2009 – Year – Channel Myanmar
Channel Myanmar

2009

Avatar (2009)
Avatar (2009)   Titanic ဒါရိုက်တာကြီး James Cameron ရိုက်ထားတဲ့ ရုပ်ရှင်သမိုင်းရဲ့ မှတ်တိုင်ဇာတ်ကားတစ်ကားပါ... (စာတန်းထိုးကို ကျွန်တော်ကိုယ်တိုင်ပဲ ကိုးကားဘာသာပြန်ထားခြင်းဖြစ်ရာ လိုအပ်ချက်များရှိခဲ့ပါက ကျွန်တော့်ရဲ့ အားနည်းချက်သာဖြစ်ကြောင်းကြိုတင်ဝန်ခံထားချင်ပါတယ်...) Avatar က ၁၆၃ မိနစ် (၂ နာရီနဲ့ ၄၃ မိနစ်) ကြာတဲ့ဇာတ်ကား။   နည်းနည်းလေး ပျင်းဖို့ကောင်းအောင်ကြည့်ရတာကလွဲလို့ ကြည့်ရှုသူတွေကို   ဖမ်းစားထားနိုင် လောက်အောင် ဒါရိုက်တာက လက်စွမ်းပြထားပါတယ်။ ဇာတ်ကားက မင်းသားမင်းသမီးတွေကလည်း ထိပ်တန်းတွေလည်း မဟုတ်ပါဘူး။   ဒါရိုက်တာကသာ တိုက်တန်းနစ်ဇာတ်ကားနဲ့ အကောင်းဆုံးဒါရိုက်တာဆုရတော့   ကမ္ဘာပေါ်မှာ သူကဘုရင်လို့ ကြွေးကြော်ခဲ့ဖူးတဲ့အထိ နာမည်ကြီးတဲ့သူပါ။   ဇာတ်ကားကတော့ ဇာတ်ကျောရိုး ရိုးပေမယ့် မြင်ကွင်းတွေက နေ့စဉ်ဘ၀မှာ   မတွေးမိတဲ့ နေရာတစ်ခုကို ခေါ်သွားတာကတော့ အသေအချာပါပဲ။   ကမ္ဘာမဟုတ်တဲ့နောက်တစ်နေရာပေါ့လေ။ ဇာတ်လမ်းအကျဉ်းကတော့ လူတွေနေတဲ့ကမ္ဘာအပြင်ဘက်က ပင်ဒိုရာလို့ခေါ်တဲ့နေရာမှာ လူထက်နှစ်ဆကျော်လောက်မြင့်တဲ့ မျက်နှာအပြာရောင်၊ နှာခေါင်းပြားပြား၊ မျက်လုံးပြူးပြူး၊ အမြီးပါတဲ့ နာဗီလို့ခေါ်တဲ့ လူနဲ့တူတဲ့ဂြိုလ်သားခေါ်မလား၊ တခြားကမ္ဘာကသက်ရှိတွေလို့ခေါ်မလား သူတို့နေကြတယ်။ သူတို့တွေမှာ သီးခြားဘာသာ စကားရှိပေမယ့် ရုပ်ရှင်ရိုက်လို့ကောင်းအောင် တချို့တွေကိုတော့ အင်္ဂလိပ်စကားပြောတတ်အောင် ဒါရိုက်တာက ခိုင်းထားတယ်။ နာဗီတွေနေတဲ့နေရာက သိပ်လှတယ်။ ဒါရိုက်တာစိတ်ကူးကြောင့် ဒီလိုမြင်ကွင်းတွေ မြင်ခွင့်ရတာဖြစ်တယ်။ မြန်မာတွေအတွက်တော့ ဒီစိတ်ကူးတွေက သိပြီးသားပါ။ ဘာသာရေးဆိုင်ရာစာအုပ်ဖတ်တဲ့သူတွေဆိုရင် ၀ိဇ္ဇာ၊ ...
IMDB: /10 votes
movie

Avatar (2009)

2009
Blu-Ray 1080p 5.1 CH
Up (2009) 8.3
Up (2009) ဒီတစ်ခါတော့ ကာတွန်းကား ကောင်းကောင်း လေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီကားလေးက ၂၀၀၉ ခုနှစ်မှာ ထွက်ခဲ့ပြီး၊ စထွက်ခဲ့တဲ့အချိန်ထဲက အခုအချိန်အထိ Valentine's Day ရုပ်ရှင်အဖြစ် လူကြိုက်များခဲ့သလို၊ သူ့ထဲက ဇာတ်ဝင်ခန်းလေး တစ်ခုက အချစ် နဲ့ပတ်သက်လာရင် အခုအချိန်အထိ လူပြောများနေဆဲဖြစ်ပါတယ်။ Up ကာတွန်းလေးက သာမန် ကာတွန်းကားတစ်ကား တင်မဟုတ်ပဲ၊ အက်ရှင် ဒရမ်မာ ကောင်းကောင်း နဲ့ ရိုက်ကူးထားတဲ့ Animated Film တစ်ခုဖြစ်ပါတယ်။ ဇာတ်အိမ် ကောင်းကောင်း နဲ့ လူကြီး လူငယ် ပရိတ်သတ် အားလုံးကို ဖမ်းစားနိုင်ခဲ့ပါတယ်။ ကျွန်တော် အနေနဲ့ ရုပ်ရှင်တွေတော်တော်များများ ကြည့်ဖူးပေမယ့် ကြည့်ရင်းနဲ့ မျက်ရည်ဝဲလောက်အောင် ခံစားချက်ရသပေးနိုင်တဲ့ ကားမျိုး က လက်ချိုးရေလို့ရပါတယ်။ ဒီ UP ကတော့ ဇာတ်လမ်း အစမှာထဲက တင်ဆက်ပုံကောင်းကောင်းနဲ့ ပရိတ်သတ်ကို ဖမ်းစားသွားနိုင်ခဲ့ပါတယ်။ ဇာတ်လမ်းလေးကတော့ Carl ဆိုတဲ့ကောင်လေးနဲ့ Ellie ဆိုတဲ့ကောင်မလေးက explorer Charles F. Muntz ဆိုတဲ့ ပုဂ္ဂိုလ်ကို ...
8.3
IMDB: 8.3/10 804,825 votes
movie

Up (2009)

2009
Blu-Ray 1080p
Ninja Assassin (2009) 6.4
Ninja Assassin (2009) ကိုရီးယား နာမည်ကြီး သရုပ်ဆောင် Rain ပါဝင်သရုပ်ဆောင်ထားတဲ့ Ninja Assassin ကို CM Fan တွေ ဘာသာပြန်ကောင်းကောင်း နဲ့ ကြည့်ချင်တယ် ပူဆာထားလို့ တင်ဆက်ပေးလိုက်ပါတယ်... ဇတ်လမ်းပုံစံကတော့ လူသတ်သမားဂိုဏ်းကို အစပျိုးဖို့ အတွက် မိဘမဲ့ လူငယ်လေးတွေကို သိုင်းသင်ပေးနေတဲ့ အဖွဲ့ အစည်း တစ်ခုမှာ ကြီးပြင်းလာရတဲ့ ကောင်လေး တစ်ယောက်အကြောင်းပါ အစကတော့ ဒီ အသင်းအဖွဲ့ က မိဘမဲ့ ကလေးတွေကို စောင့်ရှောက်ပေးတယ်လို့ ထင်ရပေမယ့် ရက်စက်မှုများစွာနဲ့ ငရဲခန်း တစ်ခု အဖြစ် သိလာတဲ့ နောက် ထွက်ပြေးဖို့ ကြံရွယ်ကြရင် မိသွားတဲ့သူတွေကို နှိပ်စက်အပြစ်ပေးတက်ပါတယ် ဒီလိုနဲ့ Rain တစ်ယောက်ဟာလဲ ဒီဂိုဏ်းအဖွဲ့ထဲကနေ ထွက်ပြေးခဲ့ပါတယ် ဒါပေမယ့် ဘယ်လိုပဲ ထွက်ပြေးပြေး ဒီအဖွဲ့ဟာ နောက်ကနေ တစ်ကောက်ကောက်လိုက်ပြီး အဖွဲ့ပေါ် သစ္စာဖောက်သူတွေ နဲ့ ထွက်ပြေးသူတွေကို သတ်ဖြတ်ကြပါတယ်... သွေးသံရဲရဲ မြင်ကွင်းတွေ အများကြီး ပါဝင်လို့ နှလုံးအားနည်းသူတွေ မကြည့်သင်ပါ ကဲပါ စကားရှည်သွားပြီ CM Translator Wai Zin ရဲ့ လက်ရာနဲ့ ကြည့်ရှုလိုက်ရအောင်.....
6.4
IMDB: 6.4/10 62,575 votes
movie

Ninja Assassin (2009)

2009
Bluray 1080P
Miss You Again (2009) 7.5
Miss You Again (2009) IMDb (6.6) ရရှိထားတဲ့ 2009 ခုနှစ်ထွက် ထိုင်းဇာတ်ကားလေးဖြစ်ပါတယ်။ မင်းသမီးချောလေး Baifern နဲ့ အခြားလူငယ်သရုပ်ဆောင်များစွာပါဝင်ထားတဲ့ ကျောင်းသားဇာတ်ကားလေးပါ။ ဘဝမှာ ရိုးသားဖြူစင်ခဲ့တဲ့ အချိန်လို့ ဆိုလိုက်တာနဲ့ ပြေးမြင်မိမှာမျိုးက မူလတန်း အလယ်တန်း အထက်တန်းကျောင်းသား/ကျောင်းသူ ဘဝပဲဖြစ်ပါတယ်.... ကျောင်းသားဘဝဆိုတာ သူငယ်ချင်းတွေနဲ့ ဘဝကို အရိုးသားဆုံး ပျော်ရွှင်ကြည်နူးခဲ့ရတဲ့ အခိုက်အတန့်တွေပေါ့... ချစ်စရာ ကြည်နူးစရာ ဒီအခိုက်အတန့်တွေဟာ ဘဝမှာ အမြဲတမ်း သိမ်းထားသင့်တဲ့ အမှတ်တရလေးတွေဖြစ်ခဲ့တယ်... ဒီလိုအမှတ်တရတွေ အမြဲရှိနေတဲ့ အမိကျောင်းတော်ကြီးကို ဖြိုချပြီး Shopping Mall တည်ဆောက်တော့မယ်လို့ သတင်းရသွားတဲ့အခါ ကျောင်းတော်ကြီးရဲ့ ရင်သွေးတွေဖြစ်ကြတဲ့ ကျောင်းသား/ကျောင်းသူတသိုက် ဘယ်လိုတွေ ခံစားသွားရမလဲ... သူတို့ရဲ့ အမှတ်တရငယ်ဘဝတွေနဲ့ အမိကျောင်းတော်ကြီးကို စီးပွားဖြစ်ရောင်းစားခံလိုက်ရတာကို လက်ပိုက်ကြည့်နေကြမလား.... ကျောင်းတော်ကြီးကို ချစ်တတ်သူတိုင်းအတွက် Miss You Again 2009  ဇာတ်ကားလေးကို တင်ဆက်လိုက်ရပါတယ်။   File size…(900 MB) and (420 MB) Quality…HD-Rip 720p Format…mp4 Duration….01:35:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by ...
7.5
IMDB: 7.5/10 6 votes
movie

Miss You Again (2009)

2009
Great Warrior (Magadheera) 7.7
Great Warrior (Magadheera) ဒီဇာတ်ကားလေးကတော့ လူကြိုက်များခဲ့တဲ့ဇာတ်ကားကောင်းတစ်ခုပေါ့ နှစ် ၄၀၀ ရာခန့်က ဘ၀တွေရဲ့ အချစ်ရမ္မက်က ယနေ့ဘ၀ထိ ဆွဲခေါ်ငင်ခဲ့ပြီး ဘယ်လိုဘယ်ပုံနည်းနဲ့ အဆုံးသတ်စေခဲ့သလဲဆိုတာကို ရင်မောဖွယ် စောင့်ကြည့်ရမယ့်ကားကောင်းလေးပါ (ဇာတ်လမ်းအကျဉ်း) ဟာရှာ ဆိုတဲ့ လူငယ်လေးဟာ ဆိုင်ကယ်စတန့် သမားတစ်ယောက်ပေါ့ ဆယ်ပေလောက် အမြင့် ဘားတန်းကို ကျော်ဖြတ်ကာ စွန့်စားနိုင်ခဲ့တဲ့ သူပါ တစ်နေ့မှာတော့ ဘန်ကောက်ပြိုင်ပွဲသွားရန်အတွက် လေဆိပ်ကို ကားငှါးစီးသွားခဲ့ပါတယ် အဲဒီ အချိန်မှာ မိုးကလည်းသည်းလို့။ သူဟာ ကားဘေးဆီမှ လက်ဆန့်ထုတ်ပြီး မိုးရေစက်တွေကို ထိတွေ့လို့နေခဲ့ပါတယ် တစ်နေရာအရောက်မှာတာ့ သူ့လက်ကို လျှပ်စီးထိသလို ဖြစ်ခဲ့ပါတယ် ဟာရှာ အတွက်တော့ ဒါဟာ အတိတ်ဘ၀ဆီ ပြန်တွေးစေခဲ့တဲ့ နိမိတ်ပါ သူ့ကို လျှပ်စစ်စီးသလိုဖြစ်စေခဲ့တာကလည်း ကောင်မလေးတစ်ယာက်ရဲ့လက်နဲ့ ထိတွေ့မိမှုကြောင့်ပါ ဒါကို ဟာရှာ သိခဲ့တာကြောင့် အဲဒီကောင်မလေးကို ကားမှတ်တိုင်မှာပြန်ရှာဖို့ ကြိုးပမ်းခဲ့တယ် အဲဒီကောင်မလေးနာမည်က အင်ဒီရာ တဲ့ သူမရဲ့အဖေနဲ့ ဦးလေး ကတော့ အမွေ ကိစ္စနဲ့ အမှု ရင်ဆိုင်နေကြရတယ် သူ့ဦးလေးမှာ သားတစ်ယောက်ရှိ၍ နာမည် ကတော့ ဒါရာဂူးဗား ဒါရာဂူးဗား ဟာ ရက်စက်ကြမ်းတမ်းသူတစ်ဦးဖြစ်ပြီး မိမိလိုချင်သည့်အရာအား မည့်သည့်နည်းနဲ့မဆို ရယူလေ့ရှိသည်။ တစ်နေ့မှာတော့ ဒါရာဂူးဗား ဟာ အင်ဒီရာ ကိုတွေ့ပြီး ချစ်ကြိုက်မိသွားတော့တယ် ...
7.7
IMDB: 7.7/10 13,510 votes
movie

Great Warrior (Magadheera)

2009
Blu-Ray 1080p
9 (2009) 7.1
9 (2009) သိပ္ပံနည်းပညာတွေထွန်းကားလာတဲ့အချိန်မှာ လူသားတွေဟာ ငြိမ်းချမ်းရေးအတွက် စက်ပစ္စည်းတွေကို စစ်ပွဲတွေရပ်တန့်ဖို့အစားထိုးအသုံးပြုခဲ့ပေမယ့်  အဲစက်ပစ္စည်းတွေက နောက်ဆုံးမှာ လူသားတွေအားလုံးအတွက်ဆိုးကျိုးတွေကိုသယ်ဆောင်လာခဲ့တဲ့ ကံကြမ္ပာဆိုးတွေဖြစ်လာခဲ့ပါတယ်... လူသားတွေဖန်တီးခဲ့တဲ့စက်ရုပ်တွေရဲ့ ဖျက်ဆီးမှု့တွေကြောင့် လူသားမျိုးစိတ်တစ်ခုလုံးအသက်ဆုံးရှုံးခဲ့ရပြီးတော့ လူသားတွေရဲ့နောက်ဆုံးမျှော်လင့်ချက်ဖြစ်တဲ့ ၀ိဥာဉ်တွေအစားထိုးပြုလုပ်ထားတဲ့ အရုပ်ကလေး ၉  ရုပ်သာကျန်ခဲ့ပါတော့တယ်... ၁...၂....၃.....၄....၅....၆....၇....၈....၉ .. ဆိုတဲ့ ကိုယ်ပိုင်နံပါတ်တွေရှိတဲ့အရုပ်ကလေး ၉  ရုပ်ဟာ အမြဲပုန်းကွယ်နေခဲ့ပေမယ့်  နောက်ဆုံးမှာ ၉  ရဲ့ မတော်တဆမှု့လေးတစ်ခုကြောင့် ၉  ရုပ်လုံးပျက်စီးမယ့် အကြောင်းရာကြီးတစ်ခုကစတင်လို့လာပါတော့တယ်... IMDB Rating  7.1 ရရှိထားပြီးတော့ 9.9.2009 မှာထွက်ရှိခဲ့တဲ့ 9 ဆိုတဲ့ ဒီ Animation ကားလေးကို ပရိတ်များပြန်လည်ကြည့်နိုင်ရန် တင်ဆက်ပေးလိုက်ပါတယ်....   File Size                          : 850 Mb / 420 MB Quality                            : HD 720P Running Time                  : 1h 19m Translated                      : Carey Nyein Encoded                         : San Win Maung 
7.1
IMDB: 7.1/10 121,924 votes
movie

9 (2009)

2009
The Blind Side(2009) 7.7
The Blind Side(2009) The Blind Side(2009) IMDb....7.7 Imdb (7.7) အထိရရှိခဲ့သော ဇာတ်ကားဖြစ်ပါသည်။Michael Oher ၏ ဘဝဇာတ်ကြောင်းကို ရိုက်ကူးတင်ဆက်ထားသည့် Biography , Drama , Sport ဇာတ်ကားတစ်ကားဖြစ်သည်။ Michael Oher (Quinton Aaron) သည် အိမ်ခြေမဲ့ လူမည်းကလေးငယ်တစ်ဦးဖြစ်သည်။မိဘမဲ့ကျောင်းမှခေါ်ယူခြင်းခံရပြီး မွေးစားမိဘအိမ်များမှလည်း ထွက်ပြေးလာသည်။ အကြိမ်ပေါင်းများစွာ လမ်းဘေးတွင် နေထိုင်ပြီး အိမ်ယာမဲ့ဘဝနှင့်ရှင်သန်သည်။ သူငယ်ချင်း၏ အဖေဖြစ်သူသည် ကျောင်းတစ်ကျောင်းမှ ဘောလုံးအသင်းနည်းပြဖြစ်ပြီး Michael ၏ လှုပ်ရှားမှူ့များကိုမြင်တွေ့ကာ ကျောင်းအသင်းအတွက်ခေါ်ယူသွားခြင်းခံရသည်။ကျောင်းသင်ခန်းစာများတွင်လည်း ဆရာများက စာသင်မရသော ကလေးဟုမှတ်ချက်ပြုခံရသည်။ Michel အတွက် နွေးထွေးသောမိသားစုတွင် နေထိုင်ခွင့်ရခဲ့သည်။ ပညာသင်ခွင့်ရခဲ့သည်။ ကစားပွဲများတွင် ဝင်ရောက်ကစားရန်အခွင့်အရေးများရခဲ့သည်။ The Blind Side ဇာတ်ကားထဲတွင် Michel သည် မည်သို့မည်ပုံ ကြီးပြင်းရင့်ကျက်လာမည်နည်း ၊ ကစားပွဲများကြားထဲမှ အခက်အခဲများ ၊ တစ်ဘဝလုံးတွင်ရရှိသော ဒုတိယအခွင့်အရေးဖြစ်သည့် ကျောင်းအသင်းကရွေးချယ်ခံရမည်လား။ အမေရိကန်နိုင်ငံ၏ လူဖြူ လူမည်း ခွဲခြားမှူ့များကို Michel တစ်ယောက်မည်ကဲ့သို့ ကြံ့ကြံ့ခံမည် ၊ မျှော်လင့်ချက်မဲ့နေသော အိမ်ယာမဲ့ လူမည်းကလေးငယ် ဘဝမှ ...
7.7
IMDB: 7.7/10 255,943 votes
movie

The Blind Side(2009)

2009
Women in Trouble (2009) 5.8
Women in Trouble (2009) Women in Trouble ဇာတ်ကားလေးကတော့ 2009 ခုနှစ်မှာ Director,Writer: Sebastian Gutierrez ရိုက်ကူးထားတဲ့ Comedy,Drama ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ဒီကားထဲမှာဆိုရင်တော့ နာမည်ကြီးမင်းသမီး ၆ ယောက်အထိ ပါဝင်သရုပ်ဆောင်ထားတာကြောင့် ပုံမှန်ဇာတ်ကားတွေနဲ့မတူ ဇာတ်လမ်းဇာတ်အိမ်ထူးဆန်းတဲ့ ဇာတ်ကားတစ်ကားလည်းဖြစ်ပါတယ်။ IMDb Rating ကလည်း 5.8 ရရှိထားတာဖြစ်ပါတယ်။ ဒီဇာတ်ကားကတော့ အမျိုးမျိုးသော မိန်းကလေးတွေရဲ့ နေ့စဉ် ကြုံတွေ့နေရတဲ့ ပြဿနာအမျိုးမျိုး နဲ့ ဘ၀နေထိုင်မှု့ပုံစံတွေကို ဟာသဆန်စွာ အချိတ်အဆက်မိစွာ ရိုက်ကူးပုံဖော်ထားတဲ့ ဇာတ်ကားလေးဖြစ်ပါတယ်။ Porn Star,A flight Attendant မှအစ အနှိပ်သည်မိန်းကလေးတွေအထိပါမကျန် သူတို့ရဲ့ဘ၀တွေကို ပုံပေါ်အောင် ရိုက်ကူးထားတဲ့အပြင် ပေးချင်တဲ့ messageကိုပါ တစ်ပါတည်းပေးသွားတဲ့ ဇာတ်ကားလေးဖြစ်တာကြောင့် ကြည့်ရှု့သင့်တဲ့ဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်။ File size…(950 MB) and (300 MB) Quality…BR-Rip 1080p Format…mp4 Duration….01:35:22 Subtitle….Myanmar Subtitle (Hardsub) Translated by CM Team Encoded by Naing Aung Latt
5.8
IMDB: 5.8/10 5,524 votes
movie

Women in Trouble (2009)

2009
Coraline 7.7
Coraline သည်းထိတ်ရင်ဖို လျှို့ဝှက်ဆန်းကြယ် ကာတွန်းကားလေးတစ်ကားနဲ့မိတ်ဆက်ပေးပါရစေ... လူကြီးမင်းတို့ရဲ့ မျက်လုံးကိုဖယ်ထုတ်ပြီး ကြယ်သီးတွေအစားထိုးတပ်ခံထားရတဲ့ ခံစားချက်မျိုး ခံစားဖူးပါသလား ? မခံစားဖူးရင် ဇာတ်လမ်းအကျဉ်းချုပ်လေးဆီသွားရအောင် တကယ်တော့ ဒီဇာတ်ကားလေးဟာ ကျွန်တော်တို့ရဲ့ ငယ်ဘ၀မှာ ရင်ထဲထိအမြဲတမ်းစွဲကျန်စေခဲ့တဲ့ ကာတွန်းရုပ်ရှင်ကားလေးတစ်ကားလည်းဖြစ်ပါတယ်... ဒီဇာတ်ကားလေးမှာ ကိုရာလိုင်း (Coraline) ဆိုတဲ့ကလေးမလေးက အဓိကသရုပ်ဆောင်ထားပါတယ်... စူးစမ်းလိုစိတ်အပြည့်နဲ့ သတ္တိရှိတဲ့ ကောင်မလေးတစ်ယောက်အဖြစ်နဲ့ပေါ့... သူမရဲ့မိဘတွေနဲ့ကတော့ အဆင်မပြေပါဘူး အလုပ်ကိုသာလုပ်နေကြတဲ့ ကိုရာလိုင်းရဲ့မိဘတွေဟာ သားသမီးကို ဂရုမစိုက်နိုင်တဲ့အတွက် သူတို့ကြားမှာ အဆင်မပြေမှုလေးတွေရှိနေခဲ့ပါတယ်... တစ်နေ့သူတို့မိသားစုဟာ အိမ်အသစ်ဆီကိုပြောင်းရွှေ့လာခဲ့ရပါတယ်... ထုံးစံအတိုင်း ကိုရာလိုင်း ကတော့ တစ်ယောက်တည်းပဲပေါ့... ဒီလိုနဲ့ တစ်နေ့မှာ အိမ်ရဲ့တစ်နေရာက မှော်ဝင်တံခါးပေါက်တစ်ခုကို တွေ့သွားခဲ့တဲ့အချိန်ကစပြီး ဇာတ်လမ်းစပါပြီ... ဒီမှော်ဝင်တံခါးပေါက်ရဲ့တစ်ဖက်မှာ ဘာတွေရှိနေမလဲ ?? စူးစမ်းတတ်ပြီး သတ္တိရှိတဲ့ ကိုရာလိုင်းတစ်ယောက် ဘာတွေဖြစ်လာမှာလဲ ?? ဆိုတာတွေကိုတော့ စိတ်ဝင်တစားနဲ့ ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်... IMDb rating 7.7/10 ထိ ရရှိထားတဲ့ ဒီကာတွန်းရုပ်ရှင်လေးဟာ ဘယ်လောက်ထိကောင်းတယ်ဆိုတာကိုတော့ အထူးတလည်ညွှန်းစရာ မလိုတော့ဘူး ထင်ပါတယ်.. အော်စကာဆုအတွက် ဆန်ခါတင်စာရင်းမှာပါခဲ့တဲ့အပြင် ဆုတော်တော်များများကိုလည်း ဆွတ်ခူးနိုင်ခဲ့ပါတယ်... မိဘနဲ့သားသမီးတွေရဲ့ကြားက လိုအပ်ချက်လေးတွေကို ဘယ်လိုဖြည့်ဆည်းရမယ်ဆိုတာကိုလည်း ဒီဇာတ်ကားလေးက ညွှန်ပြပေးသွားပါတယ်... လက်မလွတ်တမ်းကြည့်ရှုသင့်တဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်ပြီး လေကြောရှည်နေပြီ ဖြစ်တဲ့အတွက် အားပေးခံစားကြည့်ရှုပေးကြပါဦး... ဒီဇတ်ကားအတွက် အညွှန်းကို ကို  Yé Kyaw Htet မှ ရေးသားပေးထားပါတယ်   Thit San ...
7.7
IMDB: 7.7/10 169,631 votes
movie

Coraline

2009
BlueRay-Rip 720p
District 9 7.9
District 9 ဒီကားက တခြားဂြိုလ်သားကားတွေနဲ့ လုံးဝကို ကွဲထွက်သွားတဲ့ကားဖြစ်ပါတယ်... အစပိုင်းပဲကြည့်ရင်တော့ ပျင်းမှာမှန်ပေမယ့် ၁၅ မိနစ်လောက်ပဲစိတ်ရှည်ရှည်ကြည့်လိုက်ပါ... ဒီဇာတ်ကားရဲ့အရှိန်က ဇာတ်လမ်းပြီးတဲ့အထိကို ရိုးရိုးလေးနဲ့ တီဗွီရှေ့ကနေထမရအောင်ကို ဆွဲဆောင်သွားမယ်ဆိုတာ အသေချာပြောရဲပါတယ်.. ဒီကားကို ဂြိုလ်သားပါတဲ့ ဇာတ်လမ်းလို့သာ သိထားပြီး trailer တွေ၊ rating တွေ မသိဘဲနဲ့ ကြည့်ဖြစ်ခဲ့တာပါ။ နောက်မှ Imdb 8 နဲ့ RT 90% တောင် ရထားတဲ့ ဇာတ်ကားမှန်းသိပါတယ်။ တကယ်လည်း ထိုက်တန်ပါတယ်။ ဇာတ်လမ်းအကျဉ်း ........................ ဂြိုဟ်သားတွေ ကမ္ဘာကို သူတို့ရဲ့ အာကာသယာဉ် တစ်ခုခုချို့ယွင်းပြီး ရောက်ရှိလာတာပါ။ တောင်အာဖရိက ရဲ့ Johannesburg မြို့ ကောင်းကင်ပေါ်မှာ အချိန်အတော်အကြာ လှုပ်ရှားမှု မရှိဘဲ ရပ်တန့်နေခဲ့တယ်။ ဒါကြောင့် လူသားတွေကို ယာဉ်ထဲကို ဖောက်ထွင်း စစ်ဆေးဖို့ သွားကြတယ်။ အဲဒီမှာတော့ အစာရေစာ ငတ်မွတ်နေတဲ့ ဂြိုဟ်သား အများကြီးကို တွေ့ရပါတော့တယ်။ သုံးသပ်ချက်အရ အခုတွေ့ရတဲ့ ဂြိုဟ်သားတွေဟာ ...
7.9
IMDB: 7.9/10 581,764 votes
movie

District 9

2009
(500) Days of Summer (2009) 7.7
(500) Days of Summer (2009) IMDb (7.7) Rotten Tomatoes (85%) ဇာတ်လမ်းကိုတော့ Movies-we watch,we feel. Facebook Page မှ Ko Waihin Htoon ရဲ့ ခံစားမှုဆောင်းပါးနဲ့ မိတ်ဆက်ပေးပါရစေ။ --------------------------------------------------------- (500) Days of Summer အား တကျော့ပြန် ခံစားကြည့်ခြင်း (review မဟုတ်ပါ။ ဇာတ်ကားကို ကြည့်၍ ခံစားချက်များကို ရေးသားထားခြင်းပင်ဖြစ်ပါသည်။) အချစ်နဲ့ ပတ်သက်ရင် ခံစားတတ်သူတိုင်း အချစ်ကို ခံစားတတ်ကြတယ်။ ဒါပေမဲ့ ခံစားချက် မရှိတဲ့ မည်သူရှိလဲ? မည်သူမှ မရှိပါ။ လူတိုင်းဟာ ခံစားချက်တွေရှိတဲ့ သူတွေပါပဲ။ ဒါဆိုရင် လူတိုင်းဟာ အချစ်ကို ခံစားဖူးကြမှာပေါ့။ အမှန်ပါပဲ။ လူ့ ဘဝရဲ့ တစ်ချိုးတစ်ကွေ့ မှာတော့ အချစ်ဆိုတဲ့ အရာနဲ့ ဆက်နွယ်ခဲ့ဖူးကြတဲ့ သူတွေပါပဲ။ ဒါဆိုရင် အချစ်ဆိုတာဘာလဲ? မည်သူမှတော့ တိကျတဲ့ အဖြေကို မပေးစွမ်းနိုင်ခဲ့ပြန်ဘူး။ ကိုယ်ပိုင်ခံစားချက်တွေနဲ့ ကိုယ်ပိုင်အတွေ့အကြုံတွေကပဲ ...
7.7
IMDB: 7.7/10 420,861 votes
movie

(500) Days of Summer (2009)

2009
The Haunting in Connecticut 5.9
The Haunting in Connecticut ဒီနေ့ အတွက်တော့ ကြောက်စရာကောင်းတဲ့ သရဲကား တစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ ဖြစ်ရပ်မှန်ကို ပြန်ရိုက်ကူးထားတဲ့ ရုပ်ရှင်ဖြစ်လို့ ကြည့်ရှုရတာ ပိုပြီး အရသာရှိစေမှာပါ... မတ် ဆိုတဲ့ ဆယ်ကျော်သက် ကောင်လေးဟာ ကင်ဆာ ရောဂါ ကို ရင်ဆိုင်နေရပါတယ် အမြဲလိုလို မြို့ပေါ် တက်ပြီး ဆေးရုံပြရလို့ မတ် ရဲ့ အမေ ဟာ အဲ့ဒီ မြို့ပေါ်က ဆေးရုံနားမှာ အိမ်ငှားပြီး မတ်ရဲ့ ရောဂါ ကို ကုသဖို့ ဆုံးဖြတ်လိုက်ပါတယ် ဒါပေမယ့် သူမ တို့မှာ အိမ်ငှားဖို့ ပိုက်ဆံ မလုံလောက်တဲ့အတွက် ဈေးသင့်မယ့် အိမ်ကို ရှာဖွေရင်း ဆေးရုံနားမှာပဲ အိမ်အကြီးကြီး တစ်ခုကို မထင်မှတ်ထားတဲ့ ဈေးနဲ့ ရရှိခဲ့ပါတယ်.. အိမ်ငှားပြီးနောက် မိသားစု အားလုံးပါ ပြောင်းရွှေ့လာပါတယ် အိမ်မှာ အခန်းတွေ အများကြီး ရှိတဲ့ အနက် မတ် ကတော့ သူနေပျော်မယ်ထင်တဲ့ မြေအောက်ခန်းကို ရွေးချယ်ပြီးနေခဲ့ပါတယ် ဒီအိမ်က ဘာကြောင့်ဈေးပေါနေလဲဆိုတော့ အိမ်ကြီးရဲ့ ဟိုးအရင်ပိုင်ရှင်တွေဟာ ဒီအိမ်ကို အသုဘ ပြင်တဲ့ လုပ်ငန်းအဖြစ် အသုံးပြုခဲ့ကြတာ ဖြစ်ပြီး အိမ်ရဲ့ ဇတ်ကြောင်းဟာလဲ သိပ်မလှပါဘူး အယုံအကြည် သိပ်မရှိတဲ့ မတ် ရဲ့ အမေ ကတော့ ...
5.9
IMDB: 5.9/10 54,014 votes
movie

The Haunting in Connecticut

2009
[18+] Ninja She Devil (2009) 4.8
[18+] Ninja She Devil (2009) Dark Side Production မှတင်ဆက်လိုက်တဲ့ ဂျပန်နင်ဂျာ(၁၈+) ဇာတ်ကားဖြစ်ပါတယ်။ လူမှန်ရင် ယောက်ျားမိန်းမ ဘယ်သူပဲဖြစ်ဖြစ် ဒွါရကိုးပေါက်ပဲပါရှိကြတာပါ။ ဘယ်သူ့မှာများ ပိုပါနေတာ လျော့ပါနေတာရှိလို့လဲပေါ့..။ ဒါပေမယ့်လို့ ထူးထူးခြားခြားပဲ ဂျပန်နင်ဂျာကောင်မလေးတစ်ယောက်မှာ ဒွါရပေါက်တစ်ခု ပိုပါလာပါသတဲ့။ကျွန်တော်တို့ ရှုစားရမယ့် ဇာတ်လမ်းကလည်း ဒွါရပေါက်တစ်ခု ပိုပါလာတဲ့( Tsubame)ဆူဘာမေ ဆိုတဲ့ ကောင်မလေးရဲ့ ဇာတ်လမ်းလေးပဲ ဖြစ်ပါတယ်။ ဆူဘာမေ မှာ (Hayabusa) ဟာယာဘူဆာ လို့ခေါ်တဲ့ အကိုတစ်ယောက်ရှိပြီးတော့ သူတို့ မောင်နှမနှစ်ယောက်စလုံးက (Kuniyoshi )ကူနိယိုရှိ ဆိုတဲ့ နယ်စားကြီးရဲ့ လက်အောက်မှာ အမှုထမ်းနေကြတဲ့ Shinobi (ရှိနိုဘီ) နင်ဂျာမောင်နှမပါ။ တစ်နေ့မှာ ဆူဘာမေ အတွက်လျှို့ဝှက်တာဝန်တစ်ရပ်ထမ်းဆောင်ဖို့ ဖြစ်လာရပါတယ်။ ဘာတာဝန်လည်း ဆိုတော့ အဝေးခရီးမသွားနိုင်တဲ့ နယ်စားကြီး ကူနိယိုရှိ ရဲ့ လူသားမျိုးစေ့(သုက်သွေး) တွေကို သူမရဲ့ လျှို့ဝှက်ထားတဲ့ ဆယ်ခုမြောက် ဒွါရပေါက်ကတဆင့် သူ့ကိုယ်ထဲသိုမှီးထားပြီး ...
4.8
IMDB: 4.8/10 99 votes
movie

[18+] Ninja She Devil (2009)

2009
DVD-Rip
The Proposal (2009) 6.7
The Proposal (2009) The Proposal ရုပ်​ရှင်​ဇာတ်​ကားဟာ ၂၀၀၉ခုနှစ်​ထွက်​ဒရာမာဇာတ်​ကား​လေးတစ်​ကားဖြစ်​ပါတယ်​ ဇာတ်​ကားကြာမြင့်​ချိန်​က​ ၁နာရီ မိနစ်​​ ၄၀​ကျော်​ရှိပြီး Imdb rating 6.7/10 အထိရရှိထားတဲ့ဇာတ်ကားလေးပါ။ ပါဝင်​သရုပ်​​ဆောင်​ထားသူ​တွေက ​တော့ နာမည်​ကြီးမင်းသမီး Sandra Bullock.....မင်းသား Ryan Reynolds တို့ဖြစ်​ပါတယ်​ ဇာတ်​လမ်းအကျဉ်းက​တော့ စာအုပ်​တိုက်​တစ်​ခုမှာ အယ်​ဒီတာချုပ်​ဖြစ်​တဲ့ Margret တစ်​​ယောက်​ ဗီဇာစည်းကမ်း​ဖောက်​လို့ ပြည်​နှင်​ဒဏ်​​အ​ပေးခံရမယ့်​အ​ခြေအ​နေဆိုက်​​နေပါတယ်​.... သူ့အတွက်​​ဖြေရှင်းဖို့နည်းလမ်းက​တော့ နိုင်​ငံသားတစ်​​ယောက်​နဲ့လက်​ထပ်​တာပါ.... အဲဒီအခါ သူ့လက်​​ထောက်​ဖြစ်​တဲ့ Andrew နဲ့ လက်​ထပ်​ဖို့ကြံစည်​ပါ​တော့တယ်​..... ဒါပေမယ့်လည်း အ​မေရိကန်​လူဝင်​မှုကြီးကြပ်​​ရေးအရာရှိမှ သူတို့နှစ်​​ယောက်​​ပေါင်းလိမ်​​နေတယ်​လို့သံသယရှိလာတာ​ကြောင့်​ ၂​ယောက်​စလုံးကို​မေးခွန်း​တွေ​မေးမယ်​ မတူရင်​ Margret က နယ်​နှင်​ဒဏ်​ Andrew က​ငွေဒဏ်​နဲ့​ထောင်​ဒဏ်​ခံရမှာပါ..... ဒီကိစ္စ ကို​ဖြေရှင်းဖို့ ၂​ယောက်​သားဘယ်​လို​တွေလုပ်​​ဆောင်​မလဲ ဘယ်လိုကမောက်ကမတွေဖြစ်ပြီး နှစ်ဦးသား ဘယ်လိုအတူဖြတ်ကျော်ကြမလဲ။ ....မိသားစု....ရည်းစား​ဟောင်းစတဲ့အခက်​အခဲ​တွေကြားမှာ မထင်မှတ်ပဲအချစ်​စစ်​တစ်​ခု​ပေါက်​ဖွားလာနိုင်​မလား၊ ဆိုတာတော့ Dramaကြိုက်တဲ့ ပရိသတ်​ကြီးတွေကိုယ်တိုင်ကြည့်​ရှုလိုက်​ပါဦး​နော်​   File Size : (900 MB) and (360 MB) Quality : Blu-Ray 720p Running Time : 1h 48min  Format ...
6.7
IMDB: 6.7/10 252,819 votes
movie

The Proposal (2009)

2009
Watchmen (2009) 7.6
Watchmen (2009) ဒီတစ်ခါတော့ CM Fans တွေအတွက် အထူးဇာတ်ကားကောင်းလေးတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်ဗျာ။ ဒီဇာတ်ကားလေးဟာ တစ်ချိန်က Superheroes ရုပ်ရှင်တွေထဲမှာ Epic အဖြစ်ဆုံး အကောင်းဆုံးဇာတ်ကားအဖြစ် သတ်မှာတ်ထားတဲ့ ဇာတ်ကားလေးပဲဖြစ်ပါတယ်။ ဒါရိုက်တာ Zack Snyder ရိုက်ကူးခဲ့ပြီးတော့ Zack ကိုယ်တိုင်က သူ့ဘ၀မှာ ဂုဏ်ယူခဲ့ရတဲ့ ဇာတ်ကားတွေထဲက တစ်ခု အပါအ၀င်ပါလို့ ပြောကြားခဲ့တဲ့ ဇာတ်ကားလေးလည်းဖြစ်ပါတယ်။ Imdb Rating 7.6 ရရှိထားပြီး ဆုပေါင်းများစွာလည်းရထားသေးပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ကျွန်တော်တို့နဲ့ အပြိုင် Altarnate Reality တစ်ခုမှာ ဇာတ်အိမ်တည်ထားတာဖြစ်ပြီးတော့ အဲ့ Reality မှာ Superheroes တွေ တကယ်ရှိပြီး သူတို့က နိုင်ငံရေး လူမှု့ရေးတွေမှာ ပါဝင်ပတ်သတ်မှု့တွေရှိနေပါတယ်။ ဇာတ်လမ်းကတော့ အနားယူနေတဲ့ စူပါဟီးရိုးတစ်ယောက်အသတ်ခံလိုက်ရတာကနေစတော့တာပါပဲ။ အသတ်ခံရသူက ကျွမ်းကျင်တဲ့ စူပါဟီးရိုးတစ်ယောက်ဖြစ်နေပေမဲ့ ရက်ရက်စက်စက် အသတ်ခံလိုက်ရတာပါ။ အဲ့မှာပဲ ကျန်တဲ့ စူပါဟီးရိုးတွေက ပြန်စုပေါင်းပြီး ဒီ လက်စားလိုက်ချေနေတဲ့သူက ဘယ်သူလဲ ဆိုတာ ဖော်ထုတ်ဖို့ ကြိုးစားပါတော့တယ်။ သူတို့တွေ ဒီလို ဖော်ထုတ်ရာမှာ တဖြည်းဖြည်းနဲ့ ပိုပို နက်နဲလာတဲ့ ဇာတ်ကွက်ကို စိတ်ဝင်တစားကြည့်ရမှာပဲ ဖြစ်တယ်။ စိတ်ဝင်စားစရာကောင်းလှတဲ့ ဇာတ်ကားတစ်ကားဖြစ်တဲ့အပြင်တော်ရုံစူပါဟီးရိုး ကားတွေကို ...
7.6
IMDB: 7.6/10 424,784 votes
movie

Watchmen (2009)

2009

Genres