2004 – Year – Channel Myanmar
Channel Myanmar

2004

36th Precinct(2004) 7.2
36th Precinct(2004) 36th Precinct(2004) IMDb...7.2,,,Rotten..100% ပဲရစ်မြို့ပေါ်မှာ ဒုစရိုက်အမှုတွေအများအပြားကျူးလွန်နေလျက်ရှိပြီး  ရဲတပ်ဖွဲ့ကို အမြဲတမ်းလိုလို ဒုက္ခပေးတာကြာပြီ... ဒီမြို့မှာပဲ  လီယိုဗရင့်ခ်စ် နဲ့ ဒန်းနစ်ကလီယန် ဆိုတဲ့ရဲအရာရှိနှစ်ယောက်ဟာ ရာထူးတိုးအောင်အပြိုင်အဆိုင် ယှဉ်ပြိုင်နေတဲ့ရဲနှစ်ယောက်ဖြစ်တယ် ...သူတို့မြို့ကနာမည်ကြီးဆုံးလူဆိုးဂိုဏ်းအဖွဲ့ရဲ့သတင်းကိုရဖို့အတွက် နှစ်ဦးနှစ်ဖက်လုံးဟာ လူဆိုးတစ်ချို့နဲ့ပူးပေါင်းပြီး သတင်းနှိုက်ကြတယ်.. ၂ယောက်လုံးဟာလည်း အရည်အချင်းရှိတဲ့သူတွေ... လူဆိုးဂိုဏ်းကလည်း အဖွဲ့တောင့်တဲ့အပြင် တကယ့်လက်ရဲဇက်ရဲတွေ... သူတို့ ၂ယောက်စုံစမ်းတာအောင်မြင်မလား.... ကြားထဲမှာ ဘယ်လိုပြသနာပေါင်းစုံကြုံတွေ့ရမလဲဆိုတာကိုတော့   Action , Crime တွေကိုမှ ကြိုက်တဲ့သူတွေအဖို့ ဒီကားက နင်းကန်လန်းတယ်လို့သတင်းကောင်းပါးပါရစေ....ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Zwel Zan Aung ဖြစ်ပါတယ်... File Size : (875 MB) and (345 MB) Quality : Blu-Ray 720p Format…mp4 Duration…01:51း00 Genre :  Action , Crime , Drama  Subtitle : Myanmar Subtitle (Hard Sub) Translated by Zwel Zan Aung Encoded by Phyo Pyae  
7.2
IMDB: 7.2/10 14,874 votes
movie

36th Precinct(2004)

2004
Female Prisoner 1316 [2004] 5.2
Female Prisoner 1316 [2004] ကဲ ဒီတစ်ခါတော့ ၁၈ အပေါင်း ပရိတ်သက်တို့ ပူဆာထားကြတဲ့ မိန်းမထောင် ဇတ်လမ်းလေးကို CM က တဖန် ပြန်လည်တင်ဆက်ပေးလိုက်ပါတယ် ဂျပန်နိုင်ငံအတွင်း လူသတ်မှု ခိုးမှု နဲ့ ဒုစရိုက်မှုတွေ ကျူးလွန်တဲ့ အမျိုးသမီးတွေကို ပြန်လည်ပြုပြင်ရေးစခန်း ကို ပို့ကြပါတယ် ပြန်လည်ပြုပြင်ရေး စခန်းဆိုပေမဲ့ ငရဲခန်း အသေခံ စစ်ရေးလေ့ကျင့်ရေး စခန်းဖြစ်ပြီး ပြန်လည် လွတ်ရိုးထုံးစံ မရှိပါဘူး... ထွက်ပြေးရန် ကြိုးစားသူတွေကိုလဲ အမျိုးမျိုး နှိပ်စက်ပြီး သတ်ပစ်လေ့ ရှိပါတယ်... အဲ့ဒီထောင်ကိုမှ ခပ်ဆိုးဆိုး ခပ်ချေချေ ကောင်မလေး တစ်ယောက် စတင်ရောက်ရှိလာပြီး ထောင်ဖောက်ပြေးဖို့ စီစဉ်ခဲ့ကြသော် အခါ.... ဒီရုပ်ရှင်ကားဟာ ကိုယ်လုံးတီး အခန်းတွေ ပါဝင်သောကြောင့် မိသားစု နှင့် အတူမကြည့်သင့်သလို အသက်မပြည့်သေးသူများ မကြည့်သင့်ပါ ရုပ်ရှင်ကားကို ဘာသာပြန်ပေးထားသူကတော့ Jueno ပဲ ဖြစ်ပါတယ်
5.2
IMDB: 5.2/10 86 votes
movie

Female Prisoner 1316 [2004]

2004
Naruto the Movie: Ninja Clash in the Land of Snow (2004) 6.8

Naruto the Movie: Ninja Clash in the Land of Snow (2004)

2004
Blu-Ray 720p
I, Robot (2004) 7.1
I, Robot (2004) AI နည်းပညာကို Phone တွေထဲ ထည့်သွင်းဖို့ ကြိုးစားနေကြတဲ့သတင်း ဖတ်မိတော့ i,Robot ဆိုတဲ့ စိတ်ကူးယဉ်သိပ္ပံဇာတ်ကားလေးကို သွားသတိရမိပါတယ် ဒီဇာတ်ကားဟာ Artificial Intelligence (ဥာဏ်ရည်တု) နည်းပညာရဲ့ ကောင်းကျိုးဆိုးကျိုးတွေကို ထည့်သွင်းရိုက်ကူးထားတာကြောင့် ပညာပေးဇာတ်ကားတစ်ကားလို့တောင် ဆိုနိုင်ပါတယ် i,Robot ကို ဒါရိုက်တာ Alex Proyas ရိုက်ကူးခဲ့ပြီး မင်းသားကြီး Will Smith နဲ့ မင်းသမီး Bridget Moynahan တို့က ဦးဆောင်ပါဝင်ထားပါတယ် IMDb 7.1 ရရှိထားတာကြောင့် ကြည့်ရှုသင့်တဲ့ဇာတ်ကားကောင်းတစ်ကားဆိုတာ သေချာပါတယ် ဒီဇာတ်ကားကို ကြည့်ရှုနေစဉ်မှာပင် ဇာတ်ဆောင်တွေ နဲ့ ဇာတ်လမ်းထဲကဇာတ်ရုပ်တွေ အလွန်လိုက်ဖက်လွန်းတာကို သတိထားမိကြပါလိမ့်မယ် ဇာတ်လမ်းအကျဉ်း 2035 ခုနှစ် ချီကာဂိုမြို့မှာ ဇာတ်အိမ်တည်ထားပါတယ် ကမ္ဘာ့အကြီးဆုံး ရိုဘော့ထုတ်လုပ်ရေးကုမ္ပဏီ USR အဆောက်အဦးမှာ ကိုယ့်ကိုယ်ကိုယ်သတ်သေမှုတစ်ခုဖြစ်ပွားခဲ့ပါတယ် သေဆုံးသူကတော့ ရိုဘော့ပညာရှင် ဒေါက်တာအဲလ်ဖရက်လန်နင် ...
7.1
IMDB: 7.1/10 447,187 votes
movie

I, Robot (2004)

2004
Blu-Ray720p
Layer Cake(2004) 7.4
Layer Cake(2004) Layer Cake(2004) IMDb....7.4....Rotten....80% 2004 ခုနှစ်ထွက် မင်းသားကြီး Daniel Craig ပါဝင်သရုပ်ဆောင်ထားတဲ့ Layer Cake ဆိုတဲ့ ဇာတ်ကားကို တင်ဆက်ပေးလိုက်ပါတယ်… ..Rating တွေက IMDb- 7.4, Rotten Tomatoes – 80 ရှိတယ်ဆိုတော့ Rating ကောင်းတဲ့ ကားကောင်းတစ်ကားဖြစ်ပါတယ်… အလည်အလတ်တန်းစား ကိုကင်းမူးယစ်ဆေးဖြန့်ဖြူးရေးသမားတစ်ယောက်ဟာ ပိုက်ဆံအတော်အတန် စုဆောင်းမိတဲ့အချိန်မှာ မူးယစ်ဆေးလောကကနေ အနားယူဖို့ အစီအစဉ်တွေ ချထားခဲ့ပါတယ်… သူရဲ့ ခြေရာတွေနဲ့ အလုပ်အကိုင်တွေ ဖျက်လို့မပြီးသေးခင်မှာဘဲ သူတို့မူးယစ်ဆေးသမားတွေကို အကာအကွယ်ပေးနေတဲ့ အစိုးရဖက်က လူတစ်ယောက်က သူ့ကိုအလုပ်တစ်ခု ခိုင်းလာပါတော့တယ်…ဒါကတော့ ဂိုဏ်းစတား အကောင်ကြီးကြီးရဲ့ သမီးတစ်ယောက် ပျောက်ဆုံးသွားလို့ သူ့ကိုရှာဖို့ အကူအညီတောင်းခြင်းပဲဖြစ်တယ်… တစ်ဖက်မှာလည်း အရောင်းအဝယ်လုပ်မယ့် စိတ်ကြွရူးသွပ်ဆေးပြားတွေကို ယူလာသူတွေက ဆာဗီးယားစစ်တပ်နဲ့ အငြိအစွန်းတွေ ဖြစ်ခဲ့ကြပြီး .. . သူ့ဆီကို ပြဿနာနှစ်ခုက တစ်ပြိုင်နက်တည်းဆိုက်ရောက်လာပါတော့တယ်…. ကင်မရာ ရိုက်ချက်ကောင်းကောင်းတွေနဲ့ ဇာတ်ဝင်ခန်းတွေ တစ်ကတ်နဲ့တစ်ကတ်ဆက်ထားပုံလေးတွေ အရမ်းလှပပြီး ရင်ဖိုစရာကောင်းတဲ့ ဇာတ်ကားဖြစ်တဲ့အတွက် အားပေးကြည့်ရှုလိုက်ကြပါဦးခင်ဗျာ..။ File Size : ...
7.4
IMDB: 7.4/10 147,648 votes
movie

Layer Cake(2004)

2004
Blu-Ray 720p
The Chronicles of Riddick (2004) 6.7
The Chronicles of Riddick (2004)     IMDb (6.7/10) မင်းသားကြီး Vin Diesel ရဲ့ နာမည်ကျော် အာကာသဖိုက်တာ Riddick ဇာတ်ကားတွေပါ။ Sci-Fi အမျိုးအစားဇာတ်ကားတွေထဲမှာတော့ Action အသားပေးအနေနဲ့ အမြဲအမှတ်ရနေမိမယ့်ဇာတ်ကားမျိုးတွေပါ။ ဒီဇာတ်ကားတွေကို ကြည့်မိတိုင်း ကျွန်တော်ဟာ အာခေါင်ခြောက်ကပ်ပြီး အနာဂတ်ကိုလှမ်းမြင်နေရသလို ရင်ထိတ်လာတယ်။ အထွေထွေပျက်စီးနေတာကို တရားကျရင်း ဘာအတွက်မှန်းမသိတဲ့ အတ္တတွေ အစဉ်အဆက်ကြီးထွားနေတာကို ရွံ့မုန်းလာမိရဲ့။ တစ်ခါတစ်ခါတော့ ရှင်သန်ခြင်းကို ဇယားချကြည့်တယ်...သေခြင်းကလွဲလို့အားလုံးက မှုန်ဝါးနေရော။ ဒီလိုအချိန်မှာ Riddick ရဲ့ ဝိဥာဉ်ကို မြင်မိတာအကြိမ်ကြိမ်အခါခါ။ Riddick ဟာ တစ်စုံတစ်ခုကို ဆုပ်ကိုင်လမ်းပြထားတယ်..ကျွန်တော်တို့ ခံစားကြည့်ပါစို့။ Riddick ဇာတ်ကားအားလုံးကို https://channelmyanmar.org/?s=riddick မှာကြည့်ပါ။   File size…(999 MB) and (400 MB) Quality…Blu-Ray Rip 720p Format…mp4 Duration….02:15:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung
6.7
IMDB: 6.7/10 199,521 votes
movie

The Chronicles of Riddick (2004)

2004
Dawn of the Dead 7.3
Dawn of the Dead ကြောက်တက်သူများ ကြည့်ဖို့မသင့်တော်ပါဘူး သွေးသံရဲရဲတွေနဲ့ သဘာဝကျစွာ ပုံဖေါ်ထားတာဖြစ်လို့ Horror ကြိုက်သူတို့ လက်မလွှတ်သင့်တဲ့ ဇာတ်ကားကောင်းလေးပါ။ ဇွန်ဘီကားဆိုပေမဲ့ ဖြစ်သလိုဇာတ်အိမ်ဖွဲ့ထားတာမျိုးမဟုတ်ပဲ သဘာဝကျကျ ဖွဲ့ထားပါတယ်။ သေချာခံစားပြီးကြည့်ရင် သင်ကိုယ်တိုင် ဇာတ်လမ်းထဲမှာ စီးမျောနေသယောင်ခံစားရပါလိမ့်မယ်။ ဘ၀ကို ရိုးရှင်းစွာဖြတ်သန်းနေတဲ့ သူနာပြုမလေးတစ်ယောက်။ တစ်နေ့ဂျူတီပြီးလို့ အိမ်အပြန် ညနေပိုင်းလောက်မှာ မိန်းကလေးတစ်ယောက် တံခါးဝမှာရပ်နေပါတယ်... ကလေးရဲ့ ပါးစပ်မှာသွေးတွေပေနေပြီး လူကလောက်ကျောက်ရုပ်လိုငြိမ်သက်နေပါတယ် ဂါဝန်အဖြူမှာလည်း သွေးတွေစွန်းထင်းနေပါတယ်။ သူမကိုမြင်တော့ အကူညီလိုနေတယ်ထင်လို့ အကူညီခေါ်ပေးဖို့ အနားသွားလိုက်တဲ့အခါမှာတော့.. ကမောက်ကမတွေဖြစ်ကုန်ပါတယ်... အသက်ရှင်ကျန်ရစ်သူ သူနာပြုမလေးကတော့ ခြေဦးတည့်ရာ ပြေးရင်းလွှားရင်း လူတစ်စုနဲ့ပေါင်းမိပြီး မောလ်ကြီးတစ်ခုထဲကို ရောက်ရှိသွားပါတယ်။ အဲဒီမောလ်ကြီးဟာ အသက်ရှင် ကျန်ရစ်တဲ့သူတွေအတွက် မှီခိုရာနေရာလေးဖြစ်သွားပါတော့တယ်..။ တစ်ကယ်တော့ သူတို့တွေအားလုံးက ဇွန်ဘီကောင်တွေရဲ့ သဘောသဘာဝကို မသိကြပါဘူး ဘယ်လိုကူးစက်လဲဆိုတာကိုလည်းမသိကြပါဘူး..။ တစ်နေ့မှာ မောလ်ထဲကို လူသစ်တွေထပ်ရောက်လာပါတယ် သူတို့ထဲက တစ်ယောက်က အကိုက်ခံထားရပြီး အခြေနေက အတော်ဆိုးရွားနေပါပြီ။ သူ..သေသွားပြီး တစ်ဖန်ပြန်ထလာကာ တွေ့တဲ့လူကို လိုက်ကိုက်ပါတော့တယ်။ အဲဒီအချိန်မှာပဲ အကိုက်ခံရရင် ကူးစက်တယ်ဆိုတာ သိရှိကြပါတော့တယ်...။ ဒါပေမဲ့ သူတို့သိတာနောက်ကျခဲ့ပါပြီ...။ တစ်ကယ်လို့များ အဲဒါကို အစကတည်းကသိခဲ့ကြရင်...။ ရင်တစ်ထိတ်ထိတ် သဲတဖိုဖိုနဲ့ အူယားစရာကောင်းအောင်းကြည့်ရှု့ခံစားရမဲ့ ဟောင်းပေမဲ့ ကောင်းနေဆဲ ဇာတ်ကားလေးဖြစ်တာကြောင့် တင်ဆက်ပေးလိုက်ပါတယ်။   ဒီရုပ်ရှင်ကားကို Translator Aye ...
7.3
IMDB: 7.3/10 213,525 votes
movie

Dawn of the Dead

2004
The Aviator (2004) 7.5
The Aviator (2004) The Aviator ဇာတ်ကားကတော့ ၂၀၀၄ခုနှစ်မှာ Director : Martin Scorsese ရိုက်ကူးခဲ့တဲ့ Biographical, Drama ရုပ်ရှင်ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။   American Box Office အဖြစ် American $213.7 million အထိ ရရှိထားတဲ့ ဇာတ်ကားလည်းဖြစ်ပါတယ်။   ဒီဇာတ်ကားထဲမှာဆိုရင်တော့ မင်းသားကြီး Leonardo DiCaprioက Howard Hughes အဖြစ်အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဇာတ်လမ်းကတော့ ၁၉၃၅ခုနှစ်မှာ Hughesတစ်ယောက် H1 Racerဆိုတဲ့ လေယာဉ်ကိုမောင်းပြီး ကမ္ဘာ့စံချိန်တင်ဖို့ကြိုးစားခဲ့ပါတယ်။ ၃နှစ်ကြာပြီးတဲ့နောက်မှာတော့ သူဟာ လေးရက်ဆက်တိုက် လေယာဉ်မောင်းပြီး စံချိန်ချိုးပြခဲ့ပါတယ်။ သိပ်မကြာသေးခင်မှာပဲ သူဟာ TWA ဆိုတဲ့ လေယာဉ်ကုမ္ပဏီနဲ့ ချိတ်ဆက်မိပြီး Army Air Forces မှာ Spy Aircraft ဆိုတဲ့ project ကို လုပ်ဖို့ စာချုပ်ချုပ်ခဲ့ပါတယ်။ အဲ့ဒီ့နောက်မှာတော့ ဘယ်လိုတွေဆက်ဖြစ်သွားမလဲဆိုတာကိုတော့ ဇာတ်လမ်းထဲမှာ ဆက်လက်ရှု့စာကြပါတော့။   File size…(1.4GB) and (450MB) Quality…BR-Rip 1080p Format…mp4 Duration….02:50:06 Subtitle….Myanmar Subtitle (Hardsub) Translated by Edrea Rae Encoded by Naing Aung Latt
7.5
IMDB: 7.5/10 294,780 votes
movie

The Aviator (2004)

2004
House of Flying Daggers (2004) 7.6
House of Flying Daggers (2004) ရယူခြင်းဟာ အချစ်တဲ့လား ပေးဆပ်ခြင်းဟာအချစ်ပဲလား တချို့လူတွေဟာ မဖြစ်နိုင်မှန်းသိသိကြီးနဲ့ ပိုင်ဆိုင်ဖို့ ပေါင်းစည်းဖို့ကြိုးစားတာကို အချစ်လို့သမုတ်ကြပေမယ့် တချို့တွေကတော့ ထိုအချိန်မှာချစ်သူကိုစွန့်လွတ်ရင်း ပေးဆပ်ရင်း ချစ်နေတာကို အချစ်စစ်လို့ခေါ်ကြပြန်တယ် စသည်ဖြင့် သို့လော သို့လောတွေနဲ့ အချစ်အကြောင်းကို မသိခင် ငယ်စဉ်အခါက တီဗီရှေ့မှာဖီးလ်ခဲ့ရဖူးတဲ့ အချစ်ကားတွေထဲမှာ ဒီဇာတ်ကားလည်းအပါအဝင်ဖြစ်ခဲ့ပါတယ် ဇာတ်လမ်းအကျဉ်းအနည်းငယ်ပြောရရင် တရုတ်ပြည် အေဒီ၅၈၉မှာ အင်အားကြီးတန်မင်းဆက်ဟာ အားလျော့ခဲ့လာပြီး တိုင်းပြည်ကို မနိုင်မနင်း အုပ်ချုပ်နေရချိန်ဖြစ်ပါတယ် သူပုန်အဖွဲ့တွေ အများအပြားသောင်းကျန်းနေချိန်မှာ အင်းအားအကြီးဆုံးနဲ့ပြည်သူတွေရဲ့ ထောက်ခံမှုကို ရရှိနေတဲ့အဖွဲ့ကတော့ ဓားပျံတို့ရဲ့ဂေဟာ လို့ခေါ်တဲ့အဖွဲ့ဖြစ်ပါတယ် မြို့တွင်းပျော်ပွဲစားရုံတစ်ခုမှ မျက်မမြင်ကချေသည်မိန်းကလေးတစ်ဦးဟာ သူပုန်အဖွဲ့ဝင်တစ်ဦးလို့ သံသယ ရှိခြင်းခံရပြီး အစိုးရဋ္ဌာနမှုးနှစ်ဦးဖြစ်တဲ့လီယိုနဲ့ဂျင်ဟာ ထိုမိန်းကလေးနောက်ကို လိုက်ရင်း သူပုန်အဖွဲ့ရဲ့ နေရာကိုဖော်ထုတ်ဖို့ကြိုးစားပါတော့တယ် မိန်းကလေးကိုအယုံသွင်းကာ သူ့မူလနေရာကိုပြန်ပို့ပေးရင်း နေရာကိုဖော်ထုတ်ရမယ့်တာဝန်ကိုယူတဲ့ဂျင်ဟာ ရဲမက်တွေရန်မှကာကွယ်ရင်း ထိုမိန်းကလေးအပေါ်ချစ်မိသွားကာ ဇာတ်လမ်းရဲ့အရှိန်ကိုပိုမြင့်လာစေခဲ့ပါတယ်... အချစ်ဆိုတာ တကယ်တော့ ချစ်နေဖို့လိုအပ်သလို  တခါတလေကျတော့လည်း အချစ်ကြောင့်ပဲ ကိုယ့်ဘ၀တစ်ခုလုံးရင်းရဲတဲ့သတ္တိတွေရှိလာခဲ့ပါတယ်... သိုင်းကားလေးတစ်ကားဖြစ်ပေမယ့် အမိုက်စား ဇာတ်လမ်းအစကနေအဆုံးထိအားလုံးရဲ့စိတ်ဝင်စားမှု့တွေကို အဆုံးထိဆွဲခေါ်သွားမယ့်ကားတစ်ကားဖြစ်ပါတယ်... Imdb 7.6နဲ့RT မှာတော့88%ရရှိထားပြီး နာမည်ကျော်Heroဇာတ်ကား Great ...
7.6
IMDB: 7.6/10 99,302 votes
movie

House of Flying Daggers (2004)

2004
Walking Tall (2004) 6.2
Walking Tall (2004) အက်​ရှင်​ကားကြိုက်​တဲ့ပရိသတ်​​တွေအတွက်​ ဇာန်​ကား​ကောင်း​လေးတစ်​ကားတင်​​ပေးလိုက်​ပါတယ်​ Walking Tall ရုပ်​ရှင်​ဇာတ်​ကားဟာ ၂၀၀၄ခုနှစ်​ထွက်​ အက်​ရှင်​ဇာတ်​ကားတစ်​ကားဖြစ်​ပြီး Imdb rating 6.2/10 ရရှိထားပါတယ်​ ပါဝင်​သရုပ်​​ဆောင်​ထားသူ​တွေက​တော့ အက်​ရှင်​မင်းသားကြီးDwayne Johnson,မင်းသမီး​ချော Ashley Scott,မင်းသား Johnny Knoxville စတဲ့သူ​တွေဖြစ်​ပါတယ်​ ဇာတ်​လမ်းအကျဉ်းက​တော့ ဂုဏ်​ထူး​ဆောင်​စစ်​သားဖြစ်​ဖူးတဲ့ Chris Vaughn တစ်​​ယောက်​ ရာထူးက​နေအနားယူပြီး ​မွေးရပ်​​မြေမြို့​လေးမှာ ပြန်​အ​ခြေချ​နေထိုင်​ခဲ့ပါတယ်​။ သူပြန်​လာတဲ့အခါ တစ်​မြို့လုံးမှာအကြီးဆုံးစီးပွား​ရေးက အရင်​​ကျောင်း​နေဖက်​​တွေဖြစ်​ခဲ့ဖူးတဲ့Jay Hamilton နဲ့ Ray Templeton တို့ဦးစီးလုပ်​ကိုင်​​နေတဲ့ ကာစီနို​လောင်းကစားဝိုင်းကြီးဖြစ်​​နေခဲ့ပါတယ်​။ တစ်​မြို့လုံးမှာ ​လောင်းကစား အရက်​ ​ဆေး စသည်​ဖြင့်​မ​ကောင်းမှုမျိုးစုံနဲ့ပြည့်​​နေတာကိုမြင်​​နေရတဲ့အခါ Chris တစ်​​ယောက်​ ရဲ​တွေကိုယ်​စား သူ့လက်​နဲ့​ဖြေရှင်းပါ​တော့တယ်​။ သူတစ်​ကယ်​ပဲ​ဖြေရှင်းနိုင်​ပြီး အရင်​ကလို​ကောင်းမွန်​တဲ့မြို့​လေးပြန်​ဖြစ်​​အောင်​လုပ်​နိုင်​မှာလား.... ဘယ်​လို ပြဿနာ​တွေကြုံ​တွေ့ရမှာလဲဆိုတာ စွန့်​စားခန်းအပြည့်​နဲ့ရိုက်​ကူးထားတာမို့ အက်​ရှင်​ကားချစ်​ပရိတ်​သတ်​​တွေကြည့်​ရှု့အား​ပေးလိုက်​ပါဦး   File Size : (750 MB) and (310 MB) Quality : Blu-Ray 720p Running Time : 1hr 26min Format : Mp4 Genre : Action, ...
6.2
IMDB: 6.2/10 58,816 votes
movie

Walking Tall (2004)

2004
Blu-Ray 720p
Downfall (2004) 8.2
Downfall (2004) IMDb (8.2)...Rotten Tomatoes (91%)...Metacritic (82%) ဟစ်တလာ ကျဆုံးခန်း!!! ၁၉၄၅ ခုနှစ်တွင် ဂျာမနီ ဟာဆိုရင် အနောက်ဖက်နှင့် တောင်ဖက်တွင် ပိတ်မိပြီး ဆိုဗီယက်စစ်တပ်တွေကို ရှုံးနိမ့်လုအခြေနေကိုရောက်ခဲ့တယ်။ ဘာလင်က Third Reich မြို့ တော်မှာ ဆိုရင် Adolf Hitler က ဂျာမနီက အောင်မြင်မှုကို ရရှိနိုင်ခြေရှိပြီး သူရဲ့အကြံပေးတွေနဲ့ ဗိုလ်ချုပ်တွေကို နောက်ဆုံးလူကို တိုက်ခိုက်ရန်အမိန့်ပေးခဲ့တယ်။ " Downfall"မှာ တော့ Reich ရဲ့ နောက်ဆုံးနေ့တွေမှာ အကြီးပိုင်းဂျာမာန်ခေါင်ေးဆာင်တွေက သူတို့ရဲ့ ချစ်ခင်ရသူမှ သစ္စာဖောက်ခြင်းစတင်ခံရခြင်း၊ မိမိတို့အသက်ကယ်တင်ရန် ကြိုးပမ်းခဲ့ပုံ၊ အချို့သောသူများက Hitler နှင့်အတူအသေခံရန်ရှိကြောင်းတို့ကို ပြသခဲ့တယ်။ Hitler ကိုယ်တိုင် စိတ်ထောင်းကိုယ်ကြေဖြစ်ပြီးတော့ သံသယတွေများလာ.. အကောင်းမြင်တတ်တဲ့စိတ်ထားရှိသူကနေ သတ်သေဖို့ရန်အထိ စိတ်ဓါတ်ကျလာတဲ့အခါမှာတော့.......။ ဒီဇာတ်ကားဟာ ဟစ်တလာရဲ့နောက်ဆုံးနေ့ရက်များကို ခံစားရမယ့် ကမ္ဘာ့အကောင်းဆုံးဇာတ်ကားတွေထဲက တစ်ကားဖြစ်ပါတယ်။ Director: Oliver Hirschbiegel Main actors: Bruno Ganz, Alexandra ...
8.2
IMDB: 8.2/10 283,659 votes
movie

Downfall (2004)

2004
Man on Fire(2004) 7.7
Man on Fire(2004) Man on Fire(2004) IMDb...7.7 နှုတ်ခမ်းမွေး မုတ်ဆိတ်မွေး ဗရပွနဲ့ လူတစ်ယောက်...သူက အတိတ်က လုပ်ခဲ့တဲ့ ကိစ္စတစ်ရဲ့ အမှားတစ်ချို့ ကိုမေ့ပျောက်ဖို့ အတွက် အရက်ကို အချိန်ပြည့်နီးပါးအဖော်ပြုနေတဲ့သူ....တစ်နေ့တော့ သူ့သူငယ်ချင်းတစ်ယောက်က လာပြောတယ် ဒီအတိုင်းနေမယ့် အတူတူ အပြုအမူလေးတွေဆင်ခြင်ပြီးတော့ ချမ်းသာတဲ့ အသိုင်းအ၀န်းက အိမ်မှာ ဘော်ဂီဂတ်လုပ်ဖို့ အကြံပေးလာတယ်. .. သူဟာ အတိတ်တုန်းက စစ်မှုထမ်းခဲ့ပြီး စစ်မှုထမ်းသက်လည်း အတော်ရှိခဲ့ပြီး ထူးချွန်ခဲ့တဲ့သူတစ်ယောက်.. .ဘောဒီဂတ်လုပ်ရမှာကပြန်ပေးမှုအများဆုံးဖြစ်နေတဲ့ မက္ကဆီကို ..သူဒီအလုပ်ကိုလက်ခံလိုက်တယ်... .ဒီကားက တော်တော်များများကြားဖူး ကြည့်ဖူးပြီးသားဖြစ်မှာပါ...ဒါရိုက်တာTony Scott ရိုက်ကူးပြီး ကျွန်တော်တို့ရဲ့ အသည်းစွဲမင်းသားကြီး  Denzel Washington, ပါဝင်သရုပ်ဆောင်ထားပါတယ်. ..ပရိယာယ်များပြီး ဘယ်ကိစ္စမဆို ယုံကြည်လို့မရတဲ့ ဒီလောကကြီးမှာ ကျွန်တော်ကတော့  Denzel Washington, ရိုက်တဲ့ ကားတွေကို ချွင်းချက်ထားလိုက်ချင်တယ်. .သိတဲ့အတိုင်း သူ့ကားတွေဟာ မကောင်းတဲ့ကားတောင်မရှိသလောက်ရယ်...ဒီကားမှာလည်း တိုတိုပြတ်ပြတ်ပြောပြီးအလုပ်ကိုတာဝန်ကျေတဲ့သူတစ်ယောက်..   .သူ့စောင့်ရှောက်ရတဲ့ကလေးမလေးအပေါ် သမီးလေးတစ်ယောက်လိုသံယောဇဉ်တွယ်ပြီး တဖြည်းဖြည်းပြောင်းလဲလာတဲ့ ဆက်ဆံရေး.. .ရှုတ်ထွေးပွေလီလှတဲ့ ကလေးငယ်ပြန်ပေးဆွဲမှုတွေ....ကျွန်တော့်လိုခပ်ကြောင်ကြောင် ကားတွေကြိုက်တဲ့သူတွေအဖို့ ကြည့်သင့်ပါကြောင်း မ၀ံမရဲတိုက်တွန်းပါရစေ... File Size : (9၀0 MB) and (400 ...
7.7
IMDB: 7.7/10 290,563 votes
movie

Man on Fire(2004)

2004
Secret Window (2004) 6.6
Secret Window (2004) တချို့ဇာတ်လမ်းတွေက ဇာတ်လမ်းအကျဉ်းချုပ်ရေးလိုက်ရင် မကြည့်ရသေးတဲ့လူတွေအတွက် အရသာပျက်သွားတာမျိုးဖြစ်သွားတတ်တဲ့အတွက် ဒီဇာတ်လမ်းကိုတော့ နည်းနည်းလောက်ပဲပြောပြထားချင်ပါတယ်… ဘာလို့လဲဆိုတော့ ဇာတ်လမ်းကအရမ်းကောင်းနေလို့ပါ.. ဇာတ်လမ်က အေးပါတယ် .. ဒုန်းဒုန်း ဒိုင်းဒိုင်းတွေမပါပါဘူး.အေးပါတယ် ဒါပေမယ့် ပျင်းစရာမကောင်းပါဘူး… မင်းသားကြီး Johnny Depp ရဲ့ထုံးစံအတိုင်း စိတ်ဝင်စားစရာတွေအပြည့်နဲ့ သေသေချာချာအာရုံစိုက်ကြည့်ရှုပါမှ ဇာတ်ရည်လည်မယ့် ဇာတ်လမ်းမျိုးပါ.. ဒီဇာတ်လမ်းက ဘာဖြစ်ပါသည်ခင်ဗျာ..ဆိုတာမျိုး ပြောမပြချင်တော့ပါဘူး သည်းထိတ်ရင်ဖို လျှို့ဝှက်ဆန်းကြယ်အမျိုးအစားလို့ပဲပြောပါရစေ..။ စဉ်းစားတွေးခေါ်ချင်သူတွေအတွက်တော့ ဇာတ်လမ်းကောင်းတစ်ခုဖြစ်ပါတယ်..။ အရုပ်ဆိုးတဲ့အိမ်ထောင်ရေးဖောက်ပြန်မှုကြောင့် စာရေးဆရာဟာ သူ့မိန်းမကို နယူးယောက်မြို့ကသူပိုင်တဲ့အိမ်မှာထားခဲ့ပြီး သူကတော့ တောအိမ်ကလေးမှာ တစ်ယောက်တည်း အထီးကျန်စွာနေရင်း စာရေးနေခဲ့ပါတယ်။ ဒီလိုနဲ့နေလာတာ ခြောက်လလောက်ကြာလာတော့ အိမ်တံခါးကိုလူတစ်ယောက်လာခေါက်ပြီး အဲ့ဒီလူက စာရေးဆရာကို သူ့စာတစ်ပုဒ်ကို ပုံတူကူး ခိုးယူရေးသားခဲ့တယ်လို့ စွပ်စွဲပါတော့တယ်..။ စာရေးဆရာက ငြင်းဆိုတဲ့အခါ အဲ့ဒီညမှာ စာရေးဆရာရဲ့ခွေးကိုသတ်သွားပြီးနောက် နောက်ထပ်ခြိမ်းခြောက်မှုတွေနဲ့အတူ. .နောက်ထပ်လူသတ်မှုတွေ…????? 2004 မတ်မှာ ထွက်ခဲ့တာဖြစ်ပြီး Rating တွေက IMDb- 6.6/10 Roger Ebert – ¾ rotten tomatos 47%   (ဇာတ်လမ်းအညွှန်း နဲ့ ဘာသာပြန်သူက ကိုကြီး ဇွဲပါ)   File ...
6.6
IMDB: 6.6/10 161,159 votes
movie

Secret Window (2004)

2004
The Terminal (2004) 7.3
The Terminal (2004)   မင်းသားနဲ့ မင်းသမီးကတော့ တကယ့်ဂရိတ်ကြီးတွေပါ။ တွမ်ဟန့်နဲ့ ကက်သရင်းဇီတာဂျုံးတို့ပေါ့။ ဇာတ်လမ်းကျောရိုးကတော့ အမေရိကားကိုတစ်ခါမှမရောက်ဖူးတဲ့ခရာကိုရှားဆိုတဲ့ နိုင်ငံငယ်လေးက ခရီးသည်တစ်ယောက် အမေရိကားကို ရောက်လာတဲ့အခါ ဘာသာစကားက မကျွမ်းကျင်၊ တိုင်ပင်အကူအညီတောင်းရမယ့်သူက မရှိ၊ အမေရိကရဲ့အထာတွေကိုလည်း နားမလည်၊ သည်လိုနဲ့ လေဆိပ်မှာတင် ယောင်ချာချာ ဖြစ်နေရတဲ့ အကြောင်းကို ပျော်ရွှင်ဖွယ်ဖြစ်အောင် ဟာသနှော၊ အသောခပ်များများနဲ့ ၀မ်းနည်းစရာလေးတွေလဲ ဖြစ်ပျက်၊ ချစ်ခြင်းတရားအကြောင်းလည်း ရောစွက်ထားတဲ့ ဇာတ်ကားကောင်းလေးပါပဲ။ ဒါကတော့ ဇာတ်ကြောင်းပါ…ဒါပေမယ့် ကျွန်တော်ကတော့အဲ့ဒီထက်ပိုပြီးစဉ်းစားမိနေပါတယ်။ ဇာတ်ကားထဲမှာ သရုပ်ဆောင်ထားတဲ့ Tom Hanks ရဲ့သရုပ်ဆောင်မှုတွေကောင်းလို့ ဟာသဇာတ်ကားလို့ယေဘုယျထင်ရပေမယ့် အဲ့ဒီထက်ပိုတဲ့ ရသတွေ..အမြင်တွေ..ရှိနေတယ်လို့ခံစားမိပါတယ်။ လေဆိပ်ဆိုတဲ့ နေရာမှာ ကျွန်တော်တို့ရဲ့ဘဝတွေလို့စဉ်းစားလိုက်လို့ရပါတယ်… တိုက်ခိုက်မှုတွေ..နားမလည်မှုတွေ…ချောက်တွန်းချင်တဲ့သူတွေ…ကူညီချင်တဲ့လူတွေ…အမုန်းတွေ.. မေတ္တာတွေ…တာဝန်တွေ..ကံကြမ္မာဆိုးတွေ…သူငယ်ချင်းတွေ…ကြည့်မရသူတွေ… ဒီလိုမျိုးတွေထဲမှာ Tom Hanks တစ်ယောက် ပျော်ရွှင်နိုင်အောင်ကြိုးစားတယ်..ရုန်းကန်တယ်။ ရည်မှန်းချက်ကိုမဆုတ်မနှစ် သွားနေတဲ့လမ်းကြောင်းမှာ ဘာကြောင့်မှနောက်မတွန့်နေဘဲ ရိုးသားစွာ ကြိုးစားနေတဲ့ လူတစ်ယောက်အဖြစ် ဇာတ်လမ်းကျဉ်းကျဉ်းထဲမှာ ရအောင်ပုံဖော်ပြသွားပါတယ်။ အကြိုက်ဆုံးမင်းသားကို ဒီလိုဇာတ်လမ်းကောင်းမျိုးမှာ တွေ့ရတာ ကျွန်တော်အတွက်တော့ အချိုပေါ်သကာလောင်းထားတဲ့ ဇာတ်ကားလို့ပဲဆိုချင်ပါတယ်။ IMDb Rating (7.3/10) ရရှိထားပြီး မကြည့်ဖူးတွေကြည့်ဖို့တိုက်တွန်းအပ်ပါတယ်။ (ဒီဇာတ်ကားရဲ့ မြန်မာစာတန်းထိုးကို ကျွန်တော်ဂျီကျလို့  ကို Thae Htoo ...
7.3
IMDB: 7.3/10 325,676 votes
movie

The Terminal (2004)

2004
BlueRay-Rip 480p
The Machinist (2004) 7.7
The Machinist (2004) The Machinist(2004) IMDB….7.7,,,,,Rotten…77 ဒီကားက ကြည့်ဖူးတဲ့သူတိုင်းညွှန်းဆိုကြသလို မဖြစ်မနေကြည့်သင့်တဲ့ကားရယ်လို့ သတ်မှတ်ထားကြတယ်.. ..ဒီကားက အံသြမင်သက်စရာတွေများလှတယ်…..insomniaရောဂါသည်တစ်ယောက်အဖြစ် Baleကသရုပ်ဆောင်ထားတယ်… .ဒီရောဂါက ညဖက်အိပ်မပျော်တဲ့ရောဂါ…သူ့ရဲ့ဆိုးကျိုးကတော့  အင်အားချိနဲ့ပြီး ပိန်လှီလာစေတာပဲ. …ကျွန်တော့အထင်ပြောရရင် ဒီကားရဲ့ အဓိက ကျောရိုးလိုဖြစ်နေတဲ့ bodyပိုင်းကို အဓိကပြင်ဆင်ခဲ့ပုံပေါ်တယ်…. ဒီလိုပိန်ဖို့ baleဟာ နေ့စဉ်လုပ်နေကျ gym ကိုလုံးဝရပ်တန့်လိုက်ပြီး အစားအစာ အဟာရလုံဝလျော့ချလိုက်တယ်.. .သူ့ရဲ့မူလ ၁၇၄ပေါင်ကို ပေါင် ၆၀ထိချပြီး insomniaရောဂါသည်နဲ့တူအောင်လုပ်လိုက်တယ်.. .Body Transformation အကြီးကျယ်ဆုံး top 10 ထဲမှာတောင်ပါတယ်…သူ့ရဲ့ပြင်ဆင်မှုက ကြောက်စရာကောင်းလှတယ်. ..နိုင်ငံတစ်ကာရုပ်ရှင်ဆု ၇ဆုတောင်ရရှိထားပါတယ်….ဒီကားကမကြည့်ရသေးသည့်တိုင်အောင် တော်တော်များများရင်းနှီးကြပါတယ်… .. ဇာတ်လမ်းနဲ့ပတ်သက်ပြီးမပြောတာအကောင်းဆုံးဖြစ်မယ်လို့ ယူဆထားလို့ ကျွန်တော်မပြောတော့ပါဘူး… . ဒီကားဟာ ပေးချင်တဲ့ Message က အရမ်းကိုကောင်းပါတယ်… ပေးချင်တဲ့ message အရမ်းကောင်းတာကို ဘယ်လောက်တောင်ကောင်းလဲ ဘာကြောင့်ကောင်းလဲ ဆိုတာ ကျွန်တော်မပြောပြတတ်တဲ့အတွက် ခွင့်လွှတ်ပေးပါလို့…. ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ ကို Sherlock ဖြစ်ပါတယ်….. File Size…(950MB) and (382MB) Quality…BluRay 720p Format…mp4 Duration…01:41:00 Subtitle…Myanmar Subtitle(Hardsub) Encoder…..Phyo Pyae Translated by Sherlock
7.7
IMDB: 7.7/10 308,631 votes
movie

The Machinist (2004)

2004
Agent Cody Banks 2: Destination London (2004) 4.5
Agent Cody Banks 2: Destination London (2004) Agent Cody Banks 2: Destination London ဟာ ၂၀၀၄ ခုနှစ်​က ဆက်​လက်​ထွက်​ရှိတဲ့ ဇာတ်​ကားတစ်​ကားပါ ဒီဇာတ်​ကားမှာ​တော့ ကိုဒီတစ်​​ယောက်​ သံစုံတီးဝိုင်း​ကျောင်းသားအဖြစ်​ဟန်​​ဆောင်​ရင်း လန်​ဒန်​မှာ စုံစမ်း​ရေးတာဝန်​ထမ်း​ဆောင်​ရမှာဖြစ်​ပါတယ်​.... တာဝန်​က​တော့ လျှို့ဝှက်​လက်​နက်​တစ်​ခုဖြစ်​တဲ့ စိတ်​ထိန်းချုပ်​ကိရိယာကို တားဆီးရမှာဖြစ်​ပါတယ်​..... တာဝန်​ထမ်း​ဆောင်​ရင်း MI 6 ​အေးဂျင့်​ဖြစ်​သူ အတန်း​ဖော်​သူငယ်​ချင်း Emily နဲ့အတူပူး​ပေါင်းပြီးလှုပ်​ရှားဖို့အ​ကြောင်းဖန်​လာခဲ့ပါတယ်​ .....သူဘယ်​လိုအခက်​အခဲ​တွေကြုံဦးမှာလဲ.... တာဝန်​ကို​အောင်​မြင်​​အောင်​ထမ်း​ဆောင်​နိုင်​မလားဆိုတာ ​ကြည့်​ရှုခံစားလိုက်​ဦး​နော်​.....   File Size : (950 MB) and (330 MB) Quality : Blu-Ray 720p Running Time : 1hr 40min Format : Mp4 Genre :Action, Adventure, Comedy Subtitle : Myanmar Subtitle (Hard Sub) Source : 1080p BluRay x264-Yify Translated by Myat Noe Wutt Yi Encoded by ...
4.5
IMDB: 4.5/10 12,154 votes
movie

Agent Cody Banks 2: Destination London (2004)

2004
Sky Captain and the World of Tomorrow (2004) 6.1
Sky Captain and the World of Tomorrow (2004) Sky Captain and The World of Tommorrow ဇာတ်​ကားဟာ 2004 ခုနှစ်​ကထွက်​ရှိထားတဲ့ စိတ်​ကူးယဉ်​သိပ္ပံဇာတ်​ကား​လေးဖြစ်​ပါတယ်​ Imdb rating အ​နေနဲ့ 6.1/10 ထိရရှိထားပြီး rotten tomatoes 71% ထိရရှိထားပါတယ် ​သရုပ်​​ဆောင်​​တွေက​တော့ နာမည်​ကြီး​တွေဖြစ်​တဲ့ Jude Law,Angelina Jolie,Gwyneth Paltrow တို့ပါဝင်​သရုပ်​​ဆောင်​ထားပါတယ်​ ဇာတ်​လမ်းအကျဉ်း​လေးက​တွော့းပညာ​တွေတိုးတက်​​ခေတ်​မီ​နေတဲ့ 1939 ခုနှစ်​မှာ သိပ္ပံပညာရှင်​တစ်​ဦးဖြစ်​သူ ​ဒေါက်​တာ Vargas တစ်​​ယောက်​ အ​ရေးကြီးပစ္စည်းတစ်​ခုပို့​ဆောင်​ရင်း ​ရုတ်​တရက်​​ပျောက်​ဆုံးသွားပါတယ်​ ဤဖြစ်​ရပ်​နဲ့အလားတူ သိပ္ပံပညာရှင်​ ငါးဦးတိတိ​ပျောက်​ဆုံးမှုကို​လေ့​လာစုံစမ်း​နေတဲ့ သတင်း​ထောက်​မ​လေး Polly Perkins ဟာ စုံစမ်းရင်း ​ဒေါက်​တာ Jennings နဲ့​တွေ့ဆုံခဲ့ပါတယ် ​ ​တွေ့ဆုံစဉ်​ ​ဒေါက်​တာ Jennings မှ ​ဒေါက်​တာ Tokenkopf ဆိုသူ၏​နောက်​ပစ်​မှတ်​မှာ သူဖြစ်​​ကြောင်း​ပြောခဲ့ပါတယ်​..... ထိုစဉ်​ရုတ်​တရက်​ အစွမ်းထက်​စက်​ရုပ်​များ သူမတို့မြို့ကိုတိုက်​ခိုက်​လာပါ​တော့တယ်​.... စက်​ရုပ်​များကိုတန်​ပြန်​တိုက်​ခိုက်​သူ Sky Captain လို့​ခေါ်တဲ့ ...
6.1
IMDB: 6.1/10 75,913 votes
movie

Sky Captain and the World of Tomorrow (2004)

2004

Genres