Channel Myanmar

1963

High and Low (1963) 8.4
High and Low (1963) High and Low (1963)~ IMDb - 8.4/10, RT - 96%, Meta - 90% ~အကီရာကူရိုဆာဝါရဲ့ အကောင်းဆုံးဆိုတဲ့ ရုပ်ရှင်တွေထဲက တစ်ကားပေါ့။ Rashomon, Ran, Throne of Blood, Dreams တို့မှာ တော်တော်ပြောခဲ့ပြီးပြီဆိုတော့ ကူရိုဆာဝါရဲ့ ဘုန်းတော်ဘွဲ့တွေအကြောင်း ထပ်မိတ်ဆက်ပေးဖို့မလိုလောက်တော့ဘူး။ ကူရိုဆာဝါရုပ်ရှင်ဆိုတာနဲ့ ရုပ်ရှင်ကောင်းပဲဆိုတာ အကုန်လုံးသိပြီးသားဖြစ်နေမှာ သေချာတယ်။ ဒါပေမဲ့ ထူးတာကတော့ ဒီရုပ်ရှင်က ရှေ့ကပြောခဲ့တဲ့ ကားတွေနဲ့မတူတော့ဘူး။ ဇာတ်က သူထွက်ခဲ့တဲ့ မျက်မှောက်ခေတ်သီးသန့်မှာပဲ အခြေတည်ထားသလို ဇာတ်ကလည်း စလိုက်ပြီဆိုတာနဲ့ တော်တော်လေး စိတ်ဝင်တစား ဆက်ကြည့်ချင်စရာကောင်းနေတယ်။ ထူးတာက ဒီရုပ်ရှင်က သူ့နာမည်အတိုင်း ကောင်းကင်နဲ့ ငရဲလို ကွာခြားနေတဲ့ ဘဝတွေအကြောင်း ရိုက်ပြထားပေမဲ့ တစ်ချိန်တည်းမှာပဲ တော်တော်လေး သပ်ရပ်တဲ့ စုံထောက်ကားတစ်ခုအဖြစ်ပါ ထပ်ပေါင်းအသက်ဝင်နေတယ်။ ဒီနှစ်ခုရဲ့အချိုးမှာ ...
movie

High and Low (1963)

1963
Jason and the Argonauts (1963) 7.3
Jason and the Argonauts (1963) Jason and the Argonauts (1963)~ IMDb - 7.3/10, Rotten Tomatoes - 89% ~ဂရိနတ်ဘုရားတွေနဲ့ သူရဲကောင်းတွေ စွန့်စားခန်း‌တွေကို အမျိုးမျိုး ရိုက်ကူးကြရာမှာ ဒီကားကတော့ သူရဲကောင်းအ‌ကျော်အ‌မော်ဂျေဆင်နဲ့ သူ့အဖွဲ့သား အာဂိုနပ်စ်တွေရဲ့ ရွှေသိုးရှာဖွေတဲ့ စွန့်စားခန်းခရီးအကြောင်း 1963 ခုနှစ်ထွက်ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ဇုစ်နတ်ဘုရားက ပလိုင်ရက်စ်ကို သက်စ်လေတိုင်းပြည်ကို အောင်နိုင်ဖို့ ဆုပေးပေမဲ့ နောင်ကျရင် သက်စ်လေဘုရင်ရဲ့မျိုးဆက်က ပလိုင်ရက်စ်ကို လက်စားချေမှာလို့ ဟောကိန်းရှိတဲ့အတွက် ပလိုင်ရက်စ်က ဘုရင်ရဲ့သားသမီး ၃ယောက်လုံးကိုပါ သတ်ဖို့လုပ်ခဲ့ပါတယ်။ ဒါပေမဲ့ သားတော်ဂျေဆင်က အစောင့်နဲ့အတူ ထွက်ပြေးလွတ်မြောက်သွားခဲ့တဲ့အခါ...ဂျေဆင်အရွယ်ရောက်လာတဲ့အခါ သက်စ်လေပြည်ကို ပြန်သိမ်းပြီး ပလိုင်ရက်စ်ကိုသတ်ဖို့ လိုက်ရှာပါတော့တယ်။ ဇုစ်ရဲ့မိဖုရား ဟယ်ရာက ဂျေဆင်ကို အလုံးစုံကူညီပေးချင်ပေမဲ့ ဇုစ်က အကြိမ်အရေအတွက်ကန့်သတ်ထားပြီး နတ်ဘုရား‌ မောင်နှံ၂ပါး အားပြိုင်တဲ့အခါ...ပလိုင်ရက်စ်ကို သတ်ပြီး သက်စ်လေတိုင်းပြည် ကြွယ်၀ချမ်းသာ ငြိမ်းချမ်းဖို့ ရွှေသိုးရှိရမယ်လို့ဟောကိန်းရှိတဲ့အတွက် ...
movie

Jason and the Argonauts (1963)

1963
The Leopard (1963) 8.0
The Leopard (1963) The Leopard (1963) Genre – Drama, History IMDB – 8.0/10၁၈၆၀ ခုနှစ်ဝန်းကျင် အီတလီ ဆီစီလီမှာ ဆာလီနာမင်းသားလို့ခေါ်တဲ့ဒွန်ဖာဘရီဇီယို ကော်ဘယ်ရာ ရှိပါတယ်။သူက ဘိုးဘွားဘီဘင်အဆက်ဆက် ချမ်းသာကြွယ်ဝခဲ့တာကိုခံစားနေတဲ့ သူကြွယ်တစ်ဦးပေါ့။အဲဒီအချိန် အီတလီပေါင်းစည်းမှုလို့ခေါ်တဲ့ ဖြစ်ရပ်ကြီး ဖြစ်ပွားခဲ့ပါတယ်။ဖရန်စစ် ၂ တို့ စစ်တပ်နဲ့ အနီရောင်အကျီဝတ်ဂါရီဘာဒီတို့ တော်လှန်ရေးတွေ စစ်ဖြစ်ကြတာပါ။အဲဒီမှာ ဂါရီဘာဒီတွေ ဆီစီလီကို အနိုင်ရပြီးအလယ်လတ်တန်းစားတွေကလည်း ဆာလီနာမင်းသားတို့လိုပထမတန်းတွေနဲ့ ယှဉ်ပြိုင်လာတဲ့အခြေအနေမျိုး ဖြစ်လာပါတယ်။သူ့ရဲ့တူတော်စပ်သူ တက်ခရန်ဒီဟာလည်း တော်လှန်ရေးတပ်ထဲက ဖြစ်ပြီးသူနဲ့ ပြိုင်ဖက်လိုဖြစ်တဲ့ ချမ်းသာပေမဲ့ အဆင့်အတန်းတစ်ဆင့်လောက်နိမ့်တဲ့ဒွန်ကာလိုဂျီယိုရဲ့ သမီးချောကို ကြိုက်ခဲ့ပါတယ်။အဲဒီမှာ ဆာလီနာမင်းသားတစ်ယောက် ဒီလိုမျိုးနိုင်ငံရေးအတက်အမြင့် အနိမ့်အကျတွေကြား အသားကျအောင် နေထိုင်ပြီးဘယ်လိုတွေ လှုပ်ရှားသွားမလဲဆိုတာ ကြည့်ရမှာဖြစ်ပါတယ်။ File size…  3.57 GB /  1.49 GB Quality… BluRay 1080p / 720p Format… mp4 Duration…. 3h 6m Genre ...
movie

The Leopard (1963)

1963
Cleopatra (1963) 7.0
Cleopatra (1963) CLEOPATRA (1963)Cleopatra ဆိုတဲ့နာမည်ကို အထူးတလည်မိတ်ဆက်ပေးနေစရာမလိုပါဘူး။ ကမ္ဘာ့သမိုင်းစာမျက်နှာမှာ လူတကာငေးရတဲ့အလှပိုင်ရှင်အဖြစ်၊ အီဂျစ်ဘုရင်မာယာရှင်အဖြစ် Cleopatra ကိုမှတ်တမ်းတင်ခဲ့ကြပါတယ်။ Cleopatra ပါဝင်ကပြတဲ့ ကမ္ဘာ့သမိုင်းဇာတ်ကွက်က ကြီးကျယ်ခမ်းနားခဲ့သလို အဲဒီအကြောင်းကို ပြန်လည်ရိုက်ကူးတဲ့ ရုပ်ရှင်ဟာလည်း ရုပ်ရှင်သမိုင်းမှာဆိုစမှတ်ပြုရလောက်အောင် ကြီးကျယ်ခမ်းနားခဲ့ပါတယ်။Roman emperor ရဲ့အထင်ကရ စစ်သူကြီး Julius Caesar ဟာ ရန်သူတော် Pompey ကို တိုက်ခိုက်အနိုင်ယူလိုက်တဲ့ Battle of Pharsalus အပြီးမှာ ဇာတ်အိမ်တည်ထားပါတယ်။ Rome ရဲ့ အဓိကကုန်ဝင်ရာ နိုင်ငံဖြစ်တဲ့ Egypt မှာ Cleopatra ဘုရင်မနဲ့ မောင်ဖြစ်သူ Ptolemy တို့ထီးနန်းအတွက် တင်းမာနေတဲ့အခြေအနေကို Caesar ကဖြေရှင်းပေးဖို့ Egypt ကိုရောက်လာခဲ့ပါတယ်။ အချုပ်ပြောရရင် Cleopatra ကိုလုပ်ကြံရန်ကြိုးစားမှုနဲ့ Ptolemy နယ်နှင်ဒဏ်ပေးခံရပြီး Cleopatra က အီဂျစ်ရဲ့ဘုရင်မဖြစ်လာခဲ့တဲ့အပြင် Caesar နဲ့ Cleopatra ...
movie

Cleopatra (1963)

1963
1080p HEVC
The Sword in the Stone (1963) 7.2
The Sword in the Stone (1963) The Sword in the Stone (1963) IMDb - 7.2/10_____Rotten - 66%   Old but Gold ထဲကနေ ကာတွန်းကားလေးတစ်ကားတင်ဆက်ပေးလိုက်ပါတယ်။၁၉၆၃ခုနှစ်ကထွက်ရှိခဲ့တဲ့ "The Sword in the Stone" ဆိုတဲ့ကားလေးပါ။ဟိုး ယခင်တိတ်ခွေခေတ်တုန်းကတည်းက ဖန်တစ်ရာတေအောင် ကြည့်ခဲ့ပြီး မကြည့်ရသေးတဲ့ သူတွေကိုလည်း ကားကောင်းလေးဖြစ်ကြောင်းလမ်းညွှန်ခဲ့ရတဲ့ Animation ကားလေးပါ...။ အခုပြန်ကြည့်ပြန်တော့လည်း ကျွန်တော်တို့ နှလုံးအိမ်ကို ဆွဲဆောင်နိုင်စွမ်းရှိနေတုန်းပါပဲ။၁၉၆၃ ကထွက်ခဲ့တဲ့ကားဆိုပေမယ့် လက်ရာကတော့ အတော်လေးကိုသေသပ်ကောင်းမွန်ပါတယ်။ ဇာတ်လမ်းလေးကတော့ တော်တော်များများသိကြမယ့် အာသာဘုရင်ကြီးနဲ့ မှော်ဆရာကြီးမာလင်တို့ရဲ့ဇာတ်လမ်းလေးတစ်ပုဒ်ပါ။ အင်္ဂလန်ပြည်မှာ ဘုရင်အဖြစ်ဆက်ခံမယ့်သူမရှိတော့တဲ့အတွက်ကြောင့် သူတစ်လူငါတစ်မင်းခေတ်ပျက်ကာလဖြစ်နေပါတယ်.. အဲ့လိုအချိန်မှာ ကျောက်တုံးတစ်တုံးအပေါ်မှာစိုက်ထားတဲ့ ဓါးတစ်ချောင်းထူးခြားစွာပေါ်လာခဲ့ပါတယ်။ အဲ့ဓါးကိုဆွဲထုတ်နိုင်သူသည် အင်္ဂလန်ရဲ့ဘုရင်ဖြစ်မည်ဆိုပြီးဓါးပေါ်မှာစာထွင်းထားတယ်ပေါ့။ တစ်ယောက်ပြီးတစ်ယောက်လာဆွဲနှုတ်ကြတယ် ဘယ်သူမှမရခဲ့ကြဘူး အဲ့လိုနဲ့နှစ်ပေါင်းများစွာကြာလာတော့ လူတွေကလဲ ဓါးကိုမေ့မေ့ပျောက်ပျောက်ဖြစ်လာတယ်ပေ့ါ။ အဲ့အချိန်မှာ အာသာက ၁၂နှစ်အရွယ်ကလေးပဲရှိသေးတယ်။ ဇာတ်လမ်းက အာသာကဘုရင်ဖြစ်ရမှာပဲ သူပဲဓါးဆွဲနှုတ်နိုင်မှာပေါ့(အာသာ၊ မာလင်ဇာတ်ကားတော်တော်များများ အဲ့အတိုင်းနီးနီးပါပဲ)။ ဒါပေမယ့် မာလင်တစ်ယောက် အာသာနဲ့ဘယ်လိုတွေ့သွားမှာလဲ။ မာလင်ကိုဘယ်လိုများ နည်းပေးလမ်းပြပေးမလဲ။ အာသာကရော ဓါးဆီဘယ်လိုရောက်သွားမလဲဆိုတာတော့ Disney ရဲ့ Classic လက်ရာလေးကို ခံစားရင်းကြည့်လိုက်ပါဦးဗျ.... မှတ်ချက်။ ။မာလင်ရဲ့မှော်ပညာတွေကိုစိတ်ဝင်စားသူများအတွက် ...
movie

The Sword in the Stone (1963)

1963