Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Josh Mostel
7.1
State of Play (2009)
State of Play(2009) IMDb....7.1,,,,Rotten....84% မိုးတဖွဲဖွဲကျပြီးတိတ်ဆိတ်နေတဲ့ Washington DCမြို့ရဲ့ ညတစ်ညမှာ လူတစ်ယောက် ကြောက်လန့်တကြားပြေးလွှားနေတယ်.....ညဟာအေးစက်နေပေမယ့် သူ့မျက်နှာပေါ်မှာ ချွေးစေးတွေပျံနှံနေသလို သူ့ဟန်မှာကြောက်လန့်နေပုံအထင်းသားပေါ်လွင်နေတယ်...သူပြေးလွှားပုန်းအောင်းနေပေမယ့် နောက်ယောင်ခံလိုက်လာတဲ့သူတွေ့ရှိသွားကာ ပစ္စတိုဖြင့်(၂)ချက်ဆင့်ပစ်ချခြင်းခံလိုက်ရသည်....ပီဇာပို့သည့်လူငယ်တစ်ယောက်ဟာလည်း တိုက်ဆိုင်စွာပင် အခင်းဖြစ်ပွားရာနေရာကိုဖြတ်သွားမိသည်.. နောက်ယောင်ခံလိုက်လာသည့် လူမှာ ပီဇာပို့သမားဆီသို့ သက်သေဖျောက်သည့်အနေဖြင့် ဆက်လက်ပစ်ခတ်လိုက်သည်... နောက်တစ်နေ့မနက်တွင် ကောင်မလေးတစ်ယောက် ဘူတာရုံတွင် Suicide လုပ်ခဲ့သည်...ပြောရရင် (၂)ရက်အတွင်း အလောင်း(၃)လောင်းဖြစ်သွားခဲ့ခြင်းဖြစ်သည်...ဒီ Suicide လုပ်သည့်အမျိုးသမီးမှာ လွှတ်တော်အမတ်တစ်ယောက်၏ ဝန်ထမ်းတစ်ဦးပင်ဖြစ်သည်.....လွှတ်တော်အမတ်၏စေခိုင်းမှုကြောင့် ဒီအမျိုးသမီးမှာ အစိုးရ လက်နက်ကုမ္ပဏီတစ်ခုကိစ္စကိုစုံစမ်းနေခြင်းဖြစ်သည်.. မှုခင်းဖြစ်စဉ်အရ Suicide ဟုပြောဆိုနေပေမယ့် လက်နက်ကိစ္စစုံစမ်းခြင်းကြောင့်အသတ်ခံရတာလားဟုဆိုသောမေးခွန်းတွေကလည်းတစ်ပြုံတစ်ပင်ပင်ဖြစ်သည်.. ဒီဇာတ်ကားဟာ နိုင်ငံရေးပါဝင်တဲ့ Thriller ကားကောင်းတစ်ကားပါ...လွှတ်တော်အမတ်အဖြစ် Ben Affleck ကသရုပ်ဆောင်ထားပြီး သူ့ရဲ့ယုံကြည်ရတဲ့ သတင်းထောက်သူငယ်ချင်းအဖြစ် Russell Crowe ကြီးကသရုပ်ဆောင်ထားပါတယ်.....အခြားနာမည်ကြီးသရုပ်ဆောင်များဖြစ်တဲ့ Rachel McAdams ,Helen Mirren , Robin Wright တို့လည်း ပါဝင်ထားလေတယ်... ကိုင်း ဘာကြောင့်လူတွေအသတ်ခံရလဲ ....လွှတ်တော်အမတ်ရဲ့ ဝန်ထမ်းအမျိုးသမီးကရော တကယ်ပဲ Suicide လုပ်ခဲ့တာလား...နောက်ကွယ်က ပြသနာတွေကရော ဘာတွေဖြစ်မလဲဆိုတာကိုတော့ သတင်းထောက်ကြီး Russell Crowe နဲ့အတူ နိုင်ငံရေးလောကထဲကအရှုတ်တွေကို ဝင်ရောက်စုံစမ်းထောက်လှမ်းကြည့်ရအောင်.... ------------------------------------------------------------------- မုိးတဖြဲဖြဲက်ၿပီးတိတ္ဆိတ္ေနတဲ့ Washington ...
movie
State of Play (2009)
2009