Channel Myanmar
2009
9 (2009) 7.1
9 (2009) သိပ္ပံနည်းပညာတွေထွန်းကားလာတဲ့အချိန်မှာ လူသားတွေဟာ ငြိမ်းချမ်းရေးအတွက် စက်ပစ္စည်းတွေကို စစ်ပွဲတွေရပ်တန့်ဖို့အစားထိုးအသုံးပြုခဲ့ပေမယ့်  အဲစက်ပစ္စည်းတွေက နောက်ဆုံးမှာ လူသားတွေအားလုံးအတွက်ဆိုးကျိုးတွေကိုသယ်ဆောင်လာခဲ့တဲ့ ကံကြမ္ပာဆိုးတွေဖြစ်လာခဲ့ပါတယ်... လူသားတွေဖန်တီးခဲ့တဲ့စက်ရုပ်တွေရဲ့ ဖျက်ဆီးမှု့တွေကြောင့် လူသားမျိုးစိတ်တစ်ခုလုံးအသက်ဆုံးရှုံးခဲ့ရပြီးတော့ လူသားတွေရဲ့နောက်ဆုံးမျှော်လင့်ချက်ဖြစ်တဲ့ ၀ိဥာဉ်တွေအစားထိုးပြုလုပ်ထားတဲ့ အရုပ်ကလေး ၉  ရုပ်သာကျန်ခဲ့ပါတော့တယ်... ၁...၂....၃.....၄....၅....၆....၇....၈....၉ .. ဆိုတဲ့ ကိုယ်ပိုင်နံပါတ်တွေရှိတဲ့အရုပ်ကလေး ၉  ရုပ်ဟာ အမြဲပုန်းကွယ်နေခဲ့ပေမယ့်  နောက်ဆုံးမှာ ၉  ရဲ့ မတော်တဆမှု့လေးတစ်ခုကြောင့် ၉  ရုပ်လုံးပျက်စီးမယ့် အကြောင်းရာကြီးတစ်ခုကစတင်လို့လာပါတော့တယ်... IMDB Rating  7.1 ရရှိထားပြီးတော့ 9.9.2009 မှာထွက်ရှိခဲ့တဲ့ 9 ဆိုတဲ့ ဒီ Animation ကားလေးကို ပရိတ်များပြန်လည်ကြည့်နိုင်ရန် တင်ဆက်ပေးလိုက်ပါတယ်....   File Size                          : 850 Mb / 420 MB Quality                            : HD 720P Running Time                  : 1h 19m Translated                      : Carey Nyein Encoded                         : San Win Maung 
7.1
IMDB: 7.1/10 121,924 votes
movie
9 (2009)
2009
The Blind Side(2009) 7.7
The Blind Side(2009) The Blind Side(2009) IMDb....7.7 Imdb (7.7) အထိရရှိခဲ့သော ဇာတ်ကားဖြစ်ပါသည်။Michael Oher ၏ ဘဝဇာတ်ကြောင်းကို ရိုက်ကူးတင်ဆက်ထားသည့် Biography , Drama , Sport ဇာတ်ကားတစ်ကားဖြစ်သည်။ Michael Oher (Quinton Aaron) သည် အိမ်ခြေမဲ့ လူမည်းကလေးငယ်တစ်ဦးဖြစ်သည်။မိဘမဲ့ကျောင်းမှခေါ်ယူခြင်းခံရပြီး မွေးစားမိဘအိမ်များမှလည်း ထွက်ပြေးလာသည်။ အကြိမ်ပေါင်းများစွာ လမ်းဘေးတွင် နေထိုင်ပြီး အိမ်ယာမဲ့ဘဝနှင့်ရှင်သန်သည်။ သူငယ်ချင်း၏ အဖေဖြစ်သူသည် ကျောင်းတစ်ကျောင်းမှ ဘောလုံးအသင်းနည်းပြဖြစ်ပြီး Michael ၏ လှုပ်ရှားမှူ့များကိုမြင်တွေ့ကာ ကျောင်းအသင်းအတွက်ခေါ်ယူသွားခြင်းခံရသည်။ကျောင်းသင်ခန်းစာများတွင်လည်း ဆရာများက စာသင်မရသော ကလေးဟုမှတ်ချက်ပြုခံရသည်။ Michel အတွက် နွေးထွေးသောမိသားစုတွင် နေထိုင်ခွင့်ရခဲ့သည်။ ပညာသင်ခွင့်ရခဲ့သည်။ ကစားပွဲများတွင် ဝင်ရောက်ကစားရန်အခွင့်အရေးများရခဲ့သည်။ The Blind Side ဇာတ်ကားထဲတွင် Michel သည် မည်သို့မည်ပုံ ကြီးပြင်းရင့်ကျက်လာမည်နည်း ၊ ကစားပွဲများကြားထဲမှ အခက်အခဲများ ၊ တစ်ဘဝလုံးတွင်ရရှိသော ဒုတိယအခွင့်အရေးဖြစ်သည့် ကျောင်းအသင်းကရွေးချယ်ခံရမည်လား။ အမေရိကန်နိုင်ငံ၏ လူဖြူ လူမည်း ခွဲခြားမှူ့များကို Michel တစ်ယောက်မည်ကဲ့သို့ ကြံ့ကြံ့ခံမည် ၊ မျှော်လင့်ချက်မဲ့နေသော အိမ်ယာမဲ့ လူမည်းကလေးငယ် ဘဝမှ ...
7.7
IMDB: 7.7/10 255,943 votes
movie
The Blind Side(2009)
2009
Women in Trouble (2009) 5.8
Women in Trouble (2009) Women in Trouble ဇာတ်ကားလေးကတော့ 2009 ခုနှစ်မှာ Director,Writer: Sebastian Gutierrez ရိုက်ကူးထားတဲ့ Comedy,Drama ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ဒီကားထဲမှာဆိုရင်တော့ နာမည်ကြီးမင်းသမီး ၆ ယောက်အထိ ပါဝင်သရုပ်ဆောင်ထားတာကြောင့် ပုံမှန်ဇာတ်ကားတွေနဲ့မတူ ဇာတ်လမ်းဇာတ်အိမ်ထူးဆန်းတဲ့ ဇာတ်ကားတစ်ကားလည်းဖြစ်ပါတယ်။IMDb Rating ကလည်း 5.8 ရရှိထားတာဖြစ်ပါတယ်။ဒီဇာတ်ကားကတော့ အမျိုးမျိုးသော မိန်းကလေးတွေရဲ့ နေ့စဉ် ကြုံတွေ့နေရတဲ့ ပြဿနာအမျိုးမျိုး နဲ့ ဘ၀နေထိုင်မှု့ပုံစံတွေကိုဟာသဆန်စွာ အချိတ်အဆက်မိစွာ ရိုက်ကူးပုံဖော်ထားတဲ့ ဇာတ်ကားလေးဖြစ်ပါတယ်။Porn Star,A flight Attendant မှအစ အနှိပ်သည်မိန်းကလေးတွေအထိပါမကျန် သူတို့ရဲ့ဘ၀တွေကို ပုံပေါ်အောင် ရိုက်ကူးထားတဲ့အပြင် ပေးချင်တဲ့ messageကိုပါ တစ်ပါတည်းပေးသွားတဲ့ ဇာတ်ကားလေးဖြစ်တာကြောင့် ကြည့်ရှု့သင့်တဲ့ဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်။File size…(950 MB) and (300 MB) Quality…BR-Rip 1080p Format…mp4 Duration….01:35:22 Subtitle….Myanmar Subtitle (Hardsub) Translated by CM Team Encoded by Naing Aung Latt
5.8
IMDB: 5.8/10 5,524 votes
movie
Women in Trouble (2009)
2009
Coraline (2009) 7.7
Coraline (2009) Coraline (2009) IMDb - 7.7/10_____Rotten - 90%    သည်းထိတ်ရင်ဖို လျှို့ဝှက်ဆန်းကြယ် ကာတွန်းကားလေးတစ်ကားနဲ့မိတ်ဆက်ပေးပါရစေ... လူကြီးမင်းတို့ရဲ့ မျက်လုံးကိုဖယ်ထုတ်ပြီး ကြယ်သီးတွေအစားထိုးတပ်ခံထားရတဲ့ ခံစားချက်မျိုး ခံစားဖူးပါသလား ? မခံစားဖူးရင် ဇာတ်လမ်းအကျဉ်းချုပ်လေးဆီသွားရအောင် တကယ်တော့ ဒီဇာတ်ကားလေးဟာ ကျွန်တော်တို့ရဲ့ ငယ်ဘဝမှာ ရင်ထဲထိအမြဲတမ်းစွဲကျန်စေခဲ့တဲ့ ကာတွန်းရုပ်ရှင်ကားလေးတစ်ကားလည်းဖြစ်ပါတယ်... ဒီဇာတ်ကားလေးမှာ ကိုရာလိုင်း (Coraline) ဆိုတဲ့ကလေးမလေးက အဓိကသရုပ်ဆောင်ထားပါတယ်... စူးစမ်းလိုစိတ်အပြည့်နဲ့ သတ္တိရှိတဲ့ ကောင်မလေးတစ်ယောက်အဖြစ်နဲ့ပေါ့... သူမရဲ့မိဘတွေနဲ့ကတော့ အဆင်မပြေပါဘူး အလုပ်ကိုသာလုပ်နေကြတဲ့ ကိုရာလိုင်းရဲ့မိဘတွေဟာ သားသမီးကို ဂရုမစိုက်နိုင်တဲ့အတွက် သူတို့ကြားမှာ အဆင်မပြေမှုလေးတွေရှိနေခဲ့ပါတယ်...    တစ်နေ့သူတို့မိသားစုဟာ အိမ်အသစ်ဆီကိုပြောင်းရွှေ့လာခဲ့ရပါတယ်... ထုံးစံအတိုင်း ကိုရာလိုင်း ကတော့ တစ်ယောက်တည်းပဲပေါ့... ဒီလိုနဲ့ တစ်နေ့မှာ အိမ်ရဲ့တစ်နေရာက မှော်ဝင်တံခါးပေါက်တစ်ခုကို တွေ့သွားခဲ့တဲ့အချိန်ကစပြီး ဇာတ်လမ်းစပါပြီ... ဒီမှော်ဝင်တံခါးပေါက်ရဲ့တစ်ဖက်မှာ ဘာတွေရှိနေမလဲ ?? စူးစမ်းတတ်ပြီး သတ္တိရှိတဲ့ ကိုရာလိုင်းတစ်ယောက် ဘာတွေဖြစ်လာမှာလဲ ?? ဆိုတာတွေကိုတော့ စိတ်ဝင်တစားနဲ့ ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်... IMDb rating 7.7/10 ထိ ရရှိထားတဲ့ ဒီကာတွန်းရုပ်ရှင်လေးဟာ ဘယ်လောက်ထိကောင်းတယ်ဆိုတာကိုတော့ အထူးတလည်ညွှန်းစရာ မလိုတော့ဘူး ထင်ပါတယ်.. အော်စကာဆုအတွက် ဆန်ခါတင်စာရင်းမှာပါခဲ့တဲ့အပြင် ဆုတော်တော်များများကိုလည်း ဆွတ်ခူးနိုင်ခဲ့ပါတယ်... မိဘနဲ့သားသမီးတွေရဲ့ကြားက လိုအပ်ချက်လေးတွေကို ဘယ်လိုဖြည့်ဆည်းရမယ်ဆိုတာကိုလည်း ဒီဇာတ်ကားလေးက ညွှန်ပြပေးသွားပါတယ်... လက်မလွတ်တမ်းကြည့်ရှုသင့်တဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်ပြီး လေကြောရှည်နေပြီ ဖြစ်တဲ့အတွက် အားပေးခံစားကြည့်ရှုပေးကြပါဦး...    ဒီဇတ်ကားအတွက် အညွှန်းကို ကို  Yé ...
7.7
IMDB: 7.7/10 193,526 votes
movie
Coraline (2009)
2009
District 9 (2009) 7.9
District 9 (2009) ဒီကားက တခြားဂြိုလ်သားကားတွေနဲ့ လုံးဝကို ကွဲထွက်သွားတဲ့ကားဖြစ်ပါတယ်... အစပိုင်းပဲကြည့်ရင်တော့ ပျင်းမှာမှန်ပေမယ့် ၁၅ မိနစ်လောက်ပဲစိတ်ရှည်ရှည်ကြည့်လိုက်ပါ... ဒီဇာတ်ကားရဲ့အရှိန်က ဇာတ်လမ်းပြီးတဲ့အထိကို ရိုးရိုးလေးနဲ့ တီဗွီရှေ့ကနေထမရအောင်ကို ဆွဲဆောင်သွားမယ်ဆိုတာ အသေချာပြောရဲပါတယ်.. ဒီကားကို ဂြိုလ်သားပါတဲ့ ဇာတ်လမ်းလို့သာ သိထားပြီး trailer တွေ၊ rating တွေ မသိဘဲနဲ့ ကြည့်ဖြစ်ခဲ့တာပါ။ နောက်မှ Imdb 8 နဲ့ RT 90% တောင် ရထားတဲ့ ဇာတ်ကားမှန်းသိပါတယ်။ တကယ်လည်း ထိုက်တန်ပါတယ်။ ဇာတ်လမ်းအကျဉ်း ........................ ဂြိုဟ်သားတွေ ကမ္ဘာကို သူတို့ရဲ့ အာကာသယာဉ် တစ်ခုခုချို့ယွင်းပြီး ရောက်ရှိလာတာပါ။ တောင်အာဖရိက ရဲ့ Johannesburg မြို့ ကောင်းကင်ပေါ်မှာ အချိန်အတော်အကြာ လှုပ်ရှားမှု မရှိဘဲ ရပ်တန့်နေခဲ့တယ်။ ဒါကြောင့် လူသားတွေကို ယာဉ်ထဲကို ဖောက်ထွင်း စစ်ဆေးဖို့ သွားကြတယ်။ အဲဒီမှာတော့ အစာရေစာ ငတ်မွတ်နေတဲ့ ဂြိုဟ်သား အများကြီးကို တွေ့ရပါတော့တယ်။ သုံးသပ်ချက်အရ အခုတွေ့ရတဲ့ ဂြိုဟ်သားတွေဟာ ...
7.9
IMDB: 7.9/10 581,764 votes
movie
District 9 (2009)
2009
(500) Days of Summer (2009) 7.7
(500) Days of Summer (2009) 500 Days of Summer (2009) IMDb - 7.7/10_____Rotten- 85%   ဇာတ်လမ်းကိုတော့    Movies-we watch,we feel.Facebook Page မှ Ko Waihin Htoon ရဲ့ ခံစားမှုဆောင်းပါးနဲ့ မိတ်ဆက်ပေးပါရစေ။ --------------------------------------------------------- (500) Days of Summer အား တကျော့ပြန် ခံစားကြည့်ခြင်း(review မဟုတ်ပါ။ ဇာတ်ကားကို ကြည့်၍ ခံစားချက်များကို ရေးသားထားခြင်းပင်ဖြစ်ပါသည်။)အချစ်နဲ့ပတ်သက်ရင် ခံစားတတ်သူတိုင်း အချစ်ကို ခံစားတတ်ကြတယ်။ ဒါပေမဲ့ ခံစားချက် မရှိတဲ့ မည်သူရှိလဲ? မည်သူမှ မရှိပါ။ လူတိုင်းဟာ ခံစားချက်တွေရှိတဲ့ သူတွေပါပဲ။ ဒါဆိုရင် လူတိုင်းဟာ အချစ်ကို ခံစားဖူးကြမှာပေ့ါ။ အမှန်ပါပဲ။ လူ့ဘဝရဲ့တစ်ချိုးတစ်ကွေ့မှာတော့ အချစ်ဆိုတဲ့ အရာနဲ့ဆက်နွယ်ခဲ့ဖူးကြတဲ့ သူတွေပါပဲ။ဒါဆိုရင် အချစ်ဆိုတာဘာလဲ? မည်သူမှတော့ တိကျတဲ့ အဖြေကို မပေးစွမ်းနိုင်ခဲ့ပြန်ဘူး။ ကိုယ်ပိုင်ခံစားချက်တွေနဲ့ကိုယ်ပိုင်အတွေ့အကြုံတွေကပဲ လူသားအသီးသီးကို ...
7.7
IMDB: 7.7/10 471,661 votes
movie
(500) Days of Summer (2009)
2009
Blu-Ray 720p
The Haunting in Connecticut (2009) 5.9
The Haunting in Connecticut (2009) The Haunting in Connecticut (2009)_____IMDb - 5.9/10    ဒီနေ့ အတွက်တော့ ကြောက်စရာကောင်းတဲ့ သရဲကား တစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ ဖြစ်ရပ်မှန်ကို ပြန်ရိုက်ကူးထားတဲ့ ရုပ်ရှင်ဖြစ်လို့ ကြည့်ရှုရတာ ပိုပြီး အရသာရှိစေမှာပါ... မတ် ဆိုတဲ့ ဆယ်ကျော်သက် ကောင်လေးဟာ ကင်ဆာ ရောဂါ ကို ရင်ဆိုင်နေရပါတယ် အမြဲလိုလို မြို့ပေါ် တက်ပြီး ဆေးရုံပြရလို့ မတ် ရဲ့ အမေ ဟာ အဲ့ဒီ မြို့ပေါ်က ဆေးရုံနားမှာ အိမ်ငှားပြီး မတ်ရဲ့ ရောဂါ ကို ကုသဖို့ ဆုံးဖြတ်လိုက်ပါတယ် ဒါပေမယ့် သူမ တို့မှာ အိမ်ငှားဖို့ ပိုက်ဆံ မလုံလောက်တဲ့အတွက် ဈေးသင့်မယ့် အိမ်ကို ရှာဖွေရင်း ဆေးရုံနားမှာပဲ အိမ်အကြီးကြီး တစ်ခုကို မထင်မှတ်ထားတဲ့ ဈေးနဲ့ ရရှိခဲ့ပါတယ်.. အိမ်ငှားပြီးနောက် မိသားစု အားလုံးပါ ပြောင်းရွှေ့လာပါတယ် အိမ်မှာ အခန်းတွေ အများကြီး ရှိတဲ့ အနက် မတ် ကတော့ သူနေပျော်မယ်ထင်တဲ့ မြေအောက်ခန်းကို ရွေးချယ်ပြီးနေခဲ့ပါတယ် ဒီအိမ်က ဘာကြောင့်ဈေးပေါနေလဲဆိုတော့ အိမ်ကြီးရဲ့ ဟိုးအရင်ပိုင်ရှင်တွေဟာ ဒီအိမ်ကို အသုဘ ပြင်တဲ့ လုပ်ငန်းအဖြစ် အသုံးပြုခဲ့ကြတာ ဖြစ်ပြီး အိမ်ရဲ့ ဇတ်ကြောင်းဟာလဲ ...
5.9
IMDB: 5.9/10 58,573 votes
movie
The Haunting in Connecticut (2009)
2009
[18+] Ninja She Devil (2009) 4.8
[18+] Ninja She Devil (2009) Dark Side Production မှတင်ဆက်လိုက်တဲ့ ဂျပန်နင်ဂျာ(၁၈+) ဇာတ်ကားဖြစ်ပါတယ်။လူမှန်ရင် ယောက်ျားမိန်းမ ဘယ်သူပဲဖြစ်ဖြစ် ဒွါရကိုးပေါက်ပဲပါရှိကြတာပါ။ ဘယ်သူ့မှာများ ပိုပါနေတာ လျော့ပါနေတာရှိလို့လဲပေါ့..။ ဒါပေမယ့်လို့ ထူးထူးခြားခြားပဲ ဂျပန်နင်ဂျာကောင်မလေးတစ်ယောက်မှာ ဒွါရပေါက်တစ်ခု ပိုပါလာပါသတဲ့။ကျွန်တော်တို့ ရှုစားရမယ့် ဇာတ်လမ်းကလည်း ဒွါရပေါက်တစ်ခု ပိုပါလာတဲ့( Tsubame)ဆူဘာမေ ဆိုတဲ့ ကောင်မလေးရဲ့ ဇာတ်လမ်းလေးပဲ ဖြစ်ပါတယ်။ဆူဘာမေ မှာ (Hayabusa) ဟာယာဘူဆာ လို့ခေါ်တဲ့ အကိုတစ်ယောက်ရှိပြီးတော့ သူတို့ မောင်နှမနှစ်ယောက်စလုံးက (Kuniyoshi )ကူနိယိုရှိ ဆိုတဲ့ နယ်စားကြီးရဲ့ လက်အောက်မှာ အမှုထမ်းနေကြတဲ့ Shinobi (ရှိနိုဘီ) နင်ဂျာမောင်နှမပါ။ တစ်နေ့မှာ ဆူဘာမေ အတွက်လျှို့ဝှက်တာဝန်တစ်ရပ်ထမ်းဆောင်ဖို့ ဖြစ်လာရပါတယ်။ ဘာတာဝန်လည်း ဆိုတော့ အဝေးခရီးမသွားနိုင်တဲ့ နယ်စားကြီး ကူနိယိုရှိ ရဲ့ လူသားမျိုးစေ့(သုက်သွေး) တွေကို သူမရဲ့ လျှို့ဝှက်ထားတဲ့ ဆယ်ခုမြောက် ဒွါရပေါက်ကတဆင့် သူ့ကိုယ်ထဲသိုမှီးထားပြီး ...
4.8
IMDB: 4.8/10 99 votes
movie
[18+] Ninja She Devil (2009)
2009
DVD-Rip
The Proposal (2009) 6.7
6.7
IMDB: 6.7/10 287,101 votes
movie
The Proposal (2009)
2009
Sherlock Holmes (2009) 7.6
7.6
IMDB: 7.6/10 573,427 votes
movie
Sherlock Holmes (2009)
2009
Hear Me (2009) 7.5
Hear Me (2009) Hear Me (2009)____IMDb - 7.5/10  အချစ်မှာ မျက်စိမပါဘူးလို့ဆိုကြပါတယ်။ တကယ်တော့ အချစ်မှာ နားလဲမပါဘူးဆိုတာ ဒီဇာတ်ကားမှာတွေ့ရပါမယ်။ အကြားအာရုံမပါဝင်ဘဲ ချစ်ခြင်းမေတ္တာတစ်ခုဖြစ်ပေါ်လာပုံကို တင်ဆက်ထားပါတယ်။ ချစ်ခြင်းမေတ္တာကိုဖွဲ့နွဲ့ကြတဲ့ဇာတ်ကားတွေထဲမှာ ဒီဇာတ်ကားကတော့ ပိုမိုထူးခြားပါတယ်။ အလွန်ပေါ့ပါးစွာ တင်ဆက်ထားပေမယ့် နက်နဲတဲ့ချစ်ခြင်းရဲ့ရသတွေကို ကြည့်နေရင်းခံစားရပါတယ်။ ဇာတ်ကားရဲ့အဆုံးသတ်စာသားလေးကလဲ ကြည်နူးဖွယ်ရာပါ။ " အချစ်နဲ့အိမ်မက်ကအံ့သြဖွယ်ကောင်းပါတယ်။ သူတို့တွေဟာ ကြားဖို့ရော စကားပြောဖို့ရော ဘာသာပြန်ပေးဖို့ရော မလိုအပ်ကြဘူး။" Drama, Romance အမျိုးအစား ထိုင်ဝမ်ဇာတ်ကားဖြစ်ပြီး IMDb Rating (7.5/10) ရရှိထားလို့ ကြည့်သင့်တဲ့ဇာတ်ကားကောင်းလေးတစ်ကားပါ။ (ဒီဇာတ်ကားကိုတော့ Phyo Thu Hein မှခံစားတင်ဆက်ထားပါတယ်။)    File size...(804 MB) Quality...BR-Rip 720p Format...mp4 Duration....01:49:27 Subtitle....Myanmar Subtitle (Hardsub) Translator.....Phyo Thu Hein Encoder....Nyeinsaeya Aung 
7.5
IMDB: 7.5/10 2,666 votes
movie
Hear Me (2009)
2009
Watchmen (2009) 7.6
Watchmen (2009) ဒီတစ်ခါတော့ CM Fans တွေအတွက် အထူးဇာတ်ကားကောင်းလေးတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်ဗျာ။ဒီဇာတ်ကားလေးဟာ တစ်ချိန်က Superheroes ရုပ်ရှင်တွေထဲမှာ Epic အဖြစ်ဆုံး အကောင်းဆုံးဇာတ်ကားအဖြစ် သတ်မှာတ်ထားတဲ့ ဇာတ်ကားလေးပဲဖြစ်ပါတယ်။ဒါရိုက်တာ Zack Snyder ရိုက်ကူးခဲ့ပြီးတော့ Zack ကိုယ်တိုင်က သူ့ဘ၀မှာ ဂုဏ်ယူခဲ့ရတဲ့ ဇာတ်ကားတွေထဲက တစ်ခု အပါအ၀င်ပါလို့ ပြောကြားခဲ့တဲ့ ဇာတ်ကားလေးလည်းဖြစ်ပါတယ်။Imdb Rating 7.6 ရရှိထားပြီး ဆုပေါင်းများစွာလည်းရထားသေးပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ ကျွန်တော်တို့နဲ့ အပြိုင် Altarnate Reality တစ်ခုမှာ ဇာတ်အိမ်တည်ထားတာဖြစ်ပြီးတော့ အဲ့ Reality မှာ Superheroes တွေ တကယ်ရှိပြီး သူတို့က နိုင်ငံရေး လူမှု့ရေးတွေမှာ ပါဝင်ပတ်သတ်မှု့တွေရှိနေပါတယ်။ဇာတ်လမ်းကတော့ အနားယူနေတဲ့ စူပါဟီးရိုးတစ်ယောက်အသတ်ခံလိုက်ရတာကနေစတော့တာပါပဲ။အသတ်ခံရသူက ကျွမ်းကျင်တဲ့ စူပါဟီးရိုးတစ်ယောက်ဖြစ်နေပေမဲ့ ရက်ရက်စက်စက် အသတ်ခံလိုက်ရတာပါ။အဲ့မှာပဲ ကျန်တဲ့ စူပါဟီးရိုးတွေက ပြန်စုပေါင်းပြီး ဒီ လက်စားလိုက်ချေနေတဲ့သူက ဘယ်သူလဲ ဆိုတာ ဖော်ထုတ်ဖို့ ကြိုးစားပါတော့တယ်။သူတို့တွေ ဒီလို ဖော်ထုတ်ရာမှာ တဖြည်းဖြည်းနဲ့ ပိုပို နက်နဲလာတဲ့ ဇာတ်ကွက်ကို စိတ်ဝင်တစားကြည့်ရမှာပဲ ဖြစ်တယ်။စိတ်ဝင်စားစရာကောင်းလှတဲ့ ဇာတ်ကားတစ်ကားဖြစ်တဲ့အပြင်တော်ရုံစူပါဟီးရိုး ကားတွေကို ...
7.6
IMDB: 7.6/10 424,784 votes
movie
Watchmen (2009)
2009
The Time Traveler’s Wife (2009) 7.1
The Time Traveler’s Wife (2009) အချိန်တွေနောက်ပြန်သွားလို့ရရင် ကောင်းမှာပဲဆိုတဲ့လူတွေ…… အချိန်တော့နောက်ပြန်လှည့်လို့ရတယ်ဒါပေမဲ့ ဘယ်အချိန်မှာဘယ်နေရာကို ရောက်သွားမယ်မှန်းမသိ၊ ဝမ်းနည်းစရာအဖြစ်အပျက်တွေရှိလာခဲ့ရင်တောင် ဘာမှပြင်လို့မရဘဲ အဲဒီအဖြစ်အပျက်ကို ထပ်တလဲလဲ အချိန်တွေနောက်ပြန်လှည့်ပြီး မြင်နေရရင်ရော????အချိန်ခရီးသွားလို့ရတာကောင်းပါဦးမလား…….ဒီဇာတ်ကားထဲက မင်းသားရဲ့အနေထားကတော့ အဲလိုပါ။သူ့အမေကားအက်ဆီးဒင့်ဖြစ်တာကိုလဲ အခါခါပြန်မြင်နေရပေမယ့် ဘာမှလုပ်ပေးလို့မရဘဲ ကြည့်နေရတဲ့ အမေချစ်သားတစ်ယောက်ရဲ့ခံစားချက်ကို အမြဲခံစားနေခဲ့ရတာပါ။သူ့အတွက်တော့ အချိန်ခရီးသွားတယ်ဆိုတာ ကျိန်စာတစ်ခုလိုပါပဲ။နောက်ပြီးဘာမှန်းမသိတဲ့အချိန်မှာ ဘယ်မှန်းမသိတဲ့နေရာကို အလိုအလျောက်ပျောက်သွားတတ်တဲ့ ယောက်ျားတစ်ယောက်ကို ငယ်စဉ်ကလေးဘဝကတည်းက ချစ်လာခဲ့ပြီး လက်ထပ်ဖို့ဆုံးဖြတ်ခဲ့တဲ့မိန်းကလေးတစ်ယောက်ရဲ့ဘဝကရော ဘယ်လောက်ထိသာယာချမ်းမြေ့နိုင်မှာလဲ။ဒါပေမဲ့ ချစ်တဲ့စိတ်တစ်ခုနဲ့ပဲအရာရာကို ကျော်ဖြတ်ရဲခဲ့တဲ့ မိန်းကလေးအတွက် သူ့ယောက်ျားရဲ့ကျိန်စာက အမြဲတမ်းတော့ကျိန်စာမဖြစ်ခဲ့ပါဘူး။သာမာန်လူတွေနဲ့မတူပေမဲ့လဲ ယောက်ျားတစ်ယောက်အနေနဲ့ ကိုယ့်ဇနီးမယားပေါ် တာဝန်ကျေချင်စိတ်နဲ့ ကြိုးစားပေးခဲ့ပုံတွေကို တွေ့မြင်ရမယ့်ကားလေးဖြစ်ပါတယ်။ဘယ်လိုပဲကြိုးစားပေမဲ့ အိမ်ထောင်တစ်ခုဖြစ်လာတဲ့အခါ သာမာန်မိန်းမတစ်ယောက်ရသင့်တဲ့ အခွင့်အရေးတွေကို ရချင်မိတဲ့ အချိန်ခရီးသွားတစ်ယောက်ရဲ့ မိန်းမဘဝက ဘယ်လောက်ထိကြေကွဲစရာကောင်းလဲဆိုတာကို ဒီဇာတ်ကားလေးက မိမိရရရိုက်ပြထားတာဖြစ်လို့ လုံးဝလက်မလွှတ်သင့်တဲ့ ဒရမ်မာဇာတ်ကားကောင်းလေးတစ်ကားပါ။ File Size : (950 ...
7.1
IMDB: 7.1/10 124,723 votes
movie
The Time Traveler’s Wife (2009)
2009
Prayers for Bobby (2009) 8.1
Prayers for Bobby (2009)  Prayers for Bobby (Bobby အတွက် ဆုတောင်းသံများ) ဆိုတဲ့ဇာတ်ကားလေးထဲက Bobby ရဲ့ အမေ ဖြစ်သူ Mary နောက်ဆုံးပြောသွားတဲ့စကားလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။"လိင်တူချစ်တယ်ဆိုတာ အပြစ်တစ်ခုပါ။ သူတို့တွေ သေရင် ငရဲကျမယ်။သူတို့တဲ့ မကောင်းတဲ့ အကျင့်တွေပြင်မယ်ဆို ပြင်လို့ရပါတယ်။ဒီ တဏှာ ရာဂ စိတ်တွေ မရှိရင် သာမန် ပြန်ဖြစ်လာမယ်။သူတို့သာ ပြင်ချင်ရင် အကြိမ်ကြိမ်ကြိုးစားပြီး ပြင်လို့ရတယ်"လို့ ကျမသားလေး Bobby ကို ကျမ ပြောခဲ့ပါတယ်။သူက လိင်တူချစ်သူတစ်ယောက် (အခြောက်) ဆိုတာ သိလိုက်ရတဲ့အချိန်မှာ ကျမ ဘဝ၊ ကျမ မျှော်လင့်ချက်တွေ ရေစုံမျော ပျက်ဆီးသလို ခံစားရပါတယ်။ ကျမသားလေးရဲ့ ဒီ ရောဂါကြီးကို ကုသဖို့ ကျမတတ်နိုင်သမျှ ကြိုးစားခဲ့ပါတယ်။လွန်ခဲ့တဲ့ ၈ လက ကျမသားလေး တံတားပေါ်ကနေခုန်ချ ပြီး ကိုယ့်ကိုကိုယ်သတ်သေခဲ့ပါတယ်။လိင်တူချစ်သူ တွေနဲ့ပက်သက်တဲ့ အကြောင်းအရာတွေ ကို မလေ့လာခဲ့ ...
8.1
IMDB: 8.1/10 13,199 votes
movie
Prayers for Bobby (2009)
2009