State of Play(2009)
IMDb….7.1,,,,Rotten….84%
မိုးတဖွဲဖွဲကျပြီးတိတ်ဆိတ်နေတဲ့ Washington DCမြို့ရဲ့ ညတစ်ညမှာ လူတစ်ယောက်
ကြောက်လန့်တကြားပြေးလွှားနေတယ်…..ညဟာအေးစက်နေပေမယ့် သူ့မျက်နှာပေါ်မှာ ချွေးစေးတွေပျံနှံနေသလို
သူ့ဟန်မှာကြောက်လန့်နေပုံအထင်းသားပေါ်လွင်နေတယ်…သူပြေးလွှားပုန်းအောင်းနေပေမယ့် နောက်ယောင်ခံလိုက်လာတဲ့သူတွေ့ရှိသွားကာ
ပစ္စတိုဖြင့်(၂)ချက်ဆင့်ပစ်ချခြင်းခံလိုက်ရသည်….ပီဇာပို့သည့်လူငယ်တစ်ယောက်ဟာလည်း တိုက်ဆိုင်စွာပင် အခင်းဖြစ်ပွားရာနေရာကိုဖြတ်သွားမိသည်..
နောက်ယောင်ခံလိုက်လာသည့် လူမှာ ပီဇာပို့သမားဆီသို့ သက်သေဖျောက်သည့်အနေဖြင့် ဆက်လက်ပစ်ခတ်လိုက်သည်…
နောက်တစ်နေ့မနက်တွင် ကောင်မလေးတစ်ယောက် ဘူတာရုံတွင် Suicide လုပ်ခဲ့သည်…ပြောရရင်
(၂)ရက်အတွင်း အလောင်း(၃)လောင်းဖြစ်သွားခဲ့ခြင်းဖြစ်သည်…ဒီ Suicide လုပ်သည့်အမျိုးသမီးမှာ လွှတ်တော်အမတ်တစ်ယောက်၏
ဝန်ထမ်းတစ်ဦးပင်ဖြစ်သည်…..လွှတ်တော်အမတ်၏စေခိုင်းမှုကြောင့် ဒီအမျိုးသမီးမှာ အစိုးရ လက်နက်ကုမ္ပဏီတစ်ခုကိစ္စကိုစုံစမ်းနေခြင်းဖြစ်သည်..
မှုခင်းဖြစ်စဉ်အရ Suicide ဟုပြောဆိုနေပေမယ့် လက်နက်ကိစ္စစုံစမ်းခြင်းကြောင့်အသတ်ခံရတာလားဟုဆိုသောမေးခွန်းတွေကလည်းတစ်ပြုံတစ်ပင်ပင်ဖြစ်သည်..
ဒီဇာတ်ကားဟာ နိုင်ငံရေးပါဝင်တဲ့ Thriller ကားကောင်းတစ်ကားပါ…လွှတ်တော်အမတ်အဖြစ် Ben Affleck ကသရုပ်ဆောင်ထားပြီး
သူ့ရဲ့ယုံကြည်ရတဲ့ သတင်းထောက်သူငယ်ချင်းအဖြစ် Russell Crowe ကြီးကသရုပ်ဆောင်ထားပါတယ်…..အခြားနာမည်ကြီးသရုပ်ဆောင်များဖြစ်တဲ့
Rachel McAdams ,Helen Mirren , Robin Wright တို့လည်း ပါဝင်ထားလေတယ်…
ကိုင်း ဘာကြောင့်လူတွေအသတ်ခံရလဲ ….လွှတ်တော်အမတ်ရဲ့ ဝန်ထမ်းအမျိုးသမီးကရော
တကယ်ပဲ Suicide လုပ်ခဲ့တာလား…နောက်ကွယ်က ပြသနာတွေကရော ဘာတွေဖြစ်မလဲဆိုတာကိုတော့
သတင်းထောက်ကြီး Russell Crowe နဲ့အတူ နိုင်ငံရေးလောကထဲကအရှုတ်တွေကို ဝင်ရောက်စုံစမ်းထောက်လှမ်းကြည့်ရအောင်….
——————————————————————-
မုိးတဖြဲဖြဲက်ၿပီးတိတ္ဆိတ္ေနတဲ့ Washington DCၿမဳိ႕ရဲ႕ ညတစ္ညမွာ လူတစ္ေယာက္
ေၾကာက္လန္႕တၾကားေျပးလႊားေနတယ္…..ညဟာေအးစက္ေနေပမယ့္ သူ႕မ်က္ႏွာေပၚမွာ ေခြ်းေစးေတြပ်ံႏွံေနသလုိ
သူ႕ဟန္မွာေၾကာက္လန္႕ေနပုံအထင္းသားေပၚလြင္ေနတယ္…သူေျပးလႊားပုန္းေအာင္းေနေပမယ့္ ေနာက္ေယာင္ခံလုိက္လာတဲ့သူေတြ႕ရွိသြားကာ
ပစၥတုိျဖင့္(၂)ခ်က္ဆင့္ပစ္ခ်ျခင္းခံလုိက္ရသည္….ပီဇာပုိ႕သည့္လူငယ္တစ္ေယာက္ဟာလည္း တုိက္ဆုိင္စြာပင္ အခင္းျဖစ္ပြားရာေနရာကုိျဖတ္သြားမိသည္..
ေနာက္ေယာင္ခံလုိက္လာသည့္ လူမွာ ပီဇာပုိ႕သမားဆီသုိ႕ သက္ေသေဖ်ာက္သည့္အေနျဖင့္ ဆက္လက္ပစ္ခတ္လုိက္သည္…
ေနာက္တစ္ေန႕မနက္တြင္ ေကာင္မေလးတစ္ေယာက္ ဘူတာရုံတြင္ Suicide လုပ္ခဲ့သည္…ေျပာရရင္
(၂)ရက္အတြင္း အေလာင္း(၃)ေလာင္းျဖစ္သြားခဲ့ျခင္းျဖစ္သည္…ဒီ Suicide လုပ္သည့္အမ်ဳိးသမီးမွာ လႊတ္ေတာ္အမတ္တစ္ေယာက္၏
၀န္ထမ္းတစ္ဦးပင္ျဖစ္သည္…..လႊတ္ေတာ္အမတ္၏ေစခုိင္းမႈေၾကာင့္ ဒီအမ်ဳိးသမီးမွာ အစိုးရ လက္နက္ကုမၸဏီတစ္ခုကိစၥကုိစုံစမ္းေနျခင္းျဖစ္သည္..
မႈခင္းျဖစ္စဥ္အရ Suicide ဟုေျပာဆုိေနေပမယ့္ လက္နက္ကိစၥစုံစမ္းျခင္းေၾကာင့္အသတ္ခံရတာလားဟုဆုိေသာေမးခြန္းေတြကလည္းတစ္ၿပဳံတစ္ပင္ပင္ျဖစ္သည္..
ဒီဇာတ္ကားဟာ ႏိုင္ငံေရးပါ၀င္တဲ့ Thriller ကားေကာင္းတစ္ကားပါ…လႊတ္ေတာ္အမတ္အျဖစ္ Ben Affleck ကသရုပ္ေဆာင္ထားၿပီး
သူ႕ရဲ႕ယုံၾကည္ရတဲ့ သတင္းေထာက္သူငယ္ခ်င္းအျဖစ္ Russell Crowe ႀကီးကသရုပ္ေဆာင္ထားပါတယ္…..အျခားနာမည္ႀကီးသရုပ္ေဆာင္မ်ားျဖစ္တဲ့
Rachel McAdams ,Helen Mirren , Robin Wright တုိ႕လည္း ပါ၀င္ထားေလတယ္…
ကုိင္း ဘာေၾကာင့္လူေတြအသတ္ခံရလဲ ….လႊတ္ေတာ္အမတ္ရဲ႕ ၀န္ထမ္းအမ်ဳိးသမီးကေရာ
တကယ္ပဲ Suicide လုပ္ခဲ့တာလား…ေနာက္ကြယ္က ျပသနာေတြကေရာ ဘာေတြျဖစ္မလဲဆုိတာကုိေတာ့
သတင္းေထာက္ႀကီး Russell Crowe နဲ႕အတူ ႏုိင္ငံေရးေလာကထဲကအရႈတ္ေတြကုိ ၀င္ေရာက္စုံစမ္းေထာက္လွမ္းၾကည့္ရေအာင္….
File Size :(2.29GB) and (909 MB)
Quality : Blu-Ray 720p,1080p5.1ch
Format…mp4
Duration…02:07:00
Genre : Crime, Drama, Mystery
Subtitle : Myanmar Subtitle (Hard Sub)
Translated by Myo Khant Maung
Encoded by Phyo Pyae