Channel Myanmar

Jessica Lange

Marlowe (2022)
Marlowe (2022) Marlowe (2022)ဒီကားက Philip Marlowe ဆိုတဲ့ စုံထောက်ကြီးအကြောင်းကို ရိုက်ထားတာပါ။ သူကလည်း ရှားလော့ဟုမ်းတို့ ပယ်ရီမေဆင်တို့လောက် နာမည်မကြီးတာပဲရှိတယ် နှယ်နှယ်ရရတော့မဟုတ်တဲ့ ပုဂ္ဂိုလ်ပေါ့။ ရေမွန်ချန်ဒလာဆိုတဲ့ စာရေးဆရာကြီးက ၁၉၃၀ကျော်ကတည်းက စအသက်သွင်းခဲ့ပြီး ဝတ္တုရှည်၇အုပ်နဲ့ ဝတ္တုတိုအများအပြားထွက်ခဲ့သလို နောက်ပိုင်းတခြားစာရေးဆရာတွေကလည်း ဒီဇာတ်ကောင်ကိုသုံးပြီး အများကြီးပြန်ရေးခဲ့ကြတယ်။ ဒီစာအုပ်တွေကို ဇာတ်ကားအဖြစ်လည်း ၁၃ခါပြန်ရိုက်ခဲ့သလို နောက်ဆုံးထွက်ထားတဲ့ ဇာတ်ကားက 1978 တုန်းက The Big Sleep ပါ။ ဆိုတော့ ၄၄နှစ်ကြာပြီးမှ Marlowe ဇာတ်ကောင်ကို ထပ်အသက်သွင်းတဲ့ရုပ်ရှင်ဆို‌တော့ ထူးထူးခြားခြားပေါ့။ခုကားကတော့ 2014 ခုနှစ်ထွက် The Black-Eyed Blonde ဝတ္ထုကို ရုပ်ရှင်အဖြစ် အသက်သွင်းထားတာပါ။ 40s ခုနှစ်တွေကို အခြေပြုထားတဲ့ ဂန္ထဝင်စတိုင် စုံထောက်ရုပ်ရှင်အမျိုးအစားဖြစ်ပါတယ်။ မင်းသားကတော့ Taken မင်းသားကြီး လီယံနီဆန်ပါပဲ။ မင်းသမီးတွေကတော့ Big Fish တို့၊ ...
movie

Marlowe (2022)

2022
[18+] The Postman Always Rings Twice (1981) 6.6

[18+] The Postman Always Rings Twice (1981)

1981
The Gambler (2014) 6.1
The Gambler (2014) The Gambler (2014)ဖဲကစားကြမယ်!!! လူအတော်များများ 21 ဖဲကိုဆော့ဖူးကြမှာပါ ဒီဇာတ်လမ်းထဲမှာဆိုရင်လည်း အဓိကဇာတ်ဆောင်ဖြစ်တဲ့ ဂျင်ဘန်းနက်ဟာ 21 ကစားနည်းတစ်မျိုးကို အဓိကထားပြီး ဆော့တာကို တွေ့ရမှာပါ သူက တက္ကသိုလ်မှာ ရသစာပေသင်ကြားနေတဲ့ဆရာတစ်ဦးအနေနဲ့ဘဝတစ်ခုရှိနေပေမယ့် တစ်ဖက်မှာလည်း မစွန့်လွှတ်နိုင်တဲ့ဝါသနာကြောင့် လောင်းကစားရုံတွေကိုသွားပြီး အချီကြီးလောင်းကြေးထပ်တတ်တဲ့လောင်းကစားသမားအဖြစ် ဘဝတစ်ခုရှိနေပါတယ် မင်းသမီးအဖြစ်ပါဝင်ထားတဲ့ မမမာဗယ်ကတော့ ဆရာ့အတန်းမှာလာတက်တဲ့ ဉာဏ်ကောင်းတဲ့တက္ကသိုလ်ကျောင်းသူလေးပေါ့ ကဲ ဒီထဲမှာ ဂျင်ရဲ့ပြဿနာကဘာလဲဆိုတော့ လောင်းကြေးထပ်လိုက်ရင် ပုံမှန်ကြေးမဟုတ်ပဲ ရှိသမျှပုံအောလောင်းတတ်တဲ့ ‌All or nothingဆိုတဲ့ ဉာဉ်လေးပါပဲ ဒါကြောင့်လည်း ဟို့လူ့ဆီကချေး ဒီလူ့ဆီကချေးနဲ့ နောက်ဆုံးအကြွေး‌တွေတင်လာတဲ့အခါ.....သူဘာဆက်လုပ်မလဲ??? ချေးမိတဲ့သူတွေကလည်း ဂိုဏ်းစတားတွေဖြစ်နေတဲ့အတွက် သူနဲ့သူ့ဘေးကလူတွေရဲ့ အသက်အန္တရာယ်ကိုခြိမ်း‌ခြောက်လာတဲ့အခါ.....သူ ဘယ်လိုဖြေရှင်းမလဲ ??? ကျောင်းသူလေး မမမာဗယ်နဲ့ရော .... ???ဒီဇာတ်လမ်းလေးထဲမှာတော့ လောင်းကစားသမားတွေရဲ့ဘဝတွေ၊ မင်းသားရဲ့ စွန့်စွန့်စားစားလောင်းကြေးထပ်တဲ့အခန်းတွေနဲ့ မျှော်လင့်မထားတဲ့လှည့်ကွက်တွေနဲ့ အကြွေးပြန်ဆပ်ဖို့ပိုက်ဆံပြန်ရှာတဲ့ ဂျင်ရဲ့ဉာဏ်ပြေးမှုတွေကို ရင်တထိတ်ထိတ်နဲ့မြင်တွေ့ရမှာပါပဲဖြစ်ပါတယ်အညွှန်း နဲ့ ဘာသာပြန်ကတော့ Thwal Yadi ပဲ ဖြစ်ပါတယ်။Quality__1080p, 720p IMDb ...
movie

The Gambler (2014)

Big Fish (2003) 8.0
Big Fish (2003) IMDb Rating (8/10)Rotten Tomatoes (76%) Big Fish...“အမှန်တရားဆိုတာ သန့်ရှင်းတာ ရှားတယ် ရိုးရှင်းတယ်ဆိုတာ မရှိဘူး” ဆိုတဲ့ အော်စကာဝိုင်းရဲ့ စကားတစ်ခွန်းရှိပါတယ်။ ဒါ့အပြင် အများစုသော အမှန်တရားတွေဟာ မလှပပါဘူး…..။ အမှန်တရားဟာ ထူးခြားလားဆိုတော့လည်း မထူးခြားပါဘူးမီးတွင်းထဲက ဇနီးသည်ဆီ အချိန်မှီမရောက်ခဲ့တဲ့ ယောကျာ်းတစ်ယောက်.. သူ့ကလေးမွေးတာနဲ့ ပက်သက်ပြီး တကယ့်အမှန်တရားဟာ..သူဟာ နောက်ကျခဲ့တဲ့ ဖခင်ဆိုတဲ့ အမှန်တရားပါပဲ။ ဒီအတွက် သူ စိတ်မကောင်းဖြစ်ခဲ့ရတယ်။ ရောက်ခဲ့တယ်ဆိုရင်ရော… သားဖွားခန်းထဲ ယောကျာ်းဝင်ခွင့်မရှိတဲ့အတွက် ဘာများ ထပ်ထူးခြားမလဲ။ မထူးခြားပါဘူး..ဒါပေမဲ့ နောက်ကျခဲ့တယ်ဆိုတဲ့ အမှန်တရားကတော့ ငြင်းမရပါဘူး…။ဒီလို… ခါးသီးတဲ့ အမှန်တရားတွေအစား.. သူ့ကလေးကို ပျိုးထောင်ဖို့ ဇာတ်လမ်းလှလှလေးတွေ တည်ဆောက်ခဲ့ပါတယ်။သူတကယ် ကြုံခဲ့ရတဲ့ ဒုက္ခတွေအစား အမှန်တရားတချို့တဝက် သင်ခန်းစာ တချို့တဝက်နဲ့ တကယ့်အဖြစ်အပျက်တွေကို သူ့သားကို ပုံစံပြောင်း ပြောပြခဲ့ပါတယ်။ဖုံးထားတဲ့ အမှန်တရားကိုမှ မြင်ချင်တက်ကြတဲ့ လူ့ သဘာဝအတိုင်း သူ့သားက အမှန်တရားကို ရှာဖွေဖို့ ကြိုးစားလာခဲ့တဲ့အခါ…….။ သူဘာတွေသိရမလဲ ခံစားကြရမှာပါ။ဘယ်တော့မှ မဟောင်းသွားတဲ့ ဟာသတစ်ပုဒ်ကို ကြားဖူးကြလား.. ပြန်ကြားရတိုင်း ပထမတုန်းက ဘာလို့ရယ်ရသလဲ မေ့သွားပြီး အသစ်ပြန်ဖြစ်သွားတဲ့ ဟာသမျိုး..။ဒီလိုမျိူး ပုံပြင်တစ်ပုဒ်ကို အကြိမ်ရေထောင်ချီ ပြောခဲ့တဲ့ လူတစ်ယောက်ကို ဒီဇာတ်ကားမှာ ခင်ဗျားတို့ တွေ့ရမှာပါ။လူတစ်ယောက်ဟာ ဒဏ္ဍာရီတစ်ပုဒ်ကို အခါခါ အထပ်ထပ်ပြောရင်း သူကိုယ်တိုင် အဲ့ဒီ ဒဏ္ဍာရီ ဖြစ်လာတယ်။.. သူတို့ မရှိတော့ပေမဲ့ အဲ့ဒီ ဒဏ္ဍာရီတွေက ရှိတုန်းပါ.. ထာဝရ ရှင်သန်နိုင်ခဲ့တယ်…။သူ့အဖေမရှိတော့ပေမဲ့ သူ့ကလေးတွေကို သူ့အဖေရဲ့အကြောင်းပုံပြင်တွေကို ပြောနေတဲ့ အဖေတစ်ယောက်ရဲ့ ပျော်ရွှင်မှုကို ...
movie

Big Fish (2003)

2003
The Vow (2012) 6.8
The Vow (2012) ကိုယ်သာ အတိတ်မေ့သွားမယ်ဆို ကိုယ်ချစ်တဲ့သူကို ပြန်သတိရနိုင်မှာလားအချစ်တွေကိုရောမေ့သွားနိုင်မှာလားဇာတ်လမ်းကတော့ လီယို နဲ့ ပိခ်ျ့တို့ဟာ သိပ်ချစ်ကြတဲ့လင်မယားတွေပါတစ်ယောက်ကို တစ်ယောက်ကို ဖေးမရင်း ပျော်ရွှင်တဲ့အိမ်ထောင်ရေးကို တည်ဆောက်ကြသူတွေပါဒါပေမယ့်တစ်နေ့မှာ ကံဆိုးစွာနဲ့ သူတို့နှစ်ယောက်အက်ဆီးဒင့်ဖြစ်ခဲ့ပါတယ်အဲ့နောက်မှာ ပိခ်ျ့ဟာ မှတ်ဥာဏ်ပျောက်ဆုံးသွးပြီး သူမခင်ပွန်း လီယိုကို မမှတ်မိနိုင်ဖြစ်သွားပါတယ်ပိခ်ျ့ဟာ လီယိုကို ပြန်မှတ်မိနိုင်မှာလား ဒါမှမဟုတ် လီယိုကိုရော လီယိုအပေါ်အချစ်တွေကိုရော လုံးဝပြန်မမှတ်မိနိုင်တော့ဘူးလား…….လီယိုကရော ပိခ်ျ့ပြန်ချစ်လာအောင် ပြန်မှတ်မိလာအောင်လုပ်နိုင်မလားပိခ်ျ့က လီယို့ကိုပြန်မချစ်နိုင်တော့ပဲ ပိခ်ျ့ရဲ့အရင်ချစ်ရသူ ဂျဲရမီကိုပဲ ရွေးသွားမလား……...........  (ဘာသာပြန်သူကတော့ အဉ္ဇလီသန်းထိုက်ပါ)  File Size : (930 MB) and (380 MB) Quality : Blu-Ray 720p Running Time : 1hr 44min Format : Mp4 Genre :Drama, Romance Subtitle : Myanmar Subtitle (Hard Sub) Source : BluRay 1080p DTS x264-beAst Translated ...
movie

The Vow (2012)

2012
King Kong (1976) 5.8
King Kong (1976) တိရိစ္ဆာန်တစ်ကောင်မှာလည်း အသည်းနဲ့ဆိုရင်ယုံပါသလား... သံယောဇဉ်တကယ်ဖြစ်လာပြီဆိုရင် ဘယ်အရာကိုမဆိုရင်ဆိုင်လာတတ်ကြပါတယ်... အခုတင်ဆက်ပေးမယ့်ကားလေးကတော့ ငိုတတ်တဲ့သူတွေအဖို့ မျက်ရည်ကျလောက်မယ့် ကားကောင်းလေးတစ်ကားဖြစ်ပါတယ်... ၁၉၇၆ ခုနှစ်တွင် ရိုက်ကူးထားတဲ့ ကင်းကောင်ဇာတ်လမ်းဖြစ်ပါတယ်။ ရေနံစီးပွားရေးကုမ္ပဏီတစ်ခုမှ မြူကမ်းပါးများဖြင့် ထာဝရ ပိတ်ဖုံးနေသည့် ကျွန်းတစ်ကျွန်းအား သတိပြုမိကာ ၎င်းကျွန်းမှ ထွက်ရှိသည့် ရေနံများအား သွားရောက်ယူဆောင်ကြခြင်းဖြစ်ပါတယ်။ ၎င်းနောက်မှ ထိုကျွန်းပေါ်တွင် လူရိုင်းမျိုးနွယ်စုများနေထိုင်သည်ကို တွေ့ရှိရပြီး ၎င်းလူရိုင်းအဖွဲ့မှ သင်္ဘောပေါ်ရှိ အမျိုးသမီးငယ်အား ဖမ်းဆီးခေါ်ဆောင်ကာ ၎င်းတို့ကိုးကွယ်သည့် ကင်းကောင်ကြီးနှင့် လက်ဆက်ပေးခဲ့ပါတယ်။ ထိုမိန်းကလေးအပေါ်ကို ကင်းကောင်ကြီးဟာ သံယောဇဉ်တွယ်မိသွားပြီး စောင့်ရှောက်ပေးခဲ့ပါတယ်... ဒါပေမယ့်လည်း သတ္တ၀ါတစ်ကောင်နဲ့အတူနေရတဲ့ မိန်းကလေးဟာကြောက်လည်းကြောက် လန့်ကလည်းလန့်နဲ့မနေပျော်ခဲ့ပါဘူး... သင်္ဘောပေါ်မှာ အမှုထမ်းများ ၎င်းအမျိုးသမီးငယ်အား ကင်းကောင်ကြီးလက်မှ ပြန်လည်ကယ်တင်ပေးခဲ့ပြီး ကင်းကောင်ကြီးအားဖမ်ဆီးပြီး မြို့ခေါ်ဆောင်လာကာ ကင်းကောင်နှင့် မြို့တွင် ပွဲပြုလုပ်ရန် စီစဉ်ခဲ့ပါတယ်။ ၎င်းပွဲနေ့တွင် သူချစ်ရတဲ့မိန်းကလေးကို လူများကထိခိုက်အောင်လုပ်နေသည်ကိုမြင်သောအခါ ကင်းကောင်ကြီးမှ အချုပ်အနှောင်များအား ရုန်းထွက်ခဲ့ကာ မြို့ပေါ်တွင် သောင်းကျန်းတိုက်ခိုက်မှုများ၊ မြို့ရှိ စစ်အဖွဲ့မှ ၎င်းအား ပြန်လည် တိုက်ခိုက်ချေမှုန်းခြင်းများအား ကြည့်ရှုရမည့် ကင်းကောင်ဇာတ်လမ်းကောင်းတစ်ပုဒ်ဖြစ်ပါသည်။Quality…..BluRay 720p Duration…..02:14:00 Format…Mp4 File Size…(963 MB ...
movie

King Kong (1976)

1976