Channel Myanmar

Debbie Reynolds

Heaven and Earth (1993) 6.8
Heaven and Earth (1993) Heaven and Earth (1993)အိုလီဗာစတုန်းရဲ့ Vietnam War Trilogy ဟာ နာမည်ကျော် Trilogyတွေထဲ တစ်ခုအပါအဝင်ဖြစ်ခဲ့ပြီး သူ့နာမည်အတိုင်းပဲ အဲဒီသုံးကားဟာ ဇာတ်လမ်းဇာတ်အိမ် ဇာတ်ကောင် လားလားမှမဆိုင်ဘဲ ဗီယက်နမ်စစ်ပွဲကို အခြေပြုထားတာခြင်းပဲ တူနေတဲ့ ၃ကားပါ။ ပထမကားဖြစ်တဲ့ Platoon (1986) ကတော့ အကောင်းဆုံးကားလို့‌ ပြောရမှာပါပဲ။ နောက်တွမ်ခရုစ်ပါတဲ့ Born on the Fourth of July ပါ။ အခုကား Heaven and Earth (1993) ကတော့ တွမ်မီလီဂျုန်းပါဝင်ထားပါတယ်။ အိုလီဗာစတုန်းဟာ သမိုင်းကားတွေ အရိုက်များတဲ့ ဒါရိုက်တာဖြစ်ပြီး ဂျွန်အက်ဖ်ကနေဒီတို့ နက်ဆွန်တို့အကြောင်းလည်း ရိုက်ခဲ့ပါသေးတယ်။ သူကိုယ်တိုင်လည်း ဗီယက်နမ်စစ်ပွဲမှာ တာဝန်ကျဖူးပြီး သူ့စစ်မှုထမ်းအတွေ့အကြုံတွေဟာ ဒီ Trilogy အတွက် ထောက်တိုင်တွေဖြစ်ခဲ့တာမို့ ဒီကားတွေဟာ နာမည်ကျော်တာပါပဲ။ Vietnam War ...
movie

Heaven and Earth (1993)

1993
Singin’ in the Rain (1952) 8.3
Singin’ in the Rain (1952) Singing in the Rain (1952) IMDb (8.3) / Rotten Tomatoes (100%) / Metacritic (99%)  ဒီရုပ်ရှင်နာမည်ကို မကြားဖူးကြရင်တောင် Good Morning ပေါင်မုန့်ကြော်ငြာသီချင်းကိုတော့ အားလုံးကြားဖူးကြမှာပါ။ ဟုတ်ပါတယ်၊ အဲ့ဒီသီချင်းဟာ ဒီ Singing in the Rain ရုပ်ရှင်ကနေ ကော်ပီကူးထားတာပါ။ ၁၉၅၂ က ထွက်ရှိခဲ့တဲ့ ဒီရုပ်ရှင်ဟာ ၁၉၂၇ ကာလကို အခြေခံရိုက်ကူးထားတာဖြစ်ပြီး အသံတိတ်ရုပ်ရှင်ကနေ အသံပါဝင်လာတဲ့ရုပ်ရှင်ခေတ်ကို ပြောင်းလဲသွားတဲ့ ဟောလိဝုဒ်ပတ်ဝန်းကျင်အကြောင်းကို အဓိက ရိုက်ကူးပြထားတဲ့ Musical ကားတစ်ကားဖြစ်ပါတယ်။Singing in the Rain ရုပ်ရှင်မှာတော့ အောင်ခြေသိမ်းသဝကနေ နိုင်ငံကျော်မင်းသားကြီးဖြစ်လာတဲ့ ဒွန်လော့ခ်ဝုဒ်နဲ့ နာမည်ကျော်မင်းသမီးကြီး လီနာလာမွန့်၊ ဒွန်ရဲ့အခင်ဆုံးသူငယ်ချင်း ကော့စမိုအပြင် ဒွန်နဲ့လာမွန့်ကြားရောက်ရှိလာတဲ့ ကေသီတို့ ပါဝင်ပါတယ်။ ဟောလိဝုဒ်သရုပ်ဆောင်ကြီးတွေက အသံတိတ်ရုပ်ရှင်ခေတ်တုန်းက စကားပြောချင်ရာပြောပြီး အက်တင်တွေကိုလဲ ...
movie

Singin’ in the Rain (1952)

1952