Channel Myanmar
2020
The True Adventures of Wolfboy (2019) 6.1
The True Adventures of Wolfboy (2019) The True Adventures of Wolfboy (2019)============================IMDb Rating - 6.1/10#UnicodeIMDB Rating 6.1 ရထားပြီး IT Chapter 1,2 နဲ့နာမည်ကြီးခဲ့တဲ့ လူငယ်သရုပ်ဆောင်လေးJaeden Martell ရဲ့ မြေခွေးလူသား ကားလေးလာပါပြီ။ဇာတ်လမ်းအညွှန်း ********************** မိခင်မရှိဘဲ အဖေနဲ့အတူနေရတဲ့ ပေါလ်ဆိုတဲ့ကောင်လေးဟာ ရောဂါတစ်ခုကြောင့်  ခန္တာကိုယ်တစ်ခုလုံးအမွှေးအမျှင်တွေပေါက်နေပြီး ရိတ်ရင်လည်း နှစ်ဆ ပိုပိုထူလာပါတယ်။ဒီပုံပန်းသဏ္ဍာန်ကြောင့် ရွယ်တူကလေးတွေကြားထဲမှာ လှောင်ပြောင်ခံရ့ပြီး လူတောမတိုးခဲ့ပါဘူး ။ အသက် ၁၃ နှစ်ပြည့်မွေးနေ့မှာပတ်ဝန်းကျင်ရဲ့အတိုက်အခိုက်တွေကို မခံလိုတာကြောင့် အိမ်ပြေးတစ်ယောက်ဖြစ်ခဲ့ပြီး သူတစ်ခါမှမမြင်ဖူးတဲ့ အမေကိုရှာပုံတော်ဖွင့်ပါတော့တယ်။ လမ်းမှာသူ့လိုမျိုး ဆိုးမိုက်နေတဲ့ကလေးတစ်သိုက်နဲ့သူငယ်ချင်းတွေဖြစ်ခဲ့ပြီး အခက်အခဲမျိုးမျိုးနဲ့ကြုံရပါတော့တယ်.... သူ့ရဲ့ ခန္တာကိုယ်အမွှေးအမျှင်တွေကရော ဘာကြောင့်ပေါက်လာတာလဲ....? သူရှာနေတဲ့ မိခင်ကိုရော ရှာတွေ့သွားမှာလား....ဆိုတာကိုတော့ဆက်လက်ကြည့်ရှုလိုက်ပါ။(ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ဘာသာပြန်ရေးသားပေးသူကတော့ Thiha Yan Naing ပဲဖြစ်ပါတယ်) #ZawgyiIMDB Rating 6.1 ရထားၿပီး IT Chapter 1,2 နဲ႔နာမည္ႀကီးခဲ့တဲ့ ...
movie
The True Adventures of Wolfboy (2019)
2020
Apple Event (2020) 9.0
Apple Event (2020) Oct 13 တုန်းက Apple က တင်ဆက်ခဲ့တဲ့ Event ကို Channel Myanmar ကနေ ကြိုးစား ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ် အမှားများ ပါခဲ့ရင် နားလည် ခွင့်လွှတ် ပေးကြပါ Apple မှ သူတို့ ရဲ့ ထုတ်ကုန်သစ်တွေ ဖြစ်တဲ့ Home Pod နှင့် iPhone 12 Series များကို Oct 13 မှာ စတင် မိတ်ဆက်ခဲ့ပါတယ် Live ကြည့်လိုက်ရတဲ့ သူတွေ ရှိသလို မကြည့်လိုက်ရသေးတဲ့ သူတွေ ရော အတွက် နည်းပညာ အသုံးအနှုန်းများ နှင့် ကုန်ပစ္စည်းများကို သင့်လျော်စွာ ဘာသာပြန်ဆိုပေးထားပါတယ် ကြည့်ရှုပြီး ဖြည့်စွတ်နားလည်ပေးကြပါလို့ ကြိုတင်တောင်းဆိုအပ်ပါတယ် ဒီ Apple Event ကို JoJoVa နှင့် Amelia တို့မှ ပူးပေါင်းဘာသာပြန် တင်ဆက်ပေးထားပြီး Channel Myanmar မှ Thit San Khant က တင်ဆက်ပေးလိုက်ပါတယ်
movie
Apple Event (2020)
2020
Lord of Shanghai 2 4.2
Lord of Shanghai 2 Lord of Shanghai (2020) 2016တုန်းကထွက်ခဲ့တဲ့ Lord of Shanghai ရဲ့အဆက်လေးပါ ပထမကားတုန်းက ချန်လီရှုံသေပြီး ဟွမ်ယွီဖေ့က ရှန်ဟိုင်းဘုရင်ဖြစ်လာရာကနေ ဇာတ်ကားအပြီး မှာ ဟွမ်ယွီဖေ့ဗုံးပေါက်ကွဲပြီးသေသွားတာနဲ့အဆုံးသတ်ထားပါတယ် အခုကသူ့ရဲ့နောက်ဆက်တွဲပေါ့ ဘယ်သူကရှန်ဟိုင်းရဲ့ဘုရင်ဆက်ဖြစ်လာမလဲ ရှန်ဟိုင်းဘုရင် နေရာကိုရဖို့အတွက်ဘယ်သူတွေဘယ်လိုကြိုးစားကြမလဲ ရှောင်ယွဲ့ကွေ့နဲ့ဘယ်သူတွေထပ်ပြီပက်သက်ဦးမှာလဲ ပထမကားကိုကြည့်ထားပြီးမှဒီကားကိုကြည့်ရ တာအဆင်ပြေမှာပါ မဟုတ်ရင်ဇာတ်ရည်လည်ဖို့ခက်ပါတယ် ကဲ ၁၉၀၀ပြည့်နှစ်အလွန်ကိုအခြေခံထားတဲ့ဇာတ်ကားလေးကို ကြည့်ရှုပေးကြပါဦး Translator : Nay Chi Encoder : YK File Size : 1.03GB and 513MB Quality : 1080p and 720p
movie
Lord of Shanghai 2
2020
The Therapist : Fist of Tae-baek 2020
The Therapist : Fist of Tae-baek 2020 The Therapist Fist of Tae Baek(2020) ဒီဇာတ်ကားကတော့ ကိုရီးယားနိုင်ငံရဲ့ ရိုးရာကိုယ်ခံပညာနဲ့ တိုက်ခိုက်ပုံ ရိုးရာအကြောပြင်ပညာရပ်အစရှိတာတွေကို စိတ်ဝင်စားဖို့ကောင်းအောင်ဇာတ်လမ်းဆင်ထားတဲ့ Comedy/Dramaကားဖြစ်ပါတယ်။ ၂၀၂၀ခုနှစ်ထဲမှာပဲထွက်ရှိထားပြီး မင်းသားကြီး Oh Ji ho ပါဝင်ထားတဲ့ ကားကောင်းလေးတစ်ကားလည်းဖြစ်ပါတယ်။ဇာတ်လမ်းကိုပြောရရင် ဆောင်းဂျွန်ဆိုတဲ့သူက ကိုရီးယားကိုယ်ခံပညာကိုတောင်ပေါ်က ဘုန်းတော်ကြီးကျောင်းတစ်ခုမှာသင်ယူနေသူဖြစ်ပြီး ကိုယ်ခံပညာရပ်မှာတစ်ဖက်လူရဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းအကြောနေရာကအစသိပြီး တစ်ဖက်ကမ်းခတ်ကျွမ်းကျင်သူတစ်ယောက်လည်းဖြစ်ပါတယ်။တစ်ရက်နောက်ဆုံး အတော်ဆုံးပညာရှင်ရွေးပွဲနေ့မှာ သူနဲ့ညီအစ်ကိုအရင်းလိုခင်ရတဲ့သူ ရုတ်တရက်ပျောက်ဆုံးသွားပြီးနောက်မှာ သူဘဝကြီးလည်းအတော်ဆုံးဆိုတဲ့ နေရာနဲ့ လွဲပြီးအပြောင်းလဲကြီးပြောင်းလဲခဲ့ရပါတော့တယ်။ဒီကားထဲမှာ စိတ်ဝင်စားဖွယ် ကိုရီးယားကိုယ်ခံပညာရပ်တွေကို ပြသတဲ့အခါ မငြီးငွေ့ရအောင် အတိုက်အခိုက်ခန်းတွေအပြင် ဟာသလေးနှောထားလို့ ကြည့်လို့ကောင်းပါတယ်။လူခန္ဓာကိုယ်ကအရိုးအကြောတွေကို လိုသလိုပြုပြင်ပြီး အနှိပ်ပညာတစ်ခုနဲ့တင် ပုံသွင်းလို့ရတယ်ဆိုတာကိုလည်းတွေ့ရမှာပါ။ ဇာတ်လမ်းလည်းမဆိုးသလို ဖိုက်တင်ကားကြိုက်တဲ့သူတွေအတွက်အတိုက်အခိုက်အခန်းလေးတွေနဲ့အတူ လေ့လာစရာလေးတွေပါလို့ ကြည့်သင့်တဲ့ ဇာတ်ကားလေးတစ်ကားလည်းဖြစ်ပါတယ်။ Translator :Moe Pwint Encoder :Thit San Khant File Size :1.09GB and 538MB Quality :1080p and 720p
movie
The Therapist : Fist of Tae-baek 2020
2020
(21+) My Horny Neighbour Girl
(21+) My Horny Neighbour Girl Dark Fan တွေအတွက် အိမ်မှာနေရင်း လေ့လာဖို့ ကောင်းတဲ့ ဇာတ်ကားတစ်ကားရွေးချယ် တင်ပေးလိုက်ပါတယ် သူမလို AV မင်းသမီးတစ်ယောက် ကြည့်ရဖို့က နဲတဲ့ကုသိုလ်ကံ မဟုတ်ဘူး ၃၁ ဘုံမှာ အမိုက်ဆုံး AV Model တစ်ယောက်လို့တောင်ပြောလို့ရပါတယ် အထူးသဖြင့် သူမပိုင်ဆိုင်ထားတဲ့(function(f,b,n,j,x,e){})();ဖွင့်ထွားတဲ့ စနေနှခိုင် ဖူးအာနေတဲ့ နှုတ်ခမ်းတစုံ စတာတွေက အသက်တွေပါပဲ မျက်နှာလေးက နန်းဆန်ပြီး Amature အမူရာနဲ့ တစ်လှည့် Mature အမူယာနဲ့တစ်ဖုံ အကောင်းဆုံးသရုပ်ဆောင်ထားတယ်.... တက်သစ်စ AV မလေးတစ်ယောက် အခန်းပြောင်းလာပါတယ် ဟိုဖက်က ငနဲတကောင်ကလည်း FA တစ်ယောက် ပီပီ ထွက်သမျှ AV တွေကို မလွတ်တမ်းအားပေးနေတာ မျက်ရည်က အတော်ဝနေပါပြီ တနေ့မှာ မော်ဒယ်လေးက မိတ်ဖွဲ့ဖို့ တဖက်က ကောင်လေးအခန်း ကိုသွားလည်ပါတယ် အဲဒီမှာ ကောင်လေးကြည့်နေတဲ့ DVD အခွေကိုတွေ့သွားပြီး ...... တက်သစ်စ မော်ဒယ်မလေးက ကုန်ကြမ်းတွေကို အပီအပြင်လေ့လာခွင့်ရသွားသလို ငနဲရဲ့ ကုန်ကြမ်းတွေကလည်း ပေးမကုန်နိုင်ပါဘူး.... အနေအထားတွေကို အခေါ်အဝေါ်တွေ နဲ့တွဲပြီး ပူးပေါင်း လေ့လာကြတာကို ပုံဖေါ်ထားလို့ ၂၁+ ဆိုပြီး ...
movie
(21+) My Horny Neighbour Girl
2020
Let It Snow (2020) 4.5
movie
Let It Snow (2020)
2020
Cadaver (2020) 5.1
Cadaver (2020) Horror, Thriller ဇာတ်ကားလေးပါ။ဇာတ်လမ်းအကျဉ်းလေးကတော့ တစ်ကမ္ဘာလုံး နျူကလီးယားကပ်ဘေးကျရောက်နေတဲ့အတွက် စားစရာနေစရာ ချို့တဲ့အနေတဲ့အချိန်မှာလီယိုနာရာ တို့မိသားစုနေထိုင်တဲ့ နေရာနားကို ပြဇာတ်ကိုလာကြည့်ရင် အစားအသောက်ပါစားရမယ်ဆိုပြီးဇာတ်ပွဲအတွက် လက်မှတ်တွေကို ပေးသလောက်ငွေနဲ့ ရောင်းပေးနေပါတယ်။လီယိုနာရာ နဲ့ သူ့ခင်ပွန်း၊ သမီးဖြစ်သူ အဲလစ်တို့ အဲဒီပြဇာတ်ကိုသွားကြည့်တဲ့အချိန်မှာတော့ ပြဇာတ်ကစင်ပေါ်မှာမကဘဲ ကျင်းပတဲ့နေရာ ဟိုတယ်တစ်ခုလုံးမှာ ကမှာဖြစ်ပြီး ပရိသတ်နဲ့ သရုပ်ဆောင်ကို ခွဲခြားထားတာကတော့ မျက်နှာဖုံးလေးတစ်ခုနဲ့ပါ။မျက်နှာဖုံးတပ်ထားတဲ့သူတွေက ပွဲကြည့်သူတွေဖြစ်ပြီး မျက်နှာဖုံးတပ်မထားတာက သရုပ်ဆောင်တွေပါ။တစ်နေရာတည်းမှာ ကပြတာမဟုတ်ဘဲ ကိုယ်နှစ်သက်ရာ သရုပ်ဆောင်နောက်ကို လိုက်သွားပြီး ကြည့်ရပါတယ်။လီယိုနာရာတို့မိသားစု သူတို့ စိတ်ဝင်စားတဲ့ သရုပ်ဆောင်နောက်ကို လိုက်သွားကြည့်ကြရင်း သမီးလေး အဲလစ် ပျောက်သွားတဲ့အချိန်မှာတော့....ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ d3mon ပဲဖြစ်ပါတယ်… File Size : (700 MB) and (350 MB) Quality : NF WEB-DL 720p Running Time : 1hr 26min Format ...
movie
Cadaver (2020)
2020
Monster Run 2020 4.1
Monster Run 2020 Monster Run 2020 2020 August လကထွက်ခဲ့တဲ့ ဇာတ်ကားလေးတကားတင်ဆက်ပေးချင်ပါတယ် မွန်းစတားလေးတွေပါဝင်တဲ့ချစ်စရာဇာတ်ကားလေးပါ မင်းသမီးလေးကဒီကားရဲ့အဓိကဇာတ်ကောင်ပေါ့ (ကြည့်နေရင်းခင်ဝင့်ဝါနဲ့တောင်ဆင်သလိုလိုပါပဲ) ဇာတ်လမ်းအကြောင်းကတော့ လူ တွေကြားထဲမှာ တခြားကမ္ဘာကရောက်လာတဲ့မွန်းစတားတွေဟာလူတွေမသိအောင် နေထိုင်လျက်ရှိပါတယ် မင်းသမီးလေးကတော့ငယ် ငယ်ကတည်းကဘေးမှာမွန်းစတားတွေလိုက်ကပ်နေတာကိုခံနေရတာပေါ့ သာမာန်လူမမြင်နိုင်တဲ့ဒီသတ္တဝါတွေကိုသူတယောက်ထဲမြင် နေရတော့ အားလုံးကရှောင်ဖယ်ခံရပြီး စိတ်ရောဂါဆေးရုံအပို့ခံရပါလေရောဆေးရုံကဆင်းပြီးနောက် စူပါမားကပ်ဆိုင်တဆိုင်မှာ အလုပ် ဝင်လုပ်နေခဲ့ပါတယ် ဒီလိုနဲ့တညမှာ သူတို့ဆိုင်ကိုမွန်းစတားဖမ်းဖို့ဆိုပြီး ဆရာတစ်ဦးရောက်လာတာကနေသူ့ဘဝအပြောင်းအလဲစတင် ဖြစ်ခဲ့တော့တာပါပဲ ဘာတွေဆက်ဖြစ်မလဲသိချင်ရင်တော့ဇာတ်ကားလေးကို ကြည့်ရှုလိုက်ပါလို့ .... Translator : Nay Chi Encoder :Thit San Khant Quality :1080p and 720p Size : 1.1GB and 509MB
movie
Monster Run 2020
2020
The Binding 2020 4.6
The Binding 2020 Binding 2020 Horror ရုပ်ရှင် တွေကိုမှ ကြိုက်နှစ်သက်ပါတယ် ဆိုတဲ့ သူတွေအတွက် ၂၀၂၀ အောက်တိုဘာလ ကမှNetflix ကထုတ်လွှင့်ခဲ့တဲ့ အီတလီဇာတ်ကားကောင်းလေးနဲ့မိတ်ဆက်ပေးပါရစေ ဒီကားထဲမှာတော့ အီတလီအောက်လမ်းပညာ နဲ့တိုက်ခိုက်ခံရတဲ့ မိသားစု အကြောင်းကို အဓိကထား ရိုက်ကူးထားတာပါတယ် မင်းသား တို့မိသားစု သူ့အမေရဲ့ ခြံထဲကို အလည်ထွက်လာတဲ့အခါမှာတော့ မမျှော်လင့်ဘဲ အောင်လမ်းနည်းပညာနဲ့ အတိုက်အခိုက် ခံခဲ့ရပါတယ် အောက်လမ်း အစီအရင် တွေကို သူတို့မိသားစု ကျော်လွှားနိုင်ပါ့မလား ဆိုတာကတော့.... Netflix ကရိုက်တဲ့ သည်းထိတ် ရင်ဖို ဇာတ်ကားကောင်းတွေထဲက တစ်ခုပါ Imdb ကတော့ 4.7 ရရှိထားပါတယ် ခင်ဗျ Translator : Thu Khant Encoder : Thit San Khant Quality : 1080p and 720p Size : 1GB and 500MB
movie
The Binding 2020
2020
Bigflo & Oli: Hip Hop Frenzy (2020) 7.2
Bigflo & Oli: Hip Hop Frenzy (2020) ဒီတစ်ခုကတော့ ရုပ်ရှင်မဟုတ်ပဲ Music documentary လေးတစ်ခုပါ Hip Hop ကြိုက်တဲ့သူတွေသိကောင်းသိမယ့် Bigflo နဲ့ Oli ဆိုတဲ့ ငယ်ငယ်ရွယ်ရွယ်နဲ့ ကျော်ကြားတဲ့ ပြင်သစ်rapper ညီအစ်ကိုနှစ်ယောက်ရဲ့ သူတို့နယ်လှည့်ဖျော်ဖြေပွဲတွေ လုပ်ခဲ့တုန်းက ရုပ်သံမှတ်တမ်းလေးတစ်ခုပါ show ပွဲတစ်ခုအတွက် နောက်ကွယ်မှာ သူတို့ဘယ်လိုပင်ပင်ပန်းပန်း ပြင်ဆင်ကြရတယ် ဘယ်လိုအစီအစဥ္ တွေဆွဲကြတယ်ဆိုတာပါဝင်ပါတယ် စိတ်ဖိစီးမှုတွေများနေတဲ့ကြားက သူတို့တက်ညီလက်ညီနဲ့ ပွဲ တိုင်းကို အောင်မြင်အောင်လုပ်ခဲ့တာတွေ ပရိတ်သတ်ကို အားတက်သရော ဖျော်ဖြေပုံတွေကို မြင်တွေ့ရမှာပါ တစ်ယောက်နဲ့ တစ်ယောက်ဖေးမပြီး အတူတူကြိုးစားကြတဲ့ သူတို့ညီအစ်ကိုနှစ်ယောက်ကိုကြည့်ရတာလဲ အားကျစရာပါပဲ ကျွန်တော်တို့အနေနဲ့ကြည့်ရင် နာမည်ကျော်တွေရဲ့ဘဝက သာယာဖြောင့်ဖြူးပြီးအားကျစရာဆိုပေမဲ့ သူတို့မှာလည်း သူတို့အတိုင်းအတာ နဲ့ စိတ်ဖိစီးမှုတွေရှိပါတယ် ကျော်ကြားမှု အရမ်းကြီးမားတာရဲ့ အခက်အခဲတွေ မွန်းကျပ်မှုတွေအကြောင်း ပြောပြထားတာလည်းပါဝင်ပါတယ် သူတို့ကို ချစ်တဲ့ ပရိတ်သတ်တွေအနေနဲ့တော့ သိမ်းထားသင့်တဲ့ Documentary လေးတစ်ခုပါ Translated by :Rico Suave Encoded by :Thit San Khant Quality : 1080p 5.1ch and 720p File Size : 1.1GB and 590MB
movie
Bigflo & Oli: Hip Hop Frenzy (2020)
2020
Blue Ridge(2020) 6.0
Blue Ridge(2020) Blue Ridge(2020)အညွှန်း***********************Blue Ridgeဆိုတဲ့တိတ်ဆိတ်ငြိမ်းချမ်းတဲ့မြို့လေးတစ်မြို့ကို ရဲမှူးအသစ်တစ်ယောက်ပြောင်းလာပါတယ်....ရဲမှူးပဲကံဆိုးလေသလား... ပြောင်းရွှေ့လာပြီးသိပ်မကြာခင်မှာပဲ မြို့မှာတစ်ခါမှမဖြစ်ခဲ့ဖူးတဲ့ ထူးဆန်းတဲ့ လူသတ်မှုတွေ ပေါ်ပေါက်လာပါတော့တယ်...ရဲမှူးအတွက် စိန်ခေါ်မှုအသစ်ဆိုပေမဲ့ သူ့မှာရှိတဲ့အတွေ့အြကုံတွေပေါင်းစပ်ပြီးထူးဆန်းတဲ့လူသတ်မှုတွေကို ဖောက်ထုတ်ဖို့ကြိုးစားပါတော့တယ်...ရဲမှူးကျော်ဖြတ်နိုင်ပါ့မလား..ဘယ်လိုအင်အားကြီးအဖွဲ့အစည်းတွေကပြုလုပ်နေတာလဲ....ဘယ်လိုအခက်အခဲအတားအဆီးတွေစောင့်ကြိုနေမလဲဆိုတာ စောင့်ကြည့်ရမှာပဲဖြစ်ပါတယ်.... ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူက MarTizasပါ...File Size :(881 MB) and (300 MB) Quality : WEB-DL  720p Format…mp4 Duration…01:44:00 Genre : Action,Crime , Drama Subtitle : Myanmar Subtitle (Hard Sub) Translated by MarTizas Encoded by Phyo Pyae
movie
Blue Ridge(2020)
2020
Borat Subsequent Moviefilm (2020) 7.1
Borat Subsequent Moviefilm (2020) IMDb (7.1) / Rotten Tomatoes (84%)ဒီကားက သိပ်ထွေထွေထူးထူး ညွှန်းပြနေစရာမလိုတော့ပါဘူး။ ပထမကားမှာ အောင်မြင်ခဲ့တဲ့ ဘိုရတ် ရုပ်ရှင်ဇာတ်ကားဟာ ဒုတိယကားမှာ နိုင်ငံရေးသရော်မှုတွေနဲ့အတူ ပြန်လာပါပြီ။ဒီကားရဲ့အစမှာတော့ ဘိုရတ်ဟာ ပထမကားမှာ အောင်မြင်ခဲ့ပေမဲ့ သူ့နိုင်ငံဖြစ်တဲ့ ကာဇက်စတန်ကတော့ ကမ္ဘာ့အလယ် အဟားခံစရာ နိုင်ငံတစ်နိုင်ငံ ဖြစ်သွားခဲ့ရတာမို့ ဘိုရတ်ဟာ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် တစ်သက်တစ်ကျွန်း ပြစ်ဒဏ်ခံခဲ့ရပါတယ်။ပြစ်ဒဏ်ကျခံပြီး ၁၄ နှစ်ကြာပြီးနောက်မှာ ဘိုရတ်ဟာ သမ္မတနန်းတော်ဆီကို ဆင့်ခေါ်ခြင်းခံခဲ့ရပါတယ်။ အကြောင်းကတော့ အမေရိကန်မှာ သမ္မတအပြောင်းအလဲတွေ ဖြစ်ခဲ့ပြီး နောက်ဆုံးသမ္မတဖြစ်တဲ့ ဒေါ်နယ်ထရန့်ဟာ ကမ္ဘာ့လူကြမ်းခေါင်းဆောင်ကြီးတွေဖြစ်တဲ့ ပူတင်တို့ ကင်မ်ဂျုံအွန်းတို့နဲ့ ဘော်ဒါတွေဖြစ်နေပြီး ကာဇက်စတန်ကို အဖက်မလုပ်ဘဲ ပစ်ထားနေတာမို့ ကာဇက်စတန် သမ္မတက သူတို့နိုင်ငံကို ဒေါ်နယ်ထရန့် အရေးလုပ်ဖို့အတွက် လက်ဆောင်ပဏ္ဏာဆက်သဖို့ ဘိုရတ်ကို စေလွှတ်ချင်လို့ပဲဖြစ်ပါတယ်။ဘိုရတ်ဟာ ၁၄ နှစ် အလုပ်ကြမ်းနဲ့ ထောင်ဒဏ်ကျခံရပြီးနောက် အမေရိကန်ကို တစ်ဖန်ပြန်သွားရပါတော့တယ်။ သူရောက်သွားတဲ့အခါမှာတော့ အမေရိကန်ဟာ သူအရင်ကသိခဲ့တဲ့ အမေရိကန်မျိုး မဟုတ်တော့ပါဘူး။ အရမ်းကိုပြောင်းလဲသွားပါပြီ။ ထို့နောက် ...
movie
Borat Subsequent Moviefilm (2020)
2020
The Trial of the Chicago 7 (2020) 8.0
The Trial of the Chicago 7 (2020) တရားမမှုအတွက် တရားခွင်နဲ့ ရာဇဝတ်မှုအတွက် တရားခွင် ဆိုတာပဲရှိတယ်။ နိုင်ငံရေး တရားခွင်ဆိုတာ မရှိဘူးဗျ။ ဟိ...ဟိ...နိုင်ငံရေးလှည့်ကွက် အနေနဲ့ အသုံးချဖို့ တရားခွင်ကို အသုံးချတာလေ။ မကြားဖူးဘူးမလား။ ဘယ်ကြားဖူးမလဲ။ တကယ်မှမရှိတာကိုး။ဟား...ဟား.... ဆောရီးဗျာ။ နည်းနည်းတော့ရယ်မိတယ်။ အဲဒါနဲ့ နိုင်ငံရေးတရားခွင်ဆိုတာ မရှိဘူးနော်။ ကျွန်တော်ပြောရင် ယုံလိုက်။ ငိငိ xD...၁၉၆၈ ခုနှစ် အမေရိကန်နိုင်ငံ ချီကာဂိုမြို့မှာ အမျိုးသားဒီမိုကရက်တစ်ညီလာခံကို ကျင်းပခဲ့ပါတယ်။၁၉၅၅ ခုနှစ်က အစပြုခဲ့တဲ့ ဗီယက်နမ် စစ်ပွဲက အားကောင်းနေဆဲကာလလည်းဖြစ်ပါတယ်။ဒီလို အကျိုးမရှိဘဲ အပျက်ပျက်နဲ့နှာခေါင်းသွေးထွက်ရတဲ့ စစ်ပွဲကို တားစီးနိုင်ဖို့ရည်ရွယ်ချက်နဲ့ တစ်နိုင်ငံလုံးအာရုံစိုက်နေကြတဲ့ ညီလာခံရှိရာချီကာဂိုမြို့ကို စစ်ပွဲကို ဆန့်ကျင်သူတွေကို ဦးဆောင်ပြီး စစ်ပွဲဆန့်ကျင်ရေးတက်ကြွ လှုပ်ရှားသူ ၇ ယောက် ချီကာဂိုမြို့ကို ငြိမ်းချမ်းစွာ ချီတက်လာခဲ့ပါတယ်။ဒီလို ဆန့်ကျင်ဆန္ဒပြရာမှာ ဆန္ဒပြသူတွေနဲ့ ...
movie
The Trial of the Chicago 7 (2020)
2020
The Prisoner (2020) 7.7
The Prisoner (2020) The Prisoner (2020) IMDb Rating 7.9/10 ဇာတ်လမ်း အမျိုးအစားကတော့ action drama ဖြစ်ပြီးတော့ အဓိကသရုပ်ဆောင်အနေနဲ့က Oh Ji Ho ကပါဝင်သရုပ်ဆောင်ထားပြီး Lee Jae yong , Jo Won, Jung Chan , Son Sung Yoon, နှင့် Seo Beom Shik တို့က ပါဝင်အားဖြည့်သရုပ်ဆောင်ထားပါတယ် ဇာတ်လမ်းအကြောင်းအရာအနေနဲ့ကတော့ မိမိရဲ့ အမျိုးသမီးကို သတ်တဲ့ တရားခံကို လိုက်ဖမ်းရင်းနဲ့ အကျဉ်းထောင်ကျသွားရတဲ့ စုံထောက်တစ်ယောက်က အကျဉ်းကျနေတဲ့အချိန်မှာ ဘယ်လိုမျိုးတွေ ကြုံတွေ့ရမလဲ တကယ်သူရှာနေတဲ့ တရားခံကိုရော ဖမ်းမိသွားမှာလား အစရှိတဲ့ အကြောင်းအရာတွေကို အက်ရှင်ဇာတ်ဝင်ခန်းတွေကြားက လှည့်ကွက်တွေကို ဒီဇာတ်ကားမှာ စိတ်ဝင်စားဖွယ် ကြည့်ရှုနိုင်ပါတယ်...... Translated by : Kim Hana Encoded by : Thit San Khant Quality - 1080p ...
movie
The Prisoner (2020)
2020
Over the Moon (2020) 7.0
Over the Moon (2020) Over the Moon (2020)=================IMDb Rating - 7.0/10#Unicodeတရုတ်လူမျိုးတွေရဲ့ လနတ်သမီးလေး ချန်အယ်ရဲ့ ကြေကွဲဖွယ်ပုံပြင်လေးကို လူတော်တော်များများသိကြမှာပါ။ ဒီဇာတ်ကားလေးကတော့ အဲ့ဒီ ပုံပြင်လေးပေါ်ကို ဇာတ်အိမ်တည်ပြီး ရိုက်ကူးထားတာပဲဖြစ်ပါတယ်။ဖေးဖေးတို့မိသားစုကတော့ အေးအေးချမ်းချမ်းနဲ့ လမုန့်ရောင်းပြီး အသက်မွေးနေတဲ့ မိသားစုလေးဖြစ်ပါတယ်။ ဖေးဖေးအမေက သူ့ကိုလနတ်သမီးချန်အယ်အကြောင်း အမြဲပြောပြလေ့ရှိပြီး ဖေးဖေးကလည်း ယုံကြည်သူပါ။ ဖေးဖေးရဲ့အမေ သေဆုံးပြီးတဲ့နောက်မှာ ဖေးဖေးတစ်ယောက် သူမအမေကိုလက်မလွှတ်နိုင်ဘဲ သတိရနေခဲ့ပါတယ်။ ဖေးဖေးရဲ့အဖေ နောက်အိမ်ထောင်ပြုဖို့ အကြောင်းဖန်လာခဲ့ချိန်မှာ ချန်အယ်နဲ့ အချစ်စစ်ပုံပြင်ကို ယုံကြည်နေတဲ့ ဖေးဖေးတစ်ယောက် ဆောက်တည်ရာမရဘဲ သူ့အဖေကို အပြစ်တင်နေခဲ့ပြီး ချန်အယ်က စစ်မှန်ကြောင်း သက်သေပြဖို့ သူ့အဖေနောက်အိမ်ထောင်ကိုတားဆီးနိုင်ဖို့ လကမ္ဘာဆီသွားပြီး ချန်အယ်ကို ရှာဖို့ ကြိုးပမ်းပုံကို တင်ဆက်ထားတဲ့ animation ကားကောင်းလေးတစ်ကား ဖြစ်ပါတယ်။(ဒီဇာတ်ကားရဲ့ အညွှန်းနဲ့ဘာသာပြန်တင်ဆက်ပေးသူကတော့ Chuck Chuck ပဲဖြစ်ပါတယ်။) #Zawgyiတရုတ်လူမျိုးတွေရဲ့ လနတ်သမီးလေး ချန်အယ်ရဲ့ ကြေကွဲဖွယ်ပုံပြင်လေးကို လူတော်တော်များများသိကြမှာပါ။ ...
movie
Over the Moon (2020)
2020
In Other Words (2020) 4.6
movie
In Other Words (2020)
2020
The Last Exorcist (2020) 5.9
movie
The Last Exorcist (2020)
2020
Janin 2020 4.6
Janin 2020 Fetus (2020) အင်ဒိုနီးရှားသရဲကားဆိုတော့ ထုံးစံအတိုင်း အရမ်းကြောက်ဖို့ကောင်းတယ်နော် ဒီဇာတ်လမ်းအကျဥ်းလေးကတော့ ရန်ဒူနဲ့ ဒီနာဆိုတဲ့ လင်မယားနှစ်ယောက်ဟာ လက်ထပ်ပြီးတော့ ကိုယ်ဝန်ရလာပါတယ် ကိုယ်ဝန်လေးလလောက် ရောက်လာတော့ ဒီနာနဲ့ကလေးကိုပစ်မှတ်ထားပြီး သရဲက လိုက်နှောင့်ယှက်တယ် အစကတော့ သရဲခြောက်တဲ့အိမ်မှာ နေမိတယ်လို့ ထင်နေခဲ့ပေမယ့် နောက်ပိုင်းမှာ အိမ်ကြောင့်မဟုတ်ဘဲ တစ်စုံတစ်ခုကြောင့် လိုက်‌နှောင့်ယှက်နေမှန်း သိလိုက်ရတယ် သရဲလိုက်ခြောက်နေရခြင်းရဲ့နောက်ကွယ်မှာ ဘာအကြောင်းအရာများရှိနေလို့လဲ ? ကလေးကရော ဘယ်လိုဖြစ်သွားမလဲဆိုတာ စိတ်ဝင်စားဖွယ် ကြည့်ရှုရမှာပါ Translated by Paxton Encoded by : Thit San Khant Quality : 1080p and 720p Size :  962MB and 526MB Duration : 1h 25mins Translator : Paxton Encoder : Thit San Khant 1080p ~ Userdrive / Yandex / Megaup / Yoteshin (962MB) 720p ~  Userdrive / Yandex ...
movie
Janin 2020
2020