Channel Myanmar

Emily Moss Wilson

Rescuing Christmas (2023) 6.4
Rescuing Christmas (2023) Rescuing Christmas (2023) ==================== IMDb Rating - 6.4/10ခရစ္စမတ်ဆိုတာ ယုံတမ်းပုံပြင်တွေ၊ ပဉ္စလက်ဆန်ဆန် မှော်ဆန်ဆန် အဖြစ်တွေနဲ့မကင်းတာမို ဒီကားကလည်း ယုတ္တိတန်တာမတန်တာထက် မိသားစုအတူ ပျော်ပျော်ပါးပါး ကြည့်လိုရမဲ့ စိတ်ကူးယဉ်ဆန်ဆန်ခရစ္စမတ် နောက်ခံ အချစ်-ဟာသ-ဒရမ်မာ ရုပ်ရှင်ဇာတ်မြူးလေးဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့... အယ်ရင်ဟာ အရင်နှစ်ခရစ္စမတ်တုန်းက အသည်းကွဲခဲ့တာကြောင့် ခရစ္စမတ် ကိုစိတ်နာပြီး ရှောင်ပြေးချင်တဲ့ ဓာတ်ပုံဆရာမလေးပေါ့။ ဒါပေမဲ့ သူ့မှာ ချစ်စ ရာမိသားစုလေးနဲ့ တူ/တူမလေးတွေရှိပါတယ်။ ခရစ္စမတ်ကို ဘယ်လိုစိတ်နာ ပါစေ၊ မိသားစုနဲ့အတူ ခရစ္စမတ်ကိစ္စတွေ ၀င်ပါနေရတာပါပဲ။ တစ်နေ့တော့ ထူးဆန်းစွာပဲ ရေဒီယိုပရိုဂရမ်တစ်ခုကနေ သူ့ကို ခရစ္စမတ်ဆု ၃ ဆု တောင်း နိုင်မယ့် ကံထူးရှင်အဖြစ် ရွေးချယ်လိုက်ပါတယ်။ သူကတော့ ခရစ္စမတ်ကို စိတ်နာနေသူပီပီ ဆုတောင်းကို စိတ်မ၀င်စားသလို ယုံလည်းမယုံခဲ့ပါဘူး။အယ်ရင်မသိတာက အဲဒီဆုတောင်းတွေဟာ သာမန်မဟုတ်ဘဲ ပဥ္စလက်ဆန် နေတယ်ဆိုတာပါပဲ။ ဒီလိုနဲ့တစ်နေ့မှာ သူ့စိတ်ဆိုးဆိုးနဲ့တောင်းလိုက်တဲ့ဆု ကြောင့် ခရစ္စမတ်ဆိုတာကြီး ပျော်ကွယ်သွားပါတယ်။ အဲဒီလို ခရစ္စမတ်ဆိုတာ မရှိတဲ့ဘ၀ကြီးကျတော့လည်း အယ်ရင်တစ်ယောက်မနေတတ်ပြန်ပါဘူး။ အဲဒါကြောင့် သူ့မိသားစုနဲ့ တူ/တူမလေး‌တွေအပါအ၀င် လူတွေအားလုံးချစ်တဲ့ ပျော်စရာခရစ္စမတ်ပွဲတော်ကြီးကို ပြန်အသက်သွင်းဖို့ကြိုးစားပါတော့တယ်။အယ်ရင်ရဲ့ဆုတောင်းရုတ်သိမ်းပြီး ခရစ္စမတ်ပွဲတော်နေ့က ပြန်ပေါ်လာပါ့မလား၊ ခရစ္စမတ်ပြန်လာအောင် ...
movie

Rescuing Christmas (2023)

2023
My Southern Family Christmas (2022) 7.1
My Southern Family Christmas (2022) My Southern Family Christmas (2022) =========================== IMDb Rating -  7.1/10Campbell ဟာ သူအလုပ်လုပ်နေတဲ့ မဂ္ဂဇင်းမှာ ခရစ္စမတ်ကာလ အထိမ်းအမှတ် ဆောင်းပါးတွေ ရေးစရာ ဇာတ်လမ်းမကျန်တော့လို့ ခေါင်းစားနေသူပါ။ ဒါပေမဲ့ အဲနေ့မှာပဲ Jennifer ဆိုသူ အမျိုးသမီးက သူ့ဆီ သူ့ရဲ့အဖေအရင်းဖြစ်သူနဲ့ လက်ထပ်ထားတဲ့သူပါလို့ပြောထားတဲ့ အသံမက်ဆေ့ခ်ျတစ်ခု ပို့လာခဲ့ပါတယ်။ Campbell ကဖုန်းပြန်ခေါပြီး မေးတော့ သူ့အဖေက သူတို့နေတဲ့မြို့လေးရဲ့ Pere Noel ( Santa version တစ်မျိုး ) အဖြစ်အရွေးခံရကြောင်း၊ မိသားစုအတွက် ဂုဏ်ယူစရာကိစ္ စတစ်ခုဖြစ်လို့ လှမ်းအသိပေးတာဖြစ်တဲ့အကြောင်း ပြောလာခဲ့ပါတယ်။ အဲမှာပဲ Campbell ဟာ သူတစ်သက်လုံးမသိခဲ့တဲ့ အဖေတူ အမေကွဲ ညီမ တွေရှိတာ သိလိုက်ရပါတယ်။အဲဒါနဲ့ Campbell ဟာ အဲမြို့က ခရစ္စမတ်ရိုးရာဓလေ့တွေ၊ သူ့အဖေ Pere Noel အရွေးခံရတဲ့ အကြောင်းတွေကို အဲမြို့တွင်းသတင်းစာမှာ ဖတ်ထား တာကို သူ့အယ်ဒီတာကတွေ့သွားပြီး အဲမြို့ရဲ့ ခရစ္စမတ်ထုံးစံတွေကို ဆောင်း ပါးရေးဖို့ ပြောပါတော့တယ်။ ...
movie

My Southern Family Christmas (2022)

2022