Channel Myanmar

Bloody Border ( 2023 )

1h 23 min ActionCrime

5.9
IMDB: 5.9/10 2652 votes

, , , ,

China

236357

Report error

မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားရေး တရားမဝင်လက်နက်ကိုင်
အဖွဲ့အစည်းတစ်ခုကို နှိမ်နင်းရင်း မိမိအတွက် အသက်ပေးသွားသော
ရဲဘော် ချန်တုန်းအတွက် ယူကျုံးမရဖြစ်နေရသူ – အထူးရဲတပ်ဖွဲ့ခေါင်းဆောင် လုံကျန့်

အဲဒီ စစ်ဆင်ရေးအတွင်းမှာ မိမိရဲ့အခင်မင်ရဆုံး ရဲဘော်ဆုံးရှုံးသွားရတဲ့အပြင်
ကိုယ်တိုင်ကလဲ စည်းကမ်းဖောက်ဖျက်ခဲ့မိတာကြောင့် ရဲတပ်ဖွဲ့ကနေပြီး
လုံကျန့်ဟာ အထုတ်ခံလိုက်ရပါတော့တယ် ။ နောက်မှာတော့
ရဲဘော်ချန်တုန်းရဲ့ နောက်ဆုံးဆန္ဒဖြစ်တဲ့ ရွာမှာကျန်နေခဲ့တဲ့မိခင်ကြီးကို
စောင့်ရှောက်ချင်တဲ့ ဆန္ဒလေးကို ဖြည့်စည်းပေးဖို့အတွက်
လုံကျန့်ဟာ ချန်တုန်းရဲ့ မိခင်ကြီးရှိတာ ရွာကလေးဆီကို ရောက်ရှိလာခဲ့ပါတော့တယ် ။

ချန်တုန်း တစ်ယောက် ရဲတပ်ဖွဲ့ကနေပြီး ထုတ်ခံရတဲ့ သတင်းကိုကြားတဲ့အခါမှာ မူ
းယစ်ဆေးဝါးဒုစရိုက်ဂိုဏ်းခေါင်းဆောင်ဟာ လုံကျန့်ကို သူနဲ့ အတူတူပူးပေါင်းဖို့
လာရောက်ခေါ်ဆောင်လာခဲ့ပါတော့တယ် ။ အမှန်တရားအတွက်ဆို
သေတဲ့အထိ တိုက်ပွဲဝင်မယ်လို့ ကျုံးဝါးသစ္စာဆိုထားတဲ့
လုံကျန့်တစ်ယောက် ဒုစရိုက်ဂိုဏ်းရဲ့ ဖိအားပေးမှုတွေကို ပြန်လည်ကြုံတွေ့လာရတဲ့အခါမှာ –

❏ သူဘယ်လို ရင်ဆိုင်ဖြေရှင်းသွားမှာလဲ ?
❏ မိမိအတွက် အသက်ပေးသွားတဲ့ ချန်တုန်းအစား မူးယစ်ဆေးဝါး
ရောင်းဝယ်ဖောက်ကားရေး တရားမဝင်လက်နက်ကိုင် အဖွဲ့အစည်းကို လက်ရဖမ်းဆီးပေးနိုင်ပါ့မလား ?

❏ သွေးနဲ့ရင်းကာ အသက်ပေးသွားကြတဲ့ သူတွေအတွက် လုံကျန့်တစ်ယောက်
ဘယ်လိုလက်စားချေပြီး အမှန်တရားကို ပုံဖော်သွားမလဲဆိုတာ ?
ဒီရုပ်ရှင်ဇာတ်ကားကောင်းလေးကို အခုပဲကြည့်ရှူလိုက်ရအောင်ပါ။

[Reviewed By Chit Mya Mya Hmwe]

Quality : WEB-DL 1080p , 480p
Format : mp4
Genres : Action , Crime
Runtime : 1h 23 min
Subtitle : Myanmar Subtitle ( Hardsub )
Translated by CM Team
Encoded by LK



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

Bloody Border ( 2023 )


No downloads available

Genres



Related movies