Channel Myanmar
2020
Shooting Girls (2020)
Shooting Girls (2020) ဒီတစ်ခေါက်ဇာတ်ကားလေးကတော့ "Shooting Girls” ဆိုတဲ့ korea ရုပ်ရှင်ကားပဲ   ဖြစ်ပါတယ်တယ် ဒါရိုက်တာအနေနဲ့ကတော့ Bae Hyo Ming ကရိုက်ကူးပြီး    The prison ကားထဲက မင်းသားဖြစ်တဲ့ Jung Woong In က အဓိကသရုပ်ဆောင်ထားပါတယ်   တောင်ကိုရီးယား နိုင်ငံအနေနဲ့ကတော့ အားကစားနဲ့   ပတ်သက်တဲ့ ရုပ်ရှင်ရိုက်ကူးထုတ်လုပ်မှုက အလွန်နည်းပါတယ်။   ဒါပေမယ့် ဒီဇာတ်ကားကို ပြသတဲ့အခါမှာ Box Office မှာနာမည်ကြီးလူကြိုက်များတဲ့ ကားတစ်ကားဖြစ်လာပါတယ်   ဒီလမ်းကိုတော့ အမျိုးသမီး ဘောလုံးအားကစားသမားတွေရဲ့ အကြောင်းကို အခြေခံယူပြီး ရိုက်ကူးထားတာပါ   ဆမ်ရယ်မိန်ကလေးအထက်တန်းကျောင်းက ကျောင်းသူတွေကို စုပြီး ဖွဲ့ထားတဲ့ ဘောလုံးအသင်းတစ်သင်းက   ပြိုင်တဲ့ပွဲတိုင်းရှုံးနေလို့ လူအများကြားမှာ လှောင်ပြောင်စရာတစ်ခုဖြစ်ခဲ့ပါတယ်။   သူတို့တွေ အနေနဲ့ နိုင်ငံလက်ရွေးစဥ် အားကစားသမားတွေ ဖြစ်ဖို့အတွက် ဘယ်လိုတွေ   ကြိုးစားကြလဲ တကယ်ရော နောက်ဆုံးမှာ သူတို့ရည်မှန်းချက်တွေက ပြည့်ဝသွားကြရဲ့လား ...   အစရှိတာတွေကိုတော့ ဒီဇာတ်ကားလေးကိုကိုယ်တိုင်ကြည့်ရှုပြီး အဖြေရှာကြည့်စေလိုပါတယ်ရှင်။    Translated by : Hana Encoded by : YK Quality ...
movie
Shooting Girls (2020)
2020
Never Rarely Sometimes Always (2020) 7.3
Never Rarely Sometimes Always (2020) [Unicode] Never, Rarely, Sometimes,Always (2020) ========================= IMdb Rating - 7.3/10 ဒီရုပ်ရှင်ဟာ ထူးခြားမှုတစ်စုံတရာမရှိပေမယ့် ရုပ်ရှင်ကောင်းတစ်ခုပါပဲ။ မြင်နေကြပြဿနာ တစ်ခုအတွက် ကာကာကွယ်ကွယ်ပြောရရင် တစ်ချို့အတွက်တော ဘာမှန်းမသိဘဲ ပြီးသွားတဲ့ကားသက်သက်ဖြစ်မှာပါ။ IMdb ratingဟာ ခင်ဗျားသွားပေးလည်းရတဲ့ ratingတစ်ခုဆိုတော့ IMDb ratingမဆိုးတာကို အသာဖယ်လိုက်ပါဦး။ ကမ္ဘာ့စိတ်အချရဆုံး ratingလို့ပြောကြတဲ့ Rotten Tomatoesရဲ့ criticတွေပေးတဲ့ Tomatoers rating ၉၉ရှိပါတယ်။ ဒီလောက်ဆို ကျွန်တော်ညွှန်းစရာတောင်မလိုပါဘူး။ ရုပ်ရှင်ကောင်းဆိုတာ သိသာပါတယ်။ တစ်ခုရှိတာကတော့ Audience Ratingကတော့ ၂၀ပဲရှိပါတယ် ။ ဆိုလိုတာကတော့ လူတိုင်းကြိုက်မယ့်ကား မဟုတ်ပါဘူး။ ကောင်းတယ်ညွှန်းလို့ Downမိတာ မကောင်းဘူးပြောမယ့်သူတွေ ကြိုက်မယ့်ကားမျိုးမဟုတ်ပါဘူး။ The New Yokerမှာတောင် ဒီရုပ်ရှင်အကြောင်း ဆောင်းပါးတစ်ခုတ်တရရေးထားပါတယ်။ ရုပ်ရှင်တစ်ကားရဲ့ ကောင်းခြင်းမ‌ကောင်းခြင်းက ကြည့်ရှုသူရဲ့ ခံစားမှုအကျယ်အပြောနဲ့ တိုက်ရိုက် အချိူးကျပါတယ်။ ဒီရုပ်ရှင်ရဲ့ အကြောင်းအရာနဲ့ တင်ဆက်ပြသပုံဟာ အင်မတန်ရိုးရှင်းပြီး သရုပ်မှန်ဆန်ပါတယ်။ မြင်နေကျပြဿနာ တစ်ခုကိုပဲ တင်ပြထားတာပါ။ ခေတ်အဆက်ဆက်ပြဿနာဖြစ်တဲ့ လိင်မှုရေးရာနဲ့ အမျိုးသမီးတွေရဲ့ အနိုင်ကျင့်ခံရမှုတွေ လစဉ်ဓမ္မတာဝေဒနာတွေ၊ ကိုယ်ဝန်နဲ့ပက်သက်တဲ့ ဝေဒနာတွေအကြောင်းပါပဲ။ စစ်တမ်းကောက်ချက်အရတော့ အမျိူးသမီးထုရဲ့ ...
movie
Never Rarely Sometimes Always (2020)
2020
Swindler (2020)
Swindler (2020) Swindler 2019 ========================= အလုပ်အကိုင်မယ်မယ်ရရမရှိဘဲ အကြွေးတွေဝိုင်းနေတဲ့လူတစ်ယောက်ဟာသူ့အခက်အခဲတွေကိုဖြေရှင်းနိုင်ဖို့ မကောင်းဆိုးဝါးနှင်ပြီး မန်းမှုတ်ကုသပေးတဲ့ပယောဂချွတ်ဘုန်းတော်ကြီးအယောင်ဆောင်ခဲ့ပါတော့တယ်ဒီလိုနဲ့ ဟန်ဆောင်လိမ်လည်ရင်း အတော်လေးအဆင်ပြေလာခဲ့တဲ့နောက်ယုံကြည်ဆုတောင်းသူ အသင်းဝင်တွေရဲ့ပိုက်ဆံကိုလိမ်ယူပြီးအိတ်ထဲထည့်နေတဲ့ ဘာသာရေးဂိုဏ်းရဲ့အကြီးအကဲတစ်ယောက်နဲ့ပေါင်းမိပါတော့တယ်ကောင်းကင်ဘုံကိုသွားနိုင်ဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့လှူဒါန်းငွေတွေကိုသဲ့ယူနေတဲ့ အကြီးအကဲ...ပိုက်ဆံရဖို့အတွက်ဆိုရင် မကောင်းဆိုးဝါးဆိုတာကိုတောင်အဖက်လှည့်မလုပ်တဲ့လူလိမ်ဘုန်းတော်ကြီး...သူတို့နှစ်ဦးရဲ့ ကတုံးပေါ်ထိပ်ကွက်တဲ့လုပ်ရပ်တွေကြားဘာတွေဆက်ဖြစ်သွားမလဲ ဘယ်သူကအနိုင်ရသွားမလဲဒီဇာတ်ကားလေးထဲမှာ ကြည့်ရှုနိုင်ပါတယ်Movie: Swindler Country: South Korea Release Date: Oct 8, 2020 Duration: 1 hr. 33 min. Content Rating: Not Yet Rated Translated by : Phue Nge Nge Thein Encoded by : Thit San Khant File Size : 987MB and 477MB Quality : 1080p WEBRip and 720p
movie
Swindler (2020)
2020
Rogue City (2020) 6.3
movie
Rogue City (2020)
2020
Grand Blue (2020) 7.0
Grand Blue (2020) အီဇူပင်လယ်ဆိပ်ကမ်းမြို့လေးမှာ သူငယ်ချင်းတွေနဲ့အတူ ပျော်ရွင်စွာကောလိပ်ကျောင်းသားဘဝကိုဖြတ်သန်းဖို့အိမ်မက်နဲ့အတူ ရောက်လာတဲ့ အီရိုရီ အထက်တန်းကျောင်းသူလေးတွေပါတဲ့ ကလပ်အသင်းကိုဝင်ပြီး ဖွန်ကြောင်ဖို့ရည်ရွယ်ချက်ကြီးနဲ့ မြို့ပတ်ကလပ်ရှာနေတဲ့ အိုတာကုလေး ကိုးဟေးတို့ နှစ်ယောက်သား မနက်မိုးလင်းတိုင်း အမြဲအဝတ်ဗလာနဲ့ ကျောင်းပရဝုဏ်ထဲမှာနိုးလာပြီး ထွက်ပြေးနေရတဲ့အကြောင်းရင်ကဘာလဲ အဖြေရှာရင်း Grand Blue ဆီပြန်ရောက်သွားကြပြီး မှတ်ဉာဏ်တွေပြန်ဖော်ရင်း ကြုံရဆုံရ ကျောင်းသားဘဝများကိုအူတက်အောင်ခွီကြပါစို့။ ဒီ Live action မှာ Shonan No Kaze သီချင်းပြန်မသုံးတာက တစ်ခုခုလိုနေသလိုပဲ ကျန်တာ အားလုံး အိုကေပါတယ်။ ဂျပန် Live action ဆိုတော့ ထုံးစံအတိုင်း အိုဗာ အက်တင်ကတော့ ပါတာပေါ့ ခုဟာက Comedy ဆိုတော့ ပိုများတယ် စီးရီးတစ်ခုလုံးက အမှတ်တရ ဟာသတွေအတော်များပြန်ပါတယ် ဒါပေမဲ့ ဟိုဝဲဇားကို ကိုဟေး စကီသံနဲ့ဂျင်းသိပ်တဲ့အခန်းတော့ မပါလာတော့ဘူးဗျ။ အရေးကြီးဆုံးဖြစ်တဲ့ ချီဆာ လေးလဲ ခါဝါအိပါတယ် အာဇုဆာလေးနေရာမှာ Yuka Ogura လေးဆိုတော့ ဘာပြောကောင်းမလဲပေါ့နော် အီရိုရီ နဲ့ ကိုးဟေးလဲ မဆိုးပါပု အိုးသာကု ...
movie
Grand Blue (2020)
2020
Minions Holiday Special (2020) 7.0
Minions Holiday Special (2020) Illumination Presents: Minions Holiday Special (2020)=======================================IMDb Rating - 7.0/10#Unicodeကိုဗစ်ကြောင့်ခရီးမထွက်ရလို့စိတ်ညစ်နေတဲ့လူတွေကိုပျော်ရွှင်စေဖို့ Minions လေးတွေလာပါပြီ။Holiday Special အနေနဲ့ Minions ဇာတ်လမ်းတိုလေး(၄)ပုဒ်ကိုရိုက်ကူးထားတာဖြစ်ပါတယ်။Minionsလေးတွေကိုမြင်တာနဲ့ ဇာတ်လမ်းလေးတွေက ဘယ်လိုဖြစ်မယ်ဆိုတာကိုသိနေကြမယ်လို့ထင်တာကြောင့် ထွေထွေထူးထူးမပြောတော့ပါဘူး။ဇာတ်လမ်းတိုလေးတွေဖြစ်တဲ့အတွက် . နည်းနည်းလေးပြောပြလိုက်ရုံနဲ့ အနှစ်အရသာလျော့သွားနိုင်တာမို့ မိမိဘာသာဒီဇာတ်လမ်းလေးကိုဒေါင်းကြည့်ကြပါကုန်။အခုကားလေးကိုကြည့်ပြီး တစ်ရက်တာကိုပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းလိုက်နိုင်ကြပါစေ။(ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ဘာသာပြန်ရေးသားပေးသူကတော့ Chit Tee ပဲဖြစ်ပါတယ်။   Quality – 1080p WebRip/720pDuration - 21 minSubtitle – Myanmar HardsubFormat – Mp4Genre : Animation, Short, Comedy Translator – Chit TeeEncoder – SWM
movie
Minions Holiday Special (2020)
2020
Taish (2020) 7.5
Taish (2020) Taish 2020 (စ/ဆုံး) ================= တောင်းဆို နေကြတာမို့ တင်ဆက်ပေးလိုက်ပါပြီ။ "ထာဝရထက် နှစ်ဆ" မင်းသားလို့ နာမည်ကြီးတဲ့ Harshvardhan Rane၊ Jim Sarbh အပြင် မင်းသမီးချောလေးတွေကို ဇာတ်လမ်းထဲ ဝေဝေဆာဆာ ကြည့်ရှုရမှာပါ။ ဒီဇာတ်လမ်းထဲမှာ မိသားစု နှစ်စုရှိပါတယ်။ ဆရာဝန် မိသားစုနဲ့ ဂန်းစတား မိသားစုလို့ နာမည်ပေးလိုက်မယ်။ ဆရာဝန် မိသားစုကတော့ အင်မတန် ပျော်စရာကောင်းတဲ့ မိသားစုပါ။ ဆရာဝန်မိသားစုမှာ မင်္ဂလာပွဲ ရှိတယ်။ ဒါကြောင့် လန်ဒန်မှာ နေတဲ့ ဆရာဝန် ရိုဟန်ဟာ ညီဖြစ်သူရဲ့ မင်္ဂလာဆောင်အတွက် အိန္ဒိယကို ပြန်လာခဲ့ပါတယ်။ ဂန်းစတား မိသားစုမှာတော့ ညီအစ်ကို နှစ်ယောက်ရှိတယ်။ ညီအစ်ကို ဆိုပေမဲ့ အရင်းတွေ မဟုတ်ဘဲ ဦးလေးနဲ့ တူအရွယ်ပါ။ သူတို့ ညီအစ်ကိုနှစ်ယောက်က အချစ်ရေးနဲ့ ပတ်သက်ပြီး မိသားစုတွင်း ပဋိပက္ခတွေ ရှိလာပါတယ်။ ဒီမိသားစု နှစ်ခုဟာ ပထမမှာတော့ ဘယ်လိုမှ ဆက်စပ်ကြည့်လို့ မရဘဲ ကြည့်ရှုသူကိုတောင် အတွေးများစေမှာပါ။ ဒါပေမဲ့ တနေ့မှာတော့... အဲ့ဒီမိသားစု နှစ်ခု ဆက်စပ်ဖို့ ဖြစ်လာခဲ့ပါတယ်။ ဘယ်လို ဆက်ဖြစ်ကြမလဲဆိုတာကိုတော့ ကိုယ်တိုင်ပဲ ခံစား ကြပါတော့ဗျာ။ ပွေ့ဖက်ခန်းတွေအပြင် သတ်ဖြတ်ခန်းတွေနဲ့လည်း ဇာတ်လမ်းကို ဆွဲဆောင်ထားပါတယ်။ ဒီကားထွက်စတုန်းက ဆီးရီးလို့ ထင်ခဲ့ဖူးပါတယ်။ ဒါကတော့ စဆုံးပါပဲ၊ ...
movie
Taish (2020)
2020
Malik & Elsa (2020) 5.8
Malik & Elsa (2020) Malik & Elsa (2020) =================== အခုတစ်ခေါက်တင်ဆက်ပေးမှာကတော့ Boy Candra ရေးသားပုံဖော်ထားတဲ့    Malik and Elsa စာအုပ်ပထမတွဲကို ရုပ်ရှင်အနေနဲ့ထွက်ရှိလာပြီး IMDb 6/10ရရှိထားတဲ့ အင်ဒိုနီးရှားရုပ်ရှင်လေးပဲဖြစ်ပါတယ်    အင်ဒိုနီးရှားရုပ်ရှင်တွေနဲ့ အများစုကအလှမ်းဝေးကြပေမယ့် အခုတစ်ခေါက်ရုပ်ရှင်လေးကတော့    လူငယ်ဒရမ်မာကားလေးဖြစ်နဲ့အလျောက် လူငယ်တွေအကြိုက်တွေ့မယ်ထင်ပါတယ်    မာလစ်ဆိုတဲ့ကျောင်းသားလေးတစ်ယောက် ပါဒန်ဆိုတဲ့မြို့လေးကို    တက္ကသိုလ်တက်ဖို့ရောက်လာခဲ့ပါတယ် မာလစ်ဟာ အဖေတစ်ခုသားတစ်ခုဘဝနဲ့    ဘဝကိုလှုပ်ရှားရုန်းကန်နေရသူပါ ပါဒန်မြို့ကို ရောက်လာချိန်မှာလည်း စျေးမှာတောက်တိုမရလုပ်ကိုင်ရင်း    တက္ကသိုလ်စရိတ်ကို ကိုယ်တိုင်ရှာဖွေနေရသူတစ်ယောက်ပါ    တစ်နေ့မှာ အတန်းဖော်ကောင်မလေးဖြစ်တဲ့ အယ်လ်ဆာနဲ့ အလောင်းအစားပြိုင်ကြရာမှ     အယ်လ်ဆာတစ်ယောက်ရှုံးပြီး မာလစ်ကိုတစ်ပတ်တိတိ နေ့လည်စာဝယ်ကျွေးဖို့ အကြောင်းဖန်လာပါတော့တယ်    တစ်ပတ်ဆိုတဲ့အချိန်တိုလေးအတွင်းမှာ မာလစ်နဲ့အယ်လ်ဆာဟာ လူငယ်ပီပီ   စူးစမ်းကြရင်း လည်ပတ်ကြရင်းနဲ့ တစ်ယောက်ကိုတစ်ယောက် ရင်းနှီးကျွမ်းဝင်လာခဲ့ပါတယ်    သူတို့ရဲ့ဆန္ဒလေးတွေကို စက္ကူလေယာဥ်မှာရေးရင်း လွှတ်ခဲ့ကြတဲ့သူတို့နှစ်ယောက်    စက္ကူလေယာဥ်လေးတွေလိုပဲ သူတို့ရဲ့ဘဝဆန္ဒတွေကို လွတ်လွတ်လပ်လပ် အကောင်ထည်ဖော်ခွင့်ရမလားဆိုတာကိုတော့   Malik & Elsa ဆိုတဲ့ရုပ်ရှင်လေးမှာ စောင့်မျှော်ကြည့်ရှုပေးကြပါဦးနော်   Translated by : Emily Encoded by : YK Quality : 1080p WEB-DL and 720p File ...
movie
Malik & Elsa (2020)
2020
Happiest Season (2020) 7.0
Happiest Season (2020) Happiest Season (2020)==================IMDb Rating - 6.9/10ချစ်ခြင်းမေတ္တာဆိုတဲ့အရာက ယောကျ်ား၊ မိန်းမမခွဲခြားဘဲ တစ်ယောက်လက်ကို တစ်ယောက်တွဲပြီး လောကဓံကိုအတူရင်ဆိုင်ဖြတ်သန်းကြတာပါ......မိဘတွေဆုံးပါးသွားပြီးနောက်ပိုင်း ခရစ်စမတ်ကို တစ်ယောက်ထဲ အထီးကျန်စွာ ဖြတ်သန်းနေတဲ့ အက်ဘီ.....ပြီးပြည့်စုံတဲ့ မိသားစုတစ်စုဖြစ်ဖို့ မိမိရဲ့ပုံစံအမှန်ကို ဖုံးကွယ်ထားရတဲ့ ဟက်ပါ......ဟက်ပါနဲ့ အက်ဘီတို့က lesbian ချစ်သူတွေပါ။ ဟက်ပါက သူမိသားစုနဲ့အတူ ခရစ်စမတ်မှာ အတူဖြတ်သန်းပြီးမိဘတွေနဲ့ မိတ်ဆက်ပေးဖို့ အက်ဘီကို အိမ်ခေါ်သွားပါတယ်။ ခရစ်စမတ်မှာ အက်ဘီတစ်ယောက် ဟက်ပါကို လက်ထပ်ခွင့်တောင်းဖို့ ရည်ရွယ်ပြီး ဟက်ပါအိမ်ကို လိုက်သွားပါတော့တယ်။ အဲ့လိုနဲ့ ဟက်ပါတို့ မိသားစုရဲ့ အိမ်တွင်းရေးအခြေအနေနဲ့ ခရစ်စမတ်မှာ မပျော်တတ်တဲ့ အက်ဘီတို့ကြား ပြဿနာလေးတွေ၊ ကတောက်တဆလေးတွေနဲ့၊ LGBT တွေမှာသာရင်ဆိုင်ကြုံတွေ့ရတဲ့ ပြဿနာတွေနဲ့ သူတို့ရဲ့ ခံစားချက်တွေကို နားလည်ပေးနိုင်ဖို့ ဘယ်လိုဖြေရှင်းရမယ်ဆိုတာကို ဒီဇာတ်ကားမှာ စီးမျောခံစားနိုင်မှာပါ။ ဒီကားထဲမှာ မင်းသမီး Kisten Stewart ကို ...
movie
Happiest Season (2020)
2020
Rentang Kisah (2020)
Rentang Kisah (2020) Rentang Kisha (2020)ဒီကားလေးကတော့ ၂၀၂၀ စက်တင်ဘာလ ကမှထွက်ရှိထားတဲ့ အင်ဒိုနီးရှားဇာတ်ကားကောင်းလေးလည်းဖြစ်ပါတယ် အင်ဒိုနီးရှား နိုင်ငံရဲ့ စီးပွားရေးကျဆင်းမှု ကြောင့် နိုင်ငံအတွင်းအလုပ်လက်မဲ့တွေများလာပါတယ် ထို့ကြောင့် ပြည်ပသို့အလုပ်ထွက်လုပ်ကြရပါတယ် ဒီကားထဲမှာတော့ မင်းသမီးချောလေး ဂီတာရဲ့အဖေဟာလည်း အဆိုပါနည်းတူ စီးပွားရေးပျက်ကပ်ရဲ့သားကောင်ဖြစ်ခဲ့ပါတယ် မိသားစုရဲ့ဝမ်းရေးရှိသေးတာကြောင့် တိုင်းတစ်ပါးကိုသွားပြီး အလုပ်လုပ်ကာ မိသားစုထောက်ပံ့ပေးခဲ့ရပါတယ် ဒီလိုနဲ့ ဂီတာကျောင်းပြီးတော့သူ့ အဖေနဲ့ အမေ စီစဉ်တဲ့အတိုင်း တိုင်းတစ်ပါးမှာ ပညာသွားသင်စေခဲ့ပါတယ် အဖေနဲ့အမေ ဆန္ဒရှိသလို ဂီတာဟာတိုင်းတစ်ပါးမှာ အဆင်ပြေပြေ ပညာဆည်းပူးနိုင်ပါ့မလား ယဉ်ကျေးမှုမတူတဲ့နယ်မြေ မှာဂီတာတစ်ယောက် နေသားကျအောင်ဘယ်လိုလုပ်မလဲ မထင်မှတ်တဲ့လောကဓံ တရားနဲ့ ရင်ဆိုင်ရတဲအခါမှာတော့ ဂီတာရဲ့ အားကိုးရာက ဘာဖြစ်လာမလည်း ဆိုတာကတော့... ဒီကားမှာဆိုရင် တိုင်းတစ်ပါးမှာစီးပွားသွားရှာရတယ်ဆိုပေမဲ့ နာမည်သာလှပြီး အမြင်မသင့် လှတဲ့ အဖေ တစ်ယောက်ရဲ့မေတ္တာကိုလည်းတွေ့ရမှာပါ မိဘမေတ္တာကို ဖော်ကျူးထားတဲ့ မိသားစုကားလေးဆိုလည်းမမှားပါဘူး Imdb ကလည်း 7.4 ထိရရှိထားပါတယ်Translated by TKEncoded by August
movie
Rentang Kisah (2020)
2020
A Choo (2020)
A Choo (2020) ချစ်ရတဲ့ မိန်းကလေးအတွက်စူပါဟီးရိုးကြီး ဖြစ်ပေးချင်တဲ့ ယောက်ျားလေးတွေရှိလားဗျချစ်ရတဲ့သူကို ကာကွယ်ပေးချင်တယ်စောင့်ရှောက်ချင်တယ်ဒီကမ္ဘာကြီးမှာ ကိုယ်က ဘာကောင်ကြီးမှ မဟုတ်ရင်နေပါစေချစ်ရတဲ့ မိန်းကလေးအတွက်ကတော့အားကိုးစရာ သူရဲကောင်းကြီး ဖြစ်ချင်ကြတဲ့ကျွန်တော့်လို လူမျိုးတွေပေါ့ဗျာဒါဆိုရင်တော့ ဒီကားလေးက ကျွန်တော်တို့နဲ့လုံးဝ တိုက်ဆိုင်နေတာမို့ ကြည့်စေချင်ပါတယ်ဇာတ်လမ်းအကျဉ်းကတော့​မိဘမဲ့ဂေဟာမှာ တူတူကြီးပြင်းလာကြတဲ့ကောင်လေး နှစ်ယောက်နဲ့ ကောင်မလေး တစ်ယောက်တို့ဟာတစ်ယောက်နဲ့တစ်ယောက် သံယောဇဉ် သိပ်ကြီးကြတဲ့သူတွေပါအချိန်တန် အရွယ်ရောက်လာတဲ့အခါ​အဖြူရောင်သံယောဇဉ်ကြိုးက အရောင်တွေပြောင်းလဲ လာခဲ့တာပေါ့ပြောမယ့်သာပြောတာပါ ငတိနှစ်ကောင်ကပိစိဘဝတည်းက ကောင်မလေးကိုကြိတ်ကြွေနေခဲ့တာဗျပြီးတော့ ကောင်မလေး သဘောကျဖို့ကြိုးစားကြတဲ့ ဇာတ်လမ်းလေးပါအပိုဆောင်းပါတာကတော့ စူပါဟီးရိုးတွေပါစူပါဟီးရိုးတွေက လောကကြီးကို ကယ်တင်ခဲ့တာတွေကောင်မလေးက စူပါဟီးရိုးတွေကို သဘောကျတယ်ဒီလိုနဲ့ စူပါဟီးရိုးတွေနဲ့ ဘယ်လိုပက်သက်မိပြီးကောင်လေးတွေကရော ဘယ်လိုတွေကြိုးစားကြမလဲဆိုတာ ရိုက်ကူးထားတဲ့Drama/Fantasy ဇာတ်ကားလေးပါ​ကြည့်ရှူလိုက်ကြပါဦးReview and Translated by AmeliaEncoded by August
movie
A Choo (2020)
2020
Acquitted by Faith (2020) 3.0
Acquitted by Faith (2020) Acquitted by Faith (2020) ဇာတ်လမ်း အကျဉ်းကတော့ ဒီလိုပါ။ ရှေ့နေတစ်ဦးဖြစ်တဲ့ ဘန်ဂျမင် စတေးလ်ဟာ မတော်တဆ ယာဉ်တိုက်မှု တစ်ခု ဖြစ်ခဲ့ပါတယ်။ ဒါဟာလည်း ကားမောင်းရင်း ဖုန်းသုံးတာ၊ စာရိုက်တာကြောင့် ဖြစ်ခဲ့ရတာပါ။ အတိုက်ခံလိုက်ရတဲ့ ကလေးမလေးဟာ ကင်ဆာရောဂါသည် ဖြစ်နေခဲ့ပါတယ်။ ကလေးမလေးကတော့ အရေးပေါ်အခြေအနေနဲ့ ဆေးရုံတက်နေခဲ့ရပါတယ်။ ဒီကလေးမလေးသာ သေသွားခဲ့ရင်တော့ ဘန်ဂျမင် တစ်ယောက် ယာဉ်စည်းကမ်းချိုးဖောက်မှုနဲ့ လူသေမှုတို့နဲ့ အရေးယူခံရပြီး ထောင်ကျနိုင်ကိန်း ရှိပါတယ်။ ဒါ့အပြင် အများပြည်သူကလည်း သူတို့မိသားစုအပေါ် ခြိမ်းခြောက်မှုတွေ ရှိလာပါတယ်။ ဒီတော့ ကလေးမလေး အသက်ရှင်နိုင်ဖို့အရေး ဘန်ဂျမင်တစ်ယောက် ဘုရားမှတစ်ပါး ကိုးကွယ်ရာ မရှိတော့ပါဘူး။ ဘုရားမှာ ဆုတောင်းရုံကလွဲပြီး ဘာမှမတတ်နိုင်တော့ ဘန်ဂျမင် အတွက် ဘုရားသခင်က ခွင့်လွှတ်နိုင်ပါ့မလား ဆိုတာတော့ ...... မင်းသားကတော့ Starship Troopers ထဲက Casper Van Dien ပဲ ဖြစ်ပါတယ်။ Translated by : Pyi T Nyein Encoded ...
movie
Acquitted by Faith (2020)
2020
Voice of Silence (2020) 6.6
Voice of Silence (2020) Voice of Silence 2020 ================= ဒီကားကတော့ ၂၀၂၀နှစ်ကုန်နားနီးမှ အသစ်ထွက်ရှိထားပြီး IMDB 6.6/10 ထိရထားတဲ့   Crime/Drama အမျိုးစားဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။သရုပ်ဆောင်တွေအနေနဲ့   Aliveထဲကမင်းသား Yoo Ah-In နဲ့ Reply 1988 တို့ Itaewon Class တို့က   မင်းသားကြီး Yoo Jae-Myung တို့ကအဓိကပါဝင်သရုပ်ဆောင်ထားကြပါတယ်   ဇာတ်လမ်းအကျဉ်းကတော့ ကြက်ဥအရောင်းအဝယ်ဗန်းပြပြီး   လူဆိုးဂိုဏ်းတွေက လူသတ်တာတွေအတွက် တာဝန်ယူအလောင်းဖျောက်ပေးရတဲ့    ကြေးစား အလောင်းဖျောက်ပေးတဲ့သူနှစ်ယောက်အကြောင်းကို   အဓိကဇာတ်အိမ်တည်ရိုက်ကူးထားပါတယ် တစ်ရက်မှာသူတို့အတွက်   ပုံမှန်အလောင်းဖျောက်နေကြအလုပ်မျိုးနဲ့ မတူတဲ့   တခြားသော အော်ဒါတစ်ခုကို လူဆိုးဂိုဏ်းခေါင်းဆောင်   တစ်ယောက်ကစေခိုင်းလာခဲ့ပါတယ် စေခိုင်းပြီးနောက်   ဒီလူဆိုးခေါင်းဆောင်ကလည်း သေဆုံးသွားတဲ့အခါ...   ဒီအလုပ်ကိုလက်ခံပြီးနောက် ဘယ်လိုအကြောင်းအရာမျိုးတွေ   ဆက်ဖြစ်လာမယ်ဆိုတာတော့ စိတ်ဝင်စားဖွယ်တင်ဆက်ထားလို့   ကိုယ်တိုင်ပဲခံစားကြည့်စေချင်ပါတယ် Yoo Ah-In ပါဝင်ထားတဲ့   ကားတော်တော်များများကောင်းတာများလို့ Mystery ဆန်ဆန်ကားမျိုး   ကြိုက်တယ်ဆိုရင်တော့ ဒီကားလေးကိုကြည့်ကြဖို့ တိုက်တွန်းချင်ပါတယ်     Translated by : Phue Nge Nge Thein, Moe Pwint Encoded by : Thit ...
movie
Voice of Silence (2020)
2020
Shawn Mendes: In Wonder (2020) 6.7
Shawn Mendes: In Wonder (2020) Shawn Mendes: In Wonder (2020)=========================IMDb Rating - 6.7/10#Unicodeအနုပညာရှင်တွေရဲ့ documentary တွေကြည့်ရတာ ကြိုက်နှစ်သက်​သူတွေအတွက် နာမည်ကျော်ကနေဒီယန်အဆိုတော်လေး Shawn Mendes ရဲ့ documentary လေးကို တင်ဆက်ပေးလိုက်ပါတယ်။သူလိုကိုယ်လူ သာမန် ၂၂နှစ်အရွယ် လူငယ်လေး Shawn Mendes တစ်ယောက် သူ့ရဲ့အိပ်ခန်းထဲမှာ ဂစ်တာလေးတစ်လက်နဲ့ သီချင်းတွေစဆိုရင်း အခုလို ကမ္ဘာကျော်တစ်ယောက်ဖြစ်လာတဲ့အထိ ဖြတ်သန်းလာခဲ့ရပုံတွေ၊အိပ်မက်တွေအမှန်တကယ်ဖြစ်လာတဲ့အခါ အတိုင်းမသိဝမ်းသာကြည်နူးရပုံတွေ၊ တစ်ချိန်တည်းမှာပဲ တစ်ခါတစ်ရံသာမန်လူငယ်လေးတစ်ယောက်လို မိသားစုတွေ သူငယ်ချင်းတွေ ချစ်ရသူတွေနဲ့ ဘဝကိုလွတ်လွတ်လပ်လပ် ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းချင်မိပုံတွေ အစရှိတဲ့ Shawn ပြောပြတဲ့ Shawn ရဲ့ life story တွေကို လိုက်ပါခံစားကြရမှာပါ။ဒါ့အပြင် သူ့ရဲ့ ၂၀၁၉တုန်းက ပွဲပေါင်း ၁၀၄ပွဲ လှည့်လှည်ဖျော်​ဖြေခဲ့တဲ့ World Tour မှာ ကြုံတွေ့ခဲ့ရတဲ့ အခက်အခဲတွေ၊ပျော်ရွှင်စရာတွေ အပြင်၊ အားလုံးသိပြီးဖြစ်တဲ့ ...
movie
Shawn Mendes: In Wonder (2020)
2020
Mephisto (2020)
Mephisto (2020) ဒီတစ်ခေါက် ဇာတ်ကားကတော့ Mephisto ဆိုတဲ့   Korean Thriller ရုပ်ရှင်ကားပဲ ဖြစ်ပါတယ်   ဒီကား ကိုတော့ မကြာသေးခင်ကမှ ထုတ်လုပ်ထားတာဖြစ်ပြီး   ရင်ခုန်စိတ်လှုပ်ရှားဖို့ကောင်းတဲ့ ရုပ်ရှင်အမျိုးအစားကို   သဘောကျတဲ့သူတွေအနေနဲ့ ကြည့်သင့်တဲ့ ကားလေးဖြစ်ပါတယ်   ထယ်ဆော့ အနေနဲ့က လက်ဝေ့ချန်ပီယံဟောင်းတစ်ယောက်ဖြစ်ပါတယ်။   ရန်ဖြစ်မှုတစ်ခုကြောင့် အကျဥ်းကျခံရပြီး   ပြန်လွတ်လာသူတစ်ယောက်ဖြစ်ပြီး သူရဲ့ချစ်သူ ဖြစ်တဲ့   ဂျီဆူယွန်းနဲ့ အတူတူနေထိုင်ကြပါတယ်။   ဆူယွန်းကတော့ သင်တန်းကြောင်းတစ်ခုမှာ ပန်းချီသင်ကြားပေးတဲ့ ဆရာမတစ်ယောက် ဖြစ်ပြီး အကြွေးရှင်တွေနဲ့   အခက်ခဲရောက်နေတဲ့ သူဖြစ်ပါတယ်။   ဂျီအွန်း ကတော့ ဆူယွန်းရဲ့ညီမ ကျောင်းသူတစ်ယောက်ပါ   ဒါပေမယ့် ငွေရဖို့အတွက် လမ်းမှားကို ဆက်တိုက်လျှောက်နေမိတဲ့သူပါ။   သူတို့သုံးယောက်အတွက် အခက်ခဲဆုံးအခြေအနေ   ရောက်နေတာဖြစ်တဲ့အတွက် မတက်သာပဲ သူတို့အတွက်   တန်ဖိုးအရှိဆုံးအရာကို ရင်းပြီး မကောင်းဆိုးဝါး နဲ့   ကတိတစ်ခုပြုလုပ်မိလိုက်ကြပါတယ် ။   ဒါပေမယ့် ကတိကိုဖျက်ခဲ့မယ်ဆိုရင်   ဘာတွေများဆက်ဖြစ်ကြမလဲ ဒီကျိန်စာကနေရော   သူတို့သုံးယောက် လွတ်မြောက်နိုင်ကြမှာလား.....   အစရှိတာတွေကို့တော့ ဇာတ်လမ်းကနေတစ်ဆင့်ကြည့်ရှုရင်း   အဖြေရှာကြည့်စေချင်ပါတယ်....    Translated by : Hana Encoded by : YK Quality : 1080p and ...
movie
Mephisto (2020)
2020
Loco (2020) 6.7
Loco (2020) Loco (2020)==========IMDb Rating - 6.7/10#Unicodeဇာတ်လမ်းတည်ဆောက်ပုံက Breaking Bad Series နဲ့ နည်းနည်းဆင်တယ်....BrBa မှာ Meth ချက်ပေမယ့် ဒီကားမှာတော့ လိုကို(Loco) ချက်တာပေါ့။ လိုကိုဆိုတာမူးယစ်ဆေးတစ်မျိုးရဲ့နာမည်ပါ။ မက္ကဆီကို နယ်မြို့လေးတစ်ခုမှာ အကောင်းဆုံး Drugတစ်မျိုးလို့လည်းပြောလို့ရတယ်။ ဒီ မူးယစ်ဆေးလောကထဲကို အဲလက်စ်ဆိုတဲ့ ကောင်လေးတစ်ယောက်ကို လက်စတာဆိုတဲ့ လိုကိုချက်တဲ့ မူးယစ်ရာဇာတစ်ယောက်ကခေါ်သွင်းခဲ့တယ်( မသိရင် ဝေါ်တာ ဝှိုက်နဲ့ ဂျက်ဆီပင့်မန်းအတိုင်းပဲ)။ အဲလက်စ်တို့အဖွဲ့ဟာ တစ်ဖက်မှာလည်းမူးယစ်လောကမှာ ဘုရင်လို့ပြောလို့ရတဲ့ တလာမိုကိုရှောင်ရပါတယ်။ တလာမိုဆိုတာ နာမည်သာကြားဖူးပြီး ဘယ်သူမှမမြင်ဖူးတဲ့ ဆရာကြီးပေါ့။ အဲလက်စ်ဟာ တလာမိုနဲ့သွားရှုပ်မိပြီးလက်စတာ, တလာမို မူးယစ်ရာဇာ ၂ ယောက်ရဲ့ အားပြိုင်မှုကိုမြင်တွေ့ရမှာဖြစ်ပါတယ်။တလာမိုဆိုတာ ဘယ်သူဖြစ်မလဲ .....အဲလက်စ်တို့အဖွဲ့ရော တလာမိုလက်အောက်က လွတ်နိုင်မှာလား .....ဆိုတာ ကိုယ်တိုင်ပဲကြည့်ရှုလိုက်ပါ။ ဇာတ်လမ်း Climax လို့ပြောလို့ရတဲ့ Ending ပိုင်းမှာwtf လို့ထယောင်မိအောင် plot ...
movie
Loco (2020)
2020
(18+) Rated 19 Secret Lesson (2020) 6.5
(18+) Rated 19 Secret Lesson (2020) Rated 19 Secret Lesson (2020) ===================== ကိုရီးယားကားတောင်းဆိုနေကြတဲ့သူတွေအတွက်နောက်ထပ်တစ်ကားထပ်လာပါပြီ ဒီကားကတော့ တခြားကားတွေနဲ့ မတူပဲနည်းနည်းထူးခြားတယ်ပြောရမယ် ကိုယ့်ကောင်မလေးတွေ သိုင်းကျမ်းလေ့လာဖို့လိုနေသေးတယ်လို့ ခံစားမိတဲ့ဘဒိုတွေဒီကားကြည့်ပြီး နည်းလမ်းကောင်းလေးတွေ ပြန်ဖောက်သည်ချပေးလို့ရတဲ့ကားလေးဆိုလည်းမမှားပါဘူး အိမ်ထောင်သည်ဘဒိုတွေလည်းကြည့်ပြီး နည်းနာယူသင့်ပါတယ် ဇာတ်လမ်းမစခင်ပါတဲ့ ဆော်ကြီးနှစ်ယောက်အကြောင်းအရင်ပြောပြမယ် ပထမတယောက်ကတော့ ကိတ်ချက်က အခုကိတ်ပါတယ်ဆိုတဲ့ မော်ဒယ်တွေ ဘာလဲဆိုတာ မေးယူရလောက်တဲ့အထိ ကိတ်ပြီးမှည့်တယ် နောက်ထပ်ဆော်ကြီးတစ်ဗွေကတော့ အဖြုတ်ကြမ်းတဲ့ LCD ဆော်ကြီး သူကတော့ ဆရာမကြီးပေါ့ ကဲဇာတ်လမ်းအကြောင်းပြန်သွားရရင် sexသင်တန်းပေါ့ အဲ့သင်တန်းကိုတက်ပြီး sex ကိစ္စပိုင်းမှာပြောင်းလဲသွားတဲ့ယူဂျောင်းဆိုတဲ့ ဆော်လေးအကြောင်းကို ရိုက်ထားတာပါ အဲ့သင်တန်းပိုင်ရှင်ဆရာမကလဲ ဘာလာလာဒေါင်းဆရာမကြီးပေါ့ ကြမ်းတယ် ဆော်လန်းတယ်ဆိုမှကြည့်ချင်တယ်ဆိုဒီကားသာ ၁၈ယောက်စုပြီးဒေါင်းကြည့်လိုက်ပါတော့ ဗဟုသုတတွေလဲ ရတာပေါ့    Released: 04 Sep 2020  Runtime: 75 Mins  Genre: Romance  Countries: South Korea  Languages: Korean 
movie
(18+) Rated 19 Secret Lesson (2020)
2020
1 Interrogation (2020) 7.5
movie
1 Interrogation (2020)
2020