Channel Myanmar

2021

Outside the Wire (2021) 5.3
Outside the Wire (2021) Outside the Wire (2021)==================IMDb Rating - 5.3/10 ဒီနေ့အတွက် Netflix ကထွက်ရှိလာတဲ့ အလန်းစား Action, Fantasy ကားကောင်းလေး တစ်ကားကိုတင်ဆက်ပေးချင်ပါတယ်။ အရင်ဆုံးပြောချင်တာကတော့ Anthony Mackie ပါဝင်ထားပြီး . Damson Idrisနဲ့အတူ ဒိတ်ဒိတ်ကြဲအပြိုင်သရုပ်ဆောင်ထားတဲ့ ကားလေးပါ . ဒီကားအတွက်လည်း ဘတ်ဂျက်ကို အတော်အကုန်ကျခံရိုက်ကူးထားတယ်လည်းသိရပါတယ်။2021 ရဲ့ အစဟာ မူဗီချစ်ပရိသတ်တွေအတွက်တော့ အတော်လေးကျေနပ်စရာကောင်းလောက်မယ့်ကားကောင်းလေးတစ်ချို့ထွက်ရှိလာတာကိုလည်းတွေ့ရပါတယ်။ဇာတ်လမ်းအကျဉ်းကိုပြောရမယ်ဆိုရင်တော့ဟာ့ပ်ဆိုတဲ့ drone pilot တပ်သားတစ်ယောက်ဟာ drone ပစ်ခေတ်မောင်းနှင်ရာမှာအတော်လေးကျွမ်းကျင်ပြီးပစ်မှတ်ကိုတိတိကျကျပစ်ခတ်နိုင်တဲ့ သူတစ်ယောက်ဖြစ်ပါတယ်။ ဒါပေမယ့် Mission တစ်ခုမှာ သူ့ရဲ့ စိတ်လောပြီးတဇွတ်ထိုးနိုင်တဲ့စိတ်ကြောင့် အမှားတစ်ခုကျူးလွန်မိပြီး . မိမိတပ်ဘက်ကစစ်သားတစ်ချို့ရဲ့ အသက်ပါ ပေးဆပ်လိုက်ရတာကြောင့် ဒဏ်ပေးခံရတဲ့အနေနဲ့ စစ်ဇုံတစ်ခုကိုအပို့ခံရပါတော့တယ်။ အဲ့ဒီ စစ်စခန်းရောက်မှ လီယိုနဲ့တွေ့ပြီးခက်ခဲကြမ်းတမ်းတဲ့ Mission ကို ရပ်တန့်ရင်ဆိုင်ရမှာကို ပစ်ကွင်းပစ်ကွက် အတိုက်အခိုက်တွေနဲ့ ရိုက်ပြသွားတာကိုကြည့်ရှုရမှာပါ။Anthony ဖန်တွေကတော့ အကြိုက်ဖြစ်ဦးမှာမလွဲပါဘူး။(ဒီဇာတ်ကားရဲ့ ...
movie

Outside the Wire (2021)

2021
Maara 7.8
Maara Maara (2021)ဇန်နဝါရီ ၈ ရက်နေ့က ထုတ်လွှင့်ပြသခဲ့တဲ့ တမယ်လ် ဇာတ်ကားကောင်းလေး တစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ။ကြည့်မိရင် ရင်ထဲမှာ မေတ္တာတရားရဲ့ ဆွတ်ပျံ့မှု ကြည်နူးမှု နွေးထွေးမှုတွေကို ခံစာရမှာ အမှန်ပါပဲ။ကျွန်တော်တို့ပုံပြင်တွေကို ကြားဖူးကြပါတယ်။ နားထောင်ဖူးကြပါတယ်။ ပုံပြင်လေးတစ်ပုဒ်ကနေ တကယ့်ဇာတ်လမ်းလေးတစ်ပုဒ် ဖြစ်လာခဲ့တဲ့အချိန်မှာတော့ ....ပါရူး ဆိုတဲ့ ကလေးမလေးက ငယ်စဉ်ဘဝက ရထားတစ်စီးပေါ်မှာ စစ်သားလေးတစ်ယောက်နဲ့ သူ့ရဲ့ဝိဉာဉ် ငါးကလေး ဆိုတဲ့ ပုံပြင်လေးကို နားထောင်ခဲ့ရဖူးပါတယ်။ ပါရူးတစ်ယောက်က ပုံပြင်တွေကို စိတ်ဝင်စားတဲ့ မိန်းကလေးပါ။ သူ့အိမ်က နေရာချထားပေးဖို့ ပြင်ဆင်ပေမယ့် စိတ်မဝင်စားလို့ အိမ်ကနေ ထွက်လာရင်းနဲ့ ..... မာရာ ဆိုတဲ့ လူတစ်ယောက်ရဲ့ ပန်းချီကားလက်ရာတွေကို တွေ့ပြီး အဲဒီနောက်ကို တကောက်ကောက်လိုက်ရာကနေ တကယ့်ကို ဆွတ်ပျံ့ကြည်နူးဖို့ကောင်းတဲ့ ဇာတ်လမ်းလေးတစ်ပုဒ်ကို ရှာဖွေတွေ့ရှိခဲ့ပါတော့တယ် .....ဘာဇာတ်လမ်းလေးလဲ ဆိုတာကတော့ .....IMDb - 7.8/10 ရထားတဲ့ ဇာတ်ကားမို့ အများကြီး ပြောမနေတော့ပါဘူး။File size… 2.1GB ...
movie

Maara

2021
Batman: Soul of the Dragon (2021) 5.9
Batman: Soul of the Dragon (2021) Batman: Soul of the Dragon (2021)==========================IMDb Rating - 5.9/10ဒီနေ့တော့ DC ရဲ့ ငဘတ်ဖန်တွေအတွက် ၂၀၂၁ထွက်အသစ်စက်စက် ကားလေးလာပါပြီ။ ငယ်ငယ်ရွယ်ရွယ်ငဘတ်လေးကို ဒီကားလေးထဲမှာတွေ့ရပါလိမ့်မယ်။ဇာတ်လမ်းအကျဉ်းလေးက နန္ဒာပါဘတ်လို့ခေါ်တဲ့ဂျပန်ကလျှို့ဝှက်ဘုန်းကြီးကျောင်းက ဆရာတော်အိုဆီမှာကိုယ်ခံပညာသင်ဖို့  ငဘတ်ကလာခဲ့တာပေါ့။ ဆရာတော်အိုဆီမှာက ငဘတ်အပါဆိုရင်တပည့်က ခြောက်ယောက်တောင်ရှိပြီး ငဘတ်ကအငယ်ဆုံးလေးပေါ့။ မိသားစုဆိုရင်လျှို့ဝှက်ချက်မထားရဘူးလို့ပြောတဲ့ဆရာကကျောင်းထဲမှာရှိတဲ့ဂိတ်တံခါးအကြောင်း တစ်ခါမှမပြောပြဘူးရယ်။ ဒီတော့ စပ်စုစိန်တပည့်မတစ်ယောက်ကအငြိမ်မနေနိုင်ပဲဂိတ်တံခါးကို သွားဖွင့်ကြည့်လိုက်မိတဲ့အတွက်ကြောင့် ဆရာလည်းသေသွားတာပေါ့။ ဆရာသေပြီးနောက် နှစ်တွေအများကြီးကြာပြီးတဲ့နောက်မှာ ဂျက်ဖာရီဘားရ်ဆိုတဲ့လူတစ်ယောက်က အဲ့ဂိတ်တံခါးကိုနောက်ထပ်တစ်ကြိမ် ထပ်ဖွင့်ဖို့ ကြိုးစားလာတဲ့အခါမှာတော့..........ဘာဖြစ်မလဲဆိုတာကိုတော့ထုံးစံအတိုင်းလေးကိုယ့်ဘာသာပဲကြည့်လိုက်တော့နော် . . .Soul of the Dragon ဆိုတဲ့ အတိုင်း . နဂါးပုံရိပ်တွေပါပါမယ် . မြန်မာတွေရဲ့ နဂါးလို့ပြောလို့ရမယ့် နဂါးပုံရိပ်တွေလည်း ဒီကားထဲမှာတွေ့မြင်ရပါမယ်။(ဒီဇာတ်ကားရဲ့ အညွှန်းနဲ့ဘာသာပြန်ရေးသားပေးသူကတော့ Chit Tee ပဲဖြစ်ပါတယ်။) Quality – 1080p, 720p WebRip 5.1CHDuration - ...
movie

Batman: Soul of the Dragon (2021)

2021
Redemption Day (2020) 5.3
Redemption Day (2020) Redemption Day (2021)===================IMDb Rating - IMDb Rating - 5.3/10 ဒီတစ်ခါ CM ပရိသတ်ကြီးအတွက် ဒီရက်ပိုင်း ပူပူနွေးနွေးထွက်ရှိထားတဲ့ action, thriller ရုပ်ရှင်တစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ်။ဘရက်ဒ်ပက်စတန်ဆိုတဲ့ အမေရိကန်ရေတပ်ကပ္ပတိန်တစ်ဦးရဲ့ ဇနီးဖြစ်သူ ရှေးဟောင်းသုတေသနပညာရှင် ကိတ်ပတ်စတန်ဟာမော်ရိုကိုနိုင်ငံမှာတွေ့ရတဲ့ လူသားအရိုးစုတွေကို သုတေသနလုပ်ဖို့ အဖွဲ့နဲ့အတူ မော်ရိုကိုနိုင်ငံကိုလာခဲ့ကြပါတယ်။ ကံဆိုးချင်တော့အရိုးစုတွေကိုလေ့လာရင်း မော်ရိုကိုနဲ့ အာလ်ဂျီးရီးယားရဲ့ နယ်စပ်မျဥ်းကို မတော်တဆဖြတ်မိသွားပြီး ဓားစာခံအဖြစ်ဖမ်းခေါ်သွားခံရပါတယ်။ ဒီသတင်းကိုကြားရတဲ့အခါ ခင်ပွန်းဖြစ်သူ ဘရက်ဒ်ပက်စတန်တစ်ယောက် သူကြုံခဲ့ရတဲ့ သူ့ကိုအိပ်မက်ဆိုးအဖြစ် ခြောက်လှန့်နေတဲ့ စစ်အနိဌာရုံတွေကို အန်တုပြီး ဇနီးဖြစ်သူကိုသွားကယ်ဖို့ သူ့မိတ်ဆွေဖြစ်သူ မော်ရိုကိုအထက်တန်းအရာရှိ ယိုးနက်စ်နဲ့အတူရန်သူ့နယ်မြေထဲ စွန့်စားလာကြတဲ့ စစ်ဆင်ရေးပုံရိပ်တွေကို မြင်ကြရမှာပါ။ Action ကားဆိုပေမယ့်လည်း သွေးထွက်သံယိုခန်းတွေသိပ်မပါတဲ့အတွက် အသည်းငယ်တတ်သူတွေအဖို့ရော မိသားစုတွေနဲ့ပါ ကြည့်လို့သင့်တော်မယ့်ဇာတ်ကားတစ်ကားပါပဲ။(ဒီဇာတ်လမ်းရဲ့  အညွှန်းကို MTA မှရေးသားပေးပြီး၊ ဘာသာပြန်ပေးသူများကတော့ MTA, August တို့ပဲဖြစ်ပါတယ်။) Quality – 1080p, ...
movie

Redemption Day (2020)

2021
Kaagaz (2021) 7.6
Kaagaz (2021) Kaagaz (2021)*****************IMDb rating......................7.9 HindiKaagaz - စာရွက် 2021 မှာ အသစ်ထွက်ထားတဲ့ ဇတ်ကားကောင်းလေးတစ်ကား ရှိတယ်ဗျ Salma Khan ထုတ်လုပ်ရေးက ထုတ်လုပ်ထားတာပါ။ ၇.၉ ထိ ဘာကြောင့်ရခဲ့လဲ။ ပထမဆုံးက ဒီဇတ်ကားက ၇၀-၉၀ ခုနှစ်ပိုင်းမှာ ဇတ်အိမ်တည်ပြီးဘဏ်ကချေငွေရဖို့ ကြိုးစားရင်း ဒုက္ခရောက်ခဲ့ရတဲ့ လယ်သမားတစ်ယောက် ဖြစ်ရပ်မှန်ကို အခြေခံထားတာပါ။ ဇတ်လမ်း တစ်လျှောက်လုံးလဲ ပါတ်ဝန်းကျင်ရဲ့ ငြိုငြင်စကားတွေ မိသားစုတွင်း သစ္စာမဲ့မူ‌တွေနဲ့ဘက်ပေါင်းစုံ စိတ်ဓာတ်ကျစရာတမျိုးစုံကို ခံရတဲ့အခါ ဖြစ်ပေါ်လာတဲ့ သူ့ရဲ့စိတ်ပိုင်းဆိုင်ရာ ခံစားချက်တွေကိုဖော်ပြပုံတွေက မာစတာပိစ်ပါပဲ။ ဒါ့အပြင် ရိုးသား ပျော်ရွှင်တတ်တဲ့လူတစ်ယောက်အဖြစ်ကနေ ခေါင်းမာပြတ်သားသူတစ်ယောက်အဖြစ် ပြောင်းလဲသွားရပုံကိုနိမ့်ချည်တစ်ခါ မြင့်ချည်တစ်လှည့်နဲ့ Pankaj Tripathi ရဲ့ သရုပ်ဆောင် မူတွေကဆွဲခေါ်သွားပါလိမ့်မယ်။  ဘာရသ်လားလ် ဆိုသူဟာ တီးဝိုင်းခေါင်းဆောင်တစ်ဦး ဖြစ်ပြီးသူ့ရဲ့အလုပ်ကတော့ မင်္ဂလာပွဲတွေ ...
movie

Kaagaz (2021)

2021
American Dream (2021) 5.0
American Dream (2021) American Dream (2021)==================IMDb Rating - 5.0/10 Rating က ထွက်ခါစကနေ တဖြေးဖြေးလည်း တတ်လာနေပါတယ်။ 2021 မှ ပူပူနွေးနွေးထွက်ရှိထားတဲ့ Crime, Thriller  ဇာတ်ကားလေးပါ။Terminators 3 တို့ Sin city တို့လို ဇာတ်ကားကောင်းတွေထဲမှာ ပါဝင်ခဲ့ဖူးတဲ့ရရှားသရုပ်ဆောင် Nick Stahl ပြန်ပွဲဦးထွက်လာတဲ့ဇာတ်ကားဆိုလည်းမမှားပါဘူး။နစ်ကီနဲ့ စကော့တို့သူငယ်ချင်းနှစ်ယောက်က အမေရိကားကိုပြောင်းလာကြတဲ့ ရရှားနွယ်ဝင် Immigrants တွေပေါ့။သူတို့ရဲ့အိပ်မက်က လော့အိန်ဂျလိစ်မှာ  တိုက်တန်းလျားတစ်ခုဆောက်ပြီး ငှားစားဖို့ပါပဲ အဲဒီအိပ်မက်ကိုလည်းအကောင်အထည်ဖော်နေကြတာပေါ့။ ဒါပေမဲ့ ကံဆိုးစွာပဲ သူတို့ဆောက်လက်စတိုက်အတွက် ရန်ပုံငွေပြတ်ပြီးအပြီးမသတ်နိုင်ဖြစ်နေပါတယ်။ ဘဏ်တွေဆီကလိုက်ချေးငွေထုတ်ခဲ့ပေမယ့် အပေါင်ပစ္စည်းမပေးနိုင်တာမို့လို့ဘယ်ဘဏ်မှ ထုတ်မချေးကြပါဘူး။ ဒီလိုနဲ့ စကော့နဲ့ မင်္ဂလာပွဲတစ်ခုမှာ ခင်မင်ခဲ့တဲ့ ရရှားလူမျိုးယူရီဆိုတဲ့သူကသူတို့ကိုကူညီပေးနိုင်မယ့်သူရှိတယ်လို့ ကမ်းလှမ်းလာပါတယ်။ အဲဒီသူဆီက ချေးငွေထုတ်ပြီးကာမှ ဘဏ်တစ်ခုကတရားဝင်ထုတ်ချေးလာတာကြောင့် ပြန်ပေးခဲ့ပေမယ့် ယူရီက လက်မခံပဲ ငွေညှစ်ရာမှ တဖြေးဖြေးနဲ့ အသက်ကိုပါရန်ရှာလာတဲ့အခါမှာတော့ သူတို့ဘယ်လိုကြံကြဖန်ကြမလဲဆိုတာ စိတဝင်စားဖွယ်ကြည့်ရှုရမှာဖြစ်ပါတယ်။ဒီဇာတ်ကားက မင်းသား ၃ ...
movie

American Dream (2021)

2021
What Happened to Mr Cha?(2021) 4.7
What Happened to Mr Cha?(2021) What Happened to Mr.Cha 2021------------------------K dramaဖန်တွေအတွက် mydrama listမှာလဲ popularityဖြစ်‌ေနပြီး 2021ဇန်နဝါရီလမှာထွက်ခဲ့တဲ့ အသစ်စက်စက်Comedyကားလေးကို တင်ဆက်ပေးလိုက်ပါတယ်....ရုပ်ရှင်လောကတို့ အနုပညာတို့လောကတို့မှာစန်းဆိုတဲ့ အသုံးအနှုန်းက လူသုံးများတော့ ရင်းနှီးပြီးသားဖြစ်မှာပါ....တချို့သရုပ်ဆောင်တွေ ရုပ်လဲသိပ်မချော သရုပ်ဆောင်ပိုင်းလဲမကောင်းပဲ မျက်နှာမြင်ချစ်ခင်ပါစေဆိုတဲ့ စန်းနဲ့ပေါက်သွားကြတာလဲ ကြားဖူးကြမှာပေါ့။။။ဒီဇာတ်လမ်းကလဲ အဲ့စန်းပေါ်ပဲ ဟာသဆန်ဆန်အခြေခံရိုက်ကူးထားပြီး  Fluဇာတ်ကားထဲမှာ ပါ၀င်သရုပ်ဆောင်ထားတဲ့မင်းသား Cha-In Pyoရဲ့သဘာ၀ကျကျ သရုပ်ဆောင်ဟန်ပန်တွေနဲ့ ဇာတ်လမ်းကိုအကောင်းဆုံးပုံဖော်ထားပါတယ်.ဇာတ်လမ်းအကျဉ်းကတော့အောင်မြင်တဲ့အခါတုန်းကတော့ဂုဏ်ပုဒ်တွေအများကြီးနဲ့ကျော်ကြားနေခဲ့ပြီးစန်းကျသွားတဲ့အခါ ကိုယ့်ထက်အောင်မြင်တဲ့သူတွေနဲ့အမှီလိုက်ဖို့ကြိုးစားနေရတဲ့မင်းသားကြီးတစ်ယောက်ရဲ့ဇာတ်လမ်းလေးပါပြန်လည်အောင်မြင်ဖို့မျှော်လင့်ချက်လေးနဲ့ပျော်ရွှင်နေတဲ့အချိန်မှာ မထင်မှတ်တဲ့ မတော်တဆမှုကြောင့် ရေချိုးနေတုန်း အ၀တ်ဗလာနဲ့ အဆောက်အအုံပြိုကျတဲ့ထဲပါသွားပြီး ဘယ်လိုတွေ လွဲချော်ကုန်တယ်ဆိုတာ ဟာသဆန်ဆန် ခွီရအောင် ရိုက်ကူးပြသထားတဲ့အပြင် ရုပ်ရှင်သရုပ်ဆောင်တစ်ယောက်ရဲ့ တကယ်လက်တွေ့ ဘ၀ပုံစံကိုပါဖော်ပြထားတာကြောင့် အချိန်ကုန်ရကျိုးနပ်စေမယ့် ရုပ်ရှင်ကားတကားမလို့ ကြည့်ဖြစ်အောင်ကြည့်ဖို့ ညွှန်းပါရစေ Translated by : Thin Zar HtetEncoded by : YKNative Title: 차인표Also Known As: Cha Inpyo , Chainpyo , ...
movie

What Happened to Mr Cha?(2021)

2021