Channel Myanmar

2021

The Ghost Resort (2021) 5
The Ghost Resort (2021) ကျွန်တော်တို့ငယ်ငယ်တုန်းက လမ်းတစ်လမ်းဖောက်ဖို့ အဆောက်အဦပြောင်းဖို့ သင်္ချိုင်းရွေ့တယ်တို့ သင်္ချိုင်းပြောင်းတယ်တို့ ခဏခဏကြားဖူးကြတယ်မလား ခွင့်တောင်းပြီးရွေ့ရတဲ့အခါ ကားထဲခေါ်တင်ပြီး ပြောင်းရွေ့ပေးရတာတွေလေ အခုလည်း ရှိချင်ရှိမှာပါ ဒါပေမယ့်ငယ်ငယ်တုန်းကတော့ ဒီလိုပြောင်းရွေ့မှုရဲ့ နောက်ဆက်တွဲဇာတ်လမ်းတွေကြားရတာနဲ့တင် ကြက်သီးမွှေးညှင်းတွေ ထခဲ့ကြရတာပေါ့ဗျာခေတ်ကာလတွေကူးပြောင်းလာတော့ ဒီခေတ်ကြီးထဲမယ် သရဲတစ္ဆေတွေနဲ့ ပက်သက်ပြီး ကျွန်တော်တို့ငယ်ငယ်တုန်းကလောက် အစွဲအလမ်းမရှိကြတော့တာကတော့ သေချာတယ်ဗျ ဒါပေမယ့် သုသာန်မြေကိုတစ်ခုခုလုပ်ဖို့ဖယ်ရှားရတဲ့အချိန်မှာတော့ ရှေးဟောင်းအယူအဆတွေက မပစ်ပယ်ကောင်းပါဘူး ရှေးထုံးလည်းမပယ်နဲ့ ဈေးသုံးလည်း မကြွယ်နဲ့ဆိုတဲ့ စကားတောင်ရှိသေးတယ်မို့လားဒီဇာတ်ကားက ကျွန်တော်အပေါ်ကပြောထားသလိုပဲ သုသာန်မြေကိုမှ ခွင့်မတောင်းဘဲ ပိုင်နက်ကျူးလွန်မိတဲ့အခါ ဖြစ်လာတဲ့နောက်ဆက်တွဲပြသနာပေါ့ဗျာ ဇာတ်လမ်းက နည်းနည်းတော့ drama,thriller အမျိုးအစားဆိုပေမယ့် ဟာသဘက်လည်းနည်းနည်းရောက်တယ်ဗျ ချစ်သူနှစ်ဦးအပြင် အကြောင်းကြောင်းကြောင့် တစ်နေရာထဲလာဆုံကြရမယ့်လူတွေရဲ့ ကံကြမ္မာအလှည့်အပြောင်းကို ကြည့်ရမှာTamil thriller ငတ်နေတဲ့သူတွေအဖို့တော့ သိပ်မဆိုးလှတဲ့ ဇာတ်ကားလို့ပြောပါရစေ  Translated by : AmeliaEncoded by : YKQuality : 1080p and 720pFile Size : 1.2GB and 683MBDuration : 1h 26mins
movie

The Ghost Resort (2021)

2021
The Little Things (2021) 6.4
The Little Things (2021) The Little Things (2021)===================IMDb Rating - 6.4/10စိတ္တဇလူသတ်သမား တစ်ယောက်ကို အတူတူလိုက်ရှာလိုက်ကြပါစို့။ ဒန်ဇယ်ဝါရှင်တန်ရဲ့ ဝါရင့် သွေးအေး စုံထောက်ဟောင်းကြီးစတိုင်၊ ရာမီမာလက်ရဲ့ ထက်မြက်တဲ့ လူငယ်စုံထောက်စတိုင်၊ ဂျာရက်လယ်တိုရဲ့ အေးစက်စက် နဲ့ တရားခံလိုလို တရားမခံလိုလို ပဟေဠိတွေနဲ့ ငြိမ့်ငြိမ့်လေး ကြည့်ရမယ့် ရုပ်ရှင်ပါပဲ။ ဒိခ် ဒီကန်ဟာ နာမည်ကျော်စုံထောက်ကြီးဘဝကနေ နယ်မြို့လေးက ရဲအဖြစ် ပြောင်းသွားခဲ့တဲ့သူ၊ သူ့နေရာကို ဝင်လာတဲ့ ဂျင်မီကတော့ ထက်မြက်ပြီး လူကြိုက်များတဲ့ စုံထောက်တစ်ယောက်၊ သူတို့ ၂ ယောက်ရဲ့ အမှုတွေဟာ လူတစ်ယောက်ထဲက ကျူးလွန်သလို တိုက်ဆိုင်နေတဲ့အခါ၊ဘာသဲလွန်စမှ ရှာမရဘဲ မိန်းကလေးငယ် ၆ ယောက်လောက် ဆက်တိုက် သေဆုံးလာတဲ့အခါ စုံထောက်ဟောင်းနဲ့စုံထောက်သစ်တို့ပေါင်းပြီး တရားခံကို ခြေရာကောက်ကြတာကို စိတ်ဝင်တစားကြည့်ရှုရမယ့် ဇာတ်လမ်းကောင်းပါ။(ဒီဇာတ်လမ်းရဲ့ အညွှန်း နဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Littleneo ပဲဖြစ်ပါတယ်။) Quality ...
movie

The Little Things (2021)

2021
The Night (2021) 5.8
The Night (2021) The Night 2021အိမ်​တစ်​အိမ်​ထဲမှာ မိသားစု၃စု မာဖီးယားဂိမ်းကစား​နေကြပါတယ်​။ကစားပွဲမှာရှုံးတဲ့အတွက်​ စည်းမျဉ်းအရအသတ်​ခံလိုက်​ရသူက​တော့ နမ်​ဒါပါ။ နမ်​ဒါက ခင်​ပွန်းသည်​ဖြစ်​တဲ့ ဘာဘတ်​ကို ​နောက်​ဆုံးစကားအ​နေနဲ့ သူ​သေရင်​ သမီးဖြစ်​သူကို​စောင့်​ရှောက်​ဖို့​ပြောခဲ့ပါတယ်​။ ကစားပွဲဖြစ်​တဲ့အတွက်​ အားလုံးက စစ​နောက်​​နောက်​ပါပဲ။ဘာအဓိပ္ပာယ်​မှန်းမသိဘဲ ဆင်​တူတက်​တူးထိုးထားမိတဲ့ ဘာဘတ်​နဲ့ နမ်​ဒါတို့လင်​မယားနှစ်​​ယောက်​ သူငယ်​ချင်း​တွေကို နှုတ်​ဆက်​ပြီး လသားအရွယ်​ သမီး​လေးနဲ့ အိမ်​ကိုပြန်​လာတဲ့လမ်းမှာ ထူးဆန်းတဲ့အဖြစ်​အပျက်​​တွေကြုံရပြီး​နောက်​ နီးစပ်​ရာ​ဟော်​တယ်​တစ်​ခုမှာ တစ်​ညတာတည်းခိုမိတဲ့အခါ......သူတို့ ၂​ယောက်​ရဲ့ တက်​တူး​တွေကပဲ ကျိန်​စာမိ​နေတာလား...? ၂​ယောက်​သား ကိုယ်​စီဖုံးကွယ်​ထားတဲ့ အတိတ်​​တွေကပဲ သူတို့ကို​ခြောက်လှန့်​နေ​စေတာလား...?ဒါမှမဟုတ်​ တည်းခိုမိတဲ့​ဟော်​တယ်​ကပဲ သူတို့ကို​ခြောက်​ခြား​စေဖို့ ဖန်​တီးထားတာပဲလား...?ဆိုတာကို ဒီကား​လေးထဲမှာ ရင်​တထိတ်​ထိတ်​နဲ့ ကြည့်ရှုခံစားရမှာပဲဖြစ်​ပါတယ်​။Molins Film Festival မှာ အကောင်းဆုံး ဒါရိုက်တာဆု၊ အကောင်ဆုံး အမျိုးသားဇာတ်ဆောင်ဆု၊ အကောင်းဆုံး ဇာတ်ညွှန်းဆု ၃ ဆု ရထားတဲ့ ဇာတ်ကားဖြစ်တာကြောင့် လက်မလွှတ်သင့်ပါကြောင်း။File size… 2.3GB, 782MB Quality….1080p HEVC 5.1CH and 720p Format…mp4 Duration…. 1hr 45min Subtitle….Myanmar Subtitle (Hardsub) Translator ..... Lwin ...
movie

The Night (2021)

2021
HEVC 1080p 5.1
Below Zero – Bajocero (2021) 6.3
Below Zero – Bajocero (2021) Below Zero (2021)===============IMDb Rating - 6.3/10 CM ပရိသတ်ကြီး အကြိုက်တွေ့မယ့် Action, Crime ဇာတ်ကားတစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ။မာတင်ဟာ စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာတတ်တဲ့ ရဲတစ်ဦးပါ။ တစ်နေ့ သူပြောင်းတဲ့ ရဲဌာနမှာပထမဆုံးတာ တာ၀န်အနေနဲ့ အကျဉ်းသားတွေကို နေရာပြောင်းရွှေ့တဲ့ တာ၀န်ကို ထမ်းဆောင်ရပါတော့တယ်။ ဒီလိုနဲ့ပဲ မာတင်ဟာ သူအပါအ၀င် နောက်ထပ် ရဲ ၃ ယောက်နဲ့အတူ အကျဉ်းသား ၆ ယောက်ပါတဲ့အချုပ်ကားကို မောင်းပြီး မြူဆိုင်းတဲ့ ညဘက်မှာ တာ၀န်ထမ်းဆောင်ရပါတော့တယ်။ဒီလိုနဲ့ မောင်းလာရင်း လမ်းခုလတ်မှာ ကားဘီးကလည်းပေါက် အရံလိုက်လာတဲ့ ရဲနှစ်ယောက်ရဲ့ကားနဲ့လည်းအဆက်ပြတ်သွားတဲ့အတွက် သူကိုယ်တိုင် မောင်းလာတဲ့ ကားပေါ်က ဆင်းကြည့်တဲ့အခါ ခြုံခိုတိုက်ခိုက်ခံနေရပြီဆိုတာ သိလိုက်ရပါတော့တယ်။ အရံပါလာတဲ့ ရဲ ၃ ယောက်ကလည်း ကျ အချုပ်ကားထဲက အကျဉ်းသား ၆ ယောက်ကလည်း စပြီး ပုန်ကန် အပြင်ကရန်သူတွေက ...
movie

Below Zero – Bajocero (2021)

2021
Finding ‘Ohana (2021) 6.2
Finding ‘Ohana (2021) Finding Ohana (2021)စွန့်စားတဲ့ ဇာတ်လမ်းတွေကို ကြိုက်တတ်ပါသလား? ရတနာရှာဖွေရေး ဇာတ်လမ်းတွေကို ကြိုက်တတ်ပါသလား?Netflix ကနေ ထုတ်လွှင့်ထားတဲ့ အသစ်စက်စက် ဇာတ်လမ်းလေးနဲ့ မိတ်ဆက်ပေးပါရစေ။စွန့်စားရတာကို ကြိုက်တတ်တဲ့ ဖီလီ ဆိုတဲ့ ကောင်မလေးက သူ့အဖိုးဆီက မုခ်စ်ရဲ့စွန့်စားခန်းတွေကို ဖတ်ပြီးတဲ့နောက်မှာ စပိန်ရတနာတွေကို ရှာဖွေဖို့ သူ့ရဲ့မောင်နှမတွေနဲ့အတူ ကြိုးပမ်းပါတော့တယ်။သူတို့ရဲ့စွန့်စားခန်းတွေကတော့ ...... ပြောလိုက်ရင် ပေါ့သွားမှာမို့ အများကြီး မပြောပြတော့ပါဘူး။ရတနာသိုက်ရှာဖွေရေးကားတွေရဲ့ထုံးစံအတိုင်း ဘာဖြစ်မလဲ ဆိုတာကို ဟာဝိုင်အီကျွန်းရဲ့ အလှအပတွေနဲ့ အတူတူ အသည်းတယားယား ရင်တဖိုဖိုနဲ့ ကြည့်ရမှာပါ။IMDb - 6.2/10 ရထားတဲ့ ဇာတ်ကားအသစ်စက်စက်လေးမို့ ကြည့်ဖြစ်အောင် ကြည့်ကြစေချင်ပါတယ်။File size…1.7 GB and 700MB Quality….WEB-DL 1080p and 720p Format…mp4 Duration…. 2hr 3min Subtitle….Myanmar Subtitle (Hardsub) Translator ..... Shoon Thu Thu Chain, Shin Jinni, Thet Hnin Hsu, Dolly Encoder ...
movie

Finding ‘Ohana (2021)

2021
Agent Revelation (2021) 5.6
Agent Revelation (2021) Agent Revelation (2021)===================IMDb Rating - 5.6/10 ဇာတ်လမ်းအကျဉ်းကတော့ စွမ်းအားကြီးဂြိုဟ်သားမျိုးနွယ်ဟာလူသားတွေကိုAsh ဆိုတဲ့စွမ်းအင်တစ်မျိုးကိုအသုံးချပြီးလွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းတထိန်းချုပ်လာခဲ့တာပါ၊ နောက်ပိုင်းမှာ လူသားတွေရဲ့လောဘတရားကြောင့်သူတို့ဟာAsh စွမ်းအင်ကိုသုံးစရာမလိုတော့ဘူးသတ်မှတ်ခဲ့ပါတယ်၊ ကမ္ဘာပေါ်ကAsh စွမ်းအင်သက်ရောက်ခံရတဲ့သူတွေ စွမ်းအင်ကြောင့်ဖြစ်လာတဲ့သွေးနှောပါအကုန်ရှင်းခဲ့ပြီး ကမ္ဘာကိုခဏတာဘေးမဲ့ပေးလိုက်တယ်၊ တစ်နေ့မှာတော့ ဂျင်တို့သူငယ်ချင်းတစ်သိုက် ခရီးထွက်နေရင်းနဲ့ မတော်တဆကြောင့် ကမ္ဘာပေါ်မှာဖွက်ထားတဲ့ Ash စွမ်းအင်တွေထွက်လာပြီးတော့ဂျင်တို့သူငယ်ချင်းတွေကိုထိန်းချုပ်ခံလိုက်ရတယ်၊ အဲ့အချိန်မှာပဲ ဒီစွမ်းအင်ကိုစမ်းသပ်ရှာဖွေနေတဲ့လျှို့ဝှက်အဖွဲ့အစည်းတစ်ခုနဲ့တွေ့ပါတော့တယ်၊ ထိန်းချုပ်ခံထားရတဲ့သူကိုရှင်းလင်းပစ်ခတ်ကြရင်းနဲ့ထိခိုက်မှုတွေရခဲ့ပါတယ်။ အခြားလူတွေအတွက်ကတော့ထိန်းချုပ်ခံရတယ်ဆိုပေမယ့် ဂျင်ကတော့ စွမ်းအင်တစ်ခုကိုရလိုက်သလိုဖြစ်သွားပါတယ်။ကမ္ဘာပေါ်ကိုဂြိုဟ်သားတွေ ကြီးစိုးထိန်းချုပ်လာမှာကိုကာကွယ်နေတဲ့လျို့ဝှက်အဖွဲ့အစည်းကတော့ဂျင်ကဘာကြောင့်ထိန်းချုပ်ခြင်းမခံရတာလဲဆိုတာကိုစမ်းသပ်ရှာဖွေရင်းနဲ့ ဘယ်လိုတွေဖြစ်နိုင်မလဲဆိုတာကိုဆက်လက်ကြည့်ရှုပေးပါဦး။(ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ဘာသာပြန်ရေးသားပေးသူကတော့ Tin Myo Lwin ပဲဖြစ်ပါတယ်။) Quality – 1080p, 720p WebRipDuration - 1h 26minSubtitle – Myanmar HardsubFormat – Mp4Genre : Action, Sci-Fi, ThrillerSource : 1080p.WebRipTranslator – Tin Myo LwinEncoder – SWM
movie

Agent Revelation (2021)

2021
Caged (2021) 4.9
Caged (2021) Caged (2021)============IMDb Rating - 4.9/10အသစ်ထွက်တဲ့ Drama, Horror, Thriller ဇာတ်ကားပါ။ ကျွန်တော်တို့အခေါ်တော့ Psycho ကားလို့ပြောလို့ရတာပေါ့။ ဖောက်ပြန်တဲ့ ဇနီးကိုသတ်တဲ့အမှုနဲ့ ထောင်ကျခံနေရချိန်မှာ တိုက်ပိတ်ခံထားရတဲ့ စိတ်ရောဂါကုဆရာဝန် ဒေါက်တာ ရိတ် ရဲ့ တိုက်ပိတ်ခံရခြင်းအတွေ့အကြုံကို တွေ့ရပါလိမ့်မယ်။ အလုံပိတ်ခန်းထဲမှာ နေရတာ ဘာခက်တာလဲလို့သိချင်ရင် ဒါကိုကြည့်လိုက်ပါ။ သူကတော့ ရက် ၁၀၀ ကျော်နေသွားတဲ့အကြောင်းကို ပြသွားပါတယ်။ တစ်ယောက်တည်း တသီးတခြားနေရင်း ထင်ယောင်ထင်မှားဖြစ်ရပ်တွေနဲ့ တာဝန်ကျအရာရှိရဲ့ နှိပ်စက်မှုတွေကို ကြုံတွေ့ပြီးတဲ့နောက်မှာ ဒီဒဏ်တွေကို ကြံ့ကြံ့ခံနိုင်မလား ဒါမှမဟုတ် တိုက်ပိတ်ခံထားရသူ ဦးရေရဲ့ သုံးပုံတစ်ပုံ ဖြစ်သွားခဲ့တဲ့အတိုင်း ရူးရင်ရူး မရူးရင်သေဆိုတဲ့ အခြေအနေကို ရောက်သွားမှာလား။ ထင်ယောင်ထင်မှားဖြစ်ရပ်တွေ မဟုတ်ဘဲနဲ့ သူတို့ ပြစ်မှုကျူးလွန်ခဲ့တဲ့သူတွေ တစ်နည်းအားဖြင့် သတ်ခဲ့တဲ့သူတွေက ပြန်လည်ခြောက်လှန့်တတ်တယ်ဆိုတဲ့ သီးခြားချုပ်ဆောင်ရဲ့ ပါးစပ်ပြောရာဇဝင်အတိုင်း သူသတ်ခဲ့တဲ့ ဒါမှမဟုတ် သူသတ်ခဲ့ပါတယ်လို့ ...
movie

Caged (2021)

2021
(18+) O-type Watermelon Chest Housekeeper (2021) 6.9
(18+) O-type Watermelon Chest Housekeeper (2021) O Type Watermelon (2020)---------------------------------------------------ဒီကားကတော့သိုင်းလောကသားတွေအတွက် နာမည်အတိုင်းပဲဖရဲသီးဆိုဒ်အကိတ်မအကြောင်းကို အဓိကထား ရိုက်ထားတာပါ လုံးလုံးကျစ်ကျစ်ကိတ်တာကိုမှကြိုက်တယ်ဆိုရင်တော့ ကြည့်သင့်တဲ့ ကားကောင်းလေးတစ်ကားပါပဲ မင်းသားမင်းသမီးတွေလည်းမထပ်သလို ငယ်ငယ်ရွယ်ရွယ် တက်တက်ကြွကြွလေးတွေပဲ ပါဝင်ထားလို့ကြည့်ရတာအဆင်ပြေမယ့် 18+ကားလေးပါ ဇာတ်လမ်းကတော့အိမ်မှာ အလုပ်လုပ်ဖို့ခေါ်ထားတဲ့ကောင်မလေးနဲ့အိမ်ပိုင်ရှင်တို့ကြားက ဇာတ်လမ်းလေး ဖြစ်ပြီး ကောင်မလေးကရှပ်ပြာရှပ်ပြာနဲ့ အထာတွေခဏခဏပေး ပေါက်စီကျွေးစမူဆာကျွေးမယ့် ဇာတ်ကား ကောင်းလေးတစ်ကားလည်းဖြစ်ပါတယ် အိမ်ပိုင်ရှင်ကသူ့သူငယ်ချင်းနဲ့ တွေ့တဲ့အခိုက်ကောင်မလေး အကြောင်းတွေဖောက်သည်ချနေတဲ့ပုံစံရိုက်ထားတာဖြစ်ပြီး သူ့သူငယ်ချင်းကလည်း သူ့ဆော်နဲ့ ဝိုက်တဲ့ အကြောင်းအတွေ့အကြုံဖလှယ်ထားတာကို ကွက်ကွက်ကွင်းကွင်း ဖောင်းဒိုင်းပုံတွေနဲ့အတူ နောက်ကြောင်းပြန်ဇာတ်လမ်းကိုသရုပ်ဖော်ထားလို့အကြိုက်တွေ့ကြမှာပါ ကောင်မလေးတွေကလည်း ကိုရီးယားထုံးစံ ညွှန်းစရာမလိုအောင် လန်း ကိတ်လည်းကိတ်သလို အိမ်ဖော်မလေးကလည်းbaby face လေးနဲ့ ဘယ်လိုတွေဆိုးနွဲ့ပြမယ်ဆိုတာကို ကောင်းကောင်းကြီးတွေ့ရမှာဖြစ်လို့မလွတ်တမ်းကြည့် သင့်တဲ့သိုင်းကားကောင်းလေးဖြစ်တယ်လို့ထပ်ညွှန်းချင်ပါတယ်Translated by : FOX Encoded by :Senpai Quality : 720p HDRIP File Size : 760MB Subtitles :Myanmar (Hardsub)
movie

(18+) O-type Watermelon Chest Housekeeper (2021)

2021
Love, Lost & Found (2021) 5.6
Love, Lost & Found (2021) Love, Lost & Found (2021)====================IMDb Rating - 5.6/10 မထင်မှတ်ထားတဲ့ အချိန်မှာ အချစ်ဆိုတာ ပေါ်လာတတ်တယ်လို့လူတွေပြောကြတယ်။ တစ်ခါတစ်လေမှာ ကိုယ့်အနားမှာတစ်ချိန်လုံးရှိနေပေမယ့်လည်း ဒါဟာ အချစ်စစ်ဟုတ်ချင်မှ ဟုတ်လိမ့်မယ်။ တသစ်ဒင်္ဂလေး တွေ့လိုက်ရုံနဲ့ အချစ်စစ်တွေပေါက်ဖွားလာတာမျိုးလည်း ဖြစ်နိုင်ပါတယ်။တစ်ချို့ကျလည်း အချစ်ဦးဆိုတာကို မေ့ပျောက်မရနိုင်ဖြစ်ပြီး ဘယ်သူ့ကိုမှ ဆက်မချစ်တတ်ကြတော့ပါဘူး။အချစ်ဟာ အဲ့ဒီလောက်ထိကို ဆန်းကြယ်ပါတယ်။ဒီဇာတ်လမ်းလေးထဲမှာလည်း ဘက်ဖ်ဆိုတဲ့ လူဟာ သူ့ရဲ့ ချစ်သူ ကလဲရ်ရဲ့ ဇာတိမြေလေးကို သွားပြီး လက်ထပ်ခွင့်တောင်းဖို့ကြံစည်ထားခဲ့ပါတယ်။ နေ၀င်တာကို ကြည့်ရင်း လက်ထပ်ခွင့်တောင်းမယ့် အချိန်မှာပဲ ကံဆိုးစွာနဲ့ ကလဲရ်က တောင်စောင်းပေါ်ကပြုတ်ကျပြီး မြစ်တစ်လျှောက် ပါသွားပါတော့တယ်။ ချစ်သူကို စိုးရိမ်စိတ်နဲ့ ပြူးပျာနေတဲ့ ဘက်ဖ်လည်း တောင်ပေါ်က တလိမ့်ခေါက်ကွေး ပြုတ်ကျပြီး နတ်တလီဆိုတဲ့ တောခေါင်းမလေးနဲ့တွေ့.....ဘက်ဖ်ရဲ့ ချစ်သူ ကလဲရ်နဲ့တွေ့တဲ့ ကယ်ဆယ်ရေးအဖွဲ့က လူဟာလည်း ကလဲရ်ရဲ့ ရည်းစားဟောင်း ကော့တ်ဖြစ်နေပါတော့တယ်။ဒီအတွဲလေး ၂ ...
movie

Love, Lost & Found (2021)

2021
No Man’s Land (2021) 4.3
No Man’s Land (2021) No Man’s Land (2021)==================IMDb Rating - 4.3/10မက္ကဆီကိုနဲ့ တက်စ်ဆက်ပြည်နယ်ကြားက နယ်စပ်မှာဖြစ်ခဲ့ဖူးတဲ့အဖြစ်အပျက်တွေကို အခြေခံရိုက်ကူးထားတဲ့ဇာတ်ကားဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ ဘေလ်တို့မိသားစုက တက်စ်ဆက်ပြည်နယ်နဲ့ မက္ကဆီကိုနယ်စပ်မှာ မွေးမြူရေးခြံလုပ်ငန်းလုပ်ကြတဲ့ မိသားစုပါ။ သားအကြီးလူးကပ်စ်က မြင်းစီးတော်သလို သားအငယ်ဂျက်ဆင်ကလည်း ဘေ့စ်ဘောမှာ ပါရမီပါတဲ့ကောလိပ်ကျောင်းသားတစ်ယောက်ပေါ့။ သူတို့ခြံက နယ်စပ်မှာရှိတာကြောင့် မက္ကဆီကိုဘက်က နိုင်ငံရေးခိုလှုံချင်တဲ့သူတွေ တရားမဝင်ဖြတ်သွားတိုင်း သူတို့ခြံစည်းရိုးတွေကို ညှပ်သွားတတ်တာကြောင့် သူတို့ရဲ့ကျွဲတွေနွားတွေလွတ်ကုန်တာမကြာခဏပါပဲ။ဂျက်ဆင်တစ်ယောက် ကောလိပ်ပိတ်တဲ့ နွေရာသီမှာ အိမ်ကိုခဏပြန်ရောက်နေတုန်း ပျော်ရွှင်စရာ သူတို့မိသားစုလေးကိုဂြိုလ်ဆိုးဝင်ပါတော့တယ်။ အဲဒါကတော့ နယ်စပ်က တရားမဝင်ဖြတ်သွားတဲ့ မက္ကဆီကန်အုပ်ထဲက ကောင်လေးတစ်ယောက်ကို ဂျက်ဆင် မတော်တဆသတ်လိုက်မိတာပါပဲ။ ကံတရားက တကယ်ထူးဆန်းပါတယ်...ကိုယ်ပိုင်တဲ့မြေကို ကာကွယ်နေတဲ့ဂျက်ဆင်က ကြမ္မာငင်ပြီး ပြေးရင်းလွှားရင်း မက္ကဆီကိုနိုင်ငံထဲ ရောက်သွားတဲ့အခါမှာတော့ ဘာတွေဘယ်လိုဆက်ဖြစ်မလဲဆိုတာကိုတော့ ကိုယ်တိုင်ပဲခံစားကြည့်ရှုကြပါဦး။Action, Adventure, Thriller အမျိုးအစားမို့ ပရိတ်သတ်ကြီးလည်း ကြိုက်နှစ်သက်မို့လည်း ယူဆပါတယ်။(ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ဘာသာပြန်ရေးသားပေးသူကတော့ May Myat Thu ပဲဖြစ်ပါတယ်။) Quality ...
movie

No Man’s Land (2021)

2021
Eighteen Arhats of Shaolin Temple 5.5
Eighteen Arhats of Shaolin Temple Eighteen Arhats of Shaolin Temple (2020)တရုတ်သိုင်းကား ကြိုက်သူများ ရေငတ်တုန်း ရေတွင်းထဲ ကျစေမယ့် သိုင်းကားစစ်စစ်တစ်ကား လာပါပြီဗျာ အထူးပြုလုပ်ချက်တွေ အများကြီး မပါတဲ့ တရုတ်သိုင်းကားမျိုးကိုသဘောကျတဲ့လူတွေဆို တော်တော်လေး ကြိုက်ကြမှာပါ။သိုင်းကွက်တွေကို ကျကျနန လှလှပပ မြင်ရမယ့်အပြင် ဇာတ်လမ်းသဘောကလည်း အတော်လေး ကောင်းတာပါ။ဇာတ်လမ်းအကျဉ်းကတော့ ..... မင်ကျားချင် ၃၁ နှစ်မှာ ဂျပန်ဓားပြတွေက ဟန်ကျိုးပင်လယ်အော်ကနေ ဝင်ရောက်လာကြပါတယ်။ ဂျပန်တွေက ရောက်လေရာအရပ်မှာ သောင်းကျန်းပြီး ခိုးဆိုးလုယက်ကြပါတယ်။ ဒီအတွက် တရုတ်ပြည်သူတွေ ဒုက္ခအကြီးအကျယ် ခံစားနေရပါတော့တယ်။ နန်းတော်က ရှောင်လင်က သိုင်းပညာကျွမ်းကျင်တဲ့ ဘုန်းတော်ကြီး ၁၈ ပါးကို စေလွှတ်ပြီး သွားရောက်ချေမှုန်းစေခဲ့တဲ့ ဇာတ်ကြောင်းပဲ ဖြစ်ပါတယ်။ ဘာတွေ ဆက်ဖြစ်မယ်ဆိုတာကတော့ ဇာတ်လမ်းထဲမှာ ဆက်လက်ရှုစားစေချင်ပါတယ်။သွေးထွက်သံယိုခန်းတွေ ပါတာ ဖြစ်တဲ့အတွက် ကလေးများ ကြည့်ရှုရန် မသင့်တော်ပါဘူး။File size…1.6GB and 730MB Quality….1080p and 720p Format…mp4 Duration…. 1hr 30min Subtitle….Myanmar Subtitle (Hardsub)Encoder ...
movie

Eighteen Arhats of Shaolin Temple

2021
Double Dad (2021) 5.5
Double Dad (2021) Double Dad(2021)မိဘမစုံမလင်နဲ့ ကြီးပြင်းလာရတဲ့ ကလေးလေးတစ်ယောက်ရဲ့ အလိုအပ်ဆုံးအရာဟာ ဘာဖြစ်နိုင်မလဲ? ငွေကြေးချမ်းသာမှုလား ချစ်ခြင်းမေတ္တာလား????? ဒါမှမဟုတ် ပြီးပြည့်စုံတဲ့မိသားစုဘဝလား?????အမေတစ်ခု သမီးတစ်ခု ဘဝနဲ့နေလာခဲ့ရတဲ့ ဗီဇင်ဆာဟာ သူ့အဖေကိုတွေ့ရဖို့အတွက် ၁၈နှစ်လုံးလုံးမျှော်လင့်ခဲ့ရပါတယ်။ အမေဖြစ်သူကိုမေးပေမယ့် တွေ့ဖို့အချိန်မတန်သေးဘူးဆိုတဲ့အကြောင်းပြချက်နဲ့ ခဏခဏ အငြင်းခံရပြီးတဲ့နောက်မှာတော့ ကိုယ်တိုင် အဖေရှာပုံတော်ဖွင့်ဖို့ ကြိုးစားပါတော့တယ်။ကျင့်စဥ်တွေလိုက်စားတတ်တဲ့အမေဟာ ဘာသာရေးကိစ္စနဲ့ အိန္ဒိယကိုသွားဖို့အကြောင်းဖန်လာတဲ့အခါမှာတော့ ဗီဇင်ဆာတစ်ယောက် အဖေရှာပုံတော်ဖွင့်ဖို့အခွင့်အရေးရရှိလာပါတော့တယ်။အဖေရှိရာမြို့ဆီ ခြေဆန့်လို့ ရှာဖွေရင်းကနေ အဖေဖြစ်နိုင်ခြေရှိတဲ့သူဟာ တစ်ယောက်တည်းမဟုတ်ဘဲ နှစ်ယောက်ဖြစ်နေတဲ့အခါ ဗီဇင်ဆာတစ်ယောက် အဖေရင်းကိုရှာဖွေတွေ့နိုင်ပါ့မလား။အမေကရော ဘာဖြစ်လို့ အဖေရင်းအကြောင်းကို မပြောပြချင်ရတာလဲ? သူမရဲ့အဖေတွေကရော သူမကိုသမီးအဖြစ်လက်ခံနိုင်ပါ့မလားဆိုတာကို ရှုခင်းကောင်းကောင်း နောက်ခံတေးသွားလှလှလေးတွေနဲ့ ပြီးသွားလို့ပြီးသွားမှန်းမသိလောက်အောင် မျောပါသွားတဲ့အထိ တင်ဆက်ထားတဲ့ ပေါ်တူဂီဇာတ်ကားကောင်းလေးတစ်ကားဖြစ်တာမို့ ကြည့်ဖို့ ညွှန်းပါ​ရစေ။File size… 1.48GB and 677MB Quality….WEB-DL 1080p and 720p Format…mp4 Duration…. 1hr 43min Subtitle….Myanmar Subtitle (Hardsub) Translator ..... Hazel Encoder ..... August
movie

Double Dad (2021)

2021
Born a Champion (2021)
Born a Champion (2021) Born a Champion (2021)==================IMDb Rating ကတော့ မထွက်လာသေးပါဘူး . အစောဆုံးတင်ပေးလိုက်ပါတယ်။ အခုဒီကားလေးက ဒီနှစ်ထဲမှာပဲထွက်ရှိထားတဲ့ Action/ Drama/ Sport စတိုင် ဇာတ်ကားကောင်းလေးပါ။ဘရာဇီးကိုယ်ခံပညာတစ်မျိုးဖြစ်တဲ့ ဂျူဂျစ်ဆုမှာထူးချွန်တဲ့ မစ်ကီကယ်လီ…….ဇွဲ၊ သတ္တိရှိပြီး အနိုင်မခံအရှုံးမပေးတဲ့ ကယ်လီ ၊ ခင်ပွန်းသည်ကောင်းတစ်ယောက် ဖခင်ကောင်းတစ်ယောက်ဖြစ်ဖို့ကြိုးစားနေတဲ့ကယ်လီ၊ထိုးသတ်ပွဲတွေကို မကြိုက်တဲ့ သူ့ရဲ့ ချစ်တဲ့ဇနီးသည်ကိုဖြောင်းဖြပြီး တရားဝင်မဖြစ်သေးတဲ့ MMAပွဲကိုဝင်ပြိုင်ခဲ့တဲ့ကယ်လီ……… သူ့ဘဝမှာမရခဲ့တဲ့အရာကို မိသားစုကိုပေးချင်ခဲ့တဲ့ကယ်လီ၊ သားဖြစ်သူကိုသိပ်ချစ်ပြီး သားဖြစ်သူကို သူ့လိုမဖြစ်စေချင်ခဲ့တဲ့ ကယ်လီဆိုတဲ့ MMAဖိုက်တာကြီးအကြောင်းကို ရသစုံနဲ့ခံစားကြည့်ရှုရင်းဝေဖန်သုံးသပ် ကြည့်ကြပါအုံးလို့…………..(ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ဘာသာပြန်ရေးသားပေးသူကတော့ Chit Tee ပဲဖြစ်ပါတယ်။) Quality – 1080p, 720p WebRipDuration - 1h 52minSubtitle – Myanmar HardsubFormat – Mp4Genre : Action, Drama, SportSource : 1080p.WebRipTranslator –  ...
movie

Born a Champion (2021)

2021
Bhoomi (2021) 4.3
Bhoomi (2021) Bhoomi (2021)ဘူမီနာသန် ဟာ NASA ရဲ့ပထမဆုံး တမီးလ်လူမျိုး အာကာသယာဥ်မှူးဖြစ်ပြီး အင်္ဂါဂြိုလ်ပေါ်ကိုပထမဆုံးဆင်းသက်မယ့်စစ်ဆင်ရေးကို ဦးဆောင်သူဖြစ်ပါတယ်။ အင်္ဂါဂြိုလ်ပေါ်ကို ဆင်းသက်ရုံတင်မကဘဲ အင်္ဂါဂြိုလ်ရဲ့ပတ်ဝန်းကျင်ကို လူသားတွေနေထိုင်နိုင်အောင် စိုက်ပျိုးရေးကိုသုံးပြီး ပြောင်းလဲဖို့အစီအစဥ်ရှိသူဖြစ်ပါတယ်။ ဘူမီဟာ အဲ့စစ်ဆင်ရေးမစခင် ခွင့်တစ်လရလိုက်တဲ့အခါ မိမိရဲ့မွေးရပ်​ဇာတိရွာကလေးကို အလည်သွားဖို့ဆုံးဖြတ်လိုက်ပါတယ်။ ရွာကိုရောက်တဲ့အခါဆွေမျိုးသားချင်းတွေ သူငယ်ချင်းတွေနဲ့ပြန်တွေ့ခဲ့ပြီး ရွာဟာအများကြီး​တိုးတက်ပြောင်းလဲတာတာကိုတွေ့ခဲ့ရပေမယ့် တစ်နေ့မှာပျက်စီးဆုတ်ယုတ်မှုတွေကိုလည်းတွေ့လိုက်ရပါတယ်။ဘူမီရဲ့ဦးလေးနဲ့တခြားလယ်သမားတွေရဲ့လယ်ယာစိုက်ခင်းတွေဟာ ပျက်စီးယိုယွင်းနေပြီး မြေအောက်ရေတွေကို ကုမ္ပဏီလုပ်ငန်းတွေကသုံးစွဲနေတာမို့ ရေရှားပါးမှုတွေဖြစ်လာပါတယ်။ လယ်သမားတွေဟာအာဏာပိုင်တွေကို အကူအညီတောင်းကြပေမယ့် လျစ်လျူရှုခံ၊ ဖိနှိပ်ခံနေကြရတာကို ဘူမီတွေ့လိုက်ရတဲ့အခါ လယ်သမားတွေရဲ့အခက်အခဲတွေပြေလည်ဖို့ကြိုးစားပါတော့တယ်။ ဘူမီဟာ သူ့ရဲ့ကြိုးစားမှုတွေ​ကိုမလိုလားတဲ့ အာဏာပိုင်တွေကိုရင်ဆိုင်လာရကာ ဆုံးရှုံးမှုတွေကြုံတွေ့ရပြီး သူ့ရွာမှာဖြစ်ပျက်နေတဲ့ပြဿနာတွေဟာ ထင်ထားတာထက် ကြီးမားနက်နဲနေတာကိုသိလိုက်ရပါတယ်။ သူ့ရွာနဲ့သူ့နိုင်ငံရဲ့ရှေ့ရေးအတွက် ဘူမီဟာ အိပ်မက်တွေကိုစတေးပြီး ကုမ္ပဏီလုပ်ငန်းထုတ်ကုန်တွေကို လယ်သမားတွေရဲ့သဘာဝစိုက်ပျိုးရေးထုတ်ကုန်တွေနဲ့အစားထိုးဖို့ကြိုးစားပါတော့တယ်။ ဒီကားဟာ စိုက်ပျိုးရေးနိုင်ငံတွေမှာဖြစ်နေတဲ့ အကြပ်အတည်းတွေကို ပေါ်လွင်အောင်သရုပ်ဖော်ထားပြီး သဘာဝပတ်ဝန်းကျင်ကိုထိန်းသိမ်းသင့်ကြောင်း ဇွဲမလျှော့ဘဲ ကြိုးစားရင် ဘာမဆိုဖြစ်လာနိုင်ကြောင်း မက်ဆေ့ကောင်းကောင်းပေးထားတဲ့ အိန္ဒိယဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။File size… 1.2GB Quality….WEB-DL 720p Format…mp4 Duration….2hr 8min Subtitle….Myanmar Subtitle (Hardsub) Translator ..... Pyi.T.Nyein Encoder ..... August
movie

Bhoomi (2021)

2021
Six Minutes to Midnight (2020) 5.4
Six Minutes to Midnight (2020) Six Minutes to Midnight (2020) *********************************အခုလောလောလတ်လတ် ၂၀၂၀မှာထွက်ထားတဲ့ ဒုတိယကမ္ဘာစစ်ကြိုကာလအတွင်းက ဇာတ်ကားလေးတစ်ခုကို မိတ်ဆက်ပေးချင်ပါတယ်...သိကြတဲ့အတိုင်း World War II ဟာ ဂျာမနီက နာဇီခေါင်းဆောင် ဟစ်တလာရဲ့ စစ်မီးပွား စတင်လောင်ကျွမ်း ရာကနေစတင်ခဲ့တာပါ...ဒီစစ်ပွဲမတိုင်ခင်ကတည်းက အင်္ဂလန်ရဲ့တောင်ဘက်ကမ်းရိုးတန်း ဘက်စ်ဟေးမြို့မှာ အထက်တန်းလွှာတွေရဲ့သမီးပျိုတွေကို သီးသန့်သင်ပေးတဲ့ အော်ဂတ်စတာဗစ်တိုးရီးယား မိန်းကလေးကျောင်းရှိပါတယ်...ဒီကျောင်းကြီးကို ဂျာမနီရဲ့နောက်ဆုံးဧကရာဇ်ဘုရင်မကြီးက တည်ထောင်ခဲ့တာပါ အဲ့ကျောင်းမှာ ဂျာမန်နာဇီပါတီရဲ့အရာရှိကြီးတွေရဲ့သမီးပျိုတွေလည်း တက်ကြပါတယ်....အင်္ဂလိပ်လူမျိုး သောမတ်မေလာတစ်ယောက် အဲဒီဂျာမနီကျောင်းကြီးကို အင်္ဂလိပ်စာဆရာအနေနဲ့ ရောက်လာတဲ့အခါမှာတော့.....ဘာတွေဆက်ဖြစ်ကြမလဲ?? ဘာကြောင့်ရောက်လာရတာလဲ??ဒီဇာတ်ကားရဲ့နာမည်ကိုက “Six Minutes to Midnight”  သန်းခေါင်ယံရောက်ဖို့၆မိနစ်အလိုတဲ့ World War II မစခင် ၁၇ရက်အလို ၁၉၃၉ ဩဂုတ် ၁၅ ကစပြီး အခြေခံရိုက်ကူးထားတာပါစစ်ကားလိုမျိုးမဟုတ်ပေမယ့် ရသတစ်ခုခုတော့ပေးစွမ်းနိုင်မယ်ထင်ပါတယ်... ခံစားကြည့်ရှူကြပါဦး File Size : (1.6 GB) and (931 MB) Quality : BluRay 1080p Format…mp4 Duration…1h ...
movie

Six Minutes to Midnight (2020)

2021
Rat Disaster (2021) 6.5
Rat Disaster (2021) Rat Disaster (2021)ပါတ်ဝန်းကျင်မှာ ကြွက်တွေ ရှိနေတဲ့ အခါစိတ်အနှောင့်အယှက်ဖြစ်ရပ်ပါတယ် ကြွက်ကိုတော်ရုံမဟုတ်ပဲ အုပ်လိုက် ရထားတွဲတတွဲစာဆို စဥ်းစားသာကြည့်တော့ ကြွက်တွေက ပါတ်ဝန်းကျင်ကိုအကျည်းတန်စေရုံသာမက ပလိပ်စတဲ့ ရောဂါပိုးတွေကိုပါ သယ်ဆောင်လာတတ်တဲ့ မကောင်းဆိုးဝါးအသေးစားလေးတွေပါ အဲ့လိုမျိုးကြွက်တွေက လူတွေကိုပါ ကိုက်ဖြတ် စားသောက်နေတဲ့ အထိ အန္တရာယ်ရှိလာပြီဆိုရင်ရော .....ဇာတ်လမ်းအကျဥ်း- တရုတ်ပြည်ရဲ့ ပေဝေပြည်နယ်ကနေ ရထားတစီး ထွက်ခွာစပြုနေပါတယ် ရထားပေါ်ကနေအခြားရထားပေါ်မှာလူသေတွေနဲ့ ကြွက်အုပ်လိုက်ကြီး ပြေးဆင်းသွားတာကို မြင်လိုက်ရသူကတော့ ကျန်းမာရေးဌာနကဆရာစူးပါ နောက်တော့ သူတို့ရထားပေါ်မှာပါ ကြွက်သံတွေ ဆူညံလာပြီးနောက် ဘာတွေ ဆက်ဖြစ်ကြမလဲလူတွေရဲ့ အသက်ဘေးနဲ့ ရင်ဆိုင်လာရတဲ့အခါ အတ္တနဲ့ယှဥ်ပြီး ဆုံးဖြတ်တတ်မှုတွေ အားလုံးကို ကြည့်ရှုရမှာပါ(ဇာတ်ကားထဲမှာ ကြွက်တွေ အုပ်လိုက်ပါတာ ဖြစ်လို့ ဇာတ်ကားအစမှာ သတိပေးစာတန်းတခုကို တွေ့ရမှာ ဖြစ်ပါတယ် )  Translated by : ...
movie

Rat Disaster (2021)

2021
Nocturne (2020) 5.7
Nocturne (2020) Nocturne 2020*************IMDB - 5.6 Horror , Mystery, Thrillerဇာတ်ကားအကျဉ်းလေးကတော့ ဗီဗီယန်နဲ့ ဂျုလီယက် ဆိုတဲ့အမြွှာညီမ နှစ်ယောက်ဟာ ပီယာနိုတီးတာအထူး ကျွမ်းကျင်သလို အနုပညာကျောင်းမှာလည်းအတူတူတက်နေကြပါတယ်အစ်မဖြစ်သူ ဗီဗီယန်ဟာ ကျောင်းမှာ နာမည်ကြီးသလို ကမ္ဘာ့အကောင်းဆုံးအနုပညာကျောင်းမှာဆက်လက်တက်ရောက်ဖို့ တစ်ပေးခံထားရသူလည်းဖြစ်တယ်ညီမဖြစ်သူ ဂျုလီယက်ကတော့ ဗီဗီယန်နဲ့ပြောင်းပြန်ပါပဲ အနေအေးသလို အရှက်အကြောက်ကြီးတယ်။ဒီလိုနဲ့ နွေရာသီ ကျောင်းပိတ်ရက် ပြီးခါနီးလို့ ကျောင်းပြန်တက်ခါနီးအချိန်မှာ သူတို့ကျောင်းမှာ အတော်ဆုံးဂီတပညာရှင်တစ်ယောက်ဖြစ်တဲ့ မော်ရာ ကိုယ့်ကိုကိုယ်သတ်သေသွားခဲ့ပါတယ်။ကျောင်းပြန်တက်တဲ့အခါ ကျောင်းအုပ်ကမော်ရာရဲ့သေဆုံးမှုအမှတ်တရအနေနဲ့ concerto ပြိုင်ပွဲကိုဆက်လုပ်ဖို့အတွက် Music မေဂျာစီနီယာတွေကိုအကုန်လုံးကိုပြိုင်ပွဲဝင်ဖို့ကျောင်းဖွင့်မိန့်ခွန်းမှာပြောကြားခဲ့တယ်။ဒီပွဲက စီနီယာတွေအတွက်အခွင့်တစ်ရပ်ဖြစ်တဲ့အတွက် ဗီဗီယန်တို့ညီအစ်မနှစ်ယောက်ကလဲ အထူးပစ်မှတ်ထားနေကြတယ်။ဒီလိုနဲ့ တစ်နေ့ကျောင်းစာကြည့်တိုက်မှာသေဆုံးသူ မော်ရာပစ္စည်းတွေ ကိုရှင်းလင်းရင်းနဲ့ ထူးဆန်းတဲ့ သင်္ကေတပုံကြမ်းတွေပါတဲ့ မော်ရာသံစဉ်စာအုပ်ကိုဂျုလီယက်ကအမှတ်မထင်ရသွားတဲ့အခါမှာတော့ဘယ်လိုတွေစိတ်ဝင်တစားဖြစ်ရပ်တွေဆက်ဖြစ်လာမလဲဆိုတာ စိတ်ဝင်တစားနဲ့ကြည့်ရှုပေးကြပါဦး File Size : (1.5 GB) and (844 MB) Quality : 1080p WEBRip, 720p WEBRip Format…mp4 Duration…1h 30min Genre : Horror, Mystery, Thriller Subtitle : Myanmar ...
movie

Nocturne (2020)

2021
Taking a Shot at Love (2021) 7.4
Taking a Shot at Love (2021) အခုတစ်ခေါက်တင်ဆက်ပေးမှာကတော့ January 2 ရက်နေ့မှပူပူနွေးနွေးထွက်ရှိထားတဲ့ Taking a Shot at Love ရုပ်ရှင်လေးပဲဖြစ်ပါတယ်ဇာတ်လမ်းလေးကိုတော့ ဒီလိုလေးနဲ့အစပြုထားပါတယ်ရေခဲပြင်ဟော်ကီကစားသမားဖြစ်တဲ့ ရိုင်ယန်ကုဖ့်ပါဟာ ရေခဲပြင်ဟော်ကီမှာတော့ နာမည်ကြီးတဲ့အကျော်အမော်ကစားသမားတစ်ဦးပါရိုင်ယန်လိုအားကစားသမားတစ်ဦးအတွက် ထိခိုက်ဒဏ်ရာရတယ်ဆိုတာ တွေးတောင်မတွေးဝံ့တဲ့ အိပ်မက်ဆိုးတစ်ရပ်ပဲဖြစ်ပါတယ်ဒါပေမယ့်ကံကြမ္မာဟာ ရိုင်ယန်အပေါ်မျက်နှာသာမပေးခဲ့ပါဘူး တစ်နေ့ ရိုင်ယန်တစ်ယောက် ဟော်ကီကစားရင်း ခြေချင်းဝတ်ကိုထိခိုက်မိခဲ့ရာမှ သူအနှစ်သက်ဆုံးဟော်ကီကစားနည်းကိုလက်လွှတ်ရမလို ဖြစ်ခဲ့ရပါတယ်ဒီလိုနဲ့ခြေချင်းဝတ်ဒဏ်ရာရတဲ့ရိုင်ယန်တစ်ယောက် သူရဲ့ညီဝမ်းကွဲဖြစ်တဲ့တယ်ရီနဲ့ဆက်စပ်မိပြီး အေဗွန်မြို့မှ ဘဲလေးဆရာမဂျန်နာထံမှာ ခြေချင်းဝတ်ဒဏ်ရာကုသရန် အကြောင်းဖန်လာပါတော့တယ်ဂျန်နာဆိုသူမှာလည်း ရိုင်ယန်ကုဖ့်ပါလိုမျိုး ခြေချင်းဝတ်ဒဏ်ရာကြောင့် သူမရဲ့ပရော်ဖက်ရှင်နယ်ဘဲလေးကချေသည်ဘဝကို လက်လွှတ်ခဲ့ရသူပါဒါပေမယ့်သူမဟာ သူမတတ်ကျွမ်းတဲ့ဘဲလေးအကကိုသုံးပြီး ခြေချင်းဝတ်ဒဏ်ရာကို ပျောက်ကင်းအောင်စွမ်းဆောင်နိုင်ခဲ့ပါတယ်ကုထုံးတွေအများကြီးရှိတဲ့အထဲမှာ ဘဲလေးအကကုထုံးကိုသုံးပြီး ကုသပေးတာဆို​တော့ အတော်လေးစိတ်ဝင်စားဖို့ကောင်းပါတယ်ဒီလိုနဲ့ဂျန်နာတစ်ယောက် ဘဲလေးကုထုံးကိုသုံးပြီး ရိုင်ယန်ကိုဘယ်လိုတွေကုသပေးမလဲ.....နှစ်ဦးကြားမှာလည်း ဘယ်လိုသံယောဇဥ်ကြိုးလေးတွေ ရစ်နှောင်သွားမလဲဆိုတာတွေကို စောင့်မျှော်ကြည့်ရှုလိုက်ရအောင်ရှင်ရိုင်ယန်အနေနဲ့ မင်းသား Luke Macfarlaneကပါဝင်သရုပ်ဆောင်ထားပြီး မင်းသမီးချော Alexa Penavega က ဂျန်နာအဖြစ် ပါဝင်အားဖြည့်သရုပ်​ဆောင်ထားပါတယ်Rating အနေနဲ့ကလည်း 7.4/10ရရှိထားတော့ အားလုံးသဘောတွေ့မယ့် romantic movie လေးဖြစ်မယ်လို့ မျှော်လင့်မိပါတယ်အညွှန်းနှင့်ဘာသာပြန်ဆိုသူ ...
movie

Taking a Shot at Love (2021)

2021
Locked Down (2021) 5.0
Locked Down (2021) Locked Down (2021)================IMDb Rating - 5.0/10 ဒီ Locked Down ဆိုတဲ့ကားလေးက ကြည့်ရှူသူတွေကို ဇာတ်လမ်းခပ်အေးအေး Cast အလန်းစားတွေနဲ့ ဖြည်းဖြည်းချင်းရင်ထဲထည့်သွားစေမဲ့ကားလေး ဒီကားလေးကိုကြည့်ပြီးရင် Covid ကြောင့် ဖြစ်ရတဲ့အခြေအနေတချို့ကို ကွက်ကွက်ကွင်းကွင်းမြင်လာနိုင်မယ်။ဇာတ်လမ်းအကျဉ်းအရတော့ တဖြည်းဖြည်းယိုယွင်းပျက်စီးလာတဲ့ အိမ်ထောင်ရေးကြောင့် ခွာပြဲရတော့မဲ့ Linda နဲ့ Paxton ဟာCovid Lockdown ကြောင့် တစ်အိမ်တည်းမှာ ပိတ်မိနေကြတယ်။ ဘ၀ကိုအရိုင်းဆန်ဆန်ဖြတ်သန်းခဲ့တဲ့ Paxton နဲ့ တော်ပြီးထက်မြက်တဲ့ Linda တို့ အချိုးအကွေ့တစ်ခုမှာ ဆုံခဲ့ကြပေမဲ့ Paxton တစ်ယောက်ကတော့ တစ်ညမှာ သူလုပ်လိုက်တဲ့အမှားတစ်ခုကြောင့်ဒီလိုတွေ သူဘ၀ဆက်တိုက် ကံဆိုး‌နေရတာလို့ ထင်နေတယ်။ Linda ဆိုတဲ့အမျိုးသမီးလေးကလည်း အပြင်ပန်းကကြည့်ရင် အလုပ်အကိုင်ကောင်း ၀င်ငွေကောင်းပေမဲ့ စိတ်ဖိစီးစရာ စိတ်ရှုပ်စရာတွေအပြည့်ရှိနေတာကို အတူနေတဲ့ သူ့ရည်းစား Paxton မပြောနဲ့ တစ်ဦးတစ်လေတောင်မသိ၊ ဒီလိုနဲ့ ကံကြမ္မာကြောင့်ပဲလိုဆိုရမလား သူတို့ရဲ့ ...
movie

Locked Down (2021)

2021
The Ultimate Playlist of Noise (2021) 6.3
The Ultimate Playlist of Noise (2021) The Ultimate Playlist of Noise (2021) *************************************IMDb-6.4/10ဇန်နီဝါရီလ ၁၅ ရက်နေ့ကမှ ထွက်ရှိထားတဲ့ကားသစ်လေးပါနော်ဇာတ်အညွှန်းလေးကတော့တစ်ပြိုင်တည်း နားကြပ်နှစ်စုံကို တပ်တတ်တဲ့ ဂီတကို အရမ်းရူးသွပ်တဲ့မားဂက်စ်ဆိုတဲ့ ကောင်လေးဟာ ကျောင်းကပွဲ ညတစ်ညမှာပဲသီချင်းဆိုနေတဲ့ ကောင်မလေးရဲ့ အသံကို ကြားကြားချင်းမှာပဲ သဘောကျသွားတယ်ဒါပေမဲ့ တစ်ခါတလေ ကံတရားကြီးက မျှော်လင့်သလို ဖြစ်မလာတာနဲ့မားဂက်စ်တစ်ယောက် ကြုံတွေ့လိုက်ရပါပြီအဲ့ဒါကတော့ ကျောင်းကပွဲညမှာ မူးလဲရာကနေ ဆေးစစ်ကြည့်လိုက်တော့ဦးနှောက်မှာ အကြိတ်တွေ ရှိနေပြီး နောက်တစ်လနေရင် ခွဲစိတ်ပြီးအသံတွေကို မကြားနိုင်တော့တဲ့အထိ အဆင့် ရောက်သွားရတော့မှာပါ...အသံတွေ ကြားရတာ ဘယ်လောက်အဖိုးတန်လဲဆိုတာကိုမကြားရတော့မှ သိရသလို မားဂက်စ်တစ်ယောက် သတ်သေချင်လောက်တဲ့ အထိ သွေးပျက်ခဲ့ရပါတယ်ဒါပေမဲ့ သူဟာ မခွဲစိတ်ခင် တစ်လအတွင်း သူအရမ်းချစ်မြတ်နိုးတဲ့ အသံတွေအားလုံးကို နားထောင်ပြီးအသံသွင်းဖို့ အစီအစဉ်ကို ...
movie

The Ultimate Playlist of Noise (2021)

2021