Channel Myanmar
2011
Hugo (2011) 7.5
Hugo (2011) ဒီတစ်ခါတော့ 2011 ကထွက်ခဲ့တဲ့ အင်္ဂလိပ်ကားကောင်းလေးတစ်ကားဖြစ်တဲ့ Hugo ဆိုတဲ့ကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်ဒီကားလေးကတော့ 1930 ခုနှစ်ဝန်းကျင် ပဲရစ်မြို့ကမီးရထားဘူတာရုံလေးမှာ တစ်ယောက်တည်းနေခဲ့တဲ့အသက် 12 နှစ်အရွယ် ဟူဂိုဆိုတဲ့ မိဘမဲ့ကောင်လေးတစ်ယောက်အကြောင်းကို ရိုက်ပြထားတာပါသူ့အဖေမုဆိုးဖိုကတော့ မသေခင်ထိ နာရီပြင်တဲ့အလုပ်ကိုလုပ်ကိုင်ခဲ့သူပါဟူဂိုဟာ သူ့ဖခင်ဆီက အဲပညာကိုအမွေဆက်ရခဲ့ပါတယ်သူဟာ ဘူတာရုံနာရီစင်ကြီး ပုံမှန်လည်ပတ်ဖို့ကို လုပ်ကိုင်ရင်းနေထိုင်ခဲ့တာပါသူ့အဖေမသေဆုံးခင်မှာ သူ့ကိုထားပေးခဲ့တဲ့ စက်ရုပ်လေးတစ်ရုပ်ရှိပါသေးတယ်အဲစက်ရုပ်လေးမှာ အထူးပြုလုပ်ထားတဲ့သော့လေးမရှိရင် ဘာမှအလုပ်မလုပ်နိုင်ပါဘူးဟူဂိုက သေဆုံးသွားတဲ့ သူ့အဖေနဲ့ပတ်သက်တဲ့ မယ်မိုရီတွေကို သိနိုင်ဖို့ သော့လေးကိုရှာဖို့ လိုတယ်ဆိုတာ သိလာတဲ့တစ်နေ့ ဟူဂိုတစ်ယောက်ဘာတွေ ဆက်လုပ်မလဲ ဘာတွေကြုံရမလဲ သူလိုချင်တာကို နောက်ဆုံးမှာ ရနိုင်ပါ့မလားဆိုတာကိုတော့ဇာတ်လမ်းအပြည့်အစုံကို ကြည့်ရှုအားပေးကြပါလို့မှော်ဆန်ဆန် ဆန်းကြယ်ဖြစ်ရပ်ဇာတ်ကားလေးတွေကိုရူးသွပ်ကြတဲ့ ပရိသတ်တွေ တကယ့်ကိုအကြိုက်တွေ့စေမယ့်ဇာတ်ကားလေးလို့ ညွှန်းပေးပါရစေ File Size : (800 MB) and (450 MB) Quality : 720p Blu – Ray Running Time : 2hr 6min Format ...
7.5
IMDB: 7.5/10 264,191 votes
movie
Hugo (2011)
2011
Tomie: Unlimited(2011) 4.6
Tomie: Unlimited(2011) တလောက Facebook မယ် Share နေကြတဲ့ သရဲကားတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်ကြောက်ဖို့တော့ အတော်ကောင်းတယ်ဗျ၂လုံးရောဂါ ရှိရင် မကြည့်နက်နော်ဆကီကိုဟာထက်မြက်တဲ့အထက်တန်းကျောင်းသူဓာတ်ပုံဝါသနာရှင်တယောက်ပါ။ သူမဟာတနေ့မှာ သူ့သူငယ်ချင်းနဲ့အတူအိမ်ပြန်လာတုန်း သူမအမ တိုမီနဲ့အတူ သူမကြိတ်crushနေတဲ့တိုရှီယိုကို တွေ့ခဲ့ရပါတယ်။ သူမဟာလှပတဲ့အမကို သ၀န်လဲတိုဂုဏ်လဲယူပါတယ်။ သူမအမ တိုမီကို ဓာတ်ပုံရိုက်ပေးနေတုန်းတိုမီဟာမတော်တဆဖြစ်ပြီး သေဆုံးသွားပါတယ်။ အဲတာတွေဖြစ်ပြီးတနှစ်အကြာတိုမီမွေးနေ့ရောက်တော့ ဆကီကိုတို့အိမ်ရှေ့မှာ တိုမီကပြန်ပေါ်လာပါတော့တယ်။ အဲ့အချိန်ကစပြီး ဆကီကိုအနားမှာရှိတဲ့သူတွေအားလုံးဟာ ထူးဆန်းပြီး ထိတ်လန့်စရာတွေစလုပ်လာပါတော့တယ်။တိုမီက ဘာကြောင့်ပြန်လာတာလဲ.... ဆကီကိုက တိုမီကိုတားနိုင်ပါ့မလား...Qty - Bluray 720pDuration 1hr 30 MinGern - Horror/ThrillSubtitle - Myanmar HardsubTranslator - Eg White Encoder - Kyaw Ye Aung 
4.6
IMDB: 4.6/10 586 votes
movie
Tomie: Unlimited(2011)
2011
Hostel: Part III (2011) 4.6
Hostel: Part III (2011)  ပုရိတ်သတ်ကြီးအတွက် တစ်ခေတ်တစ်ခါက နာမည်ကျော်ကြားခဲ့ပြီး ဝက်ဝက်ကွဲအောင်မြင်ကျော်ကြား ခဲ့တဲ့ ဒါရိုက်တာကြီး Eli Roth ရဲ့ဇာတ်ကားကောင်းတွေကို တင်ဆက်လိုက်ပါတယ်။အမှန်တော့ Hostel ဇာတ်ကားတွေက ဖြစ်ရပ်မှန်ကို အခြေခံရိုက်ကူးထားတာမဟုတ်ပါဘူး။ဒါပေမဲ့ အပိုင်းသုံးပိုင်းထဲက အပိုင်းတစ်ခုဟာထိုင်းမှာ အလားတူသဏ္ဍန် တစ်ခုဖြစ်သွားခဲ့တဲ့အတွက် ဒီဇာတ်ကားဟာ ဖြစ်ရပ်မှန်ကိုအခြေခံထားတယ်ဆိုပြီး သတင်းတွေထွက်ပေါ်လာခဲ့ပါတယ်။ ...... လူတွေဆိုတာ အခက်သားကလား။သာယာမှု့ဆိုတာကို လူတိုင်းလက်ခံသဘောကြ ကြပါတယ်။နာကြင်မှု့ကိုတော့ ကြားတောင်မကြားချင်ကြပါဘူး။ဒီဇာတ်ကားက အဲဒီခံစားချက်နှစ်မျိုးရဲ့ အချိတ်ဆက်ကို ဖော်ပြပေးသွားမှာပါ။မူမှန်တဲ့ လူတွေအတွက် ပျော်စရာ ကလပ်တွေရှိနေသလို မူမမှန်တဲ့သူတွေအတွက်လည်း ပျော်စရာ ကလပ်တွေ ရှိနေပါတယ်။မူမမှန်သူတွေကတော့ လူ့အသက်တွေနဲ့ အကြောက်တရားတွေကို ငွေကုန်ကြေးကျခံပြီး ကစားကြသူတွေပါ။ဇာတ်ကားရဲ့အခြေခံကတော့ မြို့တွေကို ပျော်ရွင်စရာတွေနဲ့ သုခဘုံအလားဖန်တီးထားပြီးနိုင်ငံခြားသား/သူ တွေကို အစဖျောက်ဖမ်းခေါ်ပြီးမူမမှန်တဲ့ သူတွေဆီကို ပိုက်ဆံယူပြီး ဝကွက်အပ်လိုက်တာပါပဲ။ပိုက်ဆံအတွက် အသတ်ခံကြရသလို ပိုက်ဆံအတွက် သတ်ကြရပါတယ်။ လျှင်သူစားစတမ်းပေါ့ဗျာ...  (ဘာသာပြန်သူကတော့ ကိုအေးမင်းဦးပါ)  File Size : (700 MB) and (260 MB) Quality : 720p ...
4.6
IMDB: 4.6/10 22,449 votes
movie
Hostel: Part III (2011)
2011
Husk (2011) 5.2
Husk (2011) Husk (2011)_____IMDb - 5.2/10  ပိတ်ရက် အတွက် သမရိုးကျမှသွေဖီနေတဲ့ သရဲ လူသတ်ကား ကားတစ်ကား တင်ဆက်ပေးလိုက်ပါတယ် အခုဇာတ်ကားအမျိုးစားကတစ်ကယ်ကို ရင်တထိတ်ထိတ်နဲ့ကြည့်ရမဲ့ ဇာတ်ကားကောင်းတစ်ကားပါ။ ဇာတ်ကားပြီးတာတောင် ရင်တွေတုန်ကျန်စေမဲ့ အမျိုးစားဇာတ်ကားဖြစ်ပါတယ်။ ပြောင်းဖူးစိုက်ခင်းထဲမှာ လယ်သမားမိသားတစ်စုနေထိုင်ပါတယ်။ မတူညီတဲ့သားနှစ်ယောက်ရဲ့စိတ်ဓာတ်ကို ဖခင်တစ်ယောက်က ထိန်းကျောင်းနေရပါတယ်။ သားကြီးရဲ့ စိတ်ဓာတ်က ကြမ်းတမ်းပြီး အညှာတာမဲ့ပေမဲ့ သားငယ်က အေးဆေးပဲဘဝကိုဖြတ်သန်းချင်သူပါ။ ဖခင်ဖြစ်သူက သူရဲ့စိတ်နဲ့ထပ်တူကျပြီး သင်ရလွယ်တဲ့ အကြီးသားကိုပဲ ဦးစားပေးပြီး မျက်နှာသာပေးနေပါတယ်။ သားငယ်ဟာ အနှိမ်ခံဘဝနဲ့ နေ့စဉ် ဆိုသလိုပဲ ဖခင်ရဲ့အဆူပူကြိမ်းမောင်းခံနေရပါတယ်။ ဒီလိုနဲ့တစ်နေ့မှာ ဖခင်ကြီးက ညီအစ်ကိုနှစ်ယောက်ကို ပြောင်းဖူးခင်းထဲမှာ စာခြောက်ရုပ်တစ်ရုပ် ထူခိုင်းပါတယ်။ အမုန်းတရားတွေ အာဃာတတွေ ပြည့်နှက်နေတဲ့ ညီငယ်တစ်ယောက် ထိုအချင်းရာတွေက ဒေါသအဖြစ် ပြောင်းလဲသွားပါတော့တယ်။ ဗမာလိုအရပြောရရင် တောစီးသွားတာပါ။ ညီငယ်က အဲဒီနေရာမှာပဲ အစ်ကိုဖြစ်သူကိုရက်ရက်စက်စက် ခက်ရင်းခွနဲ့ထိုးသတ်လိုက်ပါတယ်။ ပြီးတော့ အစ်ကိုဖြစ်သူအလောင်းကို မျက်နှာဖုံးစွပ်ကာ စာခြောက်ရုပ်နေရာမှာထားလိုက်ပါတော့တယ်။ အသတ်ခံရတာကတစ်ကြောင်း အရုပ်အဖြစ်အသွန်းခံရတာကတစ်ကြောင်းကြောင့် အစ်ကိုဖြစ်သူရဲ့ဝိဉာဉ်ကစာခြောက်ရုပ်ထဲမှာပိတ်မိနေပြီး အစားထိုးဖို့လူကို အသည်းအသန်စောင့်နေပါတယ်။ ...................................... (ဇာတ်လမ်းအညွှန်းနဲ.ဘာသာပြန်က ကိုအေးမင်းဦးပါ)  File Size : (598 MB) Quality : 720pBluray Running Time ...
5.2
IMDB: 5.2/10 9,267 votes
movie
Husk (2011)
2011
Transformers: Dark of the Moon (2011) 6.3
6.3
IMDB: 6.3/10 343,473 votes
movie
2011
Captain America: The First Avenger (2011) 6.9
Captain America: The First Avenger (2011) ကပ္ပတိန် အမေရိက ဆိုရင်တော့ အထူးညွန်းနေစရာမလိုပဲ အားလုံးသိကျပါတယ်။ မာဗယ်လ် ရဲ့ နာမည်အကျော်ကြားဆုံးဟီးရိုးတစ်ယောက်ပါပဲ။ဇာတ်လမ်း အကျဉ်းလေး ကို ပြန်ပြောပြရမယ်ဆိုရင် စတိဗ်ရော်ဂျာဟာ နိုင်ငံ အတွက် စစ်ပွဲတွေတိုက်ခိုက် ပေးချင်တဲ့ သူတစ်ယောက်ဖြစ်ပါတယ်။ဒါပေမဲ့ သူ့ရဲ့ ခန္ဒာကိုယ် အချိုးအစား ကျန်းမာရေးအခြေအနေ တို့ကြောင့် အကြိမ်ကြိမ် အပယ်ခံရပါတယ်။ ဒါပေမဲ့ တစ်နေ့ သိပ္ပံပညာ ရှင်တစ်ယောက်ရဲ့ ဖိတ်ခေါ်စမ်းသပ်မှု့ကြောင့် သူ့ဘ၀ အကြီးအကျယ်ပြောင်းလဲ သွားပါတော့တယ်။သာမန် လူသားတစ်ယောက်နေ စူပါဟီးရိုးတစ်ယောက်ဖြစ်သွားပါတယ်။တစ်ဖက်မှာလည်း ဟစ်တလာ ရဲ့ တပည့်တွေက ဟိုက်ဒရာလို့ခေါ်တဲ့ အဖွဲ့အစည်းတစ်ခုကို ဖွဲ့စည်းပြီး ထူးဆန်း သဘာဝလွန်လက်နက်တွေ စမ်းသပ် အသုံးချနေပါတယ် .... စတိဗ် တစ်ယောက် ဒီအဖွဲ့တွေကို ဘယ်လို ရင်ဆိုင် မလဲ ... ဟိုက် ဒရာ ရဲ့ အထူးလက်နက် က ဘာတွေလဲ နောက်ထွက်တဲ့ Avengers ကားတွေ နဲ့ ဘယ်လိုတွေ ဆက်စပ်နေလဲဆိုတာတွေ ကို ...
6.9
IMDB: 6.9/10 548,794 votes
movie
Captain America: The First Avenger (2011)
2011
Unknown (2011) 6.8
Unknown (2011) Unknown (2011) IMDb - 6.8/10_____Rotten - 55%  မင်းသားကြီး Liam Neeson ရဲ့အက်ရှင်ကားကောင်းလေးတစ်ကား ကိုတင်ဆက် ပေးလိုက်ပါတယ်။ ဒီကားမှာ Liam Neeson ဟာ ဒေါက်တာ မာတင် ဟဲရစ် အဖြစ် သရုပ်ဆောင်ထားပါတယ်။ မာတင် ဟာဆိုရင် ပညာရှင် တစ်ဦးဖြစ်ပြီး ဂျာမနီနိုင်ငံ ဘာလင်မြို့ကို ကွန်ဖရင့်တက်ဖို့ ခရီးထွက်လာခြင်းဖြစ်ပါတယ်။ဒီကွန်ဖရင့်မှာ မင်းသားတစ်ပါးဟာ မာတင်တို့နဲ့ အတူ တွဲလုပ်နေတဲ့ သုတေသန အကြောင်းကို ကြေငြာမှာ ကြောင့်တက်လာတာပါ  ဒီလိုနဲ့ သူတို့တည်းခိုရမဲ့ ဟိုတယ်လ် ကိုရောက်တဲ့အခါမှာ လက်ဆွဲအိတ်ကျန်ခဲ့လို့ ကျန်ခဲ့တဲ့ အတွက် မာတင်ဟာ တက္ကစီတစ်စီး ငှားပြီး ပြန်ယူပါတော့တယ်။ လမ်းမှာ တက္ကစီဟာ အက်ဆီးဒန့်ဖြစ်ပြီး မာတင် တစ်ယောက် ဆေးရုံရောက်သွားပါတယ် လေးရက်လောက် သတိမေ့နေပြီး သတိပြန်ရတဲ့အချိန်မှာတော့ သူဟာ တစ်ချို့ အရာတွေ ကို မမှတ်မိတော့ပါဘူး။ သူ့ဇနီးကို မှတ်မိ ဟိုတယ် ကို မှတ်မိပြီး ဟိုတယ် ကိုပြန်ခဲ့ ပါတယ် ဒါပေမဲ့ ...
6.8
IMDB: 6.8/10 243,854 votes
movie
Unknown (2011)
2011
Season of the Witch (2011) 5.4
Season of the Witch (2011) Season of the Witch (2011)_____IMDb - 5.4/10    ဘာသာရေးစစ်ပွဲတွေကာလတချိန်ဆီက.... ဘာသာရေးအကြောင်းပြပြီး စစ်တိုက်တဲ့လူမျိုးတွေလဲပေါ်ထွန်းလာခဲ့တယ် ဘုရားသခင်အတွက်တိုက်ပွဲဝင်ရင် ပြစ်မှုတွေကိုပယ်ဖျက်ပေးမယ်ဆိုတဲ့ စည်းရုံးရေးတွေနဲ့စည်းရုံးခဲ့တဲ့အခါမှာ ဘက်ဟန်နဲ့ဖယ်လ်ဆန်တို့လဲအပါအဝင်ပေါ့ သူတို့၂ယောက်က အကြောင်းတရားတခုပေါ်အနစ်နာခံခဲ့တဲ့ လူတော်တွေဖြစ်သလို အကျိုးတရားတခုပေါ်လာရင်လဲ ရဲရဲဝံ့ဝံ့ရင်ဆိုင်တတ်တဲ့ သူရဲကောင်းတွေဖြစ်တာနဲ့အမျှ အပြစ်မဲ့တဲ့သူတွေသေတဲ့စစ်ပွဲတွေကိုမုန်းတီးပြီးတပ်ပြေးတွေဖြစ်လာခဲ့တယ်    တချိန်ထဲမှာပဲ မကောင်းဆိုးဝါးတကောင်ဟာ စုန်းတွေကိုနှိပ်ကွပ်ဖမ်းဆီးနေတာကို အခွင့်ကောင်းယူပြီးလူ့လောကကိုခြေချဖို့ကြိုးစားလာပြန်တယ် ... ဒီသူရဲကောင်းတပ်ပြေး ၂ယောက်ရဲ့ခံယူချက်က ဘုရားသခင်ရဲ့နံမည်ကိုသုံးပြီး လုပ်စားနေသူတွေကိုမုန်းတီးပေမယ့် အများနဲ့ဆိုင်တဲ့အရေးတွေမှာဘယ်လိုများ အနစ်နာခံတာဝန်ထမ်းခဲ့မလဲဆိုပြီး ဇာတ်အိမ်တည်ဆောက်ထားတဲ့ရုပ်ရှင်ကားတကားဖြစ်ပါတယ် ကြောက်လန့်စရာ သွေးထွက်သံယိုမှုတွေနဲ့အဆုံးထိဆွဲဆောင်သွားတဲ့ ဒီဇာတ်လမ်းဟာဆိုရင် ကြည့်သင့်တဲ့ဇာတ်လမ်းကောင်းတခုလို့သာညွှန်ပါရစေ   ဘာသာရေးအသုံးတွေကိုတော့ ဂရုစိုက်ပြီး သုံးနှုန်းထားသလိုသက်ဆိုင်ရာဘာသာဝင်တွေကိုမေးမြန်းပြီးပြန်ဆိုထားပါတယ်အသုံးအနှုန်းအလွဲအချော်များရှိခဲ့ရင် ကျွန်တော် မြန်မာကြီးရဲ့ တာဝန်သာဖြစ်ကြောင်းဝန်ခံပါရစေ     File Size - 736 MB File Type - Mp4 Quality - Blu-ray Rip 720p Duration - 1hr 35min Translator - မြန်မာကြီး Encoder - Kyaw Ye Aung   
5.4
IMDB: 5.4/10 89,263 votes
movie
Season of the Witch (2011)
2011
Detective K: Secret of Virtuous Widow (2011) 6.4
Detective K: Secret of Virtuous Widow (2011) Detective K ဟာဆိုရင်တော့ကိုးရီးယားဟာသအက်ရှင်ကားလေးကိုပြေးမြင်ကြမှာပါ။ ဒီကားလေးကို၂၀၁၁ခုနှစ်မှာထုတ်ဝေခဲ့ပြီးအဲဒီနှစ်ရဲ့ကိုးရီးယားမှာ စတုတ္ထမြောက်ရောင်းအားအကောင်းဆုံးဖြစ်ခဲ့ပါတယ်။ ဇာတ်အိမ်ကို၁၇၉၃ခုနှစ်ဂျီအိုဂျုန်မင်းနန်းတက်ပြီး၁၇နှစ်အကြာဂျိုစွန်ပြည်ကို နောက်ခံထားထားပါတယ်။မင်းကြီးဟာနိုင်ငံအတွင်းစီးပွားရေးဆုတ်ယုတ်လာမှုအပေါ် စုံစမ်းရင်းမင်းမှုထမ်းတွေကြားလာဘ်စားမှုတွေကိုတိုက်ထုတ်ဖို့ကြံရွယ်တာပါ။ လူယုံတွေနည်းပါးနဲ့တဲ့အချိန်မှာပဲသူစိတ်အချရဆုံးဖြစ်တဲ့စုံထောက်ကြီးကေကို လာဘ်စားမှုတွေလူသတ်မှုတွေကိုစုံစမ်းဖို့အမိန့်တာဝန်ပေးလိုက်ပါတယ်။ စုံထောက်ကေတယောက်ဖမ်းဆီးမိထားတဲ့တပ်မှူးကိုစစ်ဆေးဖို့ထောင်ထဲသွားတဲ့အခါမှာတော့ တပ်မှူးအရာရှိကအသတ်ခံထားနှင့်ရပါပြီ။အလောင်းကိုစစ်ဆေးကြည့်လိုက်တဲ့အခါ ဦးခေါင်းနောက်မှာအပ်လေးစိုက်ပြီးသတ်ခဲ့တာကိုတွေ့ခဲ့ရတာကစပြီး အမှုရဲ့သဲလွန်စတွေရခဲ့ပါတယ်။ကံဆိုးချင်တော့တခြားအရာရှိတွေရောက်လာတဲ့အခါအပ်လေးကိုင်ပြီး အလောင်းဘေးရပ်နေတဲ့စုံထောက်ကြီးကိုအထင်လွဲပြီးအကျဉ်းချလိုက်ပါတော့တယ်။ဒါပေမယ့် ခွေးချစ်သူဆိုဖီးရဲ့အကူအညီနဲ့ပဲထောင်ကနေဖောက်ပြေးလာပါတယ်။ဒီလိုကိစ္စတွေကြောင့်မင်းကြီးကသူ့ကို ရာထူးကချပြီးလက်ရှိအမှုကိုလွတ်ကာဂျုတ်စုန်းကအမှုတခုကိုစုံစမ်းခိုင်းလိုက်ပါတယ်။ သာမန်အမှုလို့ထင်ရပေမယ့်ဒီအမှုကနေပဲအားလုံးသောလူသတ်မှုတွေလာဘ်စားမှုနေနဲ့ဆက်နွယ် နေတာကိုစုံထောက်ကြီးသိလိုက်ရပြီးတဲ့နောက်…. စုံထောက်ကြီးကေတယောက်ဘယ်လိုဖော်ထုတ်မလဲဆိုတာတော့ဟာသလေးတွေနှော ထားတဲ့DetectiveKဇာတ်ကားလေးကိုကြည့်လိုက်ရအောင်ဗျာ။File Size : 850B/420MB Quality : Bluray 720P Running Time : 1hr 55minutes Format : Mp4 Genre : Action, Comedy, Crime Translator : Firdays Encoder :Tariq L Walker Download From Yoteshin linkDownload Here  720p (850 MB) Openload LinkDownload Small File Size 360p (420 MB) Openload Link
6.4
IMDB: 6.4/10 605 votes
movie
2011
Priest (2011) 5.7
Priest (2011) လူသားများနဲ့သွေးစုပ်ဖုတ်ကောင်များအကြားတစ်ဦးနဲ့တစ်ဦးရာစုနှစ်ပေါင်းများစွာ ရှည်လျားစစ်ပွဲများကမ္ဘာဂြိုလ်ရဲ့မျက်နှာပြက်ပျက်စီးမှု့နဲ့အတူ သီအိုကရေစီလို့ခေါ်တဲ့ဘုရားကျောင်း Church မှ ဦးဆောင်တိုက်ပွဲဝင်လျက်ရှိပါတယ်.... သူတို့ဟာလူသားများကိုကာကွယ်စောင့်ရှောက်ဖို့ ဧရာမတံတိုင်းကြီးများကိုကာကွယ်ဆောက်လုပ်ထားခဲ့ကြပါတယ်... ထို့အတူ သွေးစုပ်ဖုတ်ကောင်များကိုနှိမ်နင်းရန်အတွက်လည်း အထက်တန်းလွှာသူရဲကောင်းအဖွဲ့ဖြစ်တဲ့ Priest လို့အမည်ရှိတဲ့ ခရစ်ယာန်ဘုန်းတော်ကြီးအဖွဲ့ကို ထပ်မံဖွဲ့စည်းခဲ့ပါတယ်... ထို Priest ခေါ်ဘုန်းတော်ကြီးများရဲ့တိုက်ခိုက်မှု့များကြောင့် သွေးစုပ်ဖုတ်ကောင်အများစုသေဆုံးခဲ့သောကြောင့် ကာလကြာရှည်စွာဆင်နွှဲနေသောစစ်ပွဲနှင့်အတူ ထိုအစွမ်းထက်သောဘုန်းတော်ကြီး အဖွဲ့ကို Church မှပယ်ဖျက်ခဲ့ပါတယ်... ထိုသို့သူတို့အားလုံး သေဆုံးပျောက်ကွယ်သွားပြီလို့ထင်နေကြတဲ့ သွေးစုပ်ဖုတ်ကောင်များ ကြောက်မက်ဖွယ်ရာ ပြန်လည်ပေါ်ထွက်လာတဲ့အချိန်မှာတော့.......ထိုကဲ့သို့အစွန်းထက်လှတဲ့ Pirest တစ်ဦးရဲ့တူမဖြစ်တဲ့ လီလီကောလင်းဟာ  သွေးစုပ်ဖုတ်ကောင်တွေပြန်လည်ပေါ်ထွက်လာမှု့နဲ့အတူ ပြန်ပေးဆွဲခံခဲ့ရပါတယ်...... ဒါကြောင့် ထို Priest ဟာမြို့မှာအာဏာအရှိဆုံးဖြစ်တဲ့ ဘုရားကျောင်းခေါင်းဆောင်ကိုအကူညီတောင်းခဲ့ပေမယ့် သွေးစုပ်ဖုတ်ကောင်တွေပြန်လည်ပေါ်ထွက်လာမှု့ကိုအယုံကြည်မရှိခဲ့ပါဘူး....ဒါကြောင့်သူတစ်ယောက်တည်းပဲ ပြန်လည်ကယ်တင်ရန် ဘုရားကျောင်းရဲ့ စကားတွေကို ငြင်းပယ်ပြီးတော့ မြို့ပြင်ကိုထွက်လာခဲ့ပါတယ်... ထိုကဲ့သို့ သွေးစုပ်ဖုတ်ကောင်တွေပြန်ပြီးတော့ ပေါ်ထွက်လာတဲ့အချိန်မှာတော့ အားလုံးရဲ့ခေါင်းဆောင်လို့ ယူဆလို့ရမယ့် ဦးထုပ်နက်နဲ့ သွေးစုပ်ဖုတ်ကောင်ပါဝင်လာခဲ့ပါတယ်..တခြားသွေးစုပ်ဖုတ်ကောင်တွေနဲ့ ကွာခြားနေတာကတော့ သူဟာလူသားသွေးစုပ်ဖုတ်ကောင်ဖြစ်ပါတယ်.... Priest ဟာလည်းသူ့ရဲ့တူမကိုပြန်လည်ရရှိအောင်ကယ်တင်မှာဖြစ်ပြီးတော့  အစွမ်းထက်တဲ့လူသားနဲ့ လူသားသွေးစုပ်ဖုတ်ကောင်တို့ရဲ့ သတ်ပွဲများကို စိတ်လှုပ်ရှားဖွယ်ရာ  ကြည့်ရှု့ရမှာပဲဖြစ်ပါတယ်.... ဒီ Priest ရုပ်ရှင်ဟာ ဘုန်းတော်ကြီးများအကြောင်းထက် လူသားနဲ့ သွေးစုပ်ဖုတ်ကောင်တို့ရဲ့အကြောင်းကို ရိုက်ကူးတင်ဆက်ပေးထားတဲ့ ကားကောင်းတစ်ကားဆိုရင်လည်းမမှားပါဘူး.... သဘာဝလွန်ကားတွေကြိုက်တဲ့လူတိုင်း ဒီကားကိုသေချာကြည့်ဖို့တိုက်တွန်းလိုက်ပါရစေ... အားလုံးအကြိုက်တွေ့ကြမှာပါ....Quality…..BluRay 1080p Duration…..01:27:00 Format…Mp4 File Size…(627 MB) Encoder…..Moe Myint Lwin Translator…..May Thazin Myint  
5.7
IMDB: 5.7/10 100,135 votes
movie
Priest (2011)
2011
Love You You Island (2011) 6.4
Love You You Island (2011) 2011 ခုနှစ်ကထွက်ရှိခဲ့တဲ့ တရုပ်အချစ်ဇာတ် မြူးဇာတ်လမ်း လေးကိုတင်ဆက်ပေးလိုက်ပါတယ် ဒီဇာတ်ကားလေးက တရုပ်အမေရိကန်ရုပ်ရှင်ပွဲတော်မှာ ဆုတွေရခဲ့ပြီး ပါဝင်သရုပ်ဆောင်ခဲ့တဲ့ မင်းသမီး Zhou Yang ဟာလဲ အကောင်းဆုံးမင်းသမီးဆုကိုရခဲ့ပါတယ် ဇာတ်လမ်း အကျဉ်းလေးကတော့ angelababy ဟာ ကျွန်းတစ်ကျွန်းမှာ အပန်းဖြေစခန်းတစ်ခုကို ဘန်းပြဖွင့်ပြီး နောက်ကွယ်ကနေ တရားမ၀င်စီးပွားရေးလုပ်ငန်းတွေကိုလုပ်ကိုင်နေသူပါ ဒီလိုနဲ့ တစ်နေ့မှာ အလုပ်ကနေ အပန်းဖြေရင်း လာရောက်စုံစမ်း တဲ့ ရှေ့နေ ချောချောလေးနဲ့ တွေ့မိသွားတဲ့အခါမှာတော့ Love You You ဆိုတာဘာလဲဆိုတာ ကိုတော့ ................။ ဘာသာပြန်ကတော့ chu Qiao ပါDownload From Yoteshin Link
6.4
IMDB: 6.4/10 312 votes
movie
Love You You Island (2011)
2011
Magic to Win (2011) 4.8
Magic to Win (2011)   ထူးခြားဆန်းပြားမှုတွေနဲ့ ကမ္ဘာကြီးထဲက ကိုယ်စီ သဘာဝလွန်စွမ်းအားတွေပိုင်ဆိုင်ထားတဲ့ လူသားတွေရဲ့စိတ်ဓာတ်နဲ့ဘဝနေထိုင်မှုအကြောင်း ရိုက်ကူးထားတဲ့ ဇာတ်လမ်းလေးတစ်ပုဒ်ပါ ဘော်လီဘောအရှုံးကြောင့်စိတ်ညစ်နေတဲ့ ချန်မေစီတစ်ယောက် အမှတ်မထင် သူ့ရဲ့ဆရာ ပါမောက္ခကန်နဲ့တိုက်မိပီး သဘာဝလွန်မှော်စွမ်းအားကို ပိုင်ဆိုင်ခဲ့ရပါတယ် မှော်စွမ်းအားကို သူ့ရဲ့နေထိုင်မှုအတွက် လူငယ်ပီပီရမ်းသမ်းအသုံးချနေခဲ့ပါတယ် တစ်ချိန်ထဲမှာပဲ မီးမှော်ဆရာရဲ့ မှော်အစွမ်းလုယူမှုကြောင့် မှော်အစွမ်းဆုံးရှုံးပီး ဝိညာဉ်ဘဝနဲ့ လေလွင့်နေတဲ့ မြေမှော်ဆရာလေး လင်းဖုန်းနဲ့အမှတ်မထင်တွေ့ဆုံရင်း မှော်ပညာလောကကအရှုပ်ထုပ်တွေအကြား ပါဝင်ခဲ့ရပြန်ပါတယ် အချစ်ဟာသလေးနဲ့ ထူးခြားမှုလေးတွေကို မြင်တွေ့နိုင်မှာပါ တစ်ဖက်မှာလည်း အတိတ်မှာ မိသားစုကိုဆုံးရှုံးခဲ့ရလို့ အတိတ်ကိုပြန်ရချင်ပီး ရုန်းမထွက်နိုင်တဲ့ မီးမှော်ဆရာလေးက မှော်တံခါးပေါက်ကိုဖွင့်ဖို့ မှော်ပညာရှင်တွေဆီကအစွမ်းတွေလိုက်စုပ်ရင်း သော့ချက်ကိုရှာဖွေနေခဲ့ပါတယ် ကဲ လင်းဖုန်းရဲ့ဝိညာဉ်ဘဝကို မေစီကယ်တင်နိုင်ပါ့မလား မီးမှော်ဆရာရဲ့လက်ထဲကနေရော ပြေးလို့လွတ်ကြမလား လောကမှာ ဘယ်လိုအချိန်တွေကပုံရိပ်တွေဖြစ်ပီး ဘယ်လိုအချိန်တွေကို တန်ဖိုးထားသင့်ပါသလဲ လူသားတစ်ယောက်အနေနဲ့ဖြစ်တည်လာရင် ကိုယ်ပိုင်အစွမ်းမရှိပါစေ လောကကြီးအတွက် အကျိုးပြုလုပ်ငန်းလေးတွေကို လုပ်က်ုင်ပီး လောကကြီးကို ကျေးဇူးဆပ်သင့်ပါတယ်ဆိုတဲ့အကြောင်းကို ဟာသလေးရောပီး တင်ဆက်ထားတဲ့ကားကောင်းတစ်ကားပါ ပင်ပန်းထားသမျှတွေ အဝေးကိုခေတ္တလွှင့်ပစ်ဖို့ Magic To ...
4.8
IMDB: 4.8/10 276 votes
movie
Magic to Win (2011)
2011
The Darkest Hour (2011) 4.9
The Darkest Hour (2011) ဒီဇာတ်ကားလေးကတော့ IMDb rating 4.9 ရထားတဲ့ သဲထိတ်ရင်ဖို ဇာတ်ကားလေးပဲဖြစ်ပါတယ်။ ဒီဇာတ်ကားလေးကိုကြည့်ရှ့ရင်းနဲ့ လူတစ်ယောက်ရဲ့ကံကြမ္မာအလှည့်အပြောင်းတွေကိုတွေ့ရမှာပါ မော်စကိုမြို့ကို အလည်ရောက်လာတဲ့ အမေရိကန်နိုင်ငံက ကောင်မလေးနှစ်ယောက်နဲ့ကောင်လေးနှစ်ယောက်တို့ Clubတစ်ခုမှာစုံရာက စကြနောက်ကြရင်းနဲ့သူငယ်ချင်းတွေဖြစ်လာခဲ့ကြပါတယ်။ ဒါပေမဲ့ လူတစ်ရောက်ရဲ့ကံကြမ္မဆိုတာ ဆန်းကျယ်လွင်းလှပါတယ် အကြောင်းကတော့ ရုရှားနိုင်ငံကို ကမ္ဘာမြေကြီးရဲ့ဒဏ်ခတ်မှူ့လို့ပဲပြောရမလား မမြင်နိုင်တဲ့ စွမ်းရှင်အကောင်တွေရောက်ရှိလာပြီးတိုက်ခိုက်ခဲ့လို့လူတွေအများပြားကတ်ဘေးစိုက်ခဲ့ရပါတယ်။ ဒီအကောင်တွေဟာ ထိတွေ့ကိုင်သွယ်လို့မရသလို နှိမ်းမဲ့နည်းလမ်းတွေလဲမသိကြသေးသာမို့ လူတွေအတော်များများ ဒုက္ခရောက်သေကြေပျက်စီးခဲ့ကြရပါတယ်။ ဒီဒုက္ခတွေမှာ သူတို့လဲအလူးအလဲခံကြရင်း အခက်အခဲတွေကိုဘယ်လိုဖြတ်ကျော်ကြမလဲဆိုတာ အရမ်းစိတ်oင်စားစရာကောင်းတာမို့ ပုရိတ်သတ်ကြီးကပဲ ဆက်လက်ကြည့်ရှု့လိုက်ပါလို့ပြောပါရစေဗျ... (ဇာတ်လမ်းအညွှန်းနဲ.ဘာသာပြန်သူကတော့ စိုးရာဇာပဲဖြစ်ပါတယ်) File Size : 650 MB /300 MB Quality : Bluray 720P Running Time : 1hr 29minutes Format : Mp4 Genre :   Action, Adventure, Horror Encoder : Thanhtike Zaw Download and Watch (YP Link) Download Here Bluray 720p (650 ...
4.9
IMDB: 4.9/10 50,594 votes
movie
The Darkest Hour (2011)
2011
From Up on Poppy Hill (2011) 7.4
From Up on Poppy Hill (2011) ဒီကားကတော့ 2011 ခုနှစ်မှာ ထွက်ရှိခဲ့ပြီး 1963 ခုနှစ် ယိုကိုဟားမားကို အခြေပြုရိုက်ကူးထားပါတယ်.. ဒီကားရဲ့အဓိကထူးခြားချက်ကတော့ ဆွတ်ပျံ့ကြည်နူးစရာ သီချင်းနောက်ခံလေးတွေ တော်တော်များများပါရှိတာပဲဖြစ်ပါတယ်.. ဇာတ်လမ်းအကျဉ်းကတော့ Umi ဆိုတဲ့ ၁၆ နှစ်အရွယ်ကောင်မလေးနဲ့ Shun ဆိုတဲ့ကောင်လေးတို့အကြောင်းပဲဖြစ်ပါတယ်.. Umi ဟာ အဖေဆုံးသွားပြီးနောက် အလုပ်များလွန်းတဲ့အမေနဲ့လဲ အတူမနေနိုင်ဘဲ အဖွားအိမ်မှာနေထိုင်ရတဲ့ လူကြီးဆန်ဆန်ရင့်ကျက်လှတဲ့ကောင်မလေးပါ.. သူ့အကျင့်ကတော့ အိမ်ရှေ့မှာ အမြဲတမ်း အလံလေးတွေ လွှင့်ထူထားတတ်တာပါပဲ... သူ့ညီမလေးကတော့ အလှအပမက်ပြီး ဆယ်ကျော်သက်ပီပီ စိတ်ကစားလွယ်လွန်းတဲ့ကလေးမလေး.. အဲဒီညီမလေးကြောင့်ပဲ Hero ဆန်ဆန် ရဲရင့်တည်ကြည်ပြီး အမှန်တရားဘက်ကရပ်တည်တတ်တဲ့ Shun နဲ့ စတင်တွေ့ဆုံခွင့်ရခဲ့ပါတယ်.. သူတို့ကျောင်းမှာ ကိုယ်ဝါသနာပါရာကလပ်အဖွဲ့တွေ စုဝေးနေထိုင်တဲ့ Latin Quarter ဆိုတဲ့အဆောက်အဦးကြီးတစ်ခု ရှိပါတယ်.. ကလပ်အဖွဲ့ဆိုတာကလဲ သင်္ချာကလပ်.. ဒဿနိကကလပ်.. ဓာတုဗေဒကလပ်.. ကဗျာကလပ်စသဖြင့် ဆယ်ကျော်သက်ကျောင်းသားတို့ရဲ့ အိမ်မက်တည်ရာ သူတို့ကမ္ဘာကြီးတစ်ခုပေါ့ဗျာ... ခက်တာက ...
7.4
IMDB: 7.4/10 20,854 votes
movie
From Up on Poppy Hill (2011)
2011
Force (2011) 6.3
Force (2011)   Bollywood ပရိတ်သတ်တွေအတွက် Bollywood ရဲ့ အက်ရှင်မင်းသားကြီး ဂျွန်အေဗရာဟင်ရဲ့ အလန်းစားရုပ်ရှင်တကားကို တင်ဆက်ပေးလိုက်ပါတယ်။ ဘယ်လောက်လန်းလဲဆို IMDB မှာ 6.3 နဲ့ Rotten Tomatoes မှာ100% အပြည့်ပါပဲ့ ACP ရာက်ရှ်ဗါဒန်ဟာ မူးယစ်နှိမ်နှင်းရေးရဲအရာရှိတစ်ဦးဖြစ်ပြီး မူးယစ်ဂိုဏ်းအများစုကိုဖမ်းစီးဖို့ကြိုးစားနေသူတဦးပါ။ တနေ့မှာ အာရ်ဗင်ဆိုတယ့် လူတစ်ဦးရဲ့ သတင်ပေးမှု့နဲ့ မွန်ဘိုင်းမြို့က အဓိက မူးယစ်ဂိုဏ်းလေးဂိုဏ်းကို အပြီးနှိမ်နှင်းနိုင်ခဲ့ပါတယ်။ ဒါပေမယ့် အာရ်ဗင်ကလည်း မူးယစ်ရာဇာတစ်ဦးဖြစ်တယ့် ဗစ်ရှ်နူးရဲ့ အစီအစဉ်အတိုင်း တခြားဂိုဏ်းတွေအပြီးရှင်းသွားဖို့အကြံပါ့ တခြားဂိုဏ်းတွေ အကုန်ရှင်းသွားတယ့်အတွက် ဗစ်ရှ်နူးက ဈေးကွက်ကိုအဓိကချုပ်ကိုင်လာပါတော့တယ်။ ဒီအချိန်မှာတော့ ACP ရာက်ရှ်ဗါဒန် နဲ့ ဗရှ်နူးထိပ်တိုက်တွေ့ဖို့ ဖြစ်လာပါတော့တယ်။ တချို့တချို့သော ဘောလီဝုဒ် ကားတွေလို လေပေါ်ဝဲအခန်းတွေလုံးဝမပါပဲ အလန်းစားအက်ရှင်တွေနဲ့တင်ဆက်ထားတယ့် ကားကောင်းတကားပဲ့ ACP ရာရှ်ဗါဒန်နေရာမှာ ဘောဒီတောင့်တောင့်မင်းသား ဂျွန်အေဗရာဟင်မ်က ပါဝင်ထားပြီး အဓိက ဗီလိန် ဗစ်ရှ်နူးနေရာမှာတော့ Commando ...
6.3
IMDB: 6.3/10 5,514 votes
movie
Force (2011)
2011
DVD-Rip 720p
Journey to Agartha (2011) 7.3
Journey to Agartha (2011) ဒီကားဟာ လတ်တလောလူကြိုက်များနေတဲ့ Kimi no Nawa ( YourName ) ရဲ့ ဒါရိုက်တာ Makoto Shinkai ရဲ့ ဇာတ်ကားဟောင်းလေးပါ.. 2011 ခုနှစ်က ထွက်ခဲ့တာဖြစ်ပြီး ဇကာတင်ဆု ၆ ခုနဲ့ 2012 Tokyo Anime Award ၁ ခု ရရှိခဲ့တဲ့ကားပဲဖြစ်ပါတယ်... Shinkai ဟာ ကာတွန်းလောကမှာ တကယ်အရည်အချင်းရှိတဲ့ဒါရိုက်တာတစ်ယောက်အဖြစ် ထင်ရှားသလို.. သူ့ကားတွေကလဲ အရောင်အသွေးလှပညီညွတ်မှု... အသံပိုင်းဆိုင်ရာ ဆန်းသစ်မှု.. ဆန်းကြယ်တဲ့ဇာတ်လမ်းဇာတ်ကွက်တို့ကြောင့် ဆွဲဆောင်မှုအပြည့်ရှိတဲ့ကားတွေ ဖြစ်ပါတယ်... ဒီကားမှာတော့ Asuna နဲ့သူ့ဆရာဟာ သေဆုံးသွားပြီးဖြစ်တဲ့ ချစ်ရသူတွေကို မြေအောက်ကမ္ဘာထဲအထိ သွားရောက်ရှာဖွေတွေ့ဆုံတဲ့အကြောင်းကို ရိုက်ကူးထားတာဖြစ်ပါတယ်... ဇာတ်လမ်းရဲ့ အလှည့်အပြောင်းအပြင် ဇာတ်အိမ်တည်ထားပုံက သာမာန်မဟုတ်တာမို့ ဇာတ်လမ်းအကျဉ်းကိုတော့ မရေးတော့ပါဘူး... သေချာတာကတော့ အပြင်ကမ္ဘာနဲ့မတူတဲ့ နောက်ခံရှုခင်းတွေ... ကြည်ပြီးပြတ်သားတဲ့အရောင်တွေ... အလင်းအမှောင်တွေနဲ့ ထူးဆန်းပြီးဆွဲငင်မှုရှိတဲ့ ...
7.3
IMDB: 7.3/10 8,171 votes
movie
Journey to Agartha (2011)
2011
Mission Impossible : Ghost Protocol(2011) 7.4
Mission Impossible : Ghost Protocol(2011) ကျွန်တော်တို့ဘဝမှာ No Plan,No Backup,No Choice အခြေအနေဖြစ်နေတဲ့ အခက်အခဲတွေကိုကြုံ ဖူးကြမှာပါ...ဒီဇာတ်ကားထဲကလိုပေါ့...ဒီဇာတ်ကားလောက်တော့ ရင်ထိတ်သည်းဖိုကြုံ ဖူးကြမည်မထင်ပါ... ကျွန်တော်အကြိုက်ဆုံးဇာတ်ကားတွေထဲမှာ Mission Impossible ဇာတ်ကားတွေလဲပါပါတယ်.. Mission Impossible ဇာတ်ကားတိုင်းဟာ ဆွဲဆောင်မှုရှိတဲ့ ဇာတ်လမ်းဇာတ်ကွက်၊ မရိုးနိုင်တဲ့စွန့်စားခန်းတွေနဲ့ ရုံဝင်ငွေကိုဦးဆောင်နိုင်ခဲ့တာချည်းပါပဲ... ဒီဇာတ်ကားရဲ့ ဇာတ်လမ်းအကျဉ်းကတော့... အကြမ်းဖက် သမားများက ကရင်မလင် နန်းတော်ကို ဗုံးခွဲ ခြင်းကို မတားဆီး နိုင်ခဲ့ခြင်းကြောင့် IMF အတွက် လျှို့ဝှက်ထောက် လှမ်းရေး လုပ်ဆောင်နေ သည့် အီသန်ဟန့်နှင့် ထောက်လှမ်းရေး အေဂျင်စီ တစ်ဖွဲ့လုံး နုတ်ထွက်ရ သည်။ အဖွဲ့အစည်း အထောက်အပံ့ မရတော့ သော်လည်း အီသန်က လက်မလျှော့ဘဲ သူနာမည်နှင့် အေဂျင်စီ ဂုဏ်သတင်းကို ကာကွယ်ဖို့နဲ့ နောက်ထပ် တိုက်ခိုက်မှု မဖြစ်ရန် ပြန်လည် လှုပ်ရှားသည်။ သို့သော် သူနှင့်အတူ ရည် မှန်းချက်မတူသူများလည်း ပါဝင်နေရာ အီသန်တစ်ယောက် သူရဲ့ အထူးတာဝန်ကို အောင်မြင် ...
7.4
IMDB: 7.4/10 376,581 votes
movie
Mission Impossible : Ghost Protocol(2011)
2011