Channel Myanmar

Julien Frison

The Three Musketeers: D’Artagnan (2023) 7
The Three Musketeers: D’Artagnan (2023) The Three Musketeers: D'Artagnan (2023)~ IMDb - 6.9/10, Rotten Tomatoes - 96% ~ကျွန်တော်တို့အဘိုးတွေ အဖေတွေခေတ်ကတည်းက ရွှေဥဒေါင်းလက်ရာနဲ့ လူတိုင်းနီးပါးရင်းနှီးခဲ့တဲ့ အလက်ဇန္ဒြားဒူးမားရဲ့ The Three Musketeers ကို ခေတ်အဆက်ဆက် ရုပ်ရှင်အနေနဲ့ အသက်သွင်းခဲ့ကြပြီးပါပြီ။ သိသလောက်ဆို ဒီရုပ်ရှင်တွေက ဝေဖန်ရေးဆရာတွေအမြင်အရ မအောင်မြင်ခဲ့တာတွေက ပိုများတယ်။ ဆန်းတော့လည်းမဆန်းပါဘူး။ အလက်ဇန္ဒြားဒူးမားစာအုပ်တွေကို ရွှေဥဒေါင်းဘာသာပြန်ထားတဲ့ ရတနာသိုက်တို့၊ ကိုယ်ရံတော်တို့၊ သူရဲကောင်းသုံးယောက်တို့ ဖတ်ကြည့်ရုံနဲ့တင် ဒူးမားအနေနဲ့ ဇာတ်ကြွအောင် ပုံဖော်တာပိုင်နိုင်ပုံကို မြင်နိုင်တယ်။ ဒီလိုဇာတ်ကို ပြန်အသက်သွင်းတာကို ဝေဖန်ရေးဆရာတွေ အရမ်းအကြိုက်မတွေ့ခဲ့ကြတာတော့ ဖြစ်သင့်တဲ့ကိစ္စပါပဲ။ ဒီတစ်ခါရုပ်ရှင်ကတော့ ရှေ့ကားတွေထက် ဝေဖန်ရေးဆရာတွေရဲ့ မျက်နှာသာပေးပိုခံရတယ်လို့ ပြောရပါမယ်။ ခရမ်းချဉ်သီး ၉၆လုံး ရထားပါတယ်။ ဟိုးရှေးခေတ်ကတည်းကနေ ခုထိ ရိုက်ခဲ့သမျှတွေထဲ ခရမ်းချဉ်သီးအမြင့်ဆုံးပါပဲ။ သရုပ်ဆောင်တွေကိုလည်း ကားကောင်းတွေရိုက်တာများတဲ့ Vincent ...
movie

The Three Musketeers: D’Artagnan (2023)

2023
4K HEVC
Lover for a Day (2017) 6.7
Lover for a Day (2017) Lover for a Day (2017)~ IMDb - 6.7/10, Rotten Tomatoes - 82% ~ပြင်သစ်ဆန်ဆန် အချစ်အကြောင်းလေးတစ်ပုဒ်။ ဓားရာကိုယ်စီနဲ့ ချစ်ဝေဒနာသည်တွေအတွက် အိုအေစစ်တစ်ခု။အဖြူအမည်း၊ ဝတ်လစ်စလစ်အခန်းတွေ၊ စီးကရက်သောက်နေတဲ့လူတွေ၊ ရုတ်တရက်ထပြီး ဒဿနဆန်ပစ်တဲ့ ဒိုင်ယာလော့ခ်တွေနဲ့ နောက်ခံစကားပြော။ ဒါက ပြင်သစ်ရုပ်ရှင်စစ်စစ်ပါပဲ။ ပြင်သစ်အထာဆိုတာ ဒါ လို့ ကိုယ့်မျက်နှာရှေ့ ကပ်မပြောရုံတမယ်ပါ။ပြင်သစ်ဒါရိုက်တာ Philippe Garrel ဟာ မှတ်ကျောက်တစ်ခုအနေနဲ့ Garrel's Trilogy of Love ဆိုပြီး အချစ်အကြောင်း အဖြူအမည်း ရုပ်ရှင်သုံးခု ရိုက်ထားပါတယ်။ ဒါကတော့ အဲဒီ ၃ ကားထဲက နောက်ဆုံးတစ်ခုပေါ့။အချစ်ဆိုတာ ဘာလဲ။ ဒီမေးခွန်းကို ခေတ်အဆက်ဆက်မေးခဲ့ကြတယ်။ ခေတ်အဆက်ဆက်အဖြေထုတ်(ဖို့ကြိုးစား)ခဲ့ကြတယ်။ အချစ်ဟာ အချစ်ပါပဲ။ အချစ်ကို ဘာနဲ့ဖွဲ့စည်းထားတာပါလို့ ဓာတုဗေဒမဆန်ကြရအောင်လေ။အချစ်ဆိုတာ ရေလို့ပဲသတ်မှတ်တာပေါ့။ ပုံသဏ္ဍာန်အတည်တကျမရှိ။ မရှိတဲ့နည်းတူ ...
movie

Lover for a Day (2017)

2017
The Night of the 12th (2022) 7.1
The Night of the 12th (2022) The Night of the 12th (2022)~ IMDb - 7.1/10, Rotten Tomatoes - 85% ~Memories of Murder တို့ Zodiac တို့လို ဖြစ်ရပ်မှန်ကို အခြေခံပြီး တရားခံမပေါ်တဲ့ ဇာတ်လမ်းတွေကို ကြိုက်တယ်ဆိုရင်တော့ ဒီကားဟာ သင့်အတွက်ပါပဲ။စုံထောက်တိုင်းမှာ သူတို့မေ့မရတဲ့ သူတို့ကို အတွင်းထဲက လှိုက်စားနေတဲ့ အမှုတစ်ခုစီတော့ ရှိတတ်ကြပါတယ်။ ဒီကားထဲက စုံထောက်အတွက်ကတော့ ၁၂ရက်နေ့ညမှာအသတ်ခံခဲ့ရတဲ့ ကလာရာဆိုတဲ့ မိန်းကလေးတစ်ယောက်ရဲ့ အမှုပါ။ ဒီကားဟာလည်း ကလာရာ့အသတ်ခံရမှုနောက်ကို စုံစမ်းဖော်ထုတ်ကြမယ့် ဖြစ်စဉ်အကြောင်းပဲဖြစ်ပါတယ်။အပေါ်မှာပြောခဲ့သလိုပါပဲ... ဒီကားဟာ ပြင်သစ်ရဲဌာနရဲ့ မဖြေရှင်းနိုင်ခဲ့တဲ့ အမှုတစ်ခုအပေါ် အခြေခံပြီး ပြန်ရိုက်ထားတာဖြစ်ပါတယ်။ သိတဲ့အတိုင်းပါပဲ ဒီလိုကားတွေဟာ ဇာတ်လမ်းအကြောင်း သိပ်များများပြောပြဖို့ မသင့်တာမို့ ကိုယ်တိုင် ကြည့်ရှုကြဖို့ပဲ တိုက်တွန်းချင်ပါတယ်။တစ်ခုရှိတာက ဒါဟာဖြစ်ရပ်မှန်စုံထောက်ကားဆိုပေမယ့် အလွှာတွေအများကြီးနဲ့ ဖွဲ့စည်းထားတဲ့ လူမှုရေးရာခေါင်းစဉ်တွေပါဝင်သလို ...
movie

The Night of the 12th (2022)

2022