Channel Myanmar

2019

Luce (2019) 6.9
Luce (2019) လုစ် ဆိုတဲ့လူမဲကောင်လေးက အထက်တန်းကျောင်းမှာဘက်စုံတော်ပြီး စံပြ ကျောင်းသားအဖြစ်သတ်မှတ်ထားခြင်းခံရတဲ့လူငယ်လေးတစ်ယောက်ပေါ့။သူငယ်စဥ်က စစ်ဘေးသင့်ဒေသကနေ ကယ်ဆယ်ခံရပြီးတော့ လူဖြူလင်မယား ၂ ယောက်ကသူ့ကို မွေးစားထားတာ။မွေးစားမိဘတွေရော၊ ဆရာ၊ ဆရာမတွေရောက ဂုဏ်ယူရတဲ့လုစ်ရဲ့ဘဝမှာ သူ့ကျောင်းက ဆရာမတစ်ယောက်ကအနှောက်အယှက်ဖြစ်လာတဲ့အခါ...အများအမြင်မှာ အားကျရတဲ့ လုစ်ရဲ့ဘဝက တကယ်ရောအဲလောက်သာယာပျော်ရွှင်ဖို့ကောင်းပြီး စင်းလုံးချောဖြစ်ရဲ့လား...ဆိုတာတွေကိုတော့ ဇာတ်လမ်းထဲမှာ ဆက်လက်ရှုစားကြပါ File Size : ( 1 GB , 389 MB)Quality :  WEB-DL 720pRunning Time : 1 hr 49 minFormat : Mp4Genre : DramaSubtitle : Myanmar Subtitle (Hard Sub)Translated ...
movie

Luce (2019)

2019
Adopt a Highway (2019) 5.6
Adopt a Highway (2019) အားလုံးနဲ့ရင်းနှီးနေလောက်မယ့် မင်းသားကြီး Ethan Hawkeရဲ့Dramaကားသစ်တစ်ကားပါ။အမေရိကားမှာ 1994ကပြဌာန်းလိုက်ပြီးအဲ့အချိန်ကပြည်နယ်တစ်ချို့မှာလက်ခံကျင့်သုံးခဲ့တဲ့ ဥပဒေတစ်ခုရှိတယ်ပေါ့။အဲ့တာကတော့ Three Strike Lawလို့ခေါ်ပါတယ်။လူတစ်ယောက်က အဲ့ဥပဒေကိုကျင့်သုံးတဲ့ပြည်နယ်တစ်ခုမှာပြစ်မှုနှစ်ကြိမ်ကျူးလွန်ပြီးတတိယမြောက်ပြစ်မှုကိုကျူးလွန်လိုက်မယ်ဆိုရင်အဲ့အမှုကဘယ်လောက်ပဲသေးငယ်ပါစေနှစ်ရှည်ထောင်ဒဏ်ကျခံရမှာပါ။ဒီလိုနဲ့ဇာတ်ကားထဲကဇာတ်ကောင်ကမူးယစ်ဆေးလေးတစ်အောင်စ လက်ဝယ်တွေ့ရှိပြီးထောင်အနှစ်နှစ်ဆယ်ကျသွားပါတယ်။ထောင်ထဲဝင်သွားတုန်းက လူငယ်တစ်ယောက်ပေါ့ပြန်ထွက်လာတဲ့အချိန်မှာ သူသိပ်လိုက်မမှီနိုင်တော့ဘူး။သူ့ကိုဖေးမပြီးတွယ်တာမယ့်သူလည်း တစ်ယောက်မှမရှိတော့ဘူး။ဘဝမှာဘာလုပ်လို့လုပ်ရမှန်းမသိ၊ဘာအတွက်ရှင်သန်နေမှန်းမသိတာကမှတကယ်လမ်းပျောက်တာဆိုတာကို ခံစားမိစေတယ်။The Shawshank Redemptionထဲက"Brooks was here"ဆိုတာလေးကိုတောင်သတိရသွားမိတယ်။ဒီလိုနဲ့ တစ်ညမှာ သူအလုပ်လုပ်တဲ့ဆိုင်ရဲ့နောက်ဖက် အမှိုက်ပုံးထဲမှာ စွန့်ပစ်ခံထားရတဲ့ကလေးလေးတစ်ယောက်ကိုတွေ့လိုက်ရတယ်။တွယ်တာစရာမရှိတဲ့လူတစ်ယောက်စွန့်ပစ်ခံကလေးတစ်ယောက်ကိုတွေ့လိုက်တဲ့အချိန်မှာတော့......ဇာတ်လမ်းကအရှိန်တက်နေရင်းနဲ့ ကြည့်ရှုသူတွေအတွက်မျှော်လင့်ထားသလိုထိချက်ပြင်းပြင်းနဲ့ဇာတ်သိမ်းတစ်ခုမဟုတ်ခဲ့လို့လားတော့မသိratingတွေ အရမ်းကြီးမကောင်းခဲ့ပေမယ့်တကယ်မြောပြီးခံစားနိုင်မယ့် ဒရမ်မာကားတစ်ကားပါ။ File Size : ( 762 MB ...
movie

Adopt a Highway (2019)

2019
The Corrupted (2019) 5.7
The Corrupted (2019) လီယမ်နဲ့ဆင်းန် ညီအစ်ကို ၂ ယောက်ဟာသူတို့ငယ်စဥ်မှာပဲ ဖခင်က အသတ်ခံလိုက်ရပြီးကိုယ့်ကိုကိုယ်သတ်သေတဲ့ပုံစံ ခွင်ဆင်ခံလိုက်ရပါတယ်။လီယမ်ဟာကြီးလာတော့ လုယက်မှုနဲ့ထောင်ကျခဲ့ပါတယ်။ထောင်မကျခင်မှာ မိန်းမနဲ့သားလေးလည်းရှိနေပြီပေါ့။သူထောင်ကထွက်လာတော့သူ့ညီ၊ ဆင်းန်က တရားမဝင်မူးယစ်မှောင်ခိုသွင်းတဲ့လုပ်ငန်းမှာ ပါဝင်နေတာကိုသိသွားခဲ့တယ်။နောက်ပိုင်းကိစ္စက တဖြည်းဖြည်းကြီးလာပြီးနောက်ကွယ်ကလူတွေဟာရဲအရာရှိနဲ့ အစိုးရအကြီးပိုင်းလူတွေပါ ပါဝင်နေတဲ့အခါ...လျှို့ဝှက်ချက်​တွေကိုသိသွားတဲ့ လီယမ်နဲ့ သူ့မိသားစုကို အလွတ်ပေးကြပါ့မလား...လီယမ်ကရော ဒီပြဿတွေကနေဘယ်လို ရုန်းထွက်သွားမလဲ...ဆိုတာကိုတော့ ဇာတ်လမ်းထဲမှာရှုစားကြပါဦး File Size : ( 936 MB , 354 MB)Quality :  WEB-DL 720pRunning Time : 1 hr 43 minFormat : Mp4Genre : Comedy , Drama , ThrillerSubtitle ...
movie

The Corrupted (2019)

2019
Them That Follow (2019) 5.4
Them That Follow (2019) Drama/Thriller ကားတစ်ကားပါ။ဝေးလံခေါင်ပါးတဲ့ တောင်ပေါ်ဒေသလေးတစ်ခုမှာပေါ့အရမ်းဘာသာရေးကိုယုံကြည်အစွန်းရောက်နေတဲ့သူတွေနေကြတာပေါ့။ဘယ်လိုမျိုးလဲဆိုရင် သူတို့ဘုရားကျောင်းမှာနှစ်ခြင်းဖျန်းခြင်းတွေလုပ်တာမျိုးမဟုတ်ဘဲမြွေတွေကိုလည်ပင်းမှာပတ်ခိုင်းပြီးဘုရားသခင်အပေါ်ယုံကြည်မှုကိုစမ်းသပ်တာပေါ့။မြွေကလည်းရိုးရိုးမြွေမဟုတ်ဘဲအဆိပ်အင်မတန်ပြင်းလှပါတယ်ဆိုတဲ့ ခလောက်မြွေတွေပေါ့။(မြွေကိုသုံးရတဲ့အကြောင်းအရင်းကစေတန်ကအိဗ်ကိုပန်းသီးစားဖို့ မြူဆွယ်တုန်းကမြွေယောင်ဆောင်ခဲ့လို့ဒါကိုစမ်းသပ်ချက်တစ်ခုအဖြစ်လုပ်ဆောင်တာလို့ ကျွန်မယူဆမိပါတယ်။)အဲ့လိုမျိုးတင်းကြပ်တဲ့ဒေသမှာ သင်းအုပ်ဆရာရဲ့သမီးမှာစစ်စတာတစ်ယောက်ရဲ့သားနဲ့ရတဲ့ကိုယ်ဝန်ရှိလာပါလေရော။စစ်စတာရဲ့သားက အဲ့တောင်ပေါ်မှာဘာသာရေးကိုမယုံကြည်တဲ့တစ်ယောက်တည်းသောသူ။ဒါနဲ့ကောင်မလေးက သူတို့နှစ်ယောက်မဖြစ်နိုင်ဘူးဆိုတာလည်းသိပြန်၊သူ့ကိုကြွေနေပြီး သူ့အဖေကလည်းသဘောတူထားတဲ့ကောင်ကလည်းရှိ‌ဆိုတော့အဲ့ကောင်ကိုပဲ ဂျိုတပ်ဖို့လုပ်တာပေါ့။ဒါပေမယ့် အဲ့အကြောင်းကို စစ်စတာသိသွားပြီးသူ့သားကိုပြောလိုက်တဲ့အခါမှာတော့ဘာသာရေးကိစ္စတွေပါရောထွေးပြီး ဗြောင်းဆန်ကုန်တော့တာပါပဲ။အစပိုင်းမှာပျင်းစရာကောင်းပေမယ့်နောက်ကြအရှိန်တက်လာပါတယ်။ ခံစားကြည့်ရှုလိုက်ပါအုံး။ File Size : ( 918 MB , 341 MB)Quality :  WEB-DL 720pRunning Time : 1 hr 38 minFormat : Mp4Genre : ...
movie

Them That Follow (2019)

2019
Deadwood: The Movie (2019) 7.5
Deadwood: The Movie (2019) ဒီတစ်ခေါက်တော့ CM ပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်တာကတော့Deadwood ဆိုတဲ့ကားသစ်လေးပါ။Imdb Rating 7.5 /10 နဲ့ Rotten Tomatoes 95%တောင်ရရှိထားတာမလို့ကားကောင်းလေးလို့ ပြောနေစရာတောင်မလိုတော့ပါဘူး။HBO Film ကနေတင်ဆက်ထားတဲ့ဒီ Deadwood:the movie(2019)ကားဟာကမ္ဘာပေါ်မှာ လူကြိုက်များအောင်မြင်ခဲ့တဲ့Deadwood ဇာတ်လမ်းတွဲအပေါ် အခြေခံရိုက်ကူးထားတာပါ။ဒီဇာတ်လမ်းဖြစ်တည်ရာ တောင်ပိုင်း ဒါကိုတာပြည်နယ်ကဒတ်ဝုဒ်ဆိုတဲ့မြို့လေးမှာရှိတဲ့ မြို့သူမြို့သားတွေအကြောင်းရိုက်ကူးထားတာပါ။အရက်ဆိုင်ပိုင်ရှင် ဆွဲအန်ဂျန်၊ပြည့်တန်ဆာမထရစ်စီ၊မြို့တော်ဝန် ဖာနန်၊မာရှယ် ဘူးလော့၊မြေပိုင်ရှင် ချာလီအတ်တာ၊ဆီးနိတ်အမတ်ကြီး ဂျော့ရှ်ဟာ့စ် တို့ကြားကလူ့သဘော လူ့သဘာဝ လောဘ မာန အာဃာတတွေကိုကောင်းကောင်းပုံဖော်ရိုက်ကူးထားပါတယ်လို့ပြောရမှာပါပဲ။ဒီဖြစ်ရပ်တွေဟာ ဒတ်ဝုတ်မြို့မှာ တကယ်ဖြစ်ခဲ့၊ရှိခဲ့တဲ့ဖြစ်ရပ်မှန်တွေပါ။အဲဒီတော့ 1870 ပြည့်နှစ်ကာလများကိုစိတ်ဝင်စားဖွယ် ဒီကားလေးနဲ့အတူတူလိုက်ပါစီးမြောလိုက်ပါ။ဇာတ်လမ်းလေးနာမည်ကတော့ Deadwood (2019)ပါ။ File Size : ( 1 GB , 351 MB)Quality : ...
movie


2019
Kill Chain (2019) 5.1
Kill Chain (2019) မင်းသားကြီးနီကိုးလပ်စ်ကေ့ချ်ရဲ့ကားကောင်းလေးတစ်ကားပါဇာတ်လမ်းကိုတဖြည်းဖြည်းချင်းဆွဲခေါ်သွားမယ့်ကားကောင်းလေးတစ်ကားပါအရန်နာဆိုတဲ့သူဟာသူ့သူငယ်ချင်းဖရန်ကိုရဲ့ဟိုတယ်ကိုဆက်ပြီးလုပ်ကိုင်နေတဲ့သူပါတစ်ရက်သူ့ဟိုတယ်ကိုကောင်မလေးတစ်ယောက်ကအရှူပ်တွေခေါ်ပြီးရောက်လာပါတော့တယ်ဒါပေမယ့်လည်းလျှို့ဝှက်ချက်တွေများစွာရှိနေတယ့်အရန်နာတစ်ယောက်ကောင်မလေးရဲ့အရှုပ်တွေကိုဘယ်လိုရှင်းမလဲသူ့လျှို့ဝှက်ချက်ကရောဘာတွေဖြစ်မလဲသူ့သူငယ်ချင်းဖရန်ကိုကရောဘယ်လိုသေသွားရတာလဲကောင်မလေးနဲ့ရောဘယ်လိုပတ်သက်နေလဲလက်စားဘယ်လိုပြန်ချေမလဲဆိုတာ........ File Size : ( 854 MB , 287 MB)Quality :  WEB-DL 720pRunning Time : 1 hr 31 minFormat : Mp4Genre : Action , ThrillerSubtitle : Myanmar Subtitle (Hard Sub)Translated by PhueEncoded by Moe Myint Lwin 
movie

Kill Chain (2019)

2019
The Farewell (2019) 8.0
The Farewell (2019) ဒီတစ်ခါCMပရိသတ်ကြီးကိုကား​ကောင်း​လေးတစ်ကားနဲ့မိတ်ဆက်​ပေးပါရ​စေဒီဇာတ်ကား​လေးက​တော့တရုတ်ဒရမ်မာကား​ကောင်း​လေးတစ်ကားပါကင်ဆာ​ရောဂါခံစား​နေရတဲ့အဖွားဖြစ်သူကို အသိမ​ပေးဘဲနဲ့မိသားစု​​တွေကဖုံးကွယ်ထားကြတာ​ပေါ့ နိုင်နိုင်ဆိုတဲ့အဖွားဟာတရုတ်ပြည်မှာသူ့ညီမရယ် သူ့တူမမိသားစု​တွေနဲ့​နေထိုင်တယသူမရဲ့သားနှစ်​ယောက်မှာ အ​မေရိကားနဲ့ ဂျပန်ကို​ပြောင်း​ရွေ့​နေထိုင်ခဲ့တာ​ပေါ့သူတို့ရဲ့အ​မေကင်ဆာ​​ရောဂါကိုခံစား​နေတာသိတဲ့အတွက်​ကြောင့်​တွေ့ဆုံဖို့လုပ်ခဲ့ကြတာ​ပေါ့အကုန်လုံးပြန်လာကြရင်သူတို့အ​မေ​ ရောဂါရှိ​နေတာကိုအရိပ်မိ​သွားမှာဆိုးလို့အဖွားကြီးရဲ့​မြေးမင်္ဂလာ​ဆောင်​ကြောင့်လာခဲ့ကြတယ်ဆိုပြီးလိမ်ညာခဲ့တာ​ပေါ့ ​အဖွားကြီးမှာသူအရမ်းချစ်ရတဲ့​​မြေးမ​လေး တစ်​ယောက်လည်းရှိတာ​ပေါ့​ ​မြေးမ​လေးဘီလီက​တော့သူ့အဖွားရဲ့​ရောဂါအ​ကြောင်းကို​ပေးသိ​စေချင်တဲ့သူ​ပေါ့ ​နောက်ပိုင်းမှာဇာတ်လမ်း​လေးကဘယ်လိုမျိုး​လေးဆက်သွားမလဲဆိုတာဆက်လက်ကြည့်ရှု့ကြည့်လိုက်ပါအဖွား​တွေကိုအရမ်းချစ်တဲ့သူ​တွေဆိုရင် ရင်ထဲထိမယ့်ဇာတ်ကား​လေးတစ်ကားပါ File Size : ( 936 MB , 354 MB)Quality :  WEB-DL 720pRunning Time : 1 hr 40 minFormat : Mp4Genre : Comedy , DramaSubtitle : Myanmar Subtitle (Hard Sub)Translated by Hsu LeiEncoded by Moe Myint Lwin  
movie

The Farewell (2019)

2019
The Angry Birds Movie 2 (2019) 6.5
movie

The Angry Birds Movie 2 (2019)

2019
Jade Dynasty ( 2019 ) 6.6
Jade Dynasty ( 2019 ) Zawgyi******စာ​ရေးဆရာ Xiao Ding ရဲ့ XianXia အမျိုးအစား Zhu Xian ဝတ္ထုကိုရုပ်​ရှင်​အဖြစ်​ပြန်​လည်​ရိုက်​ကူးထားတာပါ...​ခေါင်းဆောင်​မင်းသားကတော့ အမှောင်လောကသခင်ရိလင်လောင်ဂျူလို့ လူသိများတဲ့ ရှောင်းကျန့်ဖြစ်ပြီး တွဲဖက်​မင်းသမီးတွေ​ကလည်းခေသူမဟုတ်တဲ့ မုန့်မိန်ချီ, လီချင့် တို့ ပါဝင်​သရုပ်​​ဆောင်​ထားတာနော်ဒီ ဝတ္ထုကိုအရင်​က ဇာတ်​လမ်းတွဲအရှည်​အဖြစ်​ လီရိဖုန်း, ကျောက်​လိယင်, ယန်ဇီ တို့ကသရုပ်​​ဆောင်​ခဲ့ပါ​သေးတယ်​။ဇာတ်လမ်းကတော့ တစ်ရွာလုံး အသတ်ခံရပြီး ရှင်ကျန်သူ ကျန်းရှောင်ဖန်းချင်ယွင်ဂိုဏ်းအကူအညီနဲ့ နတ်တို့ကျင့်စဉ်ကို လေ့ကျင့်ရင်း.... မိဘတို့အတွက်လက်စားချေချင်စိတ် လွန်ရင်း မိစ္ဆာလမ်းစဉ်ရောက်သွားတဲ့ကျန်းရှောင်ဖန်းတစ်ယောက်အကြောင်းကို သရုပ်ဖော်တင်ဆက်ထားတာပါဇာတ်လမ်းတွဲအနေနဲ့ ရင်းနှီးပြီးသား ဇာတ်ကို အခု တစ်ပိုင်းတည်းအပြီး ကြည့်ရမှာဆိုတော့အရင်ကြည့်ခဲ့တဲ့ဇာတ်လမ်းတွဲထက် ပိုကောင်းလေမလား... အရသာပဲပေါ့နေမလား...ဇာတ်အိမ်တွေ အချိုးအကွေ့တွေပြောင်းသွားလေမလား... ဇာတ်လမ်းလေးကြည့်လိုက်ကြပါတော့... Unicode*******စာရေးဆရာ Xiao Ding ရဲ့ XianXia အမျိူးအစား Zhu Xian ဝတ္ထုကိုရုပ်ရှင်အဖြစ်ပြန်လည်ရိုက်ကူးထားတာပါ...ခေါင်းဆောင်မင်းသားကတော့ အမှောင်လောကသခင်ရိလင်လောင်ဂျူလို့ လူသိများတဲ့ ရှောင်းကျန့်ဖြစ်ပြီး တွဲဖက်မင်းသမီးတွေကလည်းခေသူမဟုတ်တဲ့ မုန့်မိန်ချီ, လီချင့် တို့ ပါဝင်သရုပ်ဆောင်ထားတာနော်ဒီ ဝတ္ထုကိုအရင်က ဇာတ်လမ်းတွဲအရှည်အဖြစ် ...
movie

Jade Dynasty ( 2019 )

2019
Kingdom (2019) 7.1
Kingdom (2019) 2019 ထွက် ဂျပန်ကားပါ။ ရှေးခေတ် စစ်ပွဲတွေကို အခြေခံထားတာပါပဲ။ ဇာတ်လမ်းအကျဉ်းကတော့ ဟရူးနဲ့ ရှင်း ဆိုတဲ့ မိဘမဲ့ အစေခံလေး နှစ်ယောက်ဟာ အိပ်မက်ကြီးတစ်ခု ရှိကြပါတယ်။ ကြီးမြတ်တဲ့ စစ်သူကြီးတွေ ဖြစ်လာဖို့ပါပဲ။ ဒီလိုနဲ့ တစ်နေ့မှာ သူတို့၂ယောက်ထဲက ဟရူးကို နန်းတော်က အမတ်တစ်ယောက်က အမှုထမ်းဖို့ သပ်သပ် ရွေးခေါ်သွားခဲ့ပါတယ်။ ဒါပေမယ့် ဟရူးက ရှင်းဆီက မကြာခင်ပဲ ပြန်ရောက်လာပြီး သူနဲ့အတူ နန်းတွင်းအရှုပ်တော်ပုံနဲ့ ပြည်တွင်း စစ်ပွဲကြီးတစ်ခု သယ်ဆောင်လာတဲ့အခါ…… ဒီကားက ဓားသိုင်းကား ကောင်းကောင်း ငတ်နေတဲ့သူတွေအတွက်တော့ အဆာပြေဖြစ်မှာပါ။ Translated By : Little Neo Encoded By : XCode
movie

Kingdom (2019)

2019
The Art of Racing in the Rain (2019) 7.4
The Art of Racing in the Rain (2019) Rating 7.4 အထိရထားတဲ့ကားလေးပါ..ဒန်နီဆွဖ်က အရမ်းတော်တဲ့ပြိုင်ကားမောင်းသမား တစ်ဦးဖြစ်ပြီးတော့သူ့မှာအန်ဇိုလို့ခေါ်တဲ့ ခွေးလေးတစ်ကောင်ရှိပါတယ်အန်ဇိုကိုယ်တိုင်လည်း ကားမောင်းပြိုင်ပွဲတွေကို သိပ်သဘောကျပြီးတော့နောင်ဘ၀ကျရင် လူအဖြစ်ပြန်ဝင်စားပြီးသူကိုယ်တိုင်တက်မောင်းချင်တဲ့အထိ အိပ်မက်ပြင်းပြတဲ့ခွေးလေးပါသူ့သခင်ဖြစ်သူ ဒန်နီနဲ့အတူ ပြိုင်ပွဲပေါင်းများစွာကိုလသားအရွယ်တည်းက လိုက်ခဲ့ပြီး သခင့်ဘေးနားမှာအတက်အကျ အကြမ်းအရမ်းအကုန် အမြဲတူတူရှိနေပေးခဲ့ပါတယ်သူ့သခင်ပြိုင်ပွဲဆက်ဝင်ရေးသာ သူ့အတွက်အရေးကြီးဆုံးဖြစ်နေတဲ့အချိန်မှာဘ၀ရဲ့အလှည့်အပြောင်းတစ်ခုက သူတို့ကြားဝင်လာတဲ့အခါမှာတော့…သူ့သခင်လိုအပ်တိုင်း သူအနားမှာရှိနေပေးနိုင်ပါတော့မလားသူ့ရဲ့ကြိုးစားအားထုတ်မှုတွေအရာထင်မလားသူ့ရဲ့အိပ်မက်တွေအကောင်အထည်ပေါ်ဦးမလားဆိုတာကိုဒီကားလေးမှာကြည့်ရမှာပါသခင့်အပေါ်ထားတဲ့ခွေးလေးတစ်ကောင်ရဲ့မေတ္တာတရားတွေကိုလည်း ရှင်းခနဲမြင်ရမယ့်ကားကောင်းလေးပါ File Size : ( 1 GB , 209 MB)Quality :  BluRay 720pRunning Time : 1 hr 49 minFormat : Mp4Genre : Comedy , Drama , RomanceSubtitle ...
movie


2019
A Cinderella Story: Christmas Wish (2019) 5.3
A Cinderella Story: Christmas Wish (2019) ဝါနာဘရားသားကထုတ်တဲ့ ခေတ်သစ် ဆင်ဒရဲလား ကားသစ်တစ်ကားပါ။အရင်ကားတေနွဲ့မတူပဲ ထူးထူးခြားခြားခေတ်မီမီလေးတင်ဆက်ထားတဲ့ စင်ဒရဲလားဇာတ်လမ်းပုံစံတေးဂီတနဲ့ အချစ်ဇာတ်လမ်းလေးပါမင်းသမီး နာမည်က စင်ဒရဲလားတော့မဟုတ်ပါဘူးကက်လို့ခေါ်တဲ့ ကက်သရင်းပါထုံးစံအတိုင်း အဖဆေုံးပါးသွားလို့ မိထွေးနဲ့နေရသူပေါ့မိထွေးမှာက သမီး နှစ်ယောက်ရှိပါသေးတယ်စင်ဒရဲလားဇာတ်လမ်းကိုကျောရိုးလောက်ပဲယူ ထားပြီးခေတ်နဲ့ညီအောင်ရိုက်ကူးထားလို့ ရသတစ်မျိုးနဲ့ ကြည့်ရတာအရမ်း ကောင်းတဲ့ ခေတ်သစ်စင်ဒရဲလား ဇာတ်ကားတစ်ကားဖြစ်တဲ့အကြောင်းသတင်းကောင်းလေးပါးလိုက်ပါရစေ File Size : ( 862 MB , 280 MB)Quality :  BluRay 720pRunning Time : 1 hr 25 minFormat : Mp4Genre : FantasySubtitle : Myanmar Subtitle (Hard Sub)Translated by Tar Tee ...
movie

A Cinderella Story: Christmas Wish (2019)

2019
Girl on the Third Floor (2019) 5.2
Girl on the Third Floor (2019) ဒါကတော့ratingကောင်းတွေရထားတဲ့ horrorကားတစ်ကားပါ။အရမ်းကောင်းတဲ့လူတစ်ယောက်တော့မဟုတ်ပေမယ့်မိသားစုအေးအေးချမ်းချမ်း ခြံနဲ့ဝန်းနဲ့နေရအောင်ဆိုပြီးဆင်‌ခြေဖုံးကအိမ်တစ်လုံးဝယ်လိုက်တယ်ပေါ့။သူ့မိန်းမကလေးမီးဖွားပြီးရင် အဆင်သင့်နေလို့ရအောင်ဆိုပြီးအိမ်ကိုပြုပြင်ဖို့ သူ့ခွေးတစ်ကောင်နဲ့ရောက်လာတာပေါ့။အိမ်ပြင်ရင်း ညတစ်ညမှာ အနီးအနားမှာနေတယ်လို့ထင်ရတဲ့စော်အလန်းလေးတစ်ပွေက သူ့ကိုမြူဆွယ်ပြီး ဝင်လုံးပါတော့တယ်။နောက်ညတွေမှာလည်း အဲ့စော်လေးကပေါ်ပေါ်လာတော့သူကငြင်းလွှတ်လိုက်ပေမယ့် သူ့ကိုအတင်းဝင်ရောတာပါပဲ။သူပြင်နေတဲ့အိမ်က ဖန်ဂေါ်လီလိုအလုံးလေးတွေ ဟိုကထွက်လာဒီကထွက်လာနဲ့၊ ပြစ်ချွဲချွဲနဲ့ဘာမှန်းမသိတဲ့အရည်တွေကလည်းကျ၊အနောက်ကတွေလည်းဖြတ်ပြေးတာတွေဖြတ်ပြေးနဲ့ဖြစ်နေပေမယ့်သူကတော့သိပ်ပြီးသတိမပြုမိပါဘူး။နောက်တော့ ဆက်တိုက်ဆိုသလို ပိုထူးဆန်းစိတ်ရှုပ်စရာတွေနဲ့ကြုံတွေရပါတော့တယ်။ဘာတွေဆက်ဖြစ်လာမလဲဆိုတာကိုတော့ခံစားကြည့်ရှုလိုက်ပါအုံး။ File Size : ( 862 MB , 280 MB)Quality :  WEB-DL 720pRunning Time : 1 hr 33 minFormat : Mp4Genre : HorrorSubtitle : Myanmar Subtitle (Hard Sub)Translated by Moe ...
movie

Girl on the Third Floor (2019)

2019
The Refuge (2019) 7.0
The Refuge (2019) မားကပ်စ်ဆိုတာ ဒုစရိုက်လောကမှာ နာမည်ရှိ ကြေးစားတစ်ဦးပါလူသတ်ချင်လား ပိုက်ဆံလုချင်လား လူရှာပေးရမလား အကြွေးတောင်းပေးရမလားသွေးကြွေးဆပ်ပေးရမလားဘာဖြစ်ဖြစ် သူ့ကိုအလုပ်အပ်တာမှန်သမျှ ပြီးမြောက်အောင် လုပ်ပေးနိုင်တဲ့လူပါစကားနည်းမယ် ဒဲ့တိုးပြောမယ် သေသေသပ်သပ်အလုပ်လုပ်မယ်..ဒါတွေကသူ့ဂုဏ်ပုဒ်တွေပါပဲသူ့ကိုအလုပ်အပ်တဲ့လူကတော့ ဖရန့်ဆိုသူဖြစ်ပြီးတော့သူ့ကိုလည်းအင်မတန်ယုံကြည်ကိုးစားပါတယ်အပ်သမျှအလုပ်တိုင်း အောင်မြင်ပေမယ့်တစ်ချက်မှာတော့ မားကပ်စ်ရဲ့ သူငယ်ချင်းဖြစ်သူ ၀ပ်စ်ရဲ့အမှားကြောင့် လွဲချော်သွားရတဲ့အခါမှာတော့.သူဘယ်လိုဖြေရှင်းမလဲဖရန့်ကသူ့ကိုထောက်ထားညှာတာပါ့မလားအလုပ်ကိုဆုံးခန်းတိုင်အောင် သူပြန်ဖာထေးနိုင်ပါ့မလား ဆိုတာ ဒီဇာတ်ကားမှာကြည့်ရှုရမှာပါ File Size : ( 921 MB , 346 MB)Quality :  WEB-DL 720pRunning Time : 1 hr 38 minFormat : Mp4Genre :  Crime , Drama , ThrillerSubtitle : Myanmar Subtitle (Hard Sub)Translated by NeveEncoded by Moe Myint Lwin 
movie

The Refuge (2019)

2019
Seventeen (2019) 7.3
Seventeen (2019) ဒီကားလေးကတော့ IMDb rating 7.3ရထားပြီး Netflixကထုတ်တဲ့စပိန် comedy-drama ကားကောင်းလေးတစ်ကားပါ။ဟတ်တာက ခိုးမှုတွေကြောင့် လူငယ်ထိန်းသိမ်းရေးစင်တာမှာရောက်နေပေမယ့်ကြံရည်ဖန်ရည်ရှိပြီး ဉာဏ်ကောင်းတဲ့ကောင်လေးတစ်ယောက်ပေါ့။သူ့မှာမိဘတွေလည်းမရှိ သူချစ်တဲ့အဖွားကလည်းသေခါနီးဖြစ်နေပြီး တစ်ဦးတည်းသောအစ်ကိုနဲ့လည်းဆက်ဆံရေးကမပြေလည်ပါဘူး။စင်တာမှာသူထိန်းကျောင်းပေးတဲ့ခွေးလေးတစ်ကောင်မွေးစားခံရပြီးသူ့ဆီရောက်မလာတဲ့အချိန်မှာတော့ စင်တာကနေထွက်ပြေးပြီးခွေးသွားရှာပါတော့တယ်။ညီအစ်ကိုချင်းနွေးထွေးမှုမရှိတော့ပေမယ့် သူထွက်ပြေးသွားတဲ့အချိန်မှာတော့သူ့အစ်ကိုသူ့ဆီလိုက်လာပါတယ်။ ဒီလိုနဲ့ ညီအစ်ကိုနှစ်ယောက်သားမွေးစားခံရတဲ့‌ခွေးကိုလိုက်ရှာရင်း ဒီနေ့လားမနက်ဖြန်လားသေတော့မယ့်အဖွားကိုရွာပြန်ပြီးမြေမြှုပ်ပေးဖို့စီစဉ်ရင်းနဲ့ ခရီးစဉ်စတင်လိုက်ပါတယ်။သံယောဇဉ်တွေ ချစ်ခြင်းမေတ္တာတွေကို ဟာသလေးတွေနှောပြီးဖော်ကျူးထားတဲ့ ဇာတ်လမ်းကောင်းလေးတစ်ကားဖြစ်ပါတယ်။ File Size : ( 932 MB , 327 MB)Quality :  WEB-DL 720pRunning Time : 1 hr 39 minFormat : Mp4Genre :  DramaSubtitle : Myanmar Subtitle ...
movie

Seventeen (2019)

2019
The Kill Team(2019) 7.3
The Kill Team(2019) The Kill Team(2019)(zawgyI)ဒီဇာတ်လမ်းထဲမှာ ဘရစ်မန်းဆိုတဲ့ မရိန်းတပ်သားတစ်ဦးဟာ ငယ်ငယ်လေးထဲက စစ်သားကောင်းတစ်ယောက်ဖြစ်ချင်နေတဲ့သူပီပီ စစ်တပ်ထဲမှာ တာဝန်ထမ်းဆောင်ခွင့်ရဖို့က သူ့အိပ်မက်ပဲ.. ကံကောင်းထောက်မစွာ မရိန်းတပ်သားဖြစ်လာပေမယ့် အာဖဂန်စစ်မြေပြင်ကို ပို့ခြင်းခံရတယ်...အာဖဂန်စစ်မြေပြင်ဟာ အချိန်မရွေးရန်သူတွေနဲ့ထိတွေ့နိုင်သလို အရပ်သားလား လက်နက်ကိုင်သူပုန်လားဆိုတာ ဝေခွဲရခက်ခဲလွန်းတဲ့ နေရာပါပဲ..ဆုံးဖြတ်ချက်လေးတစ်ချက်မှားတာနဲ့ ဘ၀ထဲက ပေးဆပ်ရနိုင်သလို အသက်လည်းအချိန်မရွေးပျောက်သွားနိုင်ပါတယ်... ဒီနေရာကိုသူရောက်ခဲ့ပေမယ့် သူစိတ်မပျက်ခဲ့ဘူး.... ရောက်တဲ့အချိန် ကင်းထောက်တွေ မကြာခဏ ထွက်ရသလို အခက်အခဲမျိုးစုံလည်းတွေ့ခဲ့ရတယ်... ဒီနေရာမှာ သူမမျှော်လင့်ထားတဲ့ ဥပဒေပြင်ပ ကိစ္စမျိုးတွေကို သူ့ရဲ့ဘော်ရဲဘက်တွေက လုပ်ဆောင်တာကို သူတွေ့လိုက်ရတဲ့အခါမှာတော့... ဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့ခံစားကြည့်ပါဦး... ဒီကားက ၀ုန်းဒိုင်းကြဲပစ်ခတ်သတ်ဖြတ်နေတဲ့စစ်ကားမဟုတ်ပေမယ့် တော်တော် စိတ်ဝင်စားဖို့ကောင်းသလို စစ်သည်တစ်ယောက်ရဲ့ ခံစားချက်တွေ ဘေးကျပ်နံကျပ်ဖြစ်နေတဲ့ကိစ္စတွေကို တွေ့ရတာမို့ တော်တော်ကို ကြည့်လို့ကောင်းပါတယ်...ခံစားကြည့်ကြပါဦး ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Zwel Zan Aung ပဲဖြစ်ပါတယ်...(Unicode)ဒီဇာတ်လမ်းထဲမှာ ဘရစ်မန်းဆိုတဲ့ မရိန်းတပ်သားတစ်ဦးဟာ ငယ်ငယ်လေးထဲက စစ်သားကောင်းတစ်ယောက်ဖြစ်ချင်နေတဲ့သူပီပီ စစ်တပ်ထဲမှာ တာဝန်ထမ်းဆောင်ခွင့်ရဖို့က သူ့အိပ်မက်ပဲ.. ကံကောင်းထောက်မစွာ မရိန်းတပ်သားဖြစ်လာပေမယ့် အာဖဂန်စစ်မြေပြင်ကို ပို့ခြင်းခံရတယ်...အာဖဂန်စစ်မြေပြင်ဟာ အချိန်မရွေးရန်သူတွေနဲ့ထိတွေ့နိုင်သလို အရပ်သားလား လက်နက်ကိုင်သူပုန်လားဆိုတာ ဝေခွဲရခက်ခဲလွန်းတဲ့ နေရာပါပဲ..ဆုံးဖြတ်ချက်လေးတစ်ချက်မှားတာနဲ့ ဘဝထဲက ပေးဆပ်ရနိုင်သလို အသက်လည်းအချိန်မရွေးပျောက်သွားနိုင်ပါတယ်... ဒီနေရာကိုသူရောက်ခဲ့ပေမယ့် သူစိတ်မပျက်ခဲ့ဘူး.... ရောက်တဲ့အချိန် ကင်းထောက်တွေ မကြာခဏ ထွက်ရသလို အခက်အခဲမျိုးစုံလည်းတွေ့ခဲ့ရတယ်... ဒီနေရာမှာ သူမမျှော်လင့်ထားတဲ့ ဥပဒေပြင်ပ ကိစ္စမျိုးတွေကို ...
movie

The Kill Team(2019)

2019
The Forest of Love (2019) 6.5
The Forest of Love (2019) ဒီတစ်ခါမှာ​တော့CMပရိသတ်​တွေကို Rating 6.5ရထားတဲ့ ဂျပန်ကား​ကောင်း​လေးတစ်ကားနဲ့ မိတ်ဆက်​ပေးလိုက်ပါတယ်ကား​လေးက​တော့ဖြစ်ရပ်မှန်ကိုရိုက်ကူးထားတဲ့ဇာတ်ကား​လေးပါ ​ရုပ်ရှင်ရိုက်ကူးနေတဲ့ ဂျေး နဲ့ ဖူကာမီတို့ဟာရှင်း နဲ့ဆုံမိပြီး​တော့ရုပ်ရှင်တစ်ကားကိုဖန်တီးခဲ့ကြတယ် ဂျိုးမူရာတာရဲ့ဘဝဇာတ်​ကြောင်းကိုရိုက်ကူးဖို့လုပ်ခဲ့ကြတာ​ပေါ့မူရာတာဟာ​ကောင်မ​လေး​တွေကိုမြူဆွယ်ပြီး​တော့အကြမ်းဖက်ကာ ပိုက်ဆံ​တွေကိုလိမ်ယူ​နေတဲ့သူ​ပေါ့ သူနဲ့ပတ်သတ်ခဲ့တဲ့မိန်းက​လေး​တွေထဲကမှတာအီကိုဟာ​ဂျေးတို့နဲ့ခင်မင်​နေတဲ့သူပါ ပြီး​တော့သူမရဲ့သူငယ်ချင်း မီစုကိုကိုလည်းမူရာတာဟာချင်းကပ်ခဲ့ပါတယ်တာအီကိုနဲ့မီစုကိုတို့ဟာအထက်တန်း​ကျောင်းတုန်းကအခန်း​ဖော်​တွေ​ပေါ့ တာအီကိုနဲ့မီစုကို သူတို့၂​ယောက်မှာအထက်တန်း​ကျောင်းတုန်းကအံ့သြစရာအဖြစ်အပျက်​တွေရှိခဲ့ကြတယ် ​ဂျေးတို့ဟာတာအီကိုရဲ့​ပြောပြချက်​တွေ​ကြောင့်မူရာတာရဲ့ဘဝဇာတ်​ကြောင်းကိုရိုက်ကူးဖို့ကြိုးပမ်းခဲ့ကြတယ် ရှင်းဟာမူရာတာ​နေရာမှာသရုပ်​ဆောင်ခဲ့တယ် မူရာတာဟာ လူတိုင်းကိုအကြမ်းဖက်နှိပ်စက်တတ်ပြီး​တော့မိန်း​က​လေး​တွေကိုလည်းနှိပ်စက်တဲ့သူပါ​နောက်ပိုင်းမှာ ​ဂျေးတို့သူ့အ​ကြောင်းဇာတ်လမ်းတစ်ပုဒ်ရိုက်​နေတာသိသွားတဲ့အခါမှာ​တော့သူကိုယ်တိုင် ထုတ်လုပ်သူအဖြစ်ပါဝင်လာခဲ့တယ် သူပါဝင်လာပြီးတဲ့​နောက်မှာ ​ဂျေးတို့ရိုက်ကူး​နေတဲ့ဇာတ်ကားဟာ ရက်စက်ကြမ်းကြုတ်ပြီး​​တော့အကြမ်းဖက်တဲ့အခန်း​တွေပါခဲ့တယ်ဇာတ်ကားရိုက်​နေရင်း​နောက်ပိုင်း လူသတ်မှု​တွေပါကျူးလွန်လာခဲ့တယ် နောက်ပိုင်းမှာမူရာတာဘာ​တွေအထိလုပ်ခဲ့လဲဆိုတာကိုဇာတ်ရှိန်မြင့်မြင့်နဲ့ကြည့်ရှု့ရမှာပါ​ဒီဇာတ်ကားထဲမှာဆိုရင်လည်း​ကောင်မ​လေး​တွေကိုတောထဲမှာသတ်ထားခဲ့တဲ့ကွင်းဆက်လူသတ်သမားဟာဆိုရင်လွတ်​မြောက်​နေတုန်းပဲ လွတ်​မြောက်​နေတဲ့လူသတ်သမားဟာ ဘယ်သူလဲဆိုတာကို​တော့ ဇာတ်လမ်းကိုအဆုံးထိကြည့်ရှု့ပြီးမှသိလာမှာပါ ​ File Size : ( 1 GB , )Quality :  WEB-DL 720pRunning Time : 2 hr 31 minFormat : Mp4Genre ...
movie

The Forest of Love (2019)

2019
Missbehavior ( 2019 ) 5.5
Missbehavior ( 2019 ) Zawgyi*******ဒီဟောင်ကောင်ဇာတ်ကားလေးကတော့ ဟောင်ကောင်လူနေမှုဘဝနဲ့ပုံစံတွေသာမက သူငယ်ချင်းဟူသောအဓိပ္ပါယ်ကို ပေါ်လွင်အောင်ဖော်ပြထားတဲ့ဇာတ်ကားဖြစ်တယ် ဇာတ်ကားအကြောင်းအရာကတော့ ဇွန်လမ်ကသူ့သူဌေးသူ့သားအတွက်ထားထားတဲ့ နို့ဗူးကို ကော်ဖီမှာထည့်ပြီးရင်းနှီမြုပ်နှံသူကိုဖျော်တိုက်လိုက်မိတယ် အဲ့နို့ဗူးကိုပြန်လည်အစားထိုးဖို့ရှာဖွေရာတွေ ဘယ်လိုဖြစ်ပျက်မယ်ပြီးတော့ သူငယ်ချင်းကြားအထင်လွဲမှုတွေ ဘယ်လိုဖြေရှင်းနိုင်မလဲပြီးတော့ တကယ်ပဲ ပြန်အစားထိုးနိုင်မှာလား အလုပ်ပြုတ်မလားဆိုဒီဇာတ်ကားမှာ အတူတူရင်ခုန်စွာ စောင့်ကြည့်ကြပါစို့နော်.... Unicode*******ဒီဟောင်ကောင်ဇာတ်ကားလေးကတော့ ဟောင်ကောင်လူနေမှုဘဝနဲ့ပုံစံတွေသာမက သူငယ်ချင်းဟူသောအဓိပ္ပါယ်ကို ပေါ်လွင်အောင်ဖော်ပြထားတဲ့ဇာတ်ကားဖြစ်တယ် ဇာတ်ကားအကြောင်းအရာကတော့ ဇွန်လမ်ကသူ့သူဌေးသူ့သားအတွက်ထားထားတဲ့ နို့ဗူးကို ကော်ဖီမှာထည့်ပြီးရင်းနှီမြုပ်နှံသူကိုဖျော်တိုက်လိုက်မိတယ် အဲ့နို့ဗူးကိုပြန်လည်အစားထိုးဖို့ရှာဖွေရာတွေ ဘယ်လိုဖြစ်ပျက်မယ်ပြီးတော့ သူငယ်ချင်းကြားအထင်လွဲမှုတွေ ဘယ်လိုဖြေရှင်းနိုင်မလဲပြီးတော့ တကယ်ပဲ ပြန်အစားထိုးနိူင်မှာလား အလုပ်ပြုတ်မလားဆိုဒီဇာတ်ကားမှာ အတူတူရင်ခုန်စွာ စောင့်ကြည့်ကြပါစို့နော်.... Translated & Review By XiaoEncoded By LK
movie

Missbehavior ( 2019 )

2019