ ဒဲရီးယပ်စ်တစ်ယောက် ဝေခွဲရခက်နေပါတယ်။ အဖေနှစ်ယောက်ကလည်း မတည့်ကြတာမို့ သူ့သားငါ့သားဆိုပြီး ငြင်းကြပါတော့တယ်။ ကဲပါ ကြည့်ရှု ခံစားလိုက်ကြပါဦး။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Ngwe Zin ဖြစ်ပါတယ်)File Size..........(1.82 GB) / (757 MB) / ...
movie

Bruiser (2022)

2022
Tag-init (2023) 18+
Tag-init (2023) 18+ မာတင်ဆိုတဲ့ကောင်လေးဟာ တစ်ခုသော နွေရာသီမှာ သူ့အစ်ကို၊ သူ့အစ်ကိုသူငယ်ချင်းနဲ့အတူ အပန်းဖြေကမ်းခြေတစ်ခုကိုရောက်ရှိခဲ့ပါတယ်။ အဲ့ဒီခရီးစဉ်ဟာ သူ့ဘဝအတွက် တစ်သက်မမေ့နိုင်စရာ အတွေ့အကြုံတွေကြုံဆုံလာရမယ့် ကာလတစ်ခုဖြစ်လာမယ်ဆိုတာကိုတော့သူမသိခဲ့ပါဘူး။ သူ့အစ်ကိုနဲ့အတူ ပါလာတဲ့သူငယ်ချင်းက ရည်းစားမက သူငယ်ချင်းမကျကောင်မလေးတစ်ယောက် ခေါ်လာပါတယ်။သူ့အစ်ကိုအပါအဝင် သုံးယောက်လုံးက သောက်လိုက်စားလိုက် ဝိတွေချလိုက်နဲ့ ပျော်ပါးနေချိန်မှာ အဲ့ဒါမျိုးတွေမလုပ်တတ်တဲ့အတွက် သူကတော့ ကမ်းခြေတစ်လျှောက်စူးစမ်းမိပါတယ်။ အဲ့ဒီမှာ သူမြင်ခဲ့ရတာ နေဝင်ဆည်းဆာရောင်အောက်မှာ ဘီကနီနဲ့ရေထဲလမ်းလျှောက်နေတဲ့ သိပ်လှတဲ့ မမကြီးတစ်ယောက်ကိုပါပဲ။ နောက်ပိုင်း လစ်ရင်လစ်သလို အဲ့ဒီ မမရှိတဲ့ ဘက်ကိုသွားသွားနေမိရင်း အဲ့ဒီမမက သူ့ကိုခေါ်နူတ်ဆက်ရင်း စကားလက်ဆုံကျမိသွားတဲ့ညနေတစ်ခုမှာတော့ လူပျိုဖြန်းလေးတစ်ယောက် အရူးအမဲသားကျွေးသလို ဆတ်ဆတ်ခါသွားခဲ့ပါတော့တယ်။ အဲ့ဒီမမဟာသူတို့တည်းတဲ့ တည်းခိုအိမ်ဘေးက အပန်းဖြေအိမ်ပိုင်ရှင်အကောင်ကြီးကြီးတစ်ယောက်သားရဲ့အငယ်အနှောင်းလေးဖြစ်တယ်။ အဲ့ဒီမမဟာ သူ့ချစ်သူလို့ထင်တဲ့လူက အချိန်မပေးလို့ စိတ်ထွက်ပေါက်ရှာနေတယ်။ တစ်ဖက်ကလဲသူ့အစ်ကိုသူငယ်ချင်းခေါ်လာတဲ့ အစ်မကြီးကလဲ သူ့ကိုပညာစုံသင်ပေးဖို့ကမ်းလှမ်းနေတဲ့အချိန်ဖြစ်နေတဲ့အခါမှာတော့..။ မာတင် အတွက်တစ်သက်မမေ့နိုင်စရာ အတွေ့အကြုံတွေကို ခံစားကြုံဆုံရမယ့် ခရီးတစ်ခုဖြစ်လာပါတော့တယ်။ အားလုံးနဲ့ ရင်းနှီးလောက်ဖြစ်တဲ့ Franki Russell ကမမကြီး Adele အဖြစ်၊Lovely Ladies Dormitory မှာဂျက်ကလင်းဇာတ်ရုပ်နဲ့တက်သစ်စဖြစ်လာခဲ့ပြီဖြစ်တဲ့ Yen Renee Durano တို့က မာတင့်ကို ...
movie

Tag-init (2023) 18+

Arlington Road (1999)
Arlington Road (1999)  Thriller/Crimeထဲမှာမှ Terroristဇာတ်ကားမျိုးဖြစ်ပါတယ်။ ဇာတ်လမ်းထဲမှာ "မိုက်ကယ်ဖာရာဒေး"နဲ့ "အော်လစ်ဗာလန်း"ကတော့ အဓိကဇာတ်ဆောင်တွေပေါ့။ "မိုက်ကယ်ဖာရာဒေး"ဆိုသူ သမိုင်းဘာသာရပ်ပါမောက္ခက သီးခြားနေတတ်ပေမဲ့ ဉာဏ်လည်းကောင်း၊စိတ်ရင်းလည်းကောင်းသူတစ်ဦးပါ။ ဒီလိုနဲ့ အာလင်တန်လမ်းမှာရှိတဲ့ ဖာရာဒေးရဲ့အိမ်ရှေ့မျက်စောင်းထိုးအိမ်ကို မိသားစုတစ်စုပြောင်းလာခဲ့တယ်။ ဖာရာဒေးရဲ့အိမ်နီးချင်းအသစ် အော်လစ်ဗာမှာ ကြောက်ဖို့ကောင်းတဲ့လျို့ဝှက်ချက်တစ်ခုရှိနေတယ်။ အဲဒီလျို့ဝှက်ချက်က ဘဝပေါင်း​များစွာကို နေ့ချင်းညချင်း ပြောင်းလဲသွားစေနိုင်တဲ့ လျို့ဝှက်ချက်မျိုးပါ။ ဖာရာဒေးရိပ်မိသွားတဲ့အခါ ဘာတွေဆက်ဖြစ်မလဲ FBIအေးဂျင့်တစ်ဦးဖြစ်ခဲ့တဲ့ဇနီးသည်လီရယ်ကို ဆုံးရှုံးထားတဲ့ဖာရာဒေးရဲ့ဘဝထဲမှာ အိမ်နီးချင်းအသစ်ရောက်လာတဲ့အခါ ဖာရာဒေးဘဝက ဘယ်လိုအပြောင်းအလဲတွေဖြစ်သွားမလဲ။ သမိုင်းမှာဘယ်လိုနာမည်မျိုးကျန်ရစ်မလဲ။ ရက်အနည်းငယ်အတွင်းမှာပဲ လူတစ်ယောက်ရဲ့ဘဝထဲမှာ အရာအားလုံးဖြစ်ပျက်သွားနိုင်ပါတယ်။ သရုပ်ဆောင်တွေက actingအရမ်းတော်ပြီး ဇာတ်လမ်းဇာတ်ကွက်ရော အဆင့်မြင့်မြင့်ရိုက်ကူးထားတဲ့ကားတစ်ကားမျိုးဖြစ်တာမို့လို့ အချိန်ပေးကြည့်ရတာအရမ်းတန်လို့ ဒေါင်းကြည့်ဖို့ကို recommendပေးပါတယ်နော် File size…(2 GB)/(1B)/(500 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:58:00 Genre...Drama,Crime,Thriller,Mystery Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Su Eaindra
movie

Arlington Road (1999)

A Little Bit of Heaven (2011)
A Little Bit of Heaven (2011) တကယ်လို့များ ဘုရားသခင်နဲ့တွေ့ပြီး လိုချင်တဲ့ ဆု ၃ခု ဆုတောင်းခွင့်ရခဲ့မယ်ဆိုရင်....IMDB 6.2/10 ရရှိထားတဲ့ A little bit of Heaven (2011)ဆိုတဲ့ ဒီ Romance/Dramaကားလေးမှာ မင်းသမီး Kate Garry Hudson (How to lose a guy in 10 days/Almost Famous)နဲ့ မင်းသား Gael García Bernal (Bad Education)တို့က အဓိကသရုပ်ဆောင်အဖြစ် ပါဝင်ထားကြတာပါ။ဇာတ်လမ်းအကျဉ်း မာလေက ဘဝကို ပျော်ပျော်နေတတ်ပြီး စိတ်ရှုပ်စရာတွေကို ရယ်စရာလုပ် တောက်ထုတ်တတ်တဲ့၊ ချိန်းတွေ့တာမျိုးလုပ်ပေမယ့် အချစ်ကိုဘဝထဲအဝင်မခံတတ်တဲ့၊ အလုပ်အကိုင်ရှိတဲ့ အမျိုးသမီးတစ်ယောက်ပါ.. သူငယ်ချင်းကောင်းတွေ ဝန်းရံထားပြီး ပြီးပြည့်စုံတဲ့ဘဝကို ပိုင်ဆိုင်ထားပေမယ့် လျစ်လျူရှုတတ်တဲ့အဖေနဲ့ ပွစိပွစိပြောတတ်တဲ့အမေကြား အလိုက်အထိုက်ဆက်ဆံရင်း နေနေရသူပေါ့.. အေးချမ်းနေတဲ့ မာလေ့ရဲ့ဘဝထဲကို မထင်မှတ်ဘဲ ကင်ဆာဆိုတဲ့ မုန်တိုင်းကြီးက ရုတ်တရက်ရောက်ရှိလာခဲ့ချိန်မှာတော့.. မာလေက ဘုရားသခင်ဆိုသူနဲ့ စကားပြောခွင့်ရခဲ့ပါတော့တယ်.. သူ့ကိုယ်သူ ဘုရားသခင်လို့ဆိုသူက လိုချင်တဲ့ ဆု ၃ခု ...
movie

A Little Bit of Heaven (2011)

Driven to Murder (2022) 5.6
Driven to Murder (2022) Driven to Murder (2022) ==================Driven to Murder ဆိုတဲ့ Survival ကားလေးနဲ့မိတ်ဆက် ပေးချင်ပါတယ်။ ကားမောင်းရင်းနဲ့လူသတ်ပါတယ်။ အကြောင်း ပြချက်မရှိလူသတ်ပါတယ်။ အဲ့ဒီကြားထဲညှပ်သွားတာ အရမ်း သနားဖို့ကောင်းတဲ့ ဆာရာလို့ခေါ်တဲ့မိန်းကလေးတစ်ယောက်။သူလုပ်မိတဲ့အပြစ်ဆိုလို့ ညဘက်အချိန်မတော် အငှားကားငှား မိတာပါပဲ။ အခုမှစမ်းသပ်နေဆဲ အက်ပလီကေးရှင်းတစ်ခုကနေ ကားငှားလိုက်တယ်။ ကားသမားကလည်း စကားပြောကောင်းပြီး ရုပ်ရည်ကလည်းအသင့်အတင့်ရှိတော့ ဆာရာနဲ့စကားတွေဖောင်ဖွဲ့ ပြောရင်း သူ့အကြောင်းကိုယ့်အကြောင်း စပ်စုမိကြပါတော့တယ်။လူဆိုးတွေနဲ့တွေ့ရင် ဘယ်လိုလုပ်ရမလဲဆိုတာ ကားသမားက ဆာရာကိုသေချာရှင်းပြနေရင်း လမ်းဘေးမှာမတ်တပ်ရပ်နေတဲ့သူကို ကားနဲ့ပြေးတိုက်ပါတော့တယ်။ ဆာရာလည်းကြောင်သွားပြီး ရဲခေါ် မယ်လုပ်တော့ မင်းလည်းကြံရာပါဆိုပြီးခြိမ်းခြောက်ကာ ကားပေါ် အတင်းခေါ်သွားပါတော့တယ်။ ကားငှားမယ့်နေရာနဲ့ ဆာရာအိမ်က အဝေးကြီးမဟုတ်ပေမယ့် အငှားကားနဲ့အိမ်ပြန်တဲ့ ညတစ်ညမှာတော့ ဆာရာတစ်ယောက် ဘယ်လိုမျိုးတွေကြုံတွေ့ရမလဲ? ဘာတွေရင်ဆိုင် ရမလဲဆိုတာကိုတော့ ဆက်ကြည့်လိုက်ပါတော့နော်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Jo Jo Va ဖြစ်ပါတယ်)File Size..........(1.55 GB) / (463 MB) / (295 MB) Quality............WEB-RIP 1080p / 720p / 480P Duration.........1Hr 35Mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Thriller Translator.......Jo Jo Va Encoder..........SWM
movie

Driven to Murder (2022)

2022
Message and the Messenger (2022) 5.3
Message and the Messenger (2022) Message and the Messenger (2022) =========================လောကဓံရဲ့ ဖြစ်တတ်တဲ့သဘောလေးတွေကြားထဲမှာ ကျင် လည်နေတဲ့လူထဲကလူတစ်ဦးဖြစ်တဲ့ အိမ်ခြံမြေအကျိုးဆောင် ဂျက်ဆီကာကလာ့ခ်။ သူ(မ)က ဘုရားကျောင်းအဖွဲ့ဝင်တစ်ဦး ဖြစ်ပြီး သဿမေဓအခွန်(ဘုရားကျောင်း‌ကိုသွင်းရတဲ့အလှူငွေ) တွေကို ငွေမရှိလည်းရအောင်လှူတဲ့ ယုံကြည်သူတစ်ဦးပေါ့လေ။သူအဲလိုလှူတဲ့အတွက်လည်း ဘုရားက သူ့ကိုအဆင်ပြေအောင် ပြန်လုပ်ပေးမယ်လို့ မမှိတ်မသုန်ယုံကြည်နေတယ်။ အဲဒါနဲ့တစ်နေ့ သူ့ဘဝထဲကို စီးပွားရေးမိတ်တစ်ယောက်ဝင်လာတယ်။ အစက တော့ ဘုရားက သူဘဝထဲကို မကောင်းတဲ့လူတစ်ယောက်လွှတ် လိုက်တယ်ထင်လိုက်ပေမယ့် တကယ်တမ်းကျတော့ သူကိုကောင်း ချီးပေးလိုက်တယ်ဆိုတာ တဖြည်းဖြည်းသဘောပေါက်လာတဲ့ အကြောင်းကိုကြည့်ရမှာဖြစ်ပါတယ်။ အဲ့အပြင် သူမရဲ့မိသားစုနဲ့ သူငယ်ချင်းတွေလည်း သူတို့ရဲ့ အကျပ်အတည်း‌အခက်အခဲ‌တွေကို ဘယ်လိုကျော်ဖြတ်မလဲဆိုတာပါ ကြည့်ရမယ့် ဘာသာရေးနှော ထားတဲ့ ဒရာမာကားလေးပဲဖြစ်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းကို Khant Sett Naingမှရေးသားပေးပြီး၊ ဘာသာပြန်ရေးသားပေးသူများကတော့ Khant Sett Naing, Momo တို့ဖြစ်ပါတယ်)File Size..........(1.6 GB) / (570 MB) / (370 MB) Quality............WEB-RIP 1080p / 720p / 480p Duration.........1Hr 27Mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Drama Translator.......Khant Sett Naing, Momo Encoder..........SWM
movie

Message and the Messenger (2022)

2022
RocknRolla(2008) 7.2
RocknRolla(2008) RocknRolla(2008)=============== နာမည်ကြီး Director Guy Ritchie ရဲ့လက်ရာ အက်ရှင်ဇာတ်လမ်းကောင်းတစ်ပုဒ်ဖြစ်တဲ့ Rocknrollaကိုတင်ဆက်ပေးလိုက်ပါတယ်။လန်ဒန်မြို့ရဲ့ဒုစရိုက်လောက၊ မူးယစ်ဆေး၊ အိမ်ခြံမြေဥပဒေပိုင်းအကျင့်ပျက်ခြစားမှုတွေကို လှည့်ကွက်ကောင်းကောင်းနဲ့တင်ဆက်ထားလို့ အက်ရှင်ကားကြိုက်ရင် ကြည့်သင့်တဲ့ ပေးရတဲ့အချိန်နဲ့တန်စေမယ့် ဇာတ်လမ်းကောင်းလေးဖြစ်ပါတယ်။ဇာတ်အိမ်ကတော့ လန်ဒန်အိမ်ခြံမြေလောကကို လက်ခုပ်ထဲထည့်ထားတဲ့ လောဘကြီးတဲ့သူဌေးကြီး လန်နီကိုးလ်ဆီကို ရုရှားသူဌေးတစ်ဦးက လုပ်ငန်းအတွက်ဆက်သွယ်လာရာမှ မထင်မှတ်ထားတဲ့တိုက်ဆိုင်မှုတွေနဲ့ နှစ်ဦးကြားကို ပတ်သက်မိသွားတဲ့ ဒုစရိုက်အဖွဲ့ဝိုင်းဘန့်ချ်ရဲ့အကြောင်းပဲဖြစ်ပါတယ်။ ဘယ်လိုမျိုးအဖြစ်အပျက်တွေက ဝိုင်းဘန့်ချ်ကို စောင့်ကြိုနေမလဲ၊ မထင်မှတ်ထားတဲ့တိုက်ဆိုင်မှုတွေက ဘာတွေဆက်ဖြစ်လာစေမလဲ၊ အကွက်ကျ ကောက်ကျစ်တတ်တဲ့သူဌေးနှစ်ဦးကြားမှာ မြေစာပင်ဖြစ်သွားမလားဆိုတာကို ပြကွက်တစ်ကွက်ချင်းဆီက အချိတ်အဆက်မိမိနဲ့ ဆွဲခေါ်သွားမှာပါ။ File size…1.13GB / 502MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 54m Genre ..... Crime , Action , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Chloe Khin
movie

RocknRolla(2008)

Strange Talk About Heishiling ( 2022 ) 5.9
Strange Talk About Heishiling ( 2022 ) အားလုံးပဲ သိုင်းကားတွေအချစ်ကားတွေ မှုခင်းကားတွေပဲကြည့်ပြီး ရိုးအီနေကြလောက်ရောပေါ့ ဒီတစ်ခါတော့ CMကနေသရဲကားကောင်းကောင်းလေးကို တင်ဆက်ပေးသွားမှာပါပဟေဠိပေါင်းစုံ စကားပုံပေါင်းစုံနဲ့ ဟယ်ရှီလင်မြိုကလေး ပိုပြီး လူသိများတာက တော့ ဟယ်ရှီလင်မြိုရဲ့နာကြည်းချက်မြစ်ပါပဲ အဲ့မြစ်နာမည်ဘယ်လိုဖြစ်ပေါ်လာရလဲဆိုရင် အငြိုးအာဃာတ မကျေနပ်ချက် နာကြည်းချက်တွေနဲ့ သေဆုံးရသူတွေဟာ မကျွတ်မလွတ်ဘဲ အဲ့မြစ်မှာသရဲတစ္ဆေသွားဖြစ်ကြလိုပါပဲလတိုင်းရဲ့၁၅ရက်နေ့မြောက်ရောက်ရင် မှော်ဆရာတွေဟာ အဲ့မြစ်ကိုသွားပြီးဝိဉာဥ်ဆင့်ခေါ်ကာ လူပြန်ဝင်စားဖို အာဃာတတွေလွှတ်ချဖို လုပ် ဆောင်ပေးရပါတယ် မလုပ်ဆောင်ပေးနိုင်ဘဲ စိတ်ဆိုးအောင်လုပ်မိရင်တော့ ဟယ်ရှီလင်တစ်ရွာလုံး ဘေးဒုက္ခဆိုးကြီးကျရောက်ပြီး လူတွေသေကြေကြရမှာပါဒီဇာတ်လမ်းထဲမှာလည်းအစပြုထားတာက ရွှအခေါင်းဆိုင်ကအလုပ်သမား ကျိုးလော့ဟန်ပျောက်ဆုံးရာကနေစတင်ခဲ့တာပါ သူက လျိုအိမ်တော်ကလူနှစ်ယောက်သေဆုံးချိန်ရှိသောလူ သူမိန်းမသေဆုံးပြီးပျောက်သွားသောလူဖြစ်တာကြောင့် စုံထောက်လျိုကဒီကိစ္စကိုစုံစမ်းဖို ဟယ်ရှီလင်ရွာရောက်လာပါတော့တယ်အယုံအကြည်မရှိတဲ့လူက ဘယ်လိုဖြစ်ရပ်ဆန်းတွေ ကြုံတွေ့ရမလဲ? တကယ့်တရားခံကရော ဘယ်သူလဲ? ဒီကိစ္စကိုရော ကိုင်တွယ်နိုင်ပါ့မလား?ဆိုတာ ဇာတ်လမ်းလေးထဲ ရင်တဖိုဖိုနဲ့ ကြည့်ကြရအောင်နော် [ Reviewed By Kong Hou ] Quality : WEB-DL 1080p , 480p Format : mp4 Genres : Thriller , Mystery Runtime : 1h 13 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Encoded ...
movie

Strange Talk About Heishiling ( 2022 )

Lullaby (2022) 7.3
Lullaby (2022) Lullaby (2022)~ IMDb - 7.3/10, Rotten Tomatoes - 100% ~ခရမ်းချဉ်သီးတစ်ရာအပြည့်ရထားတဲ့ စပိန်ကားလေးပါ။ စပိန်တွေက အင်တာကိုအဓိကပေါက်တာက ဒရာမာတွေများတတ်တော့ ဒီတစ်ခါလည်း ဒရာမာကားပါပဲ။ IMDb ကတော့ 7.3/10 ရထားပါတယ်။ ဇာတ်ကတော့ မိသားစုဒရာမာကိုမှ နှစ်ထပ်ကွမ်းမိသားစု ဒရာမာပါပဲ။ မနှစ်က ပင်နလိုပီခရုဇ် ရိုက်တဲ့ အော်စကာဆန်ခါတင်ဝင် မိသားစုဒရာမာနဲ့တောင်ဆင်ပါတယ်။မိန်းမတစ်ယောက်ရဲ့ ကိုယ့်အမေရယ် ကိုယ့်သမီးရယ်နဲ့ကြားက အတွေ့အကြုံတွေပေါ့။ ကြွေးသစ်ချပေးတာတို့ ကြွေးဟောင်းဆပ်တာ ဘာဘာညာညာတို့ပေါ့။ ကလေးရလာတဲ့အခါ မိဘတွေရဲ့ စိတ်ကို နားလည်လာမလည်လာ ဘာဘာညာညာရောပေါ့။ နောက် အိုမင်းမစွမ်းတော့တဲ့ မိဘတွေရဲ့ သားသမီးအပေါ် ပေးဆပ်ချင်စိတ်ကျန်နေခြင်းတွေ ဘာညာဘာညာနဲ့ မိသားစုဒရာမာကို မိသားစုဒရာမာပြန်ဆင့်ထားတဲ့ ရိတ်တင်အမြင့်စားနဲ့ စပိန်ဒရာမာကားကောင်းလေးပါပဲ။(ဒီဇာတ်ကားနဲ့အညွှန်းကို W မှ ပြန်ဆို ရေးသားထားပါတယ်)Size - 1.42GB, 580MB Quality - 1080p, 720p IMDb ...
movie

Lullaby (2022)

2022
Delirium(2018) 5.7
Delirium(2018) Delirium(2018)===============ဒီတစ်ခါမှာ ပရိသတ်ကြီးတို့ကို မိတ်ဆက်ပေးချင်တာကတော့၂၀၁၈ ခုနှစ်က ထွက်ရှိခဲ့တဲ့ Delirium ဆိုတဲ့ဇာတ်ကားလေးပါ။ပြသချိန် ၁ နာရီခွဲဝန်းကျင် ကြာပြီးတော့ Horror, Thrillerအမျိုးအစား ကြိုက်နှစ်သက်တဲ့ ပရိသတ်ကြီးတို့အနေနဲ့လက်လွှတ်မခံသင့်တဲ့ ဇာတ်ကားပါပဲ။ဇာတ်လမ်းအကျဉ်းကို ပြောရမယ်ဆိုရင် Tom Walker ကစိတ်ရောဂါကုဆေးရုံမှာ နှစ် ၂၀ ကုန်ဆုံးပြီးနောက်မှာလွတ်မြောက်လာခဲ့ပါတယ်။ ဒါပေမဲ့ သူ့အနေနဲ့ ရက် ၃၀အကျယ်ချုပ်နေပြီးမှ ပုံမှန်လူတစ်ယောက်လိုသွားလာခွင့်ရမှာပါ။ အဲဒီတော့ သူဟာ သူ့မိဘတွေ ချန်ခဲ့တဲ့အိမ်ကြီးမှာ တစ်ယောက်ထဲ နေရဖို့ အကြောင်းဖန်လာပါတော့တယ်။ အမေနဲ့ အဖေက သူတို့ငယ်ငယ်ကတည်းကကွဲသွားကြတာ ဖြစ်ပြီးတော့ အဖေဖြစ်သူက သူမလွတ်လာခက်ရက်ပိုင်းအလိုမှာ ကိုယ့်ကိုယ့်ကိုယ်သတ်သေသွားတာဖြစ်ပါတယ်။ အစ်ကိုဖြစ်သူ Alex ကလည်း ထောင်ကနေလွတ်မလာသေးပါဘူး။ အိမ်အကြီးကြီးထဲမှာ တစ်ယောက်ထဲနေရတဲ့Tom ဟာ အိမ်ထဲကနေ အသံတွေကြားရတာတွေ၊ ထူးဆန်းတဲ့ဖုန်းခေါ်ဆိုမှုတွေကို ကြုံတွေ့လာရပါတော့တယ်။မိန်းကလေးတစ်ယောက် ရေနစ်နေတာကိုလည်းမြင်မြင်နေရပါသေးတယ်။ တစ်နေ့မှာတော့ Tom ဟာ မုန့်စားချင်လို့ဈေးဆိုင်ကနေ မုန့်မှာရင်း မုန့်လာပို့တဲ့ Lynn ...
movie

Delirium(2018)

Abraham Lincoln: Vampire Hunter(2012) 5.9
Abraham Lincoln: Vampire Hunter(2012) Abraham-Lincoln-Vampire-Hunter(2012)==================================အမေရိကကို ပြင်ပကနေ ဘယ်တော့မှ ဖျက်ဆီးနိုင်မှာမဟုတ်ဘူး။ကျုုုပ်တို့အင်အားချိနဲ့ပြီး လွတ်လပ်မှုတွေဆုံးရှူံးရပြီဆိုရင် ဒါဟာကျုပ်တို့ကိုယ်တိုင် ဖျက်ဆီးပစ်တာကြောင့်ပဲ ဖြစ်လိမ့်မယ်။(အေဘရာဟမ်လင်ကွန်း)သမ္မတလင်ကွန်း ဆိုခဲ့သလို စစ်ရေး၊ စီးပွားရေးမဟာအင်အားကြီးစူပါပါဝါအမေရိကကို ပြင်ပကမ္ဘာကဖျက်ဆီးနိုင်ဖို့၊ ရန်သတ္တရုပြုဖို့ဆိုတာ မလွယ်လှသလို၊ဆိုးရွားပြင်းထန်တဲ့ အကျိုးဆက်တွေနဲ့ကြုံတွေ့ရမှာမြေကြီးလက်ခတ်မလွဲပါပဲ။ 'သွေးထွက်သံယိုမှုမရှိဘဲနိုင်ငံတစ်ခုကို မတည်ဆောက်နိုင်' ဆိုတဲ့အတိုင်းလင်ကွန်းကိုယ်တိုင်ထိတ်လန့်ခြောက်ခြားဖွယ်ရာသွေးသံရဲရဲ အနိဌာရုံတွေ၊ တိုက်ခိုက်သတ်ဖြတ်မှုတွေကိုရှောင်လွှဲမရစွာ လုပ်ဆောင်ခဲ့ရတာလည်း ရှိလေရဲ့။လင်ကွန်းရဲ့ ကျော်ကြားလှတဲ့ အထက်ပါစကားရပ်လိုအမေရိကကိုအပြီးတိုင် ဖျက်ဆီးပစ်မယ့် ရန်သူဟာနိုင်ငံအတွင်းမှာ တကယ်ကိုရှိနေခဲ့ပါပြီ။အေဘရာဟမ်လင်ကွန်း လို့ဆိုလိုက်တာနဲ့အမေရိကရဲ့၁၆ ယောက်မြောက်သမ္မတ၊ ငွေဝယ်ကျွန်စနစ်ပပျောက်ရေး ကြိုးပမ်းသူစတဲ့ သမိုင်းအချက်အလက်တွေကိုသာ သတိရကြစမြဲပါ။ လင်ကွန်းနဲ့ပတ်သက်ပြီးအလွန်အရေးကြီးလှသည့်တိုင် သမိုင်းမတွင်တဲ့အကြောင်းခြင်းရာတစ်ခုကတော့ အင်မတန် လူသိနည်းလှပါတယ်။ အဲဒါကတော့လင်ကွန်းဟာ နေ့ဘက်မှာတိုင်းပြည်ကို သမ္မတအဖြစ် စီမံအုပ်ချုပ်ပြီး၊အကာလညအခါမှာ သွေးစုပ်ဖုတ်ကောင်တွေကို လိုက်လံသုတ်သင်ချေမှုန်းသူတစ်ဦး ဆိုတာပါပဲ။ ဒီသမိုင်းဖြစ်ရပ်တွေကိုဆက်သ်ဂရေဟမ်စမစ်သ် က လေ့လာဖော်ထုတ်ဇာတ်ညွှန်းခွဲပြီး၊ ဒါရိုက်တာ ဘက်ခ်မမ်ဘီတော့ဗ် ကရိုက်ကူးတင်ပြလိုက်တဲ့အခါ-Abraham Lincoln: Vampire Hunter ဆိုပြီး ဖြစ်လာပါတယ်။ခေါင်းဆောင်မင်းသား ဘင်ဂျမင်ဝေါ်ကာရဲ့အထူးပီပြင်လှတဲ့ အင်ပြည့်အားပြည့် သရုပ်ဆောင်ချက်တွေ၊သွေးပျက်ခြောက်ခြားစရာ တိုက်ခိုက်ခန်းတွေ၊အန်ထော်နီမက်ကီ၊ ဒေါမနစ်ကူးပါး ...
movie

Abraham Lincoln: Vampire Hunter(2012)

The Honeymoon (2022) 5.2
The Honeymoon (2022) The Honeymoon(2022)ဘတ်ဗ်နဲ့ အဒမ်ဆိုတဲ့ သူငယ်ချင်းနှစ်ယောက်ဟာ ကလေးဘဝ ချာတိတ်အရွယ်ထဲက သွားအတူလာအတူ စားအတူပေါင်းလာခဲ့တဲ့ကောင်တွေ ဖြစ်တယ်အဲ့တော့ တစ်ကောင်နဲ့တစ်ကောင်က ပြောမနာဆိုမနာ အားမနာလျှာမကျိုးကောင်တွေပေါ့ သူတို့နှစ်ယောက်ဟာ ပုံပန်းသွင်ပြင်ရော စိတ်ထားချင်ပါ တစ်ယောက်နဲ့တစ်ယောက် တက်တက်စင်အောင်မတူပေမယ့် သိပ်ကိုချစ်ကြတဲ့ သူငယ်ချင်းတွေဖြစ်တယ်အရမ်းပူးကပ်လွန်းလို့တောင် ပတ်ဝန်းကျင်က ဒီနှစ်ကောင်ခွဲမရပါဘူးကွာလို့ ပြောကြတဲ့ထိပဲဒီလိုနဲ့ ၂ကောင်သားအသက်တွေကြီးလာပြီး အဒမ်တစ်ယောက် မိန်းမယူဖို့ဖြစ်လာတဲ့အချိန်မှာ ဘတ်ဗ်တစ်ယောက် ဘယ်လိုအူတိုမလဲဆိုတာ ကြည့်ရမှာပါဘယ်လောက်အူတိုလဲဆိုရင် အဒမ်နဲ့ သူ့မိန်းမရဲ့ ဟန်းနီးမွန်းခရီးစဥ်ထိပါ လိုက်ရှုပ်တဲ့အထိပဲ အဲ့လိုနဲ့ကြားထဲမှာသောက်တလွဲတွေလဲ အများကြီးဖြစ်တာပေါ့ပြောရရင် Hangover ထဲကဖက်တီးရဲ့ vibe မျိုးတောင်ပြန်ရတယ်ပြောရမယ် တော်တော်လေးလဲရီရပြီး ကြည့်ပျော်တဲ့ကားတစ်ကားပါ ကျွန်တော်ကတော့ကြည့်ပြီးလို့ အတော်လေးကြိုက်ပါတယ် တကယ်မိုက်တဲ့ကားပါ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Hein That Naing ပါ ) File Size__(1.7GB) / (950MB) Quality__WEB-DL_1080p, 720p IMDb Rating__5.2/10 Format__mp4 Duration__02:12:00 Type__Comedy, Romance Subtitle__Myanmar Subtitle (Hardsub) Translated by Hein ...
movie

The Honeymoon (2022)