Channel Myanmar
War
1917 (2019) 8.4
1917 (2019) unicodeဒီနှစ် အကယ်ဒမီမှာ ဆုတွေ အများကြီး ဆန်ကာတင်ဝင်ပြီး ၃ ဆုရထားတဲ့ စစ်ကားပါ။စစ်ကားငတ်နေတဲ့သူတွေတော့ အကြိုက်တွေ့မှာပါ။ဒီဗွန် တပ်ရင်း-၂ ဟာ ၉မိုင်ကျော် ဆုတ်ခွာသွားတဲ့ ဂျာမန်တွေကိုအပြီးသတ်ချေမှုန်းဖို့ လိုက်တိုက်နေပါတယ်။ဒါပေမယ့် ဒါဟာ ထောင်ချောက်ဆိုတာကို သူတို့ မသိကြရှာပါဘူး။ဒီနေ့ပြီးလို့ နောက်တစ်နေ့ မနက်မှာ ထိုးစစ်စတာနဲ့ လူပေါင်း ၁၆၀၀ လုံးသေကြရတော့မယ်။ သူတို့ တပ်ရင်းကို တားဖို့အတွက်တိုက်ရိုက်အမိန့်ကို ဌာနချုပ်ကနေ ပို့ဖို့ကြိုးစားတဲ့အခါလူနည်းလေ မြန်လေမို့ လူ ၂ ယောက်ထဲကိုပဲ လွှတ်လိုက်ရတယ်။ဒုတပ်ကြပ်ဘလိတ်ခ် နဲ့ စကိုးဖီးတို့ဟာ လူပေါင်း ၁၆၀၀အသက်ကို ကယ်နိုင်ဖို့ တစ်ရက်အတွင်းမှာ ဂျာမန်ရန်သူ့မြေထဲကို ဖြတ်ဝင်ပြီး တပ်ရင်း-၂ ဆီကို အရောက်သွားဖို့ ကြိုးစားရပါတော့တယ်။အကောင်းဆုံး စီနီမက်တိုဂရက်ဖီဆု၊ အသံတည်းဖြတ်ဆု နဲ့အထူးပြုလုပ်ချက်ဆုကို ရထားတဲ့ ရုပ်ရှင်ကို ထိုက်ထိုက်တန်တန် ခံစားကြည့်လိုက်ကြပါဦး။File Size : ( 2 GB , 1 ...
movie
1917 (2019)
Jarhead: Law of Return (2019) 6.7
Jarhead: Law of Return (2019) Jarhead: Law of Return (2019)======================IMDb Rating 6.7/10 ထိရရှိထားတဲ့ ဇာတ်လမ်းကောင်းတစ်ခုပါ။#Unicodeဒီဇာတ်ကားကို Poster စကြည့်ခဲ့တုန်းက သာမန်စစ်ကားလောက်ပဲထင်ခဲ့မိတာ။ စဖွင့်ကတည်းကစပြီးတော့ကို actionဆန်ဆန်ရိုက်ကူးမှုတွေနဲ့စထားခဲ့ပြီး ဇာတ်လမ်းကို ဇာတ်ရှိန်စမြှင့်ပေးတယ်။ ဖြစ်စဉ်က အဆင့် ၇ ရှိ ဆာဂျင်ဒေ့တောရစ်သူက မြောက်ကယ်ရိုလိုင်းနား လီဂျူးနီ အခြေစိုက်စခန်းရဲ့ဒုတိယရေတပ်တပ်ရင်း M-SOIT အဖွဲ့ရဲ့ ခေါင်းဆောင်ဖြစ်တယ်။သူဦးဆောင်တဲ့ အဖွဲ့က အစ္စရေးကိုစေလွတ်ပြီး ပူးပေါင်းလေ့ကျင့်စစ်ဆင်ရေးကိုပါဝင်ရပါတယ်။သွားတာတော့ လေ့ကျင့်ရေးအတွက်ပေမယ့် အစ္စရေးလေတပ်က လေယာဥ◌်မောင်းလေ့ကျင့်ရင်း စီးရီးယားဘက်ကနေဒုံးနဲ့ချောင်းမြောင်းပစ်ခတ်ချင်းကိုခံရပါတယ်။ အရှေ့ဘက် လေယာဥ◌်မောင်းက တစ်ခါတည်းသေဆုံးပြီးအနောက်ဘက်ကထိုင်တဲ့ မေဂျာဂျက်ဆင်ကတော့ လေယာဥ◌်ထဲကနေ အရေးပေါ်ခလုတ်နှိပ်ပြီးထွက်နိုင်ခဲ့ပါတယ်။ ဒါပေမဲ့လည်းစီးရီးယားအကြမ်းဖက် အရှာဘတ်ကလိုက်လံရှာဖွေဖမ်းဆီးခြင်းကိုခံခဲ့ရပါတယ်။ ဒါကို တောရစ်တို့အဖွဲ့နဲ့အစ္စရေး စစ်တပ်ကအဖွဲ့တို့ပူးပေါင်းကယ်တင်ဖို့ဖြစ်လာခဲ့ပါတယ်။ အဲ့ဒီကယ်ဆယ်ရေးဖြစ်စဥ◌်ကိုကြည့်ရှုရတာဟာ တကယ့်ကိုစိတ်ဝင်စားစရာဖြစ်ပြီးကျွန်တော်ထုတ်မပြောခဲ့တဲ့ စိတ်ဝင်စားစရာအပိုင်းတွေအများကြီး အများကြီးကို ဆက်တိုက်ကြည့်ရှုရမှာပါ။ ကောင်းလွန်းလို့ CMပရိတ်သတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ်ဗျာ။ တစ်ခုမှာချင်တာက မျက်ရည်လေးတော့ခိုင်အောင်ထားပေါ့ဗျာ။(ဒီဇာတ်လမ်းရဲ့အညွှန်းကို San Win Maungရေးသားပေးပြီး ဘာသာပြန်ပေးသူကတော့ Z ...
movie
Jarhead: Law of Return (2019)
2019
War Horse(2011) 7.2
War Horse(2011) War Horse(2011) IMDb....7.2,,,Rotten...76% အခုတင်ပေးမှာကတော့ လူနဲ့တိရစ္ဆာန်အကြား ချစ်ခြင်းမေတ္တာ၊ မိသားစုချစ်ခြင်းမေတ္တာ၊ စစ်၏သဘောတရား စတဲ့ ခံစားမှုရသမျိုးစုံပါဝင်တဲ့ ဇာတ်ကားကောင်းလေးဖြစ်ပါတယ်။ ဇာတ်ကားနာမည်ကတော့ အပေါ်ကအတိုင်း War Horse ပါ.. .စစ်မြင်းတစ်ကောင်အကြောင်းပေါ့... Jurassic Park, Jaws စတဲ့ တိရစ္ဆာန်ဦးစားပေးဇာတ်ကားတွေ၊ Saving Private Ryan၊ Schindler’s List၊  စတဲ့ စစ်ပွဲဦးစားပေးဇာတ်ကားတွေကို ရိုက်ကူးခဲ့တဲ့ နာမည်ကြီး ဒါရိုက်တာ Steven Spielberg က ရိုက်ကူးထားတာဖြစ်ပါတယ်... စာရေးဆရာကြီး Michael Morpurgo ရဲ့ နာမည်ကျော် War Horse စာအုပ်ကို မှီငြမ်းရိုက်ကူးထားတာဖြစ်ပြီး ပထမကမ္ဘာစစ်အတွင်း နိုင်ငံအသီးသီးက အသုံးပြုခဲ့တဲ့ မြင်းပေါင်း ရှစ်သန်းကျော်ရဲ့ သနားစရာဘဝကို တစ်ကောင်တည်းနဲ့ ကိုယ်စားပြု ရိုက်ကူးထားတာဖြစ်ပါတယ်...ပြီးတော့ Loki မင်းသား Tom Hiddleston နဲ့ Sherlock Holmes မင်းသား Benedict Cumberbatch တို့ကလည်း အားဖြည့်ကူညီထားပါတယ်.... ဇာတ်လမ်းအညွှန်း ပထမကမ္ဘာစစ်မစမီ ...
movie
War Horse(2011)
2011
The Windermere Children (2020) 7.1
movie
2020
While at War (2019) 7.1
movie
While at War (2019)
2019
The Last Full Measure(2019) 7.0
The Last Full Measure(2019) The Last Full Measure(2019)(unicode)ကာကွယ်ရေးဝန်ကြီးဌာနကို အမေရိကန်ဗီယက်နမ်စစ်ပွဲမှာ ပါဝင်ခဲ့တဲ့အငြိမ်းစား တပ်ကြပ်ကြီးတစ်ယောက်ရောက်လာတယ်...သူလာခဲ့တဲ့ကိစ္စကလည်း ခပ်ဆန်းဆန်းပဲ... လေတပ်က စစ်သည်တစ်ယောက်ရဲ့ သူရဲကောင်းဘွဲ့နဲ့ပတ်သက်ပြီးလာခဲ့တာပါ... ဒီလေတပ်စစ်သည်ဟာ အမေရိကန်ဗီယက်နမ်စစ်ပွဲမှာ သေဆုံးသွားခဲ့ပြီး နောက်တော့ သူ့ရဲ့ သူရဲကောင်းဆန်တဲ့လုပ်ရပ်တွေကြောင့် လေတပ်သူရဲကောင်းဘွဲ့ရခဲ့ပါတယ်... တပ်ကြပ်ကြီးလာခဲ့တဲ့အကြောင်းရင်းက အမေရိကန်ရဲ့အမြင့်ဆုံးသူရဲကောင်းဘွဲ့ဖြစ်တဲ့ Medal of Honor မပေးလို့ ရောက်လာတာပါ......နှစ်(၃၄)နှစ်တောင်ကြာမြင့်နေပြီ ဒီတပ်ကြပ်ကြီးကတော့ သူ့တို့ရဲ့ ရဲဘော်ရဲဘက်ဟာ Medal Of Honor မရလို့ ပေါက်ကွဲနေပုံပါပဲ....အဲ့ဒီနောက်တော့ ကာကွယ်ရေးဝန်ကြီးဌာနက ဒီကိစ္စတစ်ခုလုံးပြန်လည်စုံစမ်းပြီး Medal Of Honor ပေးသင့်မပေးသင့် ဆုံးဖြတ်ပါတော့တယ်.. ဘာကြောင့် ဒီတပ်ကြပ်ကြီးဟာ အမြင့်ဆုံးသူရဲကောင်းဘွဲ့အတွက် ရောက်လာတာလဲ.. သူက အဲ့ဒီလို ရစေချင်လောက်အောင် ဒီလေတပ်စစ်သည်ဟာ စစ်ပွဲအတွင်း ဘာလိုတွေများစွမ်းဆောင်ခဲ့တာလဲ... ဒီစစ်ကားက တော်တော်ကြီးကိုကောင်းပါတယ်...စုံစမ်းမေးမြန်းနေတာကို တစ်လှည့်ပြလိုက် ရှေ့တန်းစစ်မြေပြင်ရဲ့ ကြောက်စရာ တိုက်ပွဲတွေကိုတစ်လှည့်ပြလိုက်နဲ့ တကယ့်ကို လန်းပါတယ်...စစ်ကားကြိုက်သူတို့ အတွက် လက်မလွှတ်သင့်ပါကြောင်း.. ပြီးတော့ တကယ့်မင်းသားကြီးတွေ ပါဝင်သရုပ်ဆောင်ထားတာပါ...Samuel L. Jacksonတို့ Sebastian Stan တို့ အဓိက ပါဝင်ထားပါတယ်...ခံစားကြည့်ကြပါဦး...(zawgyi)ကာကွယ်ရေးဝန်ကြီးဌာနကို အမေရိကန်ဗီယက်နမ်စစ်ပွဲမှာ ပါဝင်ခဲ့တဲ့အငြိမ်းစား တပ်ကြပ်ကြီးတစ်ယောက်ရောက်လာတယ်...သူလာခဲ့တဲ့ကိစ္စကလည်း ခပ်ဆန်းဆန်းပဲ... လေတပ်က စစ်သည်တစ်ယောက်ရဲ့ သူရဲကောင်းဘွဲ့နဲ့ပတ်သက်ပြီးလာခဲ့တာပါ... ဒီလေတပ်စစ်သည်ဟာ ...
movie
Jojo Rabbit (2019) 7.9
movie
Jojo Rabbit (2019)
The Purple Plain(1954)
movie
The Purple Plain(1954)
The Great War(2019) 7.0
The Great War(2019) The Great War(2019)(unicode)၁၉၁၄ ဂျူလိုင် ၁၈ကနေ ၁၉၁၈နို၀င်ဘာ၁၁ အထိကြာညောင်းခဲ့တဲ့ ပထမကမ္ဘာစစ်ကြီးအတွင်းမှာနောက်ဆုံးမိိနစ်အထိတိုက်ပွဲ၀င်ခဲ့သူတစ်ယောက်ရှိတယ် ၁၉၁၈ နို၀င်ဘာ ၁၁ရက် မနက်၁၁နာရီအချိန်မှာ ဂျာမနီကအပစ်ခတ်ရပ်စဲမယ်လို့ကြေညာလိုက်သော်ငြားလည်း မဟာစစ်ကြီးမပြီးဆုံးခင် အဲ့၁၁လမြောက်ရဲ့ ၁၁ရက်နေ့ မနက်၁၁ နာရီမတိုင်မချင်းမှာ အင်အားကြီးပြင်သစ်တွေက အမေရီကန်ကိုဆက်လက်တိုက်ခိုက်ဖို့တွန်းအားပေးခဲ့တယ် ပြင်သစ်တွေအတွက်နယ်နိမိတ်တချို့ရလိုရငြားပေါ့ ဒါပေမယ့်ဂျာမနီဖက်ကလဲ သူ့မြေတွေမပါချင်ဘူး ဆိုတော့ကာအပစ်ခတ်ရပ်စဲကြပြီဖြစ်ပေမယ်လို့ နောက်ဆုံးမိနစ်မတိုင်ခင်ထိ အတိုက်အခိုက်တွေရှိကြတုန်းပဲ ထိုအချိန်မှာ ရန်သူ့စစ်ကြောင်းထဲထိရောက်နေတဲ့လူမဲစစ်သားတပ်စုကို ပြန်လည်ခေါ်ယူဖို့ အထက်ကအမိန့်အရ စာသင်ကြီးဝီလီယမ်ရေဗာစ်ဆိုင်းပြင်းရတော့တယ် ဒီလူမဲစစ်သားတွေကိုပြန်ခေါ်ဖို့ မစ်ရှင်က ရေဗာစ်အတွက်နောက်ဆုံးမစ်ရှင်ပဲ... ဒါပေမယ့်လူဖြူလူမဲညီညွတ်မှုမရှိသေးခင်ကာလဖြစ်လို့ မကြာခင်ပြီးဆုံးတော့မယ့်စစ်ကြီးအတွင်းမှာ ရေဗာစ့်ရဲဘော်တွေဟာ မလုပ်ပေးချင်ကြပါဘူး ... ကဲ plot ကတော့ လူမဲတွေကိုကြည့်မရတဲ့တပ်စုခေါင်းဆောင်စာသင်ကြီးရေဗာစ် သူဘယ်အချိန်ထိဆက်တိုက်ခိုက်သွားမှာ လူမဲစစ်သားတွေကိုအသက်ရှင်ရက်ပြန်ကယ်ထုတ်နိုင်မှာလား ပရိတ်သတ်ကြီးပဲကိုယ်တိုက် ကြည့်ရှုခံစားကြည့်ကြပါ...ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Hein That Naing ပဲဖြစ်ပါတယ်........(zawgyi)၁၉၁၄ ဂျူလိုင် ၁၈ကနေ ၁၉၁၈နိုဝင်ဘာ၁၁ အထိကြာညောင်းခဲ့တဲ့ ပထမကမ္ဘာစစ်ကြီးအတွင်းမှာနောက်ဆုံးမိနစ်အထိတိုက်ပွဲဝင်ခဲ့သူတစ်ယောက်ရှိတယ် ၁၉၁၈ နိုဝင်ဘာ ၁၁ရက် မနက်၁၁နာရီအချိန်မှာ ဂျာမနီကအပစ်ခတ်ရပ်စဲမယ်လို့ကြေညာလိုက်သော်ငြားလည်း ...
movie
The Great War(2019)
2019
Battle of Jangsarii(2019) 6.1
Battle of Jangsarii(2019) Battle of Jangsarii(2019)အညွှန်း****************************(zawgyi)1950 ခုနှစ်မှာ ရရှားအားကိုးနဲ့ မြောက်ကိုရီးယားခေါင်းထောင်ချိန် လွတ်လပ်ရေးရတာ ၅ နှစ်သာ ရှိသေးတဲ့ တောင်ပိုင်းသားတွေအတွက် စက်ဆုတ်စရာစစ်မြေပြင်ဆီ ခါးသီးမှုတွေနဲ့ အတူ ပြန်လည်တိုက်ပွဲဝင်ဖို့ဖြစ်လာခဲ့တယ်...ဂျန်ဆာရီကမ်းခြေမှာတပ်စွဲထားတဲ့ မြောက်ပိုင်းတပ်တွေကိုတိုက်ထုတ်ဖို့အခုမှသင်တန်းသားပဲရှိသေးတဲ့ ခြေပြတ်လတ်ပြတ်တွေ စစ်ရဲ့ အနံ့အသက်ဆိုးတွေကိုမခံစားဖူးသေးတဲ့လူငယ်စစ်သား ၇၀၀ကျော် မလွှဲမရှောင်သာ ဖွဲ့စည်းပြီး mission တစ်ခုလုပ်ခဲ့ကြတယ်...ခုမှ သင်တန်းဆင်းကျောင်းသားတွေနဲ့ စစ်တိုက်မယ်ဆိုကတည်းကဒီစစ်ပွဲရဲ့ အောင်မြင်မှုဟာ ပြန်လမ်းမဲ့ကျွန်းကိုလွှတ်တယ်လို့တောင်ဆိုရပါ့မယ်... ကိုရီးယားထုံးစံအတိုင်း dialogue တွေအရမ်းကောင်းတယ် suspenseလုပ်သွားတာ တော်တော် tempo တက်တယ် ....လူငယ်စစ်သားလေးတွေကိုသဘာဝကျကျ ရိုက်သွားတာ infomation ပိုင်းမှာပဲလုပ်ဖူးပြီး စစ်ပွဲကိုစာတွေ့ပဲရှိပြီး တိုက်ပွဲအတွေ့အကြုံမရှိတဲ့ခေါင်းဆောင်ရဲ့အမိန့်တွေနဲ့ ချီတက်သွားကြတာဟာာ လုံးဝ mission impossible ကြီးပါပဲ....အထူးတလည်ညွှန်းစရာမလိုအောင်ထူးထူးခြားခြားကောင်းပါတယ် ထူးထူးခြားခြားလဲ မျက်ရည်ကျရပါမယ် IMDb 6.1 Rotten Tomatoes မှာ 60% ဆိုတော့ setting ပိုင်းတွေ ရိုက်ကွင်းရိုက်ကွက်တွေ သရုပ်ဆောင်တွေကလည်း ဒိတ်ဒိတ်ကျဲတွေကိုမှသုံးထားပါတယ်... ခေတ်လူငယ် ကျွန်တော်တို့လို့ လူချောလေးတွေသဘောကျတဲ့ မမ ...
movie
Battle of Jangsarii(2019)
2019
Tolkien (2019) 6.8
Tolkien (2019) (Unicode)ဒီရုပ်ရှင်ကိုတော့ လူတိုင်းကြိုက်မယ်မထင်ပါဘူး။အရမ်းကြိုက်မယ့်သူတွေလည်း ရှိပါလိမ့်မယ်။ဒါက ကျွန်တော်တို့တွေ အရမ်းကြိုက်ရတဲ့ ရုပ်ရှင်တွေရဲ့ မူရင်းဝတ္ထုတွေကို ရေးသားခဲ့တဲ့ စာရေးဆရာကြီး တစ်ယောက်ရဲ့ အကြောင်းပါပဲ။The lord of the rings နဲ့ Hobbit ရုပ်ရှင်တွေကို အများစု သိကြမှာပါ။အော်စကာတွေ တစ်ပြုံကြီးနဲ့ ဂန္ဓဝင် ရုပ်ရှင်တွေကိုး။ဒါပေမယ့် မူရင်းဝတ္ထုရဲ့ စာရေးသူကိုတော့ အမာခံဖန်တွေပဲ သိကြမယ်ထင်ပါတယ်။J.R.R.Tolkien ခေါ် ဂျွန် ရော်နယ် ရူအယ် တိုကင်းန်ပါပဲ။တိုကင်းန်ဟာ လူငယ်ဘဝမှာ သူငယ်ချင်း သုံးယောက်ရှိခဲ့ပါတယ်။စာပေအနုပညာကို စိတ်တူကိုယ်တူလိုက်စားကြတဲ့ လေးယောက်အဖွဲ့ပေါ့။ဒါကြောင့်လဲ သူ့ရဲ့ဝတ္ထုတွေမှာ လေးယောက်တွဲတွေ လွှမ်းမိုးမှုရှိခဲ့တာလားပါပဲ။တိုကင်းန်ဟာ ဘာသာစကားတွေ ဒဏ္ဍာရီတွေဘက်မှာ အရမ်းထူးချွန်တဲ့သူပါ။သူဟာ ပထမကမ္ဘာစစ်မှာ ပါဝင်တိုက်ခဲ့ဖူးခဲ့တယ်။ဒုတိယ ကမ္ဘာစစ်မှာ ဝှက်စာဖြေသူအဖြစ် ပြောင်မြောက်စွာ ...
movie
Tolkien (2019)
2019
Balkan Line(2019) 6.6
Balkan Line(2019) Balkan Line(2019) (unicode)စစ်ကားကောင်းမို့ BLU-RAY 1080P5.1CH ပါပြုလုပ်ပေးထားပါတယ်... ဒီဇာတ်လမ်းက ၁၉၉၉ ခုနှစ် ဆားဘီးယား ကို ဗုံးကျဲခံရတဲ့ အကြောင်းကို အခြေခံပြီး ရိုက်ကူးထားတာပါ၊ ဗုံးကျဲမှု ဖြစ်ပွားအပြီးမှာ အယ်လ်ဘေးနီးယန်း သူပုန်တွေက ဆလာတီနာ လေဆိပ်ကို သိမ်းပိုက်ထားပါတယ်၊ ငြိမ်းချမ်းရေးတပ်ဖွဲ့တွေ ဒေသကို ပြန်လည်ထိန်းသိမ်းဖို့အတွက် ဆာဘီးယားကို လာကြဖို့ ရှိနေတဲ့အတွက် မဟာဗျူဟာအရ အရေးပါတဲ့ အဆိုပါလေဆိပ်ကို ပြန်ပြီး ခြေကုပ်ယူနိုင်ဖို့အတွက် ရုရှားအထူးတပ်ဖွဲ့ တာဝန်ပေးခံရတဲ့အခါ ..... ပြောရရင်ဒီလိုထိန်းသိမ်းထားဖို့က ပြန်လမ်းမဲ့စစ်ဆင်ရေးလို့တောင် နာမည်ပေးလို့ရပါတယ်... ဒီလေဆိပ်ကိုကာကွယ်ဖို့ကလည်း လူနည်းစုသာ တာဝန်ပေးခံရတဲ့အပြင် အရေးပေါ် စစ်ကူပေးဖို့လည်း မလွယ်ကူပါဘူး.... လူနည်းစုဖြစ်တဲ့ အထူးတပ်ဖွဲ့လေးက ဒီလျှို့ဝှက်စစ်ဆင်ရေးကို အောင်မြင်အောင် လုပ်နိုင်ပါ့မလားဆိုတာ ရုပ်ရှင်ထဲ မှာ ဆက်လက် ကြည့်ရှုကြရအောင်ပါ .... စစ်ကားကောင်းကြိုက်သူတို့ လက်မလွှတ်သင့်ပါကြောင်း သတင်းကောင်းပါးပါရစေ..... ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ SCRN ပဲဖြစ်ပါတယ်..File Size : (2.44GB)(1.17GB) Quality : Blu-Ray 1080p ...
movie
Balkan Line(2019)
2019
Down River(2018) 2.5
Down River(2018) Down River(2018)((Zawgyi))ဒီဇာတ်လမ်းမှာ စစ်သားလေးဦးနဲ့ဇာတ်အိမ်တည်ထားတာဖြစ်ပြီးရန်သူ့နယ်မြေအတွင်းမှ နောက်တန်းဌာနေဆီကိုကြိုးစားပြန်ဆုတ်ကြပုံကိုပုံဖော်ရိုက်ကူးထားတာဖြစ်တယ်...ဇာတ်လမ်းအကျဉ်းကတော့ သူတို့အဖွဲ့ဟာကာကင်းစခန်းကနေလှုပ်ရှားထွက်လာခဲ့ပြီးလမ်းမှာကားပျက်သွားတဲ့အခါမှာတော့လမ်းကနေသွားပြီးရန်သူ့နယ်မြေထဲရောက်မှန်းမသိရောက်သွားကြတယ်...အဲ့ဒီရန်သူ့နယ်မြေထဲကပြန်ဆုတ်ခွာဖို့အစီအစဉ်ဆွဲတဲ့အခါမှာအခုမှရှေ့တန်းလိုက်လာဖူးတဲ့အရာရှိနဲ့အတွေ့အကြုံရှိတဲ့တပ်ကြပ်ကြီးတို့နှစ်ယောက်ကြား အဆင်မပြေမှုများနဲ့ ရန်သူနယ်မြေထဲကနေဘယ်လိုပြန်ဆုတ်ကြမလဲ...သူတို့လေးယောက်လုံးရောအသက်ရှင်လျက်ပြန်ပြီးဆုတ်ခွာနိုင်မလားဆိုတာကို ဇာတ်လမ်းထဲမှာကြည့်ရှုခံစားကြပါလို့ပြောကြားရင်း...((Unicode))ဒီဇာတ်လမ်းမှာ စစ်သားလေးဦးနဲ့ဇာတ်အိမ်တည်ထားတာဖြစ်ပြီး ရန်သူ့နယ်မြေအတွင်းမှနောက်တန်းဌာနေဆီကိုကြိုးစားပြန်ဆုတ်ကြပုံကိုပုံဖော်ရိုက်ကူးထားတာဖြစ်တယ်...ဇာတ်လမ်းအကျဉ်းကတော့ သူတို့အဖွဲ့ဟာကာကင်းစခန်းကနေလှုပ်ရှားထွက်လာခဲ့ပြီးလမ်းမှာကားပျက်သွားတဲ့အခါမှာတောလမ်းကနေသွားပြီးရန်သူ့နယ်မြေထဲရောက်မှန်းမသိရောက်သွားကြတယ်...အဲ့ဒီရန်သူ့နယ်မြေထဲကပြန်ဆုတ်ခွာဖို့အစီအစဉ်ဆွဲတဲ့အခါမှာအခုမှရှေ့တန်းလိုက်လာဖူးတဲ့အရာရှိနဲ့အတွေ့အကြုံရှိတဲ့တပ်ကြပ်ကြီးတို့နှစ်ယောက်ကြား အဆင်မပြေမှုများနဲ့ ရန်သူနယ်မြေထဲကနေဘယ်လိုပြန်ဆုတ်ကြမလဲ...သူတို့လေးယောက်လုံးရောအသက်ရှင်လျက်ပြန်ပြီးဆုတ်ခွာနိုင်မလားဆိုတာကို ဇာတ်လမ်းထဲမှာကြည့်ရှုခံစားကြပါလို့ပြောကြားရင်း...File Size : (850 MB) and (302 MB) Quality : 720P Web-DL, Format…mp4 Duration…01:10:00 Genre : Action,War Subtitle : Myanmar Subtitle (Hard Sub) Translated by Zwel Zan Aung Encoded by Phyo Pyae
movie
Down River(2018)
2018
Saving Leningrad(2019)
Saving Leningrad(2019) Saving Leningrad(2019)((unicode)စစ်ကားကောင်းကြိုက်သူတို့ ရုရှားစစ်ကားသစ်တစ်ကားကို BLU-Ray1080p5.1chတို့ဖြင့် တင်ဆက်ပေးလိုက်ပါသည်....ဆိုဗီယက်ရုရှရဲ့ မြို့တော်မော်စကိုပြီးရင် ဒုတိယအကြီးဆုံး မြို့ဖြစ်တဲ့ လီနင်ဂရက် ( ယနေ့ခေတ်ကာလအခေါ် စိန့်ပီတာဘတ်စ် )ကို ဒုတိယကမ္ဘာစစ်ကာလ ၁၉၄၁မှာ ဖင်လန်နဲ့ ဂျာမနီတို့က မြို့ကို ပြင်ပ အဆက်အသွယ်ပြတ်အောင် ပိတ်ဆို့ပြီး စီးနင်းခဲ့ကြပါတယ်။ ဒီပိတ်ဆို့ စီးနင်းမှုဟာ နှစ်နှစ် လေးလ နှစ်ပတ်နှင့် ငါးရက်ကြာ ရက်ပေါင်း ၈၇၂ရက်တာ ကြာမြင့်ပြီး အသက်ပေါင်း ၅သိန်းအထိဆုံးရှုံးခဲ့ကာ တစ်ချို့သောသမိုင်းပညာရှင်တွေက လူမျိုးသုဉ်းသတ်ဖြတ်မှုတစ်မျိုးလို့ ဆိုကြပါတယ်။ဟစ်တလာကြီးကတော့ ဒီဝန်းရံပိတ်ဆို့မှုမှာ သူအောင်မြင်မယ်လို့ တစ်ထစ်ချယုံကြည်နေပြီး လီနင်ဂရင်က ကြယ်ငါးပွင့်ဟိုတယ်မှာတောင် အောင်ပွဲခံဖို့ ဖိတ်စာတွေ ကြိုရိုက်ထားတယ်လို့ဆိုပါတယ်။ဒီရုပ်ရှင်ဟာ ဒီပိတ်ဆို့စီးနင်းခံရတဲ့ လီနင်ဂရက်မြို့ကြီးကို ကယ်တင်ခဲ့ကြတဲ့ လူတွေအကြောင်းပါ။ စစ်ပွဲတစ်ပွဲ နိုင်ဖို့ဆိုတာ အာဇာနည်တွေ ဟောတစ်ယောက် ဟောတစ်ယောက် ပေါ်လာရုံနဲ့ မလုံလောက်ပါဘူး။ ဟိုတစ်စု ဒီတစ်စု ဒြပ်မှုန်ကလေးတွေ ပေါင်းစည်းပြီး အချိန်အခါသင့်တဲ့အခါ ရလာတဲ့ ပေါက်ကွဲမှုတစ်ခုပါပဲ။ ဒီရုပ်ရှင်မှာ ကြီးစဉ်ငယ်လိုက်စီပြီးပြောရရင် ရေတပ်ဗိုလ်ချုပ်မှူးလုပ်ခဲ့တဲ့ စွန့်စားမှုတစ်ခု ရေတပ်ဗိုလ်ချုပ်မှူသားဗိုလ်‌လောင်းရဲ့ အချစ်ကိုရူးသွပ်မှု တပ်ကြပ်တစ်ယောက်ရဲ့ အရှုံးမပေးတတ်တဲ့စိတ်ဓာတ် မာလိန်မှူးတစ်ယောက်ရဲ့ တာဝန်သိ တိုင်းပြည်ချစ်စိတ် သူလျှိုသစ္စာဖောက်တစ်ယောက်ရဲ့စိတ်ကောင်းဝင်မှု ဒီလိုအရာတွေအားလုံးပေါင်းစပ်ပြီး အောင်မြင်ခြင်းဟာ ဖူးပွင့်လာပါတယ် ဒါတွေဟာ ထင်သာတဲ့အရာတွေကို ရေးပြထားတာပါပဲ။များပြားလွန်းတဲ့ သူ့နေရာနဲ့သူ အရေးပါနေတဲ့ ဇာတ်ကောင်‌တွေကို တစ်ယောက်မကျန် အသက်ဝင်အောင် ပုံဖော်သွားနိုင်တဲ့ ဒါရိုက်တာရဲ့ တင်ဆက်ပြသမှုကလည်း အထင်ကရပါပဲ... ထင်မှတ်မထားတဲ့ twistလေးတစ်ခုနဲ့လည်း ဇာတ်အိမ်ကို ပိုအသက်ဝင်အောင် ...
movie
Saving Leningrad(2019)
2019
Lancaster Skies (2019) 5.0
Lancaster Skies (2019) ငယ်ဘဝကတည်းက နာကျင်ထိခိုက်ရတဲ့ ကလေးဘဝနဲ့ ဖြတ်သန်းခဲ့ရတဲ့ စကားနည်းလူအေးတစ်ယောက်ဖြစ်တဲ့ ဒေါက်ကလပ်စ်ဟာ ဘာလင်မြို့စွန်နားကိုတိုက်ခိုက်ရမဲ့ဗုံးကြဲလေတပ်အဖွဲ့ကိုဦးဆောင်ရတော့မှာဖြစ်ပါတယ်။ တပ်ဖွဲ့အသစ်ကိုရောက်ရှိလာတဲ့ အရာရှိဒေါက်ကလပ်စ်နဲ့ တစ်ချိန်လုံးမတည့်ဖြစ်နေတာတော့ ချာလီဆိုတဲ့တပ်သားပဲဖြစ်ပါတယ်။ အမှန်တော့ ဒေါက်ကလပ်စ်က ပြီးခဲ့တဲ့တိုက်ပွဲမှာ ကျဆုံးသွားတဲ့အရာရှိအယ်ဖီလ်ရဲ့နေရာကိုအစားထိုးရောက်ရှိလာတာဖြစ်ပါတယ်။ တစ်ဖွဲ့လုံးရဲ့ယုံကြည်မှုကိုရရှိဖို့ဒေါက်ကလပ်စ်တစ်ယောက် သူ့နည်းသူ့ဟန်နဲ့ကြိုးစားဖြေရှင်းပုံလေးတွေလဲပါပါတယ်။ ၁၉၄၀ပြည့်နှစ်ရဲ့စစ်ပွဲအကြောင်းကိုရိုက်ကူးထားတဲ့ဇာတ်ကားပဲဖြစ်ပါတယ်။ File Size : (1.3gb) and (680 MB) Quality : blu-ray 1080p Running Time : 1h 38min  Format : Mp4 Genre : Action, Drama, War Subtitle : Myanmar Subtitle (Hard Sub) Source : Bluray.1080p.x264-RSG Translated by Charm Encoded by sithu
movie
Lancaster Skies (2019)
2019
Shanghai Fortress ( 2019 ) N/A
Shanghai Fortress ( 2019 ) Zawgyi*******အခုနောက်ဆုံးထွက် Sci-Fi Movie ကားပဲဖြစ်ပါတယ် တရုတ်တို့ဟာthe wandering earth 2019 ကားမှာအောင်မြင်မှုအကြီးအကျယ်ရပြီးတဲ့နောက်CGI ကောင်းကောင်းနဲ့ သိပ္ပံကားတွေဆက်လက်ဖန်တီးဖို့ကြိုးစားနေတာတွေ့ရသလိုဒီကားမှာလည်း မင်းသားမင်းသမီးအားကောင်းကောင်းနဲ့တင်ဆက်ထားတာကိုလည်းတွေ့မြင်ရမှာပဲဖြစ်ပါတယ် မင်းသား လုဟန် နဲ့ မင်းသမီး ရှု ကြည် တို့ ပါဝင်ထားပါတယ်အညွှန်းကတော့အာကာသ ကျောက်စိုင်တစ်ခုကြောင့် လူသားမျိုးနွယ်တစ်ခုလုံးဒုက္ခရောက်ရတဲ့အချိန်မှာ လူသားတွေ တိုက်ပွဲရင်ဆိုင်တဲ့ပုံကိုရိုက်ပြထားတဲ့ ကားလေးပါ...ဒီကျူးကျော်သူ ဂြိုလ်သားတွေကိုလူသားတွေ ဘယ်လိုတိုက်မယ်...ဒီစစ်ပွဲတွေကြားထဲမှာဘယ်လိုဇာတ်လမ်းတွေ ရှိနေဦးမယ်ဆိုတာကို စိတ်ဝင်စားဖွယ်မြင်တွေ့ရမှာပါ...အက်ရှင်ကြိုက်သူ၊ sci-fi ချစ်သူတွေလည်းအကြိုက်တွေ့မယ့်ကားလေးမို့ လက်မလွှတ်သင့်ဘူးနော် Unicode*******အခုနောက်ဆုံးထွက် Sci-Fi Movie ကားပဲဖြစ်ပါတယ် တရုတ်တို့ဟာthe wandering earth 2019 ကားမှာအောင်မြင်မှုအကြီးအကျယ်ရပြီးတဲ့နောက်CGI ကောင်းကောင်းနဲ့ သိပ္ပံကားတွေဆက်လက်ဖန်တီးဖို့ကြိုးစားနေတာတွေ့ရသလိုဒီကားမှာလည်း မင်းသားမင်းသမီးအားကောင်းကောင်းနဲ့တင်ဆက်ထားတာကိုလည်းတွေ့မြင်ရမှာပဲဖြစ်ပါတယ် မင်းသား လုဟန် နဲ့ မင်းသမီး ရှု ကြည် တို့ ပါဝင်ထားပါတယ်အညွှန်းကတော့အာကာသ ကျောက်စိုင်တစ်ခုကြောင့် လူသားမျိုးနွယ်တစ်ခုလုံးဒုက္ခရောက်ရတဲ့အချိန်မှာ လူသားတွေ တိုက်ပွဲရင်ဆိုင်တဲ့ပုံကိုရိုက်ပြထားတဲ့ ကားလေးပါ...ဒီကျူးကျော်သူ ဂြိုလ်သားတွေကိုလူသားတွေ ဘယ်လိုတိုက်မယ်...ဒီစစ်ပွဲတွေကြားထဲမှာဘယ်လိုဇာတ်လမ်းတွေ ရှိနေဦးမယ်ဆိုတာကို စိတ်ဝင်စားဖွယ်မြင်တွေ့ရမှာပါ...အက်ရှင်ကြိုက်သူ၊ ...
movie
Shanghai Fortress ( 2019 )
2018
Rules of Engagement(2000) 6.4
Rules of Engagement(2000) Rules of Engagement(2000)   ဒီရက်ပိုင်း ပျင်းပျင်းနဲ့ဇာတ်ကားတွေ လိုက်ရှာကြည့်ရင်း အသိအစ်ကိုတစ်ယောက် ထည့်ပေးထားတဲ့ ထဲက ဇာတ်ကား တစ်ကား ကြည့်ဖြစ်လိုက်တယ် ကောင်းနိုး ကောင်းနိုးနဲ့ ဇာတ်ကားတွေ လိုက်ရှာကြည့်ရင်း ကြည့်မိလိုက်တာက rules of engagement ဆိုတဲ့ကား ဇာတ်လမ်းက စစချင်း အမေရိကန် ဗီယက်နမ် စစ်ပွဲထဲက တိုက်ပွဲတစ်ခုကနေ စတည်ထားတယ် စိတ်ထဲထင်လိုက်တာက စစ်ကားတစ်ကားပေါ့ စစ်ကားတွေလည်း မကြည့်ဖြစ်တာလည်း ကြာ နောက်ပြီး Marvel heroes ဇာတ်ကားတွေက မျက်စိတစ်ဖက်လပ်နဲ့ခပ်ကြမ်းကြမ်းဘဲကြီး Agents of shield ဒါရိုက်တာ Nick Fury အနေနဲ့လူသိများတဲ့ မင်းသား ကြီး Samuel L. Jackson တစ်ယောက် ဘယ်လိုပွဲထွက်လာမလဲ သိချင်လို့ဆက်ကြည့်ဖြစ်လိုက်တယ် ကြည့်နေရင်း ကြည့်နေရင်းနဲ့ဇာတ်ကားက အသွင်ပြောင်းလာတယ် သေနတ်သံတွေ တစ်ဒိုင်းဒိုင်းပစ်တာ မမြင်ရတော့ဘဲ စကားသံတွေပဲ အဆက်မပြတ်ကြားလာရတယ် ရုပ်ဆိုးဆိုး အဘိုးကြီး နှစ်ယောက်ဦးဆောင်ထားတဲ့ကား စကားတွေချည်းပဲ ပြောနေလို့ဇာတ်ကားပေါ် အာရုံတစ်ချက် လွတ်မသွားစေရဘူး သေသပ်တဲ့ ဒိုင်ယာလော့တွေ ဖုံးကွယ်ထားတဲ့ မြျုပ်ကွက်တွေ ...
movie
Rules of Engagement(2000)
2000
No Man’s Land(2001) 8.0
No Man’s Land(2001) No Man's Land(2001)IMDb....8.0,,,,,,Rotten.....93%ဘောစနီးယန်းနဲ့ ဆားဘီးယန်းတို့ စစ်ပွဲဖြစ်နေချိန် ရှေ့တန်းကို တပ်ကူဖို့လာခဲ့တဲ့ ဘော့စနီးယားဆေးတပ်သားအဖွဲ့ဟာ ညဖက်ကြီးထွက်လာခဲ့တယ်.... ညကလည်းမှောင် မြူနှင်းတွေကလည်း ရှေ့တပြကို မမြင်ရလောက်အောင်ထူထပ်တာမို့ ခရီးဆက်မထွက်ဘဲ အဆင်ပြေတဲ့နေရာတစ်ခုကိုရွေးပြီး ယာယီနားဖို့ကြိုးစားကြတယ်... မနက်မိုးလင်းလို့ နေရောင်ထွက်လာချိန် သူတို့ဘေးဘီဝဲယာကို စူးစမ်းကြည့်လိုက်တဲ့အခါမှာတော့ သူတို့ရောက်နေတာ တစ်ဘက်ရန်သူဖြစ်တဲ့ ဆားဘီးယန်းရှေ့တန်းတပ်ဖွဲ့ရှေ့တည့်တည့်ဆီကို ရောက်နေတာသိလိုက်ရချိန်မှာတော့ သူတို့နောက်ကျသွားပါပြီ..... ဆားဘီးယန်းရှေ့တန်းတပ်ဖွဲ့ရဲ့အကြိုက်ပါပဲ..ပစ်ကွင်းမြင်ကွင်းရှင်းသလို အပေါ်စီးကနေ အတွဲလိုက်ဆွဲတဲ့နောက်မှာတော့ ဘောစနီးယန်းအဖွဲ့ ကျည်ဆံဖျားမှာ အသက်တွေတဖြုတ်ဖြုတ်ကြွေကုန်တယ်... ဒီအထဲကမှာ စီကီတစ်ယောက်ကတော့ ကံကောင်းရှာတယ်ပြောရမလားပဲ ... နီးစပ်ရာကတုတ်ကျင်းထဲ ပြေးပုန်းနိုင်ခဲ့တယ်..ကျန်တဲ့သူတွေတော့အကုန်သေဆုံးသွားတယ်... ဒီနောက်မှာတော့ ဘော့စနီးယားတပ်သားစီကီတစ်ယောက် ထွက်ပြေးလွတ်မြောက်သွားနိုင်မလား... ဆားဘီးယန်းတွေရဲ့ ကင်းထောက်အဖွဲ့ရန်ကနေ ဘယ်လိုရုန်းကန်မလဲ... သူ့ဆီကိုရော ဘယ်လိုလူမျိုးတွေရောက်လာမလဲ... ဒီကားက ၁၉၉၃ခုနှစ် ဘော့စနီးယားစစ်ပွဲကာလကြီးကိုအခြေခံရိုက်ကူးထားတာပါ... စစ်ပွဲဟာ အကျအဆုံးပေါင်းများစွာ ပေးဆပ်မှုပေါင်းများစွာရှိခဲ့ပေမယ့် သမိုင်းမှာတော့ ရိုးတိုးရိပ်တိတ်သာရှိခဲ့တယ်...ဒီဇာတ်ကားဟာ ဘော့စနီးယား ဒါရိုက်တာနဲ့စာရေးသူ Danis Tanovic ရဲ့ ပထမဆုံးဖန်တီးမှုဖြစ်တယ်။ ပထမဆုံးလို့မဆိုသာအောင်ဘဲ ဇာတ်ကားဟာ လှပတယ်။ အပြစ်ဆိုနိုင်ဖွယ်ရာမရှိဘူး။ ပေးချင်တဲ့ Message တွေကလည်းတကယ့်ကိုကောင်းလှတယ်..အစမှအဆုံးထိဆွဲခေါ်သွားတယ်... ဒါ့ကြောင့်လည်းဆုပေါင်းများစွာရရှိထားတယ်...ရရှိတဲ့ဆုတွေကတော့ Best Foreign Language Film, 2001 74th Academy Awards Best Foreign Language Film, ...
movie
No Man’s Land(2001)
2001
Peak Rescue ( 2019 )
Peak Rescue ( 2019 ) ဒီကား​လေးဟာ 2019ထွက်​ Action,Drama,War အမျိုးအစားဇာတ်​လမ်း​ကောင်းတစ်​ပုဒ်​ဖြစ်​ပါတယ်​ဒီကားဟာ Orilandမှာကျင်းပတဲ့ Asian Summit အကြီးအကဲ​ပေါင်းစုံညှိနှိုင်းအစည်းအ​ဝေးပွဲကြီးမှာ အကြမ်းဖက်​သမားတစ်​စုဟာ Dirty bombsနဲ့Dirty bullets ကို Udriveနဲ့ထိန်းချုပ်​ပြီး ​ဖောက်​ခွဲတိုက်​ခိုက်​ဖို့ကြံစည်​​နေကြပါတယ်​...ဒီကြံစည်​မှုကြီးကိုတားမြစ်​နိုင်​ဖို့ ပိုင်​ယန်​ဆိုသူကအကြမ်းဖက်​အဖွဲ့အစည်းနဲ့ပတ်​သက်​ပြီး သတင်း​ပေးသူလျိုအဖြစ်​အစိုးရအတွက်​​ဆောင်​ရွက်​ရင်း Dirty bombsကိုထိန်းချုပ်​နိုင်​တဲ့ UDriveကို ယူ​ဆောင်​ထားတဲ့အခါအကြမ်းဖက်​သမား​တွေရဲ့လိုက်​လံသတ်​ဖြတ်​ခြင်းကိုခံရပါ​တော့တယ်​..ပိုင်​ယန်​ကိုကာကွယ်​နိုင်​ဖို့ အထူးလျို့ဝှက်​တပ်​ဖွဲ့ဖြစ်​တဲ့ဟန်​​ဟောက်​တို့အဖွဲ့တစ်​စုက တာဝန်​ယူဖို့ဖြစ်​လာတဲ့အခါ...ဇာတ်​လမ်းတစ်​ခုလုံးကိုစိတ်​လှုပ်​ရှားဖွယ်​ကြည့်​ရှုရမှာဖြစ်​ပါတယ်​..
movie
Peak Rescue ( 2019 )
The Cold Blue (2019) 8.1
The Cold Blue (2019) မှတ်တမ်းရုပ်ရှင် ပရိတ်သတ်တွေအတွက် ဒုတိယကမ္ဘာစစ်အကြောင်း ရိုက်ကူးထားတဲ့ ကားတွေက မရှားပါဘူး။ ဒါပေမဲ့ The Cold Blue ကတော့ထူးခြားမှုတွေ ရှိနေပါတယ်။ သူက နာမည်ကြီး မှတ်တမ်းရုပ်ရှင် The Memphis Belle ကို ပြန်လည်ပြင်ဆင် တည်းဖြတ်ထားတာ ဖြစ်ပါတယ်။ ဟောလိဝုလောကမှာ လေးစားရတဲ့ ဒါရိုက်တာ ဟောင်းကြီး Willian Wyler ဟာ ၁၉၄၃ ခုနှစ်မှာ အမေရိကန်နိုင်ငံ လေတပ်တပ်ဖွဲ့ရဲ့ စစ်ဆင်ရေးတစ်ခုမှာ ကိုယ်တိုင်လိုက်ပါသွားပြီးတော့ မှတ်တမ်းတင်ရုပ်ရှင် ရိုက်ကူးခဲ့ပါတယ်။ ကံဆိုးစွားနဲ့ ရိုက်ကူးရေး အဖွဲ့ဝင် သုံးယောက်ထဲ့က တစ်ယောက်က လေယာဉ်ပျက်ကျတဲ့ အထဲမှာ ပါသွားပါတယ်။ အဲ့ဒီလို အသက်စွန့်ပြီး ရိုက်ကူးခဲ့တဲ့အတွက် ရှားပါးပြီး မြင်ရခဲတဲ့ မြင်ကွင်းတွေကို မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။ အဲ့ဒီရုပ်ရှင်ကို The Memphus Belle လို့ခေါ်ပါတယ်။ ဒုတိယကမ္ဘာစစ်အကြောင်း ပြောကြတဲ့ အခါ မြေပြင်ပေါ်က စစ်သားတွေအကြောင်းသာ အပြောများကြပါတယ်။ ဗုံးကျဲလေယာဉ်မှူးတွေ အကြောင်းကို ကျနော်တို့ သိပ်မသိကြပါဘူး။ The Cold Blue ထဲမှာတော့ အဲ့ဒါတွေကို မြင်ရကြားရမှာ ဖြစ်တဲ့အတွက် လူတိုင်းကြည့်သင့်တဲ့ မှတ်တမ်းရုပ်ရှင်တစ်ခု ဖြစ်ပါတယ်။ ဘာသာပြန်ပြီး အညွှန်းရေးပေးထားတာကတော့ Htet Wai ...
movie
The Cold Blue (2019)
2018