Channel Myanmar
2014
The Hunger Games: Mockingjay – Part 1 (2014) 6.6
The Hunger Games: Mockingjay – Part 1 (2014) The Hunger Games: Mockingjay - Part 1 ပြိုင်ပွဲကြီးပြီးဆုံးသွားခဲ့ပါပြီ ။ ကတ်နစ်တစ်ယောက်ပစ်လွှတ်လိုက်တဲ့မြှားတစ်စင်းက တကယ့်ကိုပဲပြိုင်ပွဲကိုအဆုံးသတ်စေခဲ့ရပါတယ်။ အရာအားလုံးကိုပြန်ပြီးတော့ သတိရနိုးထလာတဲ့အချိန်မှာ သူ့အနားမှာပီတာမရှိတော့ပါဘူး။ သူကိုယ်တိုင်လဲ နယ်မြေ၁၃ရဲ့အရိပ်အောက်မှာခိုလှုံနေရပါပြီ။ ပီတာနဲ့ ဂျိုဟန်နာတို့ကိုကတ်ပီတယ်ကနေခေါ်ဆောင်သွားခြင်းခံရတယ်ဆိုတာ ကောင်းတဲ့ကိစ္စတော့ မဟုတ်ဘူးဆိုတာကို ကတ်နစ်တစ်ယောက်ယူကြုံးမရဖြစ်ခဲ့ရပါတယ်။ တော်လှန်ရေးစတင်ဖို့အတွက်ပုံရိပ်တစ်ခုဖြစ်တဲ့မော့ကင်းဂျေနေရာမှာ ကတ်နစ်ကိုပါဝင်အားဖြည့်စေဖို့အတွက်တိုက်တွန်းမှုတွေများစွာလုပ်ခဲ့ရပါတယ်။ နယ်မြေ ၁၂ကိုပြန်လည်သွားရောက်ကြည့်ရှုလိုက်တဲ့အချိန်မှာတော့ ကတ်နစ်ဟာတော်လှန်ရေးထဲကိုပါဝင်တော့မယ်ဆိုပြီး ဖြစ်လာပါတယ်။ ဒါပေမယ့် ပီတာနဲ့တခြားသောအောင်နိုင်သူတွေကိုကယ်တင်ဖို့ကလဲရှိပါသေးတယ်။ ဒီအပိုင်း မှာတော့တိုက်ခိုက်မှုနည်းနည်းနဲ့ အခြေအနေကိုသုံးသပ်ပြီးတော့ရိုက်ကူးထားတဲ့အကြောင်းကိုကြည့်ရှုရမှာပါ။ ကတ်နစ်အဲဗားဒင်းနဲ့ ကတ်ပီတယ်ကနေကယ်ထုတ်လာရတဲ့ ပီတာမယ်လာ့ခ်တို့ရဲ့ပြန်လည်တွေ့ဆုံတဲ့အခြေအနေကတော့ တကယ့်ကို စိတ်မကောင်းစရာလို့ပဲဆိုရမှာပါ။ File Size : (1.73 GB,892 MB) Quality : Blu-ray 1080p,720p Running Time : 2h 03min  Format : Mp4 Genre : Action, Adventure, Sci-Fi Subtitle : Myanmar Subtitle (Hard Sub) Source : Blu-ray 1080p  Translated by Charm Encoded by sithu
6.6
IMDB: 6.6/10 379,501 votes
movie
The Hunger Games: Mockingjay – Part 1 (2014)
2014
Blu-Ray 1080p/720p
Coming Home (2014) 7.2
7.2
IMDB: 7.2/10 5,147 votes
movie
Coming Home (2014)
2014
Godzilla (2014) 6.4
Godzilla (2014) 2014 ခု နှစ်မှာထွက်ရှိခဲ့တဲ့ Godzilla ရုပ်ရှင်ဇာတ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်.. IMDb Rating6.4 ရရှိထားပြီးတော့ Rotten Tomatoes 75% အထိလည်းရရှိထားပါတယ်.. ဒါရိုက်တာ Gareth Edwards ကနေ ရိုက်ကူးတင်ဆက်ထားခြင်းဖြစ်ပါတယ်..ဂျပန်နိုင်ငံက ရိုက်ကူးခဲ့တဲ့ Godzilla ဇာတ်လမ်းတွဲကို အမေရိကပုံစံ အသက်သွင်းပြန်လည်ရိုက်ကူးတင်ဆက်ထားခြင်းဖြစ်ပါတယ်.. အချွန်အတက်များနဲ့ရက်စက်ယုတ်မာစွာ..အဖျက်စွမ်းအားကောင်းတဲ့အထပ်မြင့်မိုးမျှော်အဆောက်အဦးများထက်ကြီးမားတဲ့သတ္တ၀ါကြီးတွေဟာ လူသားတွေရဲ့ရပ်တည်မှုကိုခြိမ်းခြောက်လာစဉ်မှာ ဘယ်လိုတွေဖြစ်လာမလဲဆိုတာကို ကြည့်ရှုခံစားရမှာပဲဖြစ်ပါတယ်.. ဒီတစ်ခါတော့ ဟောလိဝုဒ်က ဂျပန်တွေရဲ့ Godzilla ဇာတ်လမ်းကို ကောင်းအောင် ရိုက်နိုင်ခဲ့ပါပြီ။ ၁၉၉၈ တုန်းက နာမည်ပျက်ခဲ့တဲ့ Godzilla ဇာတ်ကား နဲ့ဒီကားက တစ်ခြားစီပါပဲ။ လက်ရှိ Godzilla ဇာတ်ကားက ဂျပန် တွေတီထွင်ခဲ့တဲ့ Gojira (Godzilla) ရဲ့ မူလ ဇာတ်လမ်းကို မှီငြမ်းပြီး ရိုက်ကူးခဲ့ပါတယ်။ ဇာတ်လမ်းကတော့ ၁၉၅၄ ကျော်လောက်ကတည်း Castle Bravo Nuclear Bomb Testing လုပ်တာကို ပြခဲ့ပြီး အဲ့ဒီတုန်းက ဗုံးက စမ်းသပ်ဗုံးမဟုတ်ပဲ Godzilla ...
6.4
IMDB: 6.4/10 344,476 votes
movie
Godzilla (2014)
2014
Murderer ( 2014 ) 4.6
Murderer ( 2014 ) ဖက်တီးမင်းသားကြိုက်နှစ်သက်သူတွေအတွက် ဒီတစ်​​ခေါက်​မှာ​တော့ korea movie ကား​လေးဖြစ်​တဲ့ The murderer ဆိုတဲ့ ဇာတ်​ကား​လေးပဲဖြ်​ပါတယ်​ ဒီဇာက်​ကားမှာ​တော့ အဓိကသရုပ်​​ဆောင်​အဖြစ်​ Train to busan ဇာက်​ကားမှ မင်းသားကြီး Ma Dong Seok(Joo Hyub) မှ သဘာဝကျကျ သရုပ်​​ဆောင်​ထားပြီး မင်းသားမင်းသမီးငယ်​​လေး​တွေဖြစ်​တဲ့ Ahn Do Kyu(Yong Ho) နဲ Kim Hyun Soo(Ji soo )အဖြစ်​ သရုပ်​​ဆောင်​ထားပါတယ်​ ဇာက်​လမ်းအ​နေနဲက Mr Joo Hyub က ​သွေး​အေးလူသတ်​သမားတစ်​​ယောက်​ဖြစ်​ပြီး သူ့သားဖြစ်​သူ Yong Ho နဲ့ မြို့ငယ်​​လေးတစ်​ခုမှာ ​နေပါတယ်​ သူတို့က ​ခွေး​မွေးတဲ့ အလုပ်​ကိုလုပ်​ကြ​တော့ Yong Ho က ​ကျောင်းမှာဆို အစခံရပြီး အနိုင်​ကျင့်​ခံရတဲ့ ​ကျောင်းသား​လေးတစ်​​ယောက်​ပါ ​နောက်​​တော့ Ji Soo ဆိုတဲ့ ​ကောင်​မ​လေးတစ်​​ယောက်​က Yong Ho တို့​ကျောင်းကို ဆိုးလ်​က​နေ​ပြောင်းလာခဲ့ပါတယ်​ သူတို့နှစ်​​ယောက်​က သူငယ်​ချင်း​တွေ ဖြစ်​လာပြီး ​နောက်​​တော့ Ji ...
4.6
IMDB: 4.6/10 19 votes
movie
Murderer ( 2014 )
2014
Happy New Year (2014) 5.1
Happy New Year (2014) အလုပ်ပိတ်ရက်မှာ မိသားစုနဲ့ ရုပ်ရှင်ကြည့်ဖို့ စိတ်ကူးထားရင်တော့ ရုံတင်နေပြီဖြစ်တဲ့ ဂီတ ဟာသဘောလိဝုဒ် ရုပ်ရှင်ကားလေးက စိတ်ကြည်နူးပျော်ရွှင် စေနိုင်မှာပါ။ နာမည်ကြီး သရုပ် ဆောင်တွေ ဖြစ်တဲ့ ရှာရွတ်ခန်း၊ အဘီရှက် ဘက်ချန်း၊ ဒီပီကာ ပါဒူကုန်း၊ ဘိုးမန်းအီရာနီ တို့တစ်တွေကို တစုတစည်းတည်း ကြည့် ရှုရမှာပါ။ ချာလီလို့ လူသိများတဲ့ ချန် ဒရာမိုဟန်မန်နိုဟာရှာမာဟာ ချာ ရန်ဂရိုဗာဆိုသူကို လက်စားချေ ဖို့အတွက် ဖိုက်တာတစ်ယောက် အနေနဲ့ ရှစ်နှစ်နီးပါး စောင့်ဆိုင်း နေခဲ့ပါတယ်။ သူ့အဖေဖြစ်သူကို ရှာလီမာစိန်တွေ ခိုးယူတယ်ဆိုပြီး ချာရန်ဂရိုဗာက စွပ်စွဲခဲ့လို့ သူ့အ ဖေဟာ သူခိုးတစ်ယောက်အဖြစ် နာမည်ဆိုးတွင်ကျန်ခဲ့ရတဲ့အ တွက်ပဲ ဖြစ်ပါတယ်။ ချာလီဟာ သတင်းတစ်ခု ဖတ်ရင်း ခရစ္စမတ်နေ့ မတိုင်ခင် တစ်ရက်မှာ အတ္တလန္တိတ်ဟိုတယ် ကို စိန်တွေ ရောက်ရှိမယ်ဆိုတာ သိရှိခဲ့တာကြောင့် ခိုးယူဖို့ ကြိုး စားပြီး ဂရိုဗာကို ...
5.1
IMDB: 5.1/10 31,369 votes
movie
Happy New Year (2014)
2014
Annabelle (2014) 5.4
Annabelle (2014) 2013 တုန်းက ထွက်ရှိထားခဲ့တဲ့ The Conjuring နောက်ကနေ 2014 မှာဒီဇာတ်ကားထွက်လာပါတယ်.. သရဲကားမို့လို့ထူးထူးခြားခြားအညွှန်းတွေပေးမနေတော့ပါဘူး CM ပရိတ်သတ်လည်းဒီ အရုပ်နဲ့ပတ်သတ်တဲ့ဇာတ်ကားကိုမစိမ်းဘူးလို့ထင်ပါတယ်.. မကြည့်ဖူးဘူးဆိုရင်လည်းသေချာကြည့်လိုက်ပါ.. အတော်ကြောက်ဖို့ကောင်းတဲ့သရဲဇာတ်လမ်းဖြစ်ပြီး သရဲကားကောင်းကောင်းတွေကိုမှကြည့်ချင်တဲ့သူတွေ အတွက်တော့အထူးအကြိုက်တွေ့စေမယ့်ဇာတ်ကားမျိုးပါ.. .ကြောက်တတ်သူများ.. နှလုံးရောဂါရှိသူများ နှင့် ကလေးသူငယ်များ.. တစ်ဦးတစ်ယောက်တည်းကြည့်ချင်းလုံးဝမသင့်တော်ပါ   ဒီရုပ်ရှင်ကားကို Hein Thet Naing မှ ဘာသာပြန်ပေးထားပါတယ်
5.4
IMDB: 5.4/10 120,552 votes
movie
Annabelle (2014)
2014
Blu-Ray 1080p
The Admiral: Roaring Currents (2014) 7.1
The Admiral: Roaring Currents (2014) The Admiral: Roaring Currents (2014) IMDb....7.1/10_______Rotten - 83%   လီဆွန်းရှင်းဟာ ဂျိုဆွန်းတပ်မတော်မှာ အမှုထမ်းချိန်က စပြီး အောင်ပွဲတွေ အလီလီ ရခဲ့ပြီး ထင်ရှားလာခဲ့တယ်။ ၆လအတွင်းမှာ ထိပ်တန်းရာထူး သုံးဆင့်တက်တဲ့အထိ ထူးချွန်ခဲ့ပြီး ဂျပန်စစ်မင်း Toyotomi Hideyoshi ရဲ့ ကိုရီးယားကို ကျူးကျော်စစ် (Imjin War) စတင်ချိန်မှာ လီဆွန်းရှင်းဟာ ရေတပ်သေနာပတိဖြစ်နေပါပြီ။ ဂျပန်တွေရဲ့ကျူးကျော်တိုက်ခိုက်ချိန်မှာ ကြည်းတပ်တိုက်ပွဲတွေမှာ အသာစီးရခဲ့ပေမယ့် လီဆွန်းရှင်းဦးဆောင်တဲ့ရေတပ်ကိုတော့ မစိုးမိုးနိုင်ခဲ့ဘူး.... ကိုရီးယားကို ရေကြောင်းနဲ့ စိုးမိုးချင်ရင် လီဆွန်းရှင်းမရှိမှ ဖြစ်မယ်ဆိုတာကို ရိပ်စားမိလာတဲ့ ဂျပန်တွေဟာ ဂျိုဆွန်းရဲ့နန်းတွင်းရေး မတည်ငြိမ်မှုကို အခွင့်ကောင်းယူပြီး သူလျျှိုသွင်းတဲ့အပြင် သစ္စာဖောက် အမတ်တွေနဲ့ ပေါင်းကြံပြီး ထောင်ချောက်တစ်ခု ဆင်ပါတယ်။ ဂျပန်ရေတပ်တွေရဲ့ သတင်းကို ကိုရီးယားသစ္စာခံအယောင်ဆောင် ဂျပန်သူလျှိုကနေ တစ်ဆင့်ပို့တဲ့အခါ ဘုရင်ဆွန်းဂျိုက လီဆွန်းရှင်းကို သွားတိုက်ခိုင်းတယ်။ ဒါဟာထောင်ချောက်မှန်း ရိပ်စားမိနေတဲ့ လီဆွန်းရှင်းက အမိန့်ကို ဖီဆန်ပြီး မတိုက်တဲ့အခါ ထီးနန်းကိုလုပ်ကြံမယ့်သူအဖြစ် စွပ်စွဲခံရတော့တယ်။ လီဆွန်းရှင်းကို စစ်သည်တွေနဲ့ ပြည်သူတွေက ကြည်ညို ကြတာကို မနာလိုတဲ့အပြင် သူ့ထီးနန်းကိုပါ စိတ်မချဖြစ်နေတဲ့ ဘုရင်ဆွန်းဂျိုဟာ လီဆွန်းရှင်းကို ဖမ်းပြီး ရာထူးချတဲ့အပြင် နှိပ်စက် စစ်မေးစေတယ်။ အထက်ကပြောခဲ့တာတွေဟာ ဒီဇာတ်ကားမှာ မပါပါဘူး...ဒီကားရဲ့အစကတော့ လီဆွန်းရှင်းမရှိတဲ့ရေကြောင်းကို ဂျပန်တွေအသာစီးရပြီးတဲ့အချိန်မှာမှ ဘုရင်ဆွန်းဂျိုကနေ လီဆွန်းရှင်းကို ပြန်လည်တာဝန်ပေးအပ်ပြီး ဂျပန်ရေတပ်ကိုခုခံတိုက်ခိုက်စေခဲ့တာနဲ့စပါတယ်... လီဆွန်းရှင်းအတွက် ပထမတိုက်ပွဲက လက်ကျန် ...
7.1
IMDB: 7.1/10 9,781 votes
movie
The Admiral: Roaring Currents (2014)
2014
Blu-Ray 720p/1080p 5.1
Before We Go (2014) 6.9
Before We Go (2014) Before We Go ဆိုတဲ့ ရုပ်ရှင်ကားကို ကျနော်တို့ အသဲစွဲ ကတ်ပတိန် အမေရိက (Chris Evans) ကိုယ်တိုင်ရိုက်ကူးထားပြီး သူကိုယ်တိုင် ပါဝင်သရုပ်ဆောင်ထားပါတယ်... သူကိုယ်တိုင်ရိုက်လို့ ဟာ.. ဖြစ်ပါ့မလားဘယ်လိုကြီးလဲ လို့ စိတ်ထဲက တွေးမိလိုက်တယ် ပြီးတော့ ရုပ်ရှင်မကြည့်ခင် ရောဂါ တစ်ခုဖြစ်တဲ့ IMDb ၀င်မွှေကြည့်တော့ Rate က 6.9 ရှိနေတော့ အံ့သြောစရာ :) ရုပ်ရှင်ကားတွင် ပါဝင်တဲ့ မင်းသမီးဖြစ်သူ Alice Eve ကလဲ ခေသူ မဟုတ် Night at the Museum: Secret of the Tomb တို့ She's Out of My League တို့လို ရုပ်ရှင်ကားကောင်းတွေမှာ သရုပ်ဆောင်ခဲ့ဖူးတဲ့ မင်းသမီး.... ဇတ်လမ်း အစ မှာ Nick က ဘူတာရုံထဲမှာ ထရန်းပတ် မှုတ်ရင်း ပိုက်ဆံရှာနေစဉ် ...
6.9
IMDB: 6.9/10 28,523 votes
movie
Before We Go (2014)
2014
John Wick(2014) 7.3
John Wick(2014)   John Wick(2014) JOHN WICK ဆိုတဲ့သူဟာ ကြေးစားလူသတ်သမားတစ်ယောက်.... ကြေးစားလူသတ်သမားလောကတင်မဟုတ်ဘူး...ရဲဘက်ကတောင် JOHN WICK ဆိုတဲ့သူကို ထိတ်လန့်ကြောက်ရွံ့နေတယ်လို့ပြောရမည်ထင်သည်.... လူသတ်လက်နက်ပေါင်းစုံနဲ့အပစ်အခတ်တွေ၊သွေးသံရဲရဲတွေနဲ့ လောကငရဲကြားကနေ ချစ်ခြင်းမေတ္တာအရင်းခံပြုပြီး မိန်းကလေးတစ်ယောက်ကJOHN WICK ကိုနွေးထွေးတဲ့သီးခြားကမ္ဘာငယ်လေးဆီခေါ်ဆောင်လာခဲ့တယ်.. JOHN WICKကြီးအတွေ ပျော်စရာနေ့ရက်တွေပေါ့..သို့ပေမယ့် သူကြာကြာကံမကောင်းခဲ့ရှာဘူး.... JOHN WICK ရဲ့ အမျိုးသမီးဟာ ကင်ဆင်ရောဂါနဲ့ဆုံးပါးသွားတယ်... တစ်ယောက်တည်းအထီးကျန်မနေပဲ သူမကိုယ်စား ဒီခွေးလေးကို ဂရုစိုက်ပါ၊ချစ်ပါလို့စာရေးခဲ့ရင် ခွေးလေးတစ်ကောင်ကို ထားခဲ့တယ်...ခြောက်ကပ်လုဆဲဆဲ JOHN WICK ရဲ့ ကမ္ဘာလေးထဲမှာ သူ့ရဲ့ခွေးလေးက နောက်ဆုံးလက်ကျန် အစွမ်းအဆမဲ့ သံယော်ဇဉ်အမျှင်တန်းလေးတစ်ခုပါပဲ... တစ်နေ့တော့ ရုရှားမာဖီးယား ဂိုဏ်းက လူငယ်သုံးဦးက John Wick စီးတဲ့ 69 Mustang ကြီးကို တွေ့သွားပြီး လိုချင်လို့ ၀င်ခိုးရာကနေ John ရဲ့ ခွေးလေးကို ပါသတ်ပစ်ခဲ့ပါတယ်။ ခွေးတော့ခွေးပါပဲ..ဒါပေမယ့် ဒီခွေးက JOHN WICK ရဲ့ခွေးဖြစ်နေတယ်.... အဲ့ဒီနောက်မှာတော့ ဇာတ်လမ်းက သာမန် Revenge ဇာတ်ကားဖြစ်ပေမယ့် အက်ရှင် အရမ်းကောင်းသလို ဇာတ်ရှိန်အတက်အကျ မှန်တာကြောင့် ပရိတ်သတ် အနေနဲ့ လုံးဝမပျင်းရပါဘူး။ တစ်ကားလုံး စိတ်ဝင်စားဖို့ ...
7.3
IMDB: 7.3/10 423,545 votes
movie
John Wick(2014)
2014
Blu-Ray 720p
The Divine Move(2014) 6.7
The Divine Move(2014) The Divine Move(2014) IMDb...6.7 မိုးသည်းထန်စွာ ရွာသွန်းနေတဲ့ညတစ်ည.... မိုးချိန်းသံတွေကိုဥပေက္ခာပြုပြီး အခန်းတစ်ခုအတွင်းမှာ လူ(၂)ယောက်ဂိုကစားနေကြတယ်... လောင်းကစားလောကဟာ တစ်ကွက်ကြိုမြင်သူ နှာတစ်ဖျားသာစမြဲမို့  ဘယ်သူမှမသိအောင်  နောက်ခံကစားပေးတဲ့သူလည်း ကိုယ်စီရှိကြတယ်.... အင်္ကျီအနက်နဲ့လူကို နောက်ခံကစားပေးတဲ့သူကတော့ သူ့ရဲ့ညီအရင်းဖြစ်တဲ့ ထုတ်ဆုတ်ပါပဲ... သို့ပေမယ့် သူတို့ညီအကို(၂)ယောက်ကံမကောင်းခဲ့ဘူး...သူတို့ နောက်ခံကစားပေးတာကို တစ်ဖက်အဖွဲ့က သိသွားလို့ ညီအကို(၂)ယောက်လုံး အဖမ်းခံလိုက်ရတယ်... ညီအကို(၂)ယောက်လုံး အားရအောင်နှိပ်စက်သွားတဲ့အပြင် အကိုဖြစ်သူကို လည်ပင်းကိုလှီးသတ်ခံလိုက်ရတယ်... ထယ်ဆုတ်အတွက် မျက်စိရှေ့တွင်ပင် အကိုဖြစ်သူသတ်ခံလိုက်ရတဲ့အပြင် မိမိကိုယ်တိုင်မှာလည်း လူသတ်သမားအဖွဲ့၏ ထောင်ချောက်ဆင်မှုကြောင့် အကိုဖြစ်သူအားသတ်မှုနဲ့ထောင်ကျသွားပါတော့တယ်... ဒီနောက်ပိုင်းတော့  နာကျဉ်းမှုတွေပြည့်နှက်နေတဲ့ ထယ်ဆုတ်အတွက် ကျားနာတစ်ကောင်အသွင်သို့ပြောင်းသွားပါတော့တယ်... ဒီကားက ၂၀၁၄ခုနှစ်မှာထွက်ရှိပြီးတော့ ထယ်ဆုတ်အဖြစ် Woo-sung Jung ကသရုပ်ဆောင်ထားပါတယ်... Cold eyes နဲ့ Steel Rain တို့ကိုကြည့်ဖူးရင် သူ့ကိုရင်းနှီးပြီးသားဖြစ်မှာပါ... အရပ် ၆ပေ ၁လက်မ ၊မျက်လုံးပေါက်မှေးကျဉ်းကျဉ်းနဲ့ ဒီမင်းသားကြီးဟာ Cold eyes ထဲမှာဆို ဘောပင်နဲ့ ဇွတ်ခနဲ ဇွတ်ခနဲ ထိုးသတ်တာကို ကျွန်တော်တို့သဘောကျခဲ့ကြတယ်.. ပြောရရင် ဒီကားကတောင်ပိုတောင်ကြမ်းမယ်ထင်တယ်... ဓားတိုတွေနဲ့ စွတ်ခနဲ လည်ပင်းကိုဖြတ်လှီးတာတွေ မျက်နှာတွေမတွန့်ပဲ ဗိုက်တွေကို ဓားနဲ့ဇွတ်ခနဲထိုးတာတွေ  တကယ့် အမိုက်စား အက်ရှင်ခန်းတွေနဲ့.....ဇာတ်လမ်း ...
6.7
IMDB: 6.7/10 1,658 votes
movie
The Divine Move(2014)
2014
Blu-Ray 1080p 5.1 CH
Flowers in the Attic (2014) 6.1
Flowers in the Attic (2014) ဒီကားလေးကတော့ စာရေးဆရာ V.C Andrews ရဲ့ Flowers in Attic ၀တ္ထုကို အခြေခံပြီး ရိုက်ကူးထားတဲ့ဇာတ်လမ်းတစ်ပုဒ်ပါ။ ဒီဇာတ်ကားက ယောက်ျားသေဆုံးသွားလို့ သိပ်ချမ်းသာတဲ့ မိဘအိမ်မှာ ပြန်ပြီးနေရတဲ့ အမေတစ်ယောက်နဲ့ ကလေးလေးယောက်အကြောင်းကို အခြေခံထားတာပါ။ သာမန်ဇာတ်လမ်းတွေလိုမျိုး မဟုတ်ပဲ အတိတ်မှာ နာကျည်းမုန်းတီးစရာတွေအပြည့်ရှိနေခဲ့ပါ။ မိဘ ခွင့်မပြုခဲ့တဲ့ အိမ်ထောင်ရေးတစ်ခုကို ထူထောင်ခဲ့တဲ့ ကရင်း အမေအရင်း ဖြစ်ပေမဲ့ ကရင်းအပေါ် အသေမုန်းတီးနေတဲ့ ကရင်းရဲ့ မိခင် နဲ့ အပြစ်မဲ့တဲ့ ကလေးလေးယောက်ကို ထပ်ခိုးအခန်းကျဉ်းလေးထဲမှာ ပိတ်ထားတဲ့ အဖွား၊ ရုပ်ဝတ္ထုပစ္စည်းဘယ်လောက်ပဲ ကြွယ်ဝချမ်းသာပေမယ့် မမြင်နိုင်တဲ့ လူတွေရဲ့ စိတ်က အင်မတန်ကြောက်စရာကောင်းတယ်ဆိုတာ ဒီဇာတ်လမ်းထဲမှာ မြင်တွေ့ခံစားရမှာပါ။ အတိတ်က ဘယ်လိုအဖြစ်တွေကြောင့် ကရင်းရဲ့ မိခင်က ကရင်းအပေါ်ကို ဘာကြောင့် အသေမုန်းတီးနေတာလဲ? ကရင်းနဲ့ သူ့ကလေးလေးယောက်ကြားက ဆက်ဆံမှုတွေကရော စိတ်ဖြေစရာမရှိတဲ့အခါမျိုးဆိုရင် အရွယ်ရောက်နေတဲ့ ယောက်ျားလေး မိန်းကလေးတွေရဲ့ စိတ်မှာဖြစ်ပေါ်လာတဲ့  ခံစားမှုတွေ လူတွေက ပိုင်ဆိုင်မှုလောဘတွေနဲ့ ယှဉ်လာတဲ့အခါ သွေးသားတော်စပ်နေပေမယ့် ကြောက်စရာကောင်းတဲ့လုပ်ရပ်တွေကို လုပ်တတ်တဲ့အကြောင်းတွေ ပါဝင်တဲ့ ဇာတ်လမ်းတစ်ပုဒ်ပါ။ သာမန်ပတ်ဝန်းကျင်က လက်ခံနိုင်တဲ့အချက်တွေနဲ့ ကွဲလွဲနေတာမျိုးပါတာဖြစ်တဲ့အတွက် မိသားစုနဲ့ အတူမကြည့်စေချင်ပါဘူး။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့  ...
6.1
IMDB: 6.1/10 7,979 votes
movie
Flowers in the Attic (2014)
2014
Big Hero 6 (2014) 7.8
Big Hero 6 (2014) Big Hero 6 (2014) IMDb - 7.8/10______Rotten - 89% Won 1 Oscar. Another 16 wins & 58 nominations   Walt Disney Animation ရဲ့ နောက်ထပ် လူကြိုက်များလှတဲ့ animation ဇာတ်ကားလေးပါပဲ။ ဝင်ငွေအကောင်းဆုံးဇာတ်ကားအဖြစ် ရပ်တည်ခဲ့တဲ့ ဇာတ်ကားဖြစ်ပြီး ပေးထားတဲ့ Message တွေကောင်းမွန်လှပပါတယ်။ Baymax ရဲ့ ချစ်စရာကောင်းတဲ့ အပြုအမှုလေးတွေနဲ့ ပုံစံတွေကို သဘောကျမိမှာ အမှန်ဖြစ်ပြီး Baymax ရဲ့ လှုပ်ရှားပြုမှုပုံတွေကို ပင်ဂွင်းပေါက်စလေးတွေရဲ့ အပြုအမှုကို ပုံစံတူယူပြီး ဖန်တီးထားတာပါ။ Walt Disney နဲ့အတူ Marvel Entertainment ကပါ ပူးပေါင်းရိုက်ကူးထားတဲ့အတွက် အစောပိုင်းထွက်ခဲ့တဲ့ Walt Disney ဇတ်ကောင်တွေနဲ့ မတူကွာခြားလို့နေပါတယ်။ IMDB Ratings: 7.8/10 ရရှိထားပြီး ကြည့်ဖို့လက်မလွှတ်သင့်တဲ့ ဇာတ်ကားလေးတစ်ခုပါပဲ။ Thit San Khant မှ Encode ၍ တင်ဆက်ပေးထားပါတယ်  
7.8
IMDB: 7.8/10 397,337 votes
movie
Big Hero 6 (2014)
2014
Blu-Ray 1080p
Timeline (2014) 6.9
Timeline (2014) ဘ၀ မှာ အချစ်စစ်ထက် ပို တန်ဖိုးရှိတဲ့ အရာ မရှိလောက်ပါဘူး တစ်ချို့ကတော့ အချစ်စစ်က ကိုယ့်ဘေးနားရှိရက်နဲ့ ပျောက်နေကြတယ် တစ်ချို့ ကိုယ့်ကိုချစ်လာမလားလို့ စောင့်နေရင်း အချိန်တွေ ကုန်ဆုံးကြရတယ် တစ်ချိုကကတော့ အချစ်စစ် နဲ့ ချစ်တာကို တန်ဖိုးမထားတက်ကြဘူး... ဒီရုပ်ရှင်ထဲမှာ တန် ဆိုတဲ့ ကောင်လေးဟာ နယ်မြို့လေးကနေ မြို့ပေါ်ကို ကျောင်းလာတက်ခဲ့တယ် အမေတစ်ခု သားတစ်ခု ဘ၀ကနေ ကိုယ့်ဘာသာ မြို့ပေါ်မှာ ကျောင်းတက်ရတဲ့အခါ အလွဲလွဲ အချော်ချော်လေး တွေ စဖြစ်ရတယ်.. အဲ့ဒီ အလွဲအချော်တွေကို ထိန်းကွပ်ပေးမဲ့ ချစ်စရာ ကောင်မလေး တစ်ယောက် တန် ရဲ့ ဘ၀ ထဲကို စတင် ၀င်ရောက်လာခဲ့တယ်... သက္ကသိုလ်ရဲ့ ဖရက်ရှာဝဲလ်ကမ်း မှာ ဒီကောင်မလေးကို သူစတွေ့တာပေါ့... ဖြစ်ချင်တော့ ပထမဆုံးနေ့ မတိုင်ခင်က တန် တို့ သူငယ်ချင်းတွေ အမူးသောက်ပြီး မှောက်ကြတော့ ကျောင်းရဲ့ ကြိုဆိုပွဲကို နောက်ကျပြီး ရောက်သွားရာက စတာပဲ... သူတစ်ယောက်ထဲလား ဆိုတော့ မဟုတ်ဘူး ဂျွန်ဆိုတဲ့ ကောင်မလေးပါ ပါတယ်.. ဒီတော့ ၂ ယောက်တွဲ အပြစ်ပေးခံရတဲ့ ...
6.9
IMDB: 6.9/10 267 votes
movie
Timeline (2014)
2014
BluRay 720p
Kung Fu Jungle ( 2014 ) 6.5
Kung Fu Jungle ( 2014 ) အမှန်အကန်ချတာကိုမှ ကြည့်ချင်တဲ့သူတွေအတွက် ဒီဇာတ်ကားကို bluray 5.1 CH နဲ့တင်ဆက်ပေးလိုက်ပါတယ် ရုပ်ရှင်အညွှန်းကတော့ mmmovieguide ကဖြစ်ပါတယ်.. Hahou Mo ဟာ သိုင်းပညာသင်ကြားပြသပေးနေတဲ့ ဆရာတစ်ယောက်ဖြစ်ပြီိး လူတစ်ယောက်ကို မတော်တဆသတ်လိုက်မိတဲ့အတွက်ကြောင့် ထောင်ကျနေသူတစ်ယောက်ပါ။ တစ်ရက်တော့ ထောင်ထဲမှာ TV ကြည့်နေတုန်း လူတစ်ယောက် သတ်ခံလိုက်ရတဲ့သတင်းကို ကြားလိုက်မိပါတော့တယ်။ သူဟာ ထိုလူသတ်မှုအကြောင်းကို သိပြီး ထိုအမှုကို စုံစမ်းနေတဲ့ စုံထောက် Luk Yuen-Sum ကို သူ ကူညီပေးမယ်လို့ ဆိုလိုက်ပါတယ်။ ဘယ်လိုလျို့ဝှက်ချက်တွေပေါ်ပေါက်လာမလဲဆိုတာဆက်လက်စောင့်ကြည့်ပါ အက်ရှင်သိုင်းကား ကြိုက်နှစ်သက်တဲ့သူတွေ အကြိုက်တွေ့မယ့် ဇာတ်ကားလေးဖြစ်ပြီး အထူးသဖြင့် ဖိုက်တင်ခန်းတွေက ပိုပြီး ရန်ခုန်စိတ်လှုပ်ရှားဖွယ် ပေးစွမ်းနိုင်မှာပါ။ တချို့အခန်းတွေတော့ အနည်းငယ်ရက်စက်တယ်လို့ထင်ရပြီး အခန်းအများစုကတော့ ကြည့်လို့အဆင်ပြေမှာပါ။ ဒါရိုက်တာ Teddy Chan က အကောင်းဆုံး ရိုက်ကူးတင်ဆက်ထားပြီး Ip Man ရုပ်ရှင်ဇာတ်ကားမှ Donnie Yen, Charlie Yeung, Baoqiang Wang တို့ အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။
6.5
IMDB: 6.5/10 8,544 votes
movie
Kung Fu Jungle ( 2014 )
2014
Bluray 720p 5.1CH
Lucy ( 2014 ) 6.4
Lucy ( 2014 ) လူစီဟာ ထိုင်ဝမ်နိုင်ငံ တိုင်ပေမြို့မှာ ကျောင်းတက်နေတဲ့ ကျောင်းသူတစ်ယောက်ပါ။ သူ့ရဲ့ ရည်းစားက သူ့ကို လိမ်ခေါ်လာတာကြောင့် ကိုရီးယားက လူဆိုးအဖွဲ့တစ်ဖွဲ့ဆီမှာ အဖမ်းခံရပါတယ်။ သူ့ရည်းစားလည်း အသတ်ခံရပြီး သူကတော့ CPH4 လို့ခေါ်တဲ့ စိတ်ကြွဆေးတစ်မျိုးကို သယ်ဆောင်ပေးဖို့ အကြပ်ကိုင်ခံရပါတယ်။ ဘယ်လို သယ်ဆောင်ပေးရမလဲဆိုတော့ သူ့ဗိုက်ကိုခွဲ၊ CPH4 အိတ်ကို ဗိုက်ထဲ ထည့်ပေးလိုက်ပါတယ်။ သူလိုမျိုး ထည့်ပေးခံလိုက်ရသူ ၄ ဦးရှိပြီး မတူညီတဲ့ နေရာတွေဆီ ပို့ပေးရမှာပါ။ ဒါပေမယ့် သူ့ကို စောင့်ပေးရတဲ့ လူဆိုးတစ်ယောက်နဲ့ ပြဿနာတက်ပြီး ဗိုက်ကို အကန်ခံရတာကြောင့် CPH4 အိတ်ပေါက်သွားပြီး ခန္ဓာကိုယ်ထဲကို CPH4 တွေ တိုက်ရိုက်ဝင်ကုန်ပါတယ်။ ပရော်ဖက်ဆာ ဆမ်မြူရယ် နော်မန်ဟာ သက်ရှိတွေရဲ့ ဦးနှောက်နဲ့ အာရုံကြောတွေ တိုးတက်ပြောင်းလဲလာမှုကို သုတေသနပြု စာတမ်းရေးသားနေသူဖြစ်ပြီး သူ့ရဲ့ သီအိုရီအရ လူသားတွေဟာ သူတို့ဦးနှောက်ရဲ့ ၁၀%ကိုသာ အသုံးပြုနေကြောင်း ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ ၂၀%ကို အသုံးပြုနိုင်သူတွေဟာ လင်းပိုင်တွေဖြစ်ပြီး ဆိုနာလှိုင်းတွေကို အသုံးပြုရင်း တစ်ကောင်နဲ့တစ်ကောင် ဆက်သွယ်ကြကြောင်းလည်း ရှင်းပြခဲ့ပါတယ်။ မေးခွန်းက ဒီ့ထက်ပို အသုံးပြုခဲ့ရင်၊ အဆုံးစွန်ဆုံး ၁၀၀% အသုံးပြုခဲ့ရင် ...
6.4
IMDB: 6.4/10 395,326 votes
movie
Lucy ( 2014 )
2014
Bluray 720p 5.1CH
A Hard Day ( 2014 ) 7.2
A Hard Day ( 2014 ) A Hard Day (ကိုရီးယားအမည်-Take it to the End) ဆိုတဲ့ရုပ်ရှင်လေးဟာ တောင်ကိုရီးယားနိုင်ငံ မှ ၂၀၁၄ခုနှစ်မှာရိုက်ကူးထားတဲ့ မှုခင်းဇာတ်ကြောင်းအခြေခံ ထိတ်လန့်ဖွယ်ရာ ဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်။ ရုပ်ရှင်ရဲ့ဇာတ်ညွှန်းနဲ့ဒါရိုက်တာအဖြစ် Kim Seong-hun က ဖန်တီးရိုက်ကူးထားပြီးတော့ Lee Sun-kyun နဲ့Cho Jin-Woong တို့ကအဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။ A Hard Day ရုပ်ရှင်ကားဟာ Cannes Film Festival ရဲ့ Directors’ Fortnight Sectionမှာ ပါဝင်ယှဉ်ပြိုင်ဖို့ ရွေးချယ်ခဲ့ရပါတယ်။ Cannes ရုပ်ရှင်ပွဲတော်မှာ May 18,2014 မှာပြသခဲ့ပြီး တောင်ကိုရီးယားနိုင်ငံမှာတော့ May 29, 2014မှာပြသခဲ့ပါတယ်။ ဇာတ်လမ်းလေးကတော့ လာဘ်စားအကျင့်ပျက် စုံထောက်ရဲတစ်ဦးဟာ သူ့ရဲ့မိခင် မကြာသေးမီက ကွယ်လွန်သွားတဲ့အတွက် အရေးတကြီးနဲ့ လှိုဏ်ခေါင်းလမ်းတွေကနေ အမြန်ကားမောင်းလာပါတယ်။ သူ့ရဲ့အဖွဲ့ဟာလည်း လာဘ်စားခြင်းကိစ္စအတွက်နဲ့ စစ်ဆေးမှုတွေ ခံယူနေရပါတယ်။ ရဲဟာ လမ်းပေါ်မှာ သွားနေတဲ့လူတစ်ယောက်ကိုကားနဲ့တိုက်မိသွားပြီးတော့ လူသတ်မိသွားပါတယ် ။သူဟာကြောက်ရွံ့ပြီး အလောင်းကို တိတ်တဆိတ်သယ်ဆောင်လာခဲ့ပါတယ်။ ထို့နောက် ဘာတွေဆက်ဖြစ်ကြမလဲ? လူသတ်မှုကကောအမှုမှန်ပေါ်ပေါက်ပါမလား? ဘယ်လိုတွေဆက်ပြီးတော့ကြုံတွေ့လာရနိုင်မလဲ ဆိုတာတွေကို စိတ်ဝင်စားဖွယ် မှုခင်းတစ်ခုအနေနဲ့ ရှုစားကြရမှာ ဖြစ်ပါတယ်။ မင်းသား Lee Sun-kyun ...
7.2
IMDB: 7.2/10 7,952 votes
movie
A Hard Day ( 2014 )
2014
Deadly Virtues: Love. Honour. Obey. (2014) 4.8
4.8
IMDB: 4.8/10 1,009 votes
movie
Deadly Virtues: Love. Honour. Obey. (2014)
2014
The Fatal Encounter (2014) 6.9
The Fatal Encounter (2014) ဒီကားလေးကတော့ကိုရီးယားနန်းတွင်းကားလေးပါ။ မင်းသား Hyun Bin ပါဝင်သရုပ်ဆောင်ထားတဲ့ ကားလေးလဲဖြစ်ပါတယ်။ ဂျိုဆောင်ပြည်နယ်ရဲ့၂၂ဆက်မြောက် ဂျောင်ဂျိုဘုရင်ဟာငယ်စဉ်ကတည်းကခမည်းတော်ဖြစ်သူ မျက်စိရှေ့မှောက်အဖိုးတော်ထံမှသေမိန့်ပေးခံရတာကိုမြင်ခဲ့ရသူပါ။ တိုင်းပြည်မှာပုန်ကန်သူတွေသစ္စာဖောက်တွေထကြွသောင်းကျန်းချိန်မှာ ထီးနန်းတက်ရတဲ့ကံဆိုးသူဘုရင်အဖြစ်လည်းနာမည်ကြီးပါတယ်။ သူယုံကြည်တဲ့တစ်ဦးတည်းသောသူကတော့အစ်ကိုလိုသူငယ်ချင်းလိုဖြစ်နေတဲ့ဂတ်ဆိုကုန်းကုန်းပါ။ အဖိုးတော်ရဲ့ဇနီးငယ်လေးဖြစ်တဲ့အဖွားတော်ဟာလည်းလုပ်ကြံမှုထဲပါဝင်ပတ်သက်နေသူပါ။ မယ်တော်ဖြစ်သူဟာလည်းသားတော်လေးကိုတတ်အားသရွေ့ကြိုးစားကာကွယ်ချင်သူ။ မင်းကြီးမသိခဲ့တဲ့ နောက်ကွယ်ကဇာတ်ကြောင်းတွေနဲ့လုပ်ကြံမှုတွေ တိုင်းပြည်ငြိမ်သက်အောင်စွမ်းဆောင်နိုင်မလားဆိုတာကတော့ နန်းတွင်းကားနှစ်သက်သူတွေလက်မလွတ်သင့်တဲ့ ရုပ်ရှင်ကားကောင်းလေးတစ်ခုပါ။ (ဇာတ်လမ်း အညွှန်းနဲ့ဘာသာပြန်ပေးထားတာကတော့ Noe ဖြစ်ပီး Arkar Phyo မှ encode ပေးထားပါတယ်။)   File Size : (1.33 GB) & (486MB) Quality : .1080p.BluRay Running Time :2hr  16min Format : Mp4 Genre    :  Action,Drama, Subtitle : Myanmar Subtitle (Hard Sub) Translated by Noe Encoded by Arkar Phyo (Yrfatt)
6.9
IMDB: 6.9/10 755 votes
movie
The Fatal Encounter (2014)
2014
The Royal Tailor (2014) 7.0
The Royal Tailor (2014) တော်ဝင်အပ်ချူပ်သမားဆိုတဲ့ The Royal Tailor ဇာတ်ကားကဂျိုဆွန်ခေတ်မှာ အရမ်းတော်တဲ့ အပ်ချုပ်သမား အကြောင်းကိုရိုက်ကူးထားတဲ့ဇာတ်ဖြစ်ပါတယ်။ မင်းသမီး Park Shin-Hye ပါဝင်သရုပ်ဆောင်ထားတဲ့ကားကောင်းလေးလဲဖြစ်ပါတယ်။ အရင်တုန်းကဆိုရင် အကျီဝတ်စုံတွေဆိုတာ တစ်သတ်မတ်တည်းရှိနေပြီးတော့ အတိုအရှည်အတိုင်းအတာတွေဆိုတာလဲ တစ်ပုံစံတည်းဖြစ်တာကြောင့် မတော်တဲ့သူကမတော် ရှည်တဲ့သူကရှည် တိုတဲ့သူကတိုနဲ့အချိုးမကျနိုင်ခဲ့တာပါ ဒါကိုပြုပြင်ပေးနိုင်ခဲ့တဲ့သူတစ်ယောက်ရှိပါတယ်။ ထင်ရှားလှတဲ့သူ့ရဲ့အရည်အချင်းကြောင့် မိဖုရားကနန်းတွင်းကိုခေါ်ဆိုခဲ့ပြီးတော့ ဘုရင့်ရဲ့အရင်ကဝတ်ရုံတော်ကိုပြန်လည်ပြင်ဆင်စေခဲ့ပါတယ်။ ဒါပေမယ့် သူ့ဘဝဆိုတာရရနေ ရရစားနဲ့ သူသဘောကျတဲ့ပုံစံကိုပဲလုပ်ဆောင်ချင်ခဲ့တဲ့ဘဝမျိုးဆိုတော့ အချိုးအကွေ့အပြောင်းအလဲကသိပ်တော့ မချိမြိန်လှပါဘူး။ နန်းတော်ရဲ့ပင်တိုင်အပ်ချုပ်ကြီးကလဲ သူ့နေရာကိုအစားထိုးဝင်ရောက်လာတဲ့သူကိုနေရာပျောက်မှာစိုးရိမ်စိတ်တွေရော အချစ်ဇာတ်လမ်းသေးသေးလေးတွေပါရောပြွန်းပါဝင်နေတဲ့ဒီဇာတ်ကားကကြည့်ကောင်းလှပါတယ်။ အလှဆုံးကတော့ ပတ်ခ်ရှင်ဟေးပါပဲ မိဖုရားဆိုတဲ့ဇာတ်ရုပ်ကိုသူ့ရဲ့ချစ်စရာမျက်နှာလေးနဲ့တကယ့်ကိုလိုက်ဖက်ညီအောင်သရုပ်ဆောင်နိုင်ခဲ့တာပါ ။ ပြီးတော့ ဒီတစ်ကားလုံးမှာဆိုရင် ပတ်ခ်ရှင်ဟေးရဲ့ပွဲတော်အတွက်ဝတ်စုံကတကယ့်ကိုအသက်ပါပဲ။ (ကပ်ပရှင်ကအသက်မဟုတ်တော့ဘူး ဒီတစ်ခါတော့ :-P) (ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Chram ဖြစ်ပြီ Arkar Phyo မှ Encode ပေးထားပါတယ်)   File Size : (1 GB) & (427MB) Quality : .1080p.BluRay Running Time :2hr  4min Format : Mp4 Genre    :  Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Chram Encoded by Arkar ...
7.0
IMDB: 7.0/10 437 votes
movie
The Royal Tailor (2014)
2014