Channel Myanmar

Mario Casas

The Paramedic (2020) 7.8
The Paramedic (2020) အရေးပေါ်ကျန်းမာရေးဝန်ထမ်း အန်ဟယ်ရဲ့ဘဝဟာ သူ့ကောင်မလေးဖြစ်သူ ပြင်သစ်သူလေးဗီနာနဲ့အတူ အ​ခြေကျနေတာပါ သူစီးလာတဲ့လူနာတင်ကား အက်ဆီးဒင့်မဖြစ်ခင်အချိန်ထိပေါ့ ကားအက်ဆီးဒင့်ကြောင့် အန်ဟယ်တစ်ယောက် အောက်ပိုင်းသေသွားတဲ့အခါမှာ အလုပ်လည်းပြုတ်ပြီး စိတ်တိုစိတ်ဆတ်လွယ်တဲ့လူတစ်ယောက်ဖြစ်လာပါတော့တယ် သူ့ကောင်မလေးဗီနာ့အပေါ်လည်း မယုံသင်္ကာတွေဖြစ်၊ အိမ်နီးချင်းဗီဆင်တီနဲ့သူ့ခွေးကိုလည်း အမြင်ကတ်ပြီးရင်းကတ်၊ သူအက်ဆီးဒင့်ဖြစ်ခဲ့တဲ့ လူနာတင်ကားကိုမောင်းခဲ့တဲ့သူ သူ့လုပ်ဖော်ကိုင်ဖက် ရီကာဒိုကိုလည်း အမုန်းကြီးမုန်းလာပါ​တော့တယ် အဆိုးဆုံးကတော့ တက္ကသိုလ်တက်ပြီး အလုပ်သင်ဆင်းနေတဲ့ သူ့ကောင်မလေးဗီနာနဲ့မပြေမလည်တွေဖြစ်ပြီး ​ ဗီနာအိမ်ပေါ်ကဆင်းသွားပြီးတဲ့နောက်မှာ ကြောက်စရာကောင်းတဲ့ အန်ဟယ်ရဲ့ evil side တွေကို ဒီစပိန် thrillerဇာတ်ကားမှာ ကြည့်ရှုလိုက်ကြပါဦး    File Size -  1gb Quality - web-dl 1080p Subtitle -  burrmese Translator - MTA Encoder - Thit San Khant
movie

The Paramedic (2020)

2020
The Invisible Guest (2016) 8.1
The Invisible Guest (2016) The Invisible Guest(2016) IMDb...8.1,,,,,,Rotten...67% ဒီဇာတ်ကားရဲ့ ပထမဆုံးအခန်းမှာတင် လူသတ်မှုကျူးလွန်သူလို့စွပ်စွဲခံရတဲ့လူလတ်ပိုင်းအရွယ်ယောင်္ကျားတစ်ယောက်နဲ့ သူငှါးထားတဲ့ အသက်(၅၀)ခန့်အမျိုးသမီးရှေ့နေတစ်ယောက်တို့စကားပြောနေတာကို ခင်ဗျားတို့တွေ့လိမ့်မယ်...သက်သေအထောက်အထားများအရ လူသတ်မှုကျူးလွန်သူလို့ငြင်းလို့မရပေမယ့် ဒီလူကတော့သူလုံးဝမသတ်ကြောင်းကို ရှေ့နေကိုပြောနေတယ်....သူဟာ မိန်းမရှိရက်နဲ့ တခြားမိန်းမနဲ့ငြိစွန်းခဲ့တာကိုသိလို့ ယူရိုတစ်သိန်းပေးရမယ်လို့ချိန်းခြောက်သူရှိတယ်..ငွေတစ်သိန်းယူပြီး ဟော်တယ်တစ်ခုကို သူ့ငြိခဲ့တဲ့ ကောင်မလေးနဲ့အတူလာခဲ့ဖို့အမည်မသိချိန်းခြောက်သူကပြောတယ်...သူနဲ့ အဲ့ဒီမိန်းမ ဟော်တယ်အခန်းတစ်ခုမှာစောင့်နေကြတယ်...အဲ့ဒီမှာ သူ့ကို တစ်ယောက်ယောက်က ခေါင်းကိုရိုက်လိုက်တယ်...၁၅မိနစ်လောက်မေ့သွားပြီးသတိရလာတဲ့အချိန်မှာ သူငြိခဲ့တဲ့မိန်းမက သေနေပြီး ရဲတွေလည်းရောက်လာတဲ့အတွက်ကြောင့်အငြင်းပွားစရာမရှိလူသတ်မှုတရားခံဖြစ်သွားတယ်....ဒီလူ့ရဲ့အပြောကို ရှေ့နေကတော့ ဟာကွက်တွေရှိနေဆဲဖြစ်တယ်လို့ သုံးသပ်ရင်းထိန်ချိန်ခဲ့တဲ့အကြောင်းတွေကိုပြောဖို့ ...အဲ့ဒီလိုပြောမှသာ သူကူညီနိုင်မှာဖြစ်တဲ့အကြောင်းကိုနားချတယ်...အဲ့ဒီနောက်မှာတော့...............ဘယ်သူက သူ့ကို လူတစ်ယောက်လုံးသတ်ပြီးချောက်ချတာလဲ.... လူတစ်ယောက်လုံးသတ်ပြီးချောက်ချရအောင် သူတို့ဘာရန်ငြိုးတွေများရှိလို့လဲ....သူနောက်ဆက်ပြောမယ့် အကြောင်းတွေက ဘာများဖြစ်မလဲ...သူပြောတာတွေကရော တကယ့်အမှန်တရားလား......ဒီကားက နောက်ခံတီးလုံးသံအေးစက်စက်အောက်မှာ flashback ပုံစံနဲ့ တစ်ဆင့်ခြင်းဖြစ်စဉ်တွေပြသွားတယ်....ခင်ဗျားတို့ထင်ထားတာထက် နောက်ဆက်တွဲအရှုတ်တွေရှိတဲ့အပြင်အံ့အားသင့်စရာတွေလည်းအများကြီးပဲ...ဇာတ်အိမ်အုတ်မြစ်ချသွားတာကလည်း တကယ့်ကို ခမ်းနားတယ်.....ကြည့်ရင်းကြည့်ရင်းနဲ့ကို တဖြည်းဖြည်းဘာကိုမှန်းမသိလန့်လာတာလိုလို ... ဒီလိုကြီးဖြစ်သွားရတာလားဆိုပြီးတစ်ဆက်ထဲတွေးရင်းငါဆိုရင်ရောဘယ်လိုလုပ်မလဲ ...စသည်ဖြင့် စ၊ဆုံး ဆွဲဆောင်မှုရှိစွာနဲ့ ခင်ဗျားဟာ ဆက်ပြီးကြည့်ဖြစ်လိမ့်မယ်....စပွိုင်လာလုပ်ရင် ကြည့်ရတာ ပေါ့ပျက်ပျက်ဖြစ်သွားနိုင်လို့ ဒီလောက်နဲ့ တော်ပါရစေ...ဒီကားကြည့်နေစဉ် မိနစ်(၃၅)မိနစ်လောက်ရောက်တာနဲ့ cm ကအညွှန်းက မလွန်ပါဘူးလေဆိုပြီး ...
movie

The Invisible Guest (2016)

2016
The Photographer of Mauthausen(2018) 6.7
The Photographer of Mauthausen(2018) The Photographer of Mauthausen(2018) IMDb..6.7 ကမ္ဘာပေါ်တွင် ခေတ်အဆက်ဆက်စစ်ပွဲတွေဖြစ်လာခဲ့ကြသည်။ အတော်များများသည် သင်ရိုးညွှန်းတမ်းများတွင် ထည့်သွင်းသင်ကြားပေးပြီး စစ်ရဲ့ဆိုးကျိုးတွေနဲ့ စစ်ပွဲဖြစ်ရသည့်အကြောင်းများ ငြိမ်းချမ်းရေးစာချုပ်များသည် မည်မျှအရေးကြီးကြောင်းစတာတွေကိုသင်ကြားပါသည်.... ဒီကားလေးကတော့  ဒုတိယကမ္ဘာစစ်ကာလမှာ ဖရန်စစ်ဘော့ရှ် ဆိုတဲ့ စပိန်သား တစ်ယောက်ဟာ သြစတြီးယားနိုင်ငံထဲက အကျဉ်းစခန်းလေးတစ်ခုမှာ အကျဉ်းသားဖြစ်နေခဲ့တယ်.... ဒုတိယကမ္ဘာစစ်က နာဇိတွေဟာ အကျဉ်းသားတွေကို ရက်စက်ကြမ်းကြုတ်စွာ နှိပ်စက်မှုတွေကို အားလုံးလည်းကြားဖူးနေကြမှာပါ.... ဒီလို လူမဆန်စွာ ရက်စက်ကြမ်းကြုတ်မှုတွေကို ဖရန်စစ်ဘော့ရှ်  ဟာ ကမ္ဘာတစ်ဝှမ်းသိစေဖို့ သက်သေပြချင်တယ်...ဒါ့ကြောင့် သက်သေတွေရှာဖွေပြီး  ကမ္ဘာကိုသိအောင် ကြိုးစားပါတော့တယ်.. အကျဉ်းသားတစ်ယောက်အနေနဲ့ လုပ်ရတာ  အချိန်မရွေးအသက်ပျောက်နိုင်တဲ့ အပြင် အန္တရယ်ပေါင်းများစွာ သူ့ကိုဝန်းရံနေတော့ သူအောင်မြင်ပါ့လား... ခံစားကြည့်လိုက်ပါဦး.... ဖြစ်ရပ်မှန်အပေါ် အခြေပြုပြီး ရိုက်ထားတဲ့ ဇာတ်ကားကောင်းမို့ ခံစားကြည့်လိုက်ပါဦး... ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ SCRNပဲဖြစ်ပါတယ်.... File Size : (950 MB) and (320 MB) Quality : Blu-Ray 720p Format…mp4 Duration…01:50:00 Genre :  Biography, Drama, History Subtitle : Myanmar Subtitle (Hard Sub) Translated by SCRN Encoded by Phyo Pyae
movie


2018
The 33 (2015) 6.9
The 33 (2015) CM ပရိတ်သတ် ကြီးအတွက် 2015 ခုနှစ်ထွက် The 33 ဆိုတဲ့ ဖြစ်ရပ်မှန် ကားကောင်းလေးတစ်ကားကို တင်ဆက်ပေးလိုက်ရပါတယ်။ ဒီဇာတ်လမ်း လေးဟာ ၂၀၁၀ ခုနှစ်က ကျော်ကြားခဲ့တဲ့ Copiapó မိုင်းတွင်း မတော်တဆ မှု့အကြောင်းကို ပြန်လည် ရိုက်ကူးထားတာဖြစ်ပါတယ်။ ချီလီ ကြေးနီ မိုင်းတွင်းလုပ်သား ၃၃ ယောက်ဟာ မြေအောက် ၇၀၀ မီတာ အနက် (ပေ ၂၃၀၀)မှာ ၆၉ ရက်ကြာ ပိတ် မိနေခဲ့တာပဲ ဖြစ်ပါတယ်။ သူတို့ကို ကယ်တင်ဖို့ အမေရိကန်က NASA အပါအဝင် ကမ္ဘာ တစ်လွှားက အဖွဲ့ အစည်းပေါင်း မြောက်မြားစွာက ပါဝင်ကူညီခဲ့ကြပါတယ်။ဒီလိုနဲ့ အောက်တိုဘာလ ၁၃ ရက် ၂၀၁၀ ခုနှစ်မှာမှ အထူးတည်ဆောက်ထားတဲ့ ကယ်ဆယ်ရေး ပစ္စည်းတွေနဲ့ သူတို့ကို ကယ်တင်နိုင်ခဲ့ပါတယ်။ သူတို့ ၃၃ ယောက်ကို ကယ်တင်ဖို့ အတွက် စုစုပေါင်း ဒေါ်လာ သန်းနှစ်ဆယ်ခန့် ကုန်ကျခဲ့ပြီး ကုမ္ပဏီပေါင်းများစွာက ...
movie

The 33 (2015)

2015
Three Steps Above Heaven (2010) 7.0
Three Steps Above Heaven (2010) Three Steps Above Heaven (2010)________IMDb - 7.0/10  IMDb rating 7.0 အထိရထားတဲ့ စပိန် အချစ်ဇာတ်ကားလေးတကားဖြစ်ပါတယ် ခပ်မိုက်မိုက် လမ်းသရဲကောင်လေးနဲ့အဖြူထည် ကျောင်းသူလေးတို့ရဲ့ ရိုမတ်ဆန်စွာရိုက်ကူးထားတဲ့အချစ်ဇာတ်လမ်းလေးလို့ပဲဆိုပါတော့ ... ဇာတ်လမ်းအကျဉ်းပြောရမယ်ဆိုရင်တော့ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင် ဆိုင်ကယ်စကေး လမ်းသူရဲ ကောင်လေးလည်း အိမ်တွင်းပုန်း ကျောင်းသူလေးနဲ့တွေ့တော့ နှလုံးသားရဲ့ခံစားချက်အရာအားလုံးကိုခဝါချရတော့တာပေါ့.... မူချင်ပေမယ့်လည်း ... မူချိန်မရလိုက်တဲ့ မယ်မဒီလေး .... ကောင်လေးရဲ့ ကြွပ်ဆပ်ဆပ် အပြုအမူတွေကြားမှာ အကန်းတစ္ဆေမကြောက်သလိုဖြစ်ခဲ့ရပြီလေ... အမေ့ရဲ့အုပ်ထိန်းမှုအောက်မှာ ကြီးပျင်းလာရတဲ့ သမီးအလိမ္မာလေး ကောင်လေးရဲ့အချစ်တစ်ခုအတွက် အရာအားလုံးကို စုန်ကန်ဖို့အသင့်ဖြစ်နေတာပေါ့... အချစ်ကို ပုံလောင်းချင်တဲ့အမေလည်း သမီးကို မျက်စိဒေါက်ထောက်ကြည့်နေပေမယ့် ယောက္ခထီးကို အပိုင်ချုပ်နိုင်တဲ့ ကောင်လေးရဲ့စကေးတစ်ပေါက်ကြောင့် သမီးလေးကို လိုက်မမှီတော့ဘူးလေ... ကောင်းကင်အထက် သုံးမီတာအထိ မြင့်တဲ့သူတို့ ရဲ့ အချစ်ရထားလေးကို ရိုမန်တစ်ဆန်ဆန်မြှင့်ရင်း ခုတ်မောင်းလာခဲ့တာ နေဝင်ချိန်ကမ်းခြေအလှနှင့်အတူ အိမ်တွင်းပုန်းကျောင်းသူလေးရဲ့ အပျိုစင်ဘဝလေးက...??? မိခင်ရဲ့ ပုံစံခွက်ထဲက ရုန်းထွတ်နိုင်အောင် ကြိုးစားနေတဲ့ သမီးလေးရဲ့ ဘဝ??? မတူညီတဲ့ဘဝနှစ်ယောက်ရှိတဲ့လူနှစ်ယောက် အချစ်ဆိုတဲ့အရာကို တခုတည်းပေါင်းစည်းနိုင်မှာလား ကဲ... အိမ်တွင်းပုန်း ကျောင်းသူလေးနဲ့လမ်းသူရဲလေးကောင်လေးတို့ ကောင်းကင်အထက်သုံးမီတာမှာ ဘာဆက်ဖြစ်ကြမလဲ ....IMDb rating ...
movie

Three Steps Above Heaven (2010)