Channel Myanmar

2021

Camellia Sisters (2021)
Camellia Sisters (2021) Camellia Sisters (2021)ဒီဇာတ်ကားလေးကတော့ မတည့်အတူနေညီမ ၃ယောက်အကြောင်း ရိုက်ကူးထားတဲ့ ဟာသဆန်ဆန်ဗီယက်နမ်ရုပ်ရှင်လေးပါကမဲလီးယားပန်းဥယျာဥ်အိမ်ရာမှာ နေထိုင်ကြတဲ့ လိုင်မိသားစုက မိန်းမတွေက ဥယျာဥ်ထဲမှာ ကမဲလီးယားပန်းအနီပွင့်မှသာ လက်ထပ်နိုင်မယ်ဆိုတဲ့ စည်းမျဥ်းတစ်ခုရှိလေတယ်၊ အစ်မကြီးအမိရာဖြစ်တဲ့ "ဟာ" လည်း အပျိုကြီးဖြစ်သလို အစ်မလတ် "ဟုန်" နဲ့ အငယ်ဆုံး "လင့်" ပါ အပျိုကြီးတွေ ဖြစ်ကြတာပေါ့ဒါပေမဲ့ လက်တွေ့မှာတော့ အဲ့စည်းမျဥ်းဟာ နောက်ကွယ်က လျှို့ဝှက်ချက်‌တွေကို ဖုံးဖိထားဖို့ အပေါ်ယံမျက်နှာဖုံးဆိုတာကို သိလိုက်ရတဲ့အခါ....အတွင်းရေးပြဿနာကိုယ်စီရှိကြတဲ့ ညီအစ်မ ၃ယောက်အကြောင်းကို ဟာသနှောရိုက်ကူးပြသထားလို့ အပျင်းလည်းပြေသလို မိန်းမတွေက အချစ်ရေးဘဝမှာ အရှုံးဘက်ကသာ ဖြစ်တယ်ဆိုတာကိုလည်း ခံစားထိမိအောင် ရိုက်ပြထားလို့ ကြည့်သင့်တဲ့ကားလေးတစ်ကားပဲ ဖြစ်ပါတယ်နော်။အညွှန်း နဲ့ ဘာသာပြန်ကတော့ Jinzel ပဲ ဖြစ်ပါတယ်။Genre..... Drama Quality…. 1080p | 720p | 480p File size… 1.6GB | 948MB | 418MB Format… mp4 Duration…. 1h 55min Subtitle…. Myanmar ...
movie

Camellia Sisters (2021)

2021
Vengeance Is Mine (2021) 6.1
Vengeance Is Mine (2021) Vengeance Is Mine (2021)~ IMDb - 6.1/10, Rotten Tomatoes - 71% ~အသက်တမျှချစ်ရတဲ့ ဇနီးနဲ့သမီးကို ဆုံးရှုံးလိုက်ရတဲ့ ဟာရီဆိုတဲ့ သာမန်လူတစ်ယောက်...ဖိုက်တာကြီးတစ်ယောက်မဟုတ်သလို ဟီးရိုးကြီးတစ်ယောက်လည်းမဟုတ်တဲ့ အပစ်အခတ် အသတ်အပုတ်တွေနဲ့ အဝေးဆုံးက သာမန်တွေထဲက သာမန်သူတစ်ယောက်...အုံ့မှိုင်းမှိုင်းနေ့ရက်တွေထဲ လူ့အဖွဲ့အစည်းရဲ့ ဟိုးအောက်ခြေက ဘုရားကျောင်းသန့်ရှင်းရေးလုပ်တဲ့ သာမန်လူတစ်ယောက်…ဒါပေမဲ့ ဇနီးနဲ့သမီးကို သတ်သွားတဲ့ လူသတ်သမားတွေရဲ့နေရာကို သိသွား​ပြီးနောက်မှာတော့ လက်စားချေလိုစိတ်ကမောင်းနှင်တဲ့ ခွန်အားနဲ့ ပူဆွေးမှုကနိုးထပြီး ဒီဇာတ်လမ်းကို စ,ခဲ့ပါတော့တယ်။ တစ်ခုသိထားရမှာကတော့ ဟာရီဟာ သာမန်သူတစ်ယောက်ဆိုတာပါပဲ။ ကြွက်သားကြီးတွေထုတ်ပြပြီး ရိုးအီနေတဲ့ စကားမျိုးတွေ ပြောမှာမဟုတ်သလို တစ်ပတ်လည်ကန်ချက်တွေလည်းလာမှာမဟုတ်ပါဘူး။ ဒါပေမဲ့လည်း ဒါကြောင့်ပဲ လူသားဆန်တဲ့ဇာတ်ကောင်တစ်ခုကို ခံစားရစေမှာပါ။ဒီဇာတ်ကားရဲ့ ဒါရိုက်တာက သူ့ရဲ့အဓိကရုပ်ရှင်ပရောဂျက် (ဒီဇာတ်လမ်းထဲမှာလည်း စာအုပ်နာမည်ပါသွား) မစခင်လေးမှာ ဒီကားကို ရိုက်ကူးရေးအဖွဲ့သားနည်းနည်းရယ် ပေါ့ပေါ့ပါးပါး Lighting လောက်ပဲသုံးပြီး စကားပြောခန်း နည်းနိုင်သမျှနည်းအောင် ရိုက်ကူးခဲ့တာပါ။ ...
movie

Vengeance Is Mine (2021)

2021
Missing (2021) 7.1
Missing (2021) Missing (2021)Missing ဆိုတဲ့နာမည်နဲ့ thriller အမျိုးအစားထဲကဆို "မိသားစုဝင် ဒါမှမဟုတ် ချစ်ရတဲ့သူတစ်ယောက်ယောက် ပျောက်တာလိုက်ရှာမယ်၊ လူသတ်သမားနဲ့တွေ့မယ်၊ ညဖက်ကြီး သတ်ကြမယ်၊ နောက်ဆုံး လူသတ်သမားသေရင်သေ mc သေရင်သေ" ဇာတ်လမ်းမျိုးကို တန်းမြင်ကြမှာပါ။ဒီ Missing 2021 ကလည်း မှန်းထားတဲ့အတိုင်း လူပျောက်တာပါ။ ဒါပေမယ့် မတူတာတွေလည်းရှိပါတယ်။ ဒီတစ်ခါပျောက်တာက အဖေဖြစ်သူ ... လိုက်ရှာတာက အလယ်တန်း‌‌ကျောင်းသူသမီးလေးပါ။ ပြီးတော့ နေ့လယ်ခေါင်ကြီးဖြစ်တာပါ။ဟာရာဒါမိသားစုမှာ မိခင်ဖြစ်သူက အာရုံကြောရောဂါကြောင့် ကိုယ့်ကိုယ်ကိုသတ်သေသွားပြီး အဖေနဲ့သမီးနှစ်ယောက်တည်းကျန်ခဲ့ပါတယ်။စိတ်ကျရောဂါနဲ့ ညစ်ပတ်စုတ်ပြ‌တ်နေတဲ့ အဖေ့ကို ပူညံပူညံလုပ်ပေမယ့် တကယ်တမ်းတော့ သမီးလေးက အတော်ချစ်ရှာပါတယ်။တစ်ညမှာ အဖေက ကွင်းဆက်လူသတ်သမားကို တွေ့ခဲ့တယ်ပြောပြီး နောက်‌တစ်နေ့မှာတော့ ရုတ်တရက်ကြီး ပျောက်ဆုံးသွားပါတယ်။ သမီးဖြစ်သူကတော့ သူ့အဖေ အသတ်ခံရတာများလား? သူ့ကို ထားသွားတာလား? ဝေခွဲမရဖြစ်နေပြီး ဖခင်ကို သဲကြီးမဲကြီးလိုက်ရှာတဲ့အခါ ...ဇာတ်လမ်းလေးထဲ ဆက်လက် ကြည့်ရှုလိုက်ကြစို့နော်။Tokyo Revengers LA တို့ The ...
movie

Missing (2021)

2021
Gerda (2021) 5.7
Gerda (2021) Gerda (2021) ==========ကဲ ဒီတစ်ခေါက်တော့ Moscow မှာ ကျင်းပတဲ့2021ရဲ့ Stalker Human Right Film Festivalကနေ Best Film Award ကို ဆွတ်ခူးထားတဲ့ကားလေးနဲ့မိတ်ဆက်ပေးပါမယ်။Main character ရဲ့ဇာတ်ကြောင်းကိုရည်ညွှန်းထားတဲ့ Gerda ဆိုတဲ့ရုပ်ရှင်ထဲမှာ လာရာလို့လဲအမည်တွင်တဲ့ ဂါဒါရဲ့မိခင်က Miracle တွေကိုယုံကြည်တဲ့သူတစ်ယောက်ဖြစ်ပီး၊ ဖခင်ကတော့ မိသားစုကိုပစ်ထားပီးဖောက်ပြန်နေတဲ့သူပါ။ခက်ခဲတဲ့ဝမ်းရေးအတွက် ဂါဒါဟာNight Clubတစ်ခုမှာအပျော်မယ် အဖြစ်အလုပ်လုပ်ရပါတယ်။ ဒါပေမဲ့သူ့ဘဝမှာ အခက်အခဲတစ်ခု ပေါ်လာတိုင်း Dreamland နဲ့တူနဲ့နေရာကို သူ့ဝိဥာဉ်ကရောက်သွား လေ့ရှိတာကြောင့် သူ့ဘဝအခက်အခဲတွေအကြိမ်စိပ်လာတာနဲ့အမျှ အိပ်ပျော်သွားတိုင်း သူ့စိတ်ကတောင့်တနေတဲ့ လွတ်လပ်တဲ့ကမ္ဘာ လေးဆီ ခဏခဏရောက်ဖြစ်နေပါတော့တယ်။ဒီဇာတ်ကားမှာတော့ Gerda ဆိုတဲ့မိန်းကလေးတစ်ယောက်ရဲ့ ဘဝ စိန်ခေါ်မှုတွေနဲ့အခက်အခဲကြားရုန်းကန်မှုတွေ အပျော်မယ်တွေရဲ့ဘဝ တွေကို ကိုယ်ချင်းစာခံစားနိုင်မဲ့ ရသမြောက်ဇာတ်ကားလေးတစ်ကား ဖြစ်ပါတယ်။ (အသုံးအနှုန်းတွေကပွင့်လင်းမြင်သာတာမို့ မိသားစုနဲ့အတူ ကြည့်ဖို့မသင့်တော်တာတော့ သတိပေးပါရစေ။)(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ဘာသာပြန်ရေးသားပေးသူကတော့ Nyein Lai ဖြစ်ပါတယ်)File Size..........(1.4 GB) / (600 MB) / (328 MB) Quality............BluRay 1080p / 720p / 480p Duration.........1Hr 51mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Drama Translator.......Nyein Lai Encoder..........SWM
movie

Gerda (2021)

2021
Blast (2021) 5.2
Blast (2021) Blast (2021)ရုပ်ရှင်နဲ့ပတ်သက်ရင် သမိုင်းကြီးတဲ့ ပြင်သစ်ကထုတ်တဲ့၊ ရုပ်ရှင်ပွဲတော်တွေမှာလည်း ဆုရထားတဲ့ Thriller ကားကောင်းလေးတစ်ကားပါ။ ဗုံးရှင်းလင်းရေးသမားကို အဓိကဇာတ်ဆောင်လုပ်ထားတဲ့ကားဆိုတော့ ဗုံးထောင်တာတွေ အကြမ်းဖက်တာတွေကို ရင်ဖိုစရာရောကောင်းအောင် ပြထားတဲ့ ရုပ်ရှင်ကောင်းပါပဲ။ဆိုနီယာက ဗုံးရှင်းလင်းရေး ကျွမ်းကျင်သူ၊ အလုပ်ကလွဲ ဘာမှမမြင်တာမို့ တော်လည်းတော်သလို နာမည်လည်းကြီးတယ်။ ဆိုနီယာနဲ့ ဖရက်တို့က ဒီမင်တာအမည်ရ ပြင်သစ်အခြေစိုက် မိုင်းရှင်းလင်းရေးလုပ်ငန်းမှာ အတူအလုပ်လုပ်ရင်း မေတ္တာမျှခဲ့ကြသူတွေ။ မိုင်းရှင်းလင်းရေးကျွမ်းကျင်သူဖြစ်တဲ့ ဆိုနီယာက အလုပ်ကို ဦးစားပေးလွန်းပေမဲ့ ဖရက်နဲ့ သူ့ရဲ့ဆက်ဆံရေးက အပေးအယူမျှတာမို့ အရင်လက်တွဲမှုကနေ ကိုယ်စီရထားကြတဲ့ သားသမီးတွေနဲ့အတူ တရားဝင်မိသားစုလေးတစ်ခုလို ဖြစ်နေကြပြီဖြစ်တဲ့ သူတို့ဘဝကို ကံဆိုးမိုးမှောင်ကျစေမယ့်အဖြစ်က တစ်နေ့မှာ ရောက်ရှိလာခဲ့တယ်။ အဲဒါကတော့ ဒီမင်တာကုမ္ပဏီအပေါ် ရန်ကြွေးရှိသူတစ်ယောက်က လက်စားချေမှုအဖြစ်နဲ့ ဆိုနီယာရဲ့ကားမှာ ဗုံးထောင်ထားခဲ့ပြီး ဆိုနီယာနဲ့ သူတို့ရဲ့ကလေးနှစ်ယောက် ကားထဲကထွက်မရတော့ဘဲ ပိတ်မိသွားကြတာပဲ။ကားဗုံးကိုဖြုတ်ဖို့အတွက် ဆိုနီယာတို့အဖွဲ့သားတွေ အပူတပြင်းကြိုးစားချိန်မှာ ဒီဗုံးရဲ့နောက်ကွယ်က လက်သည်ဟာ ယူကရိန်းမှာ သွားလုပ်ဆောင်ခဲ့တဲ့ ...
movie

Blast (2021)

2021
[18+] Hotel Iris (2021) 5.4
[18+] Hotel Iris (2021) Hotel Iris (2021)အိုဆာကာ အာရှရုပ်ရှင်ပွဲတော်မှာ ပြသခဲ့တဲ့ ဟိုတယ် အိုင်းရစ်လို့ခေါ်တဲ့ Hiroshi Okuhara ရဲ့ ရုပ်ရှင်အသစ်ဟာ တော်တော်ကို ဆန်းဆန်းပြားပြားနဲ့ Adult ကားဆန်ဆန် သရုပ်ဖော်ထားတဲ့ ရုပ်ရှင်ပါပဲ။ Mystery ကားတစ်ကားရဲ့ လျှို့ဝှက်မှုတွေ အသားစိုင်တွေကို ပေါင်းစပ်ပြီး ပုံဖော်ထားတယ်လို့ ပြောလည်းမမှားပါဘူး။ဒီကားက တစ်နေ့ကတင် ကျွန်တော်ကြည့်ခဲ့တဲ့ A Quiet Family လို့ခေါ်တဲ့ ရယ်လည်းမရယ်ရ ဘာပြလို့ပြချင်မှန်းမသိတဲ့ ကိုရီးယားကားနဲ့တောင် ခပ်ဆင်ဆင်ပါပဲ။ သို့ပေမဲ့ ဒီကားကတော့ သူ့ဘာသာ Mystery လိုင်းကို အပြည့်အဝသွားထားတဲ့၊ အများကြီးပိုကောင်းတဲ့ကားပါ။ သရုပ်ဆောင်တွေကလည်း တော်တော်လေး မိုက်တယ်လို့ပြောလို့ရပါတယ်။ ကားကောင်းသိပ်မရှိတဲ့ ဂျပန်ကထုတ်တဲ့ကားအနေနဲ့ဆို တော်တော်ကောင်းတဲ့ ရှားပါးကားလေးပါပဲ။ ဒီလို လျှို့ဝှက်ဆန်းကြယ်ပြီး အသားစိုင်တွေရဲ့ လှပခြင်းနဲ့ ဝင်းဝါတောက်ပနေတဲ့ကားမျိုးကို တစ်ကိုယ်ရေအနေနဲ့ပဲ ကြည့်ကြစေချင်ပါတယ်။ သိကြမယ်မို့လား... ဒီကားဟာ ကိုယ်မြင်ချင်ပေမဲ့ ကိုယ်မြင်ချင်တာ သူများမမြင်စေချင်တဲ့ ...
movie

[18+] Hotel Iris (2021)

2021
The Retaliators (2021)
The Retaliators (2021) The Retaliators (2021)~ Rotten Tomatoes - 88% ~ခရစ်စမတ်ကလည်း တဖြည်းဖြည်းနီးလာလေတော့ ပြုံထွက်လာတဲ့ ချိုချိုမြမြ ခရစ်စမတ်ကားတွေကိုကြည့်ရင်း အီစိမ့်နေလောက်ကြရောပေါ့။ ဒီတော့ သွေးထွက်သံယို ခရစ်စမတ်ကားလေး တစ်ဖြတ် ကြည့်လိုက်ကြပါဦး။ဂျွန်ဘစ်ရှော့ဆိုတဲ့ သင်းအုပ်ဆရာဟာ ဆာရာနဲ့ ရေဘက္ကာအမည်ရ သမီးနှစ်ယောက်နဲ့အတူ နေထိုင်တဲ့ တစ်ခုလပ်ဖခင် တစ်ယောက်ပါ။ ခရစ်စမတ်ကာလဖြစ်လို့ သမီးကြီးဖြစ်သူ ဆာရာက ပါတီကို သွားချင်ပါတယ် ပူဆာတာကို ခွင့်ပြုမိရာကစလို့ ဒီအနိဌာရုံတွေ စတင်ပါတယ်။ဆာရာ့ကို ပါတီလွှတ်လိုက်တဲ့ညမှာပဲ သမီးဖြစ်သူဆီက စိုးရိမ်တကြီးနဲ့ လူလိုက်ခံနေရပါတယ်ဆိုပြီး ဂျွန့်ဆီကို ဖုန်းဝင်လာခဲ့ပြီး အဲဒီညမှာပဲ သင်းအုပ်ဆရာကြီးဟာ သမီးဖြစ်သူကို ဆုံးရှုံးလိုက်ရပါတော့တယ်။ဒီလိုနဲ့ ဂျက်ဆိုတဲ့ စုံထောက်တစ်ယောက် ရောက်လာပြီး သမီးဖြစ်သူ ဆာရာသေဆုံးမှုဟာ သွေးရိုးသားရိုး မဟုတ်ကြောင်း သိလိုက်ချိန်မှာတော့ ဂျွန်ဟာ ဒီကိစ္စကို စုံစမ်းရင်း ထူးဆန်းတဲ့ အခြေအနေတွေနဲ့ပါ ကြုံလာရပါတော့တယ်...(ဒီဇာတ်ကားနဲ့အညွှန်းကို Act Molemy ...
movie

The Retaliators (2021)

2021
The Ex (2021) 4.8
The Ex (2021) The Ex (2021) ===========ဒီတစ်ခေါက်မှာတော့ The Ex ဆိုတဲ့ရုရှားရုပ်ရှင်‌လေးကို တင်ဆက် ပေးလိုက်ပါရစေ။ Ex ဆိုလို့ Romance ကားလို့မထင်လိုက်ပါနဲ့။ ညအချိန် ဖီးလ်လို့ကောင်းမယ့် Horror ကားလေးပါ။ ဒီဇာတ်ကားက plot twist ပါတော့ စပွိုင်းလွတ်အောင် ရီဗျူးရေးဖို့ကတော့အခက်သားဗျ။ဇာတ်သွားကတော့ဒီလို။ သူငယ်ချင်းလေးယောက်ရှိတာ၊ မိန်းကလေးနှစ်ယောက်၊ ယောက်ျားလေး နှစ်ယောက်။ အဲ့ထဲမှာမှကတ်တယာနဲ့ ဆာရှာက စေ့စပ်ထားတဲ့ချစ်သူတွေ။ တစ်နေ့ကျ ဆာရှာ့အကောင့်ကနေ ရည်းစားဟောင်းဖြစ်သူနဲ့ အိပ်နေတဲ့ပုံတင် ထားတာတွေ့တယ်၊ ဒါပေမယ့်သူတင်တာမဟုတ်ဘူး။ ရည်းစားဟောင်း အကောင့် ကနေလည်းစာတွေပို့တယ်။ အဲ့မှာတင် သူတို့နှစ်ယောက်ဘဝက ဂြိုဟ်ဆိုးဝင် တော့တာပါပဲ။ ကတ်တယာကလည်း ဘယ်ကမှန်းမသိတဲ့ခြောက်လှန့်မှုတွေ ကြုံလာရတယ်။ကတ်တယာလည်း စပြီးအဖြေရှာတော့တာပေါ့။ အဲ့မှာတင်သူသိလိုက်ရတာက.......။ ပရိတ်သတ်ကြီးတို့ကိုယ်တိုင်ပဲ ကြည့်လိုက်ပါတော့ဗျာ။ ဒီဇာတ်လမ်းလေးက Horror ဆိုပေမယ့် ပညာပေးနည်းနည်းပါတယ်ဗျ။ ကိုယ်အမှုမဲ့အမှတ်မဲ့ လုပ်လိုက် တာလေးတစ်ခုက တစ်ပါးသူဘဝကို ဘယ်လိုတောင်အကြီးအကျယ်သက်ရောက် သွားစေသလဲဆိုတာမျိုးပေါ့။ 18+ဇာတ်ဝင်ခန်းပိစိညှောင့်တောက်လေးပါတာမို့ မိသားစုနဲ့ကြည့်ဖို့တော့မသင့်တော်သလို၊ ကလေးတွေကိုလည်း ပြဖို့မသင့်တော်ပါဘူး။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Ngwe Zin ဖြစ်ပါတယ်)File Size..........(1.42 GB) / (556 MB) / (311 MB) Quality............BluRay ...
movie

The Ex (2021)

2021
Aloners (2021) 6.8
Aloners (2021) Aloners (2021)Aloners ဆိုတဲ့ကားလေးကတော့ 2021 မှာထုတ်လွှင့်ထားတဲ့ Rating 6.8/10 ရရှိထားတဲ့တစ်ကိုယ်တည်းသမားတွေရဲ့အကြောင်းကိုရိုက်ကူးထားတာဖြစ်ပါတယ်ဒီဇာတ်ကားလေးမှာဆိုရင်တော့ Aloners ဆိုတဲ့ခေါင်းစဥ်လေးအတိုင်း တစ်ကိုယ်တည်းသမားတွေရဲ့ဘဝ ခံစားချက်ကိုဖော်ပြထားတာဖြစ်ပါတယ်ဂျီနာဆိုတဲ့မိန်းကလေးဟာ credit card နဲ့ပတ်သက်တဲ့ Call-center ကအရည်အချင်းရှိတဲ့ဝန်ထမ်းတစ်ယောက်ဖြစ်တယ် ဒါပေမယ့်လည်းသူကတစ်ခြားသူတွေနဲ့ရင်းရင်းနှီးနှီးနေရတာကိုမကြိုက်ပဲသူတစ်ယောက်တည်းပဲနေလေ့ရှိတယ်အဲလိုနဲ့ဝန်ထမ်းအသစ်ကောင်မလေးနဲ့ဆုံမိတဲ့အခါမှာတော့ သူ့ရဲ့ခံစားချက်တွေကအရင်လိုပဲတစ်ယောက်တည်းပဲဆက်ဖြစ်နေဦးမလား ဒါမှမဟုတ်ပြောင်းလဲသွားမလားဆိုတာကြည့်ရှူလိုက်ရအောင်ပါနော်အညွှန်း နဲံ ဘာသာပြန်ကတော့ Yong Hom ပဲ ဖြစ်ပါတယ်။Genre..... Drama Quality…. 1080p | 720p | 480p File size… 1.1GB | 457MB | Format… mp4 Duration…. 1h 31min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Yong Hom Encoder ..... August
movie

Aloners (2021)

2021
Coffin Homes (2021) 5.2
Coffin Homes (2021) Coffin Homes (2021)ဟောင်ကောင်ကားတွေဆိုရင် ပေးချင်တဲ့ messageကို ဘဝအမောပြေအောင် ရယ်စရာလေးတွေနဲ့ ပညာသားပါပါရောစပ်တဲ့နေရာမှာ နာမည်ကြီးပါပဲ။ အခုကားလေးကတော့ ဒီလိုရောစပ်တဲ့နေရာမှာ ကျွမ်းကျင်ပြီးသား Director ကြီး Fruit Chan ရဲ့ ခေါင်းတလားတိုက်ခန်းများဆိုတဲ့ ကားလေးပါ။‌အိမ်ခြံမြေဈေးတွေ အဆမတန်ထောင်တက်နေတဲ့ ဟောင်ကောင်လိုနေရာမှာ လူတစ်ယောက် ကျောတစ်ခင်းစာနေရာရဖို့အတွက် တိုက်ခန်းအကန့်‌လေးတွေကို ဈေးကြီးပေးပြီး ဝယ်ကြရပါတယ်။ ဒီလိုနဲ့ လူတွေဟာ သက်သာရာရှာရင်း တစ်ကွေ့မှာတော့ နာနာဘာဝတွေနဲ့ ဆုံကြရတော့တာပါပဲ။တိုက်ခန်းပိုင်ရှင်တွေရဲ့ ဈေးကစားမှုတွေ၊ ပေါပေါပဲပဲရနိုင်တဲ့ လူသေထားတဲ့ အခန်းတွေကိုဝယ်၊ အခန်းတွေထဲမှာ အခန်းပိစိတွေကန့်ပြီး ငှားစားကြတဲ့ကြားက အိမ်ငှားတွေနဲ့ အခန်းထဲက မကျွတ်မလွတ်သရဲတွေ ဘယ်လိုအတူယှဉ်တွဲနေထိုင်ကြမလဲဆိုတာကို အိမ်ခြံမြေအကျိုးဆောင်ဘက်၊ ငှားစားတဲ့အိမ်ရှင်ဘက်နဲ့၊ ဗီလာပိုင်ရှင်မိန်းမကြီးဘက် စတဲ့ ရှုထောင့်သုံးမျိုးကနေကြည့်ရှုရမှာပါ။Far East Flim Festival 2021 မှာ ပြသခွင့်ရတဲ့ Fruit Chan ရဲ့လက်ရာ၊ ဟာသနဲ့ Horror ရောထားတဲ့ ဇာတ်လမ်းလေးကိုကြည့်ပြီး ဟောင်ကောင်လူမှုဝန်းကျင်ကို တစ်ချက်လောက်မြည်းစမ်းကြည့်လိုက်ပါဦးလို့...အညွှန်း နဲ့ ဘာသာပြန်ကတော့ Aegi Xue ပဲ ဖြစ်ပါတယ်။Genre.....Comedy, Horror Quality…. ...
movie

Coffin Homes (2021)

2021
My True Fairytale (2021) 6.3
My True Fairytale (2021) My True Fairytale (2021) ================== IMDb Rating - 6.3/10ဒီဇာတ်ကားလေးရဲ့ဒါရိုက်တာဖြစ်သူ D.Mitry ဟာ ကားအက်ဆီးဒင့် တစ်ခုမှာ သူ့ရဲ့၁၇နှစ်အရွယ်သမီးလေးကိုဆုံးရှုံးလိုက်ရပါတယ်။ My True Fairytale ဆိုတဲ့ဇာတ်ကားလေးဟာ သူ့ရဲ့ဆုံးသွားတဲ့ သမီးလေးအတွက် ရည်ရွယ်ပြီး ရိုက်ကူးခဲ့တာပါ။ ဒီဇာတ်ကားလေးထဲမှာ ဒါရိုက်တာဟာ သူ့ရဲ့ နောင်တတွေနဲ့ ပြန်ပေးဆပ်ချင်မှုတွေကို တစ်ထောင့်တစ်နေရာကနေထည့် သွင်းပုံဖော်ထားတာဖြစ်ပါတယ်။အဓိကဇာတ်ဆောင် အန်ဂျီနဲ့ သူ့bffနှစ်ယောက်ဟာ ကားအက်ဆီးဒင့်တစ်ခု ဖြစ်သွားခဲ့ပါတယ်။ ဒါတကယ့်အပြင်ကအတိုင်းပါပဲ။ သူ့သူငယ်ချင်းနှစ်ယောက်က ဒဏ်ရာကြီးကြီးမားမားမရပေမယ့် အန်ဂျီကတော့ ပျောက်ချင်းမလှပျောက်ပြီး လုံးဝရှာမတွေ့တော့ပါဘူး။ ဒါဟာဇာတ်လမ်းတစ်ခုလုံးရဲ့ကျောရိုးပါ။ ဒါရိုက်တာ အတွက် တကယ့်လက်တွေ့အပြင်မှာ သူ့အတွက် သူ့သမီးလေးဟာ ခန္ဓာကိုယ်ပဲ ပျောက်သွားတာဖြစ်ပြီး သူ့ရင်ထဲမှာအမြဲရှင်သန်နေတယ်ဆိုတာ ပြချင်လို့ဖြစ်ပါ လိမ့်မယ်။အန်ဂျီဟာ စူပါဟီးရိုးဖြစ်ချင်ပြီးကမ္ဘာကြီးကို ကယ်တင်ချင်နေတဲ့သူတစ်ယောက်ပါ။ ဒါပေမယ့် သူကယ်တင်ချင်တဲ့ကမ္ဘာကြီးဆိုတာ ဘာကိုပြောတာလဲ။ အန်ဂျီဘယ်လို ကယ်တင်မှာလဲ။ သူဘာတွေကိုပြန်ပြင်ချင်တာလဲ။ ဖခင်တစ်ယောက်ရဲ့ လွမ်းဆွတ် တမ်းတခြင်းတွေနဲ့ ပြည့်နှက်‌နေတဲ့ဒီဇာတ်ကားလေးထဲမှာ ဒါရိုက်တာဟာ အရွယ်မတိုင် ခင်သေဆုံးသွားရတဲ့ သမီးလေးရဲ့ဆန္ဒတွေကို နည်းလမ်းတစ်မျိုးလေးနဲ့ ရိုက်ကူးပုံဖော် ထားတာကို ကြည့်ရှုခံစားရမှာပါ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Ngwe Zin ဖြစ်ပါတယ်)File Size..........(936 MB) / (368 ...
movie

My True Fairytale (2021)

2021
Bergman Island (2021) 6.7
Bergman Island (2021) Bergman Island (2021) ================= IMDb Rating - 6.7/10Romantic Drama ကိုမှ ငြိမ့်ငြိမ့်လေးစီးမျောခံစားချင်သူတွေအတွက် IMDb rating 6.7/10 ရထားတဲ့ ဇာတ်လမ်းတစ်ပုဒ်နဲ့မိတ်ဆက်ပေးပါရစေ။အမေရိကန်ရုပ်ရှင်ဒါရိုက်တာစုံတွဲဖြစ်တဲ့ ခရစ်နဲ့တိုနီဟာ နွေရာသီမှာ သူတို့ အလုပ်အတွက် စိတ်ကူးစိတ်သန်းတွေရှာဖွေဖို့ ဆွီဒင်နိုင်ငံက ဖော်ရိုကျွန်းကို ရောက်ရှိလာပါတယ်။ အဲဒီကျွန်းဟာ သူတို့အရမ်းကြိုက်တဲ့၊ ခေတ်အဆက် ဆက်နာမည်ကြီးဆုံး ဆွီဒင်ရုပ်ရှင်ဒါရိုက်တာကြီးတစ်ဦးအဖြစ် သတ်မှတ်ခံရသူ Ingmar Bergman နေထိုင်ခဲ့ရာနေရာဖြစ်ပြီး သူနဲ့ပတ်သက်တဲ့အမှတ်တရများစွာ ရှိတဲ့ကျွန်းတစ်ကျွန်းပါ။စိတ်ဓာတ်တွေကျဆင်း‌ပြီး ဇာတ်လမ်းတစ်ပုဒ်ဖန်တီးဖို့‌တောင် တွန့်ဆုတ်‌နေခဲ့တဲ့ ခရစ်တစ်ယောက် ကျွန်းအနှံ့သွားလာရင်း၊ ဘာဂမန်ရဲ့အနုပညာဈာန်၀င်စားမှုတွေကို လိုက်လံရှာဖွေရင်း ဇာတ်လမ်းတစ်ပုဒ်ရလာပါတယ်။ ဒါပေမဲ့ ဇာတ်လမ်းဟာ စိတ်ကူးနဲ့ လက်တွေ့ရောထွေးနေခဲ့ပါတယ်။အချစ်နဲ့သစ္စာတရားကြား လွန်ဆွဲမှုတွေ၊ အချစ်လား ခဏတာတပ်မက်မှုလား မဝေခွဲ နိုင်ခြင်းတွေက ဇာတ်ကောင်တွေနဲ့အတူ ကြည့်ရှုသူတွေကိုပါ တစ်သားတည်းစီးမျော ခံစားရစေမှာပါ။ အဲဒါကြောင့် ခပ်ငြိမ့်ငြိမ့်လေးနဲ့ အတွေးစတွေပွားရင်း ကြည့်ရမယ့် drama ရုပ်ရှင်မျိုးမျှော်နေတဲ့ ပရိသတ်တွေအတွက် ဒီကားလေးကို တင်ဆက်ပေးလိုက် ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ C'mon ဖြစ်ပါတယ်)File Size..........(2.0 GB) / (836 MB) / (450 ...
movie

Bergman Island (2021)

2021
Confessions of Felix Krull (2021) 6.4
Confessions of Felix Krull (2021) Confessions of Felix Krull (2021) ======================== IMDb Rating - 6.4/10ဂျာမန်စာရေးဆရာကြီး Thomas Mann ရဲ့ ရောင်းအားအကောင်းဆုံး၀တ္ထုကို ရုပ်ရှင်ပြန်ရိုက်ထားတာပါ။ IMDb rating အနေနဲ့လည်း 6.4/10 ရရှိထားပါတယ်။ ၁၉ ရာစုနှောင်းပိုင်းကာလမှာ ဖီးလစ်ခရူလ်ရဲ့ဖခင်ဖြစ်သူဟာ စီးပွားကျသွားခဲ့ပြီး ကိုယ့်ကိုယ်ကို သတ်သေသွားခဲ့ပါတယ်။ လောကဓံရိုက်ချက်ကို ခပ်ပြင်းပြင်းခံလိုက် ရတဲ့ ဖီးလစ်ဟာ ခေတ်စနစ်ရဲ့အလိုအတိုင်း အဆင့်အတန်းခွဲခြားဆက်ဆံခံရတာ၊ အလုပ်ခွင်မှာ အနိုင်ကျင့်ခံရတာတို့ ကြုံတွေ့ရပါတယ်။ ကံကောင်းတာက ရုပ်‌ရည် ချောမော အပြောကောင်းတဲ့ ဖီးလစ်ဟာ သူအလုပ်လုပ်တဲ့ဟိုတယ်မှာ အမျိုးသမီး ဧည့်သည်တွေရဲ့ပစားပေးခြင်းကိုခံရပါတယ်။ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်ဖြစ်နေပေမဲ့ ဖီးလစ်ချစ်တဲ့သူကတော့ သူနဲ့ဘ၀တူ ဇာဇာ ဆိုတဲ့ကောင်မလေးတစ်ယောက်တည်းပါ။ ဇာဇာဟာ ဆင်းရဲတဲ့ဘ၀က ရုန်းထွက်ချင်သူမို့ ဖီးလစ်ကိုချစ်ပေမဲ့ နှုတ်ခမ်းပဲ့ချင်းမီးမမှုတ်ချင်သူပါ။ သူလက်ထပ်ရမယ့် ချမ်းသာတဲ့ ယောက်ျားကိုရှာနေ‌သူပေါ့။ အဲဒီအချိန်မှာ မျိုးရိုးမြင့်တဲ့အိမ်က သခင်လေး လူး၀စ်ဗန်နို စတာနဲ့ ဆုံဆည်းမိပါတယ်။ဒီလိုနဲ့ ၃ ပွင့်ဆိုင်ဖြစ်လာတဲ့ သူတို့အချစ်ရေးက ဘယ်လိုဆက်ဖြစ်မလဲ၊ ဖီးလစ်ကရော သူ့ဘ၀ကို ဘယ်လိုရှေ့ဆက်မလဲဆိုတာ အချစ်၊ အလွမ်း၊ ဟာသ၊ ဘ၀ရသစုံစုံလင်လင် ကြည့်ရှုခံစားရမှာ ဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ ...
movie

Confessions of Felix Krull (2021)

2021
Juniper (2021) 6.5
Juniper (2021) Juniper(2021) ============ Rotten Tomatoes 🍅 ~ 96% IMDb Rating ~ 6.5အရက်အိုးထဲ ခေါင်းစိုက်ထားတဲ့ အဘွားဖြစ်သူနဲ့ မြေးဖြစ်သူ ဆယ်ကျော်သက် အရွယ် လူရမ်းကားလေးတို့ရဲ့ Drama ဇာတ်လမ်းပါ။ဆမ်က ပြဿနာပေါင်းစုံရှာတတ်တဲ့ ဆယ်ကျော်သက် လူရမ်းကားလေးပါ။ ကျောင်းပိတ်ရက်တစ်ခုမှာတော့ ဆမ်တို့အိမ်ကို ခြေထောက်ကျိုးနေတဲ့ အဘွား ဖြစ်သူ ရုသ်ရောက်လာပါတယ်။ ခြေထောက်ကျိုးပြီး နေမကောင်းဖြစ်နေ ပေမဲ့ ရုသ်က အရက်ကို ရေလိုသောက်နိုင်တဲ့သူပါ။ဆမ့်အဖေ အင်္ဂလန်ကို ခရီးသွားစရာ ပေါ်လာတဲ့အခါမှာတော့ ဆမ်တစ်ယောက် ရုသ်ကို သူနာပြု ဆာရာနဲ့အတူပြုစုပေးဖို့ ဖြစ်လာပါတယ်။ ကြည့်မရခဲ့တဲ့ အဘွား ဖြစ်သူကြောင့် ဆမ်ရဲ့ ဘဝကြီး ဘယ်လိုတွေ ပြောင်းလဲသွားမလဲဆိုတာ လွမ်းမော ဖွယ်ရာ ကြည့်ရှူခံစားကြရမှာပါ။ အဘွားဖြစ်သူနေရာက မင်းသမီးကြီး Charlotte Rampling ရဲ့  သရုပ်ဆောင်ချက်တွေကြောင့် စ လယ် ဆုံး ဆွဲခေါ်သွားနိုင်တဲ့ ဇာတ် ကားတစ်ကားလည်းဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Roman Nox ဖြစ်ပါတယ်)File Size..........(1.0 GB) / (420 ...
movie

Juniper (2021)

2021
Slapface (2021) 5.1
Slapface (2021) Slapface (2021)===========လူးကက်စ်နဲ့ တွမ်ဆိုတဲ့ ညီအစ်ကိုနှစ်ယောက်က သူတို့ရဲ့ မိခင် မတော်တဆမှုဖြစ်ပြီး ဆုံးသွားတဲ့နောက် တောထဲက အိမ်လေးမှာ နှစ်ကိုယ်တည်းနေနေခဲ့ကြပါတယ်။ သူတို့ညီအစ်ကိုနှစ်ယောက်ရဲ့ ထူးဆန်းတဲ့ဂိမ်းကတော့ တစ်ယောက်နဲ့တစ်ယောက် မနာနာအောင် ပါးရိုက်ကြေးဆိုတဲ့ဂိမ်းပါ။အန်နာ ဆိုတဲ့ ကောင်မလေးက တွမ်နဲ့ ချစ်ကြိုက်မိပြီး အန်နာကပါ သူတို့အိမ်လေးမှာ လိုက်နေလာခဲ့ပါတယ်။လူးကက်စ်မှာလည်း ချစ်သူဖြစ်သူ မိုရိုင်ယာရဲ့ သူငယ်ချင်းတွေ ဖြစ်တဲ့ အမြွှာမိန်းကလေးနှစ်ယောက်ရဲ့ အနိုင်ကျင့်ခြင်းကို ခံနေရသူပါ။တစ်ရက်မှာတော့ လူးကက်စ်တစ်ယောက် တောထဲမှာ မကောင်းဆိုးဝါးတစ်ကောင်နဲ့ တွေ့မိပြီး မိတ်ဆွေဖွဲ့ခဲ့ရာကနေ ထိတ်လန့်ခြောက်ခြားဖွယ် အဖြစ်အပျက်တွေ အားလုံး စတင်လာခဲ့ပါတော့တယ်။ Virago Witch Story နဲ့ ချိတ်ဆက်ထားတဲ့ Horror and Thriller ဇာတ်လမ်းကောင်းလေးတစ်ပုဒ်ဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ May Thet Khine Soe ဖြစ်ပါတယ်)File Size..........(1 GB) / (430 MB) / (240 MB) Quality............WebRip 1080p / 720p / 480p Duration.........1Hr 25mins Subtitle...........Myanmar ...
movie

Slapface (2021)

2021
Taking the Reins (2021) 6.3
Taking the Reins (2021) Taking the Reins (2021) ================= IMDb Rating - 6.3/10ဒီတစ်ခေါက်မှာတော့ Romance genre အမျိုးအစားဖြစ်တဲ့ ရုပ်ရှင်လေးကို တင်ဆက်ပေးလိုက်ပါတယ်။ဇာတ်လမ်းလေးရဲ့ အကျဉ်းချုပ်ကတော့... ဆမန်သာ ဟာ လက်ရွေးစင်မြင်းစီးချန်ပီယံ ပရက်စတန်ရဲ့ သမီး ဖြစ်သူဖြစ်တာကြောင့် ငယ်စဉ်ကတည်းက မြင်းတွေနဲ့ အတူတူ ကြီးပြင်းလာခဲ့ပြီး မြင်းစီးရတာကို အရမ်းခုံမင်နှစ်သက်သူပါ။ သူမရဲ့အဖေကလည်း သူ့သမီးလေးကို ပြိုင်ပွဲတစ်လျှောက်ခေါ်သွား လေ့ရှိပြီး၊ သူ့ကိုအိုလံပစ်ပြိုင်ပွဲအထိ ဝင်ပြိုင်နိုင်မယ်လို့တောင် ထင် ထားခဲ့ပါတယ်။တစ်နေ့မှာတော့ ဆမန်သာ သူနှစ်သက်မြတ်နိုးရတဲ့ မြင်းစီးလောက ကနေအနားယူလိုက်ပါတယ်။ ဒါ့အပြင် သူ့နေရပ်ကနေ စွန့်ခွာပြီး နယူး ယော့ခ်မှာ စာရေးဆရာတစ်ယောက်အဖြစ် သူ့ဘဝကိုဖြတ်သန်းနေခဲ့ ပါတယ်။ တစ်နေ့မှာတော့ သူ့ရဲ့အိမ်ယာမှာ မြင်းစီးချန်ပီယံပြိုင်ပွဲကြီး ကျင်းပမဲ့အချိန်မှာ ဆမန်သာတစ်ယောက် သူမရဲ့ဆောင်းပါးရေးဖို့အတွက် အိမ်ကို ပြန်ဖို့ ဖြစ်လာပါတယ်။အိမ်ပြန်ရောက်ရောက်ချင်း သူမရဲ့ အရင်ယောက်ျား အိမ်မှာရှိနေတာကို တွေ့လိုက်ရတဲ့အခါမှာတော့.....သူမရဲ့ အချစ်ဇာတ်လမ်းလေး ပြန်လည် အသက်ဝင်လာတာကနေ ဇာတ်လမ်းကိုအစပျိုးရိုက်ကူးထားပါတယ်။ သူမရဲ့ ချစ်ရတဲ့ မြင်းတွေစီကနေ ဘာဖြစ်လို့ ခွဲခွာလာရတာလဲ၊ မြင်းစီးတဲ့ သူမရဲ့ဝါသနာကို ဆက်လုပ်ဖြစ်မလားဆိုတာကိုတော့ ဒီဇာတ်လမ်းလေးထဲမှာ ဆက်လက်ကြည့်ရှူပေးကြပါဦး။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ June ဖြစ်ပါတယ်)File Size..........(1.57 GB) ...
movie

Taking the Reins (2021)

2021
Nussa: The Movie (2021) 7.7
Nussa: The Movie (2021) Nussa: The Movie (2021) ================== IMDb Rating - 7.7/10ချစ်စရာကောင်းတဲ့ကာတွန်းဇာတ်ကောင်လေးတွေဟာ ကြည့်တဲ့ သူတိုင်းကို စိတ်ကြည်နူးစေပါသတဲ့။ ဒီအင်ဒိုနီးရှား Animation လေးကတော့ ကြည်နူးစရာကောင်းတာထက် ပိုတယ်ဆိုရမလားပါပဲ။နူဆာဟာ ခြေတစ်ဖက်မသန်တဲ့ ဉာဏ်ကြီးရှင်လေးတစ်ယောက်ပါ။ ပျော်စရာမိသားစု၊ ချစ်စရာသူငယ်ချင်းတွေရှိတဲ့ နူဆာဟာ ကျောင်းသိပ္ပံ ပြိုင်ပွဲတွေမှာအမြဲဆုရလေ့ရှိပါတယ်။ ဒုံးပျံလေးတွေဖန်တီးရင်း အာကာသ ထဲကို စိတ်ကူးနဲ့သွားနေတတ်သူပေါ့။ အဖေဖြစ်သူ အဝေးရောက်နေတာက လွဲပြီး သူ့ဘ၀လေးဟာ ပျော်စရာကောင်းလှပါတယ်။ ဒါ့အပြင် နူဆာ တစ်ယောက်  သူပြိုင်ရမယ့် သိပ္ပံပြိုင်ပွဲကြီးမှာ ဖခင်ပြန်လာဖို့အရေးကို စောင့်မျှော်နေပါတယ်။အဲဒီအချိန် သူတို့ကျောင်းကို ဂျွန်နီဆိုတဲ့ကျောင်းသားသစ်လေးရောက်လာ ပါတယ်။ ဂျွန်နီဟာ နူဆာလိုပဲ ဒုံပျံလေးတွေဖန်တီးတဲ့ ဉာဏ်ကြီးရှင်ပါ။ ဂျွန်နီဟာ အရမ်းချမ်းသာပေမဲ့ အလုပ်များတဲ့မိဘတွေကြောင့် အမြဲအထီး ကျန်နေသူ၊ သူငယ်ချင်းလည်းမရှိသူလေးပါ။ သူကတော့ မိဘတွေရဲ့အာရုံ စိုက်မှုကို မျှော်နေသူလေးပေါ့။ ဒီလိုနဲ့ နူဆာနဲ့ဂျွန်နီတို့ဟာ ပြိုင်ဘက်တွေအဖြစ် စတင်တွေ့ဆုံရပါတယ်။ ခပ်စိမ်းစိမ်းဖြစ်နေကြတဲ့ သူတို့နှစ်ယောက်အတွက် ရင်းနှီးခင်မင်စရာအကြောင်း ပေါ်ပေါက်လာတဲ့ တစ်နေ့မှာတော့... မိသားစုမေတ္တာ၊ သူငယ်ချင်းသံယောဇဉ်တွေကို ချစ်စရာကောင်းအောင် ပုံဖော် ထားပြီး တစ်ကားလုံးမပျင်းရတာမို့ Animation ချစ်သူတွေအကြိုက်တွေ့ကြမှာ သေချာပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ C'mon ဖြစ်ပါတယ်) File Size..........(1.25 ...
movie

Nussa: The Movie (2021)

2021
LEGO Monkie Kid: Revenge of the Spider Queen (2021) 8.0

LEGO Monkie Kid: Revenge of the Spider Queen (2021)

2021
After Blue (Dirty Paradise) (2021) 5.3
After Blue (Dirty Paradise) (2021) After Blue (Dirty Paradise) (2021)အရာရာမှာ အနုပညာခံစားမှု မြင့်မားတဲ့ ပြင်သစ်တို့ရဲ့ ထုံးစံအတိုင်း ဒီဇာတ်ကားကို ဖန်တီးထားရာမှာ plot နည်းနည်းနဲ့ မော်ဒန်ဆန်ဆန်ရိုက်ကူးထားတာကို တွေ့ရပါတယ်။ ရုပ်ရှင် artအဖွဲ့ရဲ့ ကြိုးစားပုံကို အဝတ်အစားတွေ ဆက်တင်တွေကြည့်ရုံနဲ့ ဘယ်လောက်ကြိုးစားထားမှန် သိသာပါတယ်။ အနုပညာသက်သက်အတွက် ဖန်တီးထားတဲ့ကားလို့တောင် ဆိုလို့ရပါတယ်။ဇာတ်လမ်းအနေနဲ့ကတော့ အနာဂတ်က ကမ္ဘာကြီးမှာ နေထိုင်မရတော့လို့ စွန့်ပစ်ကာ After Blue ဆိုတဲ့ ဂြိုလ်ပေါ်မှာ လူတွေရွှေ့ပြောင်းနေထိုင်ကြပါတယ်။ အဲဒီဂြိုလ်ပေါ်မှာတော့ မိန်းမတွေသာ ရှင်သန်နိုင်ပြီး မေထုန်မဲ့မျိုးစပ်ကြပါတယ်။ တစ်နေ့တော့ Roxyဆိုတဲ့ကောင်မလေးဟာ သဲထဲမှာမြုပ်နေတဲ့ လူသတ်သမား Kate Bush ကို ဘုမသိဘာမသိ ကယ်မိပါတယ်။ကယ်ပြီးပြီးချင်းမှာပဲ Kate Bushဟာ သူ့ကိုလှောင်ပြောင်ခဲ့တဲ့ Roxy သူငယ်ချင်းသုံးယောက်ကို သတ်ပစ်လိုက်ပါတယ်။ ရွာကအာဏာပိုင်တွေကတော့ Roxy ကြောင့် ကောင်မလေးတွေ သေခဲ့ရတာမို့ အပြစ်ပေးတဲ့အနေနဲ့ သူ့အမေနဲ့အတူ ...
movie

After Blue (Dirty Paradise) (2021)

2021