Channel Myanmar

Bess Flowers

Gilda (1946) 7.6
Gilda (1946) Gilda (1946)~ IMDb - 7.6/10, Rotten Tomatoes - 90% ~အကောင်းတကာ့ အကောင်းဆုံးဆိုတဲ့ The Shawshank Redemption ဆိုတဲ့ ထောင်ဖောက်ဇာတ်ကားကို လူကြီးမင်းတို့ အပြန်ပြန်အလှန်လှန် ကြည့်ဖူးကြမယ်ဆိုရင်ပေါ့ဗျာ။ အဲဒီဇာတ်ကားထဲမှာ မိန်းမပျိုလေးတစ်ယောက်က အန်ဒီဆိုတဲ့ ဘူမိဗေဒသမားလေးကို ထောင်ဖောက်ဖို့ ကူညီပေးခဲ့တာ အမှတ်ရမိကြမှာပါ။အန်ဒီရဲ့ အခန်းနံရံက သူတူးထားတဲ့ လိုဏ်ခေါင်းပေါက်ကို အပြုံးလေးနဲ့ ကွယ်ပေးထားတဲ့ မင်းသမီးပိုစတာလေးကို ပြောတာပါလေ။ အဲဒီမင်းသမီးလေးက Rita Hayworth တဲ့။ထောင်မင်းသားတွေကို ရုပ်ရှင်ပြကြတော့ Gilda ဆိုတဲ့ဇာတ်ကားကို အထပ်ထပ် အခါခါ ပြခဲ့ကြတာပေါ့။ မင်းသမီးလေး Rita Hayworth က Gilda ဆိုတဲ့ ကောင်မလေးအဖြစ်နဲ့ ဆံနွယ်လေးတွေကို ဝဲခနဲ ခါလိုက်တဲ့အခါမှာ ထောင်မင်းသား ပရိသတ် ဝေါခနဲ ဖြစ်သွားရတာပေါ့။Red ကတော့ တဖွဖွပြောလေရဲ့။ သူ့ရဲ့ဆံနွယ်လေးတွေ ...
movie

Gilda (1946)

1946
Vertigo(1958) 8.5
Vertigo(1958) Vertigo(1958)IMDb...8.3,,,,,Rotten.....95%(unicode)Vertigo 1958 ဒီရုပ်ရှင်ဟာ အမြင့်ဆုံး IMDb မှတ်တမ်းဝင်ခဲ့သလို အော်စကာ ဆန်ကာတင် (၂)ဆု အခြားဆု(၈)ဆုလည်းရရှိခဲ့ပါတယ်....Psycho 1960 ကို တင်ခဲ့ပြီးဖြစ်ပါတယ်....ဒါရိုက်တာ Alfred Hitchcock ရဲ့ လက်ရာဖြစ်တဲ့ Psycho ကားကို ကြည့်ဖူးတဲ့သူတွေ သဘောကျမယ်ထင်ပါတယ်...ဒါရိုက်တာတွေဟာ ဟန်တစ်မျိုးစီ ရှိကြလေတော့ ဘယ်ဒါရိုက်တာရင် ဘယ်လိုပုံစံမျိုးဖြစ်နိုင်တယ် ..ဆိုပြီး မှန်းတတ်မိကြပါတယ်...ဒီ Vertigo ရုပ်ရှင်ဇာတ်ကားဟာ လည်း သူ့လက်ရာပဲဖြစ်ပါတယ်..စုံထောက်ဟောင်းတစ်ယောက်ဟာ အနားယူထားပေမယ့် သူ့မှာ လူမှုရေးပြဿနာလည်း အတော်များပါတယ်.... သို့ပေမယ် သူဟာ သိပ်လှတဲ့မိန်းမတစ်ယောက်ကို တွေ့ပြီး အရမ်းချစ်မိသွားတယ်...အဲ့ဒီမှာ တကယ့် ပြဿနာက စတော့တာပဲ... ကိုင်း ခံစားကြည့်ကြပါဦး... ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Alias ပဲဖြစ်ပါတယ်....(zawgyi)ဒီရုပ်ရှင်ဟာ အမြင့်ဆုံး IMDb မှတ်တမ်းဝင်ခဲ့သလို အော်စကာ ဆန်ကာတင် (၂)ဆု အခြားဆု(၈)ဆုလည်းရရှိခဲ့ပါတယ်....Psycho 1960 ကို တင်ခဲ့ပြီးဖြစ်ပါတယ်....ဒါရိုက်တာ Alfred Hitchcock ရဲ့ လက်ရာဖြစ်တဲ့ Psycho ကားကို ကြည့်ဖူးတဲ့သူတွေ သဘောကျမယ်ထင်ပါတယ်...ဒါရိုက်တာတွေဟာ ဟန်တစ်မျိုးစီ ရှိကြလေတော့ ဘယ်ဒါရိုက်တာရင် ဘယ်လိုပုံစံမျိုးဖြစ်နိုင်တယ် ..ဆိုပြီး မှန်းတတ်မိကြပါတယ်...ဒီ Vertigo ...
movie

Vertigo(1958)

Singin’ in the Rain (1952) 8.3
Singin’ in the Rain (1952) Singing in the Rain (1952) IMDb (8.3) / Rotten Tomatoes (100%) / Metacritic (99%)  ဒီရုပ်ရှင်နာမည်ကို မကြားဖူးကြရင်တောင် Good Morning ပေါင်မုန့်ကြော်ငြာသီချင်းကိုတော့ အားလုံးကြားဖူးကြမှာပါ။ ဟုတ်ပါတယ်၊ အဲ့ဒီသီချင်းဟာ ဒီ Singing in the Rain ရုပ်ရှင်ကနေ ကော်ပီကူးထားတာပါ။ ၁၉၅၂ က ထွက်ရှိခဲ့တဲ့ ဒီရုပ်ရှင်ဟာ ၁၉၂၇ ကာလကို အခြေခံရိုက်ကူးထားတာဖြစ်ပြီး အသံတိတ်ရုပ်ရှင်ကနေ အသံပါဝင်လာတဲ့ရုပ်ရှင်ခေတ်ကို ပြောင်းလဲသွားတဲ့ ဟောလိဝုဒ်ပတ်ဝန်းကျင်အကြောင်းကို အဓိက ရိုက်ကူးပြထားတဲ့ Musical ကားတစ်ကားဖြစ်ပါတယ်။Singing in the Rain ရုပ်ရှင်မှာတော့ အောင်ခြေသိမ်းသဝကနေ နိုင်ငံကျော်မင်းသားကြီးဖြစ်လာတဲ့ ဒွန်လော့ခ်ဝုဒ်နဲ့ နာမည်ကျော်မင်းသမီးကြီး လီနာလာမွန့်၊ ဒွန်ရဲ့အခင်ဆုံးသူငယ်ချင်း ကော့စမိုအပြင် ဒွန်နဲ့လာမွန့်ကြားရောက်ရှိလာတဲ့ ကေသီတို့ ပါဝင်ပါတယ်။ ဟောလိဝုဒ်သရုပ်ဆောင်ကြီးတွေက အသံတိတ်ရုပ်ရှင်ခေတ်တုန်းက စကားပြောချင်ရာပြောပြီး အက်တင်တွေကိုလဲ ...
movie

Singin’ in the Rain (1952)

1952