Channel Myanmar

Li Chengru

Silent Duel ( 2023 ) 5.9
Silent Duel ( 2023 ) ဒီတစ်ခေါက်တော့ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနဲ့ ပတ်သက်တဲ့ စိတ်ဝင်စားစရာကောင်းတဲ့ဇာတ်လမ်းလေးတစ်ပုဒ်နဲ့ မိတ်ဆက်ပေးပါရစေ... မူးယစ်ဆေးဝါး တိုက်ဖျက်ရေး တပ်ဖွဲ့ဝင် ချန်ကျယ်က မူးယစ်ဆေးရောင်းဝယ်သူတွေကို လိုက်လံ ဖမ်းဆီးချိန်မှာ HIV ပိုးရှိတယ်လို့ ထင်ရတဲ့ လောင်မောင်းဆိုသူရဲ့ ကိုက်တာကိုခံခဲ့ရပါတယ်...သို့ပေမယ့် သူရဲ့ ဆေးစစ်မှုရလာဒ်ထွက်မလာခင် စောင့်ဆိုင်းရက် သုံးလအတွင်းမှာ သူ့ရဲ့ မူလရည်ရွယ်ချက်အတိုင်း သူ့ရဲ့ လုပ်ဖော်ကိုင်ဘက်တွေနဲ့ မူးယစ်ဆေး ရောင်းဝယ်သူတွေ ကြိုးစားဖမ်းဆီးခဲ့ပါတယ်..တစ်ဖက်မှာလည်း စိတ်ဓာတ်ကျမသွားအောင်မိသားစုဝင် ချစ်သူ လုပ်ဖော်ကိုင်ဘက်တွေရဲ့ ဖေးမမှုတွေကို မြင်တွေ့ရမယ့်အပြင်... HIV သံသယရှိသူ ဖြစ်ခဲ့သော်လည်း စိတ်ဓာတ်မကျဘဲ မူးယစ်ဆေးဝါး ရောင်းဝယ် ဖောက်ကားနေသူတွေကို အဆုံးထိ ဘယ်လိုနှိမ်နှင်းသွားခဲ့လဲ.... သူ့ရဲ့ နောက်ဆုံး ဆေးစစ်ချက်ရလာဒ်ကရောဘယ်လိုမျိုး အဖြေထွက်လာခဲ့လဲဆိုတာကိုတော့ စောင့်မျှော်ကြည့်ရှုကြပါဦးနော်... Quality : WEB-DL 1080p , 720p Format : mp4 Genres : Action , Crime Runtime : 1h 29 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed ...
movie

Silent Duel ( 2023 )

Better Man ( 2023 ) 6
Better Man ( 2023 ) အိမ်ထောင်တစ်ခုမှာ မိန်းမသားတွေဟာ အိမ်မှုကိစ္စလုပ် ၊ အမျိုးသားတွေကိုပြုစု ၊ ကလေးမွေး / ကလေးထိန်း ဖို့ပဲတာဝန်ရှိပြီး တစ်ခြားအလုပ်တွေလဲလုပ်စရာမလို လူမှုနယ်ပယ်ကိုလဲ ဝန်ဆံ့စရာမလိုဘူးဟု ထင်မှတ်ထားသူ စာရေးဆရာ - ဟူထျယ်နမ်ဒီလို အတွေးမျိုးကို ပုံသေတစ်ခုအဖြစ်မှတ်ထားတဲ့ ဟူထျယ်နမ်ဟာ သူအပြင်မှာ ပင်ပင်ပန်းပန်းအလုပ်တွေလုပ်ပေး မိသားစုအတွက် ငွေရှာပေးနေတာနဲ့တင် သူ့ရဲ့ ခင်ပွန်းဝတ္ထရား ကျေပွန်ပြီဟု ထင်မှတ်နေသူပါ ။ ဇနီးဖြစ်သူကိုလဲ အလုပ်လုပ်မခိုင်းသလို လူမှုနယ်ပယ်မှာလဲ ဝန်ဆံ့ဖို့ ပိတ်ပင်ထားပါတယ် ။ တစ်နေ့မှာတော့ ဟူထျယ်နမ် တစ်ယောက် အလုပ်သွားဖို့ ဓာတ်လှေကား စီးနေစဥ်အတွင်းမှာ မတော်တဆ ဖြစ်ကာ သူလက်ရှိနေနေတဲ့ လောကကြီးနဲ့ ဆန့်ကျင်ဘက်ဖြစ်တဲ့ နေရာဆီကို ချက်ချင်းဆိုသလို ရောက်ရှိသွားခဲ့ပါတော့တယ် ။အဲ့ဒီလောကမှာရှိတဲ့ မိန်းမသားတွေက အိမ်ထောင်ကိုဦးစီးပြီး ယောကျာ်းတွေက အိမ်မှုကိစ္စ အဖြာဖြာလုပ်ပြီး ကလေးမွေး ၊ ကလေးထိန်းအစရှိတဲ့ အလုပ်တွေကို လုပ်နေကြရပါတယ် ။ အစပိုင်းမှာ ဟူထျယ်နမ်တစ်ယောက် လက်မခံပဲ ဆက်ဆက်ထိမခံ ဆန့်ကျင်ခဲ့ပေမဲ့ မရခဲ့ချေပါဘူး ။ သူကိုယ်တိုင် မိန်းမသားတွေ လုပ်ကိုင်ကြရတဲ့ အရာတွေကို မျက်မြင်ကိုယ်တွေ့ ကြုံလာရတဲ့အခါမှာ ....?ဟူထျယ်နမ်တစ်ယောက် ...
movie

Better Man ( 2023 )

Moon Man ( 2022 ) 6
Moon Man ( 2022 ) ဒီဇာတ်ကားလေးဟာဆိုရင် ၂၀၂၂ ခုနှစ် ဇူလိုင်လ ၂၉ ရက်နေ့မှာ ရုံတင်ခဲ့ပြီးတော့ ရုံဝင်ငွေ ၂ ဘီလီယံကျော်ရရှိခဲ့တဲ့ ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ် ပြီးတော့ တောင်ကိုရီးယား ကာတွန်းရေးဆရာတစ်ယောက်ဖြစ်တဲ့ "Cho Seok" ဖန်တီးရေးသားထားသော "Moon You" ကို အခြေခံရိုက်ကူးထားတဲ့ဇာတ်ကားလေးဆိုရင်လဲမမှားပါဘူး အဓိကပါဝင်သရုပ်ဆောင်ထားကြတဲ့သူတွေအနေနဲ့ကတော့-❏ အမည်မသိမထင်ရှားတဲ့ ပြုပြင်ထိန်းသိမ်းရေးဝန်ထမ်းငယ်လေးအဖြစ် - ချန်ထန် ❏ "လကမ္ဘာပေါ်က ကာကွယ်ရေးဒိုင်းကာအစီအစဥ် "ကို ကြီးကြပ်ရသူအဖြစ် - မာလိ တို့ကနေပြီးတော့ ပါဝင်သရုပ်ဆောင်ထားကြပါတယ်ရှင် ဇာတ်လမ်းအကျဥ်းအနေနဲ့ကတော့-“လူသားတွေဟာ ဂြိုလ်ငယ်လေးတွေရဲ့ ဝင်ရောက်တိုက်ခတ်မှုကနေပြီးတော့ ကာကွယ်ပြီးတော့ ကမ္ဘာမြေကြီးကိုကယ်တင်ဖို့အတွက် "လကမ္ဘာပေါ်က ကာကွယ်ရေးဒိုင်းကာအစီအစဥ် " ကို လက်တွေ့ကျကျစီစဥ်ရေးဆွဲခဲ့ကြပါတယ် ဒါပေမဲ့လို့ မထင်မှတ်ထားပဲ ဥက္ကာခဲကြီးက ကြိုတင်ဝင်ရောက်လာခဲ့တဲ့အတွက် အဖွဲ့ဝင်လုပ်သားတွေအားလုံး အရေးပေါ်အခြေအနေအရ ထွက်​ခွာနေရတဲ့အချိန်မှာ ပြုပြင်ထိန်းသိမ်းရေး ဝန်ထမ်းတစ်ယောက်ဖြစ်သူ တူကူယွဲ့ဟာ မတော်တဆမှုတစ်ခုကြောင့် အဖွဲ့ခေါင်းဆောင် မာလန်ရှင်းရဲ့ အသိပေးချက်ကိုလွဲချော်ခဲ့ပြီး တစ်ယောက်ထဲ လကမ္ဘာပေါ်မှာကျန်ရစ်ခဲ့ပါတော့တယ်မထင်မှတ်ထားပဲ "လကမ္ဘာပေါ်က ကာကွယ်ရေးဒိုင်းကာအစီအစဥ် "ဟာ မအောင်မြင်သွားပဲ တူကူယွဲ့ဟာ စကြဝဋ္ဌာအတွင်းမှာ နောက်ဆုံးသော အသက်ရှင်ကျန်ရစ်သူတစ်ဦးဖြစ်သွားခဲ့ပါတော့တယ် အဲဒီမှာ သူ့ရဲ့ဘဝကို လကမ္ဘာပေါ်မှာ အချိန်ကုန်ရင်းနဲ့.....?”❏ ဘယ်လိုစိန်ခေါ်မှုတွေကို ကြုံတွေ့ ရင်ဆိုင်ရမလဲ ? ❏တစ်ယောက်ထဲ အထီးကျန်ဆန်တဲ့ဘဝကို ဘယ်လိုတွေကုန်ဆုံးမလဲ ? ❏ သူဒီစကြဝဋ္ဌာအတွင်းကနေရော ...
movie

Moon Man ( 2022 )