Channel Myanmar

2021

Pompo the Cinephile (2021) 7.0
Pompo the Cinephile (2021) Pompo the Cinephile (2021) ==================== IMDb Rating - 7.0/10ပွန်မ်ပို ဆိုတဲ့ကောင်‌မလေးက ညလိဝုဒ် မှာ ဇာတ်ကားအသေးလေး တွေနဲ့ အရမ်းနာမည်ကြီးတဲ့ ရုပ်ရှင်ထုတ်လုပ်သူတစ်ယောက်ပေါ့။ သူက ရုပ်ရှင်ကြည့်ရတာ အရမ်းကြိုက်တဲ့အတွက် တစ်နေ့မှာ သူ့ရဲ့ လက်ထောက်ဖြစ်သူ ဂျင်းဖီနီ ကို သူရုပ်ရှင်ဘယ်လောက်ကြိုက်ကြောင်း တွေ ပြောပြပြီး သူကိုယ်တိုင်ရေးထားတဲ့ ဇာတ်ညွှန်းတစ်ခုကို ဇာတ်ကား အဖြစ်ရိုက်ဖို့အတွက် ဂျင်းကို ဒါရိုက်တာလုပ်ခိုင်းဖို့ တာဝန်ပေးလိုက်တယ်။ဂျင်း ကလည်း ငယ်ငယ်ကတည်းက ရုပ်ရှင်ဖန်တီးချင်တဲ့အိပ်မက်ရှိပေမယ့် အခုမှ စရိုက်ရမှာဆိုတော့ သူ့ရဲ့အခက်အခဲတွေက ဘာတွေဖြစ်မလဲ ဘယ်လိုတွေကျော်လွှားမလဲဆိုတာ ကြည်ကြည်နူးနူးနဲ့ ကြည့်ရမယ့် anime movie လေးပဲဖြစ်ပါတယ်ဗျ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Khant Sett Naing ဖြစ်ပါတယ်)File Size..........(1.13 GB) / (650 MB) Quality............WebRip 1080p / 720p Duration.........1Hr 34mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Animation, Comedy, Drama Translator.......Khant Sett Naing Encoder..........SWM
movie

Pompo the Cinephile (2021)

2021
Dying for a Daughter (2021) 5.6
Dying for a Daughter (2021) Dying for a Daughter (2021) ====================ဒီတစ်ခေါက်မှာတော့ မိုးအေးအေးမှာ ရင်တထိတ်ထိတ်နဲ့ကြည့်ရမယ့် Thriller,Dramma အမျိုးအစား မူဗီလေးတစ်ခုနဲ့မိတ်ဆက်ပေးပါရစေ။ ရုပ်ရှင်ရဲ့ နာမည်က Dying For a Daughter ဇြစ်ပေမယ့် A Mother's Secret လို့လည်း အမည်ပေးထားပါတယ်။ဇာတ်လမ်းအကျဉ်း... ကားတာယာပွင့်ထွက်မှုကြောင့် ထိုင်ခုံခါးပတ် မပတ်ထားတဲ့ဆယ်နှစ်အရွယ် သမီးလေး ဒဏ်ရာများစွာရခဲ့ပါတယ်။ အဲ့ဒီကလေးကို မြင်လိုက်တဲ့အချိန်မှာ ဆေးရုံက သူနာပြု စမစ်ဆိုတဲ့အမျိုးသမီးဟာ တစ်စုံတစ်ခုကို ခံစားလိုက် ရပါတယ်။ ဒီလိုနဲ့ ကလေးလေးဆေးရုံက ဆင်းပြီး ကလေးကိုဆက်လက်ပြုစုဖို့ သူနာပြုလိုအပ်နေချိန်မှာ သူနာပြုစမစ်ကလည်း သူခံစားရတဲ့ ခံစားချက်ကို အဖြေရှာဖို့ ကြိုးစားရာကဒီရုပ်ရှင်ဖြစ်လာခဲ့တာပါ။ ဒီကားက Thriller လို့ ပြောပေမယ့်  Soft Thriller အမျိုးအစားဖြစ်ပြီး အိမ်တွင်းရေးနဲ့ လူ့သဘာ၀တွေပါ ထည့်ထားတာမို့ မိသားစုနဲ့အတူကြည့်လို့ရတဲ့ ရုပ်ရှင်လေးဖြစ်ပါကြောင်းလည်း ထည့်သွင်းပြောပြချင်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Lwin Htoo Aung ဖြစ်ပါတယ်)File Size..........(1.32 GB) / (580 MB) Quality............WebRip 1080p / 720p Duration.........1Hr 30mins Subtitle...........Myanmar ...
movie

Dying for a Daughter (2021)

2021
The Girl and the Spider (2021) 6.1
The Girl and the Spider (2021) The Girl and the Spider (2021) ====================== IMDb Rating - 6.1/10ထွက်သွားတဲ့လူထက် ကျန်ခဲ့ရတဲ့လူက ပိုခံစားရတယ်ဆိုတဲ့အတိုင်း လီဆာ က သူ့ရဲ့အခန်းဖော်တွေဖြစ်တဲ့ မားကတ်စ် နဲ့ မာရာ တို့ဆီကနေ အပြီးပြောင်းသွားတော့မယ့်အချိန်မှာ မာရာ တစ်ယောက် စိတ်အတက် အကျဖြစ်နေတဲ့အကြောင်းနဲ့ အိမ်‌ပြောင်းရွှေ့တာကို လာကူပေးတဲ့ လူတွေရဲ့ အကြောင်းကို mystery ဆန်ဆန်ရိုက်ပြထားတဲ့ ဂျာမနီကားလေးဖြစ်တယ်။ mystery ဆန်တယ်ဆိုပေမဲ့ ‌ဇာတ်ကောင်တစ်ယောက်ချင်းစီရဲ့ ဘဝနဲ့ အချစ်ရေး အကြောင်းတွေကို ရောသမွှေပြီး ရိုက်ပြထားတဲ့ကားလေးဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Khant Sett Naing ဖြစ်ပါတယ်)File Size..........(1.36 GB) / (704 MB) / (402 MB) Quality............WebRip 1080p / 720p / 480p Duration.........1Hr 38mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Drama Translator.......Khant Sett Naing Encoder..........SWM
movie

The Girl and the Spider (2021)

2021
Oro Arrowhead (2021) 4.3
Oro Arrowhead (2021) Oro Arrowhead (2021) ================၁၈၃၀ ခုနစ်မှာ အမေရိကန်အစိုးရဟာ ဌာနေတိုင်းရင်းသား အင်ဒီးယန်းတွေကို နေရာရွှေ့ပြောင်းရေး အစီအမံလုပ်ခဲ့ပါတယ်။အသစ်ဝင်ရောက်လာတဲ့ လူဖြူတွေ ဝါဂွမ်းစိုက်ပျိုးလို့ရအောင်မြေလိုတဲ့အတွက်လို့ အကြောင်းပြပြီး ချရိုကီးလူမျိုး ၁၆၀၀၀ ကျော်အပါအဝင် လူပေါင်း၆၀၀၀၀ လောက်ရှိတဲ့ မျိုးနွယ်စု ငါးစုကိုမိုင်ပိုင်းများစွာ လမ်းလျှောက်ခရီးနဲ့ အတင်းအကျပ်ပြောင်းရွှေ့ခဲ့ပါတယ်။ ပင်ပန်းဆင်းရဲမှုကြောင့် လူပေါင်း လေးထောင်ကျော်သေဆုံးခဲ့ပြီး မျက်ရည်လျှောက်လမ်းလို့ အမည်တွင်ခဲ့ပါတယ်။ ဒါ့အပြင် မျိုးနွယ်စုတွေ ဖယ်ရှားခံခဲ့ရတဲ့နေရာတွေဟာ တွင်းထွက်ပစ္စည်းလည်း ထွက်တဲ့အတွက် လူဖြူတွေက လိုချင်တပ်မက်ခဲ့တာပါ။အဲဒါကို သိတဲ့ မျိုးနွယ်စုတွေဟာ ရွှေတွေကို တူးဖော်ပြီး မှော်အစီအရင်တွေနဲ့ ဖွက်ခဲ့ပါတယ်။ နောင်အခါမှာ အဲဒီအကြောင်းကို သိတဲ့ သိုက်တူးဖို့ လာသူတွေလည်း အများကြီးရှိတာပေါ့။ဒီဇာတ်ကားမှာတော့ မြို့တော်ဝန်ဟာ ရွှေသိုက်ကို ရှာဖွေနေသူပါ။ အခြားဒီလိုမျိုး အကြံအစည်ရှိသူ ရှာဖွေသူတွေကို ခြိမ်းခြောက်လေ့ သတ်ပစ်လေ့ရှိပါတယ်။ ဒါကြောင့် မြို့တော်ဝန်ချုပ်ကိုင်ထားတဲ့ အဲ့နယ်မြေတွေမှာ ပြည်သူတွေဟာ တုပ်တုပ်မှ မလှုပ်ရဲ ကြပါဘူး။ တစ်ခါမှာတော့ ဇာတ်လိုက်ဖြစ်သူ ဗိုလ်မှူး ဂျင်မ်ပိုဝဲလ် တစ်ယောက် ဖခင် ရုတ်တရက်သေဆုံးမှုကြောင့် အသုဘကိစ္စအတွက် မြို့ကို ပြန်လာခဲ့ပါတယ်။ ဒါပေမယ့် ဖခင်သေဆုံးမှုဟာ သမားရိုးကျမဟုတ်တာကို သိရှိသွားပြီနောက် ...
movie

Oro Arrowhead (2021)

2021
Some Like It Rare (2021) 6.6
Some Like It Rare (2021) Some Like It Rare (2021) ================== IMDb Rating - 6.6/10ကမ္ဘာတစ်ဝှမ်းမှာ အခြေအနေအမျိုးမျိုးကြောင့် ကွင်းဆက်လူသတ်သမားအဖြစ် ကျော်ကြားခဲ့တဲ့ လူသတ်သမားတွေအများကြီးရှိခဲ့ပါတယ်။ အခြေအနေရယ် အကျိုးအကြောင်းရယ် ဆက်စပ်မိတဲ့အခါမှာ လူတစ်ချို့ဟာကွင်းဆက် လူသတ်သမားအဖြစ်ပြောင်းလဲသွားခဲ့ပါတယ်။ဒီရုပ်ရှင်မှာလဲ ပြင်သစ်နိုင်ငံကဖော်ရွေပြီးခင်ဖို့အရမ်း ကောင်းတဲ့ လင်မယားနှစ်ယောက်ဟာ အခြေအနေ တစ်ခုကြောင့် လူသတ်မိပြီး တစ်ဖြည်းဖြည်းနဲ့ ကွင်းဆက် လူသတ်သမားဖြစ်လာခဲ့ပြီး လူဆယ့်သုံးယောက်အထိ သတ်ခဲ့တာပုံကို ရိုက်ကူးထားခြင်းဖြစ်ပါတယ်။လူသတ်သမားကားဖြစ်တာကြောင့် သွေးသံတရဲရဲ အခန်း နည်းပေမယ့် ရွံတတ်တဲ့သူတွေ ကြည့်ဖို့တော့ မသင့်လျှော် ပါဘူး။ ဖြစ်ရပ်မှန်မဟုတ်ပေမယ့် တင်ဆက်ပုံကောင်းတာ ကြောင့် Thriller ပရိတ်သတ်တွေအတွက်တော့ လက်မလွှတ် သင့်တဲ့မူဗီဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Lwin Htoo Aung ဖြစ်ပါတယ်)File Size..........(1.04 GB) / (577 MB) / (342 MB) Quality............WebRip 1080p / 720p / 480p Duration.........1Hr 27mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Comedy, Horror Translator.......Lwin Htoo Aung Encoder..........SWM
movie

Some Like It Rare (2021)

2021
A Message from Brianna (2021) 4.5
A Message from Brianna (2021) A Message from Brianna (2021)========================အခုနောက်ပိုင်းထွက်တဲ့ Horror ‌ကားတွေထဲမှာမှ ဇာတ်အိမ် ကောင်းကောင်းနဲ့ကြည့်လို့ကောင်းမယ့်ကားလေးဖြစ်တယ်။ ဇာတ်လမ်းအစကို ဘရီအာနာ ဆိုတဲ့ သမီးဦးလေးပိုင်ဆိုင်ထားတဲ့ လင်မယားနှစ်ယောက် အိမ်အသစ်ပြောင်းလာတဲ့အချိန်ကနေ စထားတယ်။ ကလေးက လမ်းလျှောက်နိုင်ရမယ့်အချိန်မှာ လမ်းမလျှောက်လို့ မိဘတွေက ဆရာဝန်ဆီသွားပြလည်း အဖြေ အတိအကျရှာမရဘူး။ နောက်ပိုင်းအိမ်မှာ ပုံမှန်မဟုတ်တာတွေ ဖြစ်လာပြီး စုံစမ်းကြည့်လိုက်တော့မှ သူတို့သမီးနဲ့ မမြင်ရတဲ့အရာ တစ်ခုနဲ့ ဆက်နွှယ်နေတယ်ဆိုတာသိသွားကြရော။ကလေးနဲ့ အဲ့အရာကြီးနဲ့ ဘာလို့ပက်သက်နေတာလဲ ဘာတွေဆက် ဖြစ်မလဲဆိုတာကတော့ CM ပရိတ်သတ်ကြီးကပဲ ဇာတ်သိမ်းအထိ ရင်တထိတ်ထိတ်နဲ့ ဆက်ပြီးကြည့်ရှူပေးပါဦး။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Khant Sett Naing ဖြစ်ပါတယ်)File Size..........(1.16 GB) / (530 MB) / (350 MB) Quality............WebRip 1080p / 720p / 480p Duration.........1Hr 20mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Horror Translator.......Khant Sett Naing Encoder..........SWM
movie

A Message from Brianna (2021)

2021
A Wedding to Remember (2021) 6.1
A Wedding to Remember (2021) A Wedding To Remember (2021) ======================= IMDb Rating - 6.1/10အချစ်ဆိုသည်မှာ အံ့ဩမှုများနဲ့ ဆန်းကြယ်သောအရာတဲ့။ မြင်မြင်ချင်း ချစ်မိတာက အချစ်စစ်လား၊ ရယူဖန်တီးထားတာကရော အချစ်လား၊ လုပ်ယူမထားဘဲ သဘာဝဆန်ဆန်လေး ချစ်ကြိုက်မိသွား ကြတာကမှ အချစ်စစ်လား။လူတိုင်းက အချစ်ကို ခံယူချက်အမျိုးမျိုးနဲ့ အဓိပ္ပာယ်အမျိုးမျိုး ဖွင့်ဆို တတ်ကြပါတယ်။ ဒီဇာတ်ကားလေးကတော့ အချစ်ရဲ့ ချိုချဉ်ငံစပ်သဘော တရားတွေ အားလုံး မြင်တွေ့ရနိုင်မယ့် ဇာတ်ကားလေးတစ်ကားပါပဲ။ကံကြမ္မာက ဖန်တီးပေးတဲ့ လက်တွဲဖော်ကိုပဲ လိုချင်ကြတဲ့  ဘရိုင်ယန် နဲ့ အိုလစ်ဗီယာ တို့ရဲ့ ဇာတ်လမ်းလေးပေါ့။ စတွေ့ကတည်းက ပဋိပက္ခတွေ အပြည့်နဲ့ လူနှစ်ယောက်က မင်္ဂလာဆောင်တစ်ခုမှာ သတို့သားအရံနဲ့ သတို့သမီးအရံအဖြစ် ပြန်လည်ဆုံစည်းလာကြတဲ့အခါ ဘာတွေ ဆက်ဖြစ် လာနိုင်မလဲ။ သူတို့ယုံကြည်ထားတဲ့ အချစ်ကရော လက်တွေ့ဘဝမှာ တကယ် ဖြစ်နိုင်ပါ့မလား ဆိုတာကိုတော့ ဆက်လက်ကြည့်ရှုပေးပါလို့ပဲ တိုက်တွန်းပါရစေ။ ဘရိုင်ယန် အဖြစ် မင်းသား Greyston Holt နဲ့ အိုလစ်ဗီယာအဖြစ် မင်းသမီး Christina Rosato တို့က ပါဝင်သရုပ်ဆောင်ထားပြီး IMDb ...
movie

A Wedding to Remember (2021)

2021
Zero Avenue (2021)
Zero Avenue (2021) Zero Avenue (2021)ဇာတ်လမ်းကတော့ ဒီလိုဗျာ။ နှစ်ပေါင်းလေးရာကျော် ရှင်သန်နေခဲ့တဲ့ မသေမျိုးတစ်ကောင်ရှိတယ်။ သူ့မသေခြင်းဟာ ကျိန်စာတစ်မျိုးပါပဲ။ ဒီမသေခြင်းကနေ လွတ်မြောက်ဖို့ သူလုပ်ရမှာက သူ့အမေဝင်စားတဲ့ အမျိုးသမီးကိုရှာဖို့ပါပဲ။ ဒီတော့ သူရှာတယ်ပေါ့၊ သူ့အမေဝင်စားတဲ့ အမျိုးသမီးလို့ သူထင်လိုက်တဲ့ အမျိုးသမီးကတော့ ပခြုပ်သည်မလေးပါပဲ။ ဒီတော့ သူက အဲဒီအမျိုးသမီးကို ငွေပေးပြီး BDSM ကစားတယ်။ ဒီတော့ လိင်ဆက်ဆံခန်းတွေတော့ ပါတဲ့အပြင် အတော်ခပ်ဆိုးဆိုး ဒိုင်ယာလော့တွေလည်းပါတာမို့ မိသားစုနဲ့ မကြည့်ကြစေချင်ပါဘူး။ဒီဇာတ်လမ်းရဲ့နောက်ထပ်ထူးခြားချက်ကတော့ တစ်ချိန်လုံး စကားပဲပြောနေတာပါပဲ။ ပြောနေတဲ့ စကားတွေက စိတ်ဝင်စားဖို့ကောင်းတာတွေလည်း ပါသလို လလေးလုံးတွေလည်းပါပါတယ်။ Plot Twist လိုလို ဘာညာတွေလည်း သုံးပြီး နိုလန်ရဲ့ Following ဆန်တယ်လို့တောင် ဆိုလို့ရပါတယ်။ သူ့ဇာတ်က ဘာတွေမှန်းမသိ မလည်ရှုပ်ဖြစ်နေတာကတော့ တစ်ပိုင်းပေါ့။ဘာပဲဖြစ်ဖြစ်ပါ၊ တော်တော်ထူးဆန်းပြီး မကြုံစဖူး ဇာတ်လမ်းအသစ်အဆန်းတွေကို သဘောကျတဲ့သူတွေတော့ သဘောကျကြမှာပါ။(ဒီဇာတ်ကားနဲ့အညွှန်းကို "___" ...
movie

Zero Avenue (2021)

2021
Ma Belle, My Beauty (2021) 5.4
Ma Belle, My Beauty (2021) Ma Belle, My Beauty (2021) ==================== IMDb Rating - 5.4/10ဒီဇာတ်ကားလေးကတော့ 2021 မှာ ထွက်ရှိခဲ့တဲ့ LGBTQ ဇာတ်လမ်းလေးတစ်ပုဒ်ပါ။ပြင်သစ်နိုင်ငံ တောင်ပိုင်းမြို့လေးမှာ ပြန်လည်ဆုံစည်းခဲ့ကြတဲ့ လိန်း နဲ့ ဘာတီ ဆိုတဲ့ အမျိုးသမီးနှစ်ယောက်ရဲ့ အကြောင်းပေါ့။ ချစ်သူအဖြစ်ကနေ ဝေးကွာကြပြီးတဲ့နောက် အမျိုးသားတစ်ယောက်နဲ့ လက်ထပ်သွားခဲ့တဲ့ ဘာတီ နဲ့ အနားကို နောက်တစ်ခေါက် ပြန်ရောက် လာခဲ့တဲ့ လိန်း တို့ရဲ့ ဇာတ်လမ်းလေးကို မြင်တွေ့ရမှာပါ။ပြင်သစ်နိုင်ငံကို အခြေခံထားတာမို့ ပြင်သစ်စကားပြောတွေနဲ့ ရှု့ခင်း အလှအပတွေကိုလည်း တဝကြီး ခံစားရင်း အမျိုးသမီးနှစ်ယောက်ကြားက ချစ်ခြင်းတွေ ဝန်တိုမှုတွေကို တွေ့မြင်ရမှာပဲ ဖြစ်ပါတယ်။  လိန်း အဖြစ် Hannah Pepper၊ ဘာတီ အဖြစ် Idella Johnson တို့က ပါဝင်သရုပ် ဆောင်ထားပြီး ဒါရိုက်တာ Marion Hill က ရိုက်ကူးပုံဖော်ထားတဲ့ အချစ်ရိုမန့်ဇာတ်လမ်းလေးတစ်ပုဒ် ဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ May Thet Khine Soe ဖြစ်ပါတယ်)File ...
movie

Ma Belle, My Beauty (2021)

2021
The Get Together (2022) 4.7
The Get Together (2022) The Get Together (2022) ==================Plot twist တွေမပါဘဲ ပေါ့ပေါ့ပါးပါးနဲ့ ရယ်ရတဲ့ ဇာတ်လမ်းတစ်ပုဒ်ကို ရှာနေတယ်ဆိုရင်တော့ ဒီကားလေးကို ကြည့်ကြည့်ပါ။သောကြာနေ့ညရဲ့ ပါတီပွဲတစ်ခုကို အခြေခံထားပြီး အဲဒီပါတီပွဲက ဇာတ် လမ်းလေးတွေနဲ့ပဲ တစ်ညတည်း အပြီးရိုက်ပြထားသလိုမျိုးလေးပေါ့။ ကဲလက်ဘ်၊ ဘက်စီ၊ ဒေမီယန်၊ လူးကက်စ်၊ လေစီ၊ မက်ကောလ် စတဲ့ သူငယ်ချင်းတွေ တစ်ယောက်ချင်းစီရဲ့ ဇာတ်လမ်းလေးတွေကို playback ပြန်ပြန်ပြပြီး တစ်ခုနဲ့တစ်ခု ချိတ်ဆက်ပေးထားပါတယ်။ အားလုံးက သောကြာ ညလေးမှာ အခြေခံထားတာဆိုတော့ သူတို့ဆီက လူငယ်တွေ ပါတီပွဲ ဖြတ်သန်းကြပုံတွေ၊ ပျော်ကြပါးကြပုံတွေကိုတော့ တဝကြီး ကြည့်ရှု့ရမှာပါ။စုံတွဲတစ်တွဲရဲ့ လက်ထပ်ခွင့်တောင်းပုံတောင်းနည်းအဆန်းလေးကိုလည်း မြင်ရပါလိမ့်မယ်။ ဟာသဇာတ်မြူးကားလေးဆိုပေမယ့် ကလိထိုးရယ်ခိုင်းတဲ့ plot တွေမပါဘဲ တွေးတွေးပြီးနားလည်ကြရမယ့် ပုံစံမျိုးလေး ဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ May Thet Khine Soe ဖြစ်ပါတယ်)File Size..........(922 MB) / (467 MB) Quality............WebDL 1080p / 720p Duration.........1Hr 14mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Comedy Translator.......May ...
movie

The Get Together (2022)

2021
My Dead Dad (2021) 5.6
My Dead Dad (2021) My Dead Dad (2022)ဆုံးပါးသွားပြီဖြစ်သော အဖေ ..... မိဘမေတ္တာကို ဆုံးပါးသွားပြီးမှ သိခွင့်ရတဲ့ သားတစ်ယောက်ရဲ့ဇာတ်လမ်းပါပဲ။မိဘတွေကွာရှင်းပြီးနောက် အဖေဖြစ်သူကို ငယ်ငယ်ထဲကမတွေ့ရတော့တဲ့ လူးကပ်စ်တစ်ယောက် ရုတ်တရက်ဆိုသလို အဖေဖြစ်သူ ဆုံးပါးသွားတဲ့ သတင်းကိုကြားလိုက်ရပါတယ်။ သွားလေသူအဖေက သူ့အတွက် တိုက်ခန်းတွေကို အမွေအဖြစ်ထားခဲ့ရာကနေ အယ်လ်အေကိုသွားဖို့ဖြစ်လာပါတယ်၊စကိတ်စီးတာကို စွန့်လွှတ်ထားတဲ့ လူးကပ်စ် တစ်ယောက် အယ်လ်အေမှာဘာတွေကြုံရမလဲ၊ အဖေဖြစ်သူချန်ခဲ့တဲ့ တိုက်ခန်းတွေကို သူ ဦးစီးနိုင်ပါ့မလား၊ သူ့ဘဝထဲကို ဝင်လာတဲ့‌ကောင်မလေးနဲ့ရော အဆင်ပြေပါ့မလား၊ နောက်ဆုံး သူ့ရဲ့ အဖေဖြစ်သူအပေါ်မကျေနပ်ချက်တွေ အတွက်ရောအဖြေရှာတွေ့နိုင်မလား စတာတွေကို ဒီကား‌ကြည့်ရင်း အဖြေရှာနိုင်ပါတယ်။၂၀၂၁ ခုနှစ်က ထွက်ရှိထားပြီး HBO Max ကနေ June 1 ရက်နေ့ကမှ ထုတ်လွှင့်သွားတာပါ IMDB rating 60% နဲ့ Rotten Tomatoes 83% ထိရရှိထားပြီးတော့ ဆုပေါင်း ၅ ဆု နဲ့ တစ်ကြိုစာရင်း ၂ ကြိမ် ဝင်ထားတဲ့ မိဘမေတ္တာဘွဲ့ ဇာတ်ကားကောင်းတစ်ကားပဲ ဖြစ်ပါတယ်။အညွှန်း နဲ့ ...
movie

My Dead Dad (2021)

2021
Poupelle of Chimney Town (2021) 6.4
Poupelle of Chimney Town (2021) Poupelle of Chimney Town (2020) ========================= IMDb Rating - 6.4/10Chimney Town (မီးခိုးခေါင်းတိုင်မြို့) ဆိုတဲ့ မီးခိုးတွေနဲ့အမြဲပိတ်နေပြီး အပြင်လောကကြီးနဲ့ လုံးဝအဆက်အသွယ်ပြတ်နေတဲ့မြို့လေးက လုဘိချိ ဆိုတဲ့‌ကောင်လေး နဲ့ အမှိုက်လူသား ဖြစ်တဲ့ ပိုပဲ့လုတို့ရဲ့ စွန့်စားခန်းကို ငိုလိုက် ရယ်မောလိုက်နဲ့ ရသစုံလင်စွာ ကြည့်ရမှာဖြစ်တယ်။ လုဘိချိရဲ့ အဖေဖြစ်သူ ဘရူနို က ကောင်းကင်မှာကြယ်တွေရှိကြောင်း လူတွေကြားထဲမှာပြောလေ့ရှိတယ်။အဲ့မြို့ကလူတွေက‌တော့ "ဟာ ဒီကောင် င‌ပေါကြီး" ဘာညာနဲ့ သူပြောကိုမယုံကြဘူး မြို့တစ်ခုလုံးက မီးခိုးခေါင်းတိုင်တွေကထွက်တဲ့ မီးခိုးတွေနဲ့ပိတ်နေတာကိုး ဒါပေမယ့် သူ့သားကတော့ ကြယ်တွေကို အရမ်းကြည့်ဖူးချင်နေတာ အဲတာနဲ့ တစ်နှစ်လောက် ကြာသွားပြီး ဟောလိုးဝင်းနေ့မှာ တစ်ကိုယ်လုံးအမှိုက်တွေနဲ့ဖွဲ့စည်းထားတဲ့ အမှိုက် လူသား တစ်ယောက် မြို့ထဲကိုရောက်လာခဲ့တယ်။ အဲ့နေ့ကလည်း ဟောလိုးဝင်းဆိုတော့ အားလုံးက သူ့ကို လူလို့ပဲထင်ပြီး ဝတ်စုံဘယ်လောက်မိုက်ကြောင်း ချီးကျူးကြတာပေါ့ နောက်မှ လူမဟုတ်မှန်းသိသွားကြတော့ သက်ဆိုင်ရာတွေက လိုက်ဖမ်းလို့ ထွက်ပြေးရင်း လုဘိချိ နဲ့တွေ့ပြီး သူတို့ရဲ့စွန့်စားခန်းလေး စတင်လာခဲ့ပါတယ်။ဒီ ဇာတ်ကားလေးက နာမည်ကြီးရုပ်ပြကာတွန်းစာအုပ်ဖြစ်တဲ့ "Poupelle ...
movie

Poupelle of Chimney Town (2021)

2021
Mad God (2021) 7.4
Mad God (2021) Mad God (2022) Jurassic Park, Starship Troopers, RoboCop နဲ့ Stars Wars စတဲ့ နာမည်ကျော် ဇာတ်ကားတွေရဲ့ Visual Effects တွေကို ဖန်တီးပေးခဲ့တဲ့ Phil Tippett ရဲ့ နောက်ထပ် လက်ရာမြောက်တဲ့ ကားလေးတစ်ကားပါ။ CGI ခေတ်လို့ ဘယ်လောက်ပြောပြော stop-motion နည်းပညာကိုလည်း ခေါက်ထားလို့ မရသေးကြောင်း သက်သေပြနိုင်တဲ့ နောက်ထပ် အမိုက်စား Animation ကားလေးပေ့ါဗျာ။ဇာတ်လမ်းအညွှန်းကတော့ ... ကမ္ဘာ့မြေပုံနဲ့ ဗုံးတစ်လုံး ခရီးဆောင်အိတ်တစ်ခုကိုသယ်ဆောင်ပြီး ကမ္ဘာမြေကိုဖျက်ဆီးဖို့ရောက်လာတဲ့ သတ္တဝါတစ်ကောင် ...လမ်းမှာကြုံတွေ့ရတဲ့အခက်အခဲတွေ ထူးဆန်းတဲ့ လျှပ်စစ်နဲ့ညှင်းပန်းခံရတဲ့သားကောင်တွေ ကြောက်မက်ဖွယ်ရာအဖြစ်အပျက်တွေကို ကြုံခဲ့ရပြီး ရန်သူတွေနဲ့အတူ သူ့ကိုယ်သူဖျက်ဆီးခံရမယ့် အခြေအနေတွေကိုရင်ဆိုင်ရချိန်မှာတော့ ... သူ့ရဲ့နေ့ရက်တွေကို ဘယ်လိုဖြတ်သန်းမလဲ? သူကပဲ နဂိုအကြံအစည်ကိုအောင်မြင်အောင် ဆောင်ရွက်နိုင်မှာလား? ရန်သူတွေကြားမှာပဲ အသက်ဆုံးရမလား? စတာတွေကို မွန်းစတားတွေ ရက်စက်တဲ့ သတ္တဝါတွေရဲ့ ခွန်အားနဲ့ ဉာဏ်အား ပြိုင်ပွဲတွေကြား ...
movie

Mad God (2021)

2021
Missing and Alone (2021) 5.5
Missing and Alone (2021) Missing and Alone (2021)မတည့်အတူနေ ခင်ကြတဲ့ သူငယ်ချင်းမလေး ၂ယောက်ရှိတယ်။ တစ်ယောက်က မိတဆိုး၊ တစ်ယောက် ဖတဆိုး။ အမြဲရန်ဖြစ်နေကြပေမဲ့ သူတို့က သိပ်ချစ်ကြတယ်။ တစ်ယောက်က လိမ္မာတယ်။ တစ်ယောက်က ဆိုးတယ်။ တစ်ယောက်ရဲ့ အဖေက တောထဲမှာစခန်းချခရီးထွက်ရင်း ဆုံးသွားခဲ့တာ။ အဲဒီတစ်ယောက်အဖေရဲ့နှစ်ပတ်လည်နေ့မှာ အဲဒီတစ်ယောက်နဲ့ ဟိုတစ်ယောက် သူ့အဖေဆုံးခဲ့တဲ့ တောထဲအတူတူသွားကြတယ်။ အဲဒီတစ်ယောက်အမေနဲ့ ဟိုတစ်ယောက်အဖေကို လိမ်ပြီးသွားကြတာပေါ့။မနက်ကျ အဲဒီတစ်ယောက်အမေနဲ့ ဟိုတစ်ယောက်အဖေနဲ့ တွေ့ကြတော့ အဲဒီတစ်ယောက်နဲ့ ဟိုတစ်ယောက်က သူတို့ကိုလိမ်သွားတာကို သူတို့သိသွားကြတယ်။ ဒီတော့ အဲဒီတစ်ယောက်အမေနဲ့ ဟိုတစ်ယောက်အဖေက သူတို့ကိုလိုက်ရှာကြတယ်။ ဟိုတစ်ယောက်က ပြန်ပေါ်လာပေမဲ့ အဲဒီတစ်ယောက်က ပျောက်နေတယ်။ အဲဒီတစ်ယောက်အမေ စိတ်ပူပြီးရှာတာပေါ့။အဲဒီတစ်ယောက်ဘာဖြစ်သွားတာလဲ။ ဟိုတစ်ယောက်ကရော ဘာလို့ တစ်ယောက်တည်းပြန်လာတာလဲ။ အဲဒီနှစ်ယောက် တစ်ယောက်နဲ့တစ်ယောက်ကြားဘာတွေဖြစ်ခဲ့လဲဆိုတာကို ရင်ခုန်စွာကြည့်ရမယ့် ကားလေးပါ။ ဇာတ်လမ်းအချိုးအကွေ့တွေလည်း လှပါတယ်။ အဲဒီတစ်ယောက်ကလည်း လှပါတယ်။(ဒီဇာတ်ကားနဲ့အညွှန်းကို "___" မှ ...
movie

Missing and Alone (2021)

2021
Eating Our Way to Extinction (2021) 7.5
Eating Our Way to Extinction (2021) Eating Our Way to Extinction (2021) ~ IMDb Rating - 7.5/10 ~လူ​တွေအသက်ရှင်ဖို့ အာဟာရဖြစ်ဖို့ စား​နေတဲ့ စားနပ်ရိက္ခာ​တွေက တစ်ချိန်မှာ လူသားမျိုးနွယ် မျိုးတုန်းမှုရဲ့ အဓိကအ​ကြောင်းရင်းကြီးတစ်ချက်လို့ပြောရင် ဟာသပြက်လုံးလို ဖြစ်​​နေမှာ​သေချာပါတယ်။ ဒါ​ပေမဲ့ ကဏ္ဍ​ပေါင်းစုံက သု​တေသနပညာရှင်​တွေ နှစ်​ပေါင်းများစွာ လုပ်လာတဲ့ သု​တေသန​ရလဒ်​တွေ၊ အစီရင်ခံစာ​တွေက ဒီယူဆချက် မှန်ကန်​ကြောင်း သက်​​သေထူ​နေပါတယ်။ကမ္ဘာ့လူဦး​ရေတစ်​နေ့တခြား များလာတာနဲ့အမျှ စားနပ်ရိက္ခာ​တွေ ပိုလိုအပ်လာသလို အသားစားသုံးမှုနှုန်းက တိုးပွားလာတဲ့အတွက် ​မွေးမြူ​ရေးလုပ်ငန်း​တွေ တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ တွင်ကျယ် လာပါတယ်။ ဒီ Documentary ထဲမှာ ​မွေးမြူ​ရေးလုပ်ငန်း​တွေနဲ့ ပတ်သက်ပြီး သင်တို့လုံးဝမသိရှိထားတဲ့၊ လုံးဝမထင်မှတ်ထားတဲ့ လျှို့ဝှက်ချက်​တွေ အဖြစ်မှန်​တွေကို သု​တေသနရလဒ်​တွေနဲ့အညီ ​သေချာ​ဖော်ထုတ်တင်ဆက်ထားတာပါ။မင်းသမီးကြီး ကိတ်ဝင်းစလတ်ကိုယ်တိုင် Narrator အဖြစ်ပါဝင်ပြီး တစ်ကမ္ဘာလုံးက သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းမှု ပညာရှင်​တွေ၊ မိုး​လေဝသပညာရှင်​တွေ၊ အစာအာဟာရပညာရှင်​တွေ စုံစုံလင်လင် ပါဝင်ထားပြီး ...
movie

Eating Our Way to Extinction (2021)

2021
Peace by Chocolate (2021) 6
Peace by Chocolate (2021) Peace By Chocolate (2021)~ IMDb - 6/10, Rotten Tomatoes - 86% ~၂၀၁၁ မတ်လမှာ စဖြစ်ခဲ့တဲ့ ဆီးရီးယားပြည်တွင်းစစ်ဟာ အခုရုပ်ရှင်ကို တင်ဆက်လိုက်တဲ့ အချိန်မှာဆို ၁၁နှစ် ၂လ ၄ပတ်နဲ့ နှစ်ရက်တိတိရှိပါပြီ။ တော်တော်ကြာတဲ့ ပြည်တွင်းစစ်ဖြစ်သလို ကမ္ဘာပေါ်မှာ စစ်ဘေးရှောင်ဒုက္ခသည်အများဆုံး ပေါ်ထွက်စေခဲ့တဲ့ ပြည်တွင်းစစ်လည်း ဟုတ်ပါတယ်။ အဲဒီက လူတွေ ဒုက္ခသည်လက်ခံပေးတဲ့ နိုင်ငံအသီးသီးမှာ ခိုလှုံကြတဲ့ အကြောင်းရုပ်ရှင်တွေလည်း မနည်းတော့ပါဘူး။ ဒီကားကတော့ အဲဒီဒုက္ခသည်တွေထဲကမှ ထူးထူးခြားခြား အောင်မြင်သွားတဲ့ မိသားစုတစ်စုအကြောင်းပါ။ ဖြစ်ရပ်မှန်ကို ရိုက်ထားတဲ့ ရုပ်ရှင်ပါ။ဆီးရီးယားမှာ ဗုံးကြဲခံရရာက မိသားစုချောကလက်လုပ်ငန်းလေး ပျက်စီးခဲ့ရသလို သူတက်နေတဲ့ ဆေးကျောင်းလည်းတစ်၀က်တစ်ပျက် ဖြစ်ခဲ့ရတဲ့ ဆေးကျောင်းသားလေးနဲ့ သူ့မိသားစုဟာ ကနေဒါကိုရောက်လာခဲ့ပါတယ်။ ဆာတီဖီကိတ်မရှ်ိလို့ ဆေးပညာနဲ့ အသက်မွေးချင်ပေမဲ့ မရ ဖြစ်‌နေတဲ့ ကျောင်းသားလေးနဲ့ သူ့မိသားစုကို ...
movie

Peace by Chocolate (2021)

2021
Keeping Company (2021) 5.4
Keeping Company (2021) Keeping Company (2021) ~ IMDb - 5.6/10, Rotten Tomatoes - 80% ~ဦးဆုံးပြောချင်တာကတော့ ဒီရုပ်ရှင်ဟာ ဝေဖန်ရေးသမားတွေကြိုက်ကြတဲ့ ဟာသကားကောင်းတစ်ကားပေမဲ့ B အဆင့်ရုပ်ရှင်ပါ။ ဟာသကားကို သူတို့ဘာလို့ကြိုက်ကြလဲဆိုရင်တော့ ရယ်ရလို့ပေါ့ဗျာ။ သူ့တားဂတ်က ဒါပဲကိုး။ ဒါကြောင့်မို့ တခြားစီနီမာတွေ သရုပ်ဆောင်ကောင်းတွေ ဘာဘာညာညာ အလန်းဇယားတွေတော့ မမျှော်လင့်စေချင်ဘူး။ နည်းနည်းပါးပါး ရယ်ချင်ရင်တော့ ကြည့်လိုက်သင့်တဲ့ကားမျိုးပါပဲ။ ဝေဖန်ရေးသမားတွေတောင် ရိတ်တင် ၈၀ရာခိုင်နှုန်းပေးထားတယ်ဆို‌တော့ အတော်မဆိုးတဲ့ အခြေအနေမှာရှိတဲ့ကားမျိုး၊ ပြောရရင် Sitcom ကြည့်နေသလို သဘောတရားမျိုးပေါ့၊ ဒါပါပဲ။ဇာတ်လမ်းကတော့ ရိုးရိုးရှင်းရှင်းလေး၊ အာမခံရောင်းတဲ့နှစ်ကောင် လူသတ်သမားအိမ် တံခါး သွားခေါက်တယ်။ သူတို့ကတော့ မသိပေမဲ့ အဲ့အိမ်က လူသတ်သမားက သတ်ရုံတင်မဟုတ် ချက်ပါစားတာဆိုတော့ အသတ်မခံရရုံတင်မဟုတ် ချက်ပါစားမခံရ‌အောင် ပတ်ပြေးရတယ်ပေါ့။ဟာသကားပေမဲ့ သူက Crime, Horror ဆိုတဲ့ Genre တွေလည်း ...
movie

Keeping Company (2021)

2021
Makmum 2 (2021) 5.2
Makmum 2 (2021) Makmum1 ကိုကြည့်ရှုလိုပါက ဒီ Link လေးမှာကြည့်ရှုနိုင်ပါတယ် >>Makmum1(2019) Makmum 2021မှာတော့ ဇာတ်လိုက်မင်းသမီးဖြစ်တဲ့ ရင်နီဟာ အိမ်ထောင်ကျပြီး ဟာဖစ်ဇ် ဆိုတဲ့ ကလေးလေးတစ်ယောက် ပိုင်ဆိုင်ထားပါပြီ အမျိုးသားကတော့ ဆုံးပါးသွားပြီဖြစ်ပြီး ချစ်ရတဲ့သူကို လွမ်းတဲ့စိတ်နဲ့ ပူဆွေးနေတဲ့ ရင်နီတစ်ယောက် ဇာတိရွာလေးက အဒေါ်ကပါ ထပ်မံဆုံးပါးသွားတဲ့အခါ ရင်နီရဲ့ သောကအပူမီးတွေ နှစ်ဆတိုးလာရပါတော့တယ် သားလေးကိုခေါ်ပြီး နာရေးအတွက် ရွာကို ပြန်လာခဲ့ရင်းက ရွာမှာ ဗလီအသစ်ကြီး ဆောက်လုပ်နေတာကို မြင်ခဲ့ရတယ် ရွာကိုရောက်ပြီးတဲ့နောက်မှာတော့ ရင်ရဲ့သား ဟာဖစ်ဇ်ဟာ ကစားနေရင်း ပျောက်ဆုံးသွားပြီး တောအုပ်ကြီးရဲ့ အလယ်မှာ သတိလစ်လျက် ပြန်တွေ့ခဲ့ရတယ် ကလေးတွေ ပျောက်ဆုံးသွားပြီးနောက်ပိုင်း ခြောက်လှန့်မှုတွေက ပိုပိုဆိုးရွားလာခဲ့သလို ဆောက်လက်စ ဗလီအသစ်ကြီးမှာလည်း ပြဿနာအမျိုးမျိုးတက်ခဲ့ရတယ် အဲဒီလိုနဲ့ ရင်နီဟာ ပြဿနာကို အဖြေရှာဖို့ ကြိုးစားရင်းကနေ ဘယ်လိုမျိုးပုံစံတွေနဲ့ ပူးကပ်ခံရမလဲ ကလေးတွေကို ဘယ်လိုကယ်မလဲ ရွာသားတွေရော ဘယ်လို ခြောက်လှန့်မှုတွေနဲ့ကြုံရမလဲဆိုတာကို မိုးအေးအေးမှာ စောင်လေးခြုံပြီး ရင်တထိတ်ထိတ်နဲ့ စောင့်ကြည့်ရမယ့် သရဲကားကောင်းလေး နှစ်ကားအဖြစ် တင်ဆက်ပေးလိုက်ပါတယ်။    File size…1.46GB / 621MB Quality…1080p NF WEB DL AAC5.1CH / ...
movie

Makmum 2 (2021)

2021
Masquerade Night (2021) 6.3
Masquerade Night (2021) Masquerade Night (2021)~ IMDb rating - 6.3/10 ~ဂျပန်စုံထောက်ကားတွေကိုကြည့်ရတာကြိုက်တဲ့သူတွေအတွက် စလယ်ဆုံးမပျင်းရမယ့် ဇာတ်ကားတစ်ကားကိုတင်ဆက်ပေးချင်ပါတယ်။ ဘာလို့လဲဆိုတော့ လူသတ်သမားရှိတယ်ဆိုတာလွဲပြီး ဘာ info မှမသိရတဲ့သူတစ်ယောက်ကို ဟိုတယ်ထဲမှာလိုက်ရှာကြရမှာမို့လို့ပါ။ဟိုတယ်လုပ်ငန်းဆောင်တာနဲ့ စည်းမျဉ်းစည်းကမ်းတွေကိုရော အမှုလိုက်တဲ့နေရာမှာ ဆက်စပ်ချိတ်ဆက်မှုကိုရော အသားပေးရိုက်ထားတဲ့ ရုပ်ရှင်တစ်ကားပါပဲ။ ၂၀၁၉မှာထွက်ခဲ့တဲ့ Masquerade Hotel ရဲ့ အဆက်အဖြစ်ရိုက်ထားတာပါ။ သို့ပေမဲ့ ပထမကားကို မကြည့်ဘဲ ကြည့်လည်းဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့...နဲရိမခရိုင်မှာ အမျိုးသမီးတစ်ဦးဟာ သူ့ရဲ့တိုက်ခန်းထဲမှာပဲ အသတ်ခံခဲ့ရပါတယ်။ သတ်ခံရစဉ်မှာ Lolita ဝတ်စုံဝတ်ထားပြီး ဓာတ်လိုက်သေစေတဲ့နည်းနဲ့သတ်ခံရတာကြောင့် ပုံမှန်မဟုတ်တဲ့အမှုတစ်ခုပါပဲ။ တိုကျို မြို့တော်ရဲတွေလည်း စုံစမ်းလို့မရဖြစ်နေတုန်း အမည်လျှို့ဝှက်ပြီးသတင်းပေးလို့ရတဲ့ hotline ကနေ စာတစ်စောင်ရောက်လာခဲ့ပါတယ်။အဲဒါကတော့ "အမျိုးသမီးကိုသတ်ခဲ့တဲ့လူသတ်သမားက ဒီဇင်ဘာ ၃၁ရက်နေ့မှာ Hotel Cortesia တိုကျို ကိုရောက်လာလိမ့်မယ်"ဆိုတာပါပဲ။ လူသတ်သမားရဲ့အသွင်အပြင်ကိုလည်းမသိ သဲလွန်စလည်းတစ်ခုမှမရှိတဲ့အမှုကို ဟိုတယ်ဝန်ထမ်းတွေရဲ့ ပူးပေါင်းမှုနဲ့အတူ လိုက်ရှာဖို့ဖြစ်လာပါတယ်။ခက်တာက ပွဲကိုတက်မယ့်သူပေါင်း ၅၀၀ရှိတဲ့အပြင် မျက်နှာဖုံးတပ်ထားတာဖြစ်လို့ ...
movie

Masquerade Night (2021)

2021