Channel Myanmar

My Southern Family Christmas (2022)

ComedyDrama

7.1
IMDB: 7.1/10 1820 votes

32164

Report error

My Southern Family Christmas (2022)
===========================
IMDb Rating –  7.1/10

Campbell ဟာ သူအလုပ်လုပ်နေတဲ့ မဂ္ဂဇင်းမှာ ခရစ္စမတ်ကာလ
အထိမ်းအမှတ် ဆောင်းပါးတွေ ရေးစရာ ဇာတ်လမ်းမကျန်တော့လို့
ခေါင်းစားနေသူပါ။ ဒါပေမဲ့ အဲနေ့မှာပဲ Jennifer ဆိုသူ အမျိုးသမီးက
သူ့ဆီ သူ့ရဲ့အဖေအရင်းဖြစ်သူနဲ့ လက်ထပ်ထားတဲ့သူပါလို့ပြောထားတဲ့
အသံမက်ဆေ့ခ်ျတစ်ခု ပို့လာခဲ့ပါတယ်။ Campbell ကဖုန်းပြန်ခေါပြီး
မေးတော့ သူ့အဖေက သူတို့နေတဲ့မြို့လေးရဲ့ Pere Noel ( Santa version
တစ်မျိုး ) အဖြစ်အရွေးခံရကြောင်း၊ မိသားစုအတွက် ဂုဏ်ယူစရာကိစ္
စတစ်ခုဖြစ်လို့ လှမ်းအသိပေးတာဖြစ်တဲ့အကြောင်း ပြောလာခဲ့ပါတယ်။
အဲမှာပဲ Campbell ဟာ သူတစ်သက်လုံးမသိခဲ့တဲ့ အဖေတူ အမေကွဲ ညီမ
တွေရှိတာ သိလိုက်ရပါတယ်။

အဲဒါနဲ့ Campbell ဟာ အဲမြို့က ခရစ္စမတ်ရိုးရာဓလေ့တွေ၊ သူ့အဖေ Pere
Noel အရွေးခံရတဲ့ အကြောင်းတွေကို အဲမြို့တွင်းသတင်းစာမှာ ဖတ်ထား
တာကို သူ့အယ်ဒီတာကတွေ့သွားပြီး အဲမြို့ရဲ့ ခရစ္စမတ်ထုံးစံတွေကို ဆောင်း
ပါးရေးဖို့ ပြောပါတော့တယ်။ အဲလိုနဲ့ပဲ Campbell ဟာ သူ့အဖေအိမ်ကို
သွားပြီး ရောက်လို့ သူ့အဖေနဲ့ မျက်နှာချင်းဆိုင်မိခါမှ ဆွံ့အသွားပြီး သူ့သမီးပါ
ဆိုတာ မပြောပြနိုင်လိုက်ပါဘူး။

အဲအပြင် သူ့ကိုဘာလို့ထားသွားခဲ့တဲ့ အကြောင်းရင်းကို ဖော်ထုတ်ဖို့လုပ်တာ
ပေါ့။ ကဲ ပရိသတ်ကြီးရေ Campbell က သူ့အဖေသူ့ကို ထားသွားတဲ့အကြောင်း
ရင်းကို သိလာရမလား။ သူ့သမီးဆိုတာရော ပြောပြဖြစ်မှာလား။ နောက်တော့
မြို့ရဲ့ မှတ်တမ်းမှတ်ရာသိမ်းဆည်းသူနဲ့ Campbell တို့နှစ်ယောက်ကြားက
romance ဇာတ်လမ်းလေးကရော ဘယ်လိုဖြစ်မလဲဆိုတာ ကြည့်ရှုပေးကြပါဦး

(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Myat Noe Cho
ဖြစ်ပါတယ်)

File Size……….(2.10 GB) / (758 MB) / (446 MB)
Quality…………WEB-DL 1080p / 720p / 480p
Duration………1Hr 24mins
Subtitle………..Myanmar Hardsub
Format…………MP4
Genre…………..Comedy, Drama
Translator…….Myat Noe Cho
Encoder……….SWM



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

My Southern Family Christmas (2022)
My Southern Family Christmas (2022)


No downloads available

Genres



Related movies