Channel Myanmar

2022

Memory of Water (2022) 5.4
Memory of Water (2022) Memory of Water (2022)အနာဂတ်ကမ္ဘာကြီးမှာ ရေဟာ ရွှေလိုရှားလာခဲ့တယ်။ အထူးသဖြင့် သောက်ရေသုံးရေဆိုတာ အစိုးရက ခွဲတမ်းနဲ့ မစို့မပို့ပေးတာကိုပဲ သုံးရတဲ့အရာတွေဖြစ်လာတယ်။ ရှားပါးတဲ့ထဲကမှ ရှိတဲ့ရေကိုလည်း အများပြည်သူလုယက်ပြီး သတ်ဖြတ်မှုတွေမဖြစ်ရအောင်ဆိုပြီး စစ်အာဏာရှင်တစ်ယောက်က သိမ်းထားတယ်။ အဲဒီကမ္ဘာမှာတော့ ရေကိုပိုင်တဲ့လူက အာဏာကိုပိုင်တဲ့လူပါပဲ။ ရေအင်မတန်ရှားတဲ့ ကမ္ဘာဆိုတော့လည်း ဒီကမ္ဘာမှာ လက်ဖက်ရည်တို့ ဘာတို့ ဖျော်တဲ့ တီးမာစတာတွေက ပေါ့သေးသေးမဟုတ်ဘဲ အဆင့်တစ်ဆင့်တော့ရှိတဲ့လူတွေ အထက်တန်းစားတွေပေါ့။ မင်းသမီးက အဲဒီလို တီးမာစတာ။တစ်နေ့ကျ သူ သူ့အဖေထားခဲ့တဲ့ အမွေပစ္စည်းတစ်ခုကနေ သူ့အဘိုးအဘေးတွေ လက်ထက်တုန်းက သိပ္ပံပညာရှင်တစ်စုက ရေကောင်းရေသန့်တွေရှိတဲ့နေရာတွေရှိသေးကြောင်း ပြောပြထားတာကို သိလိုက်ရတယ်။ သူတို့ကို အာဏာရှင်ရဲ့လက်ပါးစေတွေက ဖမ်းပြီးသတ်တော့မှာမို့ ဒီအချက်ကို အသံသွင်းပြီး လက်ဆင့်ကမ်းပေးခဲ့ကြတဲ့ သိပ္ပံပညာရှင်တွေရဲ့ အမှာစကားပေါ့။ မင်းသမီးဟာ ရေကောင်းရေသန့်တွေရှိတဲ့နေရာတကယ်ရှိကြောင်း သိလိုက်ရတဲ့အချိန် ဒီအချက်ကို လူတွေကို အသိပေးဖို့လုပ်တယ်။ သူတို့ဆီက ရေယူနေရမှ လူတွေကိုကောင်းကောင်းဖိနှိပ်နိုင်ပြီး ...
movie

Memory of Water (2022)

2022
Blood (2022) 5.3
Blood (2022) Blood (2022) ==========ဒီတစ်ခါမှာတော့ "Enchoes" ဇာတ်လမ်းတွဲထဲက အမြွှာ ညီအစ်မအဖြစ် နှစ်ကိုယ်ခွဲသရုပ်ဆောင်ထားတဲ့ မင်းသမီး Michelle Lynn Monaghan ရဲ့ "Blood" ဆိုတဲ့ ရုပ်ရှင်ကို တင်ဆက်ပေးလိုက်ပါတယ်။"Blood" ဆိုတဲ့ Horror/Thriller ရုပ်ရှင်ထဲမှာ အမည်မသိ အရာတစ်ခုဆီကနေ သားငယ်ကို ကယ်တင်ဖို့ကြိုးစားနေတဲ့ မိခင်တစ်ယောက်ကို မြင်တွေ့ရမှာပါ။ ဂျက်စီကာဟာ ကွာ ရှင်းပြီးတဲ့နောက် သားနဲ့သမီးကို အုပ်ထိန်းခွင့်ရဖို့ အရင်ယော က်ျားနဲ့ တရားရင်ဆိုင်ဆဲအနေအထားပါ။ အဲ့အချိန်မှာပဲ သူ့ သားလေးဆီကို အမည်မသိအရာတစ်ခုဝင်ရောက်လာလေ တော့ သားဇောနဲ့ မိခင်တစ်ယောက်ရဲ့ အခက်အခဲတွေ၊ ရွေးချယ် မှုတွေကို ကြည့်ရှုခံစားရမှာဖြစ်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Ngwe Zin ဖြစ်ပါတယ်)File Size..........(1.4 GB) / (665 MB) / (336 MB) Quality............WEB-RIP 1080p / 720p / 480P Duration.........1Hr 48Mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Horror, Thriller Translator.......Ngwe Zin Encoder..........SWM
movie

Blood (2022)

2022
Butterfly (2022) 4.6
Butterfly (2022) Butterfly (2022) ============လှပတဲ့လိပ်ပြာလေးဖြစ်ဖို့ ဘာတွေပေးဆပ်ခဲ့ရမလဲ ? အရင်ဦးဆုံး ပိုးအိမ်လေးထဲမှာ ပိတ်မိနေမယ်။ ပြီးတော့ အများတကာအထင် သေးတဲ့ ပိုးတုံးလုံးလေးအဖြစ် ဖြတ်သန်းရမယ်။ နောက်ဆုံးကျမှ လှပတဲ့အတောင်ပံတစ်စုံရရှိပြီး လွတ်လပ်တဲ့လိပ်ပြာငယ်လေးအဖြစ် အလှပဆုံးပျံသန်းခွင့်ရပါလိမ့်မယ်။ရီ ရဲ့အဖေက ထောင်ကျနေတဲ့ ဒုစရိုက်ခေါင်းဆောင်၊ အမေကလည်း ဆေးသုံးရင်း မီးလောင်ပြီးဆုံးသွားခဲ့တာမို့ စောင့်ရှောက်ရေးဂေဟာမှာ ကြီးပြင်းလာခဲ့ရတဲ့ မိန်းကလေးတစ်ယောက်။ အရွယ်ရောက်တော့ နစ် နဲ့တွေ့ပြီး အိမ်ထောင်တစ်ခုထူထောင်ခဲ့ပေမဲ့ စီးပွားရေးအဆင်မပြေ တော့ နစ်လည်း မူးယစ်သားကောင်ဖြစ်ခဲ့ရပါတယ်။အိမ်ပိုင်ရှင်ကလည်း နှင်ထုတ်၊ နစ်ကလည်းဆေးသမားဖြစ်နေတော့ ရီရဲ့ သားလေးကို ပြုစုစောင့်ရှောက်ဖို့အဆင်မပြေဘူးဆိုပြီး ကလေးစောင့် ရှောက်ရေးဂေဟာက ခေါ်သွားခဲ့ပါတယ်။ သားလေးမိုင်လိုကိုပြန်ခေါ်နိုင် ဖို့ အစွမ်းကုန်ကြိုးစားနေရင်း နစ်လည်း ဆေးလွန်ပြီးဆုံးသွားခဲ့ပါတယ်။ ပိုးအိမ်ထဲမှာ ပိတ်မိနေရင်း ပိုးတုံးလုံးအဖြစ်ရုန်းကန်နေရတဲ့ ရီတစ်ယောက် သူ့ဘဝကိုတည်ငြိမ်အောင် ဘယ်လိုလုပ်မလဲ? မိုင်လိုလေးကို ပြန်ခေါ်ခွင့် ရအောင် အလှပဆုံးလိပ်ပြာလေးအဖြစ် ဘယ်လိုပြောင်းလဲမလဲဆိုတာကို တော့ ဆက်ပြီးကြည့်လိုက်ပါဦးနော် ။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Jo Jo Va ဖြစ်ပါတယ်)File Size..........(1.8 GB) / (815 MB) / (520 MB) Quality............WEB-RIP 1080p / 720p ...
movie

Butterfly (2022)

2022
Bleach (2022)
Bleach (2022) Bleach (2022)ဒီကားလေးကတော့ Horror ပရိတ်သတ်တွေ သဘောကျမယ့် ကားမျိုးဗျ။ ဇာတ်လမ်းဆုံးထဲ အထိ ရင်တမမနဲ့ ကြည့်နေရသလို ကြောက်နေရတယ်။ မြန်မာပေါသရဲကားတွေလိုတော့ မဟုတ်ဘူးပေါ့ဗျာ။ ဇာတ်လမ်းကလည်း နည်းနည်းဆန်းတယ် ဆိုမလား။ သူ‌ဌေးတစ်ယောက်ကနေ သူများအသားနာကျင်မှုကနေ ကျေနပ်မှုရှာတက်တဲ့ ရုပ်ရှင်ဒါရိုက်တာကို ငွေတွေ ပုံပေးပြီး အရက်စက်ဆုံး အပြင်းထန်ဆုံး ဇာတ်ကားကို ရိုက်ခိုင်းလိုက်တာပါပဲ။ အဲ့ဒီမှာ ဒါရိုက်တာဖြစ်တဲ့ ဂျိုနာပက်တန်ဟာ သူရက်ရက်စက်စက် သတ်ဖြတ်ခဲ့ဖူးတဲ့သူတွေရဲ့ တစ္ဆေတွေနဲ့ တကယ့်အပြင်မှာ သူ့နောက်လိုက်နေတဲ့ စုံထောက်တွေကို ဘယ်လို တစ်ပက်ရိုက်မလဲဆိုတာ ကြည့်ရူရမှာ ဖြစ်ပါတယ်။ ဇာတ်လမ်းဟာ သာမန်ကြည့်နေကျ ဇာတ်လမ်းလို မဟုတ်တာကြောင့် ထူးဆန်းတဲ့ ဇာတ်ကားတွေမှ ကြည့်ရူချင်တဲ့သူတွေက အကြိုက်တွေ့ပါလိမ့်မယ်။အညွှန်း နဲ့ ဘာသာပြန်ကတော့ Hetang ပဲ ဖြစ်ပါတယ်။Genre..... Horror, Thriller Quality…. 1080p | 720p | 480p File size… 1.2GB | 680MB | 329MB Format… mp4 Duration…. 1h 28min Subtitle…. Myanmar ...
movie

Bleach (2022)

2022
Run & Gun (2022) 5.1
Run & Gun (2022) Run and Gun (2022)မင်ဒဲလားသက်ရောက်မှု(Mindela effect) ဆိုတာ ကြားဖူးပါသလား မင်ဒဲလားက ထောင်ထဲမှာပဲ ၁၉၈၀ ခုနှစ်မှာသေဆုံးသွားတယ်လို့ လူသန်းပေါင်းများစွာက ယုံကြည်ကြတယ်တဲ့ ဒါပေမဲ့ မင်ဒဲလားက အမှန်တကယ်မှာ တောင်အာဖရိကနိုင်ငံရဲ့ သမ္မတပါဖြစ်ခဲ့ပါသေးတယ် လူတွေအဲ့လိုအထင်မှားကြတာက ကောလဟာလကြောင့်လဲဖြစ်နိုင်သလို နောက်သီအိုရီတစ်ခုက ကျွန်တော်တို့စကြာဝဠာကြီးက ‌အပြိုင်ယူနီဗာ့စ်တစ်ခုအဖြစ်ကွဲထွက်သွားပြီး အဖြစ်အပျက်တွေက ကွဲပြားနေရတာပါတဲ့ ကျွန်တော်အခုရေးပြနေတာတွေက ခုဇာတ်ကားရဲ့ plot နဲ့ ဘာမှမဆိုင်ပါဘူး ဇာတ်လမ်းက အရင်ကဆိုးသွမ်းခဲ့တဲ့လူမိုက်ကြီးတစ်ယောက်က မိသားစုနဲ့အေးချမ်းစွာနေထိုင်နေတဲ့အချိန်မှာပဲ အထုပ်တစ်ခုကိုသွားယူဖို့ လူမိုက်ဆရာကြီးတစ်ယောက်က လာခိုင်းစေပါတော့တယ် အဲ့မှာသောက်တလွဲတွေ ပြသနာတွေပေါင်းစုံနဲ့ အဲ့အထုပ်ထဲပါတာက မင်ဒဲလားသက်ရောက်မှုကို သက်သေပြနိုင်မဲ့အရာလားဘာလား စသည်ဖြင့် မရိုးရအောင်ကြည့်ရှုရမှာပါEntertainment ဖြစ်တဲ့ အပစ်အခတ်အက်ရှင်တွေလဲ ပါမယ် ကောင်းဘွိုင်အထာ ကန္တာရထဲ မိုက်ကြရမ်းကြတာတွေလဲပါမဲ့ ဒီဇာတ်ကားလေးက စိတ်အပန်းဖြေကြည့်ရှုဖို့အတွက်တော့ ကောင်းမွန်မှာပါအညွှန်း နဲ့ ဘာသာပြန်ကတော့ Sai Thurein Lynnပဲ ဖြစ်ပါတယ်။Genre..... Action, Thriller Quality…. 1080p | 720p | 480p File size… 1.6GB | 792MB | 343MB Format… ...
movie

Run & Gun (2022)

2022
Kamu Tidak Sendiri (2022) 5.2
Kamu Tidak Sendiri (2022) Kamu Tidek Sendiri (2022)-အင်ဒိုနီးရှားဇာတ်ကားထဲမှာ ဒီကားသဘောအကျဆုံးပဲ ။ အင်ဒိုနီးရှားနိုင်ငံမှာ သဘာဝဘေးအန္တရာယ်ကြောင့် အထူးသဖြင့် ငလျင်၊ ဒါတွေကြောင့် လူတွေထိခိုက်သေဆုံးရတာတွေ ၊ အပျက်အစီးအောက်မှာ ပိတ်မိနေတဲ့သူတွေ ခံစားရတာတွေ ၊ ကိုယ်ချစ်တဲ့သူ တန်ဖိုးထားရတဲ့သူတွေကို မေ့လျော့ပစ်ပယ်မထားသင့်ဘူးဆိုတာတွေ၊ စတာစတာတွေကို အရိုးရှင်းဆုံး ဘာလှည့်ကွက် ဘာဝှက်ကွက်မှမပါပဲ ရိုက်ပြထားတာပါ။ဇာတ်လမ်းက ဓာတ်လှေကားမှာ စပြီးတော့ ဓာတ်လှေကားမှာပဲ ဆုံးသွားတာပါ။ မင်းသားကြီး Ryan Reynolds ရဲ့ Burn ကိုတောင် သွားသတိရမိတယ် အဲ့လောက်တော့ မမွန်းကျပ်ဘူးပေါ့လေ။-ဇာတ်အိမ်ကတော့ မင်းသမီးက ကုမ္ပဏီမှာ အထက်လူကြီးတစ်ယောက်၊မသိတဲ့သူကိုစကားပြောဖို့ဝန်လေးသူ ။ အပေါက်ဆိုးတယ် ဆက်ဆံရေးမကောင်းဘူးလို့ သတ်မှတ်ခံထားရတဲ့သူ။ တစ်နေ့ မနက်ဖြန်အမှီအလုပ်အပြီးသတ်ရမှာဆိုတော့ ညနက်မှအလုပ်ကဆင်းမယ့်အချိန် ဓာတ်လှေကားကနေအဆင်း တစ်လွှာတည်းအလုပ်လုပ်ကြတဲ့ကောင်လေးနဲ့ကြုံ ဓာတ်လှေကားစီးနေတုန်း ငလျင်လှုပ်ရာ ကြုံရဆုံရ လူ့ဘဝကို ဘယ်လိုတွေ ဖြတ်သန်းခဲ့ကြလဲဆိုတာ ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။အညွှန်း နဲ့ ဘာသာပြန်ကတော့ K.Hein ပဲ ဖြစ်ပါတယ်။Genre..... Drama, Thrillee Quality…. 1080p | 720p | ...
movie

Kamu Tidak Sendiri (2022)

2022
I, Challenger (2022) 6.1
I, Challenger (2022) I, Challenger (2022)ဆစ်ဒ် ဆိုတဲ့သတ်လတ်ပိုင်းလူကတော့ သူ့ကိုယ်သူအရှုံးသမားအဖြစ် အပြည့်အဝခံယူထားသူပါ။ အလုပ်ကမရှိ၊ သူ့အလုပ်က စက်ရုပ်နဲ့အစားထိုးခံလိုက်ရလို့အလုပ်ပြုတ်သွားတယ်။ လတ်တလောအလုပ်ကတော့ ဆယ်ကျော်သက်တွေကိုဆေးခြောက်ရောင်းတဲ့အလုပ်။ ဘော်ဒါဆိုတော့လဲ သူနဲ့ဂိမ်းတွဲဆော့နေကျ ၁၆ နှစ်အရွယ်ကောင်လေးတစ်ယောက်ပဲရှိတယ်။ ဆော်ကလဲမရှိ။ သူကလဲကြံရာမရ ပေါက်ကရတွေအကုန်လုပ်တဲ့သူပါ။ Tinder ကနေလဲ သကြားမေမေရှာကြည့်သေးတယ်။ မအိုကေ။ ထီတွေဆိုတာလဲ လတိုင်းထိုးတာ။နောက်ဆုံးတော့ ကံကောင်းခြင်းရဖို့ ဂူဂဲလ်မှာရှာရင်း ရုရှားကဗီဒီယိုတွေကိုသွားတွေ့တယ်။ ရုရှားကလူတွေက သူတို့ကိုယ်သူတို့၂၄ နာရီကြာ အခေါင်းထဲထည့်မြှပ်နှံပြီး ကံကောင်းခြင်းကိုရသွားကြတယ်တဲ့။ အခေါင်းထဲကပြန်ထွက်လာတာနဲ့ အလုပ်တွေအချစ်ရေးတွေအရာရာမှာကံကောင်းလာတယ်။ သေချာတာပေါ့ ဆစ်ဒ်ကလဲ သူ့တစ်ဦးတည်းသော သူငယ်ချင်းကောင်လေးရဲ့ အကူအညီကိုယူပြီး သူ့ကိုယ်သူ ၂၄ နာရီကြာ မြှုပ်နှံဖို့ ကြိုးစားလိုက်ချိန်မှာ ဘာတွေဆက်ဖြစ်မလဲဆိုတာ ကြည့်လိုက်ကြပါဦး။အညွှန်း နဲ့ ဘာသာပြန်ကတော့ Rashida ပဲ ဖြစ်ပါတယ်။Genre.....Comedy Quality…. 1080p | 720p | 480p File size… 1.6GB | 767MB | 373MB Format… mp4 Duration…. 1h 38min Subtitle…. Myanmar Subtitle (Hardsub) Translator ..... ...
movie

I, Challenger (2022)

2022
A True Scary Story: Summer Special Edition (2022)
A True Scary Story: Summer Special Edition (2022) A True Scary Story : Summer Special Edition (2022) ------------------------------------------------------- သရဲကားအရှည်ကြီးတွေထက် သရဲကားအတိုလေးတွေကြည့်ရတာကြိုက်တဲ့ ပရိသတ်တွေအတွက် ကိုယ်တွေ့ဖြစ်ရပ်မှန် သရဲဇာတ်လမ်းတိုလေးတွေကို ပြန်ပြောပြတဲ့ ဂျပန်အစီအစဥ်ကနေ ကောင်းနိုးရာရာဇာတ်လမ်းတွေကို စုထုတ်ထားတဲ့ကားပါ။ရှိုးကနေ ပြောပြတဲ့ဇာတ်လမ်းတွေကို စုစည်းထားတာမလို့ တစ်ချို့နေရာတွေမှာ အဆက်အစပ်မရှိတဲ့ကြားဖြတ်ဇာတ်လမ်းတွေလည်းပါပေမယ့် စိတ်ရှည်သည်းခံပြီး ကျော်သာကြည့်လိုက်ကြပါလို့။တစ်ခုရှိတာက ဒီကားကသာမန်သရဲကားမဟုတ်ဘဲ ရှိုးကိုပေးပို့လာတဲ့ ကိုယ်တွေ့ဖြစ်ရပ်မှန်သရဲအကြောင်းကို ပြောပြနေတာမလို့ Narrator အပေါ်မူတည်ပြီး မတင်မကျဇာတ်သိမ်းတွေ တစ်ချို့ဟာတွေကျ ဘာမှနားမလည်လိုက်သိဘဲ ပြီးသွားတာမျိုးလည်း ရှိနိုင်ပါတယ်။ ပါးစပ်ရာဇဝင်သရဲဇာတ်လမ်းတွေနဲ့ အလကားနေဖြဲခြောက်တဲ့သရဲအကြောင်းတွေလည်း အများကြီးပါပေမယ့် အပျင်းပြေကြည့်လို့တော့ရပါတယ်။အညွှနိး နဲ့ ဘာသာပြန်ကတော့ Moe Pwint Phyu ပဲ ဖြစ်ပါတယ်။Genre..... Horror Quality…. 1080p | 720p | 480p File size… 1.43GB | 633MB | 311MB Format… mp4 Duration…. 1h 55min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Moe ...
movie

A True Scary Story: Summer Special Edition (2022)

2022
The Whale (2022) 7.9
The Whale (2022) The Whale (2022)~ IMDb - 7.9/10, RT - 65%, Meta - 60% ~Directed By "Darren Aronofsky"ဖြစ်စေချင်ဝာာကတော့ ဘာမှဆက်ဖတ်မနေပါနဲ့။ ဒီတိုင်းသာ ကောက်ကြည့်လိုက်ပါ။ ပေါင်၆၀၀လူဝကြီးတစ်ယောက်က အသည်းကို ဖင်ခုထိုင်ပြီး တစ်စစီခွဲပစ်မယ့် ရုပ်ရှင်ပါပဲ။ "ဝေလငါး ( သို့ ) ဝမ်းနည်းခြင်းအက်ဆေး"ကမ္ဘာကြီးက လူ၀ကြီးကို ထမ်းထားတယ်လို့ စကားဦးပျိုးလိုက်ရင် မှန်ပါ့မလား။ ဟင့်အင်း... မမှန်တာ သေချာတယ်။ ကမ္ဘာကြီးက လူ၀ကြီးကို ထမ်းထားတယ်ထင်ရပေမဲ့ တကယ်တမ်းကျ လူဝကြီးက ကမ္ဘာကြီးကို ထမ်းထားခဲ့တယ်။ လူဝကြီးအကြောင်းပြောပြရရင် လူဝကြီးက အလေးချိန် ပေါင်၆၀၀ရှိတယ်။ ဇနီးဟောင်းတစ်ယောက်၊ သမီးတစ်ယောက်၊ သူငယ်ချင်းတစ်ယောက်ရှိတယ်။ လူဝကြီးမှာ ကောင်လေးတစ်ယောက်ရှိခဲ့ပေမဲ့ အခုတော့ မရှိတော့ဘူး။ လူဝကြီးစကားအရတော့ အဲဒါကြောင့်ပဲ သူ့ကိုယ်အလေးချိန် တက်လာခဲ့တယ်တဲ့။ လူဝကြီးရဲ့ အ၀လွန်နေတဲ့ကိုယ်ပေါ်မှာ ဖက်ခွက်နာ၊ ...
movie

The Whale (2022)

2022
Grotesque (2022) 4.5
Grotesque (2022) Grotesque (2022) =============သူ(မ)ရဲ့ကြီးမားတဲ့နှာခေါင်းကြောင့် ငယ်စဉ်ကတည်းက လူတွေရဲ့လှောင်ပြောင်ခြင်းကိုခံခဲ့ရတဲ့ မစ်ဒရစ်မော်ရာ၊ အစ်မဖြစ်သူကိုယ်တိုင်က နှာခေါင်းကြောင့် သတို့သမီး ၏အရံလုပ်ဖို့ ငြင်းဆန်သောအခါ သူ့ကိုယ်သူပြုပြင် မယ်ဆိုပြီး ပလတ်စတစ်ဆာဂျရီလုပ်ဖို့ကြိုးစားရာမှ မတော်တဆမှုတွေပေါ်ပေါက်လာပါ‌တယ်။အားကိုးရာမဲ့‌နေတဲ့သူဟာ အစ်မဖြစ်သူကို အကူအညီ တောင်းသော်လည်း အစ်မဖြစ်သူကငြင်းဆန်လိုက်သော အခါ စိတ်ဒဏ်ရာတွေနဲ့မစ်ဒရစ်တစ်ယောက် သူကိုအနိုင် ကျင့်သူတွေကို တစ်ယောက်ပြီးတစ်ယောက်လက်စား ချေရင်းနဲ့ ဘာတွေဆက်ဖြစ်လာမလဲဆိုတာသည်းထိပ် ရင်ဖို ကြည့်ရှုရမယ့် ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူ ကတော့ Eunice ဖြစ်ပါတယ်)File Size..........(1.31 GB) / (669 MB) / (424 MB) Quality............WEB-RIP 1080p / 720p / 480P Duration.........1Hr 23Mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Horror Translator.......Eunice Encoder..........SWM
movie

Grotesque (2022)

2022
Attachment (2022) 5.8
Attachment (2022) Attachment (2022) =============== IMDb Rating - 5.8/10လီယာနဲ့မာယာဆိုတဲ့ ကောင်မလေးနှစ်ယောက်ဟာ အမှတ်မထင် တွေ့ရာကစလို့ စိတ်ချင်းထပ်တူကျပြီး ချစ်သူအဆင့်ထိရောက်သွား ကြပါလေရော။ လီယာ့အိမ်ကို မာယာလိုက်သွားရင်း ယောက္ခမဖြစ် သူနဲ့ ဆုံလိုက်ရတာပေါ့။ လီယာ့အမေဟာ ဘာသာရေးစွဲမိသားစုက မွေးဖွားလာတာမဟုတ်ပေမယ့် ဘာသာရေးစွဲခင်ပွန်းနဲ့ အကြောင်း ပါပြီးနောက်မှာတော့ သူပါအကျင့်ကူးသွားခဲ့သူတစ်ယောက်ပါ။ နောက်ပြီး သူ့ခင်ပွန်းက ရုတ်တရက်ဆိုသလို သူတို့သားအမိကို အကြောင်းပြချက်မရှိပစ်သွားပါတယ်။ ဒါကတော့ လီယာ့သိထားတဲ့ သူ့မိဘတွေရဲ့ဇာတ်လမ်းပေါ့။လီယာ့အမေက တစ်ဦးတည်းသောသမီးကို မျက်စိအောက်ကအပျောက် မခံ ရင်အုပ်မကွာစောင့်ရှောက်တတ်တဲ့ မိခင်တစ်ယောက်ပါ။ မာယာက တော့ သူ့ယောက္ခမကြီးရဲ့ ထူးထူးဆန်းဆန်းအပြုအမူတွေကြောင့် ယဉ် ယဉ်လေးရူးနေတယ်လို့ ထင်နေပါပြီ။ ဒါကြောင့် ဘာသာရေးရူး ရူးပြီး ကိုယ့်သမီးကိုယ်အန္တရာယ်ပြန်ပေးမယ့် ယောက္ခမဖြစ်သူလက်ကနေ သူ့ချစ်သူလီယာ့ကို ကယ်ထုတ်ဖို့ကြိုးစားပေမယ့် နောက်ဆုံးမှာ သူသိ လိုက်ရတဲ့အမှန်တရားဟာ.........။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Ngwe Zin ဖြစ်ပါတယ်)File Size..........(1.85 GB) / (553 MB) / (357 MB) Quality............WEB-RIP 1080p / 720p / 480P Duration.........1Hr 37Mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Comedy, Horror, Romance Translator.......Ngwe Zin Encoder..........SWM
movie

Attachment (2022)

2022
Just Say Yes (2022) 4.5
Just Say Yes (2022) Just Say Yes (2022) ===============လမ်းခွဲခံရဖူးတဲ့သူတွေ ရှိကြမှာပါ။ တချို့တွေက မက်ဆေ့ချ်တစ်စောင်နဲ့ လမ်းခွဲခံရမယ်။ တချို့ကတော့ ဖုန်းထဲမှာပဲ လမ်းခွဲခံရမယ်။ တချို့ကတော့ လူကိုယ်တိုင် စသည်ဖြင့် မျိုးစုံပဲပေါ့။ဒီဇာတ်လမ်းထဲက လော့တာဆိုတဲ့ producerမလေးကတော့ တီဗီမှာ တိုက် ရိုက်ထုတ်လွှင့်နေတုန်းမှာပဲ သူနဲ့စေ့စပ်ထားတဲ့ ချစ်သူဆီက လမ်းခွဲစကား ပြောခံလိုက်ရပါသတဲ့။ ဒီလိုမျိုး တိုင်းသိပြည်သိ ဘဲပစ်ခံလိုက်ရလို့ ကြေကွဲ လူငယ်လေးဖြစ်နေတဲ့လော့တာက သူ့လိုမျိုး producerတစ်ယောက်ဖြစ်တဲ့ ခရစ်နဲ့အတူ သူ့ဘဲပြန်လာအောင် လုပ်ဖို့ စီစဉ်ကြပါတော့တယ်။ဒီလိုစီစဉ်ရင်းမှာပဲ လော့တာတစ်ယောက် ဘာတွေကြုံတွေ့ရမလဲ ကောင်း တာတွေဖြစ်လာမလား အဆိုးတွေနဲ့ပဲတွေ့ရမလားဆိုတာကို ရိုက်ကူးထားတဲ့ ပေါ့ပေါ့ပါးပါး Comedy, Romance ကားလေးကို ကြည့်ရှုလိုက်ကြပါဦး။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ EL ဖြစ် ပါတယ်)File Size..........(1.85 GB) / (753 MB) / (461 MB) Quality............WEB-DL 1080p / 720p / 480P Duration.........1Hr 37Mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Comedy, Romance Translator.......EL Encoder..........SWM
movie

Just Say Yes (2022)

2022
Rimini (2022) 7
Rimini (2022) Rimini (2022)~ IMDb - 7/10, RT - 94%, Meta - 81% ~အခုမိတ်ဆက်ပေးမှာကတော့ မနှစ်က ထွက်ခဲ့တဲ့ ဩစတြေးလျကားသစ်လေးတစ်ကားပါ။ ရီမီနီဆိုတာ အီတလီနိုင်ငံက မြို့တစ်မြို့ပေမယ့် ဩစတြေးလျပေါ့ပ်အဆိုတော်ကြီးတစ်ယောက်ကို ဇာတ်အိမ်တည်ပြီး အီတလီ၊ ရိုမေးနီးယား၊ ဂျာမနီ၊ ဩစတြေးလျတို့မှာ ရိုက်ထားတာပါ။ရီချီဘရာဗိုလို့ ခေါ်တဲ့ တစ်ခေတ်တစ်ခါက အောင်မြင်ခဲ့တဲ့ ပေါ့ပ်စတားတစ်ဦးဟာ မှေးမှိန်သွားပြီဖြစ်တဲ့ သူ့အောင်မြင်မှုလေးတွေ လိုက်လံဖမ်းဆုပ်ရင်း သူ့သီချင်းတစ်ချို့ ခေတ်စားနေသေးတဲ့ အီတလီနိုင်ငံ ရီမီနီမြို့မှာ အခြေချဖြစ်ပါတယ်။ ဘဝကို အနိမ့်တကာ့အနိမ့်ဆုံးထိ ကိုယ်တိုင်ထိုးဆင်းပြီး အရက်၊ ဆေးလိပ်၊ (အထူးသဖြင့်) မိန်းမ အပျော်အပါးမှန်သမျှ အကုန်ချပြီး လူမဝင်သလောက်နီးပါး ရုံလေးတွေမှာ ဖျော်ဖြေရင်း မဖြစ်စလောက် ဝင်ငွေလေးနဲ့ ရပ်တည်နေပါတယ်။ဒီလိုမျိုး ဘဝကို စိတ်ကြိုက်ဖြုန်းတီးပြီး ဖြစ်သလိုနေထိုင်နေတဲ့ ရီချီ့ဘဝထဲကို ငယ်ငယ်လေးကတည်းက သူပစ်ထားခဲ့တဲ့ သမီးဖြစ်သူရောက်လာပြီး သူရထိုက်တဲ့ ...
movie

Rimini (2022)

2022
Raana(2022) 8.2
Raana(2022) Raana (2022)==========ကလေးဘ၀ကတည်းက ရဲအရာရှိတစ်ယောက်ဖြစ်ချင်ခဲ့တဲ့ ရာနာဆိုသူရဲ့ စိတ်အားထက်သန်မှုတွေကို အသားပေးရိုက်ကူးထားတဲ့ Raana ဆိုတဲ့ ဇာတ်ကားလေးနဲ့ မိတ်ဆက်ပေးပါရစေ။ဖခင်ဖြစ်သူရဲဲ့ နောက်ဆုံးဆန္ဒ တဖြစ်လည်း အမေနဲ့ သူငယ်ချင်းတွေရဲ့ ပံ့ပိုးမှုနဲ့အတူ ရဲတစ်ယောက် မဖြစ်ဖြစ်အောင်ကြိုးစားနေတဲ့ ရာနာ တစ်ယောက်........သူတို့မြို့မှာ ဘယ်သူမှမယှဉ်ရဲလောက်အောင်ကို အင်အားကြီးတဲ့ ကာပါလီဆိုသူ လူမိုက်တစ်ယောက်ကြီးစိုးနေချိန်..............တစ်ရက်မှာတော့ လူမသိသူမသိ လုပ်ကြံခံလိုက်ရတဲ့အခါ ကာပါလီနဲ့အငြိုးတွေရှိဖူးတဲ့ ရာနာဆီကို သံသယတွေပုံကျလာပါတော့တယ်။ရာနာဟာ ရဲသင်တန်းဆင်းပြီး တရား၀င်ရဲတစ်ယောက်ဖြစ်ဖို့ အမှုအခင်းကင်းရှင်းအောင် နေနေရတဲ့သူဖြစ်ပြီးချစ်သူနဲ့နှစ်ယောက်တစ်ဘ၀နေနိုင်ဖို့ကြိုးစားရင်း ဘ၀ကြီးကသာယာအေးချမ်းနေပေမယ့်အခုလိုစွပ်စွဲချက်တွေကြုံလာရတဲ့နောက် တရားခံအဖြစ်ကနေ လွတ်မြောက်ဖို့အတွက် လူသတ်တရားခံအစစ်ကို ဖော်ထုတ်နိုင်ဖို့ ကြိုးပမ်းရပါတော့တယ်။2022 ခုနှစ်ကထွက်ရှိထားပြီး IMDb 8.2 အထိရရှိထားတဲ့ဇာတ်ကားကောင်းဖြစ်တဲ့အတွက် India ဇာတ်ကားကြိုက်သူများဖို့ လက်မလွှတ်သင့်သော ဇာတ်ကားအဖြစ်ညွှန်းဆိုပေးပါရစေ။ File size…1.9GB / 932MB Quality…1080p  WEB DL /720p Format…mp4 Duration….2h Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Haruko & Poe
movie

Raana(2022)

2022
Dos Estaciones (2022) 6.3
Dos Estaciones (2022) Dos Estaciones (2022)~ IMDb - 6.3/10, Rotten Tomatoes - 85% ~မက္ကဆီကန်ဒါရိုက်တာ Juan Pablo ရိုက်တဲ့ ဒီရုပ်ရှင်ဟာ ရုပ်ရှင်ပွဲတော်တွေမှာ ဆုတွေရထားတဲ့ကားဖြစ်ပြီး မက္ကဆီကန်က တက်ကွီလာလုပ်ငန်းရှင် အမျိုးသမီးတစ်ယောက်ရဲ့ လုပ်ငန်းအကြောင်း ဘဝအကြောင်းတွေကို ရိုက်ပြထားတဲ့ ရုပ်ရှင်ပါ။ ဇာတ်ဟာ အချိန်ထက်စာရင် ဇာတ်အိမ်တော်တော်ကျဉ်းတယ်လို့ ပြောရမယ့်ဇာတ်ပေမဲ့ ဒါရိုက်တာဟာ သူပြချင်တာကိုတော့ သူအရပြသွားခဲ့ပါတယ်။ လူတွေအကြောင်းနည်းနည်း နေရာအကြောင်းနည်းနည်းနဲ့ နိုင်ငံခြားလုပ်ငန်းရှင်တွေ သူများပြည်ထဲ ချဉ်းနင်းဝင်ရောက်ပြီး အမြတ်ထုတ်ဖို့ကြိုးစားရာက ဒေသခံလုပ်ငန်းရှင်တွေ အခက်အခဲရင်ဆိုင်ရပုံတွေကိုလည်း တည့်တိုးတော့မဟုတ်ပေမဲ့ တော်တော်လေး မြင်သာထင်သာရှိအောင်တော့ ပြသွားပါတယ်။ဒီရုပ်ရှင်ရဲ့ထူးခြားချက်ကတော့ ဒီရုပ်ရှင်ဟာ ခင်ဗျားကို ခင်ဗျားသိတောင်မသိတဲ့ နေရာတစ်နေရာကို မိတ်ဆက်ပေးပြီး အဲဒီကလူတွေ သူတို့ရဲ့ဒုက္ခတွေကို မိတ်ဆက်ပေးပေမဲ့ အဲဒီဒုက္ခတွေကို အတုံးလိုက်အတစ်လိုက် ပြတာမဟုတ်ဘဲ ဖော့ဖော့လေးပြသွားရင်း စူးစူးနစ်နစ်ဝင်စေတဲ့ အချက်ပဲ ဖြစ်ပါလိမ့်မယ်။ ကျွန်တော်တို့ဟာ ကာရိုက်တာတွေကိုမြင်ရပါလိမ့်မယ်။ ...
movie

Dos Estaciones (2022)

2022
Lesson in Murder (2022) 6.3
Lesson in Murder (2022) Lesson in Murder (2022)~ IMDb - 6.3/10, MyDramaList - 7.7/10 ~ဂျပန်တွေဟာ မှုခင်း Thriller ကားတွေကို အသက်သွင်းတဲ့နေရာမှာ အာရှရဲ့ ဆရာတစ်ဆူလို့ ဆိုလို့ရပါတယ်။ မနှစ်က အော်စကာရခဲ့တဲ့ ဂျပန်ကားရဲ့ ဒါရိုက်တာ ရူဆုခဲဟမဂုချိရဲ့ဆရာအရင်း Kiyoshi Kurosawa ရဲ့ မှုခင်းကားတွေဆိုလည်း မာစတာပိစ်လို့ဆိုလို့ရတဲ့အထိ တန်းမြင့်သလို ကူရိုဆာဝါလို လူကိုယ်တိုင်ရိုက်ခဲ့တဲ့ Crime ကားတွေလည်းရှိခဲ့ပါတယ်။ Takeshi Kitano, Sion Sono, Takashi Miike, Tetsuya Nakashima, Shunji Iwai နဲ့ Hirokazu Kore-eda တို့လို လူတွေရိုက်ခဲ့တဲ့ မှုခင်းကားတွေလည်းရှိပြီး ရိုက်သမျှအကုန်ကောင်းတဲ့ ဘဲတွေရိုက်ထားတဲ့ မာစတာပိစ်တွေလည်း မနည်းပါဘူး။ဒီတစ်ခါရုပ်ရှင်ကတော့ အပေါ်ကဒါရိုက်တာတွေရိုက်သလို မာစတာပိစ် မဟုတ်ရင်တောင် တော်တော်လေးမိုက်တဲ့ ဂျပန် မှုခင်းကားပါပဲ။ စိတ္တဇ ...
movie

Lesson in Murder (2022)

2022
November (2022) 6.9
November (2022) November (2022) ============= IMDb Rating - 6.9/10၂၀၁၅ နိုဝင်ဘာသောကြာနေ့မှာပြင်သစ်နိုင်ငံ ပါရီမြို့တော် တစ်ဝှမ်းအကြမ်းဖက်တိုက်ခိုက်မှုတွေဖြစ်ပွားပြီး လူပေါင်း ရာချီသေဆုံးခဲ့ရပါတယ်။အဲ့ဒီတိုက်ခိုက်မှုတွေဟာ ပြင်သစ်နိုင်ငံအတွက် ဒုတိယကမ္ ဘာစစ်ပြီးတဲ့နောက် အပြင်းထန်ဆုံးတိုက်ခိုက်မှုဖြစ်ခဲ့သလို၊ EU အတွက်လည်း ၂၀၀၄ မှာဖြစ်ပွားခဲ့တဲ့ မက်ဒရစ်ရထား ဗုံးဖောက်ခွဲမှုအပြီး လူသေဆုံးမှုအများဆုံးဖြစ်ခဲ့ပါတယ်။ဒီဇာတ်ကားမှာတော့ အဲ့ဒီဖြစ်ရပ်နောက်ကွယ်က လက်သည် တရားခံတွေကိုစုံစမ်းဖော်ထုတ်ကြတဲ့ ပြင်သစ်အကြမ်းဖက် တိုက်ဖျက်ရေးဌာနရဲ့ ငါးရက်တာကာလ လှုပ်ရှားရုန်းကန်ကြိုး စားမှုတွေကို တွေ့မြင်ရမှာဖြစ်ပါတယ်။ ရုံတင်ဝင်ငွေကြမ်းသလို ဝေဖန်ရေးဆရာတွေရဲ့မှတ်ချက်ကောင်းတွေကိုလဲရရှိထားပြီး လာမယ့် César Awards အတွက်လည်း ဆန်ကာတင် ခုနှစ်ဆု ထိဝင်ထားတဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်လို့ ဖြစ်ရပ်မှန် မှုခင်းကြိုက်ပရိသတ်တွေအနေနဲ့လက်လွတ်မခံသင့်တဲ့ ဇာတ် ကားတစ်ကားဖြစ်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Alias ဖြစ်ပါတယ်)File Size..........(1.36 GB) / (555 MB) / (313 MB) Quality............Blu-Ray 1080p / 720p / 480P Duration.........1Hr 40Mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Crime, Drama, Thriller Translator.......Alias Encoder..........SWM
movie

November (2022)

2022
Stay the Night (2022) 6.5
Stay the Night (2022) Stay The Night (2022) ------------------------------------- Introvert တစ်ယောက်ဖြစ်တဲ့အပြင် အချစ်ရေးမှာလည်း သတ်မှတ်ထားတဲ့ စံနှုန်းတွေတအားမြင့်တဲ့ ၂၇ နှစ်အရွယ် HR Adviser ဂရေ့စ်ဟာ အလုပ်မှာရော အချစ်ရေးမှာပါကံခေသူလေးပေါ့။ တစ်နေ့မှာတော့ အလုပ်မှာအဆင်မပြေပါဘူးဆိုနေ ရည်းစားရှုပ်တဲ့ သူ့အခန်းဖော်သူငယ်ချင်းကြောင့် အိမ်ကိုပြန်လို့မရသေးဘဲ ဘာလုပ်ရမှန်းမသိဖြစ်နေတုန်း အသင်းကနေထုတ်ခံရလို့ စိတ်ဓာတ်ကျပြီး ဘားလာထိုင်တဲ့ ကာတာနဲ့တွေ့ပြီးတဲ့နောက်မှာတော့ ပထမဆုံးတွေ့ဖူးတဲ့ လူနှစ်ယောက်က အချင်းချင်းနားလည်ပေးနိုင်ပြီး အပြန်အလှန်ကူညီပေးကြရာကနေ သံယောဇဥ်တွေဖြစ်လာတဲ့အခါမှာတော့...ဂရေ့စ်လည်း သူအမြဲတမ်းစိတ်ကူးယဥ်ခဲ့ရတဲ့ ပြီးပြည့်စုံတဲ့ RS ကို ကာတာနဲ့မှ ဘယ်လိုရှာတွေ့သွားမလဲဆိုတာကို ပေါ့ပေါ့ပါးပါးနဲ့ ကြည့်ရှုခံစားလို့ရမယ့်ဇာတ်ကားလေးပါပဲ။အညွှန်း နဲ့ ဘာသာပြန်ကတော့ Robin ပဲ ဖြစ်ပါတယ်။Genre..... Drama, Romance Quality…. 1080p | 720p | 480p File size… 830MB | 435MB | 224MB Format… mp4 Duration…. 1h 29min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Robin Encoder ..... ...
movie

Stay the Night (2022)

2022
Prison 77 (2022) 7.1
Prison 77 (2022) Prison 77 (2022)~ IMDb - 7.1/10, Rotten Tomatoes - 100% ~ထောင်ဖောက်တဲ့ရုပ်ရှင်ပေမဲ့ ထောင်ဖောက်တဲ့ရုပ်ရှင်မဟုတ်တဲ့ ရုပ်ရှင်ပေါ့။ ၁၉၇၆ကနေ ၁၉၇၈ကြားမှာဖြစ်ခဲ့တာတွေကို ဇာတ်အိမ်တည်ထားတဲ့ ဒီရုပ်ရှင်နာမည်က ထောင်, ၁၉၇၇။ ဒီခုနှစ်တွေက စပိန်သမိုင်းမှာ တော်တော်အရေးပါတဲ့ နှစ်တွေလို့ပြောရမယ်။ ဘာလို့ဆို ၁၉၃၉ကနေ ၁၉၇၅ အထိ စပိန်ကို စစ်အာဏာရှင်စနစ်နဲ့ အုပ်ချုပ်သွားတဲ့ ဂျန်နရယ် Francisco Franco ဟာ ၁၉၇၅မှာ သေသွားတယ်။ ဒီနောက် စပိန်ဟာ ဒီမိုကရေစီစနစ်ကို ကူးပြောင်းပြီး တိုင်းပြည်ကို အသစ်က ပြန်တည်ဆောက်ခဲ့တယ်။ ဆိုတော့ ဒီကာလတွေဟာ စပိန် ဒီမိုကရေစီရဲ့ အရေးအပါဆုံး ကာလတွေလို့ပြောရင် မမှားဘူး။တိုင်းပြည်ကြီးက အကြီးအကျယ်ပြောင်းလဲနေတဲ့ကာလမှာ ထောင်ထဲမှာ ဖိနှိပ်ချုပ်ချယ်ခံနေရတဲ့ လူတွေကလည်း တိုင်းပြည်ကြီး အသစ်ကပြန်စသလို သူတို့ကိုလည်း လွတ်ငြိမ်းချမ်းသာခွင့်ပေးပြီး အသစ်က ပြန်စခွင့်ပြုသင့်တယ်လို့ ...
movie

Prison 77 (2022)

2022
Gaalodu(2022) 7.2
Gaalodu(2022) Gaalodu (2022) IMDb 7.3/10 (2K)အခုတစ်ခါမှာတော့ တေလဂူကားကောင်းလေးတစ်ကားကို တင်ဆက်ပေးပါ့မယ်။ရာဂျူးဟာ ခပ်မိုက်မိုက်နေတတ်ပြီး သူမှန်တယ်ထင်ရင် ဘယ်သူ့ကိုမှလည်း ဂရုမစိုက်သလို သူ မလုပ်ရဲတာလည်း ဘာမှမရှိပါဘူး။ဇာတ်လမ်းအစမှာ ရာဂျူးဟာ လူသတ်မှုနဲ့ထောင်ကျနေခဲ့ပါတယ်။ ထောင်ကျတာ တစ်ရက်တောင်မရှိသေးဘူး ရဲအရာရှိကို ရိုက်လွှတ်လိုက်ပါတယ်။ ဒီလိုနဲ့ ထောင်တွင်း နာမည်ကြီးသွားပြီး ထောင်သားတွေ လေးစားရတဲ့သူတစ်ယောက်ဖြစ်လာခဲ့ပါတယ်။ငယ်ငယ်ရွယ်ရွယ်နဲ့ လူသတ်ပြီး ထောင်ကျခဲ့ရတဲ့ ဒီလိုလူအတွက်အချစ်နဲ့စစ်ရဲ့ အဓိပ္ပါယ်သတ်မှတ်ချက်တွေဟာ ဘယ်လိုဖြစ်နေမလဲ ဆိုတာကတော့....။ သူထောင်သားတွေကို ပြောပြမယ့် နောက်ကြောင်းနဲ့အတူ ထပ်မံကြည့်ရှုပေးပါဦးနော်။ File size…1.94GB / 937MB Quality…1080p TRUE WEB DL /720p Format…mp4 Duration….2h 5m Subtitle….Myanmar Subtitle(Hard Sub) Encoder….YK Translated by Khin Khin~BpL~Taylor
movie

Gaalodu(2022)

2022