Channel Myanmar

2008

Babysitter Wanted (2008) 5.5
Babysitter Wanted (2008) Babysitter Wanted ရုပ်​ရှင်​ဇာတ်​ကား​လေးဟာ ၂၀၀၈ခုနှစ်​ထွက်​ အ​မေရိကန်​ Horror ကားတစ်​ကားဖြစ်​ပါတယ်​Imdb rating 5.5/10ရရှိထားပြီး ဇာတ်​ကားကြာမြင့်​ချိန်​က​တော့ ၁နာရီခွဲပါပါဝင်​သရုပ်​​ဆောင်​ထားသူ​တွေက ​တော့ Sarah Thompson ,Bill Moseley, Kristen Dalton တို့ဖြစ်​ပါတယ်​ဇာတ်​လမ်းအကျဉ်းက​တော့​​ကောလိပ်​​ကျောင်းသူ​လေးတစ်​ဦးဖြစ်​တဲ့ Angie ဟာ ​​ကျောင်းစရိတ်​ရရှိဖို့အတွက်​ က​လေးထိန်းအလုပ်​​လျှောက်​ခဲ့ပါတယ်​သူမထိန်းရမယ့်​က​လေး​လေးနာမည်​က Sam ပါ Sam ရဲ့​နေအိမ်​ဖြစ်​တဲ့လယ်​​တောအိမ်​အကျယ်​ကြီးမှာ ပထမဦးဆုံးအလုပ်​ဆင်းတဲ့​နေ့မှာ​တော့ Angie တစ်​​ယောက်​ထူးဆန်းတာ​တွေနဲ့ကြုံ​တွေ့လာရပါ​တော့တယ်​အမည်​မသိဖုန်း​ခေါ်ဆိုမှု​တွေ…..အိမ်​တံခါးကိုဖျက်​ပြီးဝင်​​ရောက်​လာတဲ့လူတစ်​​ယောက်​……အလုပ်​ရှင်​မိသားစုရဲ့ ကြီးမားတဲ့လျှို့ဝှက်​ချက်​တစ်​ခု…..စတဲ့သံသယဖြစ်​ဖွယ်​​ခြောက်​ခြားစရာ​တွေနဲ့အတူ Angie တစ်​​ယောက်​ ​ဘယ်​လို​ရှေ့ဆက်​သွားမလဲဆိုတာ စိတ်​၀င်​စားဖွယ်​ကြည့်​ရှုရမယ့်​ ဇာတ်​ကား​ကောင်းတစ်​ကားဖြစ်​ပါတယ်​ File Size : (750 MB) and (340 MB) Quality : Blu-Ray 720p Running Time : 1hr 33min Format : Mp4 Genre : Horror, Thriller Subtitle : Myanmar Subtitle (Hard Sub) Source : 1080p.BluRay.x264-BestHD Translated by ...
movie


2008
I’ll Never Die Alone (2008) 5.0
I’ll Never Die Alone (2008) ဒီဇတ်လမ်းကို ကြည့်ဖို့ အတော်လေး အားမွေးထားပါပြီးတော့ ဖြစ်နိုင်ရင် မိသားစု နဲ့ အတူကြည့်တာမျိုး အသက်မပြည့်သေးတဲ့ကလေးတွေကို ပေးကြည့်တာမျိုး မလုပ်ပါနဲ့Rate R အဆင့် သက်မှတ်ထားပြီး သွေးသံရဲရဲတွေ သတ်ဖြတ်တာတွေ ပါဝင်လို့စိတ် နှလုံး ခိုင်မှ ကြည့်ပါ21+ လောက် ရှိတဲ့ Nude တွေ ပါလို့ မိသားစု နှင့် အတူမကြည့်ရန် သေချာသတိပြုပါ=============================================ဇတ်လမ်းလေး ရဲ့ အစမှာတော့ ဆယ်ကျော်သက် ကောင်မလေး ၄ ယောက်ဟာ ကျောင်းပိတ်တုန်းနယ်မြို့လေး တစ်ခုဆီသို့ ခရီးထွက်လာပါတယ် မိန်းကလေးတွေပဲ မို့ လမ်းမှာ နားလိုက် သွားလိုက်နဲ့ခရီးဆက်လာကြတယ် သူတို့ သွားချင်တဲ့ ခရီးကို ပျော်ပျော်ရွှင်ရွှင် သွားလာကြရင်းလမ်းတစ်နေရာမှာ ဓါတ်ဆီ ၀င်ထည့်ကြတယ် ဓါတ်ဆီ ၀င်ထည့်ပြီး ခရီးဆက်တဲ့အခါ တောလမ်း တစ်ခုဘေးမှာ အမျိုးသမီး တစ်ဦးခေါင်းကို သေနတ်မှန်ပြီး လဲနေတာ သူတို့ တွေ့တဲ့ အတွက် ကယ်ဆယ်ဖို့ ကြိုးစားကြတယ် အဲ့လို ကြိုးစားနေရင်း လမ်းမ နဲ့ မလှမ်းမကမ်းမှာသေနတ် တွေ နဲ့ လူတစ်စုကိုလဲ သူ တို့ ...
movie

I’ll Never Die Alone (2008)

2008
Fool’s Gold (2008) 5.7
Fool’s Gold (2008) Fool's Gold (2008)_____IMDb - 5.7/10    ၁၇၁၅ ခုနှစ် ဇူလိုင်လ ၂၄ စပိန်နိုင်ငံရဲ့ ဘုရင်ဖီးလစ်ပ် မင်္ဂလာပွဲအတွက် ရတနာတွေကို ဟာဗားနား ကျူးဘားကနေ စတင် ရွက်လွှင့်ပို့ဆောင်ခဲ့တယ် သမိုင်းရဲ့ ရေကြောင်းသယ်ယူပို့ဆောင်ရေးမှတ်တမ်းမှာ အကြီးမားဆုံးပို့ဆောင်မှုတစ်ခုအဖြစ် မှတ်တမ်းတင်ခံခဲ့ရတဲ့ ရတနာတွေ... " ဘုရင်မကြီးရဲ့ လက်ဖွဲ့ "လို့ခေါ်ဆိုကြတဲ့ အဲဒီရတနာတွေဟာ အဲဒီ ခေတ်က ဒေါ်လာ သန်းငါးရာတန်တဲ့ ရွှေ ငွေနဲ့ ကျောက်သံပတ္တမြားတွေ ဖြစ်တယ်... အချိန်မတော်ကျင်းပတဲ့ မင်္ဂလာပွဲအတွက် ဘုရင်ဖီးလစ်က လက်ဖွဲ့ပစ္စည်းတွေကို နှစ်တစ်နှစ်ရဲ့ အဆိုးဆုံးအချိန်မှာမှ ပို့ဆောင်မိခဲ့တယ် ပင်လယ်ပြင်ရဲ့ လှည့်စားမှုကြောင့် သင်္ဘောကြီးဟာ ဟာရီကိန်းမုန်တိုင်းရဲ့ အလယ်ခေါင်ကိုမှ ဝင်တိုးမိရက်သား ဖြစ်သွားခဲ့တယ် သင်္ဘောကြီးကို နောင်တစ်ချိန်အထိ ထပ်မတွေ့ခဲ့ကြတော့ဘူး...    IMDb 5.7/10 ... Rotten Tomatoes 11% ... Metacritic 29% Rating တွေ ကြည်ပြီး စိတ်ထဲ မတင်မကျဖြစ်မသွားပါနဲ့ သမိုင်းကြောင်းကို မှီငြမ်းရိုက်ထားတဲ့ ရတနာရှာတဲ့ကားတွေဟာ Rating နည်းတတ်လေ့ရှိပါတယ် ဒီကားက အလုံးစုံတော့ ပြည့်စုံနေတာ မဟုတ်ပေမယ့်လည်းပဲ Christopher Nolanရဲ့ Interstellarမှာ ခေါင်းဆောင်ပါဝင်ခဲ့ပြီး Dallas Buyers ...
movie

Fool’s Gold (2008)

2008
Mamma Mia! (2008) 6.4
Mamma Mia! (2008) Mamma Mia! (2008) IMDb - 6.4/10_____Rotten - 54%   Blu-Ray 1080p 5.1 CH x 264  ဒီတစ်ခါတော့ 2008 ခုနှစ်က ထွက်ခဲ့တဲ့ ပေါ့ပေါ့ပါးပါးရုပ်ရှင်တစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။"အရမ်းလေးတဲ့ရုပ်ရှင်တွေကိုလည်း မကြည့်ချင်ဘူး ၊ ပေါ့ပျက်ပျက်ရုပ်ရှင်တွေကိုလည်း ကြည့်မိမှာစိုးတယ်" ဆိုတဲ့ သူတွေအတွက် ဒီဇာတ်ကားကတော့ အဆင်ပြေပါလိမ့်မယ်။နေ့စဉ်ပင်ပန်းနွမ်းနယ်မှုတွေထဲကရုန်းထွက်ဖို့ ရုပ်ရှင်တစ်ကားကြည့်ပြီး စိတ်ပေါ့ပါးလန်းဆန်းသွားချင်တယ်ဆိုရင် ဒီ ရုပ်ရှင်လေးကို ကြည့်ဖို့တိုက်တွန်းချင်ပါတယ်။နာမည်ကတော့ "Mamma Mia!" ဖြစ်ပါတယ်။Meryl Streep ၊ Pierce Bronsnan ၊ Colin Firth ၊ Stellan Skarsgard ၊ Dominic Cooper ၊ Amanda Seyfried စတဲ့ နာမည်ကျော်သရုပ်ဆောင်တွေ ပါဝင်ထားပါတယ်။Lesbian တယောက်ဖြစ်တဲ့ Phyllida Lloyd အတွက် Mamma Mia! ပထမဆုံးဒါရိုက်တာအဖြစ်ရိုက်ကူးခဲ့တာဖြစ်ပါတယ်။ရုပ်ရှင်ရဲ့ကုန်ကျစရိတ်က $52 ...
movie

Mamma Mia! (2008)

2008
Tropic Thunder (2008) 7.0
Tropic Thunder (2008) ဒီဇာတ်ကားက ပိုစတာကြည့်ပြီးခန့်မှန်းရရင် ရှယ်ကြမ်းမယ့် စစ်ကားလို့ ထင်စရာရှိပေမယ့်တကယ်တမ်းတော့ ရှယ်ကြမ်းတဲ့ ဟာသဇာတ်ကားပါ။ မင်းသားတွေက Iron Man မင်းသားကြီး Robert Downey Jr...Night at The Museum မင်းသားကြီး Ben Stiller...ဂါလီဗာ မင်းသားကြီး Jack Black...မင်းသားကြီး Tom Cruise...စတဲ့ နာမည်ကြီးမင်းသားတွေပါဝင်ထားပါတယ်။ နာမည်ကြီးမင်းသားတွေ ရုပ်ဖျက် ပုံဖျက်ပြီး ပါဝင်ထားလို့ ရုတ်တရက်ကြည့်ရင် မမှတ်မိနိုင်တဲ့ထိ ဖြစ်နိုင်ပါတယ်။သရုပ်ဆောင်တွေကြောင့် ရယ်ရမှာထက် ဇာတ်လမ်းနဲ့တင်ပဲ ဟားတိုက်ပြီးရယ်မိမယ့် ဇာတ်ကားမျိုးပါ။အတော်ဂွကျလှတဲ့ ဇာတ်လမ်းဖြစ်ပြီး စဉ်းစဉ်းစားစားရိုက်ကူးတတ်တဲ့ ဇာတ်ညွှန်းကို အထူးချီးကျူးမိပါတယ်။ IMDb Rating -7 နဲ့ Rotten Tomatoes -82% ရရှိထားပြီး Comedy ဇာတ်ကားတွေထဲမှာ ထိပ်တန်းက အမြဲပါဝင်နေမယ့် ဇာတ်ကားပါ။Comedy ဟာသကြိုက်နှစ်သက်သူတွေ လုံးဝလက်မလွတ်သင့်တဲ့ဇာတ်ကားဖြစ်ကြောင်း ညွှန်းဆိုပါရစေ။  File Size…(900 MB) and (400 MB)Quality…BluRay Rip ...
movie

Tropic Thunder (2008)

2008
Breathless (2008) 7.6
Breathless (2008)  breathless ကိုရီးယားရုပ်ရှင်ဟာ ကျွန်တော်တို့ရဲ့ မိဘနဲ့သားသမီးတွေအကြားမှာ ဖြစ်တတ်တဲ့ ပဋိပက္ခတွေ ။ယင်းသို့မဟုတ်လျှင် အခြားတစ်ဖက်မှာ ဖေးပိတ်လှောင်ပိတ်ထားတဲ့ ခါးသီးရက်စက်မှု တွေကို သကာခဲ ရွရွကလေးဆမ်းထားသလိုမျိုး နုနုရွရွကလေး ရိုက်ပြတာမျို းမဟုတ်ဘဲ အတွင်းသားထဲအထိ ဘာမှမခြွင်းမချန်ဘဲ အမြစ်လှန် ရိုက်ပြထားတဲ့ ရုပ်ရှင်ကားတစ်ကားလို့ ပြောရပါလိမ့်မယ်။လူသားစာမျက်နှာကြီီးရဲ့ ရှေ့မျက်နှာဖုံးမျက်နှာစာတွေကတော့ လှပတဲ့အပြုံ းတွေ။ဆေးရောင်စုံခြယ်သထားတဲ့ ရှူ မျှော်ခင်းတွေနဲ့ အားကျစရာရှိကောင်းရှိလိမ့်မယ်။အတွင်းမျက်နှာစာကိုတော့ ဘယ်သူမှ ထဲထဲဝင်ဝင် မသိနိုင်ကြသူတွေများပါတယ်။ဆန်းဟွမ်းဆိုတဲ့ ကောင်က ကိုရီးယားရဲ့လူလတ်တန်းစားလောကထဲမှာ ကျင်လည်ကျက်စားနေတဲ့ လူမိုက်တစ်ယောက်လို့ပြောရပါ့မယ်။သူ့အလုပ်က သူငယ်ချင်းဖြစ်သူရဲ့ ချေးငွေလုပ်ငန်းမှာ လာမဆပ်တဲ့ လူတွေကို ရိုက်နှက်ပြီးအကြွေးတောင်းပေးရတာတို့နဲ့ ခွင့်ပြု ချက်မရှိဘဲ ဖွင့်လှစ်ရောင်းချတဲ့ ဆိုင်လေးတွေတို့။ဆန္နပြပွဲတွေကို ဖြို ခွင်းတဲ့လုပ်ငန်းတွေမှာ ရိုက်နှက်ပေးတတ်တဲ့ လူမိုက်ခေါင်းဆောင်တစ်ယောက်ဖြစ်ပါတယ်။သူရဲ့နေထိုင်မှု ကလည်း ခေါင်းထဲမှာ ရိုက်ဖို့နှက်ဖို့နဲ့ ဆဲဖို့ ဆိုဖို့လောက်ပဲ အာရုံထားသူပါ။အကြွေးတောင်းမယ်။မပေးရင် ရိုက်မယ် နှက်မယ်။ဆဲမယ် ဒါပါပဲ။အပြင်မှာတွေ့ဘူးတဲ့ စရိုက်ဆန်တဲ့လူမိုက်ပုံစံပေါ့။လူလတ်တန်းစားရပ်ကွက်တွေထဲက တိုက်ခန်းကလေးတွေမှာ မှီခိုနေကြတဲ့ ...
movie

Breathless (2008)

2008
Harold & Kumar Escape from Guantanamo Bay 2008 6.6

Harold & Kumar Escape from Guantanamo Bay 2008

2008
Bedtime Stories 2018 6.1
Bedtime Stories 2018 အိပ်ရာဝင်ချိန်ဆိုတာ လူသားတိုင်းရဲ့တစ်နေ့တာမှာအငြိမ်းချမ်းဆုံးအနားယူတဲ့အချိန်လေးပါ အိပ်ရာဝင်ချိန်မှာ ယုံတမ်းပုံပြင်များကိုနားထောင်ပြီးတော့ ကျွန်တော်တို့အိပ်စက်ခဲ့ရပါတယ်.... အခုလည်း Disney ရဲ့အိပ်ရာဝင်ပုံပြင်လေးကို ကြည့်ပြီးတော့ ဒီညအိပ်မက်တွေကို ကိုယ်စိတ်ကြိုက်ဖန်တီးပြီးတော့ ပေါက်တတ်ကရတွေမက်လိုက်ရအောင်.... ငယ်ငယ်တုန်းက အိပ်ရာဝင်ပုံပြင်လေးတွေ နားထောင်ခဲ့ဖူးတယ် ။ ပုံပြောကောင်းတဲ့ အစ်ကိုကြီးအစ်မတွေဆီကနေ တစ္ဆေသူရဲပုံပြင်တွေ အဘိုးအဘွားတွေဆီကလည်း “ တို့တွေခေတ်တုန်းက   ဘယ်လို၊ တို့ငယ်ငယ်တုန်းက ဘယ်လို”  စသဖြင့်ပေါ့ဗျာ နားထောင်ခဲ့ဖူးကြပါတယ် ။ အပြောကောင်းတဲ့သူတွေနဲ့ဆို သူတို့ဇာတ်လမ်းလေးမှာ စီးမျောရင်း အချိန်တွေကုန်မှန်းတောင် မသိခဲ့ဘူး။   ဇာတ်လမ်းအကျဉ်းလေးကတော့ စကီတာ ဆိုတဲ့  ဦးလေးလူပျိုကြီး တစ်ယောက် သူ့တူလေးနဲ့ သူတူမလေးကို သူတို့အမေခရီးသွားတုန်း တစ်ပတ်လောက် ညဖက်တွေမှာ ကြည့်ရှုစောင့်ရှောက်ပေးဖို့ အကြောင်းပေါ်လာတယ်။ သူကလည်း လူပျိုကြီးဆိုတော့ ကလေးမထိန်းတတ် အိပ်ရာဝင်ပုံပြင်ပြောရတော့မယ်ဆိုတော့ ပုံပြင်စာအုပ်ထဲက ဇာတ်လမ်းတွေကိုလည်း သူမကြိုက်ဘူး။ ဒါနဲ့ပဲ သူရဲ့အကြောင်းကို ရာဇ၀င်ဇာတ်လမ်းတွေထဲက သူရဲကောင်းတွေနဲ့ရောပြီး ပေါက်တက်ကရတွေ လျောက်ပြောတော့တာပဲ။ သူကပြောလိုက် သူ့တူလေးတူမလေးတွေလည်းက ဇာတ်လမ်းပြင်ပြောလိုက်နဲ့ လုပ်နေကြတာပေါ့။ ဒီလိုနဲ့ ထူးထူးဆန်းဆန်း ...
movie

Bedtime Stories 2018

2008
Truck (2008)
Truck (2008) 2008 ခုနှစ်ကထွက်ရှိခဲ့ တဲ့ သည်းထိပ်ရင်ဖို ကားလေးတစ်ကား ကိုတင်ဆက်ပေးလိုက်ပါတယ် ဒီကားလေးဟာဖခင်တစ်ယောက်ရဲ့ မိမိသားသမီးအပေါ်ထားရှိတဲ့မေတ္တာတရားနဲ့ထူးဆန်းလှတဲ့ ကံကြမ္မာရဲ့ အလှည့်အပြောင်းကို ရိုက်ကူးပြထားတာပါထရပ်ကား ဒရိုင်ဘာ ယူဟဲဂျင်းဟာ သူ့သမီးလေး ဆေးကုဖို့ပဆံ အရေးပေါ်လိုအပ်နေချိန်မှာ ပုံမှန်ထက်ပိုတဲ့ အကြေးငွေနဲ့အလုပ်တစ်ခုကို ကမ်းလှမ်းလာတဲ့ အခါမှာ လက်ခံ လိုက်မိပြီး သူသယ်ပေးရတာက တော့ လူသေအလောင်းများ ဖြစ်နေပြီး သယ်ဆောင်ရာလမ်းတစ်လျှောက်မှာ ရဲများနဲ့ စစ်ဆေးခံရပြီး ရဲများကလဲ ဆက်တိုက် ဖြစ်နေတဲ့ရက်စက်တဲ့ လူသတ်မူတွေကို စုံစမ်းနေတဲ့ အခါမှာတော့ ကဲ ……ဘာသာပြန်ကတော့ မင်းပြည့်စုံ ပါ
movie

Truck (2008)

2008
Doomsday (2008) 6.0
Doomsday (2008) သိပ္ပံ စိတ်ကူးယဉ် အက်ရှင် ကားလေးတစ်ကား ကို တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းကတော့ Reaper Virus လို့ခေါ်တဲ့ ဗိုင်းရပ်စ် အကြောင်းရိုက်ကူးထားတာပါ။ ဒီဗိုင်းရပ်စ်ဟာဆိုရင် စကော့တလန်နိုင်ငံမှာ စတင်ပျံ့နှံ့ပြီး လူထောင်ပေါင်းများစွာ သေဆုံး ခဲ့ရပါတယ်။ဗြိတိန် အစိုးရဟာ ဒီကိစ္စကို ထိန်းချုပ်ဖို့ အတွက် အသက်ရှင်ကျန်နေတဲ့ သူတွေကို ရွှေ့ပြောင်းခိုင်းခဲ့ပြီး တံတိုင်းကြီးတစ်ခုကို တည်ဆောက်ခဲ့ပါတယ် ရောဂါကူးစက် ခံထားရသူတွေနဲ့ မကူးစက်ခံထားရသေးတဲ့သူတွေကို ခွဲခြားထားခဲ့ရောဂါကိုထိန်းချုပ်နိုင်ခဲ့ပါတယ် ဒါပေမဲ့ နှစ်ပေါင်း ၃၀ ခန့်ကြာပြီးတဲ့ နောက် လန်ဒန်မှာ နောက်တစ်ကြိမ် ဒီဗိုင်းရပ်စ် ပြန်လည်ဖြစ်ပွားခဲ့ပါတယ်။ ဒီအချိန်မှာ အစိုးရဟာဆိုရင် ယခင်ကူးစက်ခံခဲ့ရတဲ့ နေရာမှာ ဖြေဆေးနဲ့ ပတ်သတ်တာ ရှိနေတယ် ဆိုတာ သတင်း ရရှိခဲ့ပါတယ် အဲ့အတွက် မေဂျာ အီဒင် ဆင်ကလဲယား ဦးဆောင်တဲ့ အဖွဲ့ကို ဖြေဆေးကိစ္စ အတွက် ကမ္ဘာကြီးနဲ့ သီးသန့်ခွဲထားတဲ့ နေရာ ကို စေလွှတ်ပါတော့တယ်….. ဒီလို နှစ်ပေါင်းများစွာ လူသားတွေနဲ့ ကင်းကွာနေတဲ့ ရောဂါ ကူးစက် ခံရတဲ့ ...
movie

Doomsday (2008)

2008
Bangkok Dangerous (2008) 5.4
Bangkok Dangerous (2008) ဂျိုး(နီကိုလတ်ကေ့ဂျ်) ဟာဆိုရင် ကြေးစားလူသတ်သမားတစ်ယောက်ပါသူဟာ စည်းကမ်းတကျ လုပ်တက်သူဖြစ်ပြီး ပြင်ပ ဆက်ဆံရေး ဆိုတာ လည်းမရှိပါဘူး။ပုံမှန်တော့သူက သူခိုးကြမ်းပိုးလေးတွေကို သူ့အတွက်သတင်းပေး အကူအဖြစ်ငှားရမ်းပြီးပဲ လှုပ်ရှားတက်ပါတယ်။ဒီလိုနဲ့ တစ်ရက်မှာ သူ့ရဲ့ အလုပ်အတွက် ဘန်ကောက်မှာ လုပ်ကြံဖို့ အတွက် သွားပါတော့တယ်အဲ့မှာထုံးစံအတိုင်း ဒေသခံ လူငယ်တစ်ယောက်ကို သူ့အတွက် သတင်းပေးအကူ အဖြစ် ငှားရမ်းပါတော့တယ်။ဒါ့အပြင် ဂျိုးဟာ ဘန်ကောက်မှာ ဆွံအနားမကြားတဲ့ကောင်မလေးတစ်ယောက်နဲ့တွေ့ဆုံခဲ့ပြီးသူနဲ့ အချိန်ဖြုန်းလေ့ ရှိပါတယ်။ ဒါပေမဲ့ ဂျိုးကိုငှားရမ်းထားတဲ့ လူဆိုးခေါင်းဆောင်က ဂျိုးဟာသူတို့ကို သိနေတယ်ဆိုတာကို သိပြီးတဲ့နောက်မှာ ဂျိုးအပါအဝင် အကုန်လုံးကိုရှင်းပစ်ဖို့ လုပ်ပါတော့တယ်။ဂျိုးတစ်ယောက် လုပ်ကြံ မှု့တွေ အပြင် လူဆိုးခေါင်းဆောင်ရဲ့ ကောက်ကျစ်ယုတ်မာမှု့တွေကိုပါ ရင်ဆိုင်နိုင်မလား ဆိုတာ ကို စိတ်ဝင်စားစွာ ကြည့်ရှု့ရမှာပါ။ File Size : 680MB/330MB Quality : 720P Running Time : 1h 39min Format : Mp4 Genre : ...
movie

Bangkok Dangerous (2008)

2008
Three Kingdoms: Resurrection of the Dragon (2008) 6.2
Three Kingdoms: Resurrection of the Dragon (2008) ဒီကားဟာလည်း Red cliff နဲ့ တစ်နှစ်တည်း ထွက်လာခဲ့တဲ့ ရုပ်ရှင်ပါ။ Red cliff လိုပဲ တရုတ်ဂန္တဝင်ဝတ္ထုRomance of the three kingdims ကိုပဲအခြေခံထားပါတယ်ဒီတော့ Red cliff မှာပရိသတ်ရင်းနှီးပြီးသား ဇာတ်ကောင်အတော်များများပြန်လည်ပါဝင်ပါတယ်။အဓိကဇာတ်ကောင်ဖြစ်တဲ့ လှံရေးမှာ သူမတူအောင်ကျွမ်းကျင်သူ Zhao Zilong(Red cliffပထမဆုံးအခန်း မှာ Lui Bei ရဲ့ သားငယ်ကိုကယ်တင်ခဲ့သူ)အဖြစ် မင်းသားကြီး Andy lau က ပါဝင်ထားပါတယ်။အက်ရှင်ခန်းတွေ အရမ်းမိုက်ပြီး အထူးသဖြင့် setting ဟာ 2008 ထွက်ကားလို့မထင်ရအောင် ကောင်းမွန်ပါတယ်။စစ်ဝတ်စုံ တွေဟာ red cliff ထဲကထက် smart ကျပြီး အက်ရှင်ခန်းတွေကတော့ red cliff ကိုမကျော်ဘူးဆိုရင်တောင် မနိမ့်ကျပါဘူး။ဇာတ်လမ်းအနေနဲ့ကတော့ Cao Cao က Lui Bei ရဲ့နယ်မြေကိုကျူးကျော်နေချိန်မှာ သာမန်တပ်သားငယ်လေးဖြစ်တဲ့ ...
movie

Three Kingdoms: Resurrection of the Dragon (2008)

2008
Prince Caspian : The Chronicles of Narnia 2 6.6
Prince Caspian : The Chronicles of Narnia 2  Fantasy ရုပ်ရှင်တွေ ကြိုက်နှစ်သက်သူတွေအတွက် အကောင်းဆုံးတွေထဲက တစ်ခုကို တင်ပေးလိုက်ပါတယ်။ နာနီယာရုပ်ရှင် စုစုပေါင်း ၃ ကားထွက်ရှိထားပါတယ်။ ဒီရုပ်ရှင်တွေရဲ့ မူလ၀တ္ထုကိုတော့ နာမည်ကျော် အင်္ဂလိပ် စာရေးဆရာကြီး C.S.Lewis ရေးသားခဲ့တာပါ။ Lewis ဟာ the lord of the rings စာအုပ်တွေကို ရေးသားခဲ့သူ J.R.R.Tolkien နဲ့ မိတ်ဆွေရင်းဖြစ်ပြီး သူရေးသားခဲ့တဲ့ နာနီယာ ၇ အုပ်ဟာ ခေတ်ပြိုင်ကျော်ကြားခဲ့ပါတယ်။ ရုပ်ရှင်အနေနဲ့တော့ စာအုပ် ၃ အုပ်ကိုပဲ ရိုက်ကူးနိုင်ခဲ့သေးပါတယ်။ မူရင်းစာအုပ်ရဲ့ လှပတဲ့ စိတ်ကူးတွေ ခမ်းနားတဲ့ ဇာတ်ကောင်တွေနဲ့ ကြည်နှုးဖွယ် ရှုခင်းတွေကို အကောင်းဆုံး ပုံဖော်ပေးခဲ့တဲ့ ဇာတ်ကားတွေပါပဲ။ ဒီရုပ်ရှင်ကတော့ ဒုတိယမြောက်ကားပဲ ဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းမှာတော့ နာနီယာကို ဘုရင်နဲ့ဘုရင်မတွေဖြစ်တဲ့ ပီတာ၊အက်မွန်၊ဆူဆန်နဲ့လူစီတို့ စွန့်ခွာသွားပြီးချိန်က စပါတယ်။ မောင်နှမလေးယောက်ဟာ အင်္ဂလန်ကို ပြန်ရောက်တာ တစ်နှစ်ပဲ ရှိသေးပေမယ့် အချိန်စက်ဝန်းကွာခြားမှုအရ ...
movie


2008
Australia (2008) 6.6
Australia (2008) ဒီ ဇာတ်ကားလေး ကတော့ 6.6 Rating ရထားပြီးအင်္ဂလန်မြို့ကြီးသူ ဆာယာရဲ့သူ့ခင်ပွန်းဦးစီးနေတဲ့ ဩစတြေးလျတိုက် ဒါဝင်မြို့လေးက နွားမွေးမြူရေးခြံကိုလိုက်သွားရာကဖြစ်ပေါ်ခဲ့တဲ့ဇာတ်လမ်းလေးပါ။ အစပိုင်းမှာတော့မြို့ကြီးသူဟန်ကျော့ကျော့မာ့မော့နေခဲ့ပေမယ့် ယောက်ျားဖြစ်သူမတရားအသတ်ခံရပြီးနောက်မှာတော့ မိန်းမသားတန်မဲ့သတ္တိရှိရှိ ဩစတြေးလျလွင်ပြင်တွေကိုဖြတ်ပြီးနွား၁၅၀၀ အုပ်ကိုမောင်းရင်းဒါဝင်မြို့ကိုအရောက်ပို့ပုံတွေ၊ အဲဒီတုန်းကလူမည်းစပ်ကလေးတွေဆို မစ်ရှင်ကျွန်းလို့ခေါ်တဲ့ကျွန်းတစ်ကျွန်းကိုပို့ပြီး လူဖြူတွေကိုအလုပ်အကျွေးပြုတတ်ဖို့သင်ကြားပေးတဲ့ခေတ်မို့ ဆာယာဟာ ဒေသခံချစ်စရာကလေးတစ်ယောက်ကို သံယောဇဉ်တွယ်မိပြီး မွေးစားဖို့ကြိုးစားပုံတွေ တွေ့မြင်ရမှာဖြစ်ပါတယ်။ ဇာတ်ဆောင်မင်းသားအနေနဲ့ ဆာယာ့ကိုကူညီရင်းသံယောဇဉ်တွယ်မိသွားတဲ့ လွတ်လွတ်လပ်လပ်နေတတ်တဲ့ကောင်းဘွိုင်တစ်ယောက်အဖြစ် Woverineမင်းသား Huge Jackman ကိုမြင်တွေ့ရမှာပါ။ Nicole Kidman သရုပ်ဆောင်တဲ့ဆာယာဇာတ်ရုပ်ဟာလည်း ကိုယ်အရမ်းကြိုက်မိတဲ့ဇာတ်ရုပ်ဖြစ်တဲ့အပြင် ဇာတ်လမ်းလေးကလည်းအရမ်းကောင်းတာကြောင့် ဒီဇာတ်ကားလေးကိုလက်လွတ်မခံဘဲကြည့်သင့်ပါကြောင်းသတင်းပေးလိုပါတယ်....File size…(1GB , 906 MB)  Format…mp4 Duration….02:45:29 Subtitle….Myanmar Subtitle (Hardsub) Translator…May Thazin Myint  Encoder….Moe Myint Lwin Download & Watch with VIP Link Download with Pcloud Download with Pcloud ( Small Size ) Download with Openload  
movie

Australia (2008)

2008
[18+] Last Erotic Train (2008)   ဂျပန်ချစ်တဲ့ပုရိသတ်ကြီးအတွက်ပါ ဂျပန် ပြည်မှာ Chikan လို့ခေါ်တဲ့အမှုကအတော်ရေပန်းစားပြီး အလွန်တစ်ရာ အမှုကြီးပါတယ်.... Chikan(ချီကန်) ဆိုတာက အများပြည်သူသုံး ဘတ်စ်ကားတွေ၊ ရထားတွေပေါ်မှာ မိန်းကလေးတွေကို နောက်ကွယ်ကနေမဖွယ်မရာလုပ်တာပါ။ ရှို တစ်ယောက်အလုပ်သွားတဲ့ရထားပေါ်မှာ ချီကန်လုပ်သူပါဆိုပြီး မသမာသူ တစ်သိုက်ကချောက်တွန်းပြီး စခန်းအပ်လိုက်ပါတယ်...။ အဲဒီမှာတင် အလုပ်ပြုတ်၊ မယားက ပစ်သွားပါတော့တယ်။ တစ်နေ့မှာတော့ အစွပ်စွဲခံရသူရှိုနဲ့ ချီကန်အပြုခံရသူ မီဆာတို့ မထင်မှတ်ပဲ တွေ့ရှိသွားပြီး တရားခံကို နည်းမျိုးစုံသုံးပြီးဖေါ်ပါတော့တယ်... ရှိုရဲ့ ဇနီးကလည်း ရှိုဘာလို့ ချီကန်လုပ်ရသလဲဆိုပြီး မရမက စုံးစမ်း ရာက.... ယုံကြည်မှုဆိုတာ လူတိုင်းအပေါ်မှာထားလို့မရသလို....လုံးဝဥဿုံယုံရမဲ့သူလဲရှိသင့်ပါတယ်။ မိမိယုံကြည်ရာကိုလဲလက်မလွှတ်သင့်ပါကြောင်း...ဒီဇာတ်လမ်းလေးကို ကြည့်ရင်း ခံစားပေးကြပါကုန်။ (Aye Min Oo မှတင်ဆက်ထားတာပါ။)  File size…(700MB) Quality…DVD-Rip Format…mp4 Duration….01:14:46 Subtitle….Myanmar Subtitle (Hardsub) Encoder….RGB
movie

[18+] Last Erotic Train (2008)

2008
Swing Vote (2008) 6.1
Swing Vote (2008) Swing Vote (2008)_____IMDb - 6.1/10    လွန်ခဲ့တဲ့ ၄ နှစ်လောက်က ဘာသာပြန်ဖူးတဲ့ ဇာတ်ကားလေးပါ။ အမေရိကန် သမ္မတလောင်း ၂ ယောက် ရွေးကောက်ပွဲမှာ မဲအရေအတွက် တူနေတယ်။ ဖြစ်ချင်တော့ ဘယ်ပါတီဘက်မှ မယိမ်းတဲ့ ခပ်ပေပေလူတစ်ယောက်ရဲ့ မဲက အမှားတစ်ခုဖြစ်ပြီး ပြန်ထည့်ဖို့ အကြောင်းဖန်လာတယ်။ အဲဒီမှာပဲ သမ္မတလောင်း နှစ်ယောက်နဲ့ ပါတီကြီးနှစ်ခုလုံး ဆင်းချလာပြီး လူတစ်ယောက်ထဲကို အလိုလိုက် အကြိုက်ဆောင်ပြီး မဲဆွယ်ကြတာ။ နိုင်ငံအတွက်ဘာလုပ်ပေးမယ် ဘာညာ စီမံကိန်းဘာညာအကုန် မေ့သွားတယ်။ အဲဒီလူ ဘာကြိုက်လဲပဲ လိုက်ရှာပြီး ဖြည့်ဆည်းပေးနေကြေတော့တယ်။ နောက်ဆုံးတော့ အမြင်မှန်ရသွားပြီး နိုင်ငံအတွက်လိုအပ်ချက်က ဘာတွေပါ၊ ဒါတွေကိုဘယ်လိုဖြေရှင်းဖို့ စီမံထားပါတယ် ဘာညာနဲ့ အဆင့်အတန်းရှိရှိ မဲဆွယ်တတ်သွားတဲ့အကြောင်း ရိုက်ပြထားတာပါ။ ဒီဇာတ်လမ်းဟာလည်း ၂၀၀၈ ခုနှစ်က ထွက်ရှိခဲ့ပြီး IMDb 6.1 ရရှိထားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ အမေရိကန်သမ္မတရွေးကောက်ပွဲမှာ ပြိုင်ဘက် သမ္မတလောင်း၂ယောက် မဲအရေအတွက်ဟာ ...
movie

Swing Vote (2008)

2008
Art of the Devil 3 (2008) 5.6
Art of the Devil 3 (2008) မှော်နက်ဆိုတာကို အယုံအကြည်ရှိပါသလား ဒါမှမဟုတ် တစိမ့်စိမ့်နဲ့ ထိန်းမရလောက်အောင်ကြောက်ဖို့ အဆင်သင့်ဖြစ်ပါပြီလား ဆံပင်တွေတောင် ထောင်ထပြီး ခေါင်းနားပန်းကြီးသွားစေမယ်လို့ ပြောသင့် သတိပေးသင့်ပေမယ့်လည်းပဲ ဒီ သုံးကားမြောက်ကားဟာတော့ တကယ်လန့်ဖို့ ကောင်းလွန်းနေခဲ့တယ် ပထမနှစ်ကားရဲ့ ဇာတ်လမ်းကြောင်းနဲ့ ဆက်စပ်နေသလိုပဲ Global Hit လို့တောင် ဆိုလို့ရလောက်တဲ့ ပထမနှစ်ကားဟာ တော်တော်လေး လန့်ဖို့ ကောင်းလွန်းနေခဲ့တယ် ကြောက်တတ်တဲ့သူတွေအတွက်ဆိုရင်လည်း တော်တော်လေး ကြောက်ဖို့ကောင်းနေခဲ့တယ် ပထမနှစ်ကားရဲ့ဒါရိုက်တာဟာ ဒီကားအတွက်ပါ ဆက်လက် လက်တွဲခဲ့ပြီး အကြောက်တရားတွေကို ဆက်လက်သယ်ဆောင်လာနိုင်ခဲ့တယ် IMDbမှာ 5.6/10 နဲ့ Rotten Tomatoesမှာ 54% ပဲ ရခဲ့တယ် အာရှ Horrorကား တွေရဲ့ ထုံးစံပါပဲလေ ဒါကလည်း အမြင်တွေကွဲပြားတာပေါ့ သူများတွေ မကြိုက်လည်း ကိုယ်ကြိုက်ဖို့ပဲ လိုပါတယ်လေ ဆရာမလေး ပန်ဆီကနေ မျက်လုံးသုံးလုံးမိစ္ဆာကို ခိုးဖို့ ကြိုးစားတဲ့ စစ်သားဟောင်းတစ်ယောက်က ကြိုးစားတော့ မအောင်မြင်ခဲ့ပဲ ဆရာမလေးပန်က ပြန်လည် တိုက်ခိုက်ခဲ့တဲ့အခါ... ဘယ်လိုများ သဘာဝလွန်ဖြစ်ရပ်ဆန်းတွေကြုံရပြီး သွေးပျက် ထိတ်လန့်စရာတွေ ဘယ်လောက်များ ရှိနေမလဲဆိုတာတော့... ဟောလိုးဝင်းနေ့မှာ ရင်ခုန်စွာ တုန်လှုပ်လိုက်ကြရအောင်... ဒီရုပ်ရှင်ကားကို ဘာသာပြန်ပေးထားတာကတော့ ငတုံးမျိုးကို ဖြစ်ပြီး အညွှန်းကိုတော့ ရဲခန့်မင်း မှ ...
movie

Art of the Devil 3 (2008)

2008
4bia (Phobia) 2008 6.7
4bia (Phobia) 2008 4bia (Phobia) 2008_____IMDb - 6.7/10  Horrorကားကြိုက်တဲ့ပရိတ်သတ်တွေအတွက်ခပ်လန်းလန်းလေးတစ်ကားလာပါပြီး အညွန်းမရေးခင်ဇတ်လမ်းတည်ဆောက်ထားပုံကိုအရင်ရှင်းပါရစေ..ဒီကားမှာကMovieတစ်ကားထဲမှာကိုဇတ်အိမ်လေးခုနဲ့တည်ထားပါတယ် ခပ်ရှင်းရှင်းပြောရရင် ဇတ်ကားတစ်ခုထဲမှာအပိုင်းလေးပိုင်းခွဲထားတာပါ အညွန်းကိုစပြီးတော့မောင်းရမယ်ဆိုရင်တော့ အထီးကျန်ခြင်းတွေနဲ့ရပ်တည်နေရတဲ့ကောင်မလေးတစ်ယောက်ဆီကိုတစ်ညမှာတော့ မက်ဆေ့တစ်ခုဝင်လာပါတယ်...''ခင်လို့ရမလားပေါ့''ကောင်မလေးကလဲအထီးကျန်ခြင်းတွေနဲ့လုံးထွေးနေရတဲ့အတွက်အဲဒီမက်ဆေ့လေးကိုReplyပြန်ရင်း..ရင်းနှီးသွားကြပြီးတဲ့နောက်မှာတော့ တစ်ညမှာကောင်မလေးဓာတ်ပုံကိုပို့ခိုင်းပါတယ် ပုံပို့ပေးပြီးလိုက်တာတဲ့ တစ်ဘက်က စာပြန်လာပါတယ် ကောင်မလေးကိုပြောလိုက်တဲ့စကားက ''ဓာတ်ပုံကိုသေချာပြန်ကြည့်ပါငါမင်းဘေးမှာတဲ့'' အဲဒီညကိုကောင်မလေးဘယ်လိုဖြတ်သန်းမလဲဆိုတာကြောက်စိတ်တွေတစ်မြည့်မြည့်နဲ့ကြည့်ကြရဦးမှာပါ....ကျန် အပိုင်း၃ပိုင်းမှာလည်းအဲဒီလိုပါပဲ...မလုပ်သင့်တာကိုလုပ်မိလို့ဂလဲ့စားချေခံရတာတွေ အိမ်ထောင်ရှိယောကျာ်းကိုပြစ်မှားလို့ ဇက်ကျိုးလျက်ကန်တော့တောင်းပန်ရတာတွေကိုကြောက်စိတ်တွေတဝကြီးနဲ့ကြည့်ကြရဦးမှာပါ ဒါကPhobia ၁ပါ 2ကိုလည်းမကြာခင်တင်ဆက်ပေးမှာပါ အညွန်းရှည်သွားတာကိုသည်းခံပေးပါ ၁ နဲ့၂ကအဆက် ဆက်ရှိပြီး ၁မှာတည်းကအခုလိုရှင်းထားမှ ၂ကိုကြည့်ရတာအဆင်ပြေမှာမို့ပါ.. (အညွှန်းနဲ့ဘာသာပြန်ပေးသူကတော့ John La Yaung ပဲဖြစ်ပါတယ်...)  File Size   :   925 MB Quality     :   Dvdrip Duratioin : 1 : 50 : 28 Translator :   John La Yaung Encoder   :   Moe ...
movie

4bia (Phobia) 2008

2008