Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
David Selvas
5.6
The Cuckoo’s Curse (2023)
The Cuckoo's Curse (2023)ဒီတစ်ခေါက်ကတော့ စပိန် Thriller, Mystery ရုပ်ရှင်အလှည့်ပါ။ အားလပ်ရက်ခရီးထွက်ခဲ့တဲ့ မက်နဲ့ ကိုယ်၀န်သည် အန်နာတို့လင်မယား ထူးဆန်းတဲ့အဖြစ်ဆိုးနဲ့ ကြုံတွေ့ရတဲ့ Plot ဖြစ်ပါတယ်။မက်က အာခီတက်တစ်ယောက်ဖြစ်ပြီး အလုပ်ကိုပဲ ဦးစားပေးတဲ့သူပါ။ အန်နာကတော့ သားဖွားဆရာဝန်ဖြစ်ပြီး ကိုယ်တိုင်ကလည်း မကြာခင် မွေးတော့မှာမို့ အလုပ်က အနားယူရင်း အပန်းဖြေခရီးထွက်ဖို့ ပြင်ဆင်ခဲ့ပါတယ်။သူတို့ ခရီးထွက်တဲ့စိတ်ကူးကလည်း အဆန်းပါ။ Website မှာတွေ့တဲ့ ဂျာမန်လူအိုစုံတွဲနဲ့ အိမ်ချင်းလဲပြီး နေဖို့စီစဉ်ထားတာပါတဲ့။ စစရောက်လာချင်းမှာတော့ မက်တို့နေရတဲ့အိမ်ကြီးက ခေတ်မီအသုံးအဆောင်တွေနဲ့ အပျံစားမို့ သဘောအကျကြီးကျနေခဲ့တာပေါ့။ ဒါပေမဲ့ တစ်စတစ်စ မက်က အရင်နဲ့မတူဘဲ သူမဟုတ်သလိုတွေ လုပ်လာတဲ့အခါ... တစ်ဖက်မှာလည်း အန်နာတို့အိမ်မှာနေနေတဲ့ စုံတွဲက ထူးထူးဆန်းဆန်းတွေ လုပ်နေတာကို အိမ်နီးချင်းကမြင်ပြီး အကြောင်းကြားတဲ့အခါ...ဂျာမန်စုံတွဲလိုချင်တာက အိမ်လဲနေဖို့အပြင် ဘယ်လိုရည်ရွယ်ချက်ရှိနေတာလဲ... အကြောင်းစုံသိသွားတဲ့ အန်နာက ဒီကျိန်စာကနေ ဘယ်လိုလွတ်အောင်လုပ်မလဲဆိုတာ... ဆက်လက်ရှုစားပေးကြပါ။(ဒီဇာတ်ကားနဲ့အညွှန်းကို ...
movie
The Cuckoo’s Curse (2023)
2023
8.1
The Invisible Guest (2016)
The Invisible Guest(2016) IMDb...8.1,,,,,,Rotten...67% ဒီဇာတ်ကားရဲ့ ပထမဆုံးအခန်းမှာတင် လူသတ်မှုကျူးလွန်သူလို့စွပ်စွဲခံရတဲ့လူလတ်ပိုင်းအရွယ်ယောင်္ကျားတစ်ယောက်နဲ့ သူငှါးထားတဲ့ အသက်(၅၀)ခန့်အမျိုးသမီးရှေ့နေတစ်ယောက်တို့စကားပြောနေတာကို ခင်ဗျားတို့တွေ့လိမ့်မယ်...သက်သေအထောက်အထားများအရ လူသတ်မှုကျူးလွန်သူလို့ငြင်းလို့မရပေမယ့် ဒီလူကတော့သူလုံးဝမသတ်ကြောင်းကို ရှေ့နေကိုပြောနေတယ်....သူဟာ မိန်းမရှိရက်နဲ့ တခြားမိန်းမနဲ့ငြိစွန်းခဲ့တာကိုသိလို့ ယူရိုတစ်သိန်းပေးရမယ်လို့ချိန်းခြောက်သူရှိတယ်..ငွေတစ်သိန်းယူပြီး ဟော်တယ်တစ်ခုကို သူ့ငြိခဲ့တဲ့ ကောင်မလေးနဲ့အတူလာခဲ့ဖို့အမည်မသိချိန်းခြောက်သူကပြောတယ်...သူနဲ့ အဲ့ဒီမိန်းမ ဟော်တယ်အခန်းတစ်ခုမှာစောင့်နေကြတယ်...အဲ့ဒီမှာ သူ့ကို တစ်ယောက်ယောက်က ခေါင်းကိုရိုက်လိုက်တယ်...၁၅မိနစ်လောက်မေ့သွားပြီးသတိရလာတဲ့အချိန်မှာ သူငြိခဲ့တဲ့မိန်းမက သေနေပြီး ရဲတွေလည်းရောက်လာတဲ့အတွက်ကြောင့်အငြင်းပွားစရာမရှိလူသတ်မှုတရားခံဖြစ်သွားတယ်....ဒီလူ့ရဲ့အပြောကို ရှေ့နေကတော့ ဟာကွက်တွေရှိနေဆဲဖြစ်တယ်လို့ သုံးသပ်ရင်းထိန်ချိန်ခဲ့တဲ့အကြောင်းတွေကိုပြောဖို့ ...အဲ့ဒီလိုပြောမှသာ သူကူညီနိုင်မှာဖြစ်တဲ့အကြောင်းကိုနားချတယ်...အဲ့ဒီနောက်မှာတော့...............ဘယ်သူက သူ့ကို လူတစ်ယောက်လုံးသတ်ပြီးချောက်ချတာလဲ.... လူတစ်ယောက်လုံးသတ်ပြီးချောက်ချရအောင် သူတို့ဘာရန်ငြိုးတွေများရှိလို့လဲ....သူနောက်ဆက်ပြောမယ့် အကြောင်းတွေက ဘာများဖြစ်မလဲ...သူပြောတာတွေကရော တကယ့်အမှန်တရားလား......ဒီကားက နောက်ခံတီးလုံးသံအေးစက်စက်အောက်မှာ flashback ပုံစံနဲ့ တစ်ဆင့်ခြင်းဖြစ်စဉ်တွေပြသွားတယ်....ခင်ဗျားတို့ထင်ထားတာထက် နောက်ဆက်တွဲအရှုတ်တွေရှိတဲ့အပြင်အံ့အားသင့်စရာတွေလည်းအများကြီးပဲ...ဇာတ်အိမ်အုတ်မြစ်ချသွားတာကလည်း တကယ့်ကို ခမ်းနားတယ်.....ကြည့်ရင်းကြည့်ရင်းနဲ့ကို တဖြည်းဖြည်းဘာကိုမှန်းမသိလန့်လာတာလိုလို ... ဒီလိုကြီးဖြစ်သွားရတာလားဆိုပြီးတစ်ဆက်ထဲတွေးရင်းငါဆိုရင်ရောဘယ်လိုလုပ်မလဲ ...စသည်ဖြင့် စ၊ဆုံး ဆွဲဆောင်မှုရှိစွာနဲ့ ခင်ဗျားဟာ ဆက်ပြီးကြည့်ဖြစ်လိမ့်မယ်....စပွိုင်လာလုပ်ရင် ကြည့်ရတာ ပေါ့ပျက်ပျက်ဖြစ်သွားနိုင်လို့ ဒီလောက်နဲ့ တော်ပါရစေ...ဒီကားကြည့်နေစဉ် မိနစ်(၃၅)မိနစ်လောက်ရောက်တာနဲ့ cm ကအညွှန်းက မလွန်ပါဘူးလေဆိုပြီး ...
movie
The Invisible Guest (2016)
2016