Channel Myanmar

Content at random


Movies

Mrs. Undercover(2023) 7.1
Mrs. Undercover(2023) Mrs. Undercover 2023အသစ်ထွက်ရှိထားတဲ့ ဟင်ဒီစကားပြောအက်ရှင်၊ ဒရမ်မာ၊ ဟာသကားတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။ IMDb 7.1 အထိရရှိထားပြီး Pad man, Andhadhun စတဲ့ကားတွေမှာ နာမည်ကြီးမင်းသားတွေနဲ့ အတွဲညီညီသရုပ်ဆောင်ထားတဲ့ မင်းသမီး Radhika Apteဖြစ်ပါတယ်။ ဒီကားမှာတော့သူက အိမ်ထောင်ရှင်မမိခင်တစ်ဖြစ်လဲ လျှို့ဝှက်စုံစမ်းရေးအေးဂျင့်အဖြစ် သရုပ်ဆောင်ထားပါတယ်။ဇာတ်လမ်းအကျဉ်း Strong ဖြစ်ပြီး independent ဖြစ်တဲ့အမျိုးသမီးကိုမှ ရွေးပြီးသတ်တဲ့လူသတ်သမားတစ်ယောက်ရှိပါတယ်။ အထူးအေးဂျင့်တပ်ဖွဲ့မှာ ဒီလူသတ်သမားကိုစုံစမ်းဖို့ အေးဂျင့်တစ်ယောက်ပြီးတစ်ယောက် လွှတ်ရာမှာ မအောင်မြင်ဘဲ နောက်ဆုံးမစ်ရှင်လွှတ်စရာ အေးဂျင့်မရှိအောင်ဖြစ်သွားတော့တယ်။ဒီလိုနဲ့ အိမ်ထောင်ရှင်မဖြစ်တဲ့ဒူရ်ဂါဟာ လူသတ်သမားကိုစုံစမ်းဖို့မစ်ရှင်မှာ ဘယ်အစိတ်အပိုင်းကနေ၀င်ပါသွားမလဲ၊ အိမ်ထောင်ရှင်မနောက်ကွယ်မှာ သူ့ဘ၀ဟာဘယ်လို‌တွေဖုံးကွယ်ထားတယ်ဆိုတာ ကြည့်ရှူရမှာပဲဖြစ်ပါတယ်။ File size…1.8GB / 836MB Quality…1080p WEB DL / 720p Format…mp4 Duration….1h 47mins Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Nyein Aye ~ BpL~Yunni
movie

Mrs. Undercover(2023)

[18+]Sapul (2023)
[18+]Sapul (2023) အီစီဒရိုက ရဲအရာရှိတစ်ယောက်ဖြစ်ပြီး ရှီလာဆိုတဲ့ ဇနီးချောလေးနဲ့အတူ သာယာတဲ့အိမ်ထောင်ရေးကိုပိုင်ဆိုင်ထားကြသူတွေ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း အီစီဒရိုရဲ့ဖောက်ပြန်မှုကြောင့် အိမ်ထောင်ရေးပြိုကွဲသွားတဲ့နောက် ရှီလာဟာ သူ့အမေဆီပြန်သွားခဲ့ပြီး အီစီဒရို ဘယ်လိုတောင်းပန်ပါစေပြန်လက်မခံတော့ပါဘူး။ အီစီဒရိုကတော့ နောင်တတွေတပွေ့တပိုက်နဲ့ အရက်သမားကြီးလုံးလုံးဖြစ်သွားခဲ့ပြီး စခန်းမှူးနဲ့ သူ့လုပ်ဖော်ကိုင်ဖက်တွေဘယ်လိုပဲ ဆုံးမဖျောင့်ဖျပါစေမထူးဇာတ်လင်းနေခဲ့ပါတယ်။ အဲ့ဒီလိုတစ်ဖြည်းဖြည်းနဲ့လုံးပါးပါးလာရင်း မခံနိုင်တော့တဲ့အဆုံးစခန်းကလုပ်ဖော်ကိုင်ဖက် တစ်ဦးကို သေနတ်နဲ့ချိန်ခြိမ်းခြောက်ပြီး သူ့ဇနီးကို အတင်းအကျပ်ခေါ်ပေးဖို့တောင်းဆိုပါတော့တယ်။ ဒီဖြစ်ရပ်အထိ ဘယ်လိုအရာတွေက သူ့ကိုတွန်းပို့ခဲ့သလဲ? ဒီဖြစ်ရပ်ရဲ့နောက် သူတို့ဝန်းကျင်က ဘယ်သူတွေရဲ့ဘဝတွေကိုဂယက်တွေ ရိုက်ခတ်လာမလဲဆိုတာကို ဆက်လက်ရှုစားကြရမှာပါ။File size…1.41GB / 675MB Quality…1080p WEB DL  / 720p Format…mp4 Duration….1h 40mins Subtitle….Myanmar Subtitle (Hard Sub) Encoder….X Cross Translated by Alias
movie

[18+]Sapul (2023)

Mighty Morphin Power Rangers: Once & Always (2023) 7.1
Mighty Morphin Power Rangers: Once & Always (2023) Mighty Morphin Power Rangers : Once and Always (2023)မော်ဖင် ပါဝါရိန်းဂျားတွေ နှစ် ၃၀ ပြည့် အထိမ်းအမှတ် အထူးရုပ်ရှင်ကို တင်ဆက်ပေးလိုက်ပါပြီ။ ပါဝါရိန်းဂျားတွေဆိုတာ ၉၀ ဝန်းကျင်ကလေးတွေအတွက်တော့ မကြည့်ဖူးသူမရှိလောက်အောင် နာမည်ကြီးခဲ့တဲ့ သူရဲကောင်းတွေပါပဲ။ အခုချိန်မှာပြန်ကြည့်ရင် ကလေးဆန်တယ်ထင်ရပေမဲ့ ငယ်ဘဝအမှတ်တရတွေနဲ့ သရုပ်ဆောင်တွေကို ပြန်တွေ့ရတာနဲ့တင် ပျော်စရာကောင်းနေပါပြီ။ မူရင်းသရုပ်ဆောင်တွေ ပြန်ပါဝင်ထားပြီး ဇာတ်လမ်းကတော့ ဇော်ဒန်မရှိတော့တဲ့အချိန်မှာ သူတို့ရဲ့ ရန်သူတော်ကြီး ရီတာ ပြန်ပေါ်လာပြီး ရိန်းဂျားတစ်ယောက်ကို သတ်သွားတာကနေ အစပြုခဲ့ပါတယ်။ ရိန်းဂျားတွေဟာ ပြန်လွတ်လာတဲ့ ရီတာကို နှိမ်နင်းဖို့လိုက်ရှာနေချိန်မှာ ရီတာကလည်း ပိုကြီးတဲ့အကြံကြီးနဲ့ ရိန်းဂျားတွေကို တိုက်ခိုက်လာပါတော့တယ်။အညွှန်း နဲ့ ဘာသာပြန်ကတော့ Mr.Anderson ပဲ ဖြစ်ပါတယ်။Genre..... Action, Adventure, Family Quality…. 1080p | 720p | 480p File size… 1.2GB | 632MB | ...
movie

Mighty Morphin Power Rangers: Once & Always (2023)

The Adventures of Sharkboy and Lavagirl (2005)
The Adventures of Sharkboy and Lavagirl (2005) The Adventures of Sharkboy and Lavagirl (2005)ကျွန်တော်တို့ငယ်ငယ်က တိတ်ခွေခေတ်မှာ ကျွန်တော့်အတွက် အမှတ်ရစရာအကောင်းဆုံးကားက Lion King ဖြစ်ခဲ့တယ်။ အဲဒီခေတ်က ငှားကြည့်ကြတဲ့ခေတ်ဆိုတော့ ဘယ်ကလဲမသိလက်ဆောင်ရခဲ့တဲ့ အဲဒီအခွေကိုပဲ ခဏခဏပြန်ထိုးကြည့်ဖြစ်နေတာကိုး။ နောက် VCD ခေတ်စစရောက်လာတော့ ရုပ်ရှင်ကြည့်တာတို့ ကာတွန်းစာအုပ်ဖတ်တာတို့က နိစ္စဓူဝအလုပ်တစ်ခုဖြစ်လာခဲ့ပြီ။ အဲဒီတုန်းက ပဲခူးမှာ တစ်ဆိုင်တည်းရှိတာလား။ ကျွန်တော်ပဲမသိခဲ့တာလားမသိပေမဲ့ နာမည်အကြီးဆုံးအခွေဆိုင်က လိပ်ပြာကန်ထောင့်က Happy ဆိုတဲ့ အခွေဆိုင်ပေါ့။ အိမ်နဲ့လည်းသိပ်မလှမ်းတော့ နေ့တိုင်းဆိုသလို သွားသွားငှားကြည့်ဖြစ်ခဲ့တယ်။ အဲဒီတုန်းကတော့ ဘာကားငှားရမလဲမသိရင် ကျွန်တော်တို့တော့ အခွေဆိုင်ကို ဘာကားကောင်းလဲ မေးလိုက်ကြတာပဲ။ တစ်ခါသား အဲဒီလိုမေးတော့ ဟက်ပီးက အခွေငှားတဲ့အစ်ကိုကြီးတွေက Sharkboy and Lavagirl ကားလေးထုတ်ပေးလိုက်တယ်။ သူ့ဇာတ်က ကလေးဇာတ်ပေမဲ့ စိတ်ကူးယဉ်တတ်တဲ့ ကျွန်တော်တို့ကို စိတ်ကူးယဉ်တာကို မစွန့်လွှတ်ဖို့ ပြောထားတဲ့ ရုပ်ရှင်ဆိုတော့ တော်တော်လည်းထိခဲ့လို့နေမယ်။ ဒီကားကို ခဏခဏကိုပြန်ပြန်ငှားကြည့်ဖြစ်ခဲ့တော့ VCDခေတ်မှာ ကျွန်တော့်အတွက် အမှတ်ရစရာအကောင်းဆုံး ရုပ်ရှင်လည်းဖြစ်ခဲ့တာပေါ့။ နောက်ကျ ခဏခဏပြန်ငှားကြည့်ရလွန်းလို့ အခွေဆိုင်ကို ...
movie

The Adventures of Sharkboy and Lavagirl (2005)

The Tutor (2023) 8
The Tutor (2023) The Tutor (2023)ဒီဇာတ်လမ်းထဲက ကျူတာကတော့အီသန်ပါ။ အီသန်က လူချမ်းသာတွေရဲ့ကလေးတွေကို ကျူတာအဓိကလုပ်ပေးတယ်။ ဘောစိကလေးတွေဆိုတော့ ငဆိုးလေးတွေများပေမယ့် အီသန်ကတော့ ဒီကလေးတွေကို ပညာရေးမှာစိတ်ဝင်စားလာအောင် တိုးတက်လာအောင်ဆွဲခေါ်ပေးနိုင်လို့နာမည်ရတယ်။ တစ်နေ့မှာ ကလေးတစ်ယောက်ကိုစာသင်ပေးဖို့ အီသန့်ကိုဌားတယ်။ ပေးတဲ့လစာကလဲ မယုံနိုင်လောက်အောင်များတယ်။ အီသန်ကလဲပိုက်ဆံလိုတယ်တော့မဟုတ်ပေမယ့် သူ့ချစ်သူကကလေးမွေးတော့မှာဆိုတော့ ပိုက်ဆံများများရတော့လဲကောင်းတယ်ပေါ့။ သူ့ကိုအဲ့လောက်ထိပေးတယ်ဆိုတော့ ဒီကလေးက အားစိုက်သင်ရမယ့်ကလေး စာညံ့တဲ့ကလေးလို့အီသန်ကတွက်ထားတာပေါ့။ ကလေးအဖေဘက်က အီသန့်ကိုသူတို့အိမ်မှာလာနေပြီး အရင်ဆုံးတစ်ပတ်အစမ်းသင်ကြည့်ဖို့ခေါ်တယ်။ တကယ်တမ်းစာသင်ကြည့်တော့ ကလေးကလဲတော်လိုက်တာမှ ဘာမှကိုသင်စရာမလိုလောက်အောင်ပဲ။ အဲ့တော့အီသန့်ကို လစာအများကြီးပေးပြီးခေါ်တာဘာအတွက်လဲ။ ဂျက်ဆန်ဆိုတဲ့ကလေးရဲ့မိသားစုက ပိုက်ဆံတွေများသိပ်ပေါနေလား။ စာသွားသင်တဲ့တစ်ပတ်အတွင်းမှာပဲ ဂျက်ဆန့်ဆီမှာရော အီသန့်ဆီမှာပါ မူမမှန်တာလေးတွေပေါ်ပေါ်လာတော့ ဘယ်သူကဘာတွေကြံစည်နေကြလဲ။ ဘယ်လိုရည်ရွယ်ချက်တွေရှိလဲဆိုတာ Plot Twist ကောင်းကောင်းနဲ့တင်ဆက်ထားတဲ့ဇာတ်ကားပဲဖြစ်ပါတယ်အညွှန်း နဲ့ ဘာသာပြန်ကတော့ Rashida ပဲ ဖြစ်ပါတယ်။Genre..... Mystery, Thriller Quality…. 1080p | 720p | 480p File size… 1.GB | 521MB | 248MB Format… mp4 Duration…. 1h 32min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Rashida Encoder ..... ...
movie

The Tutor (2023)

Detective Dee and The Burning Sky ( 2020 ) 6.1
Detective Dee and The Burning Sky ( 2020 ) ဒီတစ်ခါ CM ကနေမိတ်ဆက်ပေးမယ့် ဇာတ်လမ်းလေးကတော့ detective Dee ရှေးဟောင်းစုံထောက် movie လေးဖြစ်ပါတယ်အေဒီ ၆၉၆ခုနှစ် ဝူကျယ်ထျန်းအုပ်စိုးစဉ်ကာလမှာ လူရိုင်းတပ်သားတွေက ဝေ့ကျိုးမြို့ကိုတိုက်ခိုက်စဥ် အဲ့ဒီမြို့ဟာ စစ်ဘေးနှင့် ရောဂါကပ်ဘေးကိုကြုံတွေ့ရတယ်။ ဒီးရန်ကျယ်ဟာ မင်းအမိန့်ဖြင့် ဝေ့ကျိုးမြို့ကို အုပ်ချုပ်ရေးမှူးအဖြစ် ရောက်လာတုန်းအခိုက်မှာ လူသတ်သမားတိုက်ခိုက်ခံရတယ်။ဝေ့ကျိုးမြို့ရဲ့အရင်အုပ်ချုပ်ရေးမှူးဖြစ်တဲ့ တူကူစစ်ကျွမ်းဟာ အံ့ဩဖွယ် အဆိပ်သင့်ပြီးသေဆုံးနေပြီး ယင်းအမှုဟာ ဒီး‌ရန်ကျယ် ရောက်ရှိလာမှုနဲ့ ပတ်သက်နေမလား။ တပ်သား၅၀၀ သေဆုံးမှုနှင့် ငွေစ၅သိန်းပျောက်ဆုံးတဲ့ ထူးဆန်တဲ့ဖြစ်ရပ်ကို ဒီးရန်ကျယ်ကဘယ်လို ပြောင်မြောက်တဲ့နည်းလမ်းနဲ့ဖြေရှင်းမလဲ။ ဒီးရန်ကျယ်ဟာ ဤပဟေဠိဆန်တဲ့ဖြစ်ရပ်တွေကြား အမှန်တရားတွေဖော်ထုတ်နိုင်မလားဆိုတာ CMက‌နေ အားပေးစောင့်မျှော်ကြည့်ရှုကြပါရှင့် [ Reviewed By Mei Mei ] Quality : WEB-DL 1080p , 480p Format : mp4 Genres : Fantasy , Mystery Runtime : 1h 20 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Encoded by ...
movie

Detective Dee and The Burning Sky ( 2020 )

[18+]Twilight Dinner (1998) 6.6
[18+]Twilight Dinner (1998) အချစ်ကြမ်းကြတဲ့အထဲမှာ သွေးစုပ်ဖုတ်ကောင်တွေလည်းပါတယ်နော်။ အချစ်လည်းကြမ်းသလို အငြိုးလည်းကြီးကြပါတယ်။ ဒါပေမဲ့ ဒီကားလေးထဲမှာပါတဲ့ Vampire လေးတွေချစ်တာကိုတော့ ဘယ်သူမှမရှောင်နိုင်လောက်ပါဘူး ။ အချစ်ကြမ်းကြမ်းတွေမို့ နားကြပ်လေးနဲ့ခံစားဖို့ ကြိုတင်သတိပေးပါရစေဗျ ။မျက်နှာချင်းဆိုင်ကတိုက်ခန်းဘက်ကို လူသစ်ပြောင်းလာတာကြောင့် သွားနှုတ်ဆက်ရင်းနဲ့ အရမ်းချစ်ဖို့ကောင်းတဲ့ညီအစ်မနှစ်ယောက်နဲ့ ကာဇူဟီကိုတစ်ယောက် ရင်းနှီးခွင့်ရခဲ့ပါတယ် ။ သူတို့နဲ့ချိန်းတွေ့ချင်ပေမယ့် နေရောင်နဲ့အထိမခံနိုင်တဲ့ အရေပြားရောဂါရှိလို့ ခဏခဏငြင်းပယ်ခံရပြီးနောက်မှာတော့ ညီမဖြစ်သူ မာရာကိုနဲ့ ညဘက်ချိန်းတွေ့ဖို့ အကြောင်းဖန်လာပါတော့တယ်။ညီမနဲ့လည်းချိန်းတွေ့ရင်း အစ်မနဲ့လည်း ခိုးစားဖြစ်သွားတဲ့အခါမှာတော့ ကာဇူဟီကိုဆီမှာ ပြောမပြတတ်အောင် ပြောင်းလဲမှုကြီးတစ်ခု စတင်ခံစားရပါတော့တယ်။ ကိုယ့်ကိုကိုယ်လည်း ထိန်းချုပ်လို့မရနိုင်အောင် ဘာမြင်မြင်အကုန်လုံးဆွဲစားချင်တော့တာပါပဲ။ ကာဇူဟီကိုတစ်ယောက် ဘာတွေပြောင်းလဲသွားတာလဲ? ဘာတွေများဆွဲစားခဲ့တာလဲဆိုတာတွေကို တစ်ဝကြီးခံစားလိုက်ပါတော့နော်.... File size…200MB Quality…HD DVD RIP Format…mp4 Duration….1h 4m Subtitle….Myanmar Subtitle (Hard Sub) Encoder….XCross Translated by  Dark V
movie

[18+]Twilight Dinner (1998)

Ghost Sniper ( 2023 ) 6
Ghost Sniper ( 2023 ) စစ်မှန်တဲ့ မေတ္တာတွေနဲ့ ဖွဲ့စီးထားတဲ့ ကြေးစား တပ်ဖွဲ့တစ်ခု...? တစ်နေ့မှာတော့ သူတို့ဟာ ပြန်ပေးသမားတွေဖမ်းခေါ်သွားခဲ့တဲ့ ဇီဝလက်နက်ထုတ်လုပ်ရာမှာ ပညာရှင်တစ်ဦးဖြစ်သူ ပါမောက္ခနန်စီကို ကယ်တင်ဖို့အတွက် တာဝန်ကို ပေးအပ်ခြင်းခံခဲ့ရပါတယ် ။ဒီကယ်တင်တဲ့ လမ်းကြောင်းအတွင်းမှာပဲ ပြန်ပေးသမားတွေရဲ့ ထောင်ခြောက်အတွင်းဝင်ရောက်ခဲ့ရပြီး အဖွဲ့သားတွေ သေဆုံးသွားခဲ့ရပါတယ် ။ ဒီလိုရက်စက်တဲ့ မြင်ကွင်း အားလုံးကို မျက်မြင်ကိုယ်တွေ့ မြင်ခဲ့ရတဲ့ အဖွဲ့အတွင်းက ယွီဝေ ဆိုသူ...? အဖွဲ့သားတွေကို ဘယ်သူသတ်သလဲဆိုတာ အရိပ်အယောင်တောင် မမြင်ရခဲ့တာကြောင့် စိတ်ထဲမှာ နာကျည်းမှုတွေ မုန်းတီးမှုတွေ လွှတ်မချနိုင်တဲ့အရာတွေနဲ့ ပြည့်နှက်နေခဲ့ရှာသူ....?တစ်နေ့မှာ ယွီဝေကိုယ်တိုင်လဲ ထူးဆန်းလှတဲ့ သေနတ်တစ်ချက်ကြောင့် သေဆုံးသွားခဲ့ပြီး အပြိုင်ကမ္ဘာတစ်ခုလိုဖြစ်တဲ့ လွန်ခဲ့တဲ့ ၁၀ နှစ် အဖွဲ့သားတွေသေဆုံးခဲ့တဲ့ အချိန်ကို ပြန်လည်ရောက်ရှိသွားချိန်မှာတော့ အဖွဲ့သားတွေရဲ့ ကံကြမ္မာကို ပြန်လည်ကယ်တင်ဖို့ အသည်းအသန်လုပ်လာခဲ့တဲ့အခါမှာ ....?❏ အဖွဲ့သားတွေကို မကယ်တင်နိုင်တဲ့အပြင် ဒီလိုရက်စက်ဖွယ်ကောင်းတဲ့ မြင်ကွင်းကြီးကို အကြိမ်ကြိမ်အဖန်ဖန်ကြုံတွေ့လာချိန်မှာတော့ သူဘယ်လိုတွေရင်ဆိုင်မှာလဲ ?❏ ဒီလိုမျိုး ထူးခြားဆန်းကြယ်လှတဲ့ ပဟေဋိဆန်ဆန် ဖြစ်ရပ်ရဲ့ အမှန်တရားကရော ဘာတွေဖြစ်နေမှာလဲ? ❏ ယွီဝေတစ်ယောက် နာကျဥ်းမှုတွေနဲ့ ပြည့်နှက်နေတဲ့ ဒီဝင်္ကပါကြီးထဲကနေ လွတ်မြောက်နိုင်ပါ့မလားဆ်ိုတာ? ...
movie

Ghost Sniper ( 2023 )

Angels Of Vengeance 3 ( 2023 )
Angels Of Vengeance 3 ( 2023 ) ၁၉၀၀ခုနှစ်လောက်တုန်းကတောင်အာဖရိက မိုင်းတွင်းတစ်ခုမှာတူးဖော်ရရှိခဲ့တဲ့ ဒေါ်လာသန်း၂၀တန်ဖိုးရှိတဲ့ တောင်အာဖရိကနှလုံးသားလို့ခေါ်တဲ့စိန်တုံးကြီးကို လိုချင်တပ်မက်တဲ့မသမာလောဘသားတွေဟာ သူဌေးကြီးရဲ့သမီးကိုပြန်ပေးဆွဲခဲ့ပါတယ်။ဓားစာခံကိုကယ်တင်ဖို့နဲ့ ပြန်ပေးတရားခံတွေကိုဖမ်းဆီးနိုင်ဖို့အတွက် ထန်ရှီးယွီတို့အမျိုးသမီးအထူးရဲအဖွဲ့ကိုတာဝန်ပေးအပ်ခဲ့ပါတယ်။ ဒီတစ်ကြိမ်မှာရော ထန်ရှီးယွီတို့အဖွဲ့က ဓားစာခံကိုဘေးကင်းကင်းနဲ့ကယ်တင်နိုင်ပါ့မလား...... ဉာဏ်များတဲ့ပြန်ပေးတရားခံတွေကိုရော အမိဖမ်းနိုင်ပါ့မလား...... မမရှီးယွီတို့အဖွဲ့ ဘယ်လိုတွေလက်စွမ်းပြကြဦးမလဲဆိုတာကို ဆက်ပြီးကြည့်လိုက်ကြပါဦးနော် [ Reviewed By Nu Mon ] Quality : WEB-DL 1080p , 480p Format : mp4 Genres : Action , Crime Runtime : 1h 23 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Encoded by LK
movie

Angels Of Vengeance 3 ( 2023 )

Sisters on the Run (2023) 5.7
Sisters on the Run (2023) Sisters on the Run (2023) ==================ဇာတ်လမ်းစစချင်းမှာပဲ Selma က abusiveဖြစ်တဲ့ သူ့ယောကျ်ား ရဲကို သေနတ်နဲ့ပစ်ပြီး ထွက်ပြေးခဲ့ပါတယ်။ သူ့ယောကျ်ားရဲ့ နောက် လိုက်နှစ်ယောက် သူ့နောက်မလိုက်ခင် ထွက်ပြေးပြီး သူ့အစ်မ Maddy အိမ်မှာ တည်းခွင့်သွားတောင်းပါတယ်။ ဖြစ်ချင်တော့ Selmaနဲ့ Maddy က သူတို့အမေဆုံးကတည်းက ကွဲသွားပြီး စကားမပြောဖြစ်ကြတော့ ဘူး။ အကျင့်စရိုက်ချင်းကလည်း ဆန့်ကျင်ဘက်မို့ မတည့်ကြပါဘူး။ Selmaက ပါတီတက်၊ ပစ္စည်းတွေ လိုက်ခိုးနဲ့ အပေအတေကောင်မလေး ဖြစ်ခဲ့တာ။ သူ့အစ်မ Maddyကတော့ စည်းကမ်းရှိပြီး ဂုဏ်သရေရှိတဲ့ လူကြီးလူကောင်းပုံစံ နေတာပေါ့။ညီအစ်မနှစ်ယောက်က ယောကျ်ားရကံချင်းလည်း ကွာတယ်။ အစ်မ Maddyက အဆင်ပြေတဲ့ ယောကျ်ားကောင်းရပြီး အေးဆေးနေနိုင်ပေမဲ့ Selmaကတော့ ရဲနဲ့ယူပြီး အဲ့ရဲက မှူးယစ်ဆေးမှောင်ခိုဂိုဏ်းရဲ့ ခေါင်း ဆောင်ဖြစ်နေ​တဲ့အပြင် Psychoဆန်ဆန် သူ့ကိုနှိပ်စက်တတ်လို့ အမြဲ တမ်း ဒုက္ခခံခဲ့ရတာပါ။ Selma သူ့ယောကျ်ားကို ပစ်ပြီး ထွက်ပြေးတော့ Maddy အစက လက်မခံခဲ့ဘူး။ ဒါပေမဲ့ သွေးက စကားပြောတယ်လေ။ Selma သူ့ယောကျ်ားကိုသတ်ပြီး ...
movie

Sisters on the Run (2023)

Here Love Lies (2023) 5.0
Here Love Lies (2023) Here Love Lies (2023) =================“ဒီနေရာတွင် အချစ်ရှိသည် ဒီနေရာတွင် အချစ်သည် အလိမ်အညာဖြစ်သည်. ဒီနေရာတွင် အချစ်သည် ထာဝရအိပ်စက်နေသည်.” ဆိုသလိုပဲ. အချစ်ဆိုတာက အပျော်ကစားတတ်တဲ့သူတွေအဖို့ သေဆုံးပြီလို့ သတ်မှတ်ကာ မြှုပ်နှံထားတဲ့မြေပုံလေး တစ်ခုသာ သာ ဖြစ်ပြီး ဆန်းကြယ်နက်နဲတဲ့အရာအဖြစ် ယုံကြည်ထားသူတွေ အတွက် တစ်နေ့တော့ ရောက်လိမ့်မယ်လို့ တွန်းအားပေးနေတဲ့ လမ်းပြမြေပုံလေးတစ်ခုပါပဲ။ငယ်ရွယ်စဉ်အတိတ်က ရူးမိုက်မှုတွေကြောင့် Single Mother ဘဝနဲ့ သမီးလေးတစ်ယောက်ကို တစ်ကိုယ်တည်း ရုန်းကန်ပြီး ပြုစုပျိုးထောင်လာခဲ့သူ အမန်ဒါ၊ မေတ္တာစစ်ကိုရှာဖွေရင်း အပေါ် ယံအချစ်တွေကိုသာ ရှာတွေ့ခဲ့ပြီး ဆိုရှယ်မီဒီယာမှ တွေ့ဆုံခဲ့သူ မိုက်ကယ့် အပေါ် မမျှော်လင့်ဘဲ သံယောဇဉ်တွယ်မိမှန်းမသိ တွယ် လာခဲ့တယ်ပေါ့။ အဲနောက် ရေမြေခြားသူ မိုက်ကယ့်ကို တွေ့ဆုံ နိုင်ဖို့ အကြောင်းဖန်လာခဲ့ပြီး နှစ်ယောက်သား စတွေ့တွေ့ချင်း အခက်အခဲ၊ အတားအဆီးများကြားမှ နားလည်မှုကို ရှာတွေ့သွား ချိန်၊ သူ ကျားကုတ်ကျားခဲ ရှာဖွေခဲ့ရတဲ့ Mr.Right ဖြစ်သူ မိုက် ကယ့်ရဲ့ စကားလုံးတွေနောက်ကွယ်က အမှန်တရားကို မမြင်နိုင် တော့ဘဲ အကြာကြီးမျှော်မှန်း ခဲ့ရတဲ့ ဘဝလေးကို ပိုင်ဆိုင်နိုင်ဖို့ စိတ်ကူးနေမိသူ အမန်ဒါကို ...
movie

Here Love Lies (2023)

Full of Grace(2022) 7.0
Full of Grace(2022) Full of Grace(2022)******************ဒီရုပ်ရှင်ဟာ Real Madridအသင်းရဲ့ ကစားသမားဟောင်းဖြစ်တဲ့ Valdoအကြောင်းငယ်ဘဝကို ရိုက်ကူးပြထားတဲ့ဇာတ်ကားလေးပါ။ တစ်နည်းပြောရရင် သီလရှင်တွေဦးစီးတဲ့မိဘမဲ့ကျောင်းတစ်ခုက ကောင်လေးတစ်သိုက်၊ ဆိုးကြပေကြတဲ့ ကောင်လေးတွေ၊စနစ်ရဲ့အပယ်ခံဖြစ်ခဲ့ရတဲ့ကောင်လေးတွေရဲ့အကြောင်းကို ရိုက်ကူးထားတာပါပဲ။ ဒီကောင်လေးတွေဟာ ဆိုးကြပေကြတဲ့အတွက် သီလရှင်ဆရာမတွေကတောင်လက်မြောက်အရှုံးပေးထားကြပြီး မြို့ခံတွေနဲ့လည်းအမြဲပြဿနာတက်ကြတဲ့အဖွဲ့ပါ။ ဆရာမတွေကလည်း သူတို့ပြဿနာတွေပဲလိုက်ရှင်းနေရပြီး၊ ကျောင်းကအခြေအနေသိပ်မကောင်း၊ပိတ်သိမ်းရနိုင်ခြေရှိလို့ ကောင်လေးတွေကို ပြည်နယ်မိဘမဲ့ကျောင်းကိုပို့ဖို့ဆုံးဖြတ်နေကြရပါတယ်။ ဒီလိုနဲ့နွေရာသီအားလပ်ရက်တစ်ခုမှာ သီလရှင်ဆရာမအသစ်ရောက်လာပြီး Valdoတို့ကလေးတစ်သိုက်ကို ထိန်းပေးဖို့တာဝန်ကျလေရော။ ကန့်လန့်တိုက်တတ်တဲ့ကောင်လေးတွေကိုထိန်းဖို့ ဆရာမအသစ်က နည်းလမ်းရှာရင်းနဲ့ ကလေးတွေဟာဘောလုံးကန်ရတာဝါသနာပါမှန်းသိသွားတဲ့အခါမှတော့....၊File Size :(1.9GB) and (898MB) Quality :NF.WEB-DL1080P,720p Format…mp4 Duration…01:49:00 Genre : Comedy, Family Subtitle : Myanmar Subtitle (Hard Sub) Translated by Themes Encoded by Phyo Pyae
movie

Full of Grace(2022)

Everything I Am (2022) 6.8
Everything I Am (2022) Everything I Am (2022)~ IMDb rating - 6.8/10 ~ကမ္ဘာကို ဝေ့ဝဲကြည့်လိုက်ရင် ကိုယ့်ကိုယ်ကိုယ်ပြန်ကြည့်လိုက်ရင် အားလုံးက အတ္တဟိတနဲ့ပဲ အလုပ်များနေတာကိုတွေ့ရမှာပဲ။ ပရဟိတကို လုပ်ကြတဲ့လူတွေ ရှိတော့ရှိမယ်။ လုံးဝ ကိုယ်ကျိုးမကြည့်တဲ့ ပရဟိတသမားစစ်စစ်ကိုတော့ တော်တော်ရှာယူရလိမ့်မယ်။ ကမ္ဘာကိုက ဒီလိုကမ္ဘာဖြစ်နေတော့ ကမ္ဘာကို အသက်သွင်းထားတဲ့ ရုပ်ရှင်တွေကို အသက်သွင်းတဲ့အခါမှာလည်း ရက်စက်တဲ့ကမ္ဘာရဲ့ ပုံရိပ်တွေသာ ထင်နေတာကို တွေ့ကြရမှာပဲ။ ဝေဒနာက ကြီးလွန်းတော့ ဘယ်လောက်ပီပြင်လိုက်သလဲဆို အကောင်းဆုံးဆိုတဲ့ရုပ်ရှင်တွေဟာ ဝေဒနာတွေဖြစ်နေတာကို တွေ့ကြရမှာပဲ။ ဒီရုပ်ရှင်က အကောင်းဆုံးဆိုတဲ့ ရုပ်ရှင်တွေထဲတော့ မပါဘူး။ ဒါပေမဲ့ ဒီရုပ်ရှင်က ကမ္ဘာကြီးရဲ့ သိပ်နည်းပါးတဲ့ တစ်ထောင့်လေးကို ရိုက်ပြထားတယ်။ ချစ်ခြင်းတွေ ပရဟိတအစစ်တွေအကြောင်းပေါ့။ နောက် ကိုယ့်ထက်ကိုယ် အားလုံးကို ချစ်ကြတဲ့လူတွေအကြောင်းပေါ့။ အားလုံးကို ဘုံဆန်ဆန်ချစ်ဖို့ ဆိုတဲ့ ခက်ခဲတဲ့အရာတစ်ခုရဲ့အကြောင်းပေါ့။သံသရာရုပ်ရှင်ရဲ့ နောက်ဆုံးက စာသားလိုပဲ။ ရေတစ်ပေါက်ကို ...
movie

Everything I Am (2022)

A Little White Lie (2023) 5.9
A Little White Lie (2023) A Little White Lie (2023) ================== Genre - Comedy, Drama IMDb Rating - 5.9/10လွန်ခဲ့တဲ့ အနှစ် ၂၀ လောက်က စာပေလောကကို တုန်လှုပ်စေခဲ့တဲ့ ဝတ္ထုတစ်အုပ်ထွက်ပြီး လူလုံးထွက်မပြတဲ့ စာရေးဆရာ ရှရိုက်ဗာ ဆိုတာ ရှိခဲ့ပါတယ်။ အမျိုးသားစာပေဆုကို သမ္မတကပေးတာတောင် တက်မယူဘဲနဲ့ပေါ့။ ဒီလိုနဲ့ သူကတော့ တစ်အုပ်ထွက်ပြီး ပျောက်ကွယ် သွားခဲ့တယ်။ အခုလက်ရှိမှာတော့ တက္ကသိုလ်စာပေပွဲတော်လုပ်ဖို့ ပရော်ဖက်ဆာကလီရီတို့တသိုက် ခေါင်းကိုက်နေကြတယ်။ ဘာလို့လဲ ဆိုတော့ ဘုတ်အဖွဲ့က ဘတ်ဂျတ်ချမပေးတော့ဘူးဆိုတော့။ အဲဒီမှာ ကလီရီက ရှရိုက်ဗာကို ရအောင်ရှာပြီး သူတို့စာပေပွဲတော်ကို ဖိတ်တယ်၊ သူသာတက်ရောက်မယ်ဆို ဒီပွဲတော်က ဆက်လက်ပြီး လူတွေကို ဆွဲဆောင် အသက်ဆက်နိုင်တော့မှာကိုး။အဲဒီမှာ တစ်ဖက်မှာ ဆက်သွယ်ခံရတဲ့ ရှရိုက်ဗာက စာရေးတာကိုမပြောနဲ့ တစ်ရက်တစ်ရက် သူများခိုင်းသမျှလုပ်ပြီး၊ မျက်နှာကြက်ရေယိုတာကို ကြောင်လေးကိုပိုက်ပြီး အိပ်ရာပေါ်ကနေ ကြည့်တတ်တဲ့ အထီးကျန် အရက်သမားတစ်ယောက်။ ဒါပေမဲ့ ဘေးနားက ဘော်ဒါက ဟန်ဆောင်ပြီး သွားတက်ရင် ဆုတွေရမှာဘာညာနဲ့ ဂျင်းထည့်ပြီး မြှောက်ပေးလိုက်တော့ ဒီပွဲတော်ကို သွားပြီး ဟန်ဆောင်တက်ရောက်ဖို့ ဖြစ်လာတယ်။ ...
movie

A Little White Lie (2023)

Neetho (2022) 8.9
Neetho (2022) Neetho (2023)IMDb-9/10Right Time မှာ Wrong person ကို ကြုံဖူးကြပါသလား အရာအားလုံးပြီးပြည့်စုံနေတာနဲ့ပဲ အချစ်လို့ထင်ယောင်ထင်မှားဖြစ်ပြီး ရှေ့ဆက်တိုးလိုက်ဖို့တွေးဖူးကြပါသလားစီးပွားရေးတွေတောင့်တင်းပြီး စီးပွားရေးချင်း မိတ်ဖက်ဖြစ်နိုင်တဲ့ မိသားစုနှစ်စုက ဆပ်တရာနဲ့မယ်ဂနာ မယ်ဂနာက အချစ်စစ်နဲ့ချစ်ပြီးဘ၀ရှေ့ဆက်ဖို့ကြိုးစားပေမဲ့ ဆပ်တရာအပါအ၀င် နှစ်ဖက်မိဘအကုန်လုံးကစီးပွားရေးကြောင့်သာ ပေါင်းဖက်ဖို့ဆုံးဖြတ်ခဲ့ကြတာပါလူငယ်ချင်းမေတ္တာမျှချစ်ရာကနေ နှစ်ယောက်တန်ဖိုးထားတဲ့ အရာတွေမတူညီလို့ နှစ်ယောက်ဘ၀ထူထောင်ဖို့ကြန့်ကြာနေကြတဲ့ ဗာရွန်နဲ့ အာနူရှာ ‌ဒီလိုအခြေအနေတွေမှာပဲ ‌ဆပ်တရာနဲ့ မယ်ဂနာတို့ရဲ့ စုံတွဲအာမခံအတွက် ဗာရွန်က အာမခံ၀န်ဆောင်မှုပေးရသူအနေနဲ့ ဆုံတွေလာကြပါတယ်အချစ်တွေ ‌စီးပွားရေးတွေ တန်ဖိုးထားရာတွေကြားမှာ အချစ်ကဘယ်လိုမျိုးလှလှပပကိုင်တွယ်သွားမလဲလက်တွေ့အပြင်လောက‌မှာရော ဒီလိုအဖြစ်တူနေသူတွေရှိလား ခံစားကြည့်ကြပါဦး File size…1.43GB / 644MB Quality…1080p WEB DL / 720p Format…mp4 Duration….2h 10m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by BpL~Zwe Yan~Cherry~Yunni~Nyein Aye
movie

Neetho (2022)

Qorin(2022) 6.7
Qorin(2022) Qorin(2022)***********ဘာသာရေးကိုင်းရှိူင်းဖို့ ပညာတတ်စေဖို့ လေးစားသမှုရှိဖို့ စသည်ဖြင့်ဖွင့်ထားတဲ့အစ္စလာမ်ဘာသာ အမျိုးသမီးအဆောင်လေးတစ်ခု..ယောကျ်ားလေးဆိုလို့ ဆရာဖြစ်သူ အူစတက်ဂျယ်လနီတစ်ယောက်ပဲရှိပါတယ်။တစ်နေ့မှာတော့ ထိုဆရာဖြစ်သူက တားမြစ်ထားတဲ့ မကောင်းဆိုးဝါး "ကွာရင်းဂျင်းန်" ဆင့်ခေါ်ခြင်းကိုကျောင်းသူတွေနဲ့တူတူ လုပ်ဖို့ကြိုးစားခဲ့တဲ့အခါ.. တားမြစ်ထားတဲ့ကျမ်းစာဖြစ်ပြီးမကောင်းဘူးဆိုတာသိပေမယ့် စာမေးပွဲမအောင်မှာကြောက်တဲ့ကျောင်းသူလေးတွေအဖို့တော့ ဆရာခိုင်းတာလုပ်ရုံအပြင် မရှိပါဘူး..ထိုဆင့်ခေါ်ခြင်းကြီးပြီးတဲ့အခါ ဘယ်လိုမူမမှန်တာတွေ ဖြစ်လာလဲဆိုတာကတော့...File Size :(1.4GB) and (594MB) Quality :NF.WEB-DL1080P,720p Format…mp4 Duration…01:49:00 Genre : Horror Subtitle : Myanmar Subtitle (Hard Sub) Translated by Shin Rina Encoded by Phyo Pyae
movie

Qorin(2022)

(18+) Rape Zombie: Lust of the Dead 5 (2014) 3.5
(18+) Rape Zombie: Lust of the Dead 5 (2014) ဂျပန်ကိုနယူးကလီးယားဗုံးအကြဲခံလိုက်ရပြီးတော့ အမျိုးသမီးတွေကို လိင်စိတ်ဆာနေတဲ့ဇွန်ဘီးတွေက တိုက်ခိုက်ကြပါတယ်….အဲ့တိုက်ခိုက်တဲ့ ဇွန်ဘီးတွေကို အမျိုးသမီးတစ်စု ဘယ်လိုနှိမ်နှင်းပြီး လွတ်မြောက်သွားလဲဆိုတာကို ကြည့်ရမှာပါ ။ဒုတိယကားမှာတော့ ပုန်းအောင်းနေတဲ့လူနောက်တစ်စုက ပိုမိုဆိုးရွားလှတဲ့ ဇွန်ဘီးမျိုးစိတ်အသစ်ကို ရင်ဆိုင်ခဲ့ကြရပါတယ်။တတိယကားမှာတော့ မပြီးပြတ်သေးတဲ့ လုပ်ငန်းစဉ်တွေနဲ့ နေရာအနှံ့ပျံ့နှံ့နေပြီဖြစ်တဲ့ လိင်စိတ်ဆာလောင်နေတဲ့ ဇွန်ဘီးတွေကို နောက်ဆုံးအသက်ရှင်ကျန်ဖို့အတွက် အားနွဲ့သောမိန်းမသားပေမယ့် ခက်ခက်ခဲခဲ ကြိုးစားရှင်သန်ပုံတွေကို ကြည့်ရှု့ရမှာပါ။စတုတ္ထကားမှာတော့ အရာအားလုံးပြန်အဆင်ပြေဖို့အတွက် အတိတ်ကိုအချိန်ခရီးသွားပြီး အကျိုးတရားကောင်းဖို့ အကြောင်းတရားတွေကို ပြင်ဆင်ဖို့ ကြိုးစားကြတာဖြစ်ပြီးယခုပဉ္စမကားဟာလည်း စတုတ္ထကားရဲ့ အဆက်အနေနဲ့ ထွက်ရှိလာတာဖြစ်ပါတယ်။ဒီကားလေးဟာ18+ ကားတကားဖြစ်ပေမဲ့လည်း တချို့လူသဘာဝတရားသီအိုရီတွေကိုပါ တခါတည်းထည့်သွင်းရိုက်ကူးထားတာဖြစ်ပါတယ်။ဒီကားအမျိုးအစားလေးကတော့ Horror အပေါ်အခြေခံထားပြီးတဲ့ 18+ကား တကားပါ ။(မှတ်ချက်)ကလေးသူငယ်များကြည့်ရှု့ရန်မသင့်တော်ပါ ။ File size…2.34GB / 1.1GB Quality…1080p WEB DL / 720p Format…mp4 Duration….1h 21m Subtitle….Myanmar Subtitle (Hard Sub) Encoder….X Cross Translated by Sylvie
movie

(18+) Rape Zombie: Lust of the Dead 5 (2014)

Amazing Grace(2006) 7.4
Amazing Grace(2006) Amazing Grace(2006)*********************IMDB...7.4၁၇ရာစုနှစ်အလယ်ပိုင်းလောက်က ကမ္ဘာကြီးမှာ ကိုလိုနီနယ်မြေတွေ၊အင်ပါယာတွေကြောင့်ကျွန်ကူးသန်းရောင်းဝယ်ရေးဆိုတာ ပေါ်ထွန်းလာခဲ့ပြီး အဓိကအချက်ကတော့ လုပ်ခသက်သာတာရယ် စိုက်ပျိုးရေးလုပ်ငန်းအမျိုးမျိုးအတွက် ခေါင်းပုံဖြတ်လို့ရတာတွေကြောင့်ပါ။ ဒီထဲမှာမှ ဗြိတိန်အင်ပါယာဟာလည်း ကိုလိုနီနယ်မြေတွေမှာ ကြံပင်၊ကော်ဖီပင်စတဲ့စိုက်ပျိုးရေးတွေလုပ်ပြီး တိုင်းပြည်စီးပွားရေးအတွက် ကျွန်တွေအပေါ်မှီတည်ထားပါတယ်။ ၁၈ရာစုနှစ်အ‌ရောက်မှာတော့ William Wilberforceဆိုတဲ့ ဗြိတိန်ပါလီမန်အမတ်တစ်ဦးဟာကျွန်ကူးသန်းရောင်းဝယ်မှုကို ဖျက်သိမ်းဖို့ ဦးဆောင်လှုပ်ရှားခဲ့ပြီး ဒီဇာတ်လမ်းဟာ သူ့ရဲ့ကြိုးစားအားထုတ်မှုတွေ၊ ကျွန်စနစ်အပေါ် အဲ့ခေတ်ကပါလီမန်အမတ်တွေရဲ့အမြင်၊ လူထုအမြင်တွေကို သိသာအောင်ရိုက်ကူးပြထားတာပါ။ စနစ်တစ်ခု ပြုပြင်ဖို့ ဖျက်သိမ်းဖို့ လွှတ်တော်မှာတင်ပြကြတဲ့အခါ လက်ခံတဲ့သူတွေရှိသလိုဒီစနစ်ကနေအကျိုးအမြတ်ရနေသူတွေကတော့ ကန့်ကွက်ကြမှာပါပဲ။ ဒါဟာ ဖြစ်နေကျ နိယာမပါပဲ။ ဒါကို William Wilberforceဦးဆောင်တဲ့လူတစ်စုကအကြိမ်ကြိမ်ကျရှုံးရင်း ဘယ်လိုရင်ဆိုင်သွားကြလဲဆိုတာ ဇာတ်ကားထဲမှာကြည့်ရှုနိုင်ပါပြီ။ သရုပ်ဆောင်တွေအနေနဲ့ အားလုံးသိပြီးသားဖြစ်တဲ့ Fantastic Four မင်းသား Ioan Gruffuddကအဓိကဇာတ်ဆောင်နေရာကပါဝင်ထားပြီး Doctor Strange မင်းသားBenedict Cumberbatchလည်းပါဝင်သရုပ်ဆောထားပါတယ်..File Size :(3.07GB) and (1.01GB) Quality : Blu-Ray 720p Format…mp4 Duration…01:48:00 Genre : Biography, Drama , History Subtitle : Myanmar Subtitle (Hard ...
movie

Amazing Grace(2006)

The Wandering Earth II (2023)
The Wandering Earth II (2023) ဒီတရုတ်ရုပ်ရှင်ကတော့ သိပ္ပံစိတ်ကူးယာဉ် အာကာသစွန့်စားခန်းရုပ်ရှင်အမျိုးအစားပဲဖြစ်ပါတယ်။ မူရင်းနာမည်ကျော်ဝတ္ထုကို ပြန်ရိုက်ထားတာမို့ ဇာတ်အိမ်ကလည်း ကြီးပါတယ်။ ပြသချိန်ကလည်း ၃ နာရီတောင်ရှိပါတယ်။ ဒီရုပ်ရှင်က တရုတ်ရဲ့ ပထမဆုံး Full-scale သိပ္ပံရုပ်ရှင်လို့ သတင်းတွေမှာတောင် ရေးကြပါတယ်။ ဒီရုပ်ရှင်ရဲ့အဓိက မင်းသား ဝူကျင်းဆိုရင်လည်း ပထမဆုံးအနေနဲ့ ဇာတ်ဝင်ခန်းတစ်ခန်းပဲ ပါဖို့သဘောတူထားပေမဲ့ ဒါရိုက်တာက သူ့ကိုသဘောကျလို့ သူပါတဲ့အခန်းတွေ ဆက်တိုက်ထည့်သွင်းရိုက်ကူးခဲ့ရပါတယ်။ နောက်ဆုံးမှာ သရုပ်ဆောင်ကြေးက ဒေါ်လာ ၁၀ သန်းကျော်လာပြီး ရုပ်ရှင်ကိုလည်း အရမ်းကောင်းမွန်အောင် မွန်းမံရင်းနဲ့ ဘက်ဂျက်ကျော်သွားတာမို့ ဒါရိုက်တာက ဝူကျင်းကို ပိုက်ဆံမယူဘဲ ဆက်ရိုက်ပေးဖို့ အကူအညီတောင်းခဲ့ရတဲ့အထိပါပဲ။ ဝူကျင်းက ရုပ်ရှင်ကို အရမ်းသဘောကျနေပြီမို့ ပိုက်ဆံမယူတဲ့အပြင် အိတ်ထဲကနေ ၉ သန်းပါ ထပ်စိုက်ပြီး ရိုက်ကူးစေခဲ့ပါတယ်။ အခုချိန်မှာတော့ သန်း ၁၀၀ နီးပါးရင်းခဲ့တဲ့ ဒီရုပ်ရှင်ဟာ သန်း ၅ ရာကျော် ဝင်သွားပြီး အတော်မြတ်သွားခဲ့ပြီဖြစ်ပါတယ်။ ...
movie

The Wandering Earth II (2023)

A Good Person (2023) 7.0
A Good Person (2023) A Good Person (2023) =============== IMDb Rating - 7.0/10Nathan နဲ့ Allison တို့က စေ့စပ်ထားပြီး တစ်ယောက်ကို တစ်ယောက်အရမ်းချစ်ကြတဲ့ ပျော်ရွှင်စရာ စုံတွဲတစ်တွဲပါ။ ဒါပေမဲ့ Allison မောင်းလာတဲ့ကား ယာဥ်တိုက်မှုဖြစ်သွားပြီး မကြာခင် ယောင်းမတော်ရမယ့် Nathanရဲ့အစ်မ Mollyနဲ့ သူ့ခင်ပွန်းဟာ ဆုံးပါးသွားခဲ့တယ်။ အဲ့ကြေကွဲစရာ အဖြစ် အပျက်ကြီးအပြီးမှာလည်း ကျန်ခဲ့သူတွေရဲ့ဘဝဟာလည်း ပူဆွေးမှုတွေနဲ့ ပျက်ဆီးသွားခဲ့ရတယ်။Danielက သူ့သမီးMolly ဆုံးသွားပြီးနောက်ပိုင်း သူ့ရဲ့မြေး မလေး Ryanကို သူတစ်ယောက်တည်း ပြုစုပျိုးထောင်ပေး နေခဲ့တယ်။ Allison ရဲ့ တောက်ပနေတဲ့အနာဂတ်လည်း ထို ကားတိုက်မှုအပြီး အရာအားလုံး ပျက်ဆီးသွားပြီး သူ့အမှား အတွက် လိပ်ပြာမလုံ ခံစားနေခဲ့ရတယ်။ Allison နဲ့ Danielတို့ ပြန်လည်တွေ့ဆုံတဲ့အခါမှာတော့ သူတို့အချင်းချင်းကြား ခွင့် လွှတ်မှု၊ ခင်မင်မှုတွေပေါ်လာပြီး လူကောင်းတစ်ယောက်ဖြစ် အောင် ဘယ်လိုကြိုးစားမလဲဆိုတာကို ခံစားချက်ထိထိမိမိ ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။IMDb rating 7.0 ထိ ရထားပြီး Traumaတွေကို ကျော်ဖြတ် ဖို့ ကြိုးစားနေသူနှစ်ဦးရဲ့ အဓိပ္ပါယ်ရှိတဲ့ ဘဝပညာပေး ဇာတ်လမ်း ကောင်းတစ်ပုဒ်ပဲ ...
movie

A Good Person (2023)

Genres

  • No categories

Release year

    Genres

    • No categories

    Release year

      Quality

        Archives