Channel Myanmar

Wayne Roberts

The Professor(2019) 7.0
The Professor(2019) The Professor(2019)IMDb....7.0" ရစ်ချက်မင်းမှာ အဆင့်(၄)ရှိတဲ့ ကင်ဆာဖြစ်နေပြီ.... ရောဂါကအတော်လေးပျံနှံနေပြီ...မင်းရဲ့ကျောင်းကိုလည်းအသိပေးသင့်သလို မိန်းမနဲ့သမီးကိုလည်း အသိပေးသင့်နေပြီ....အမြန်ဆုံးလည်းကုသသင့်နေပြီ" " ကျုပ်မှာ အချိန်ဘယ်လောက်ကျန်သေးလဲ" "ကုသရင် ၁နှစ်ပေါ့ ကံကောင်းလွန်းနေရင် တစ်နှစ်ခွဲ... မကုသရင်တော့ ၆လပေါ့..." ရစ်ချစ်တစ်ယောက်ဟာ ဆရာဝန်ရဲ့ စိတ်မကောင်းပါဘူးဆိုတဲ့နှစ်သိမ့်စကားကို လောလောလတ်လတ်ကြားလိုက်ရဲ့ သတင်းစကားကြားမှာပင် အတတ်နိုင်ဆုံး ပြန်ပြုံးပြလိုက်တယ်.... ဒီအပြုံးတွေဟာ ဘယ်လောက်တောင်အသက်မဲ့နေလိုက်မလဲ... အနည်းငယ်သာကျန်ရှိတော့ သူ့ဘ၀သက်တမ်းကိုတွေးရင်း ရစ်ချက်တစ်ယောက်ရဲ့ခြေလှမ်းတွေ ... ကောင်းကင်ကိုမော့ကြည့်တဲ့သူ့မျက်လုံးတွေ... လူတစ်ချို့ရဲ့ ရယ်မောသံတွေကိုကြားရတဲ့သူ့နားတွေ... အားလုံးဟာ သူ့အတွက်အဓိပ္ပါယ်မဲ့နေသလိုပင်...ဒီကားမှာသရုပ်ဆောင်ထားတဲ့မင်းသားကြီး Johnny Depp ကိုတော့ အထွေအထူးမိတ်ဆက်ပေးစရာလိုတော့မယ် မထင်ပါဘူး... သူဟာ ကောလိပ်ကပရော်ဖက်ဆာတစ်ယောက်ဖြစ်ပါတယ်... တခြားဇာတ်ကားတွေလို ကျန်ရှိတဲ့သက်တမ်းမှာ ကောင်းမှုတွေကို သူတော်စင်တစ်ပါးလိုလုပ်...ဘ၀ရဲ့တန်ဘိုးဆိုတာဘာညာဆိုပြီး ကောင်းပြီးရင်းကောင်းတဲ့ ဇာတ်ဟန်မဟုတ်ဘူး... ပထမတစ်ခန်းမှာတင်သူ့ဘ၀လက်ကျန်ချိန်ဟာ အနည်းငယ်ပဲသိပြီးတဲ့နောက် သူလုပ်သွားတာတွေက တကယ့်ကိုစိတ်ဝင်စားစရာကောင်းတယ်.. သူ့ရဲ့သရုပ်ဆောင်ဟန်ကြောင့်ပဲ ဒီဇာတ်ကားဟာ ပိုရုပ်လုံးကြွလာတယ်လို့တောင်ပြောရမယ်ထင်တယ်... ကိုင်းခံစားကြည့်လိုက်ပါဦး....ခင်ဗျားတို့ရဲ့အကောင်းဆုံးသော ဇာတ်ကားစာရင်းထဲမှာ ဒီကားကိုကြည့်ပြီးရင် ဒီကားအပါအ၀င်ပဲဆိုပြီးထည့်ဖြစ်သွားလိမ့်မယ်လို့ ကျွန်တော်ထင်တယ်... ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Zuel Khant Thwin ပဲဖြစ်ပါတယ်..File Size : (859 MB) and (333 MB) Quality : WEB-DL 720p, Format…mp4 Duration…01:30:00 Genre : Comedy, Drama | Subtitle : Myanmar Subtitle (Hard Sub) Translated by Zuel ...
movie

The Professor(2019)