Channel Myanmar

Helena Bonham Carter

Dark Shadows (2012) 6.2
Dark Shadows (2012) ဒရက်ဂူလာ ဟာသကားလေးပါ… မင်းသား Johnny Depp ပါဝင်သရုပ်ဆောင်ထားပါတယ်။ ၁၉၆၆ ခုနှစ်က တင်ဆက်ပြသသော opera ကို ဇတ်လမ်းအဖြစ် ပြန်လည်ကာ ဖန်တီးထားခြင်းဖြစ်ပါတယ်။ ၁၇၆၀ ခုနှစ်မှာ Collins Family ဟာ လီဗာပူးကနေ အမေရိကန်ကိုပြောင်းရွေ့လာရာက ဇတ်လမ်းစထားတာပါ။ ၁၄ နှစ်လောက်ကြာတဲ့အခါ မင်းသား Barnabas ဟာ အိမ်ဖော်အမျိုးသမီးဖြစ်သူ Angelique နဲ့အချစ်ဇတ်လမ်းဖြစ်ပွားခဲ့ပါတယ်။ ငယ်စဉ်တည်းက မင်းသားကိုပြုစားထားတဲ့ စုန်းမဖြစ်ပါတယ်။ အဲ Angelique ဟာ မင်းသားရဲ့ မိဘတွေကိုလဲခတ်ပစ်ပီး မင်းသားကိုလဲ မသေနိုင်တဲ့ သွေးစုပ်ဖုတ်ကောင်ဘ၀ကို ပြောင်းခဲ့ပါတယ်….အခေါင်း တစ်ခုတွင်းမှာထည့်သွင်းကာ စီရင်ခဲ့ပါတယ်။ နောက် ၁၉၆ နှစ်အကြာ ၁၉၇၂ ခုနှစ်မှာတော့.. အလုပ်သမားတစ်ယောက်က မမျှော်လင့်ပဲ Barnabas ရဲ့ အခေါင်းကိုဖွင့်ပီး လွတ်စေခဲ့သောအခါ……. နောက် Victoria ဆိုတဲ့ကောင်မလေး…. မင်းသားနဲ့ဘယ်လိုပက်သက်မှာလဲ နောက်ဆုံး ကျိန်စာတွေပြယ်တဲ့အခါ ….. ဗစ်တိုးရီးယားကတော့ ပြတင်းပေါက်ကနေ ခုန်ချလိုက်ပီးသားဖြစ်နေခဲ့တယ်… သူ့အသက်ကိုမင်းသားက ဘယ်လိုကယ်မလဲ။ ဇတ်လမ်းနားထောင်ရတာ ..စိတ်ဝင်စားစရာကောင်းသလို ကြောက်စရာထင်ရပေမဲ့ ...
6.2
IMDB: 6.2/10 223,916 votes
movie

Dark Shadows (2012)

2012
Sgt. Stubby: An American Hero (2018) 7.0
Sgt. Stubby: An American Hero (2018) ဒီAnimation ကားလေးကတော့ Rating 7 ရရှိထားပြီး ပထမကမ္ဘာစစ်မှာပါဝင်ခဲ့တဲ့ ခွေးလေးတစ်ကောင်ရဲ့ ဖြစ်ရပ်မှန်ကို ပြန်လည်ရိုက်ကူးတဲ့ကားလေးဖြစ်ပါတယ်.... ဒီကားလေးရဲ့main characterကတော့ stubbyဆိုတဲ့ ခွေးလေးပေါ့နော် ခွေးလေးနဲ့ စစ်သားလေးတစ်ယောက်ရဲ့friendshipလေးကို ရိုက်ပြထားတာပါ stubbyလေးနဲ့ ဒီအမေရိကန်စစ်သားလေး ဘယ်လိုတွေတွေ့ကြလဲ အမေရိကန်စစ်သားတွေနဲ့ ပြင်သစ်စစ်သားတွေ ဂျာမန်တွေကို ဘယ်လိုတွေ တိုက်ကြလဲဆိုတာကို ကြည့်ရမှာပါ စိတ်ဝင်စားဖို့လည်းကောင်းသလို ဟာသလေးတွေလည်း ပါတာမလို့ ပျင်းစရာမကောင်းပါဘူးနော် ခွေးလေးကလည်း အရမ်းကို ချစ်စရာကောင်းတာမလို့ puppy loverလေးတွေလဲ လက်မလွှတ်ပဲ ကြည့်သင့်တဲ့ ကားလေးပါနော်....   File Size : (791 MB) and (267MB) Quality : WebDL 720p Running Time :1hr 24min Format : Mp4 Genre : Animation , Adventure , Family Subtitle : Myanmar Subtitle (Hard ...
7.0
IMDB: 7.0/10 644 votes
movie

Sgt. Stubby: An American Hero (2018)

2018
Ocean’s Eight (2018) Blu-Ray 1080p 5.1 CH x264 6.3

Ocean’s Eight (2018) Blu-Ray 1080p 5.1 CH x264

2018
Blu-Ray 1080p 5.1 CH
Ocean’s 8 (2018) 6.4
Ocean’s 8 (2018) IMDb (6.4/10) / Rotten Tomatoes (67%) Rihanna တို့လို အဆိုကျော်တွေအပြင် Sandra Bullock ,Cate Blanchett, Anne Hathaway စတဲ့ ဝါရင့်ဒိတ်ဒိတ်ကြဲသရုပ်ဆောင်တွေနဲ့ Ocean ဇာတ်ကားတွေရဲ့ အရသာကိုပုံဖော်မယ့်ရုပ်ရှင်ပါ။ ဒီရုပ်ရှင်က ရှေ့ကရင်းနှီးပြီးသား ဂျော့ကလူနေးတို့ ဘရတ်ပစ်တို့ရဲ့ Ocean 11,12,13 ဇာတ်ကားသုံးကားကို ဆင့်ပွားခံယူထားတဲ့ ဇာတ်ကားဖြစ်ပြီး Theme ပုံစံလဲ တူညီပါတယ်...မတူတာကတော့ ရှေ့ကဇာတ်ကားတွေမှာ အမျိုးသားသရုပ်ဆောင်ဒိတ်ဒိတ်ကြဲတွေဖြစ်ကြပြီး အခု Ocean 8 မှာတော့ အမျိုးသမီးသရုပ်ဆောင်တွေပါ။ Anna Wintour, Zayn Malik, Katie Holmes, Maria Sharapova, Serena Williams, Kim Kardashian, Kylie Jenner, Kendall Jenner, Gigi Hadid စတဲ့နာမည်ကြီးတွေလဲ Cameo အဖြစ်ပါဝင်တာကို တွေ့မြင်ရဦးမှာဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ ... $150 million ...
6.4
IMDB: 6.4/10 42,098 votes
movie

Ocean’s 8 (2018)

2018
Blu-Ray 720p
Big Fish (2003) 8.0
Big Fish (2003) IMDb Rating (8/10) Rotten Tomatoes (76%)   Big Fish... "အမှန်တရားဆိုတာ သန့်ရှင်းတာ ရှားတယ် ရိုးရှင်းတယ်ဆိုတာ မရှိဘူး" ဆိုတဲ့ အော်စကာဝိုင်းရဲ့ စကားတစ်ခွန်းရှိပါတယ်။ ဒါ့အပြင် အများစုသော အမှန်တရားတွေဟာ မလှပပါဘူး.....။ အမှန်တရားဟာ ထူးခြားလားဆိုတော့လည်း မထူးခြားပါဘူး မီးတွင်းထဲက ဇနီးသည်ဆီ အချိန်မှီမရောက်ခဲ့တဲ့ ယောကျာ်းတစ်ယောက်.. သူ့ကလေးမွေးတာနဲ့ ပက်သက်ပြီး တကယ့်အမှန်တရားဟာ..သူဟာ နောက်ကျခဲ့တဲ့ ဖခင်ဆိုတဲ့ အမှန်တရားပါပဲ။ ဒီအတွက် သူ စိတ်မကောင်းဖြစ်ခဲ့ရတယ်။ ရောက်ခဲ့တယ်ဆိုရင်ရော... သားဖွားခန်းထဲ ယောကျာ်းဝင်ခွင့်မရှိတဲ့အတွက် ဘာများ ထပ်ထူးခြားမလဲ။ မထူးခြားပါဘူး..ဒါပေမဲ့ နောက်ကျခဲ့တယ်ဆိုတဲ့ အမှန်တရားကတော့ ငြင်းမရပါဘူး...။ ဒီလို... ခါးသီးတဲ့ အမှန်တရားတွေအစား.. သူ့ကလေးကို ပျိုးထောင်ဖို့ ဇာတ်လမ်းလှလှလေးတွေ တည်ဆောက်ခဲ့ပါတယ်။ သူတကယ် ကြုံခဲ့ရတဲ့ ဒုက္ခတွေအစား အမှန်တရားတချို့တဝက် သင်ခန်းစာ တချို့တဝက်နဲ့ တကယ့်အဖြစ်အပျက်တွေကို သူ့သားကို ပုံစံပြောင်း ပြောပြခဲ့ပါတယ်။ ဖုံးထားတဲ့ အမှန်တရားကိုမှ မြင်ချင်တက်ကြတဲ့ လူ့ သဘာဝအတိုင်း သူ့သားက အမှန်တရားကို ရှာဖွေဖို့ ကြိုးစားလာခဲ့တဲ့အခါ.......။ သူဘာတွေသိရမလဲ ခံစားကြရမှာပါ။ ဘယ်တော့မှ မဟောင်းသွားတဲ့ ဟာသတစ်ပုဒ်ကို ကြားဖူးကြလား.. ပြန်ကြားရတိုင်း ပထမတုန်းက ဘာလို့ရယ်ရသလဲ မေ့သွားပြီး အသစ်ပြန်ဖြစ်သွားတဲ့ ဟာသမျိုး..။ ဒီလိုမျိုး ပုံပြင်တစ်ပုဒ်ကို အကြိမ်ရေထောင်ချီ ပြောခဲ့တဲ့ လူတစ်ယောက်ကို ဒီဇာတ်ကားမှာ ခင်ဗျားတို့ တွေ့ရမှာပါ။ လူတစ်ယောက်ဟာ ဒဏ္ဍာရီတစ်ပုဒ်ကို အခါခါ အထပ်ထပ်ပြောရင်း သူကိုယ်တိုင် အဲ့ဒီ ဒဏ္ဍာရီ ဖြစ်လာတယ်။.. သူတို့ မရှိတော့ပေမဲ့ အဲ့ဒီ ဒဏ္ဍာရီတွေက ရှိတုန်းပါ.. ထာဝရ ရှင်သန်နိုင်ခဲ့တယ်...။ သူ့အဖေမရှိတော့ပေမဲ့ သူ့ကလေးတွေကို သူ့အဖေရဲ့အကြောင်းပုံပြင်တွေကို ပြောနေတဲ့ အဖေတစ်ယောက်ရဲ့ ပျော်ရွှင်မှုကို ...
8.0
IMDB: 8.0/10 379,445 votes
movie

Big Fish (2003)

2003
Charlie and the Chocolate Factory(2005) 6.7
Charlie and the Chocolate Factory(2005) Charlie and the Chocolate Factory(2005) IMDb....6.7,,,,Rotten...82% ဝီလီဝန်ကာဟာ အကောင်းဆုံး ချောကလက်လုပ်တဲ့လူပါ...သူရဲ့ သူမတူတဲ့ချောကလက်လုပ်နည်းတွေကြောင့် လူတိုင်း သူ့ချောကလက်တွေကို နှစ်သက်ခဲ့ကြတယ်။ ဆိုင်ကလေးကနေ စက်ရုံကြီး တည်ထောင်နိုင်တဲ့အထိအကြီးအကျယ် အောင်မြင်ခဲ့တဲ့ ချောကလက်လုပ်တဲ့သူ ဖြစ်ခဲ့တယ်။အောင်မြင်မှုတိုင်းမှာ တန်ဖိုးဆိုတာ ရှိပါတယ်. ...ဒီလိုနဲ့ သူရဲ့ အကျနေ့တွေရောက်လာခဲ့တယ်။ တခြား ချောကလက်လုပ်သူတွေဟာ ဝီလီရဲ့ နည်းတွေကို သူလျှိုထည်ပြီး ခိုးခဲ့ကြပါတယ်...ဝန်ကာဟာ သိပ်မကြာခင်မှာပဲချောကလက်စက်ရုံကို ထာဝရ ပိတ်သိမ်းလိုက်ပါပြီလို့ ကြေညာခဲ့ပါတယ်..။ ထာဝရဆိုတာ...အချိန်အကြာကြီးဆိုတာကို ပြောတဲ့ နာမ်စားတစ်ခုပါပဲ...လူတွေကတော့ ထာဝရ ပိတ်သွားပြီပဲ ထင်ခဲ့ကြပါတယ်...စက်ရုံထဲကချောကလက်တွေ ထွက်မလာခင်အထိပေါ့.....။ ပြန်မွေးဖွားလာတဲ့ဝန်ကာရဲ့ စက်ရုံနဲ့ အတူ ပဟေဠိတွေ ပေါ်ပေါက်ခဲ့ပါတယ်... စက်ရုံထဲမှာ ဘယ်သူတွေ အလုပ်လုပ်နေကြာတာလဲ... . မစ္စတာဝန်ကာရော ဘာဖြစ်သွားခဲ့တာလဲ....။စက်ရုံတံခါးကြီးကတော့ ပိတ်ဆဲ.. လူတွေလည်း အံ့သြမြဲ..တစ်နေ့မှာ တော့...နှစ်ပေါင်းများစွာ လူအဝင်မခံခဲ့တဲ့ သူရဲ့ ချောကလက်စက်ရုံကြီးထဲကို ဝင်ဖို့ဖိတ်ခေါ်ခဲ့ပါတယ်။ ဖိတ်စာကတော့ ရွှေရောင် လက်မှတ် ၅စောင် ဖြစ်ပြီး ဒီ လက်မှတ်တွေကို ချောကလက်တွေရဲ့ အခွံအောက်မှာ ထည့်သွင်းထားပါတယ်။ ၅ယောက်ထဲက တစ်ယောက်ကိုလည်း အထူးဆု တစ်ခုပေးဦးမယ်လို့ ပြောခဲ့တယ်။ တစ်ကမ္ဘာလုံးက ကလေးတွေ... ဒီ လက်မှတ် ...
6.7
IMDB: 6.7/10 365,260 votes
movie

Charlie and the Chocolate Factory(2005)

2005
The King’s Speech (2010) 8.0
The King’s Speech (2010) သိက္ခာက အင်္ဂလိပ်တွေအတွက် အသက်၊ လွတ်လပ်ခြင်းက အမေရိကန်တွေအတွက် အသက် ၊စည်းကမ်းက ဂျပန်တွေအတွက်အသက် .......... ဒီဇာတ်ကားက သမိုင်းကို ပြန်လည်အ သက်သွင်းရိုက်ကူးထားခြင်းဖြစ်ပါတယ်။သို့သော် အမှန်တကယ်ဖြစ်ရပ်မှန်အတိုင်း တစ်သွေမတိမ်း ရိုက်ကူးထားခြင်းမဟုတ်ဘဲ ရိုက်ကူးသူ၏ စိတ်လိုရာ ဇာတ်လမ်းဆင်ပြီး လိုသလို အနုပညာ ကို အစွမ်းပြထားသည့်ဇာတ်လမ်းဖြစ်ပါသည်။ အချိန်ကာ ၁၉၃၆ ခုနှစ် ဒီဇင်ဘာလ ၁၁ နေရာကာ ဘာကင်ဟမ်နန်းတော် ကိုယ်အရူး အမှုးချစ်ရတဲ့အချစ်အတွက်ချစ်သက်သေပြဖို့ ၊တာဝန်ယူဖို့၊ မသိပ်ငယ်စေဖို့၊ သမိုင်းမှာဆုံးရှုံးမှုအများဆုံးထဲကတစ်ခုအဖြစ်မှတ်တမ်းဝင်သွားမယ့် လက်မှတ်တစ်ချက်ကို ကိုယ်စာရွှက်ပေါ်မှာထိုးလိုက်ပါပြီ။ အနုပညာပိုင်းရော ငွေကြေးပိုင်ရောမှာပါအောင် မှုကြီးကြီးမားမားရယူထားနိုင်ခဲ့တဲ့ ဒီသမိုင်းရုပ်ရှပ် ကို The Weinstein Company နဲ့Momentum Pictures တို့ဖြန့်ချီထားခဲ့ပါတယ်။ IMDb 8/10 ၊ Rotten Tomatoes 95% ၊Common Sense5/5၊ CinemaScore A+တို့ ရရှိ ထားပါတယ်။ ၂၀၁၀ စက်တင် ဘာမှာ Telluride ရုပ်ရှင်ပွဲတော်မှာ စတင်ပြသခဲ့ ပြီး ၂၀၁၁ ရောမှာ ဗြိတိန်မှာ ပြသခဲ့ပါတယ်။ တစ်ကားလုံးကို ကြာချိန် ၁၁၉ မိနစ်ရှိပြီး အင်္ဂလိပ် ဘာသာစကားပြောရုပ်ရှင်ဇာတ်ကားဖြစ်ပါတယ်။ ဘက်ဂျက် ဒေါ်လာ ၁၅ မီလီယံနဲ့ ရိုက်ကူးခဲ့ပြီး Box Office ...
8.0
IMDB: 8.0/10 559,583 votes
movie

The King’s Speech (2010)

2010
Fight Club(1999) 8.8
Fight Club(1999) ဒီကားက တော်တော်များများ ညွှန်းဆိုကြတယ် ကြည့်သင့်တဲ့ကားဘာညာပေါ့လေ IMDb...ကလည်း..8.8 ရထားတယ်,,,,, ဒီကားရဲ့အဓိကဇာတ်ဆောင်မင်းသား ၂ ဦးဖြစ်တဲ့  Brad Pitt, Edward Norton ကိုတော့ အတော်များများရင်းနှီးကြပါတယ်.....သူတို့ ၂ယောက်ပဲ ဒီဇာတ်ကားတစ်ကားလုံးဆွဲခေါ်သွားတာ....ကျွန်တော့်မိတ်ဆွေကိုမေးမိတယ် ဒီကားမကြည့်ခင်နည်းနည်းတော့ဇာတ်ကြောင်းလေးပြေပြပါ့လား ဆိုတော့ သူက ရယ်မောရင်းနဲ့ပြန်ပြောတယ် "ဒီကားက လေးနက်တဲ့ပုစ္ဆာတစ်ပုဒ်နဲ့တူတယ် ကိုယ်တိုင်စီးမျောရင်းအဖြေရှာနေရတာ ဇာတ်ကြောင်းပြောတယ်ဆိုတာက ငါအပြောမတတ်ရင် ဒီကားရဲ့ပေးချင်တဲ့ရသက လုံးဝပျောက်သွားလိမ့်မယ်  တစ်ခုတော့ရှိတယ် ဒီကားကြည့်ပြီးတော့ မင်းနဲ့ငါဆွေးနွေးလို့ရတယ်"တဲ့ ကျွန်တော်လည်း ဒီကားကိုမညွှန်းရဲဘူး ပြောပြလို့ရတာတွေတော့ရှိတယ် ဇာတ်လမ်းတင်မဟုတ်ဘူး ဒိုင်ယာလော့တွေကပါ လက်ဖျားခါလောက်တယ် ပြီးတော့ လူကြိုက်နည်းလိမ့်မယ်ထင်တယ် မိန်းကလေးလှလှတွေ၊ရှုခင်းလှလှတွေ အချစ်အကြောင်းညွှန်းဆိုဖွဲ့စကားတွေ မပါဘူးဗျ ဘာသာပြန်ကတော့ Sherlock ပါ........ File Size…(900MB) and (316MB) Quality…BluRay 720p Format…mp4 Duration…02:19:00 Subtitle…Myanmar Subtitle(Hardsub) Encoder…..Phyo Pyae Translated by  Sherlock
8.8
IMDB: 8.8/10 1,510,264 votes
movie

Fight Club(1999)

1999
The Young and Prodigious T.S. Spivet (2013) 7.1
The Young and Prodigious T.S. Spivet (2013)   အခုမိတ်ဆက်ပေးချင်တဲ့ဇာတ်ကားကတော့ အဟောင်းထဲက အကောင်းလေးတစ်ကားဖြစ်တဲ့၂၀၁၃ ကထွက်ခဲ့တဲ့ The Young and Prodigious T.S.Spivet ဆိုတဲ့ကားလေးပါ IMDb 7.1 ထိရထားပါတယ် ဒီထဲမှာ မွန်တာနာက ကော်ပါတော့ခြံလေးမှာနေထိုင်တဲ့ မိသားစုလေးအကြောင်းပါဒီမိသားစုမှာ ကောင်းဘွိုင်အလုပ်ကိုရူးသွပ်တဲ့အဖေဖြစ်သူရယ် အင်းဆက်တွေကို လေ့လာဖို့ ရူးသွပ်တဲ့အမေဖြစ်သူရယ် မစ်ယူအက်စ်အေဖြစ်ဖို့ ရူးသွပ်တဲ့ အစ်မဖြစ်သူရယ် ကာရိုက်တာချင်းလုံးဝမတူကြတဲ့အမြွာညီအစ်ကို ၂ ယောက်ရယ်ရှိကြပါတယ် တီအက်စ်စပစ်ဘက်ကတော့ သိပ္ပံပညာရှာဖွေမှုတွေကို အရမ်းရူးသွပ်ပြီး သူ့အစ်ကို လေတန်ကတော့ သူ့အဖေလိုကောင်းဘွိုင်ဖြစ်ချင်သူပါ သူတို့မိသားစုမှာ ကိုယ်စီရူးသွပ်မှုတွေနဲ့ နေထိုင်ရင်း မတော်တဆမှုနဲ့ လေတန်သေဆုံးသွားပါတယ် တီအက်စ်ကတော့ ၁၀ နှစ်အရွယ်မှာပဲ တီထွင်ဆန်းသစ်မှုတစ်ခုကို လုပ်နိုင်ခဲ့ပါတယ် သူ့ရဲ့တီထွင်မှုကို စမစ်ဆိုနီယမ်ကပေးတဲ့ ဆုကိုရတာကနေစပြီး တီအက်စ်ရဲ့ နေ့စဉ်လည်ပတ်နေတာဟာ စွန့်စားခန်းတစ်ခုဖြစ်လာခဲ့ပါတယ် သူဘာတွေလုပ်မလဲဆိုတာကိုတော့ ကြည့်ရှုအားပေးကြပါလို့ ဇာတ်ကားတစ်ကားလုံးမှာ ငိုက်နေစရာအကွက်မရှိအောင် စိတ်ဝင်စားစရာကောင်းတဲ့ ဇာတ်ကားလေးပါ တကယ်ကိုကြည့်သင့်တဲ့ကားလို့ ညွှန်းပေးပါရစေ   Qty - Blu ray 720p Duration -1hr 45min Gern - Fantasy/ Drama Subtitle - Myanmar Hardsub Translator - May Tharaphi Lwin Review -  May Tharaphi Lwin Encoder - Kyaw Ye ...
7.1
IMDB: 7.1/10 13,560 votes
movie

The Young and Prodigious T.S. Spivet (2013)

2013