Channel Myanmar

Baotong Wang

Desperado ( 2024 ) 6
Desperado ( 2024 ) ခွေးထိရင်ဓားကြည့်ဆိုတဲ့ John Wickကြီးလိုပဲ သမီးထိရင်မီးပွင့်သွားမယ်ဆိုတဲ့ အထူးအေးဂျင့်ဟောင်းကြီးတစ်ယောက် လက်ဗလာနဲ့ လူဆိုးအုပ်ကြားမှာကြမ်းတဲ့ အက်ရှင်ကားကောင်းလေးတင်ဆက်ပေးလိုက်ပါပြီ။ဇာတ်လမ်းအကျဉ်းကတော့ အရမ်းကိုထူးချွန်တဲ့အထူးအေးဂျင့်ဟောင်းကြီးတစ်ယောက်က ဇာတ်မြှုပ်ပြီးတော့ လုံခြုံရေးကုမ္ပဏီလေးဖွင့်ပြီး ဘဝကိုရိုးရိုးရှင်းရှင်းဖြတ်သန်းနေချိန်မှာ မင်းသားကသူ့ဟာသူနေပေမယ့် ပြဿနာကသူ့ဟာသူမနေပဲ တံခါးဝထိရောက်လာပါတယ်။ ဒီလိုနဲ့သူကမိသားစုကိုဆုံးရှုံးလိုက်ရပြီးတော့ ထောင်(၉)နှစ်ကျသွားပါတယ်။ထောင်ကထွက်လာတဲ့အချိန်မှာ သူ့ရဲ့မိသားစုကိုဖျက်ဆီးခဲ့တဲ့သူကို လိုက်ရှာတော့တာပေါ့။ သဲလွန်စတွေရဲ့အချိတ်အဆက်တစ်ခုဖြစ်တဲ့ ကလေးမလေးတစ်ယောက်ကို သမီးအရင်းလိုသဘောထားပြီးကာကွယ်ပေးရင်း သူ့ရဲ့ရန်ငြိုးကိုလက်စားချေဖို့ကြိုးစားတော့တာပေါ့။ လူကြမ်းကြီးတစ်ဖြည်းဖြည်းနဲ့ အဖြစ်မှန်အမှုကိုဖော်သွားတာကို ကြမ်းကြမ်းရမ်းရမ်းအက်ရှင်တွေနဲ့ ခံစားကြည့်လိုက်ပါနော်...... Quality : WEB-DL 1080p , 720p Format : mp4 Genres : Action , Drama , Crime Runtime : 1h 40 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK  
movie

Desperado ( 2024 )

Bloody Border ( 2023 ) 5.9
Bloody Border ( 2023 ) မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားရေး တရားမဝင်လက်နက်ကိုင် အဖွဲ့အစည်းတစ်ခုကို နှိမ်နင်းရင်း မိမိအတွက် အသက်ပေးသွားသော ရဲဘော် ချန်တုန်းအတွက် ယူကျုံးမရဖြစ်နေရသူ - အထူးရဲတပ်ဖွဲ့ခေါင်းဆောင် လုံကျန့်အဲဒီ စစ်ဆင်ရေးအတွင်းမှာ မိမိရဲ့အခင်မင်ရဆုံး ရဲဘော်ဆုံးရှုံးသွားရတဲ့အပြင် ကိုယ်တိုင်ကလဲ စည်းကမ်းဖောက်ဖျက်ခဲ့မိတာကြောင့် ရဲတပ်ဖွဲ့ကနေပြီး လုံကျန့်ဟာ အထုတ်ခံလိုက်ရပါတော့တယ် ။ နောက်မှာတော့ ရဲဘော်ချန်တုန်းရဲ့ နောက်ဆုံးဆန္ဒဖြစ်တဲ့ ရွာမှာကျန်နေခဲ့တဲ့မိခင်ကြီးကို စောင့်ရှောက်ချင်တဲ့ ဆန္ဒလေးကို ဖြည့်စည်းပေးဖို့အတွက် လုံကျန့်ဟာ ချန်တုန်းရဲ့ မိခင်ကြီးရှိတာ ရွာကလေးဆီကို ရောက်ရှိလာခဲ့ပါတော့တယ် ။ချန်တုန်း တစ်ယောက် ရဲတပ်ဖွဲ့ကနေပြီး ထုတ်ခံရတဲ့ သတင်းကိုကြားတဲ့အခါမှာ မူ းယစ်ဆေးဝါးဒုစရိုက်ဂိုဏ်းခေါင်းဆောင်ဟာ လုံကျန့်ကို သူနဲ့ အတူတူပူးပေါင်းဖို့ လာရောက်ခေါ်ဆောင်လာခဲ့ပါတော့တယ် ။ အမှန်တရားအတွက်ဆို သေတဲ့အထိ တိုက်ပွဲဝင်မယ်လို့ ကျုံးဝါးသစ္စာဆိုထားတဲ့ လုံကျန့်တစ်ယောက် ဒုစရိုက်ဂိုဏ်းရဲ့ ဖိအားပေးမှုတွေကို ပြန်လည်ကြုံတွေ့လာရတဲ့အခါမှာ -❏ သူဘယ်လို ရင်ဆိုင်ဖြေရှင်းသွားမှာလဲ ? ❏ မိမိအတွက် အသက်ပေးသွားတဲ့ ချန်တုန်းအစား မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားရေး တရားမဝင်လက်နက်ကိုင် အဖွဲ့အစည်းကို လက်ရဖမ်းဆီးပေးနိုင်ပါ့မလား ?❏ သွေးနဲ့ရင်းကာ အသက်ပေးသွားကြတဲ့ သူတွေအတွက် လုံကျန့်တစ်ယောက် ဘယ်လိုလက်စားချေပြီး အမှန်တရားကို ...
movie

Bloody Border ( 2023 )

The Guqin Requiem ( 2023 ) 6
The Guqin Requiem ( 2023 ) CM ရဲ့ ပရိသတ်တွေအတွက် The Guqin Requiem ဆိုတဲ့ သိုင်းကားလေး တစ်ကားကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့-သိုင်းလောကမှ ကျိုရှောင်းစောင်းကို ရရှိသူက သိုင်းလောကတစ်ခုလုံးကို အုပ်ချုပ်နိုင်မယ်ဆိုတဲ့ ဒဏ္ဍာရီတစ်ခုက စပါတယ်။ ထိုစောင်းကို လုယူနေကြတဲ့အချိန်မှာ လောကသားတွေက သူသေကိုယ်သေ တိုက်ခိုက်ခဲ့ကြပါတယ်။နောက်ဆုံးမှာ စစ်သူကြီးဝေ့ချီချိုးရှန်းက ရရှိခဲ့ပြီး ဖုန်းယွဲတိုင်းပြည်ကို ယူဆောင်သွားခဲ့ပါတယ်။ ထိုနောက် ကျိုရှောင်းစောင်းကို ဖုန်းယွဲတိုင်းပြည်ရဲ့ ရတနာအဖြစ်သတ်မှတ်ခဲ့ပြီး သိုင်းလောကလဲ ခဏတာ ငြိမ်းချမ်းသွားခဲ့ပါတယ်။ဒါပေမဲ့ တိုင်းပြည်ရတနာကို လိုချင်မှုကြောင့် အိမ်နီးချင်းနိုင်ငံမှ ဖုန်းယွဲတိုင်းပြည်ကို စစ်ခင်းခဲ့ပါတော့တယ်။ ဝေ့ချီချိုးရှန်းနဲ့ လျန်းရီးတိုက တိုင်းသူပြည်သားတွေ ဒုက္ခရောက်နေတာကို မကြည့်ရက်သဖြင့် ရန်သူကို အသက်ပေးတိုက်ခိုက်ပြီး တိုင်းပြည်ကို ကာကွယ်ခဲ့ပါတယ်။ ကျိုရှောင်းစောင်းလဲ ထိုနောက် ပျောက်ကွယ်သွားတော့တယ်။၁၇ နှစ်ကြာပြီးနောက် ဖုန်းယွဲတိုင်းပြည် ချင်းဟိုင်ယန့်တွင် လျှိဝှက်တဲ့ ချင်းနန်ဖန်သခင်က သိုင်းလောကထဲမှ လူတော်တွေကို ဂီတစမ်းသပ်ပွဲသို ဖိတ်ခေါ်ခဲ့ပါတယ်။ လျှိဝှက်ပြီးထူးခြားတဲ့ မိန်းကလေး လင်ကျွင်းနဲ့ ရုပ်ရည်ချောမောတဲ့ ဂီတပညာရှင်လင်လွင်တို့ တစ်ချိန်တည်း မြိုအဝင်ဝမှာ ဆုံတွေ့ခဲ့ပြီး အထင်လွှဲမှုတွေ ဖြစ်ခဲ့ပါတယ်။ လင်ကျွင်းရဲ့ အိတ်ထဲကနေ ကျိုရှောင်းစောင်းကြီး ထွက်လာတဲ့အခါ ......သူတိုနှစ်ယောက် ဂီတပွဲတော်သွားတဲ့ လမ်းတစ်လျှောက် ဖြောင့်ဖြူးအဆင်ပြေပါ့မလား ...... ကျိုရှောင်းစောင်းကို ...
movie

The Guqin Requiem ( 2023 )